အခန်း ၁၈၈
Vol. 19 Ch. 188
အခန်း (၁၈၈)
လျန်ထျန်း၏ ခိုင်မာသော မူဝါဒများ
အသံချွဲချွဲနှင့် အမျိုးသမီးသည် ယွမ်တစ်ရာတန် ငွေစက္ကူကို ရရှိလိုက်သောကြောင့် စိတ်လှုပ်ရှားနေဆဲဖြစ်ချိန် တွင် လျန်ထျန်းမှာ တိတ်တဆိတ် စာတိုတစ်စောင် ပေးပို့လိုက်ပြီး ဖြစ်လေသည်။
ထို့နောက် ကျားကျီယင်၏ တိုက်ရိုက်ထုတ်လွှင့်သည့် အကောင့်ကို သူ အလွယ်တကူ ရှာဖွေတွေ့ရှိသွားလေ သည်။ မည်သို့ပင်ဆိုစေ သူက သူမကို ယွမ်တစ်ရာ ပေးထားပြီးဖြစ်ရာ ယခုအချိန်တွင် ကျားကျီယင်မှာ လျန်ထျန်းကို အပြည့်အဝ နာခံနေမည် မဟုတ်ပါလော။
ကျားကျီယင် မသိခဲ့သည့်အရာမှာ လျန်ထျန်းက သူမ၏ တိုက်ရိုက်ထုတ်လွှင့်သည့် အကောင့်ကို တောင်းခံခြင်း မှာ နောင်တွင် သူမကို နောက်လိုက်လုပ်ရန် သို့မဟုတ် လက်ဆောင်များ ပေးပို့ရန် မဟုတ်ဘဲ အခြား စာတိုတစ် စောင်ကို လျှို့ဝှက်စွာ ပေးပို့ရန်သာ ဖြစ်လေသည်။
သို့သော် ကျားကျီယင်မှာ ယခုအချိန်တွင် ထိုအကြောင်းကို မတွေးနိုင်တော့ပေ။ သူမ မြင်နိုင်သမျှမှာ ယခုလေး တင် ရရှိထားသော ယွမ်တစ်ရာသာ ဖြစ်ပြီး ငွေအကြောင်းကိုသာ တွေးတောနေတော့သည်။
*သူက ငါ့ကို သဘောကျနေတာများလား...၊ သေချာပေါက် ငါ့ကို မျက်စိကျနေတာပဲ...။*
*ငါ သိသားပဲ...၊ ငါ့လို အလှလေးကို ဘယ်ယောကျ်ားကများ မကြိုက်ဘဲ နေမှာလဲ...။ ဝူလု မီဒီယာရဲ့ အကြီးမား ဆုံး အစုရှယ်ယာရှင်ကြီးတောင် ငါ့ကို မလွန်ဆန်နိုင်ဘူးပဲ...။*
*သူက ကုမ္ပဏီရဲ့ ယဉ်ကျေးမှုကို ပြုပြင်ပြောင်းလဲနေတယ်လို့ ဟန်ပြလုပ်နေတာ ဖြစ်မှာပါ...၊တိတ်တဆိတ်တော့ ဒီလိုမျိုးကို သဘောကျနေတာပဲ...။ ဟွန့်...၊ အရေခြုံလိုက်တာ...၊ နောက်ဆုံးတော့လည်း ငါ့လက်ခုပ်ထဲက ရေပါ ပဲ...။*
*ငါက အခက်တွေ့အောင် လုပ်ရမလား၊ တိုက်ရိုက်ပဲ သွားရမလား…၊ ဒါမှမဟုတ် ဦးဆောင်ပြီး သူ့ကို အပိုင်သိမ်း ရမလား...။*
ကျားကျီယင် တစ်ယောက်တည်း အတွေးနယ်ချဲ့နေချိန်တွင် လျန်ထျန်းက နီးကပ်လာသော ရဲကားဥဩသံများကို ကြားရသည်အထိ ဆင်ခြေပေးကာ အချိန်ဆွဲနေခဲ့လေသည်။
ဤအချိန်အထိ ကျားကျီယင်မှာ သိပ်မတွေးမိသေးဘဲ လျန်ထျန်းကို ဆက်လက် မြှူဆွယ်နေခဲ့ပြီး တစ်ဖက်လူက သူမ၏ ခန္ဓာကိုယ်ကို လိုချင်၍သာ ယွမ်တစ်ရာ ပေးခဲ့သည်ဟု ဘဝင်မြင့်စွာ တွေးထင်နေလေသည်။
ရဲအရာရှိများ ရောက်လာပြီး သူမ၏ လက်များကို ငွေရောင်လက်ကောက်များဖြင့် ခတ်လိုက်ချိန်ရောက်မှသာ သူမမှာ မေးခွန်းများ ပြည့်နှက်နေကာ မျက်လုံးပြူးသွားလေတော့သည်။
ရဲအရာရှိတစ်ဦးက လျန်ထျန်းကို နှုတ်ဆက်ပြီးနောက် ကျားကျီယင်ကို ပြောလိုက်လေသည်။
"ဒီမစ္စတာလျန်က ငွေအမြောက်အမြား လိမ်လည်ခံရတယ်လို့ တိုင်ကြားထားပါတယ်...။ အခြေအနေကို စုံစမ်း စစ်ဆေးဖို့ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ...။"
ထိုသို့ဖြင့် ကျားကျီယင်၏ မယုံကြည်နိုင်သော မျက်နှာထားဖြင့် သူမကို ရဲများက ခေါ်ဆောင်သွားခြင်း ကိုခံခဲ့ရလေတော့သည်။
သူမကို ကားပေါ်သို့ တင်ခါနီးတွင်မှ သူမသည် ဖြစ်ပျက်နေသည်များကို ရုတ်တရက် သဘောပေါက်သွားပြီး လျန်ထျန်းအား အော်ဟစ်လိုက်လေသည်။
"ရှင် ကျွန်မကို လှည့်စားဖို့ အဲ့ဒီယွမ်တစ်ရာ ပေးခဲ့တာပေါ့လေ...။ ရှင် ကျွန်မကို တမင်သက်သက် ထောင်ချောက် ဆင်တာပဲ...။ လူယုတ်မာ...၊ ခွေးကောင်...၊ မတရားတဲ့ကောင်...။"
ကျားကျီယင်၏ ဆဲဆိုခြင်းကို ခံရသော်လည်း လျန်ထျန်းမှာ ရယ်မောနေလေသည်။
"အခုတော့ အကစားခံရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာကို ခင်ဗျား နောက်ဆုံးတော့ ခံစားရပြီ မဟုတ်လား... ။ ပြီးတော့ ခင်ဗျား ပေးဆပ်ရမယ့် တန်ဖိုးကလည်း အရမ်းကြီးမားလိမ့်မယ်...။"
"ဒါပေမဲ့ ဒီအရာအားလုံးက ခင်ဗျားဘာသာ ဖန်တီးခဲ့တာလေ...။ တခြားသူတွေကို အရင်လှည့်စားပြီး အဲ့ဒီ ယွမ်တစ်ရာကို လောဘတကြီးနဲ့ လိုချင်ဖို့ ဘယ်သူက ခိုင်းလို့လဲ...။"
"အကယ်၍ ခင်ဗျားရဲ့ အစစ်အမှန် ကိုယ်ရေးအချက်အလက်က အရင်က ပြောခဲ့တာတွေနဲ့ မကိုက်ညီဘူးဆိုရင် ခင်ဗျားက လိမ်လည်မှုနဲ့ သံသယရှိခံရပြီပဲ...။"
"ကျွန်တော့်မှာ အသံဖိုင်နဲ့ ဗီဒီယို သက်သေအထောက်အထားတွေ ရှိတယ်...။ ဒါကြောင့် ရဲစခန်းရောက်မှ ဇာတ်လမ်းတွေ လုပ်ကြံဖန်တီးဖို့ မကြိုးစားနဲ့တော့...။ ဝန်ခံပြီး သက်ညှာမှု တောင်းခံတာက ပိုကောင်းလိမ့် မယ်...။"
လျန်ထျန်း၏ စကားများကို ကြားသောအခါ ကျားကျီယင်မှာ လုံးဝ ပြိုလဲသွားပြီး သနားစရာကောင်းအောင် ထပ်မံ ဟန်ဆောင်လာပြန်သည်။
"ပို့ဆောင်သူအစ်ကို...၊ ကျွန်မ မှားသွားမှန်း သိပါပြီ...။ ကျေးဇူးပြုပြီး သူတို့ကို ကျွန်မကို မဖမ်းပါစေနဲ့...။ နောက် ဆိုရင် ကျွန်မ ရိုးရိုးသားသား တိုက်ရိုက်ထုတ်လွှင့်တဲ့သူ ကောင်းကောင်းလေး ဖြစ်လာစေရပါ့မယ်နော်...။"
ကျားကျီယင် စကားမဆုံးမီမှာပင် လျန်ထျန်းက အေးစက်စွာ ရယ်မောရင်း သူမကို ဖြတ်ပြောလိုက်လေသည်။
"ခင်ဗျားက တိုက်ရိုက်ထုတ်လွှင့်တဲ့သူ ဖြစ်လာနိုင်သေးတယ်လို့ ထင်နေတာလား...။ ကျွန်တော်က ဝူလု မီဒီယာရဲ့ အကြီးမားဆုံး အစုရှယ်ယာရှင်ကြီးလို့ ခင်ဗျားကို အစောကတည်းက ပြောခဲ့ပြီးပြီလေ...။"
"ခင်ဗျားရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အကောင့်ကို သိပြီးတာနဲ့ ဝူလု မီဒီယာဆီကို စာတိုတစ်စောင် ပေးပို့ပြီး ခင်ဗျား ရဲ့ အကောင့်ကို ပိတ်ပစ်ဖို့ သူတို့ရဲ့ အရင်းအမြစ်တွေ အားလုံးကို အသုံးချဖို့ ခိုင်းလိုက်ပြီ...။"
"အင်တာနက် နာမည်ကျော် လောကမှာ လူစိတ်ဝင်စားမှု ရဖို့အတွက် ဘာမဆိုလုပ်ရဲတဲ့ ခင်ဗျားလို ကိုယ်ကျင့် တရား ကင်းမဲ့တဲ့ တိုက်ရိုက်ထုတ်လွှင့်သူတွေ လျှော့ချဖို့ လိုအပ်တယ်...။"
"ခင်ဗျားက နေ့တိုင်း လိမ်လည်လှည့်စားပြီး တခြားလူတွေရဲ့ ကြင်နာမှုနဲ့ သနားကြင်နာမှုကို အမြတ်ထုတ်နေ တာ...။ ဒီလိုနည်းနဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ ယုံကြည်မှုကို ခင်ဗျား ဖျက်ဆီးပစ်နေတာပဲ...။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် ရဲအရာရှိများအား ကျားကျီယင်ကို အမြန်ခေါ်ဆောင်သွားရန် ပြောလိုက် လေသည်။
ရဲစခန်းသို့ ရောက်ရှိပြီးနောက် ကျားကျီယင်၏ နောက်ခံအကြောင်းအရာ တစ်ခုလုံးကို စုံစမ်းစစ်ဆေးခဲ့ရာ သူမသည် လျန်ထျန်းကို အမှန်တကယ် ထပ်မံ လိမ်လည်ခဲ့ကြောင်း ထင်ရှားသွားလေသည်။
လူတွေကို ကယ်တင်ခဲ့သော သူရဲကောင်းဖခင် ဆိုသည်မှာ မရှိသကဲ့သို့ ပူဆွေးသောကရောက်ကာ သေဆုံး သွားသော မိခင် ဆိုသည်မှာလည်း မရှိပေ။ သူမ၏ မိဘနှစ်ပါးစလုံးမှာ သက်ရှိထင်ရှား ကျန်းမာစွာ ရှိနေကြပြီး နိုင်ငံခြားသို့ပင် ခရီးထွက်နေကြလေသည်။
သူမကိုယ်တိုင်မှာလည်း မည်သည့် ကုသ၍မရသော ရောဂါဆိုးမျှ မရှိဘဲ ကျန်းမာရေး ကောင်းမွန်နေလေသည်။ ငွေအတွက်နှင့် မည်သည့်အရာကိုမဆို သူမ ပြောဆိုနေခြင်းသာ ဖြစ်သည်။
ဤအချက်အလက်များကို အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် သူမသည် လိမ်လည်မှုဖြင့် အပြစ်ရှိမည်ဖြစ်ပြီး ပါဝင်ပတ်သက်နေသော ပမာဏမှာလည်း ကြီးမားလှပေသည်...၊ ယွမ်တစ်ရာပင် ဖြစ်လေသည်။
ထို့အပြင် လျန်ထျန်းသည် ကျားကျီယင်အား ပြင်းထန်စွာ အပြစ်ပေးရန် ညွှန်ကြားရေးမှူးတန်နှင့် ကြိုတင်၍ ပြောဆိုထားပြီး ဖြစ်လေသည်။
သူမ အိုမင်းရင့်ရော်သွားသည်အထိ ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ခန့် အကျဉ်းချထားလိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထို့နောက် သူမ လွတ်မြောက်လာချိန်တွင် လူများကို လိမ်လည်လှည့်စားကာ ဒုက္ခပေးသည့် အင်တာနက် နာမည်ကျော် တစ်ယောက်အဖြစ် မည်သို့ ဆက်လုပ်နိုင်ဦးမည်ကို စောင့်ကြည့်ရမည် ဖြစ်လေသည်။
...
ဤပြဿနာကို ဖြေရှင်းပြီးနောက် လျန်ထျန်းသည် အစားအသောက် ပို့ဆောင်သည့် သူ၏ ပုံမှန်ဘဝသို့ ပြန်လည် ရောက်ရှိသွားခဲ့လေသည်။
သို့သော် ဤနေ့တွင် သူနှင့် အဆက်အသွယ် ပြတ်နေသည်မှာ ကြာပြီဖြစ်သော သူငယ်ချင်းတစ်ဦး ထံမှ ဖုန်းခေါ် ဆိုမှု တစ်ခုကို လက်ခံရရှိခဲ့လေသည်။ သေချာပြောရလျှင် ဖန်ကျီရှန် အမည်ရှိ သူ၏ ငယ်သူငယ်ချင်းပင် ဖြစ် လေသည်။
သူတို့နှစ်ဦးသည် ငယ်စဉ်က ရွာတစ်ရွာတည်းမှ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ဖန်ကျီရှန်၏ ဖခင်မှာ အကြောင်း တိုက်ဆိုင်စွာ ချမ်းသာသွားသဖြင့် သူ၏ မိသားစုမှာ ရွာမှ ပြောင်းရွှေ့သွားပြီး မြို့ပေါ်တွင် တိုက်ခန်းတစ်ခန်း ဝယ်ယူခဲ့ကြလေသည်။
သို့သော် ဖန်ကျီရှန်သည် သူ၏ တောင်တက်စက်ဘီးကို စီးကာ ရွာသို့ မကြာခဏ လာရောက်ကစားလေ့ ရှိသေး သည်။ ထိုစဉ်က ရွာရှိ ကလေးတစ်ယောက်ယောက်တွင် တောင်တက်စက်ဘီးသာ ရှိပါက အခြားကလေးများ အားလုံး၏ အားကျမှုကို သေချာပေါက် ခံရမည် ဖြစ်လေသည်။
လျန်ထျန်းသည်လည်း ချွင်းချက် မဟုတ်ပေ။ ဖန်ကျီရှန်က သူ၏ တောင်တက်စက်ဘီးဖြင့် ရွာသို့ လာကစားတိုင်း သူနှင့် အခြား ကလေးတစ်စုမှာ အနောက်မှ လိုက်ပါသွားလေ့ ရှိကြသည်။
ယခု ပြန်တွေးကြည့်သောအခါ ဖန်ကျီရှန်သည် သူငယ်ချင်းများ ရှေ့တွင် ကြွားဝါရသည်ကို အမှန်တကယ် သဘောကျကြောင်း သဘောပေါက်မိလေသည်။ ထို့ကြောင့်ပင် သူက ရွာသို့ မကြာခဏ လာကစားခြင်း ဖြစ်ပေသည်။
တစ်ကြိမ်တွင် ဖန်ကျီရှန်သည် စက်ဘီးကို လက်လွှတ်စီးကာ အလွန်အမင်း ရမ်းကားစွာ စီးနင်းခဲ့သဖြင့် မြောင်းထဲသို့ ကျသွားခဲ့လေသည်။
မြောင်းမှာ မနက်သော်လည်း အနံ့အသက် အလွန်ဆိုးရွားလှပေသည်။ ဖန်ကျီရှန်နှင့် သူ၏ တောင်တက်စက်ဘီး မှာ မြောင်းထဲတွင် တစ်ဝက်ခန့် နစ်မြုပ်နေလေသည်။ ထိုကလေးသည် ငိုရုံသာ ငိုနေပြီး ထရပ်ကာ စက်ဘီးကို မြောင်းထဲမှ ဆွဲတင်ရမည်ကိုပင် မသိခဲ့ပေ။
အခြား သူငယ်ချင်းများမှာ နှာခေါင်းပိတ်ကာ ရှေ့သို့ မတိုးဝံ့ကြသော်လည်း လျန်ထျန်းကမူ အပုပ်နံ့ကို သည်းခံ ကာ ဖန်ကျီရှန်ကို မြောင်းထဲမှ အရင်ဆုံး ကူညီဆွဲတင်ပေးခဲ့ပြီးနောက် တောင်တက်စက်ဘီးကိုပါ သယ်တင်ပေး ခဲ့လေသည်။
နောက်ပိုင်းတွင် လျန်ထျန်းက သူ့ကို အိမ်သို့ ခေါ်သွားကာ ခန္ဓာကိုယ်နှင့် တောင်တက်စက်ဘီးကို ဆေးကြောပေး ခဲ့ပြီး သူ၏ ကိုယ်ပိုင် အဝတ်အစား သန့်သန့်လေးများကိုပင် ရှာဖွေ ဝတ်ဆင်ပေးခဲ့လေသည်။
ထိုသို့ဖြင့် သူတို့နှစ်ဦးမှာ သာမန် သူငယ်ချင်း အဆင့်မှ အလွန် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်လာခဲ့ကြလေ သည်။
ထိုအချိန်မှစ၍ ဖန်ကျီရှန်သည် ရွာသို့ တောင်တက်စက်ဘီးဖြင့် လာတိုင်း လျန်ထျန်းကို အကြိမ်အနည်းငယ် စီးခွင့်ပေးလေ့ရှိရာ ယင်းမှာ အခြား သူငယ်ချင်းများ မရရှိသော အခွင့်ထူးပင် ဖြစ်လေသည်။
သို့သော် လူတို့သည် အသက်ကြီးလာသည်နှင့်အမျှ တောင်တက်စက်ဘီး စီးရသည့် အရွယ်တွင် ထာဝရ နေထိုင်၍ မရနိုင်ပေ။
အထက်တန်းကျောင်းသို့ ရောက်ပြီးနောက် သူတို့၏ အဆက်အသွယ်မှာ နည်းပါးသွားခဲ့ပြီး ယခုအခါတွင် နှစ်အတော်ကြာမှ တစ်ကြိမ်မျှပင် ဆက်သွယ်နိုင်တော့မည် မဟုတ်ပေ။
ဖန်ကျီရှန်ထံမှ ဖုန်းခေါ်ဆိုမှုကို ရုတ်တရက် လက်ခံရရှိသောအခါ လျန်ထျန်းမှာ အတိတ်က အဖြစ်အပျက် အချို့ ကို ပြန်လည် မသတိရဘဲ မနေနိုင်ခဲ့ပေ။
ငယ်သူငယ်ချင်းများက မိမိကို မှတ်မိနေသေးသည့်အတွက် အမှန်တကယ် ပျော်ရွှင်မိသဖြင့် ဖုန်းကို ဝမ်းသာ အားရ ကိုင်လိုက်လေသည်။
ဖုန်းဝင်သွားသည်နှင့် တစ်ပြိုင်နက် ဖန်ကျီရှန်၏ အသံက အရင်ဆုံး ထွက်ပေါ်လာလေသည်။
"ဟေး လျန်ထျန်း...၊ မတွေ့ရတာ ကြာပြီနော်...။ အလုပ်မရှုပ်နေဘူး မဟုတ်လား...။"
လျန်ထျန်းသည် အမှာစာ အနည်းငယ်ကို ပို့ဆောင်ပြီးခါစဖြစ်ကာ အမှာစာ အသစ်များ လက်မခံရသေးသဖြင့် ပြုံးလျက် ပြန်ဖြေလိုက်လေသည်။
"မရှုပ်ပါဘူး...၊ လုံးဝကို မရှုပ်တာပါ...။ ငါတို့ မတွေ့ရတာ အတော်ကြာပြီပဲ...၊ မင်းလည်း နေကောင်းမယ်လို့ မျှော်လင့်ပါတယ်...။"
ဖန်ကျီရှန်က အနည်းငယ် ပေါ့ပျက်ပျက် လေသံဖြင့် ပြောလိုက်လေသည်။
"အစ်ကိုရာ...၊ ငါက အဆင်ပြေနေရမှာပေါ့...။ နေ့တိုင်း သည်မန်နေဂျာ ဟိုမန်နေဂျာတွေနဲ့ ဆက်ဆံနေရပြီး မိနစ် တိုင်း ဒေါ်လာနဲ့ချီ တန်တဲ့ အမှာစာကြီးတွေ ရနေတာလေ...။"
"အင်း...၊ ဒီလိုပါ...။"
ခေတ္တမျှ ရပ်နားပြီးနောက် ဖန်ကျီရှန်က စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"အစ်ကိုရာ...၊ မကြာသေးခင်က ငါ ငွေနည်းနည်း ပြတ်နေလို့ပါ...။ ငါ့ပိုက်ဆံတွေ အကုန်လုံးက ကုန်ပစ္စည်းတွေ ထဲမှာ မြုပ်နေပြီး ရစရာရှိတဲ့ အကြွေးတချို့လည်း ကျန်နေသေးတယ်...။"
"ဒါပေမဲ့ ယနေ့က ငါ့ရည်းစားရဲ့ မွေးနေ့လေ...။ ချွမ်ကျန်းဟိုတယ်မှာ စားပွဲ နည်းနည်းပါးပါး ကြိုမှာထားလိုက်တာ ဘေလ်က နည်းနည်း ကန့်သတ်ချက်ထက် ကျော်နေမှန်း သိလိုက်ရတယ်...။"
"ငါ့ကို အခက်အခဲ ကျော်လွှားနိုင်ဖို့ ကျောင်အနည်းငယ်လောက် အရင် လွှဲပေးထားလို့ ရမလား...။ ငွေကြေး စီးဆင်းမှု ကောင်းလာတာနဲ့ ဒါမှမဟုတ် အကြွေးတွေ ပြန်ရတာနဲ့ ချက်ချင်း ပြန်ဆပ်ပါ့မယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်း သဘောပေါက်သွားလေသည်။ မတွေ့ရသည်မှာ ကြာပြီဖြစ်သော သူ၏ ငယ်သူငယ်ချင်းမှာ သူ့ကို လွမ်းဆွတ်၍ ရုတ်တရက် ဆက်သွယ်လာခြင်း မဟုတ်ဘဲ ငွေချေးချင်သောကြောင့် ဖြစ်ကြောင်း ထင်ရှားသွားလေသည်။
အနည်းငယ် စိတ်ပျက်သွားမိသော်လည်း သူငယ်ချင်းဟောင်း အပေါင်းအသင်းကို တန်ဖိုးထားသော လျန်ထျန်းမှာ အလွန် သစ္စာရှိဆဲ ဖြစ်လေသည်။ ခေတ္တမျှ တွေးတောပြီးနောက် သူက ပြောလိုက်လေသည်။
"ချွမ်ကျန်းဟိုတယ် ဟုတ်လား...။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါက လက်ရှိ ချွမ်ကျန်းဟိုတယ်မှာ မန်နေဂျာအဖြစ် အလုပ်လုပ်နေတာ...။"
"ငါတို့ ဒီလိုလုပ်ကြမယ် ကျီရှန်...၊ အခန်းနံပါတ်ကိုသာ ပြောလိုက်...။ မင်းအတွက် ဘေလ်ကို ငါ လက်မှတ်ထိုး ပေးလိုက်မယ်...။ ကုန်ကျစရိတ်ကို ငါ့အကောင့်ထဲကနေ နောက်မှ နုတ်လိုက်လို့ ရတယ်...၊ ပြီးတော့ ဝန်ထမ်း လျှော့ဈေးလည်း ရဦးမှာ...။"
လျန်ထျန်း၏ စကားများကို ကြားသောအခါ ဖန်ကျီရှန်၏ လေသံမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။
"ဝိုး...၊ လျန်ထျန်း...၊ မိုက်လှချည်လား...။ နှစ်တွေအများကြီး ကြာပြီးတဲ့နောက် မင်းက ချွမ်ကျန်းဟိုတယ်ရဲ့ မန်နေဂျာ ဖြစ်လာပြီပေါ့လေ...။"
"ဒီချွမ်ကျန်းဟိုတယ်က အယ်လ်မြို့တော်မှာ လက်ချိုးရေလို့ရတဲ့ ကြယ်ငါးပွင့် ဟိုတယ်တွေထဲက တစ်ခုလေ...။ မင်းက ဒီမှာ မန်နေဂျာ ဖြစ်နေတယ်ဆိုတော့ တကယ် အထင်ကြီးစရာပဲ...။ မင်းရဲ့ နှစ်စဉ်ဝင်ငွေက တော်တော် များမှာ သေချာတယ် မဟုတ်လား...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက နှိမ့်ချစွာ ပြုံးလိုက်လေသည်။
"အဆင်ပြေပါတယ်...၊ အထူးအဆန်းတော့ မဟုတ်ပါဘူး...။ ငါက ဌာနဆိုင်ရာ မန်နေဂျာ တစ်ယောက် သက် သက်ပါ...။ မင်းနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး...။"
လျန်ထျန်းသည် အမှန်တကယ် နှိမ့်ချနေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော လအနည်းငယ်က ချွမ်ကျန်းဟိုတယ်၏ ရှယ်ယာ (၈၀) ရာခိုင်နှုန်းကို သူ ဝယ်ယူခဲ့ကြောင်း အမှန်အတိုင်း မပြောနိုင်သောကြောင့် ဖြစ်လေသည်။
ယင်းမှာ ကြွားဝါရသည်ကို သဘောကျသော ဖန်ကျီရှန်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ပေလိမ့် မည်။ သူတို့က သူငယ်ချင်းများ ဖြစ်ကြပြီး တစ်ယောက်ကိုတစ်ယောက် နားလည်သောကြောင့်သာ လျန်ထျန်းက သူသည် ဌာနဆိုင်ရာ မန်နေဂျာ တစ်ယောက်သာ ဖြစ်ကြောင်း ပြောခဲ့ခြင်း ဖြစ်လေသည်။
ယဉ်ကျေးဖွယ် စကားအနည်းငယ် ထပ်မံ ဖလှယ်ပြီးနောက် လျန်ထျန်းက ဖုန်းချလိုက်ပြီး ချက်ချင်းပင် နောက်ထပ် ဖုန်းတစ်ကောလ် ခေါ်လိုက်လေသည်။
"ဟယ်လို မစ္စတာဝမ်...၊ ဒီနေ့ ကျွန်တော်တို့ ဟိုတယ်ရဲ့ ဗွီအိုင်ပီ အခန်း (၈၈၈) မှာ ကျွန်တော့် သူငယ်ချင်း စား သောက်သွားပါတယ်...။ အဲ့ဒါကို ကျွန်တော့် ဘေလ်စာရင်းထဲ ထည့်ထားပေးပြီး ပြီးခဲ့တဲ့လက ကျွန်တော့်ရဲ့ အပိုဆုကြေးငွေနဲ့ ရှင်းပေးပါ...။"
မစ္စတာဝမ်က ပြန်ပြောလေသည်။
"အို...၊ အစုရှယ်ယာရှင်ကြီးရယ်...။ သူက ခင်ဗျားရဲ့ သူငယ်ချင်းဆိုမှတော့ ဘေလ်ကို ဘာလို့ ရှင်းနေဦးမှာလဲ...။ အလကားပေးဖို့ တစ်ယောက်ယောက်ကိုပဲ ခိုင်းလိုက်ပါ့မယ်...။"
လျန်ထျန်းက ခိုင်မာသော မူဝါဒဖြင့် ပြန်ပြောလေသည်။
"မလုပ်ပါနဲ့...၊ ကိစ္စတွေကို သီးသန့်စီ ထားရအောင်...။ ကျွန်တော် ဖြစ်နေရင်တောင် ပေးသင့်ပေးထိုက်တာကို ပေးရမှာပဲလေ...၊ ဘာပဲဖြစ်ဖြစ် ရှယ်ယာ( ၂၀ )ရာခိုင်နှုန်းက ခင်ဗျားနဲ့ ဒုတိယ ဥက္ကဋ္ဌတွေရဲ့ လက်ထဲမှာ ရှိနေသေး တာပဲ...။"
"ကျွန်တော့်ရဲ့ ဆက်ဆံရေးကြောင့် ခင်ဗျားတို့ရဲ့ အကျိုးစီးပွားတွေကို လုံးဝ အထိခိုက်ခံလို့ မဖြစ်ဘူး...။ စီးပွား ရေးမှာ ညီအစ်ကိုအရင်းတွေတောင် စာရင်းရှင်းဖို့ လိုအပ်တယ်...။ ကျွန်တော် ပြောတဲ့အတိုင်းပဲ စီစဉ်ပေးပါ...။"
ထိုစကားကို နားထောင်ပြီးနောက် မစ္စတာဝမ်က အလွန် လေးစားစွာဖြင့် ပြန်ဖြေလေသည်။
"အစုရှယ်ယာရှင်ကြီး...၊ ကျွန်တော် အမှန်တိုင်း ပြောပါရစေ...။ အစတုန်းကတော့ ခင်ဗျား ဘယ်လောက် ငယ်ရွယ်သလဲဆိုတာကို ကြည့်ပြီး အလိုလိုက်ခံထားရတဲ့ ကလေးဆိုးလေး တစ်ယောက်လို့ပဲ ထင်ခဲ့တာပါ...။
"ဒီလို ကလေးတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားရင် ဟိုတယ်က အနှေးနဲ့အမြန် ပျက်စီးသွားလိမ့်မယ်လို့ ထင်ခဲ့တာ...။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ဟိုတယ်က ငွေကြေး အခက်အခဲတွေ ကြုံတွေ့နေရပြီမို့ လွတ်မြောက် ဖို့အတွက် ကျွန်တော့်ရဲ့ ရှယ်ယာအများစုကို ရောင်းချခဲ့တာပါ...။"
"ကိုယ့်ကိုယ်ကိုယ် နောက်ဆုံး မျှော်လင့်ချက်လေး တစ်ခု ချန်ထားဖို့ ရှယ်ယာ နည်းနည်းလေးပဲ သိမ်းထားခဲ့တာ ပါ...။ ဘာပဲဖြစ်ဖြစ် ဒီဟိုတယ်ကို အစကတည်းက ကျွန်တော်ကိုယ်တိုင် တည်ဆောက်ခဲ့တာမို့ ဘာပဲဖြစ်ဖြစ် အဆုံးတိုင်အောင် အတူရှိနေချင်လို့ပါ...။"
"ဒါပေမဲ့ ခင်ဗျား ရောက်လာပြီးတဲ့နောက် ကျွန်တော် ထင်ထားသလို ဟိုတယ်ကို မဖျက်ဆီးခဲ့တဲ့အပြင် ရင်းနှီး မြှုပ်နှံမှုတွေ အများကြီး လုပ်ပြီး ဟိုတယ်ကို ပြန်လည် အသက်ဝင်လာအောင် လုပ်ပေးခဲ့တယ်...။"
"ကျွန်တော်တို့ကို လည်ပတ်မှုတွေမှာ ယုံကြည်ပြီး စီမံခန့်ခွဲမှု အပြည့်အဝကိုလည်း လွှဲအပ်ထားသေးတယ်...။ ဒီလို သေးငယ်တဲ့ ကိစ္စလေးတွေမှာတောင် ခိုင်မာတဲ့ မူဝါဒတွေကို လိုက်နာပြီး ကျွန်တော်တို့အပေါ် အနည်းငယ် လေးတောင် အမြတ်မထုတ်ဘူး...။"
အဆုံးသတ်လုနီးပါးတွင် မစ္စတာဝမ်မှာ အနည်းငယ် အသံတိမ်ဝင်သွားရာ ယင်းက သူသည် ဟိုတယ်အတွက် အမှန်တကယ် ဂရုစိုက်ကြောင်းနှင့် လျန်ထျန်းကို အလွန် ကျေးဇူးတင်ကြောင်း ပြသနေလေသည်။
"ခင်ဗျားလို အစုရှယ်ယာရှင်ကြီး တစ်ယောက် ရထားတာက ဟိုတယ်အတွက်၊ ကျွန်တော်တို့ ဟိုတယ်အတွက်နဲ့ ဝန်ထမ်းအားလုံးအတွက် တကယ်ကို ကောင်းချီးမင်္ဂလာ တစ်ခုပါပဲ...။"
"မစိုးရိမ်ပါနဲ့...၊ ဟိုတယ်ကို အရင်ကထက် ပိုကောင်းလာအောင် ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်...။"
ထိုသို့ဖြင့် လျန်ထျန်းသည် ဖန်အနည်းငယ်မျှ ကျသင့်သော သူ၏ ငယ်သူငယ်ချင်း၏ ဟိုတယ် ဘေလ်ကို ပေးချေ ရန် သူ၏ ကိုယ်ပိုင်ငွေကို အသုံးပြုခဲ့လေသည်။
သို့သော် ရက်အနည်းငယ် အကြာတွင် လျန်ထျန်းသည် ဖန်ကျီရှန်ထံမှ နောက်ထပ် ဖုန်းတစ်ခေါ်ကို လက်ခံရရှိခဲ့ ပြန်လေသည်။