အပိုင်း(၂၇၈)-သူ့ကို ဘီလူးတစ်ကောင်လိုသာဆက်ဆံလိုက်
Vol. 003 Ch. 278
လီမူထွက်သွားသည်ကို ရှီမာယူယူကြည့်ကာ သူမမျက်လုံးများ အရောင်လက်သွားသော်လည်း ဘာမှ မပြောပေ။
သူတို့ စခန်းချပြီးနောက်တွင် ညသည် မှောင်လာသည်။ ရှီမာယူယူသည် သူတို့်စခန်းချရနေရာအား စက်ဝိုင်းပုံစံပတ်လျှောက်ကာ ကျောက်တုံးအသေးများကို ပစ်ချလေသည်။ ထို့နောက်တွင် သူမသည် သူတို့ မီးပုံရှေ့ပြန်လာကာ မီးထဲသို့ အနီရောင်ကျောက်တုံးပစ်ထည့်လိုက်သည်။ သူမသည် ဝိညာဉ်ချီ အနည်းငယ်ထည့်လိုက်ရာ အဖြူရောင်အလင်းတန်းသည် ချက်ချင်းတောက်ပလာကာ လှည့်နေတော့သည်။ ထိုအလင်းသည် မြေပေါ်တွင် စက်ဝိုင်းနှင့် ကြယ်ငါးပွင့်ဆွဲတော့သည်။
“ကာကွယ်ခြင်း တည်ဆောက်မှု” အလင်းတန်းများသည် မြေထဲသို့ နစ်မြုပ်သွားသည်ကို ကျောက်စိမ်းမြင်သောအခါ အံ့သြသွားလေသည်။ သူမသည် ရှီမာယူယူအားကြည့်ကာ မေးလိုက်သည် “မင်းက တည်ဆောက်မှုသခင်လား”
ရှီမာယူယူ မငြင်းပေ။ သူမ တည်ဆောက်ခြင်းတွင် ပြဿနာမရှိသည်ကို သေချာ အောင်လုပ်ပြီးနောက် ပြောလေသည် “ဒီလိုဆိုရင်တော့ ပြဿနာမရှိဘူး”
ရှီမာယူလင်းသည် သူမ တည်ဆောက်ခြင်းပြုလုပ်နေသည်ကို ကြည့်ရင်း ဒီလူသည် နှစ်နှစ်အတွင်း တိုးတက်လာသည်ကို သက်ပြင်းချမိနေသည်။
သူသည် တည်ဆောက်မှုသခင်ဖြစ်ပြီး တည်ဆောက်မှုများအကြောင်းကို နားလည်သည်။ အလင်းတန်းများ စုပ်ယူခြင်းအား လေ့လာပြီးနောက် တည်ဆောက်မှု၏ ခိုင်ခံ့မှုကို လေ့လာသည်။
ကျောက်စိမ်းသည် တည်ဆောက်မှုသခင်မဟုတ်သော်လည်း အကျိုးသင့် အကြောင်းသင့် သူမ နားလည်သည်။ အခု ပိတ်ဆီးခြင်းအလင်းတန်းကိုမြင်သည်နှင့် ထိုတည်ဆောက်မှုသည် သန်မာသည်ကို သူမသိသည်။
“ရှင်က တည်ဆောက်မှုသခင်ဖြစ်လိမ့်မယ်လို့ ကျွန်မထင်မထားဘူး” ရှီမာယူယူသည် တည်ဆောက်မှု သခင်များထဲတွင် အထက်စီးမဆန်ပဲ နိမ့်ချစွာနေနေသည်ကို ကျောက်စိမ်းမြင်ရသည်။
ရှီမာယူယူ ပြုံးလိုက်သည်။
“ယူယူ ဒီမြစ်ထဲမှာ ငါးရှိတယ်၊ ငါးဖမ်းပြီး ငါးကင်စားကြမလား” ဖက်တီးကျူ ပြောလိုက်သည်။
“အိုခေ မဟုတ်လည်း ဒီမှာလုပ်စရာမရှိဘူး” ရှီမာယူယူ ပြောလိုက်သည်။
သူတို့အဖွဲ့သည် မြစ်ဘေးတွင် ငါးစတင်ဖမ်းကာ ကြောက်ရွံ့မှု စိုးရိမ်မှု တစိုးတစိမှ မရှိပဲ ရယ်မောကာ ပြောဆိုနေကြသည်။ ကျောက်စိမ်းသည် ကြည့်နေရင်းနှင့် ပြောစရာစကားမရှိတော့ပေ။
“ကျောက်စိမ်း ကျောက်စိမ်း ငါးအတူသွားဖမ်းရအောင်” ရှီမာယူရှင်းသည် သူမဆီသို့လာကာ ဆွဲခေါ်လေသည်။ သူမ တစ်ခဏမျှ မှင်တက်ပြီးနောက် လိုက်သွားလေသည်။
“ငါပြောမယ် ယူယူနဲ့ ဖက်တီးနဲ့က အရသာရှိတာတွေ လုပ်တတ်တယ်၊ သူတို့လုပ်ဖူးတဲ့ ငါးကင်ကို ငါစားဖူးတယ်၊ သူ့အရသာက အရိုးပါ ဝါးစားချင်စိတ်ပေါက်သွားမယ်” ရှီမာယူရှင်းသည် ငါးမြှားတံကို ပေးရင်း ကျောက်စိမ်းအား ပြောလေသည်။
သူတို့သည်ရှီမာယူယူနှင့် ရှိနေပါက ထိုကဲ့သို့ ပစ္စည်းများကို ယူဆောင်သွားခြင်းမှာ ကျင့်သားရနေပြီဖြစ်သည်။
“ရှင်တို့အားလုံး ဒီလိုမျိုးတွေ စားနေတုန်းလား” ကျောက်စိမ်းသည် အံ့သြစွာပြောလိုက်သည်။
“စားတယ်လေ မစားရဘူးလား” ရှီမာယူလန်သည် ပြေးလာကာ ပြောလိုက်သည် “ဖက်တီးပြောသလိုပဲ တစ်နေ့လုံးကျင့်ကြံနေရတာ ပျင်းဖို့ကောင်းတယ်၊ ငါတို့ဘာသာ အရသာရှိတာတွေ ချက်ပြုတ်မစားရရင် ကောင်းကောင်းအသက်ရှင်မှာမဟုတ်ဘူး၊ မင်း ဒီလိုအစားအစာတွေ မစားဘူးလား”
ကျောက်စိမ်းသည် ခေါင်းခါကာ ပြောလိုက်သည် “ငါစားနေကျက ဝိညာဉ်အသီးတွေလိုမျိုးပဲစားတာ ငါ ဒီလိုမျိုးတွေစားခဲတယ်”
“ဒါဆို မင်းကတော့ ဘဝရဲ့ပျော်စရာကြီးပျောက်ဆုံးနေပြီ” ရှီမာယူလန် ပြောလိုက်သည် “အရင်ကတော့ ငါလည်း စားရတာကိုမကြိုက်ဘူး၊ ဒီအဖွဲ့ကလူတွေရဲ့ လွှမ်းမိုးတာကိုခံရပြီးနောက်တော့”
သူမ ပြောပြီးသည်နှင့် ရှီမာယူယူ၊ ဖက်တီးကျူနှင့် တခြားသူများကို မေးစေ့ဖြင့် ညွန်ပြလိုက်သည်။
“အဲတစ်ယောက်ကတော့ တကယ်သိချင်အောင်လုပ်တယ်” ရှီမာယူယူသည် ကျယ်လောင်စွာ အော်ရယ်ကာ အားလုံးနှင့် ငါးဖမ်းနေသည်ကို သူမ မြင်သောအခါ သက်ပြင်းချမိသည်။ သူသည် ငယ်ငယ်နှင့်ပင် ထိုကဲ့သို့အားကောင်းသော တည်ဆောက်မှုကို ဖန်တီးနိုင်ခဲ့သည်။
“အင်း သူကတော့ မင်းကို သိချင်အောင် လုပ်တာတင်မကဘူး စိတ်တိုအောင်လည်း လုပ်လိမ့်မယ်” ရှီမာယူရှင်း ပြောလိုက်သည်။
“စိတ်တိုအောင် လုပ်တယ်ဟုတ်လား” ကျောက်စိမ်းသည် စိတ်ရှုပ်စွာကြည့်လိုက်သည်။
ရှီမာယူလန် ပြုံးကာ ပြောလိုက်သည် “ဟုတ်တယ်၊ ဒီလူက သူများကို အနိုင်ရဖို့မွေးလာတာ၊ သူနဲ့ ဘာမှ သွားမပြိုင်နဲ့၊ ပြိုင်မယ်ဆိုရင် မင်း ဒေါသထွက်လို့သေလိမ့်မယ် သူ့ကို ကြည့်တာနဲ့တင် ဒေါသထွက်လို့ သေလိမ့်မယ်”
“သူက အဲလောက်တောင် အားကောင်းတာလား” ကျောက်စိမ်းမေးလိုက်သည်။
“သူ့အတွက်ကတော့ သာမာန်လူလိုသွားမကြည့်နဲ့” ရှီမာရှင်းပြောလိုက်သည် “သူ့ကို ဘီလူးလိုသာ ဆက်ဆံလိုက်”
“အာ..” ကျောက်စိမ်းသည် ရှီမာယူယူအား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ သူ့ကို ဘီလူးလိုဆက်ဆံရအောင် သူက ဘယ်လောက်တောင် ပါရမီရှိနေလို့လဲ။
“အာ.. ငါတစ်ကောင်မိပြီ” ထိုအချိန်တွင် ဖက်တီးကျူသည် ကျယ်လောင်စွာအော်သည်နှင့် အဖွဲ့လိုက်ပြေးသွားကာ ငါးမြှားတံအား ကူဆွဲပေးလေသည်။
“အာ ငါလည်း ငါးမိတယ်၊ တကယ်ကြီးတယ်” ရှီမာယူလီသည်လည်း တစ်ချိန်တည်းအော်လေသည်။
“ညီလေး ၄ ငါလာပြီ”
“အာ.. ငါရောပဲ တစ်ယောက်ယောက်လာပြီး ငါးဖမ်းပိုက်ကူယူပေးပါဦး”
“နေဦး ငါးဖမ်းပိုက်ယူလာပြီ”
“ပိုက်ဘာလို့လိုမှာလဲ ဒီအတိုင်းဆွဲလိုက်”
“အာ.. ငါမိပေမယ့် ပြေးသွားပြီ”
ရှီမာယူရှင်းသည် ပြေးလာကာ မေးလိုက်သည် “မိနေတာကို ဘယ်လိုလုပ်လိုက်တာလဲ ငါတို့ဘာမှ မရှိတော့ဘူးလား”
သူတို့သည် ရာထူးကြီးငယ်ကို စိတ်မဝင်စားပဲ ကိုယ့်ဘာသာကိုယ် ရှုပ်ယှက်ခတ်နေသည်ကို ကျောက်စိမ်းမြင်သောအခါ အလွန်အမင်းအားကျသွားလေသည်။
သူတို့အသင်းအတွင်းတွင် ဒီလိုမျိုးပြုမူသည်ကို သူမ မမြင်ဖူးပေ။ အားလုံးသညအ အားပြိုင်ကာ လူနည်းစုသာ အတူတကွ တိုးတက်ရန် အတူလုပ်ကြလေသည်။
နောက်ဆုံးတွင် သူတို့သည် ငါးများကိုဖမ်းမိကာ ဖမ်းမိသမျှကို ကင်ရန် ရှီမာယူယူနှင့် ဖက်တီးကျူအား ပေးလိုက်သည်။
အားလုံးသည် နောက်ကျသည်အထိ စားကြသောက်ကြလေသည်။ သာမန်အစားအစာများကို စားလေ့စားထမရှိသော ကျောက်စိမ်းပင်လျှင် ငါးတစ်ကောင်လုံး စားလိုက်လေသည်။
“ဝါး ဗိုက်ပြည့်သွားပြီ ဗိုက်ပြည့်သွားပြီဆိုတော့ ထမင်းလုံးစီချင်သွားပြီ အားလုံးသွားပြီး အိပ်ကြေ တာ့” ရှီမာယူယန်သည် အားလုံးကို အော်ပြောလိုက်သည်။
အားလုံးသည် ဖြည်းဖြည်းချင်းမတ်တတ်ရပ်ကာ တဲသို့ပြန်သွားကြလေသည်။ ကျောက်စိမ်း မေးလိုက်သည် “ကင်းစောင့်ဖို့ ဘယ်သူမှမနေဘူးလား”
“မဘိုဘူး၊ ယူယူက ဆေးမှုန့်တွေနဲ့ တည်ဆောက်ခြင်းကို အသက်သွင်းထားပြီးပြီ တစ်ယောက်မှ စောင့်စရာမလိုဘူး၊ ပြီးတော့ ငါတို့ကိုတိုက်တဲ့သူက ငါတို့်တွေ့မယ့်အချိန်ဆို လဲနေလောက်ပြီ” ရှီမာယူရှင်း ပြောလိုက်သည်။
ရှီမာယူယူ ပြုလုပ်ထားသော တည်ဆောက်မှုကို တွေးလိုက်ရာ ကျောက်စိမ်းသည်လည်း ထိုကဲ့သို့ ခံစားမိသည်။ ထိုကဲ့သို့ တည်ဆောက်မှုသည် ကန်ငယ်ကိုတောင် ကာကွယ်နိုင်သည်။ ထို့ကြောင့် ပြဿနာမရှိနိုင်ပေ။ ထို့ကြောင့် သူမသည် သူမတဲအား ပြန်လာခဲ့လိုက်သည်။
နောက်တစ်နေ့မနက်တွင် ရှီမာယူယူသည် အိပ်ရာပေါ်တွင် ကျင့်ကြံရာမှ မျက်လုံးများဖွင့်လိုက်သည်။ သူမ တစ်ခဏမျှ စဉ်းစားကာ အိမ်ရာမှ ထရန် ဆုံးဖြတ်လိုက်သည်။
“ဘာလို့ စောစောထွက်လာတာလဲ” သူမလျှောက်လာကာ မြစ်ဘေးတွင်ရပ်နေသော လူအားမြင်သည်နှင့် မေးလိုက်သည်။
“ရှင်လည်း စောတာပဲမလား” ကျောက်စိမ်းလည်း ရှီမာယူယူမြင်သည်နှင့် မေးလိုက်သည်။
“ငါတစ်ယောက်ယောက်နိုးနေတဲ့အသံကြားလို့ ထလာတာ” ရှီမာယူယူ ပြောလိုက်သည် “သူတော်စင်မြို့တော်က လူတွေအကုန်လုံးက စောစောထတာလို့တော့ မပြောနဲ့နော်”
ကျောက်စိမ်းသည် ခေါင်းရမ်းကာ စကားမပြောပေ။
“မင်းမျက်လုံးက စိုးရိမ်တာတွေတွေ့ရတယ် ဘာတွေ စိုးရိမ်နေတာလဲ” ရှီမာယူယူ မေးလိုက်သည်။
ရှီမာယူယူ အကဲခတ်တတ်မှန်းကို ကျောက်စိမ်းထင်မထားပါ။ သူမ ခေါင်းညိတ်ကာ ပြောလိုက်သည် “ငါ့ မိဘတွေကို စိတ်ပူလို့၊ အရင်ကတော့ အတူနေခဲ့တာ၊ အခုတော့ ငါတို့အတူမရှိတော့ပဲ သူတို့ တစ်ခုခုဖြစ်မှာကို စိတ်ပူတာ”
“သူတော်စင်မြို့တော်က အဆင့်မြင့်တည်ဆောက်မှုက အမြဲသက်ဝင်နေတာလို့ မင်းပြောခဲ့တယ်မလား၊ အဲလိုဆိုရင် ဘာစိတ်ပူတာလဲ” ရှီမာယူယူ ပြောလိုက်သည် “စိတ်ပူတယ် လို့ပြောကြေးဆိုရင် မင်းမိဘတွေက အပြင်ရောက်နေတဲ့ မင်းကိုပဲစိတ်ပူရမှာ”
“အမှန်ပဲ” ကျောက်စိမ်းပြောလိုက်သည် “ငါ့ဂိုဏ်းတူအစ်ကိုက ငါမြန်မလာတာကိုတွေ့ပြီး သူတို့အပြင်ထွက်ပြီး ငါ့ကိုရှာမှာကိုကြောက်တာ”
“မင်းက ကလေးလည်းမဟုတ်တော့ဘူးလေ သားရဲတစ်သောင်းတောင်က မလုံခြုံဘူးဆိုတာလည်း သူတို့သိမှာပဲ သူတော်စင်မြို့တော်ပိတ်သွားရင် သူတို့ဘယ်လိုလုပ် ဒီလာမလဲ” ရှီမာယူယူ ပြောလိုက်သည် “မင်းမိဘတွေလည်း အဲလိုပဲစဉ်းစားကြမှာပဲ”
“အင်း အဲလိုဖြစ်ပါစေလို့” ကျောက်စိမ်းပြောလိုက်သည်။
“ဟုတ်သားပဲ သူတော်စင်စံအိမ်တော်မှာ အရေးကိစ္စဖြစ်လို့ မင်းအစ်ကိုဟန်သွားတယ်လို့ မင်းရဲ့ဂိုဏ်းအစ်ကို ပြောတယ်မလား၊ ဘာဖြစ်လဲဆိုတာ မင်းသိလား” ရှီမာယူယူ မေးလိုက်သည်။
ကျောက်စိမ်းခေါင်းရမ်းကာ ပြောလိုက်သည် “ကျွန်မ သူတော်စင်မြို့တော်ကနေထွက်လာတာ တစ်နှစ်ခွဲကျော်ပြီ၊ ပညာရှိစံအိမ်တော်ကိစ္စတွေကို သိပ်မသိဘူး၊ အဲဒါကို စိတ်ဝင်စားလို့လား၊ ကျွန်မက မြင့်မြတ်တဲ့သမီးတော်နဲ့ ရင်းနှီးတယ်၊ တစ်ခုခုသိချင်တာရှိရင် ပြန်ရောက်ရင် မေးဖို့ကူညီပေးမယ်”
“မလိုဘူး မလိုဘူး” ရှီမာယူယူ မြန်မြန်လက်ခါပြလိုက်သည် “ငါ့မှာ ပညာရှိစံအိမ်တော်နဲ့ တွေ့ဖို့ ဘာကိစ္စမှမရှိဘူး ဒီအတိုင်းသိချင်ရုံပဲ”
အမြင်အားဖြင့် သန့်ရှင်းပြီး အတွင်းထဲမှာ ယုတ်မာသော နတ်ဆိုးဝူလင်းယူကတော့ ရှီမာယူယူ လျစ်လျူရှုတာကို ခံရမှာပဲလေ။
ထို့အပြင် လျစ်လျူရှုခံရတဲ့သူက သူတော်စင်မြို့တော်မှာရှိနေပြီး စဉ်းစားကြည့်လေလေ သူဘယ်လိုလုပ် သူမကို လာရှာမလဲ။