← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း (၁၈၁)

မီးတောက်များ မြင့်မားစွာ လောင်ကျွမ်းခြင်း၊ ပြင်းထန်စွာ လောင်ကျွမ်းခြင်း၊ ဟုန်းဟုန်းတောက် လောင်ကျွမ်းခြင်း

မိမိခေါ်ယူထားသော "စစ်ကူ" များက ရန်သူအား "ဆရာ" သို့မဟုတ် "သခင်" ဟု ခေါ်ဝေါ်နေကြသည်ကို မြင်ရပါ က သင့်စိတ်ခံစားချက် မည်သို့ ရှိမည်နည်း။ ယခုအချိန်တွင် ရွှမ်ရှီးမှာ ဤအခြေအနေမျိုးကို ရင်ဆိုင်နေရပြီး သူ၏ စိတ်ဓာတ်များမှာ ပြိုလဲလုမတတ် ဖြစ်နေခဲ့လေသည်။

"မဖြစ်နိုင်ဘူး...၊ လုံးဝ မဖြစ်နိုင်ဘူး...။"

"သူက အစားအသောက်ပို့ဆောင်သူရဲ့ အကူလေးပဲလေ၊ ခင်ဗျားတို့က သူ့ကို 'ဆရာ' တို့ 'သခင်' တို့ ခေါ်နေကြ တာလား၊ ခင်ဗျားတို့ ရူးနေကြပြီလား...။"

"ခင်ဗျားတို့ကို ချန်ရှန် အလယ်တန်းကျောင်းက ငွေအများကြီးပေးပြီး ငှားထားတာကို မမေ့ကြနဲ့၊ ခင်ဗျားတို့က အယ်လ်မြို့တော်ရဲ့ အကျော်ကြားဆုံး လုံခြုံရေးကုမ္ပဏီက ထိပ်တန်း အထက်တန်းစားတွေလေ၊ အခု ခင်ဗျားတို့ လုပ်နေတာကို ပြန်ကြည့်ကြပါဦး...။"

ရွှမ်ရှီး၏ ဒေါသတကြီး အော်ဟစ်သံကို ကြားသောအခါ လုံခြုံရေးအဖွဲ့ခေါင်းဆောင်က လှည့်လာပြီး သူ့အား ခံစားချက်မဲ့စွာ စိုက်ကြည့်လျှက် ပြောလိုက်လေသည်။

"မှန်ပါတယ်...၊ ကျွန်တော်တို့ကို ချန်ရှန် အလယ်တန်းကျောင်းကနေ ဈေးကြီးပေးပြီး လုံခြုံရေးအဖြစ် ငှား ထားတာပါ...။ ဒါပေမဲ့ အခု ကျွန်တော့်ရှေ့မှာ ရပ်နေတဲ့သူက ကျွန်တော်တို့ရဲ့ ဆဋ္ဌမသခင်လေး အစစ်အမှန် ပါပဲ...။"

"ကျွန်တော်တို့ ကုမ္ပဏီက 'အထက်လူကြီး' နဲ့ 'လက်အောက်ငယ်သား' ဆိုတဲ့ အသုံးအနှုန်းကို မသုံးဘဲ 'ဆရာ' နဲ့ 'တပည့်' လို့ သုံးတဲ့ တစ်ခုတည်းသော လုံခြုံရေးကုမ္ပဏီပါ...။ တကယ်တော့ ကုမ္ပဏီတစ်ခုထက် သိုင်းကျောင်း တစ်ခုနဲ့ ပိုတူပါတယ်...။"

"ဆဋ္ဌမသခင်လေးက ကုမ္ပဏီရဲ့ အကြီးအကဲဖြစ်ပေမဲ့ လူလုံးထွက်ပြလေ့ သိပ်မရှိပါဘူး...။ သူက နောက်ကွယ် ကနေပဲ နေပြီး သိုင်းပညာကို အထူးပြုလေ့လာရင်း ကျွန်တော်တို့ကို ပညာသင်ပေးတာပါ...။"

"ဒါပေမဲ့ သူသာ ရှေ့ထွက်လာပြီဆိုရင် ကျွန်တော်တို့အားလုံး လေးစားရမယ့်သူ တစ်ယောက်ကို သူ တွေ့သွား ပြီလို့ အဓိပ္ပာယ်ရပါတယ်...။"

"ဆဋ္ဌမသခင်လေး အသိအမှတ်ပြုထားတဲ့သူကို ခင်ဗျားက ဆက်ပြီး ဆန့်ကျင်နေမယ်ဆိုရင် ငွေဘယ်လောက် ပေးပေး ကျွန်တော်တို့ ခင်ဗျားတို့ကျောင်းမှာ လုံခြုံရေး ဆက်မလုပ်ပေးနိုင်တော့ပါဘူး...။"

ထိုသို့ ပြောပြီးနောက် လုံခြုံရေးအဖွဲ့ခေါင်းဆောင်က သူ၏ လုံခြုံရေးဝတ်စုံကို အရင်ဆုံး ချွတ်ချလိုက်လေသည်။ ထိုအရာကို မြင်သောအခါ သူ၏ နောက်ကွယ်ရှိ လုံခြုံရေးဝန်ထမ်းများကလည်း တုံ့ဆိုင်းနေခြင်း မရှိဘဲ ၎င်းတို့၏ လုံခြုံရေးဝတ်စုံများကို ချွတ်ချလိုက်ကြလေတော့သည်။

ထို့နောက် ချက်ချင်းပင် ၎င်းတို့အားလုံးသည် ရှီမင်နှင့် လျန်ထျန်းတို့၏ နောက်သို့ သွားရောက် ရပ်တန့်လိုက် ကြပြီး ရွှမ်ရှီးနှင့် မျက်နှာချင်းဆိုင် အနေအထား ဖြစ်သွားကြလေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှမ်ရှီးမှာ ခေါင်းထဲတွင် မူးနောက်သွားခဲ့လေတော့သည်။

ချန်ရှန် အလယ်တန်းကျောင်း၏ နောက်ကွယ်မှ အဓိကရှယ်ယာရှင်ဖြစ်သော ဟွာလန်အုပ်စု၏ အထွေထွေ မန် နေဂျာ၏ တူဖြစ်သူနှင့် ကျောင်းသားကောင်စီ ဥက္ကဋ္ဌတစ်ဦးအနေဖြင့် သူသည် ချန်ရှန် အလယ်တန်းကျောင်းရှိ လုံခြုံရေးအဖွဲ့၏ အဆင့်အတန်းကို ကောင်းစွာ သိရှိထားလေသည်။ သာမန်လုံခြုံရေးဝန်ထမ်းများနှင့် မတူဘဲ ဤလုံခြုံရေးကုမ္ပဏီက ချန်ရှန် အလယ်တန်းကျောင်းသို့ လုံခြုံရေးအဖြစ် လူစေလွှတ်ပေးရခြင်းမှာ ဟွာလန်အုပ် စု၏ ဥက္ကဋ္ဌ ကိုယ်တိုင် သွားရောက်ကာ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ ဤကျောင်းရှိ ကျောင်းသားများမှာ အဆင့်အတန်းမြင့်မားသော မိသားစုများမှ လာကြသူများ ဖြစ်သောကြောင့် လုံခြုံရေးမှာ အလွန် အရေးကြီးလှပေသည်။ ဤသည်မှာ လုံခြုံရေး ငှားရမ်းခြင်းကပင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုရသည့် အဆင့်သို့ ရောက်ရှိသွားပြီး ငွေပေးမည့်သူကပင် လက်ခံပေးရန် တောင်းပန်နေရသည့် ထူးဆန်းသော အခြေအနေကို ရှင်းပြနေခြင်း ဖြစ်သည်။

သို့သော်လည်း တကယ်တမ်းတွင် ထိုအရာက သိပ်တော့ မထူးဆန်းလှပေ။ အကြောင်းမှာ လုံလောက်သော စွမ်းဆောင်ရည်သာ ရှိပါက မည်သည့်အရာကိုမဆို ပြောင်းပြန်လှန်ပစ်နိုင်သောကြောင့် ဖြစ်သည်။

ဤလုံခြုံရေးများကဲ့သို့ပင် ရွှမ်ရှီး ကိုယ်တိုင်လည်း လူမိုက်တစ်စုက ကျောင်းအတွင်းသို့ အတင်းဝင်ရောက်ကာ ထို 'အထက်တန်းစား' ကျောင်းသားများကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ငွေရှာရန် ကြိုးစားခဲ့သည်ကို မျက်မြင် ကိုယ်တွေ့ မြင်ခဲ့ဖူးလေသည်။

ထိုအစီအစဉ်ကို အကောင်အထည် မဖော်မီ ၎င်းတို့သည် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ပြီး လူများစွာကို စုဆောင်းခဲ့ လေသည်။ ထိုအထဲတွင် ယခင်က ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်များကို ပြန်ပေးဆွဲကာ အောင်မြင်ခဲ့ဖူး သော အဖွဲ့တစ်ဖွဲ့ပင် ပါဝင်လေသည်။ ရလဒ်အနေဖြင့် ထိုအတွေ့အကြုံရှိသော ဂိုဏ်းသည် ကျောင်းတံခါးပေါက် သို့ပင် မရောက်နိုင်မီ လုံခြုံရေးအဖွဲ့၏ ဖမ်းဆီးနှိမ်နင်းခြင်းကို ခံလိုက်ရပြီးနောက် ရဲစခန်းသို့ ပို့ဆောင်ခံခဲ့ရ လေသည်။

ထိုအချိန်မှစ၍ ရွှမ်ရှီးသည် ဤလုံခြုံရေးများ မည်မျှ အသုံးဝင်ကြောင်းကို သဘောပေါက်လာခဲ့ပြီး သူ၏အိမ်ရှိ ဈေးကြီးပေးငှားထားရသော သက်တော်စောင့်များထက်ပင် ပို၍ အသုံးကျသည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် သူ၏ နောက်လိုက်များ မဖြေရှင်းနိုင်သော ပြဿနာမျိုးနှင့် ကြုံတွေ့ရပါက မည်သို့ ဖြစ်လာမည်ကို သူ အမြဲ တွေးတောခဲ့လေသည်။

သူက ဦးလေးဖြစ်သူထံ ဖုန်းဆက်ကာ ဦးလေးဖြစ်သူက ကျောင်းအုပ်ကြီးထံ ဆက်သွယ်ပြီးနောက် ကျောင်းအုပ် ကြီးမှ တစ်ဆင့် ပြဿနာကို ဖြေရှင်းရန် လုံခြုံရေးအဖွဲ့ကို ညွှန်ကြားခဲ့လေသည်။ ဤသည်မှာ လုံးဝ အမှား အယွင်းမရှိနိုင်သော နည်းလမ်းပင် ဖြစ်သည်။

သို့သော် သူ မထင်မှတ်ထားသည်မှာ အမှားအယွင်းမရှိနိုင်ဟု ထင်ရသော ဤအစီအစဉ်မှာ နောက်ဆုံးတွင် အမှန်တကယ် ကျရှုံးသွားခဲ့ပြီး သူ၏ခြေထောက်ကို သူကိုယ်တိုင် ပြန်ပစ်လိုက်သလို ခံစားလိုက်ရလေသည်။ ဤအချိန်တွင် ရွှမ်ရှီးမှာ လျန်ထျန်း၏ မည်သူမည်ဝါဖြစ်ကြောင်း နောက်ခံအကြောင်းအရာနှင့် ပတ်သက်၍ အတန်ငယ် သတိထားလာမိခဲ့လေသည်။

သို့သော် သူ မသိခဲ့သောအရာမှာ ဤသည်က လျန်ထျန်း၏ စွမ်းအားများထဲမှ အစိတ်အပိုင်းငယ်လေး တစ်ခု သာဖြစ်ပြီး သူ၏ စုစုပေါင်း အင်အား၏ ရေခဲတောင်ထိပ်ဖျားလေးမျှသာ ဖြစ်နေခြင်းပင်။ ထိတ်လန့်မှုမှ သက် သာလာပြီးနောက် ရွှမ်ရှီးက အခြေအနေကို ခေတ္တမျှ တည်ငြိမ်စွာ စဉ်းစားလိုက်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

"သစ္စာဖောက်တဲ့ အရှက်မရှိတဲ့ လုံခြုံရေးဝန်ထမ်း တစ်သိုက်ပါလား...။"

"ခင်ဗျားတို့က အယ်လ်မြို့တော်ရဲ့ ထိပ်တန်း လုံခြုံရေးကုမ္ပဏီ ဖြစ်နေတော့ရော ဘာဖြစ်လဲ...။ အကောင်းဆုံး လုံခြုံရေးဝန်ထမ်းတွေဆိုတာလည်း လုံခြုံရေးဝန်ထမ်းတွေပါပဲ...။ ရဲတွေကို ပြန်ချနိုင်လို့လား...။"

"ဟွာလန်အုပ်စုရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့ ငါ့ဦးလေးက ရဲဌာနချုပ်က ဒုတိယညွှန်ကြားရေးမှူးယင်နဲ့ မိတ်ဆွေ ဟောင်းတွေပဲ...။"

"ငါ့ဦးလေးကို ဒုတိယညွှန်ကြားရေးမှူးယင်ဆီ ဆက်သွယ်ခိုင်းပြီးပြီ...။ မင်းတို့အားလုံး အဖမ်းခံရဖို့သာ စောင့်နေ ကြတော့...၊ မင်းတို့အားလုံးကို ထောင်ထဲ ပို့ပစ်မယ်...။"

ရွှမ်ရှီး၏ မောက်မာမှုများ ပြန်လည် တောက်လောင်လာတော့မည့် အချိန်တွင်ပင် လျန်ထျန်းက ရယ်မောလိုက်ပြီး သူ၏ ဖုန်းကို ထုတ်ကာ ဖုန်းနံပါတ်တစ်ခုကို နှိပ်ရင်း ပြောလိုက်လေသည်။

"မင်း တစ်ယောက်တည်း ဖုန်းဆက်နိုင်တယ် ထင်နေတာလား...၊ ငါလည်း ဆက်နိုင်တာပဲလေ...။ လူခေါ်တာက အရင်ကတည်းက ငါ့ရဲ့ အားသာချက် တစ်ခုပဲ...။"

ထိုစကားကို ကြားသောအခါ ရွှမ်ရှီးကလည်း အထင်သေးလှောင်ပြောင်သော ရယ်မောသံဖြင့် ရယ်မောလိုက် လေသည်။

"သူတို့က တကယ်ပဲ သေလမ်းကို ရှာနေတာပဲ...။ ငါ အခု ဖုန်းဆက်ထားတဲ့သူက ရဲဌာနချုပ်က ဒုတိယညွှန်ကြား ရေးမှူးယင်လို့ ပြောထားပြီးသားလေ...။"

"အခု လူတွေ ထပ်ခေါ်နေတော့ရော ဘာထူးမှာလဲ...။ ဘယ်လောက်ပဲ တော်တဲ့ သိုင်းဆရာဖြစ်ပါစေ မီးဖိုချောင် သုံး ဓားကိုတော့ ကြောက်ရတာပဲ၊ ပြီးတော့ ဘယ်လောက်ပဲ ကောင်းတဲ့ ကွန်ဖူးဖြစ်ပါစေ သေနတ်တစ်ချက် ပစ်လိုက်ရင် လဲသွားတာပဲဆိုတာ မင်း မကြားဖူးဘူးလား...။"

"မင်းက ရဲစခန်းကနေ ဒုတိယညွှန်ကြားရေးမှူးယင်ထက် ရာထူးပိုကြီးတဲ့သူ တစ်ယောက်ယောက်ကို ခေါ်နိုင်ရင် တော့ တစ်မျိုးပေါ့၊ ဟားဟား၊ ကံမကောင်းစွာနဲ့ပဲ အဲ့ဒါက မဖြစ်နိုင်ဘူးလေ...။"

"ဘာဖြစ်လို့လဲဆိုတော့ ရဲစခန်းမှာ ဒုတိယညွှန်ကြားရေးမှူးယင်ထက် ရာထူးပိုကြီးတာဆိုလို့ ညွှန်ကြားရေးမှူးချုပ် ပဲ ရှိတာ...။ အဲ့ဒီအဆင့်ရှိတဲ့ လူတွေဆိုတာ မင်းတို့ ဆက်သွယ်လို့ရတဲ့ သူတွေ မဟုတ်ဘူးလေ...။"

"ငါ့ဦးလေးက ဟွာလန်အုပ်စုရဲ့ အထွေထွေမန်နေဂျာ ဖြစ်နေရင်တောင် မလုံလောက်သေးဘူး...။ တစ်ခုလုံးဖြစ် တဲ့ အယ်လ်မြို့တော်မှာတောင် အချမ်းသာဆုံးကော်ပိုရေးရှင်း နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ ရှယ်ယာ ရှင် တစ်ယောက်လောက်ပဲ သူ့ကို ယှဉ်နိုင်တယ်လို့ ကြားဖူးတယ်...။"

ရွှမ်ရှီး စကားပြော၍ မဆုံးမီမှာပင် အနက်ရောင် ဇိမ်ခံကားကြီး အချို့ မောင်းနှင်လာခဲ့လေသည်။ ကားတံခါး ပွင့်သွားပြီး အတွင်းမှ လူ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရွှမ်ရှီး၏ မျက်လုံးများ တောက်ပသွားကာ အလျင် အမြန် သွားရောက် ဆီးကြိုလေတော့သည်။

"ဦးလေး ရောက်လာပြီလား...၊ အရမ်းကောင်းတာပဲ...။"

မှန်ပေသည်။ ရောက်ရှိလာသူမှာ ရွှမ်ရှီး၏ ဦးလေးဖြစ်ပြီး ဟွာလန်အုပ်စု၏ အထွေထွေမန်နေဂျာလည်း ဖြစ်သည့် ရွှမ်ရှောင် ပင်ဖြစ်သည်။ ကားပေါ်မှ ဆင်းပြီးနောက် ရွှမ်ရှောင်က တူဖြစ်သူကို အလိုလိုက်သော မျက်လုံးများဖြင့် ကြည့်ကာ ဆေးပြင်းလိပ်ကို သောက်ရင်း ပြုံး၍ ပြောလိုက်လေသည်။

"မင်း အရိုက်ခံရတယ်လို့ ကြားတယ်၊ မင်းရဲ့ ဦးလေးတစ်ယောက်အနေနဲ့ ငါက ဘယ်လိုလုပ် မလာဘဲ နေနိုင်မှာ လဲ...။"

"မင်း အဆင်ပြေရဲ့လား...၊ ဘယ်လိုတွေ ဖြစ်သွားတာလဲ...။ စိတ်မပူနဲ့၊ ငါ ဒုတိယညွှန်ကြားရေးမှူးယင်ကို ဆက်သွယ်ထားပြီးပြီ...။ သူလည်း သူ့လူတွေနဲ့ အခု လမ်းမှာ လာနေလောက်ပြီ...။"

ဦးလေးဖြစ်သူ၏ စကားများကို ကြားသောအခါ ရွှမ်ရှီးမှာ ပို၍ ယုံကြည်မှု ရှိလာပြီးနောက် လုံခြုံရေးအဖွဲ့၏ 'သစ္စာဖောက်မှု' အကြောင်းကို ပြန်လည် ပြောပြနေခဲ့လေသည်။ နားထောင်ပြီးနောက် ရွှမ်ရှောင်က မျက်မှောင် ကြုတ်ကာ ယခင် လုံခြုံရေးအဖွဲ့ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာထားမှာ အစပိုင်းတွင် လေးနက်သွားပြီး နောက် ဂရုတစိုက် ပြောလိုက်လေသည်။

"ဒီလုံခြုံရေးအဖွဲ့ရဲ့ နောက်ကွယ်က လုံခြုံရေးကုမ္ပဏီအကြောင်းကို ဥက္ကဋ္ဌ ပြောဖူးတာ ငါ ကြားဖူးတယ်...။ အဲ့ဒီက လူတိုင်းက ထိပ်တန်းအဆင့် ကျွမ်းကျင်သူတွေချည်းပဲတဲ့...။"

"ဥက္ကဋ္ဌက သူတို့ကို ချန်ရှန် အလယ်တန်းကျောင်းမှာ လုံခြုံရေးအဖြစ် လာလုပ်ပေးဖို့ စပြီး တောင်းဆိုတုန်းက အရမ်းကို ယဉ်ကျေးခဲ့ရတာ...။ အခု ဘာဖြစ်လို့ အစားအသောက်ပို့ဆောင်သူ တစ်ယောက်ကို ဒီလောက်တောင် အကာအကွယ် ပေးနေရတာလဲ...။"

ခေတ္တရပ်သွားပြီးနောက် ရွှမ်ရှောင်က လှောင်ပြောင်လိုက်ကာ ဆက်ပြောလေသည်။

"ဒါပေမဲ့ နောက်ဆုံးတော့လည်း ဒီလုံခြုံရေးကုမ္ပဏီက လူတွေက သွေးဆူလွယ်တဲ့ လူရမ်းကား တစ်သိုက်ပါပဲ...။ သူတို့က သိုင်းပညာ နည်းနည်းပါးပါး တတ်ရုံနဲ့ သူတို့ကိုယ်သူတို့ ထူးခြားတယ်လို့ ထင်နေကြတာ...။"

"လွန်ခဲ့တဲ့ နှစ်တွေက ဥက္ကဋ္ဌ ကိုယ်တိုင် သူတို့လာဖို့ နှိမ့်ချပြီး တောင်းပန်ခဲ့ရတုန်းကတည်းက ငါ သူတို့ကို မကြိုက် ခဲ့တာ...။"

"အခု ဥက္ကဋ္ဌလည်း အသက်ကြီးနေပြီ...၊ ပြီးတော့ အုပ်စုနောက်ကွယ်က အဓိကရှယ်ယာရှင်ကလည်း မကြာသေး ခင်ကမှ အပြောင်းအလဲ ဖြစ်ထားတယ်...။"

"ငါ ဒီအခွင့်အရေးကို ယူပြီးတော့ ဒီကြွက်သားတွေပဲ ရှိပြီး ဦးနှောက်မရှိတဲ့ ကောင်တွေကို အကုန်လုံး အစားထိုး ပစ်လိုက်ရင် မကောင်းဘူးလား...။"

"ငါတို့အပေါ် သစ္စာမရှိနိုင်တဲ့သူတွေက ဘာအသုံးကျမှာလဲ...။ နောက်ကျရင် စကားနားထောင်တဲ့ သူတချို့ကို ပို့လိုက်ကြတာပေါ့...။ ငါတောင် လျှို့ဝှက်ဆန်းကြယ်တဲ့ အဓိကရှယ်ယာရှင်သစ်ဆီက ချီးကျူးတာ ခံရနိုင်သေး တယ်...။"

"အုပ်စုရဲ့ နောက်ကွယ်က အဓိကရှယ်ယာရှင်သစ်က အချမ်းသာဆုံးကော်ပိုရေးရှင်း ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး နဲ့ လူတစ်ယောက်တည်းပဲလို့ ငါ ကြားထားတယ်...။"

"ငါ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး စွမ်းဆောင်ရည် ပြတာ ပိုကောင်းမယ်၊ ဒါဆိုရင် ဥက္ကဋ္ဌ နေရာက ငါ့လက်ထဲ ရောက်လာနိုင်တယ်လေ၊ ဟားဟားဟား...။"

တူဖြစ်သူ ရွှမ်ရှီးက ဘေးမှနေ၍ နားထောင်ရင်း သင့်လျော်သော အားပေးစကားများ ပြောလိုက်လေသည်။

"မှန်ပါတယ် ဦးလေး...။ ဥက္ကဋ္ဌသစ် နေရာကို ယူချင်တယ်ဆိုရင် ဥက္ကဋ္ဌဟောင်း လုပ်ထားတဲ့ အစီအစဉ်တွေ အကုန်လုံးကို ရှင်းလင်းပစ်ရမှာပေါ့...။"

"တံမြက်စည်းအသစ်က ပိုပြောင်အောင် လှဲနိုင်သလိုပဲ...၊ ဒီမီးသုံးခုကို ကြိုတင် ထွန်းညှိထားရမယ်၊ ဒါမှ မီးတောက်တွေ မြင့်မားစွာ လောင်ကျွမ်းမယ်၊ တောက်ပစွာ လောင်ကျွမ်းမယ်၊ ဟုန်းဟုန်းတောက် လောင်ကျွမ်း နိုင်မှာလေ...။"

ထိုသို့ ပြောပြီးနောက် ဦးလေးနှင့် တူဖြစ်သူတို့မှာ ရယ်မောလိုက်ကြပြီး ၎င်းတို့၏ မိသားစု အနာဂတ်တွင် ပို၍ မြင့်မားသော အဆင့်အတန်းများသို့ ရောက်ရှိနေပြီဟု စိတ်ကူးယဉ်နေကြတော့သည်။

All Chapters