အခန်း ၂၅၄၂
Vol. 182 Ch. 2542
အပိုင်း(၂၅၄၂)
အပြင်လောက၌ ဝေ့ဝူယင် လှုပ်ရှားနေသည့် တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ် အတွင်းပိုင်း၊ အထူးသဖြင့် သူ၏ စိတ်မျက်လုံးထဲတွင် လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
အသီနာသည် အတော်လေး နလံထူလာနေပြီ ဖြစ်သည်။ ဖီဆန်ပေါက်စ၏ ကြယ်တာရာ ဝိညာဉ် အလင်း အကူအညီဖြင့် အသွင်ပြောင်းခြင်း လုပ်ငန်းစဉ်ကို ဖြတ်သန်းနေရသော်လည်း အိုရီတို့နှင့် အတူ မိသားစု ညစာစားပွဲ တစ်ခုတွင် ရောက်နေသကဲ့သို့ စကားပြောဆိုနေကြ၏။ သူတို့သည် လျှို့ဝှက် ပုံစံများ ဖြင့် ကောင်းကင် တံခါး အတွင်းရှိ သူမကို လှည့်ပတ်နေကြသည်။
အိုရီက ရယ်စရာ ဟာသများ၊ ရယ်မောသံများ၊ ရင်းနှီးကျွမ်းဝင်မှုများဖြင့် နောက်ပြောင်နေခဲ့သည်။ အသက်အကြီးဆုံး ဖြစ်သော်လည်း ၎င်းသည် အတက်ကြွဆုံး ကိုယ်ရည်ကိုယ်သွေး ရှိသူပင် ဖြစ်၏။
ဧဒင်ကတော့ သည်းခံခြင်း၊ ဉာဏ်ပညာ ကြီးမားခြင်း၊ နွေးထွေးမှုရှိခြင်းတို့ဖြင့် အကြံပေးနေခဲ့သည်။ ယခင်က အငယ်ဆုံး ဖြစ်ခဲ့ပြီး ဖန်တီးရာတွင်လည်း အငယ်ဆုံး ဖြစ်သော်ငြား ၎င်းက အတည်ငြိမ်ဆုံးနှင့် စိတ်အအေးဆုံး ဖြစ်လေသည်။
ခရာတိုကတော့ မာနကြီးမှု၊ အာဏာရှင်ဆန်မှု၊ ပုံကြီးချဲ့ ပြောဆိုမှုများဖြင့် ကြွားလုံးထုတ်နေခဲ့၏။ ၎င်းသည် အစစ်အမှန်နဂါး သွေးမျိုးဆက် ဖြစ်လင့်ကစား ၎င်း၏ အင်အားက စိတ်ထဲတွင် မရှိဘဲ ငရဲ၊ ကောင်းကင်နှင့် နတ်ဘုရားများကို ကြောက်ရွံ့ခြင်းကင်းစွာ ရင်ဆိုင်ရဲသော ၎င်း၏ နှလုံးသားထဲတွင်သာ ရှိနေခဲ့သည်။
ဘုရင် ကတော့ တစ်ခါတစ်ရံ ‘ကလန့်’ ဟု အသံပြုရင်း နားထောင်နေခဲ့သည်။ အများအားဖြင့် တိတ်ဆိတ်နေတတ်သော်လည်း ၎င်းသည် သင့်မျက်လုံးများ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုတို့ဖြင့် လှပစွာ တောက်ပနေစေရန်အတွက် တစ္ဆေများ၊ မိစ္ဆာများနှင့် နတ်ဘုရားများကို သတ်ဖြတ်ပေးမည့် အစ်ကိုကြီး တစ်ယောက်နှင့် တူသော ယုံကြည်အားထားရသည့် အော်ရာကို ထုတ်လွှတ်နေခဲ့၏။
မားဂတ်ကတော့ တစ်ခါတစ်ရံ ခရာတိုကို ဝင်ထောက်ကာ အမှားပြင်ပေးတတ်သည်။ ထိုအခါ နဂါးကြီးက သူ့အား လိုက်လံ ကိုက်ဖြတ်ရန် ကြိုးစားလေ၏။ မားဂတ်က ထွက်ပြေးသည်။
သို့သော်လည်း အစစ်အမှန်နဂါး သွေးမျိုးဆက် တစ်ကောင်၏ လက်မှ လွတ်မြောက်ရန် ရှောင်လွှဲ၍ မရနိုင်စွာ ကျရှုံးသွားသောအခါ ဖဲ့ယူခံလိုက်ရသော အစိတ်အပိုင်းတိုင်းသည်လည်း အားနည်းမှု သို့မဟုတ် ခွန်အား ကုန်ခမ်းသွားသည့် အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ ချက်ချင်းနီးပါး ပြန်လည် ကောင်းမွန်လာခဲ့သည်။
အသီနာသည် မိသားစုဆန်စွာ ချစ်ခင်ကြင်နာမှုများကြောင့် ခံစားချက်များ ပြည့်နှက်သွားခဲ့ရသည်။ လျှို့ဝှက် ဝိညာဉ် တစ်ကောင်းချင်းစီမှာ မည်မျှအထိ ဆက်သွယ်ပြောဆိုတတ်ပြီး သွက်လက်ကြကြောင်း၊ အမှန်တကယ် အသိဉာဏ်ရှိပြီး ခံစားချက်များ ရှိကြကြောင်း၊ တစ်ခုချင်းစီ ကွဲပြားခြားနားနေကြောင်းတို့ကို တွေ့ရသည့်အခါ သူမ အလွန်အမင်း တုန်လှုပ်သွားခဲ့၏။
ယခင်က သူတို့၏ အပြန်အလှန် ဆက်သွယ်မှုများ အားလုံးသည် ဝေ့ဝူယင်၏ စိတ်ပိုင်းဆိုင်ရာ ဂါထာမန္တန်များက ကြားခံပြောရေးဆိုခွင့်ရှိသူ အဖြစ် လုပ်ဆောင်ပေးခြင်း၊ သို့မဟုတ် နတ်ဘုရားတစ်ပါးက သတင်းစကား ပါးနေသကဲ့သို့ ခံစားရသော ဧဒင်၏ စိတ်ပိုင်းဆိုင်ရာ စိမ့်ဝင်မှုများ မှတစ်ဆင့်သာ အမြဲတမ်း ဖြစ်ပေါ်ခဲ့ခြင်းပင်။
ဤသို့ လုပ်ဆောင်လေ့ အလွန် ရှားပါးလှသည်။ ထို့ကြောင့် အများအားဖြင့် ဝေ့ဝူယင်သာလျှင် သူမနှင့် စကားပြောလေ့ ရှိသူ ဖြစ်၏။ ယခုအခါတွင်တော့ သူမသည် လျှို့ဝှက် ဝိညာဉ် တစ်ခုချင်းစီကို အပြည့်အဝ နားလည်နိုင်ပြီး ဆက်သွယ် ပြောဆိုနိုင်ကာ ပူးပေါင်းပါဝင်နိုင်နေပြီ ဖြစ်သည်။ သူမသည် မိသားစုဝင် တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
မိသားစု တစ်ခုအနေဖြင့် သူတို့ စကားပြောဆိုနေကြစဉ် ဝေ့ဝူယင်၏ နှလုံးသားထဲတွင် ဆူပွက်နေသော ဒေါသများကို သူမ သိမ်မွေ့စွာ ခံစားလိုက်ရသည်။ ထိုဒေါသများက ထိန်းချုပ်မရအောင် ပြင်းထန်နေပြီး ပေါက်ကွဲထွက်လုဆဲဆဲ အစွန်းတစ်ဖက်သို့ ရောက်ရှိနေခဲ့၏။ သို့သော်လည်း သူတို့ထဲမှ မည်သူကမျှ ဤတည်ရှိနေသော ဆန္ဒကြောင့် စိုးရိမ်ပူပန်ခြင်း မရှိခဲ့ကြပေ။
မဟုတ်သေးပေ၊ သူတို့က ၎င်းကို အားပေးနေခဲ့ကြခြင်း ဖြစ်သည်။
သူမသည်လည်း ထိုနည်းတူပင် ဖြစ်လေတော့၏။
လျှို့ဝှက် သင်္ကေတများ အပေါ်တွင် ပိုမို ကြီးမားသော ထိန်းချုပ်မှု ရရှိလာသည်နှင့်အမျှ ဝေ့ဝူယင်က စုရီကို တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်၏။
"ဂလက်ဆီက ငါ့ကို လိမ်လည်လှည့်ဖြားတဲ့သူလို့ ထင်နေကြတယ်... အဂ္ဂိရတ် ပါရမီရှင် လူငယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အတင်းအဓမ္မ လုယူထားတယ်ပေါ့... ပြီးတော့ ငါက မိုးကုပ်စက်ဝိုင်းတွေနဲ့ ယှဉ်ရပ်ဖို့ အရည်အချင်း မရှိဘူးလို့ ထင်နေကြတာပဲ..."
"..."
ဝေ့ဝူယင်၏ စကားများကြောင့် စုရီ သိပ်ပြီး အံ့ဩမသွားခဲ့ပေ။ သူက တဖြည်းဖြည်း တည်ငြိမ်အောင် လုပ်လိုက်ပြီး လျှို့ဝှက် သင်္ကေတ စက်လုံးကို စိတ်ဝင်တစားဖြင့် မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။ သူ စကားပြောရန် ပြင်လိုက်စဉ် ဝေ့ဝူယင်က ဖြတ်ပြောလိုက်၏။
"တခြား အကြောင်းပြချက် တစ်ခုခုကြောင့် ငါ့ကို ဒုက္ခပေးချင်နေတဲ့ လျှို့ဝှက် အင်အားစု တစ်ခု ရှိနေတယ်လို့များ ထင်နေသလား... လုံးဝ မသက်ဆိုင်တာလည်း ဖြစ်နိုင်တယ်... သေချာတာကတော့ ငါ ပိုင်ဆိုင်ထားတဲ့ အရာတစ်ခုခုနဲ့ ပတ်သက်နေလိမ့်မယ်... တန်ဖိုးတစ်ခု ပေးရုံနဲ့ ငါ့ဆီကနေ အလွယ်တကူ မရနိုင်တဲ့ အရာမျိုး၊ ဒါမှမဟုတ် သူတို့နဲ့ ငါ့ရဲ့ လက်ရှိ ဆက်ဆံရေး အခြေအနေကြောင့် ငါက စဉ်းစားပေးမှာတောင် မဟုတ်တဲ့ အရာမျိုးတွေပေါ့..."
ဝေ့ဝူယင်၏ အတွေးစီးကြောင်းက ပွင့်လင်းစွာ ထွက်ပေါ်လာခဲ့သည်။
"..."
စုရီက တိတ်ဆိတ်နေခဲ့၏။
သို့သော် ဝေ့ဝူယင်က ဆက်ပြောလိုက်သည်။
"ဒါမှမဟုတ် ဒါတွေအားလုံးက အယောင်ပြ အကြံအစည် တစ်ခုလို့များ ထင်နေလား... မင်းရဲ့ မျက်လုံးထဲမှာတော့ အဲဒီလို ပြန်တွေးနေမိနိုင်တယ်... ဒီဖြစ်ရပ် တစ်ခုလုံးရဲ့ အစစ်အမှန် ပစ်မှတ်က အဲဒီ ရိုးရွဲ သူတော်စင် သုံးပါး အမြဲတမ်း ဖြစ်နေခဲ့တာများလား ဆိုပြီးတော့ပေါ့... ဘာပဲဖြစ်ဖြစ် ရိုးရွဲ သူတော်စင်တွမ်က သတင်းအချက်အလက် ခိုးယူတာနဲ့ အသက်တွေကို ရိတ်သိမ်းတဲ့ နေရာမှာ ကျွမ်းကျင်တဲ့ အရိပ်အဖွဲ့အစည်းတစ်ခုရဲ့ လျှို့ဝှက် ခေါင်းဆောင်... သူက ဂလက်ဆီရဲ့ အပြင်ဘက်ရော အတွင်းမှာပါ လူအများကြီးရဲ့ မုန်းတီးမှုကို ခံခဲ့ရတယ်လေ... ကောင်းကင်ရှန့်ထို မိုးကြိုးကောင်းကင်ကတော့ အထွတ်အထိပ် တည်ရှိမှု အများအပြားရဲ့ ရည်ရွယ်ချက်တွေကို ဟန့်တားဖို့ မင်းကို ကူညီပေးခဲ့တယ်... ပြီးတော့ ရိုးရွဲ သူတော်စင် ယီကျွန်းကလည်း ဟင်းလင်းပြင် မုဆိုး တစ်ယောက်ပဲလေ..."
"..."
စုရီ၏ မျက်လုံးများက စူးရှစွာ ကျဉ်းမြောင်းသွားခဲ့၏။
ဝေ့ဝူယင်က ရယ်မောလိုက်သည်။
"ဒီကိစ္စမှာ ငါ ပါဝင်ပတ်သက်နေတယ်လို့ မင်း ထင်နေတယ်လို့တော့ ငါ့ကို မပြောနဲ့နော်... ဒါပေမဲ့လည်း မင်းရဲ့ အတွေးတွေက လုံးဝ အခြေအမြစ် မရှိတာတော့ မဟုတ်ပါဘူး... ဘာပဲဖြစ်ဖြစ် အရိပ် ကန့်လန့်ကာ နောက်ကွယ်မှာ အင်အားတွေကို ဟန်ရေးပြပြီးတဲ့နောက် လုံရှီယာကို လုံလောက်တဲ့အထိ ငါ အားနည်းသွားအောင် လုပ်ခဲ့တာပဲလေ... လူတိုင်းရဲ့ နှလုံးသားနဲ့ စိတ်ထဲမှာ ဆန့်ကျင်ဘက် မျိုးစေ့ တစ်စေ့ကို ငါ စိုက်ပျိုးပေးခဲ့တယ်... ငါက ဘာလို့ လျှို့ဝှက် အင်အားကို အသုံးပြုနေခဲ့တာလဲ... ဒီ အမည်မသိ အဂ္ဂိရတ် ပါရမီရှင်က ဘယ်သူလဲ... ငါက ဘယ်လိုလုပ်ပြီး ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်လာခဲ့တာလဲ... ငါက ဘာလို့ အဋ္ဌမမြောက် မိုးကုပ်စက်ဝိုင်း မျှော်စင် ဖြစ်ရမှာလဲ... ငါက ဘယ်သူလဲပေါ့..."
"..."
စုရီ၏ အသက်ရှူနှုန်း မြန်ဆန်လာပြီး သူ၏ မျက်နှာအမူအရာကလည်း တစ်ခဏချင်း မှောင်မိုက်လာခဲ့သည်။
"ကောင်းကင်ဘုံကိုတောင် တုန်လှုပ်သွားစေနိုင်တဲ့ ရည်ရွယ်ချက်ရှိရှိ ကြံစည်ထားတဲ့ အဆင့်ဆင့် အသေးစိတ် အစီအစဉ်တစ်ခုပေါ့... ဖြစ်နိုင်ပါတယ်... အားလုံး ဖြစ်နိုင်တယ်..."
ဝေ့ဝူယင်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
"ကံဆိုးတာက အဲဒါတွေ ဘယ်တစ်ခုမှ မမှန်ပါဘူး... အခြေအနေရဲ့ အစစ်အမှန် အမှန်တရားက မင်းတို့အားလုံး သိနိုင်တာထက် အများကြီး ပိုကြီးမားနေတယ်... ပြီးတော့ ငါ ရိုးရိုးသားသား ပြောပါ့မယ်..."
သူက ခေတ္တ ရပ်တန့်လိုက်ပြီး အစွမ်းကုန် ကောင်းကင် ကာကွယ်ရေး အစီအရင်ဖြင့် ဖုံးလွှမ်းထားသော အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီကို လှမ်းကြည့်လိုက်သည်။
"ငါ စီစဉ်ထားခဲ့တဲ့ ဒိုမီနို အတုံးလေးတွေက ငါ ထင်ထားတာထက် အများကြီး၊ အများကြီးကို ပိုမြန်မြန် ပြိုကျသွားခဲ့တယ်၊ ပြီးတော့ ငါ မျှော်လင့်မထားတဲ့ နည်းလမ်းနဲ့ပေါ့... ဒါပေမဲ့လည်း အားလုံး ပြိုကျသွားခဲ့တာချည်းပါပဲ... ပြီးတော့ ငါ့ရဲ့ နောက်ဆုံး ရည်မှန်းချက်လည်း အောင်မြင်သွားခဲ့ပြီ..."
"မင်းရဲ့ နောက်ဆုံး ရည်မှန်းချက်..."
စုရီ ဆက်လက် တိတ်ဆိတ်မနေနိုင်တော့ပေ။
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ သူ၏ အပြုံးက ပိုမို တောက်သွားခဲ့သည်။
"အစီအရင်က ပွင့်သွားခဲ့ပြီလေ..."
"ဘာလဲ..."
စုရီသည် ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရ၏။ အစီအရင် ဟုတ်စလော။ အစွမ်းကုန် ကောင်းကင် ကာကွယ်ရေး အစီအရင်ကို ပြောနေခြင်းလော။
ဝေ့ဝူယင် ခေါင်းလှည့်ကာ စုရီကို လှမ်းကြည့်လိုက်သည်။ သူ၏ ဝိညာဉ်အင်အားက သူတို့ နှစ်ယောက်ကြားရှိ ကသောင်းကနင်းများကို ဖယ်ခွာသွားစေပြီး စုရီကို ရှင်းလင်းစွာ မြင်တွေ့ခွင့် ရစေ၏။ ရည်မှန်းချက် ကြီးမားသည့် အမည်းရောင် မျက်လုံး တစ်စုံနှင့် ငွေရောင် မျက်လုံး တစ်စုံတို့ ဆုံတွေ့သွားကြလေသည်။
ဂျွတ်...
သလင်းကျောက်တစ်ခု အက်ကွဲသွားသည့် အသံတစ်ခုက ကြားနိုင်သူတိုင်း၏ ဝိညာဉ်များကို သိမ်မွေ့စွာ ဖုံးလွှမ်းသွားခဲ့လေတော့သည်။
"ငါ မင်းကို ပုံပြင်တစ်ပုဒ် ပြောပြလို့ ရမလား..."
ဝေ့ဝူယင်၏ အပြုံးများ ပျောက်ကွယ်သွားကာ သူက နူးညံ့စွာ မေးလိုက်၏။
"..."
စုရီ၏ နှလုံးသားက စတင် မြန်ဆန်စွာ ခုန်လာသည်ကို သူ ခံစားလိုက်ရသည်။ သို့သော်လည်း သူက ငြင်းဆန်ခြင်း မပြုခဲ့ချေ။ သူ ခေါင်းညိတ်ပြလိုက်၏။
"ငါ အသက် တစ်ရာတောင် မပြည့်သေးတဲ့ လူငယ်တစ်ယောက် ဖြစ်ခဲ့တုန်းက၊ ငါ့ရဲ့ စွမ်းအားအပြင်ဘက်က ကြယ်တာရာ ကောင်းကင်ယံကို ဖြတ်ပြီး ငါ့ရဲ့ ကြယ်တာရာ နယ်မြေကို ချန်ထားရစ်ခဲ့ဖူးတယ်... အဲဒီလို လုပ်ခဲ့တုန်းက၊ ကမ္ဘာကြီး တစ်ခုလုံးကို အလှဆင်ထားတဲ့ တောက်ပတဲ့ ကြယ်တွေရဲ့ အဆုံးမဲ့ အလှတရားကို မြင်တွေ့ခဲ့ရတာ ငါ မှတ်မိသေးတယ်... အဲဒီအချိန်တုန်းက ငါ နေထိုင်ခဲ့တဲ့ လှောင်ချိုင့်ကို ငါ သတိမထားမိခဲ့ဘူး... ဒါပေမဲ့ အဲဒါကို မြင်လိုက်ရတဲ့ အချိန်မှာ ငါ့ဆီမှာ ဆန္ဒတစ်ခုတည်းပဲ ရှိခဲ့တယ်... လိုအင်တစ်ခုတည်းပဲ... မိုးကြိုးပစ်ချလိုက်သလို ဗုံတစ်လုံးလို ငါ့နှလုံးသားကို ထုနှက်နေတဲ့ ဆန္ဒတစ်ခုတည်းပဲ ရှိခဲ့တယ်... အဲဒါ ဘာလဲဆိုတာ မင်း သိလား..."
ဝေ့ဝူယင်က ဖြည်းညင်းစွာ မေးလိုက်၏။
စုရီက ပြန်မဖြေခဲ့ပေ။ ရှင်းပြ၍မရနိုင်သော ပြိုင်ဘက်ကင်း ဆန္ဒများ ပျံ့နှံ့လာမှုကြောင့် သူ၏ အသက်ရှူသံများက လေးလံလာခဲ့သည်။ စကားလုံး တစ်လုံးချင်းစီ၏ ပြင်းထန်မှုက မိုးကြိုးများအလား ဖြစ်နေခဲ့၏။
ဝေ့ဝူယင်၏ နှုတ်ခမ်းများက အားစိုက်ထုတ်မှု သို့မဟုတ် တွေးတောမှု တစ်စုံတစ်ရာ မရှိဘဲ ပင့်တက်သွားခဲ့သည်။ အပြစ်အနာအဆာကင်းပြီး သဘာဝကျကာ ပြိုင်ဘက်ကင်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
"ငါ အားလုံးကို လိုချင်တယ်..."
“အီ...”
တစ္ဆေတစ်ကောင်ကို သတိရစေသည့် ကြောက်မက်ဖွယ် အသံတစ်ခုက အမှောင် ဟင်းလင်းပြင် တစ်လျှောက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ အနောက်ဘက် မိုင်သန်းပေါင်းများစွာ အကွာတွင် စုပ်ယူသည့် အင်အားတစ်ခု ပေါက်ကွဲထွက်လာချိန်၌ စုရီ၏ အကြည့်များက ဝေ့ဝူယင်၏ ရုပ်သွင်မှ မခွာနိုင်အောင် ဖြစ်နေခဲ့၏။ သို့သော်လည်း ၎င်းက ဖိသိပ်သွားသည်အထိ ဖြစ်ပေါ်လာသော လေဆင်နှာမောင်းတစ်ခုအတွက် နောက်ခံမြင်ကွင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးနေပုံရသည်။
အတုအယောင် မြစ်ကြီးတစ်စင်းက လောကကြီးကို လွှမ်းခြုံသွားသည်ကို သူ မြင်လိုက်ရသည်။ သူ မြင်ဖူးသမျှ အရာအားလုံးထက် ပိုမို ကြီးကျယ်ခမ်းနားနေခဲ့၏။ ၎င်းသည် ဤလက်တွေ့ဘဝ၊ ဤအချိန်ကာလမျဉ်းပေါ်သို့ လျှပ်စီးလက်သကဲ့သို့ ခေတ္တမျှ ရောက်ရှိလာခဲ့သည်။ ကပ်ဘေးတစ်ခုအတွင်း ၎င်းကို မြင်တွေ့ခဲ့ဖူးသဖြင့် သူ ချက်ချင်း မှတ်မိနေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အချိန်ကာလကိုယ်တိုင်၏ ထင်ရှားပြသမှုဖြစ်သော အချိန်မြစ်ကြီးပင် ဖြစ်၏။ ၎င်း၏ အစစ်အမှန် ပုံစံကို တစ်ခါမျှ မမြင်ဖူးသူများကတော့ အချိန်ကာလ ထိန်းသိမ်းသူ ဟူ၍ လုံးဝ ကွဲပြားသော အမည်တစ်ခုဖြင့် ခေါ်ဆိုကြလေသည်။
၎င်း ပျောက်ကွယ်သွားသောအခါ၊ ထိုနယ်မြေ၏ ကသောင်းကနင်းများက သတိပေးချက် မရှိဘဲ လျင်မြန်စွာ မှေးမှိန်စပြုလာခဲ့သည်။ ထို့နောက် သူ အရှင်သခင် သံမဏိ အစောင့်အရှောက် ကို ဆက်လက် အာရုံမခံနိုင်တော့ပေ။ မဟုတ်သေး... ထို အထွတ်အထိပ် သူတော်စင် ကို သူ ဆက်လက် အာရုံမခံနိုင်တော့ခြင်း ဖြစ်သည်။
“နေပါဦး... စောစောက ကျင့်ကြံသူ တစ်ယောက် ရှိနေခဲ့တာလား... ငါ ဘယ်သူ့ရဲ့ သင်္ဘောနဲ့ ဒီကို ရောက်လာခဲ့တာလဲ...”
စုရီ၏ စိတ်ထဲတွင် ရှုပ်ထွေးမှုများက ဝန်းရံလာစဉ်၊ ဝေ့ဝူယင်က တီးတိုးရေရွတ်သံဖြင့် သူ့ကိုယ်သူ နူးညံ့စွာ ထပ်ပြောလိုက်၏။
"ငါ အားလုံးကို လိုချင်တယ်..."
...
တစ်ချိန်တည်း၌... မူလ အပြစ်တရားတစ်ခုက ၎င်း၏ နောက်ထပ် ပစ်မှတ်ကို ရှာဖွေစူးစမ်းနေခဲ့သည်။ ဤပစ်မှတ်တွင် အပြစ် တစ်ခုထက်မက... ရှိနေနိုင်ပြီ ဆိုသည်ကိုတော့ ၎င်း မခွဲခြားနိုင်ခဲ့ပေ။
***