အခန်း ၁၉၀
Vol. 19 Ch. 190
အခန်း (၁၉၀)
ငါ ဘာဖြစ်နေနေ မင်းနဲ့မဆိုင်ဘူး
"ဟေး...၊ ရှောင်လျန်... ။ ငါ ဒီနေ့ မင်းဟိုတယ်ကို အားပေးဖို့ ထပ်ရောက်လာပြန်ပြီ...။"
"ဒီနေ့ ငါခေါ်လာတဲ့သူတွေ အကုန်လုံးက ငါ့ရဲ့ အချစ်ဆုံး ညီအစ်ကိုတွေချည်းပဲ...။ မင်းကို အရောင်းမြှင့်တင်ပေး လိုက်တဲ့ သဘောပေါ့...။"
"ငါတို့အတွက် တခြား ဘာတွေများ စီစဉ်ပေးဦးမလဲ...။"
အရက်မူးနေ၍ဖြစ်စေ၊ ညီအစ်ကိုများရှေ့တွင် ကြွားလုံးထုတ်ချင်၍ဖြစ်စေ ဤတစ်ကြိမ်တွင် ဖန်းကျီရှန်သည် ဖုန်းထဲမှနေ၍ လျန်ထျန်းကို 'ရှောင်လျန်' ဟု တိုက်ရိုက် ခေါ်ဆိုလိုက်လေသည်။
ထိုကဲ့သို့ မောက်မာလှသော အမူအရာကြောင့် မသိနားမလည်သူများဆိုလျှင် သူ့ကို အရေးပါအရာရောက်သည့် ပုဂ္ဂိုလ်ကြီးတစ်ဦးဟုပင် ထင်မှတ်သွားနိုင်ပေသည်။
အခြားတစ်ဖက်တွင်မူ လျန်ထျန်းသည် ရုတ်တရက် အကြံဉာဏ်ကောင်းတစ်ခု ရရှိသွားခဲ့သဖြင့် ဒေါသကို ဆက်လက်မြိုသိပ်ထားကာ တည်တည်ငြိမ်ငြိမ် ရှိနေစေရန် ကြိုးစားလိုက်လေသည်။
"ဪ...၊ ဟုတ်ပါပြီ...။ ဒီနေ့ လာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကို...။ ဒီနေ့ ကုန်ကျစရိတ်ကို နှစ်ဆယ် ရာခိုင်နှုန်း လျှော့ပေးလိုက်ရင်ကော ဘယ်လိုလဲ...။"
ထိုစကားကို ကြားသောအခါ ဖန်းကျီရှန်မှာ မှင်တက်သွားရလေသည်။ သူ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော် လည်း သူ၏ ညီအစ်ကိုများနှင့် ဧည့်ကြိုကောင်တာမှ ဝန်ထမ်းများက သူ့ကို ကြည့်နေကြသည်ကို မြင်လိုက်ရ လေသည်။
ထို့ကြောင့် သူသည် တည်ငြိမ်ဟန်ဆောင်ကာ ဘေးဘက်သို့ လျှောက်သွားလိုက်ပြီး ဖုန်းကို လက်ဖြင့်အုပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"နှစ်ဆယ် ရာခိုင်နှုန်း ဟုတ်လား...၊ ငါတို့က ညီအစ်ကိုတွေပဲလေ..၊နှစ်ဆယ်ရာခိုင်နှုန်း ဆိုတာ သိပ်မသင့်တော်ဘူး မဟုတ်လား...။"
"အစ်ကိုလျန်...၊ မင်းက ကြယ်ငါးပွင့် ဟိုတယ်ကြီးရဲ့ မန်နေဂျာပဲ...။ ပိုက်ဆံ မရှားပါဘူး...၊ ဒီနေ့ ကုန်ကျစရိတ်ကို မင်းပဲ ရှင်းပေးလိုက်ပါတော့...။"
"ပြီးတော့ သိပ်များတာမှ မဟုတ်တာ...။ ပြီးခဲ့တဲ့ မိသားစု ညစာစားပွဲတုန်းကထက်တောင် နည်းသေးတယ်...။ သုံးကျောင်နဲ့ ရှစ်ဖန်တည်းကို...။"
ဤတစ်ကြိမ်တွင် လျန်ထျန်းက ဖန်းကျီရှန်၏ စကားကို ဖြတ်ပြောလိုက်လေသည်။
"သုံးကျောင်နဲ့ ရှစ်ဖန်က မများဘူး ဟုတ်လား...။ ဒါဆိုရင်လည်း မင်းဘာသာမင်းပဲ ရှင်းလိုက်ပေါ့...။"
"ပထမဆုံးအကြိမ် မင်းချစ်သူရဲ့ မွေးနေ့ပွဲတုန်းက ငါတို့က မိသားစုဝင်တွေပဲဆိုပြီး နှစ်ကျောင်ဖိုး ကုန်ကျစရိတ်ကို ငါ ရှင်းပေးခဲ့တယ်...။"
"ဒုတိယအကြိမ် မင်းရဲ့ မိသားစု စုဝေးပွဲတုန်းကလည်း မိသားစုဝင်တွေပဲဆိုပြီး လေးကျောင်ဖိုး ကုန်ကျစရိတ်ကို ငါ ထပ်ရှင်းပေးခဲ့တယ်...။"
"အခု မင်းသူငယ်ချင်းတွေကို ညစာကျွေးတာကိုပါ ငါ့ကို လာရှင်းခိုင်းနေပြန်ပြီ...။ မင်းက သူတို့ကိုကျတော့ ညီအစ်ကိုတွေလို ဆက်ဆံပြီး ငါ့ကိုကျတော့ ဘာကောင်လို့ မှတ်နေတာလဲ...။"
"ငါက မင်းကို ညီအစ်ကိုတစ်ယောက်လို သဘောထားပေမဲ့ မင်းက ငါ့ကို အလကားစားလို့ရတဲ့ ထမင်းစား လက်မှတ်လို သဘောထားနေတာလား...။"
လျန်ထျန်းသည် ထိုစကားများကို ပြောလိုက်ချိန်တွင် ဆက်၍ မထိန်းထားနိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။
သို့သော် ထိုအော်သံကြီးမှာ ကျယ်ဝန်းလှသော ဟိုတယ်ဧည့်ခန်းဆောင်ကြီးထဲတွင် ဟိန်းထွက်သွားလေသည်။
ဖန်းကျီရှန်မှာ တစ်ခုခုကို ရှင်းပြရန် စိုးရိမ်တကြီး ကြိုးစားနေသော်လည်း ထိုစကားသံကို ကြားလိုက်ရချိန်တွင် ဘေးဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်လေသည်။
မကြာမီပင် အစားအသောက် ပို့ဆောင်သူများ၏ ဝတ်စုံကို ဝတ်ဆင်ထားပြီး ပါဆယ်ထုပ်ကို ကိုင်ဆောင်ထား သည့် လျန်ထျန်းအား မလှမ်းမကမ်းတွင် မြင်တွေ့လိုက်ရလေသည်။
ထိုအခါ သူတို့နှစ်ဦးမှာ အချင်းချင်း စိုက်ကြည့်ကာ စက္ကန့်အနည်းငယ်မျှ မှင်တက်သွားကြလေသည်။
အခြေအနေကို သဘောပေါက်သွားသော ဖန်းကျီရှန်သည် ချက်ချင်းပင် လျှောက်သွားကာ လျန်ထျန်းကို အထက်အောက် ကြည့်၍ အံ့အားသင့်တကြီး ရေရွတ်လိုက်လေသည်။
"မင်း...၊ မင်းက လျန်ထျန်းလား...။"
လျန်ထျန်းသည် တည်ငြိမ်မှုကို ပြန်လည်ရရှိသွားပြီဖြစ်ကာ သူ၏ရှေ့မှ ငယ်သူငယ်ချင်းအား ခံစားချက်ကင်းမဲ့ သော မျက်နှာဖြင့် စိုက်ကြည့်နေလိုက်လေသည်။
ဖန်းကျီရှန်က အခြားညီအစ်ကိုများရှေ့တွင် သူ့ကိုယ်သူ ညီငယ်တစ်ဦးသဖွယ် နှိမ့်ချပြောဆိုလိုက်သည်ကို ကြားလိုက်ရချိန်ကတည်းက သူတို့ကြားရှိ ခင်မင်ရင်းနှီးမှုများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လူတစ်ဦးကို ရိုးသားဖြောင့်မတ်စွာ ဆက်ဆံပါလျက်နှင့် အမြတ်ထုတ်ခြင်း ခံရမည်ဆိုပါက ထိုကဲ့သို့သော သူငယ်ချင်းမျိုး မရှိသည်ကပင် ပိုကောင်းပေလိမ့်မည်။
လျန်ထျန်း၏ အေးစက်စက် အကြည့်များရှေ့တွင် ဖန်းကျီရှန်မှာ ခေတ္တမျှ အံ့အားသင့်သွားသော်လည်း ထို့နောက် တွင် ရှက်ရွံ့ခြင်းနှင့် အပြစ်ရှိသလို ခံစားရခြင်းမျိုး မဟုတ်ဘဲ ဒေါသထွက်ခြင်းနှင့် အထင်အမြင်သေးခြင်း များသာ ဖြစ်ပေါ်လာခဲ့လေသည်။
"တောက်...၊ မင်း...၊ မင်း ငါ့ကို တကယ်ပဲ လိမ်ခဲ့တာလား...။"
"မင်းက ဒီဟိုတယ်ရဲ့ မန်နေဂျာ မဟုတ်ဘူးလား...။ မင်းက အစားအသောက် ပို့တဲ့သူ တစ်ယောက်ပဲလား...။"
"တောက်...၊ ဒါဆို ငါ့ကို ဘာတွေလာပြီး သက်သေပြချင်နေတာလဲ...။ ပြီးခဲ့တဲ့ နှစ်ခါတုန်းက ငွေရှင်းတာတွေကို ဖျောက်ထားပြီး မင်းဘာသာ တိတ်တိတ်လေး ရှင်းပေးခဲ့တာ မဟုတ်လား...။"
"သောက်ကျိုးနည်း...၊ မင်းလို အစားအသောက်ပို့တဲ့ကောင်ရဲ့ လှည့်စားတာကို ငါခံလိုက်ရတယ်ပေါ့...။ အခု တလော မင်းကို လူကြီးလူကောင်းတစ်ယောက်လို့ ငါထင်နေခဲ့တာ...။ အခုတော့ မင်းက ဒီလို အောက်ခြေ အလုပ်မျိုးကို လုပ်နေတာကိုး...။"
"မင်းလို သူငယ်ချင်းမျိုး ရှိနေတာက တကယ့်ကို ရှက်စရာကောင်းလိုက်တာ...။ အပြင်သွားရင် ငါ့ကိုသိတယ်လို့ ဘယ်တော့မှ မပြောနဲ့ ကြားလား...။ အခု ငါ့မျက်စိရှေ့ကနေ ချက်ချင်း ထွက်သွားစမ်း...။"
ဖန်းကျီရှန်၏ ဒေါသတကြီး အော်ဟစ်သံကို ကြားပြီးနောက် လျန်ထျန်းမှာ ခေတ္တမျှ စကားဆွံ့အသွားရလေသည်။
ထို့နောက် လျန်ထျန်းက အေးစက်စက် သက်ပြင်းတစ်ချက်ချကာ နားမလည်နိုင်စွာဖြင့် ပြောလိုက်လေသည်။
"ငါက မင်းကို ဒေါသမထွက်ရသေးဘူး...။ မင်းက ငါ့ကို အရင်ဒေါသထွက်နေတာလား...။ ဒါဆို မင်းကို ငါမေး ချင်တယ်...။ ငါ့ကို ဒေါသထွက်ဖို့ မင်းမှာ အခွင့်အရေး ရှိလို့လား...။"
"ဟုတ်တယ်...၊ ငါ အစားအသောက် ပို့တယ်...။ ဒါပေမဲ့ ငါက အစားအသောက်တွေကို ပင်ပင်ပန်းပန်း ပို့ပြီး မင်းရဲ့ ညစာအတွက် နှစ်ကြိမ်တောင် ရှင်းပေးခဲ့တာလေ...။ ငါ့ကို ပိုပြီး ကျေးဇူးတင်သင့်တယ်လို့ မထင်ဘူး လား...။"
"ပထမနှစ်ကြိမ်တုန်းက မင်းကို ငါ့ညီအစ်ကိုတစ်ယောက်လို သဘောထားလို့ ကူညီပေးခဲ့တာ...။ ပြီးတော့ မင်းကို မျက်နှာလည်း အများကြီး လုပ်ပေးခဲ့တယ်...။ ဒါပေမဲ့ မင်းက ဘာလုပ်ခဲ့လို့လဲ...၊ အခု ငါက အစားအသောက်ပို့ တဲ့သူမို့လို့ ငါ့ကို အထင်သေးနေတာလား...။"
လျန်ထျန်း စကားပြောပြီးသည်နှင့် ဖန်းကျီရှန်က ယုံကြည်မှုအပြည့်ဖြင့် ချက်ချင်း ပြန်လည်ချေပလိုက်လေ သည်။
"ကျေးဇူးတင်ရမယ် ဟုတ်လား...၊ အလကား စကားတွေ...။"
"ငါ့ရှေ့မှာ ကြွားချင်လို့ အဲ့ဒီနှစ်ခါစလုံး မင်းရှင်းပေးခဲ့တာ မဟုတ်လား...။"
"မင်းက အရမ်းမိုက်တယ်လို့ ငါထင်သွားအောင် လုပ်ခဲ့တာလေ...။ ဒီနေ့ ငါ့သူငယ်ချင်းတွေကို အပြင်ခေါ်လာပြီး စားစရာတွေ အများကြီး မှာလိုက်တာ...။ အခု ရှင်းစရာ ပိုက်ဆံတောင် မလောက်တော့ဘူး...၊ မင်းက ငါ့ဘဝကို ဖျက်ဆီးလိုက်တာပဲ...။"
"ဒီတစ်ခါ ကြွားဖို့ ပိုက်ဆံမရှိတော့လို့ နှစ်ဆယ်ရာခိုင်နှုန်း လျှော့ပေးမယ်ဆိုပြီး ဟန်ဆောင်နေတာ မဟုတ်လား...။ မင်းလို အစားအသောက်ပို့တဲ့ သူငယ်ချင်းမျိုး ရှိနေတာက ငါ့အတွက် တကယ် မျက်နှာပျက်စရာပဲ...။"
ဤအချိန်တွင် လျန်ထျန်း၏ ခေါင်းထဲ၌ မူးနောက်သွားပြီး ဖန်းကျီရှန်၏ ထူးဆန်းလှသော ယုတ္တိကို သူ တကယ် ပင် နားမလည်နိုင်တော့ပေ။ သူသည် ပေါက်ကွဲထွက်မတတ် ဒေါသထွက်နေလေသည်။
ထိုစဉ် ပွင့်လာသော ဓာတ်လှေကားထဲမှ ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာလေသည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် မူလက သူ၏ လက်အောက်ငယ်သား နှစ်ဦးကို ဦးဆောင်ကာ ပင်မ တံခါးပေါက်ဆီသို့ တိုက်ရိုက်သွားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော် လျန်ထျန်းကို မြင်လိုက်ရသောအခါ သူ၏ တည်ကြည်သော မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲ သွားပြီး အပြေးအလွှား လျှောက်လာလေသည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသား ပြေးလာစဉ် ဟိုတယ်ဝန်ထမ်းများ အားလုံးက သူ့ကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြလေသည်။
"မစ္စတာဝမ်..."
မှန်ပေသည်။ ဤဝတ်စုံပြည့်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားမှာ ချွမ်ကျန်းဟိုတယ်၏ တည်ထောင်သူနှင့် လက်ရှိ အထွေထွေမန်နေဂျာဖြစ်သူ ဝမ်ချွမ်ကျန်း ပင်ဖြစ်ချေသည်။
ဝမ်ချွမ်ကျန်းသည် လျန်ထျန်းအနီးသို့ ရောက်ရှိသွားပြီးနောက် ချက်ချင်းပင် ဦးညွှတ်ကာ ရိုသေလေးစားစွာဖြင့် ပြောလိုက်လေသည်။
"အစုရှယ်ယာရှင်ကြီး...၊ ဘယ်လိုလေတိုက်လို့ ဒီကို ရောက်လာတာပါလဲ...။ ကြိုတင်ပြီးတော့လည်း မပြော ဘူး...၊ ကျွန်တော်တို့က ကြိုဆိုဖို့တောင် မပြင်ဆင်ရသေးဘူး...။"
ဟိုတယ်ဧည့်ခန်းဆောင်ထဲရှိ လူအားလုံးမှာ မစ္စတာဝမ် ဦးညွှတ်လိုက်သည်ကို မြင်သောအခါ မှင်တက်သွားကြပြီး ၎င်းတို့အထဲတွင် ဖန်းကျီရှန်လည်း ပါဝင်လေသည်။
လျန်ထျန်းက ဝမ်ချွမ်ကျန်းကို ချက်ချင်း ဆွဲထူလိုက်ပြီးနောက် နှာခေါင်းစည်းကို အမြန်တပ်ကာ အနည်းငယ် အပြစ်တင်သည့် လေသံဖြင့် ပြောလိုက်လေသည်။
"မစ္စတာဝမ်... လူပုံအလယ်မှာ ကျွန်တော့်ကို အစုရှယ်ယာရှင်ကြီးလို့ မခေါ်ပါနဲ့...။ ပြီးတော့ ဝန်ထမ်းတွေ အကုန် လုံး ကျွန်တော့်ကို သိအောင် မလုပ်ပါနဲ့လို့ အကြိမ်ကြိမ် ပြောထားတယ် မဟုတ်လား...။"
"အခု ကြည့်စမ်း...၊ ခင်ဗျား လုပ်လိုက်တာနဲ့ ကျွန်တော်က ဟိုတယ်ရဲ့ အစုရှယ်ယာရှင်ကြီးဆိုတာ အကုန်လုံး သိသွားကြပြီ...။ နောက်ဆိုရင် ကိုယ်ပိုင်အမှတ်အသားကို ဖျောက်ပြီး အလုပ်လာစစ်ဖို့ ဘယ်လိုလုပ် အဆင်ပြေ တော့မှာလဲ...။"
လျန်ထျန်း၏ အကြောင်းပြချက်မှာ ကောင်းမွန်လှပေသည်။ ၎င်းမှာ အဓိပ္ပာယ် နှစ်ခွ သက်ရောက်နေလေသည်။
ပထမအချက်အနေဖြင့် သူသည် အစားအသောက် ပို့ဆောင်သူများ၏ ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ဟိုတယ် ဝန်ထမ်းများအား သူသည် အမှန်တကယ် အစားအသောက် လာပို့ခြင်းမဟုတ်ဘဲ အလုပ်လာစစ်သည်ဟု အထင် အမြင်လွဲမှားစေခဲ့သည်။
ဒုတိယအချက်အနေဖြင့် အစုရှယ်ယာရှင်ကြီးသည် အသွင်ယူကာ အချိန်မရွေး အလုပ်လာစစ်ဆေးနိုင်သည်ဟု ခံစားရစေသောကြောင့် ဟိုတယ်ဝန်ထမ်းများအား ၎င်းတို့၏ ရှေ့ဆက်လုပ်ငန်းခွင်တွင် ပိုမို သတိထားလာစေ ရန်လည်း ဖြစ်သည်။
အရေးအကြီးဆုံးမှာ လျန်ထျန်းသည် အချိန်မီ နှာခေါင်းစည်း တပ်လိုက်နိုင်ပြီး သူ၏ လျှို့ဝှက်ဆန်းကြယ်သော ရုပ်သွင်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အနာဂတ်တွင် သူသည် ဤနေရာမှ ပါဆယ်အမှာစာများ လက်ခံရယူခြင်းကို ရှောင်လွှဲ၍ ရမည် မဟုတ်ပေ။ ထို့ပြင် လာတိုင်းလာတိုင်း "အစုရှယ်ယာရှင်ကြီး" ဟု အခေါ်ခံရမည်ကိုလည်း သူမလိုလားပေ။
လျန်ထျန်း၏ စကားကို ကြားသောအခါ ဝမ်ချွမ်ကျန်းက တောင်းပန်သည့် အပြုံးဖြင့် ချက်ချင်း ပြန်ပြောလိုက် လေသည်။
"ဟုတ်ကဲ့...၊ ဟုတ်ကဲ့...၊ စောစောက အစုရှယ်ယာရှင်ကြီးကို မြင်လိုက်ရတော့ ကျွန်တော် နည်းနည်း စိတ်လှုပ် ရှားသွားလို့ပါ...။ ဘာပဲဖြစ်ဖြစ် အစုရှယ်ယာရှင်ကြီးက အမြဲတမ်း အလုပ်များနေတော့ ကျွန်တော်တို့က တွေ့ခွင့် ရဖို့ဆိုတာ တော်တော် ခဲယဉ်းတယ်လေ...။"
"ဒါကြောင့် အစုရှယ်ယာရှင်ကြီးက အသွင်ယူပြီး ကျွန်တော်တို့ အလုပ်တွေကို မကြာခဏ လာစစ်ဆေးတာပဲ...။ တကယ့်ကို ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံပြီး အလုပ်လုပ်တာပဲ...။ နောက်ဆိုရင် ကျွန်တော် သေချာ ဂရုစိုက် ပါ့မယ်...။"
"စိတ်မပူပါနဲ့...၊ စောစောက အစုရှယ်ယာရှင်ကြီး နှာခေါင်းစည်း မတပ်ထားတာကို မြင်လိုက်တဲ့သူ သိပ်မများပါ ဘူး...။ သူတို့အလုပ် သူတို့လုပ်ဖို့ ကျွန်တော် သွားပြောလိုက်ပါ့မယ်...။ အဲ့ဒါဆိုရင် အစုရှယ်ယာရှင်ကြီးကို သတိ ထားမိကြတော့မှာ မဟုတ်ပါဘူး...။"
ထိုသို့ပြောပြီးနောက် ဝမ်ချွမ်ကျန်းသည် သူ၏ အနောက်ရှိ မန်နေဂျာနှစ်ဦးအား ဝန်ထမ်းများကို ၎င်းတို့၏ အလုပ် များသာ ဆက်လုပ်ရန်နှင့် ဤနေရာကို အာရုံမစိုက်ကြရန် သွားရောက်ပြောဆိုစေခဲ့လေသည်။
ထိုအချိန်တွင် ဖန်းကျီရှန်မှာ လုံးဝကို ဆွံ့အသွားရလေသည်။
သူသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ ခေါင်းကို လှည့်ကာ လျန်ထျန်းအား ကြည့်လိုက်ပြီး တံတွေးမြိုချရင်း တုန်ရီနေ သော နှုတ်ခမ်းများဖြင့် ပြောလိုက်လေသည်။
"မင်း...၊ မင်းက အခု သည်ကြယ်ငါးပွင့် ဟိုတယ်ကြီးရဲ့ အစုရှယ်ယာရှင်ကြီး ဖြစ်နေပြီလား...။ အထွေထွေ မန်နေဂျာ ကတောင် မင်းကို အရိုအသေ ပေးနေရတယ် ဟုတ်လား...။"
လျန်ထျန်းက ဖန်းကျီရှန်ဘက်သို့ လှည့်လိုက်ချိန်တွင် သူ၏မျက်နှာမှာ ခံစားချက်ကင်းမဲ့သွားပြီး အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည်။
"ငါ ဘာဖြစ်နေနေ မင်းနဲ့မဆိုင်ဘူး...။"
"မင်း စောစောကပဲ ပြောခဲ့တာလေ...၊ ငါလို သူငယ်ချင်းမျိုး ရှိနေတာက မင်းအတွက် ရှက်စရာပဲ...။ နောက်ဆို ရင် မင်းကိုသိတယ်လို့ ဘယ်တော့မှ မပြောနဲ့ဆို...။"
"အဲ့ဒီလိုဆိုတော့လည်း အတော်ပဲ...။ ငါတို့ အဆက်အသွယ် လုံးဝ ဖြတ်လိုက်ကြတာပေါ့...။"
"အခု ချွမ်ကျန်းဟိုတယ်ရဲ့ အစုရှယ်ယာရှင်ကြီး အနေနဲ့ ငါ မင်းကို ပြောလိုက်မယ်...။ ဒီနေ့ ဒီနေရာမှာ မင်းသုံး သွားတဲ့ ကုန်ကျစရိတ် တစ်လီမကျန် ပြန်ရှင်းခဲ့ရမယ်...။"
"တစ်လီလေး လိုနေရင်တောင် ရဲခေါ်ပြီး မင်းကို ဖမ်းခိုင်းမယ်...။"
လျန်ထျန်း၏ ဒေါသတကြီး ပြောလိုက်သော စကားများကို ကြားပြီးနောက် ဖန်းကျီရှန်မှာ ခြေထောက်များပင် ခွေကျသွားရလေသည်။ သူသည် လျန်ထျန်း၏ လက်မောင်းကို အမြန်ဆုပ်ကိုင်ကာ လေသံကို လျှော့၍ ပြော လိုက်လေသည်။
"အစ်ကိုလျန်...၊ အစ်ကိုလျန်...၊ စောစောက ကျွန်တော် မှားသွားပါတယ်...။ ငယ်သူငယ်ချင်း သံယောဇဉ်ကို ထောက်ထားပြီး ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ...။"
"ရဲခေါ်ပြီး ကျွန်တော့်ကိုတော့ မဖမ်းခိုင်းပါနဲ့...။ ဘာလို့လဲဆိုတော့ ကျွန်တော် လွတ်လာတာ သိပ်မကြာသေး လို့ပါ...။ ပြီးတော့ ကုန်ကျစရိတ် ရှင်းဖို့လည်း ပိုက်ဆံ တကယ် မရှိလို့ပါ...။"
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စီးပွားရေးလုပ်ရင်း မိသားစု စုဆောင်းထားတာတွေ အကုန် ရှုံးသွားခဲ့ပါတယ်...။ အဲ့ဒါနဲ့ စိတ်ရှုပ်ရှုပ်နဲ့ အမှားလုပ်မိပြီး အဖမ်းခံလိုက်ရတာ...။"
"နောက်တစ်ကြိမ် ထပ်အဖမ်းခံရရင် ပြစ်ဒဏ်ပိုကြီးသွားနိုင်တယ်...။ အဲ့ဒါကြောင့် အစ်ကို့ကို တကယ် တောင်းပန် ပါတယ်...။"
ဖန်းကျီရှန် စကားမဆုံးမီပင် လျန်ထျန်းက သူ၏လက်မောင်းကို ပြန်ရုပ်ကာ ရုန်းထွက်လိုက်ပြီးနောက် စကား တစ်ခွန်းချင်းစီ ဆက်ပြောလိုက်လေသည်။
"ဘယ်သူက မင်းအစ်ကိုလဲ...၊ ဟိုလူတွေက မင်းရဲ့ အချစ်ဆုံး ညီအစ်ကိုတွေလို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူး လား...။ အဲ့ဒါဆိုရင် မင်းရဲ့ ညစာအတွက် သူတို့ကို ရှင်းခိုင်းလိုက်ပေါ့...။"
ထိုစကားကို ကြားသောအခါ ဖန်းကျီရှန်က နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ ညီအစ်ကို အများစုမှာ ထွက် ပြေးသွားကြပြီဖြစ်ပြီး ၎င်းတို့ အသီးသီးက တစ်ခုခုကို ရေရွတ်နေကြသည်ကို မြင်လိုက်ရလေသည်။
"သူက ဘယ်သူလဲ...၊ ငါ သူ့ကို မသိပါဘူး...၊ မင်းသိလား...။"
"ငါလည်း သူ့ကို မသိဘူး...၊ တော်တော် ထူးဆန်းတယ်... ။ ဒီမှာ ညစာစားဖို့ သူက အတင်းဆွဲခေါ်လာတာလေ...၊ ငါက ထမင်းလေး စားချင်ရုံတင်ပါ...။"
"ဟုတ်တယ်...၊ ငါလည်း အတူတူပဲ...။ အို... အိမ်က မီးဖိုပေါ်မှာ ဟင်းချိုအိုး တည်ထားခဲ့တာ အခုမှ သတိရ တယ်...။ ငါ သွားတော့မယ်...။"
"အို...၊ အပြင်မှာ အဝတ်တွေ လှန်းထားခဲ့တာ မရုပ်ရသေးဘူးဆိုတာ အခုမှ သတိရတယ်...။ ငါ သွားပြီ...။"
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန်းကျီရှန်၏ အချစ်ဆုံး ညီအစ်ကိုများမှာ ငှက်များ၊ တိရစ္ဆာန်များ ပြန့်ကျဲသွား သကဲ့သို့ ထွက်ပြေးသွားကြလေတော့သည်။
"မင်း...၊ မင်းတို့ကောင်တွေ...။"
ဖန်းကျီရှန်မှာ ဒေါသထွက်နေသော်လည်း ယခုအချိန်တွင် ဘာမှ မပြောနိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ ယခင်က သူကိုယ်တိုင် ကြွားလုံးထုတ်ကာ ဟန်ရေးပြခဲ့ခြင်းကြောင့်သာ ဤကဲ့သို့ ဖြစ်ရခြင်း မဟုတ်ပါလား။
မောက်မာလေလေ အရိုက်ခံရချိန်တွင် ပို၍ မတ်မတ်ရပ်ပြရလေလေပင် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် လူတစ်ဦးတော့ ကျန်ရှိနေသေးလေသည်။ ထိုသူမှာ စောစောက ပိန်ပိန်ပါးပါး လူငယ် လေးပင် ဖြစ်သည်။
ဖန်းကျီရှန်သည် သူ၏ မျှော်လင့်ချက် အားလုံးကို ထိုသူ့အပေါ်တွင် ပုံအပ်လိုက်ပြီး တောင်းပန်သည့် မျက်လုံးများ ဖြင့် ကြည့်လိုက်လေသည်။ သူ၏ သနားစရာကောင်းသော အခြေအနေကို လက်ဆုပ်လက်ကိုင် ပြနိုင်လောက် သည်အထိပင် ဖြစ်သည်။
ထိုပိန်ပိန်ပါးပါး လူငယ်လေးက သက်ပြင်းတစ်ချက်ချကာ ရှေ့သို့ တိုးလာပြီး သူ၏ ဖုန်းကို ထုတ်လိုက်လေသည်။
"ငါလည်း ညစာ စားပြီးပြီဆိုတော့ ငါ့ဝေစု ငါးဖန်ကိုပဲ ငါ ရှင်းပေးလိုက်မယ်...။ အခု ငါ့ဆီမှာ ရှိတဲ့ ပိုက်ဆံက အဲ့ဒီလောက်ပဲ...။"
"မူလက တည်ငြိမ်တဲ့ အလုပ်တစ်ခု ရဖို့ မျှော်လင့်ချက်နဲ့ မင်းတို့နောက်ကို လိုက်လာခဲ့တာ...။ ဒါပေမဲ့ မင်းတို့က လေလုံးထွားနေကြတာမှန်း ငါ မထင်ထားခဲ့ဘူး...။"
"ကျန်တာတွေကိုတော့ မင်းဘာသာမင်းပဲ ကြည့်ရှင်းလိုက်တော့...။ မင်းကို ငါ ကူညီပေးနိုင်တာက ဒီလောက် ပါပဲ...။"