← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း (၁၈၃)

ဂြိုဟ်ကောင်

ရွှမ်ဦးရီးတူနှစ်ယောက် မျှော်လင့်ချက်များ ပြည့်နှက်နေချိန်တွင် သူတို့ အားထားရသည့် ဒုတိယညွှန်ကြားရေးမှူး ယင်မှာမူ စိတ်လှုပ်ရှားမှု လှိုင်းတံပိုးများကြားတွင် ရုန်းကန်နေရပြီ ဖြစ်ကြောင်းကို မသိခဲ့ကြပေ။

ရွှမ်ရှီးက သူ၏ဦးလေးဖြစ်သူကို မေးလိုက်လေသည်...၊

​"ဟင်...၊ ဒုတိယညွှန်ကြားရေးမှူးယင်က ဘာလို့ တုန်နေတာလဲ...။"

ရွှမ်ရှောင်က မဟာဗျူဟာမြောက် နည်းလမ်းများအကြောင်းကို ရှင်းပြလိုက်လေသည်...။

"မင်းတို့ ကလေးတွေ နားလည်မှာ မဟုတ်ဘူး...။ အဲ့ဒါက လူတွေကို ကြောက်လန့်သွားစေတဲ့ အရှိန်အဝါ ပြသမှု ပဲ...၊ ဟို အစားအသောက်ပို့တဲ့ကောင်ဆိုရင် အခုလောက်ဆို ကြောက်လန့်နေလောက်ပြီ...။"

ရွှမ်ရှီးက နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်းပင် ထပ်မေးလိုက်ပြန်လေသည်...။

"ဟင်...၊ အခုကျတော့ ဒုတိယညွှန်ကြားရေးမှူးယင်က ဘာလို့ ခါးညွှတ်နေပြန်တာလဲ...။"

ရွှမ်ရှောင်က ယုံကြည်မှုရှိဟန် ဆက်လက်ဟန်ဆောင်ကာ ယုတ္တိမတန်စွာ ငြင်းခုံလိုက်လေသည်..၊

"မင်းက ကလေးပဲ ရှိသေးတာမို့ နားမလည်ပါဘူး...။ ခါးညွှတ်လိုက်တာက ပိုပြီး ဖိအားပေးသလို ဖြစ်စေတယ်...၊ အဲ့ဒီ အစားအသောက်ပို့တဲ့ကောင်တော့ ပြိုလဲသွားတော့မှာ သေချာတယ်...။"

ရွှမ်ရှီးက ထပ်မံခေါင်းညိတ်ရန် ပြင်လိုက်စဉ် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကာ မေးလိုက်ပြန်လေ သည်...၊

"ဦးလေး... ဒုတိယညွှန်ကြားရေးမှူးယင်က တစ်ဖက်လူကို ဖိအားပေးနေတာ သေချာရဲ့လား...။ ကျွန်တော် ကြည့်ရတာ ဒုတိယညွှန်ကြားရေးမှူးယင်က ဟို အစားအသောက်ပို့တဲ့ကောင်ကို ခါးညွှတ်ပြီး တောင်းပန်နေ သလိုပဲ...။"

အမှန်တကယ်ပင် ယင်ဖန်းသည် လျန်ထျန်းအား အကြိမ်ကြိမ် ခေါင်းညိတ်ခါးညွှတ်ကာ ရိုးသားစွာ ပြောဆိုနေ ခဲ့လေသည်...။

"တောင်းပန်ပါတယ် မစ္စတာလျန်...။ ကျွန်တော် အရူးလုပ်ခံလိုက်ရတာပါ...၊ ကျွန်တော့်ကို လှည့်စားတဲ့သူကို ချက်ချင်း ဖမ်းလိုက်ပါ့မယ်...။"

ဒုတိယညွှန်ကြားရေးမှူးယင် လှည့်ထွက်ရန် ပြင်လိုက်ချိန်တွင် နောက်ဘက်မှ ကမန်းကတန်း ခြေသံများ ထွက် ပေါ်လာပြီး ရွှမ်တူရီးနှစ်ယောက် ပြေးလာကြလေသည်။

ရောက်ရောက်ချင်းပင် ရွှမ်ရှောင်က အရင်စကားစလိုက်သည်...၊

"ညွှန်ကြားရေးမှူးယင် ဘာတွေဖြစ်နေတာလဲ...။ ဟို အစားအသောက်ပို့တဲ့ကောင်ကို သုံးမိနစ်အတွင်း ရှင်းပေး မယ်လို့ ပြောထားတာ မဟုတ်ဘူးလား...။"

ထိုစကားကို ကြားသောအခါ ယင်ဖန်း၏ နဖူးတွင် ချွေးအေးများ ပျံလာပြီး ဒေါသတကြီးဖြင့် ချက်ချင်း ပြန်လည် ချေပလိုက်လေသည်...။

"ပါးစပ်ပိတ်ထားစမ်း...၊ မင်းတို့ကို ငါ ဘယ်တုန်းက အဲ့ဒီလိုစကား ပြောဖူးလို့လဲ...။ ငါက မစ္စတာလျန်ဆီလာပြီး အခြေအနေကို မေးမြန်းရုံပဲ ရှိတာ...။"

ထိုအဖြေကြောင့် ရွှမ်ရှောင်မှာ မှင်တက်သွားရလေသည်။ သို့သော် ဘေးတွင် ရပ်နေသော တူဖြစ်သူ ရွှမ်ရှီးက ဆန္ဒမပါဘဲ ဝင်ပြောလိုက်လေသည်၊

"ဦးလေးယင်... ခင်ဗျား ဘယ်လိုလုပ် ဒီလိုလုပ်ရက်တာလဲ...။ စောစောက ကျွန်တော့်ဦးလေးဆီက လက်ဖက် ရည်နဲ့ ကတ်ကို ယူထားပြီးတော့ အခုကျမှ ကျေးဇူးကန်းတာလား...။"

"သူက အစားအသောက်ပို့တဲ့ကောင် သက်သက်ပါ...။ သူက နာမည်ကြီး လုံခြုံရေးကုမ္ပဏီကို သိပြီး အရှိန်အဝါ နည်းနည်းပါးပါး ရှိနေရင်တောင် ကျွန်တော်တို့ ဟွာလန်အုပ်စုထက် ပိုအင်အားကြီးနိုင်ပါ့မလား...။"

"ကျွန်တော်တို့ မိသားစုဆီက လက်ဆောင်တွေကို ယူထားပြီးတော့ တခြားသူတွေဆီကပါ ယူဖို့ စဉ်းစားနေလို့ မရဘူးလေ...။ နှစ်ဖက်စလုံးကနေ အမြတ်ထုတ်ဖို့ ကြိုးစားတာက ကိုယ်ကျင့်တရား ကင်းမဲ့လွန်းတယ်...။"

လုံခြုံရေးအဖွဲ့က ဘက်ပြောင်းသွားချိန်တွင် ဤအစားအသောက်ပို့သူမှာ သူထင်ထားသလောက် မရိုးရှင်း ကြောင်း ရွှမ်ရှီးက သံသယဝင်ခဲ့သည်။ သို့သော် မည်မျှပင် အထင်ကြီးစရာ ကောင်းနေစေကာမူ သူ၏ဦးလေးပိုင် ဆိုင်သော ဟွာလန်အုပ်စုထက် ပို၍ အင်အားကြီးနိုင်မည် မဟုတ်ဟု သူက တွေးတောခဲ့လေသည်။

ထို့အပြင် အစားအသောက်ပို့သူ တစ်ဦးက အလွန်ဆုံး ဘာများဖြစ်နိုင်မည်နည်း။ အကယ်၍သာ သူသည် ထိုမျှ လောက် အစွမ်းထက်နေပါက အစားအသောက် လိုက်ပို့နေဦးမည်လား။ ထို့ကြောင့် ယခုအချိန်အထိ ရွှမ်ရှီးသည် မောက်မာသော သဘောထားကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပေသည်။

ဤဒုတိယညွှန်ကြားရေးမှူးယင်သည် သူ၏ဦးလေးထံမှ အကျိုးအမြတ်များ ရယူထားပြီး သူ့ထံမှလည်း နောက် ထပ် အကျိုးအမြတ်များကို လိုချင်နေသောကြောင့် ယခုကဲ့သို့ ခါးညွှတ်ကာ မျက်နှာချိုသွေးနေခြင်းများ ဖြစ်နိုင် သည်ဟုပင် သူက တွေးထင်မိလေသည်။

ပြည်သူ့ဝန်ထမ်းရာထူး ရှိသူများမှာ အလွန်ပင် ကောက်ကျစ်စဉ်းလဲကြောင်း သူ အစောကတည်းက ကြားဖူး ထားလေသည်။ အကယ်၍ သူတို့က ငြိမ်းချမ်းရေး မယူမီ နှစ်ဖက်စလုံးထံမှ အမြတ်ထုတ်ရန် တကယ်ကြိုးစား လာပါက ရွှမ်ရှီးအနေဖြင့် မည်သို့မျှ သဘောတူမည် မဟုတ်ပေ။

သို့သော် ပြဿနာ၏ ဆိုးရွားမှုကို သူ သတိမထားမိခဲ့ပေ။ သူ၏ဦးလေးဖြစ်သူ ရွှမ်ရှောင်မှာမူ ဒုတိယညွှန်ကြား ရေးမှူးယင်၏ ထူးဆန်းသော မျက်နှာထားကို ကြည့်ကာ တစ်ခုခုကို သဘောပေါက်သွားပုံ ရလေသည်။ သူက တူဖြစ်သူကို တားဆီးရန် ပြင်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ရွှမ်ရှီးက နောက်ထပ် စကားတစ် ခွန်းကို ဆက်ပြောလိုက်လေသည်၊

"ဟို အစားအသောက်ပို့တဲ့ကောင်က စောစောက ကျွန်တော့်ကို ဖုန်းဆက်ပြပြီး ခြိမ်းခြောက်သေးတယ်...။ သူ လည်း အကူအညီ ခေါ်နိုင်တယ်တဲ့လေ...။ အဲ့ဒီ အဆင့်နိမ့် လုံခြုံရေးကုမ္ပဏီက လူတွေကလွဲပြီး သူက ဘယ်သူ့ ကို ခေါ်နိုင်ဦးမှာလဲ...။"

"ခင်ဗျားတို့က ရဲအရာရှိတွေလေ အဲ့ဒီ လုံခြုံရေးအစောင့်တွေကို ကြောက်နေတာတော့ မဟုတ်ပါဘူးနော်...။ ဒါမှမဟုတ် သူတို့က ခင်ဗျားတို့ ရဲစခန်းက ညွှန်ကြားရေးမှူးချုပ်ကို ခေါ်လာမှာကို ကြောက်နေတာလား... ရယ် စရာကောင်းလိုက်တာ...။"

ရွှမ်ရှီး စကားမဆုံးမီမှာပင် အဝေးမှ ရဲကားဥဩသံများ ရုတ်တရက် ထပ်မံထွက်ပေါ်လာလေသည်။ ဤတစ်ကြိမ် တွင်မူ အသံမှာ ယခင်ကထက် ပိုမိုကျယ်လောင်နေပြီး ရဲကားအရေအတွက်မှာလည်း ယခင်ကထက် ပိုများပြား ကာ စုစုပေါင်း အစီးနှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် ရှိနေလေသည်။

ရဲကားများ အလျင်အမြန် မောင်းနှင်လာပြီးနောက် နေရာကို အကွေးပုံသဏ္ဌာန်ဖြင့် တစ်ဖန် ဝိုင်းရံလိုက်ကြလေ သည်။ သို့သော် ဝိုင်းရံထားသော ဧရိယာအတွင်းတွင် ယခင်က ရပ်ထားသော ရဲကား ခုနစ်စီး ရှစ်စီးနှင့်တကွ ထိုနေရာရှိ လူအားလုံးလည်း ပါဝင်နေလေသည်။

အလယ်ရှိ ကားတံခါး ပွင့်သွားပြီးနောက် ပခုံးတွင် ကြယ်တစ်ပွင့် တပ်ဆင်ထားသော ရဲအရာရှိအိုကြီးတစ်ဦး ထွက်လာခဲ့လေသည်။ ရဲကားများ အများအပြား ရောက်လာသည်ကို မြင်သောအခါ ရွှမ်ရှီးမှာ အနည်းငယ် စိုးရိမ်သွားသော်လည်း ဦးဆောင်လာသော အရာရှိမှာ ကြယ်တစ်ပွင့်အဆင့်သာ ရှိသည်ကို မြင်သောအခါ ချက်ချင်းပင် သက်ပြင်းချလိုက်နိုင်လေသည်။

"ကျွန်တော်တော့ လန့်သေတော့မှာပဲ...။ ကျွန်တော်ပြောတဲ့ စကားတွေ တကယ်ဖြစ်လာပြီလို့တောင် ထင်လိုက်မိ တယ်...။ ရယ်စရာကောင်းလိုက်တာ အဆင့်နိမ့် အစားအသောက်ပို့တဲ့ကောင်က ရဲစခန်းက ညွှန်ကြားရေးမှူးချုပ် ကို ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ...။"

"ဒါပေမဲ့ ပခုံးမှာ ကြယ်တစ်ပွင့် တပ်ထားတဲ့လူကို ရှာတွေ့နိုင်တာက သူ အနည်းအကျဉ်းတော့ အစွမ်းရှိတာကို ပြနေတယ်...။ ဒါပေမဲ့လည်း...၊ ဟင်...၊ ဦးလေး...၊ ဘာဖြစ်လို့လဲ...၊ ကျွန်တော့်ကို ဘာလို့ ဆွဲနေတာလဲ...။"

ရွှမ်ရှီး စကားမဆုံးမီမှာပင် သူ၏ဦးလေးဖြစ်သူ ရွှမ်ရှောင်က သူ့ကို အနောက်ဘက်သို့ အတင်းအကျပ် ဆွဲခေါ် သွားပြီး ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။ ထိုအချိန်မှသာ ပခုံးတွင် ကြယ်တစ်ပွင့် တပ်ဆင်ထားသော ရဲအရာရှိအိုကြီးကို မြင်ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးယင်၏ မျက်နှာထားမှာ ဆိုးရွားစွာ ပြောင်းလဲသွား သည်ကို ရွှမ်ရှီး သတိထားမိလိုက်လေသည်။

နောက်တစ်စက္ကန့်တွင် ယင်ဖန်းက ရွှမ်ရှီးဘက်သို့ ဒေါသတကြီး လှည့်ကာ ပါးရိုက်ချလိုက်လေတော့သည်။

"ပါးစပ်ပိတ်ထားစမ်း...။"

ထို့နောက် သူသည် ပခုံးတွင် ကြယ်တစ်ပွင့် တပ်ဆင်ထားသော ရဲအရာရှိအိုကြီးထံသို့ အလျင်အမြန် ပြေးသွား ကာ မပြုံးချင်သော်လည်း အတင်းဖန်တီးထားရသော အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်လေသည်။

"ဂုဏ်ယူပါတယ် ညွှန်ကြားရေးမှူးတန်...၊ ခင်ဗျားက ကြယ်တစ်ပွင့်အဆင့်ရှိတဲ့ တတိယအဆင့် ရဲမှူးအဖြစ် ရာထူး တိုးသွားပြီပဲ...။ မကြာခင်မှာ ရာထူးပိုမြင့်လာမယ်လို့ မျှော်လင့်ပါတယ်...။"

ထိုစကားကို ကြားသောအခါ ဦးလေးဖြစ်သူ၏ အနောက်သို့ ဆွဲခေါ်ခံရသော်လည်း ပါးရိုက်ခံရခြင်းမှ မလွတ် ကင်းခဲ့သော ရွှမ်ရှီးမှာ တုန်လှုပ်စွာဖြင့် သူ၏မျက်နှာကို အုပ်ထားလိုက်လေသည်။ သူ၏ဦးလေးဖြစ်သူ ရွှမ်ရှောင် ကလည်း စိတ်ပျက်အားငယ်စွာဖြင့် သက်ပြင်းချလိုက်လေသည်။

"မင်းက ဘယ်လိုလုပ် အဲ့ဒီလောက်တောင် မျက်စိကန်းနေရတာလဲ...။ သူက ကြယ်တစ်ပွင့်အဆင့် အရာရှိလေ...၊ ဒုတိယညွှန်ကြားရေးမှူးယင်ရဲ့ အဆင့်ထက် နှစ်ဆင့်တောင် ပိုမြင့်တယ်ကွ...။"

"စောစောက မင်းပြောတာ မှန်တယ်...၊ အဲ့ဒါက တကယ်ဖြစ်လာပြီ...။ အဲ့ဒီ အစားအသောက်ပို့တဲ့ကောင်က ရဲစခန်းက ညွှန်ကြားရေးမှူးချုပ်ကို တကယ်ခေါ်လာနိုင်ခဲ့တာပဲ...။"

ဦးလေးဖြစ်သူ၏ စကားကို ကြားပြီးနောက် ရွှမ်ရှီးမှာ ချက်ချင်းပင် ထိတ်လန့်သွားခဲ့လေသည်။

"ဒုက္ခပါပဲ...၊ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ...။ သူက ဘယ်သူလဲ...၊ သူက ဘယ်လိုလုပ် ဒီလောက် အရေးပါ တဲ့လူကို ရှာတွေ့နိုင်ရတာလဲ...။"

တူဖြစ်သူ ထိတ်လန့်နေသည်ကို မြင်သောအခါ ဦးလေးဖြစ်သူ ရွှမ်ရှောင်အနေဖြင့် သဘာဝကျကျ တည်ငြိမ်နေ ရန် လိုအပ်လေသည်။ သူက အနည်းငယ် မတည်မငြိမ် ဖြစ်နေသော မိမိ၏စိတ်ကို ဖိနှိပ်ကာ တူဖြစ်သူကို နှစ်သိမ့် ပေးလိုက်လေသည်။

"မလန့်ပါနဲ့...၊ အခြေအနေက အဲ့ဒီလောက်တောင် ဆိုးရွားချင်မှ ဆိုးရွားမှာပါ...။ အခုက မင်းက အရိုက်ခံနေရတာ လေ အရင်တုန်းကလို မင်းက သူများကို ရိုက်နေတာမှ မဟုတ်တာ...။"

"ငါတို့ အရိုက်ခံရပြီး ဒဏ်ရာရသွားရင် ငါတို့ဘက်က အကြောင်းပြချက် ခိုင်လုံသွားပြီလေ...။ သူက ရဲစခန်းက ညွှန်ကြားရေးမှူးချုပ်ကို ခေါ်လာရင်တောင် အမှန်တရားကို ဖုံးကွယ်ထားလို့မှ မရတာ...။ သူက ငါတို့ကို ဘာလုပ် နိုင်မှာလဲ...။"

"ပြီးတော့ မင်းရဲ့ဦးလေးက ဟွာလန်အုပ်စုရဲ့ အထွေထွေမန်နေဂျာလေ...။ ငါက စီးပွားရေးသမားတစ်ယောက်ပဲ ငါ့မှာ ငွေဆိုတာ ပေါမှပေါ...။"

"ငါက ဒီညွှန်ကြားရေးမှူးချုပ်နဲ့ အဆက်အသွယ်ရပြီး တခြားသူတွေထက် ငွေပိုပေးနိုင်မယ်ဆိုရင် သူက ငါ့ဘက် ကို ကူးပြောင်းလာမှာ မဟုတ်ဘူးလား...။"

"ဒါက အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်တယ်...။ ရဲချုပ်နဲ့ အဆက်အသွယ် ရသွားရင် ငါက ဟွာလန်အုပ်စုရဲ့ ဥက္ကဋ္ဌသစ် ဖြစ်လာဖို့ ပိုပြီး သေချာသွားပြီပေါ့...။"

ဦးလေးဖြစ်သူက ယုံကြည်မှု အပြည့်ဖြင့် ပြောဆိုလိုက်သောအခါ ရွှမ်ရှီး၏ အကြောက်တရားများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏ဘဝင်မြင့်မှုများပင် ပြန်လည်ရောက်ရှိလာလေသည်။

"ဦးလေးပြောတာ မှန်တယ်...၊ ဦးလေးက တကယ်တော်တာပဲ...။"

"ဟုတ်တယ်...၊ ကျွန်တော်တို့က မှန်တယ်လေ...။ သူက ရဲတွေကို ခေါ်လာပေမဲ့ အဆင့်အမြင့်ဆုံး အရာရှိက တောင် အကြောင်းပြချက် ခိုင်လုံရမယ် မဟုတ်ဘူးလား...။"

"ကျွန်တော်တို့ရဲ့ ဟွာလန်အုပ်စုက အယ်လ်မြို့တော် စီးပွားရေးလောကမှာ ထိပ်တန်းဆယ်ခုစာရင်းဝင် နေရာမှာ ရှိနေတာ...။ ကျွန်တော်တို့ရဲ့ နည်းလမ်းတွေက ဘယ်လောက်အထိ ရှိနိုင်တယ်ဆိုတာကို သူက ဘယ်လိုလုပ် မှန်းဆ နိုင်မှာလဲ...။"

"တကယ်လို့ သူက ကျွန်တော်တို့ကို တကယ် ဖြုတ်ချချင်တယ်ဆိုရင် သူက အချမ်းသာဆုံးကော်ပိုရေးရှင်းနဲ့ အဆက်အသွယ် ရှိရမယ် ဒါမှမဟုတ် ဟွာလန်အုပ်စုရဲ့ နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အစုရှယ်ယာရှင် ကြီး ဖြစ်နေရမှာပေါ့...။"

"ဟက်...၊ ဆိုးလိုက်တာ...။ သူလို အဆင့်နိမ့် အစားအသောက်ပို့တဲ့ကောင်က အချမ်းသာဆုံးကော်ပိုရေးရှင်းနဲ့ ဘယ်လိုလုပ် အဆက်အသွယ် ရှိနိုင်မှာလဲ ဒါမှမဟုတ် ဟွာလန်အုပ်စုရဲ့ နောက်ကွယ်မှာ ဘယ်လိုလုပ် ရှိနိုင်မှာ လဲ...။"

သို့သော် ရွှမ်ရှီး စကားမဆုံးမီမှာပင် သူ၏စကားများက နောက်တစ်ကြိမ် ထပ်မံ မှန်ကန်သွားပြန်လေသည်။ ဇိမ်ခံကားမည်းကြီး ဒါဇင်ပေါင်းများစွာ မောင်းနှင်လာကြလေသည်။

လမ်းဘေးတွင် ရပ်နားပြီးနောက် ဦးဆောင်လာသော ရိုးလ်ရွိုက်စ် ကား၏ ယာဉ်မောင်းမှာ အပြင်သို့ထွက်ကာ ညာဘက်နောက်ခန်း တံခါးကို ဖွင့်ရန် ပြေးသွားလေသည်။ ပထမဦးစွာ တုတ်ကောက်တစ်ချောင်း ထွက်ပေါ်လာ ပြီးနောက် ဝတ်စုံပြည့် ဝတ်ဆင်ထားသော အသက်အရွယ်ရပြီဖြစ်သည့် အမျိုးသားကြီးတစ်ဦး ထွက်လာခဲ့လေ သည်။

ထိုအဘိုးအို၏ ပြုံးနေသော မျက်လုံးများမှာ ကြင်နာတတ်ပုံရသော်လည်း ၎င်းတို့၏ အနက်ရှိုင်းဆုံးနေရာရှိ ထက်မြက်သော အရိပ်အယောင်ကိုမူ စီးပွားရေးလောကတွင် အချိန်ကြာမြင့်စွာ ကျင်လည်ခဲ့ဖူးသူ တစ်ဦးကသာ မြင်တွေ့နိုင်လေသည်။

ဝတ်စုံပြည့်နှင့် အဘိုးအိုကို မြင်လိုက်ရသော အခိုက်အတန့်တွင် ရွှမ်ရှောင်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တောင့် တင်းသွားခဲ့လေသည်။ သုံးစက္ကန့်ခန့် ကြာပြီးနောက် တူဖြစ်သူ၏ စကားပြောနေသံများကို ကြားရသောအခါ သူက ရုတ်တရက် ဒေါသတကြီးဖြင့် လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်လေတော့သည်။

“ဖျန်း...”

ဤရိုက်ချက်မှာ ယင်ဖန်းက ရွှမ်ရှီးကို ရိုက်ခဲ့သည်ထက် ပို၍ ကျယ်လောင်ကာ ပို၍ ပြင်းထန်လေသည်။ သူ စကားမဆုံးမီမှာပင် ရွှမ်ရှီးမှာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ သူသည် သုံးစက္ကန့်ခန့် မှင်တက်သွားပြီး နောက် မယုံကြည်နိုင်စွာဖြင့် သူ၏မျက်နှာကို အုပ်ကာ ရွှမ်ရှောင်ကို ကြည့်လိုက်လေသည်။

"ဦးလေး...၊ ဦးလေး...၊ ကျွန်တော့်ကို ရိုက်တယ်ပေါ့...။ ဦးလေး ကျွန်တော့်ကို တစ်သက်လုံး တစ်ခါမှ မရိုက် ဖူးဘူးလေ...။ ဘာလို့လဲ...။"

သူ၏စကားဝက်တွင် ရွှမ်ရှီး၏ ဟစ်အော်သံမှာ နားမလည်နိုင်မှုနှင့် မကြုံစဖူး ဒေါသများ ရောယှက်နေလေသည်။ သို့သော် ဤအချိန်တွင် ရွှမ်ရှောင်က သူ့ထက်ပို၍ ဒေါသထွက်နေပြီး သူ့စကားကို ပြတ်သားစွာ ဖြတ်ပြောလိုက် လေသည်။

"ပါးစပ်ပိတ်ထားစမ်း...၊ မင်းလို ဂြိုဟ်ကောင်...။"

"အချမ်းသာဆုံးကော်ပိုရေးရှင်းက မစ္စတာဝမ် တကယ်ရောက်လာပြီ...။ ငါ...၊ ငါ တကယ် ကြောက်နေပြီ...။ ဟို အစားအသောက်ပို့တဲ့ကောင်က တကယ်ပဲ...။"

ဆက်ပြောရန် ရွှမ်ရှောင်မှာ တုံ့ဆိုင်းသွားပြီး တံတွေးများကို အတင်းမျိုချလိုက်သောကြောင့် သူ၏လည်စေ့မှာ သိသိသာသာ လှုပ်ရှားသွားလေသည်။ သူ၏ဦးလေးဖြစ်သူကို ဤကဲ့သို့ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သော ရွှမ်ရှီးမှာ နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး တုတ်ကောက်ကို အားပြုကာ ဖြည်းညင်းစွာ လျှောက်လှမ်း လာသော ဝတ်စုံပြည့်နှင့် အဘိုးအိုကို မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်လေသည်။

မှန်ပေသည်။ ရိုးလ်ရွိုက်စ် ကားပေါ်မှ ဆင်းလာသော ဝတ်စုံပြည့်နှင့် အဘိုးအိုမှာ အခြားသူမဟုတ်ဘဲ အချမ်းသာ ဆုံးကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌ မစ္စတာဝမ်ပင် ဖြစ်လေသည်။

လွန်ခဲ့သော ဆယ်မိနစ်ခန့်က ရွှမ်ဦးရီးတူနှစ်ယောက်မှာ မောက်မာနေဆဲဖြစ်ပြီး သူတို့၏ အဆင့်အတန်းဖြင့် အစာအသောက်ပို့သူ တစ်ဦးကို ထိန်းချုပ်ရန်မှာ အလွန်လွယ်ကူသည်ဟု ထင်မြင်ခဲ့ကြသည်။

သို့သော် ယခုအခါ ညွှန်ကြားရေးမှူးတန်နှင့် အထွေထွေမန်နေဂျာ ဝမ်တို့ ရောက်ရှိလာခြင်းနှင့်အတူ အခြေအနေ များမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင်မူ သူတို့မှာ တစ်ဖက်လူ၏ သနားညှာတာမှုကို အပြည့် အဝ ခံယူနေရပြီ ဖြစ်သည်။

ထို့နောက် ရွှမ်ရှောင် စိုးရိမ်နေသည့်အရာမှာ တကယ်ဖြစ်လာခဲ့သည်။ ရွှမ်ရှီး၏ 'ဂြိုဟ်ကောင်' သဖွယ် စကားများ မှာ နောက်တစ်ကြိမ် ထပ်မံ မှန်ကန်သွားခဲ့ပြန်လေသည်။

လျန်ထျန်းသည် အချမ်းသာဆုံးကော်ပိုရေးရှင်း၏ လျှို့ဝှက်ဆန်းကြယ်သော ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး ဖြစ်သည့်အပြင် ဟွာလန်အုပ်စု၏ နောက်ကွယ်ရှိ အကြီးမားဆုံး အစုရှယ်ယာရှင်သစ်လည်း ဖြစ်ကြောင်း မစ္စတာဝမ် ကိုယ်တိုင် ဖော်ထုတ်လိုက်လေသည်။

ဤသတင်းကို ကြားသောအခါ ရွှမ်ရှောင်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။

နောက်တစ်စက္ကန့်တွင် သူက တူဖြစ်သူအား ပြင်းထန်သော ရိုက်ချက်တစ်ခု ထပ်မံပေးလိုက်ပြီး ကျိန်ဆဲလိုက် လေသည်၊

"ငါက မင်းလို ဂြိုဟ်ကောင် သားမျိုးကို ဘယ်လိုများ မွေးမိပါလိမ့်...။"

ပြင်းထန်သော ရိုက်ချက်များစွာကို ခံခဲ့ရသော ရွှမ်ရှီးမှာ ဦးလေးဖြစ်သူ၏ စကားများက ထိုရိုက်ချက်များထက် ပို၍ သေစေနိုင်လောက်ကြောင်း တွေ့ရှိလိုက်ရပုံ ပေါ်လေသည်။

သူသည် ရွှမ်ရှောင်ကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေပြီး အသံများ တုန်ရီစွာဖြင့် ပြောလိုက်လေသည်။

"ဘာ...၊ ဘာပြောလိုက်တယ်...။ ကျွန်တော်...၊ ကျွန်တော်က ဦးလေးရဲ့ သားဟုတ်လား...။ ဒါဆို...၊ ဒါဆို အမေက ဦးလေးနဲ့...။"

ထိုအချိန်မှသာ ရွှမ်ရှောင်သည် အလျင်စလိုဖြစ်ကာ သူမပြောသင့်သော လျှို့ဝှက်ချက်အချို့ကို ဖွင့်ဟမိသွား ကြောင်း သဘောပေါက်သွားလေသည်။ သို့သော် ထိုအချိန်တွင် အမှားပြင်ဆင်ရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ရွှမ်ရှီးသည် ပထမဦးစွာ နောက်ကျိနေသော မျက်ရည်နှစ်ပေါက်ကို တိတ်ဆိတ်စွာ ကျဆင်းလာစေပြီးနောက် ရုတ်တရက် ထူးဆန်းစွာ နှစ်ကြိမ် ရယ်မောလိုက်ကာ နောက်ဆုံးတွင် အရူးတစ်ယောက်ကဲ့သို့ ပြေးထွက်သွားလေ တော့သည်။

ဤကလေးမှာ အလွန်တရာ စိတ်ဒဏ်ရာရစေသော အဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပေါ်မှုကြောင့် ရူးသွပ်သွား ခဲ့လေပြီ။

All Chapters