← Chapters

အခန်း ၂၅၄၆

Vol. 182 Ch. 2546

အခန်း ၂၅၄၆

Vol. 182 Ch. 2546

အပိုင်း(၂၅၄၆)

"အချိန်ကာလ ထိန်းသိမ်းသူ ရဲ့ ဝိရောဓိ အမှားပြင်ဆင်မှုက ငါတို့ကို အခွင့်အရေးကောင်း တစ်ခု ပေးလိုက်တာပဲ... ကသောင်းကနင်းတွေကို ဖြေရှင်းပေးသွားခဲ့တယ်..."

ဂိုလိုင်ယက်ငှက် အရှင်သခင်က ကောင်းမွန်သော အချက်အလက်များဖြင့် တင်းမာမှုများကို လျှော့ချရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမသည် ရိုးရွဲ သူတော်စင်တီထံမှ ရွံရှာမှုနှင့် စိတ်ပျက်မှုများ ပြည့်နှက်နေသော အကြည့်တစ်ချက်ကိုသာ ရရှိခဲ့၏။ ကံကောင်းထောက်မစွာဖြင့် သူသည် သတိကြီးသူ တစ်ယောက် ဖြစ်နေခဲ့သည်။ ထိုသို့သာ မဟုတ်လျှင် သူလည်း ဖမ်းမိခံရနိုင်ချေ ရှိလေသည်။

"တာအို ကျင့်ကြံသူ စုရီ က ရိုးရွဲ သူတော်စင် ယီကျွန်း နဲ့အတူ အသက်ရှင်ကျန်ရစ်ခဲ့ပုံရတယ်..."

ရိုးရွဲ သူတော်စင် ယန်ကျိ က မှတ်ချက်ချလိုက်သည်။ ရိုးရွဲ သူတော်စင် ယီကျွန်း ၏ ဝိညာဉ် အော်ရာများ ထွက်ပေါ်နေသော ထူးဆန်းသည့် ပုလင်းတစ်လုံးကို သယ်ဆောင်ကာ စုရီ က ချူရှင်း နှင့်အတူ ထွက်ခွာသွားသည်ကို သူတို့အားလုံး အာရုံခံမိလိုက်ကြ၏။

"သူက ဗဟိုချက်နဲ့ အတော်လေး ဝေးတဲ့နေရာမှာ ရှိနေခဲ့တာဆိုတော့ အသက်ရှင်နိုင်ခြေ အများဆုံး ဖြစ်နေမှာပေါ့... ရိုးရွဲ သူတော်စင် တွမ် နဲ့ ကောင်းကင်ရှန့်ထို မိုးကြိုးကောင်းကင် တို့နဲ့ မတူဘူးလေ..."

အပျက်အစီး ကြယ်တာရာ နန်းတော်သခင်က ရိုးရွဲ သူတော်စင် မဟူရာ မုဆိုး အရှင်သခင်မ ကို စောင်းငဲ့ကြည့်လိုက်သည်။ လုံရှီယာ ၏ ပေါက်ကွဲမှုက သူတို့အားလုံး၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ခြင်း ဖြစ်၏။ မည်သည့် အရာများ ဖြစ်ပျက်သွားခဲ့သနည်း။

ရိုးရွဲ သူတော်စင် မဟူရာ မုဆိုး အရှင်သခင်မသည် လုံရှီယာ ၏ ပဲ့တင်ထပ် ဝိညာဉ် ကို အဝေးမှနေ၍ ဖောက်ခွဲခဲ့ခြင်း မရှိကြောင်း ဝိညာဉ်ကျိန်စာ ကျိန်ဆိုကာ ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။ သို့သော် ၎င်းအတွက် သူမ တပ်ဆင်ထားသော ယန္တရားကိုတော့ ဝန်ခံခဲ့၏။ ထိုသို့သာ မဟုတ်လျှင် သူတို့ ဘာလုပ်ရမှန်း သိမည် မဟုတ်ပေ။

လုံရှီယာသည် အခြေအနေများ အလွန်အမင်း ဆိုးရွားသွားပြီး အတုအယောင် တန်ခိုးရှင် အဆောင်များကို အသုံးပြုမှသာ ပေါက်ကွဲသင့်ပေသည်။ ဖြစ်စဉ်တွင် တစ်စုံတစ်ခု မှားယွင်းသွားခဲ့ခြင်း ဖြစ်ရမည်။ လုံရှီယာကို ပစ်မှတ်အား ရှင်းလင်းရန် ဗုံးတစ်လုံးအနေဖြင့် မဟုတ်ဘဲ၊ ကာကွယ်ရေးအတွက် အဓိက ရည်ရွယ်ကာ တည်ဆောက်ထားခြင်း ဖြစ်လေသည်။

ထိုအရာက သူတို့၏ ရည်ရွယ်ချက် မဟုတ်ခဲ့ချေ။ ၎င်းသည် သူတို့၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ပင် ဖြစ်နေခဲ့သည်။

"နောက်ဆုံးမှာတော့ အရာအားလုံးက အဆင်ပြေသွားတဲ့ပုံပါပဲ... ရိုးရွဲ သူတော်စင် တွမ် နဲ့ ကောင်းကင်ရှန့်ထို မိုးကြိုးကောင်းကင် တို့အတွက်တော့ မဟုတ်ပေမဲ့ပေါ့..."

ရိုးရွဲ သူတော်စင် ယန်ကျိ က အနေခက်စွာ ရယ်မောလိုက်သည်။ ထို့နောက် တဖြည်းဖြည်း မှေးမှိန်နေသော အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ၏ တစ်ပိုင်းသေနေသည့် အလောင်းကောင်ဆီသို့ သူတို့၏ အာရုံများကို ပို့လွှတ်လိုက်ကြသည်။

သူတို့အားလုံးသည် စူးစမ်းလေ့လာရေး သင်္ဘောများပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ ရှိနေခဲ့ကြသည်။ လျှို့ဝှက် သစ္စာဆိုမှုများ ရှိနေသော်ငြား ရိုးရွဲ သူတော်စင် မဟူရာ မုဆိုး အရှင်သခင်မ ကို သူတို့ သိပ်ပြီး မယုံကြည်နိုင်ကြတော့ပေ။ သူတို့၏ ရည်မှန်းချက်က မတော်တဆ ပြီးမြောက်သွားခဲ့ခြင်း ဖြစ်၏။

သူတို့၏ အမြင်တွင်တော့ ဝေ့ဝူယင် ၏ ခွန်အားသည် သူ၏ ရုပ်ခန္ဓာနှင့် အထွတ်အထိပ် အဆင့် ကောင်းကင် ရတနာများ အပေါ်တွင် အကြီးအကျယ် အားထားနေရသည်ဟု ထင်မြင်ထားကြသည်။ လုံရှီယာ ၏ ပေါက်ကွဲမှုသာ မရှိခဲ့လျှင် အထွတ်အထိပ် သူတော်စင် သုံးပါးက ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ပင် ဖြစ်သည်။

မူလကတော့ သူ့ကို လျှို့ဝှက်ချက်များကို အကြိမ်ကြိမ် အသုံးပြုလာစေရန် အတင်းအကျပ် ဖိအားပေးပြီးနောက်၊ မောပန်းနွမ်းနယ်လာချိန် သို့မဟုတ် ဒဏ်ရာရလာချိန်တွင် အထွတ်အထိပ် သူတော်စင် များကို တစ်လှည့်စီ အစားထိုးကာ လှိုင်းတံပိုးတစ်ခုအလား တိုက်ခိုက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ပေါက်ကွဲမှု ဖြစ်ပွားသွားသောကြောင့် သူတို့ မရည်ရွယ်ဘဲ အကျိုးအမြတ် ရရှိသွားခဲ့ပြီး ဤတာဝန်ကို လျင်မြန်စွာ အပြီးသတ်ရန်သာ အာရုံစိုက်နေခဲ့ကြ၏။

ဤအဖွဲ့သည် ယခင်အဖွဲ့ထက် သိသိသာသာ ပိုမို အားကောင်းလှသည်။ ထို့ပြင် အနှောင့်အယှက်များကြောင့် ဟင်းလင်းပြင် နှင့် လွယ်ကူ အပြန်အလှန် ဆက်သွယ်မှုကို တားဆီးထားနိုင်သဖြင့် အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ၏ ပုံမှန် ထွက်ပြေးသည့် နည်းလမ်းက လုံးဝ မဖြစ်နိုင်တော့ချေ။ ဟင်းလင်းပြင် နှင့် ထူးခြားစွာ ပေါင်းစပ်ထားသော ကြောက်မက်ဖွယ် ကြယ်တာရာ ဝါးမြိုသူ သို့မဟုတ် ဟင်းလင်းပြင် တစ္ဆေ တစ်ကောင် မဟုတ်ခဲ့လျှင်၊ ထိုပေါက်ကွဲမှုမှ လွတ်မြောက်ရန် လမ်းစမရှိပေ။ သူတို့၏ အမြင်နှင့် အတွေ့အကြုံများအရ လိပ်တစ်ကောင်လို ပုန်းအောင်း ကာကွယ်နေခြင်းကသာ တစ်ခုတည်းသော ထိရောက်သည့် ဗျူဟာ ဖြစ်လေသည်။

ထို့ပြင် မည်သည့် အရိပ်အယောင်မျှ မပြဘဲ ရုတ်တရက် ဖြစ်ပေါ်လာခဲ့မည် ဆိုပါက၊ ၎င်းသည် သေမျိုးတစ်ယောက်က မကြာမီ ပေါက်ကွဲတော့မည့် ဗုံး အမြောက်အမြား အနီးတွင် လမ်းလျှောက်နေရင်း ဘာမှ မသိလိုက်ရသည်နှင့် ခြားနားမှု မရှိပေ။ မည်သည့် ကာကွယ်မှုကိုမျှ တည်ဆောက်နိုင်စွမ်း လုံးဝ ရှိမည်မဟုတ်ချေ။

"သူ မရတော့ဘူး..."

ရိုးရွဲ သူတော်စင် ယန်ကျိ က မှတ်ချက်ချလိုက်သည်။ တစ်ပိုင်းသေနေသည့် အလောင်းကောင်ထံမှ တုံ့ပြန်မှု တစ်စုံတစ်ရာ ရှိမရှိ စမ်းသပ်ရန် သူ၏ ဝိညာဉ်အမြင် ကို စေလွှတ်လိုက်ခြင်း ဖြစ်၏။ သူ အလွယ်တကူ ထိုးဖောက်ကျော်လွန်သွားနိုင်သော ဆေဘာ ဟစ်ကြွေးသံတစ်ခုမှလွဲ၍၊ မှေးမှိန်သည့် အဂ္ဂိရတ် နှင့် အင်ပါယာ ဝိညာဉ် တည်ရှိမှုများကို သူ ခွဲခြားသိမြင်နိုင်ခဲ့သည်။ အင်ပါယာ အော်ရာက ပြိုကျပျက်စီးလုဆဲဆဲ ဖြစ်နေပြီး စက်ဆုပ်ဖွယ်ကောင်းလောက်အောင် သန့်စင်သော ဝိညာဉ်အင်အားကို ပိုင်ဆိုင်ထားကာ၊ အဂ္ဂိရတ် အော်ရာကတော့ ပျက်စီးလွယ်ပြီး ပုံမှန် လျှို့ဝှက် ဝိညာဉ် အဆင့် တွင်သာ ရှိနေခဲ့လေသည်။

နောက်ဆုံးတွင်တော့ သူတို့၏ သီအိုရီများ အားလုံးအတွက် သက်သေအထောက်အထား ရရှိသွားခဲ့ပြီ ဖြစ်သည်။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် သည် သူ၏ ကြယ်နယ်မြေမှ ပုံမှန်မဟုတ်သော ပါရမီရှင်ဖြစ်သည့် အဂ္ဂိရတ် တာအို ပါရမီရှင်တစ်ယောက်ကို ပူးကပ်ထားခဲ့ခြင်းပင် ဖြစ်၏။ ထိုသို့ ပူးကပ်ခံရခြင်းက ဆန္ဒမပါဘဲ ဖြစ်ခဲ့သလား ဆိုသည်ကတော့ လုံးဝ ကွဲပြားသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရုပ်လွတ်ဝိညာဉ်များသည် ခန္ဓာကိုယ် ပူးကပ်ရန် သို့မဟုတ် အသက်ရှင်သန်ရန် မျှော်လင့်ချက်ဖြင့် ပစ္စည်းများထဲတွင် ပုန်းအောင်းနေတတ်ပြီး၊ ဆက်ဆံရေး တည်ဆောက်ကာ ယုံကြည်မှု ရယူနိုင်ရန် လူငယ် ပါရမီရှင်များကို ရှာဖွေတတ်ကြောင်း သိရှိသူ အတော်များများ ရှိနေသောကြောင့်ပင်။

၎င်းက မယုံနိုင်လောက်အောင် ယုတ္တိတန်နေခဲ့၏။ ဤ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ပိုင်ဆိုင်ထားသော ဇနီးများသည် အလွန် ငယ်ရွယ်ကြပြီး အများစုက အပျိုစင်များ ဖြစ်နေကြသည်။ ဤအချက်က အင်ပါယာ တာအို နှင့် ပတ်သက်သော သူတို့၏ နားလည်ထားမှုများနှင့် သိပ်ပြီး ကိုက်ညီမှု မရှိခဲ့ပေ။ သို့သော်လည်း ဤအမျိုးသမီးများက လူငယ် ပါရမီရှင်၏ ဇနီးများ ဖြစ်သည်ဟု ပေါင်းထည့် စဉ်းစားလိုက်မည်ဆိုလျှင် အားလုံးက ကွက်တိကျသွားလေသည်။

တစ်ယောက်တည်း၊ နှစ်ယောက်တည်း မဟုတ်ဘဲ ချွင်ဆွေဟွကျိ အပျိုစင် သုံးယောက်နှင့် သံဝါသ ကျင့်ကြံခြင်းကို မလုပ်ဘဲ နေမည့်သူက ဘယ်သူများ ရှိဦးမည်နည်း။ အာရုဏ်ဦး ဧကရာဇ်မှာ အခြားလူ တစ်ယောက်၏ ခန္ဓာကိုယ်ို ဝင်ရောက် ပူးကပ်ထားခံရသူ တစ်ယောက်ပင် ဖြစ်၏။

သူသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ရယူနိုင်မည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့သည် အမှောင် ဟင်းလင်းပြင် ကြီးကို ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းလေ့လာနေခြင်း ဖြစ်နိုင်ပေသည်။ လမ်းတစ်လျှောက်တွင် လက်အောက်ခံများကို စုဆောင်းရင်း ပြန်လည် မွေးဖွားနိုင်မည့် နည်းလမ်းများကို ရှာဖွေနေခြင်း ဖြစ်၏။ ၎င်းသည် ဧကရာဇ် တစ်ပါးအတွက် ပြီးပြည့်စုံသော ကြီးစိုးလွှမ်းမိုးသည့် ခရီးစဉ်တစ်ခုပင် ဖြစ်လေသည်။

လက်ရှိ၌... သူတို့၏ သီအိုရီ အများအပြားမှာ အဆုံးသတ်သွားပြီ ဖြစ်သဖြင့် သူတို့တွင် တွန့်ဆုတ်နေစရာ သိပ်မရှိတော့ချေ။

"ငါတို့ သွားကြစို့..."

ရိုးရွဲ သူတော်စင် ယန်ကျိ က တိုက်တွန်းလိုက်သည်။ သူတို့ အလွန်အမင်း သတိထားနေခဲ့ကြခြင်း ဖြစ်၏။ အကယ်၍ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေမည် ဆိုပါက ဘာတွေ ဆက်ဖြစ်လာမည်ကို မည်သူ သိနိုင်မည်နည်း။ သူ၏ အဂ္ဂိရတ် သူရဲကောင်း သို့မဟုတ် တာအို အစောင့်အရှောက် ပေါ်လာနိုင်ချေ ရှိသည်။

ဤသည်က အခြေအနေကို ပိုမို ရှုပ်ထွေးသွားစေနိုင်ပေသည်။

အခြားသူများကလည်း အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ တစ်ယောက်၏ မျက်လုံးထဲမှ တူညီသော ကောက်ချက်ချမှုကို အခြားတစ်ယောက်က အနည်းနှင့်အများ ဆိုသလို မြင်တွေ့နေရသည်။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်သည် သူ၏ ခန္ဓာကိုယ်နှင့် ၎င်းအတွင်း နေထိုင်နေသော အခြား ဝိညာဉ်တစ်ခုကို ကယ်တင်ရန် သူ့ထံတွင် ရှိသမျှ အရာအားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်၏။ အချိန်ဖြုန်းနေရန် မလိုအပ်တော့ချေ။

ဝှစ်... ဝှစ်... ဝှစ်...

ဟင်းလင်းပြင် သင်္ဘော များထဲမှ အလင်းတန်း ခြောက်ခုက တစ်ပြိုင်နက်တည်း ပျံတက်သွားကာ တစ်ပိုင်းသေနေသော အလောင်းကောင်ဆီသို့ အားလုံး ဦးတည်သွားကြသည်။ ၎င်းတို့က ခဏတာအတွင်း မိုင်သန်းပေါင်းများစွာကို ဖြတ်သန်းရင်း ပိုမို နီးကပ်လာ၏။ တစ်ပိုင်းသေနေသည့် အလောင်းကောင်က တုံ့ပြန်မှု ကင်းမဲ့နေဆဲပင် ဖြစ်၏။ သို့သော်လည်း ဆေဘာ ကတော့ ထိတ်လန့်တကြား ဟစ်ကြွေးလာခဲ့သည်။ ၎င်းသည် ထွက်ပြေးနိုင်ရန် မျှော်လင့်ချက်ဖြင့် အာကာသထဲသို့ ဖြတ်တောက် ဝင်ရောက်ရန် အစွမ်းကုန် ကြိုးစားနေခဲ့လေသည်။

သို့သော်လည်း...

ရိုးရွဲ သူတော်စင် ယန်ကျိ က လက်နှစ်ဖက်ကို ပူးယှက်လိုက်ကာ အာကာသ၏ ဒိုင်မန်းရှင်း သုံးခုလုံးကို ချိပ်ပိတ်လိုက်၏။ ထိုလုပ်ရပ်က ဆေဘာ၏ ကြိုးစားမှု အောင်မြင်မည့် အလားအလာကို ထပ်မံ တားဆီးလိုက်ခြင်း ဖြစ်၏။

ရှေ့ဆုံးတွင် ရှိနေသူမှာ ဂိုလိုင်ယက်ငှက် အရှင်သခင် ပင် ဖြစ်သည်။ သူမသည် ဝေ့ဝူယင်၏ နောက်ဆုံး လက်ကျန် ကြိုးစားအားထုတ်မှုများ ဖြစ်ပေါ်လာပါက အရင်ဆုံး ခံယူရန် ငါးစာအဖြစ် ဆောင်ရွက်ရန် တာဝန်ပေးခံထားရ၏။ သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် အရာက သူတို့ကို တုန်လှုပ်သွားစေခဲ့သည်။ ဂိုလိုင်ယက်ငှက် အရှင်သခင်က ဆေဘာ ရည်ရွယ်ချက် ကို အလွယ်တကူ ဖြိုခွင်းလိုက်ပြီး တစ်ပိုင်းသေနေသော အလောင်းကောင် အနီးသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် သူမက လက်ချောင်း ဆယ်ချောင်းလုံးကို အသုံးပြုကာ ဝေ့ဝူယင် အပေါ်သို့ ကန့်သတ်ချက် အများအပြား ချမှတ်လိုက်၏။ သူမကို ဟန့်တားရန် ကြိုးစားနေသော ဆေဘာ အလင်းတန်း တစ်ချက် လက်သွားသည်မှလွဲ၍ အခြား မည်သည့် ခုခံမှုမျှ မရှိခဲ့ချေ။

ဤမျှ လွယ်ကူနေခြင်းအပေါ် သူတို့အားလုံး ဝမ်းသာအားရ အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။ သို့သော်လည်း အနည်းငယ် တွေးတောကြည့်လိုက်သောအခါ ၎င်းက ယုတ္တိတန်နေခဲ့၏။

မကြာမီတွင် သူတို့ ခုနစ်ယောက်လုံးသည် တစ်ပိုင်းသေနေသည့် အလောင်းကောင်ကို ဝန်းရံလိုက်ကြသည်။ မည်သူကမျှ အပြည့်အဝ ပိုင်ဆိုင်ခွင့် မရစေရန် သေချာစေရန်အတွက် ခန္ဓာကိုယ်ပေါ်တွင် အလှည့်ကျ ချိပ်စည်းများ ချမှတ်လိုက်ကြ၏။

ဂိုလိုင်ယက်ငှက် အရှင်သခင်က သူမ၏ ပျော်ရွှင်မှုကို ဟန်ဆောင် စိတ်အနှောင့်အယှက် ဖြစ်မှုဖြင့် ဖုံးကွယ်ကာ နှုတ်ခမ်းဆူလိုက်လေသည်။

"ကျောင်းလုံ ရဲ့ သွေးမျိုးဆက်က နောက်ဆုံးတော့ ငါတို့အပိုင် ဖြစ်လာခဲ့ပြီပဲ..."

သူမက သက်သောင့်သက်သာရှိသော အသံဖြင့် ပြောလိုက်သည်။

ရုတ်တရက် ဝေ့ဝူယင်၏ မျက်လုံးများက ပွင့်လာခဲ့၏။ သို့သော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော ပြကွက်ကြောင့် သူတို့ထဲမှ မည်သူကမျှ သိပ်ပြီး အံ့ဩမသွားခဲ့ကြပေ။ သူတို့က သူ့အပေါ်တွင် လုံလောက်သော ချိပ်စည်းများ ချမှတ်ထားပြီးဖြစ်ရာ အရာအားလုံးက သူတို့၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့၏။ တာအိုမျိုးစေ့ ရှာဖွေသူ တစ်ယောက်တောင်မှ ဤချည်နှောင်မှုများကို ချိုးဖျက်ရန် ခက်ခဲပေလိမ့်မည်။

"ဒါဆို မင်းတို့ လိုချင်နေတာက အဲဒါပေါ့လေ..."

ဝေ့ဝူယင်က ငရဲဘုံမှ တစ္ဆေတစ်ကောင်အလား အက်ကွဲရှတသော အသံဖြင့် ပြောလိုက်သည်။ ရိုးရွဲ သူတော်စင် မဟူရာ မုဆိုး အရှင်သခင်မ က မည်သည့် သနားကြင်နာမှုမျှ မရှိဘဲ သူ့ကို ခံစားချက်မဲ့စွာ စိုက်ကြည့်နေခဲ့၏။ အခြားသူများကတော့ သူ့ကို သနားခြင်း သို့မဟုတ် မကျေနပ်ခြင်းများဖြင့်သာ ကြည့်ရှုနိုင်ကြသည်။ မည်သို့ပင် ဆိုစေ... ရိုးရွဲ သူတော်စင်တီသည်လည်း သူငယ်ချင်း တစ်ယောက်ကို ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလား။

သတိပေးချက် တစ်စုံတစ်ရာ မရှိဘဲ ဝေ့ဝူယင်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"ကျေးဇူးပဲ..."

သူ့ ရင်ဘတ်ထဲမှ ဟင်းလင်းပြင် ပုံဆောင်ခဲသည် တစ်ခဏအတွင်း ပျော်ဝင်သွားခဲ့သည်။ ထို့နောက် ပြင်ပတွင် မီးတောက် သင်္ကေတများ ပါဝင်သော စက်လုံးပုံစံ အရာဝတ္ထု ဘီလီယံ ရာပေါင်းများစွာ၊ ထရီလီယံပေါင်းများစွာကို အမှောင် ဟင်းလင်းပြင် အတွင်းသို့ ထုတ်လွှတ်လိုက်ကာ မိုင်ပေါင်း သိန်းနှင့်ချီသော နယ်မြေကို ပိတ်ဆို့လိုက်လေသည်။

"လာခဲ့ပေးတဲ့အတွက်..."

ဘုန်း... ဘုန်း...

ဆေးတောင့်များသည် တစ်ပြိုင်နက်တည်း ပေါက်ကွဲသွား၏။ ကြယ်ကွင်းပြင် ခုနစ်ခုစာနှင့် နှိုင်းယှဉ်နိုင်သော တောက်ပသည့် ရောင်ခြည်များက ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းသည် ယခင်က ဖြစ်ပွားခဲ့သော ပဲ့တင်ထပ် ဝိညာဉ် ပေါက်ကွဲမှုထက်ပင် သာလွန်နေခဲ့၏။

ဖွဲ့တည်နေသော နယ်မြေနှင့် ဂလက်ဆီတို့သည် ထာဝရ ပျက်စီးသွားကာ တိုက်စား ဖယ်ရှားခံလိုက်ရသည်။ ထို့ပြင် စူးစမ်းလေ့လာရေး သင်္ဘောများသည်လည်း မည်သည့် တုံ့ပြန်မှုမျှ မပြုလုပ်နိုင်ဘဲ ပြာကျသွားခဲ့၏။ သို့သော်... ပြာအနည်းငယ်မျှပင် ကျန်မရစ်ခဲ့ချေ။

စက္ကန့် ကိုးဆယ် ကြာပြီးနောက်...

ဝေ့ဝူယင်သည် အပြစ်အနာအဆာကင်းသော ဟန်ဆောင်မှုများကို ဆက်လက် ပြုလုပ်နေခြင်း မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ်နှင့် အော်ရာတို့သည် ကျန်းမာ သန်စွမ်းနေပြီး၊ အမှောင် ဟင်းလင်းပြင် တစ်လျှောက် လောင်ကျွမ်းနေသည့် ကြီးမားလှသော မီးတောက်လျှာကြီးများ၏ အကြွင်းအကျန်များအပေါ်တွင် ကြီးစိုးလွှမ်းမိုးမှုကို ထုတ်လွှတ်နေခဲ့၏။ တစ်ချိန်တည်းမှာပင် သူ့အပေါ် ချမှတ်ထားသော ချိပ်စည်းများမှာလည်း တစ်ခုမျှ ကျန်မနေခဲ့တော့ချေ။ အမှန်တကယ်တွင်တော့ ၎င်းတို့က တစ်ခါမျှ ရှိမနေခဲ့သကဲ့သို့ပင် ဖြစ်သည်။

ဤမီးတောက်လျှာကြီးများသည် ဂြိုဟ်များ၊ ကြယ်တာရာ နယ်မြေများနှင့် ကြယ်ကွင်းပြင် တစ်ခုလုံး၏ အစိတ်အပိုင်းများကိုပင် ပြာကျသွားစေနိုင်စွမ်း ရှိကြသည်။ သို့သော်လည်း သူ၏ အတွင်းမှ ဖြာထွက်နေသော မူလ အဓိက အာဏာ ၏ အော်ရာကြောင့် ၎င်းတို့သည် သူ၏ ရှေ့မှောက်တွင် ကြောင်ပေါက်လေးများအလား ယဉ်ပါးနေခဲ့ကြ၏။ အပူရှိန်ကပင်လျှင် သူ၏ သန့်စင်ထားသော ရုပ်ခန္ဓာကို သက်ရောက်နိုင်စွမ်း မရှိခဲ့ချေ။

ဆယ်စုနှစ်များစွာကြာ စုဆောင်းထားခဲ့သော မီးဂုဏ်သတ္တိပါ ဆေးတောင့် အများစုသည် ဤနေရာတွင် အသုံးပြုခံလိုက်ရခြင်း ဖြစ်လေသည်။

သို့သော်လည်း ထိုသူများသည် အထွတ်အထိပ် သူတော်စင် များ ဖြစ်ကြသည်။ ပဲ့တင်ထပ် ဝိညာဉ် ပေါက်ကွဲမှု တစ်ခုကသာ သူတို့၏ တည်ရှိမှု အဆင့်အထိ ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ ဆေးတောင့် အမြောက်အမြား ပေါက်ကွဲမှုကတော့ သိသာထင်ရှားသော ထိခိုက်ပျက်စီးမှုများနှင့် ပဲ့တင်ထပ် ချီ များ ကုန်ခမ်းသွားစေရန်သာ လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။

သတ်ဖြတ်လိုသော အရောင်အဝါများဖြင့် တောက်ပနေသည့် ငွေရောင် မျက်လုံးများနှင့်အတူ ဝေ့ဝူယင်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။

"မင်းတို့က ငါ့ရဲ့ အာရုံစိုက်မှုနဲ့ ငါ့ရဲ့ တည်ရှိနေမှုကို လိုချင်ခဲ့ကြတယ်မလား... ကဲ အခု ရသွားပြီလေ... အားလုံးကို ရသွားပြီပဲ..."

***

All Chapters