အခန်း ၁၈၂
Vol. 19 Ch. 182
အခန်း (၁၈၂)
သားအရင်းကဲ့သို့ ချစ်ရသော တူအရင်း
ရွှမ်ညီအစ်ကိုများ ဆုံးဖြတ်ချက်ချပြီးနောက် ဦးလေးဖြစ်သူ ရွှမ်ရှောင်က လျန်ထျန်းနှင့် လုံခြုံရေးဝန်ထမ်းများ ရှိရာဘက်သို့ လှမ်း၍ အော်ပြောလိုက်လေသည်။
"ဒီနေ့ မင်းတို့လို လုံခြုံရေးကောင်စုတ်တွေက အစားအသောက်ပို့တဲ့ ကောင်စုတ်လေး တစ်ယောက်အတွက်နဲ့ ချန်ရှန် အလယ်တန်းကျောင်းကို သစ္စာဖောက်ရဲတယ်ပေါ့...။"
"ဒါဆိုရင် ချန်ရှန် အလယ်တန်းကျောင်းရဲ့ အဓိက အစုရှယ်ယာရှင်ဖြစ်တဲ့ ဟွာလန်အုပ်စုကိုယ်စား မင်းတို့အားလုံး ကို အလုပ်ထုတ်လိုက်ပြီလို့ တရားဝင် အသိပေးလိုက်တယ်...။"
"အရင်တုန်းက ဥက္ကဋ္ဌဟောင်းက ကောင်းကောင်းမွန်မွန် ထားခဲ့လို့ မင်းတို့ လုံခြုံရေးတွေက မင်းသားတွေလို စံစားခဲ့ရတာ...။"
"ဒါပေမဲ့ အဲဒါတွေက အတိတ်မှာ ကျန်ခဲ့ပြီ၊ အခု ဟွာလန်အုပ်စုရဲ့ အဓိက အစုရှယ်ယာရှင် ပြောင်းသွားပြီဖြစ်လို့ အရာအားလုံးကို အသစ်ပြန်လည် ဖွဲ့စည်းရလိမ့်မယ်...။"
"လုပ်သက်အရ ကြည့်ရင်တောင် ငါက ဥက္ကဋ္ဌသစ် ဖြစ်လာမယ့်အလှည့်ပဲ၊ မင်းတို့ရဲ့ နေ့ရက်ကောင်းတွေ ကုန်ဆုံး သွားပြီ...။"
"ဟွာလန်အုပ်စုဆိုတာ အယ်လ်မြို့တော်မှာ စုစုပေါင်း ပိုင်ဆိုင်မှုအရ ထိပ်တန်းကုမ္ပဏီဆယ်ခုစာရင်းဝင်ပဲ၊ ငါ့ရဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် မင်းတို့လို လုံခြုံရေးကုမ္ပဏီလေးတစ်ခုကို ဖြေရှင်းရတာ ကိတ်မုန့်စားရသလို လွယ်လွယ်လေးပဲ...။"
"မင်းတို့ ဘာလုပ်ရမယ်ဆိုတာ သိရင် ရဲဌာနက ဒုတိယညွှန်ကြားရေးမှူးယင်နဲ့ သူ့လူတွေ မရောက်လာခင် ငါ့ဆီ လာပြီး သစ္စာရှိကြောင်း ပြသကြ၊ ဒါဆိုရင် ငါက အငြိုးမထားဘဲ မင်းတို့ကို ဆက်ပြီး အလုပ်ခန့်ထားပေး မယ်...။"
"တကယ်လို့များ မင်းတို့က အကောင်းအဆိုး နားမလည်ဘူးဆိုရင်တော့…၊ ဟမ့်... အလုပ်ပြုတ်၊ ကုမ္ပဏီပြုတ်ရုံ တင်မကဘဲ ထောင်ထဲပါ ရောက်သွားနိုင်တယ်...။"
နောက်ဆုံးတွင်မူ ရွှမ်ရှောင်သည် ဟွာလန်အုပ်စု၏ အင်အားနှင့် ဒုတိယညွှန်ကြားရေးမှူးယင်တို့၏ အဆက် အသွယ်များကို အသုံးပြုကာ လုံခြုံရေးကုမ္ပဏီအား ဖိနှိပ်ရန် ကြံရွယ်နေဆဲပင် ဖြစ်လေသည်။
အကယ်၍ ထိုလုံခြုံရေးဝန်ထမ်းများသာ သူ၏စကားကို နားထောင်မည်ဆိုပါက သူ၏လက်အောက်တွင် အလွန် တောင့်တင်းသော အင်အားစုတစ်ခု ဖြစ်လာမည်ကို သူ သိထားလေသည်။
မည်သို့ပင်ဆိုစေကာမူ စီးပွားရေးလောကတွင် ပွင့်လင်းမြင်သာသော နည်းလမ်းများနှင့် အဆက်အသွယ်များ ထက် ပိုမိုလိုအပ်သည် မဟုတ်ပါလား။
အဖွဲ့အစည်းတိုင်းတွင် လျှို့ဝှက်အစီအစဉ်များစွာ ပြင်ဆင်ထားတတ်ကြသော်လည်း အခြားသူများအား လွယ်လွယ်ကူကူ ထုတ်ဖော်ပြသမည် မဟုတ်ပေ။
သို့ရာတွင် သူသာ တကယ်တမ်း မရရှိနိုင်ပါက ရွှမ်ရှောင်သည် မည်သည့်ညှာတာမှုမျှမရှိဘဲ ဖျက်ဆီးပစ်မည်သာ ဖြစ်လေသည်။
ထိုသို့သော ရက်စက်ကြမ်းကြုတ်သူ တစ်ယောက်ဖြစ်သောကြောင့်ပင် သူသည် ဟွာလန်အုပ်စု၏ အထွေထွေ မန်နေဂျာ ရာထူးအထိ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင်လည်း ဥက္ကဋ္ဌရာထူးကို အလွန်အမင်း လိုလား တောင့်တနေလေသည်။
ရွှမ်ရှောင်၏ အော်ဟစ်သံကို ကြားပြီးနောက် လုံခြုံရေးဝန်ထမ်း တစ်ဦးတစ်ယောက်မျှ လှုပ်ရှားခြင်း မရှိပေ။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လျန်ထျန်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွားရပြီး တစ်ချိန်တည်းမှာပင် သူ၏ဘေးရှိလူကို စပ်စုချင်စိတ်ဖြင့် နောက်ပြောင်ကာ မေးလိုက်လေသည်။
"ရှီမင်...၊ သူတို့ ခေါ်လာတဲ့ ဒုတိယညွှန်ကြားရေးမှူးယင်ကို ငါ မဖြေရှင်းနိုင်လို့ မင်းတို့ လုံခြုံရေးကုမ္ပဏီ တစ်ခုလုံး ကိုပါ ဆွဲချသွားမှာကို မကြောက်ဘူးလား...။"
ထိုစကားကို ကြားသောအခါ ရှီမင်သည် မျက်နှာတည်ကိုသာ ဆက်လက်ထားရှိကာ မျက်နှာအမူအရာ အပြောင်း အလဲ မရှိသော်လည်း လေသံကို အနည်းငယ် လျှော့ချကာ ပြန်လည်ဖြေလိုက်လေသည်။
"ကျွန်တော်တို့ ကျန်ဆုန်း လုံခြုံရေးကုမ္ပဏီက ဘယ်သူက အင်အားအကြီးဆုံးဖြစ်ဖြစ် သူတို့အတွက် အလုပ်မ လုပ်ပေးပါဘူး...။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ စီနီယာအစ်ကိုငါးယောက်က ခင်ဗျားရဲ့ ကိုယ်ကျင့်တရားကို ပိုပြီး တန်ဖိုးထားတာပါ...။"
လျန်ထျန်းမှာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားရသည်။
"ကိုယ်ကျင့်တရား...။"
ရှီမင်က ခေါင်းညိတ်ပြကာ ဆက်လက် ဖြေလိုက်သည်။
"အခုနွေရာသီမှာ ခင်ဗျားက မြို့တစ်ခွင်လုံးမှာ စေတနာရေခဲသေတ္တာတွေကို ကုန်ကျစရိတ် မငဲ့ဘဲ ပံ့ပိုးပေးခဲ့လို့ လူအများကြီးကို အကူအညီ ဖြစ်စေခဲ့တယ်...။"
"ခင်ဗျားမှာ စီးပွားရေးလုပ်ငန်းတွေ အများကြီး ရှိပေမဲ့ ခင်ဗျားဆီမှာ ညစ်ပတ်တဲ့ လှည့်ကွက်တွေ ဒါမှမဟုတ် အမြတ်ထုတ်တဲ့ နည်းလမ်းတွေကို တစ်ခါမှ မတွေ့ဖူးဘူး...။"
"ဒါ့အပြင် ခင်ဗျား ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေက တဖြည်းဖြည်းနဲ့ အပြင်းအထန် ယှဉ်ပြိုင်ရာကနေ ကောင်း မွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပြောင်းလဲသွားပြီး အယ်လ်မြို့တော်က ကုမ္ပဏီအများစုကို အပြန်အလှန် အကျိုးရှိစေခဲ့တယ်...။"
"ခင်ဗျားက သနားကြင်နာတတ်တယ်၊ နည်းလမ်းတွေကလည်း သန့်ရှင်းတယ်၊ မြို့ပြစီးပွားရေးမှာ အတွင်းရေး ပဋိပက္ခတွေကို လျှော့ချပေးနိုင်ပြီး အမြင်ကျယ်တယ်...။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ခင်ဗျားကို အသိအမှတ် ပြုပြီး ရင်ထဲကနေ သဘာဝကျကျ ကာကွယ်ပေးချင်နေတာပါ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ အနည်းငယ် ရှက်ရွံ့သွားကာ ခေါင်းကို ကုတ်ရင်း ပြောလိုက်လေ သည်။
"မင်းကလည်း မြှောက်လွန်းနေပါပြီ...၊ တကယ်တော့ မင်းပြောသလောက်လည်း ငါက မကောင်းပါဘူး...။ ဒါပေ မဲ့ အဲဒီလိုပဲ ထားလိုက်ပါတော့...။"
ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်းက စကားစကို ပြောင်းလိုက်လေသည်။
"မင်းက ငါ့ကို ဒီလောက် အထင်ကြီးနေတာကို နောက်ဆုံးကျတော့ ဘာလို့ ငါ့မိသားစုနဲ့ ငါ့ကို ကာကွယ်ပေးဖို့ အတွက် မင်းတို့ ကုမ္ပဏီကို ယွမ်တစ်ထောင်ပေးပြီး ဝယ်ခိုင်းရတာလဲ...။"
ဤအကြောင်းကို ပြောလိုက်သောအခါ ရှီမင်၏ အမြဲတမ်း ပြောင်းလဲမှုမရှိသော မျက်နှာထားမှာ အနည်းငယ် နီရဲသွားပြီးနောက်မှ သူက ဆက်ပြောလိုက်လေသည်။
"တကယ်တော့...၊ ကျွန်တော် ခင်ဗျားဆီကနေ ယွမ်တစ်ထောင်ကို စတောင်းတုန်းက ခင်ဗျားကို နောက်ဆုံးအနေ နဲ့ စမ်းသပ်ကြည့်ရုံသက်သက်ပါ...။"
"ကျွန်တော်တို့အားလုံးက စီးပွားရေးသမားတစ်ယောက်အနေနဲ့ ခင်ဗျားက ဈေးဆစ်တာ တော်မယ်လို့ ထင်ခဲ့ကြ တာ...။ ခင်ဗျား ဈေးဆစ်တဲ့ အတိုင်းအတာက ကျွန်တော်တို့ကို ဘယ်လောက် တန်ဖိုးထားလဲဆိုတာ စမ်းသပ်တာ ပါပဲ...။"
"ခင်ဗျားက ဈေးတောင် မဆစ်ဘဲ ယွမ် (၁၀၀၀) ကို တန်းပြီး လွှဲပေးလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ တော်တော် လေး အံ့သြသွားခဲ့တယ်...။"
"ခင်ဗျားက အဘက်ဘက်ကနေ ရိုးသားဖြောင့်မတ်တဲ့သူ တစ်ယောက်ဖြစ်နေလို့ ခင်ဗျားဆီကို ပိုက်ဆံတချို့ ပြန်ပေးသင့်မပေးသင့် ကျွန်တော်နဲ့ စီနီယာအစ်ကိုငါးယောက် တိုင်ပင်နေခဲ့ကြသေးတယ်...။"
"ဒါပေမဲ့ အရင်တုန်းက ကျွန်တော်တို့ အရမ်း မာနကြီးခဲ့လို့ အကြွေးတွေ အများကြီး တင်နေတာရယ်၊ နောင်ကျ ရင် တပည့်တွေအတွက် ပိုကောင်းတဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ လိုအပ်တာရယ်ကြောင့် ပိုက်ဆံပြန်ပေး မယ့်ကိစ္စကို ထပ်မပြောဖြစ်တော့ဘူး...။"
ထိုစကားများကို ကြားပြီးနောက် လျန်ထျန်းမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ ရယ်မောကာ ရှီမင်၏ ပခုံးကို ပုတ် လိုက်လေသည်။
"ငါ မသိခဲ့တဲ့ ကိစ္စတွေ အများကြီး ရှိနေခဲ့တာကိုး...။ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး၊ မင်းတို့ကို ပေးပြီးသား ပိုက်ဆံ ကို ငါက ဘာလို့ ပြန်တောင်းရမှာလဲ...။"
"ပြီးတော့ အခု မင်းပြောတာကို ကြားရတော့ ငါ့ကို ကာကွယ်ပေးတာက ပိုက်ဆံတစ်ခုတည်းအတွက် မဟုတ်ဘူး ဆိုတာ သိလိုက်ရလို့ ပိုပြီးတော့တောင် စိတ်အေးသွားရပါသေးတယ်...။"
"စိတ်မပူပါနဲ့...၊ အဆက်အသွယ် နည်းနည်းပါးပါးကို သုံးပြီး ဒီလူယုတ်မာတွေ လုပ်ရုံနဲ့ ငါက လွယ်လွယ်နဲ့ လဲကျ သွားမှာ မဟုတ်ပါဘူး...။ သူတို့ကို ထိုက်တန်တဲ့ အဖိုးအခ ပြန်ပေးဆပ်ခိုင်းရမှာပေါ့...။"
ရှီမင်သည် မည်သည့် သံသယမျှမရှိဘဲ ခေါင်းညိတ်လိုက်လေသည်။
"ကျွန်တော် ခင်ဗျားကို ယုံတယ်...။ ခုနက ခင်ဗျား ခေါ်ထားတဲ့သူတွေ မရောက်လာမချင်း ခင်ဗျားရဲ့ လုံခြုံရေးကို ကျွန်တော်တို့ တာဝန်ယူပါတယ်...။"
ထိုစဉ် အဝေးမှ ရဲကားဥဩဆွဲသံများ ထွက်ပေါ်လာခဲ့လေသည်။
ရဲကား ခုနစ်စီး၊ ရှစ်စီးခန့် မောင်းနှင်လာပြီး ထိုနေရာကို ဝိုက်ကာ ရပ်တန့်လိုက်လေသည်။
အလယ်ရှိ ကားတံခါး ပွင့်လာပြီး ပခုံးပေါ်တွင် အပွင့်နှစ်ပွင့်နှင့် အစင်းနှစ်ကြောင်း တပ်ဆင်ထားသော လူလတ် ပိုင်း ရဲအရာရှိတစ်ဦး ထွက်လာလေသည်။
ထိုသူကို မြင်လိုက်ရသောအခါ ရွှမ်မိသားစုမှ ဦးလေးနှင့် တူဖြစ်သူတို့မှာ ချက်ချင်းပင် ယဉ်ကျေးစွာ နှုတ်ဆက် လိုက်ကြလေသည်။
ရွှမ်ရှောင်က၊
"ညွှန်ကြားရေးမှူးယင်...၊ လတ်တလော ကုမ္ပဏီမှာ အရမ်းအလုပ်ရှုပ်နေလို့ ခင်ဗျားဆီ မလာဖြစ်တာ ခွင့်လွှတ်ပါ ဗျာ...။"
ယင်ဖန်က လက်ကမ်းပေးလိုက်ပြီး ၊
"မစ္စတာရွှမ်... ခင်ဗျားကလည်း သိပ်အားနာတတ်တာပဲ...။ ကျွန်တော်တို့ မတွေ့ဖြစ်ပေမဲ့ ပြီးခဲ့တဲ့အကြိမ်က ခင်ဗျားပို့လိုက်တဲ့ လက်ဖက်ခြောက်ကို ရပါတယ်...။ တော်တော်လေး ကောင်းတယ်ဗျ...။"
ယင်ဖန်၏ ကမ်းလာသော လက်ကို မြင်သောအခါ ရွှမ်ရှောင်က လက်နှစ်ဖက်ဖြင့် အလျင်အမြန် ဆုပ်ကိုင်လိုက် ပြီး ဒုတိယညွှန်ကြားရေးမှူးထံသို့ ကတ်ပြားတစ်ခုကို သိုသိုသိပ်သိပ် ကမ်းပေးလိုက်လေသည်။
"ခင်ဗျား သဘောကျတယ်ဆိုတော့ ကျွန်တော်တို့ရဲ့ လက်ဖက်ခြောက်အတွက် ဂုဏ်ယူစရာပါပဲ...။ နောက်ကျရင် ခင်ဗျားဆီကို နောက်ထပ် ပို့ပေးဖို့ လူလွှတ်လိုက်ပါဦးမယ်...။"
"ဒါနဲ့ ညွှန်ကြားရေးမှူးယင်...၊ သူကတော့ ကျွန်တော့်တူပါ၊ သားအရင်းလိုပါပဲ...။ သူ မမွေးခင်ကတည်းက သူ့ အဖေ ဆုံးသွားလို့ ကျွန်တော်ကပဲ သူ့အမေနဲ့ သူ့ကို အဲဒီအချိန်ကတည်းက စောင့်ရှောက်လာခဲ့တာပါ...။"
"ဒီနေ့ သူ အရိုက်ခံလိုက်ရလို့ ကျွန်တော့်ကို ရဲတိုင်ပေးဖို့ ပြောတာပါ...။ သူက ကျွန်တော့်ရဲ့ သားအရင်းလိုပါပဲ...၊ လာစမ်း ရှီးအာ...။ ဦးလေးယင်ကို မြန်မြန် နှုတ်ဆက်လိုက်...။"
ဘေးတွင် ရပ်နေသော ရွှမ်ရှီးက အလျင်အမြန် ခေါင်းညိတ်ကာ ရိုသေကျိုးနွံစွာဖြင့် ဦးညွှတ်လိုက်ပြီး လေးစားစွာ နှုတ်ဆက်လိုက်လေသည်။
"ဦးလေးယင်..."
ယင်ဖန်က သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး ရွှမ်ရှောင် ထည့်ပေးလိုက်သော ကတ်ပြားကိုလည်း သိုသိုသိပ်သိပ်ဖြင့် ယူဆောင်သွားလေသည်။ ထို့နောက် သူက ရွှမ်ရှီးကို ကျေနပ်အားရစွာ ကြည့်ကာ ပြုံးလိုက်လေသည်။
"ဒီကလေးက အလားအလာ ရှိပုံရတယ်...၊ သူ့ဦးလေးနဲ့ တကယ် တူတာပဲ...။ နောင်ကျရင် သေချာပေါက် အရာ ရောက်မယ့်သူ ဖြစ်လာမှာပါ...။"
"ကဲ...၊ စကားစမြည် ပြောတာ တော်လောက်ပြီ...။ ဒီနေ့ ငါ ကိုယ်တိုင် အဖွဲ့ကို ဦးဆောင်လာတာ ဖြစ်လို့ အရာ အားလုံးကို တရားဝင် လုပ်ဆောင်ရမယ်...။"
"ငါ စီမံအုပ်ချုပ်ရတဲ့ နယ်မြေထဲမှာ ကျောင်းထဲကို ဝင်ရောက်ပြီး ကျောင်းသားတွေကို ရိုက်နှက်တဲ့ အလွန်ဆိုးရွား တဲ့ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တာပဲ...။ ကျူးလွန်တဲ့သူတွေကို ထိုက်တန်တဲ့ ပြင်းထန်တဲ့ အဖိုးအခ ပေးဆပ်ခိုင်းရ မယ်...။"
"တရားခံက ဘယ်မှာလဲ...။"
ဒုတိယညွှန်ကြားရေးမှူးယင်က ဩဇာအာဏာအပြည့်ဖြင့် ပြောလိုက်သောအခါ ရွှမ်ရှီးက လျန်ထျန်းရှိရာဘက်သို့ အလျင်အမြန် လက်ညှိုးထိုးပြကာ မောက်မာသောဟန်ဖြင့် တိုင်တောလိုက်လေသည်။
"အဲဒီ အစားအသောက်ပို့တဲ့ ကောင်စုတ်လေးက သူ့လူတွေကို ခိုင်းပြီး ကျွန်တော့်ကို ရိုက်ခိုင်းတာပါ...။"
"ပြီးတော့ အရင်က ကျောင်းလုံခြုံရေး လုပ်ခဲ့တဲ့သူတွေ အားလုံးကလည်း သူ့ရဲ့ ကြံရာပါတွေ ဖြစ်သွားကြပြီ...။"
ရွှမ်ရှီး လက်ညှိုးထိုးပြရာဘက်သို့ ကြည့်လိုက်သောအခါ ယင်ဖန်က အစားအသောက် ပို့ဆောင်သူဝတ်စုံ ဝတ် ဆင်ထားသော လျန်ထျန်းကို မြင်လိုက်ရပြီး ပေါ့ပေါ့ပါးပါး မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"ဒါဆို သူက လုံခြုံရေးတစ်အုပ်နဲ့ ပေါင်းနေတဲ့ အစားအသောက်ပို့တဲ့သူ သက်သက်ပေါ့လေ...။ ကောင်းပြီ...၊ သူတို့ကို သုံးမိနစ်အတွင်း အဖိုးအခ ပေးဆပ်စေရမယ်...။"
ထိုသို့ပြောပြီးနောက် ဒုတိယညွှန်ကြားရေးမှူးယင်က သူ၏လက်ကို ခပ်မိုက်မိုက် ဝှေ့ယမ်းလိုက်ရာ ရဲအရာရှိ ဆယ်ဂဏန်းခန့်က သူ၏နောက်မှ လိုက်ပါလာကြလေသည်။
သို့သော် လမ်းလျှောက်နေရင်း ယင်ဖန်သည် ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။
လျန်ထျန်းနှင့် နီးကပ်လာလေလေ လျန်ထျန်း၏ မျက်နှာကို ပိုမို ရှင်းလင်းစွာ မြင်ရလေလေ ဖြစ်ပြီး ထိုအစား အသောက် ပို့ဆောင်သူ၏ ရုပ်ရည်မှာ တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရင်းနှီးနေကြောင်း သူ ရုတ်တရက် ခံစားလိုက်ရလေသည်။
နားလည်ထားရမည်မှာ သူသည် ဒုတိယညွှန်ကြားရေးမှူးတစ်ဦးအနေဖြင့် အမှတ်တရ မှတ်ထားလေ့ရှိသော မျက်နှာများမှာ သာမန်လူများ လုံးဝ မဟုတ်ပေ။
ထိုသို့ တွေးတောနေစဉ် ညွှန်ကြားရေးမှူးတန်နှင့် တွေ့ဆုံခဲ့ဖူးကြောင်း ရုတ်တရက် သတိရသွားပြီး သူသည် အထက်မှ တာဝန်ပေးအပ်ထားသော လက်ရှိတွင် အလွန်အရေးကြီးသည့် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံသူ ဖြစ် ကြောင်းကိုပါ မှတ်မိသွားလေတော့သည်။
ဤအချက်ကို သဘောပေါက်သွားသောအခါ ဒုတိယညွှန်ကြားရေးမှူးယင်၏ သူငယ်အိမ်များနှင့် မျက်နှာအမူ အရာမှာ သိသိသာသာ ရှုံ့မဲ့သွားပြီး ရှေ့သို့လှမ်းနေသော သူ၏ခြေလှမ်းများမှာလည်း တောင့်တင်းသွား လေတော့သည်။
သို့သော် သူသည် လျင်မြန်စွာပင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။ မည်သို့ပင်ဆိုစေ သူသည် ဒုတိယညွှန်ကြားရေးမှူး တစ်ဦးဖြစ်ရာ သူ၏ လက်အောက်ငယ်သားများရှေ့တွင် တည်ငြိမ်မှုကို အပျက်ခံ၍ မဖြစ်ပေ။
သို့ရာတွင် ဤအချိန်၌ သူ၏ ရင်ထဲတွင် လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်နေသကဲ့သို့ ဖြစ်နေပြီး စိတ်ထဲမှ တိတ် တဆိတ် တွေးလိုက်လေသည်။
*အစားအသောက်ပို့တဲ့ ဝတ်စုံနဲ့ ဒီလူက အဲဒီလူနဲ့ အရမ်းတူနေတာပဲ...၊ တိုက်ဆိုင်တာများလား...။*
*မဖြစ်သေးဘူး...၊ ငါ အရင်ဆုံး စမ်းသပ်ကြည့်ဖို့ လိုတယ်...။ အဲဒီ စီမံကိန်းက လက်ရှိမှာ အထက်ကလူတွေရဲ့ အာရုံစိုက်မှုကို အများကြီး ရနေတာ၊ ပြီးတော့ အဲဒီလူရဲ့ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုနဲ့ ပံ့ပိုးမှုတွေကြောင့် တော် တော်လေးကို တိုးတက်လာခဲ့တာ...။*
*တကယ်လို့ ငါသာ အဲဒီလူကို ပြစ်မှားမိရင် တန်ဆိုတဲ့ကောင်က ငါ့ကို အရှင်လတ်လတ် အရေခွံခွာလိမ့်မယ်...။ ငါက သူ ရာထူးတိုးပြီး ဒီနေရာကနေ ထွက်သွားဖို့ စောင့်နေတာ၊ ဒါမှ ငါက ညွှန်ကြားရေးမှူးချုပ် ရာထူးကို တက် နိုင်မှာ...။*
ဤကဲ့သို့ အရေးကြီးသော အချိန်အခါမျိုးတွင် မည်သည့် အမှားအယွင်းမျှ လုံးဝ အဖြစ်ခံ၍ မရပေ။
ထိုသို့ တွေးတောရင်းဖြင့် ယင်ဖန်သည် လျန်ထျန်း၏ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ရှီမင်က လျန်ထျန်းကို ကာကွယ်ရန် သူ၏အရှေ့တွင် ဝင်ရပ်ရန် ဟန်ပြင်လိုက်သော်လည်း လျန်ထျန်းက သူ၏ လက်ကို မြှောက်ကာ တားဆီးလိုက်လေသည်။
အကယ်၍ ရှီမင်နှင့် သူ၏လူများသာ တစ်စုံတစ်ရာ လှုပ်ရှားလိုက်ပါက တစ်ဖက်ရှိ ရဲအရာရှိအချို့က သေနတ် များ ထုတ်လာမည်ကို လျန်ထျန်း သတိပြုမိလိုက်လေသည်။
သိုင်းပညာ မည်မျှပင် ကောင်းနေပါစေ ကျည်ဆန်ကိုတော့ ကြောက်ရသေးသည်ဟု ရွှမ်ရှီး ပြောခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံရမည် ဖြစ်သည်။
လျန်ထျန်းအနေဖြင့် သူ အဆင်ပြေမည်ဟု ယုံကြည်ချက် ရှိနေသည်။ အချိန်ကို ခန့်မှန်းကြည့်ရလျှင် သူ ခေါ်ထား သောလူများ မကြာမီ ရောက်လာတော့မည် ဖြစ်လေသည်။
သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်လာသည့် အရာက လျန်ထျန်းကို အံ့အားသင့်သွားစေခဲ့သည်။
ယင်ဖန်သည် မည်သည့် ပြင်းထန်သော အပြုအမူကိုမျှ မလုပ်ဆောင်ဘဲ ယဉ်ကျေးစွာ မေးမြန်းလာခဲ့လေသည်။
"မင်္ဂလာပါ...၊ ကျွန်တော်တို့ တစ်နေရာရာမှာ ဆုံဖူးကြသလား...။"
လျန်ထျန်း ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ပြန်လည် ဖြေကြားလိုက်သည်။
"ခင်ဗျားတို့ ရဲစခန်းက လူတော်တော်များများကို ကျွန်တော် မြင်ဖူးပါတယ်...။ တောင်းပန်ပါတယ်၊ လူတွေ အများကြီးကို တွေ့ဖူးတော့ ခင်ဗျားကို သိပ်မမှတ်မိတော့ဘူး...။"
လျန်ထျန်း၏ စကားများကို ကြားသောအခါ ယင်ဖန်၏ သံသယများမှာ အတိုင်းအတာတစ်ခုအထိ အတည်ပြုနိုင် သွားခဲ့လေသည်။
လျန်ထျန်းက သူ့ကို မမှတ်မိသော်လည်း သူကမူ မည်သည့် ဒေါသမျှ ထွက်မနေဘဲ ဆက်လက်၍ ယဉ်ကျေးစွာ စုံစမ်းမေးမြန်းလိုက်လေသည်။
"ဒါဆို... ခင်ဗျားရဲ့ မျိုးရိုးနာမည်က လျန်လား...။ ပြီးတော့ XX သုတေသနဌာနရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပံ့ပိုးမှုတွေမှာ ပါဝင်ခဲ့ဖူးလား...။"
ယင်ဖန်နှင့် လျန်ထျန်းတို့ စကားပြောနေစဉ် သူတို့၏အနောက်တွင် ရှိနေသော ရွှမ်မိသားစုမှ ဦးလေးနှင့် တူဖြစ်သူ တို့မှာ မျက်မှောင်ကြုတ်သွားကြလေသည်။
ရွှမ်ရှီးက၊
"ဦးလေး...၊ ဘာလို့ ဒုတိယညွှန်ကြားရေးမှူးယင်က အခု ငြိမ်သွားရတာလဲ...။ သူတို့ ဘာတွေ တီးတိုး ပြောနေကြ တာလဲ...။"
ရွှမ်ရှောင်မှာလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိသော်လည်း သူ၏တူဖြစ်သူရှေ့တွင် တည်ငြိမ်မှုကို ထိန်းသိမ်းထားချင်သဖြင့် အတင်း ပြုံးပြကာ ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့...၊ ဒုတိယညွှန်ကြားရေးမှူးယင်က တစ်ဖက်လူကို ဖိအားပေးနေတာ ဖြစ်ပါလိမ့်မယ်...။ အဆင့်နိမ့် တဲ့ အစားအသောက်ပို့တဲ့ ကောင်လေးတစ်ယောက်က ဒီလောက် အရေးပါတဲ့လူကို မြင်ရင် ကြောက်လန့်သွား မှာပေါ့...။"
"ညွှန်ကြားရေးမှူးယင်က စကားအနည်းငယ်နဲ့ သူ့ကို ဘယ်လို ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့...။ ဟားဟားဟား...။"