အခန်း ၂၅၄၇
Vol. 182 Ch. 2547
အပိုင်း(၂၅၄၇)
အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင်...
စာပေအသုံးအနှုန်းအရရော၊ လက်တွေ့တွင်ပါ ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးအလား လှပလွန်းလှသော မိန်းကလေး တစ်ဦးသည် မတ်မတ်ရပ်နေခဲ့၏။ သူမသည် လက်နှစ်ဖက်ကို ပူးယှက်ထားပြီး အံ့သြဖွယ်ကောင်းသော အရောင်အသွေးများနှင့် အာကာသ ပုံပျက်မှုများကို စိုက်ကြည့်နေခဲ့၏။ တောက်ပနေသော သူမ၏ မျက်လုံးများက ငွေရောင်ဖြစ်ပြီး၊ ရင်ဘတ်ထဲမှ နှလုံးသားက အနားမရဘဲ ခုန်ပေါက်နေသကဲ့သို့ ကြီးမားလှသော စိတ်ခံစားမှု လှိုင်းတံပိုးများဖြင့် လှုပ်ခတ်နေခဲ့သည်။
ထိုကောင်းကင် အပိုင်းအစ၏ နှလုံးသားထဲတွင် မည်သည့် တည်ငြိမ်မှုကိုမျှ ရှာမတွေ့နိုင်ခဲ့ချေ။
ဝေ့ရှောင်ထျန်းသည် တံတွေးကို လေးလံစွာ မြိုချလိုက်၏။ သူမ၏ မှတ်ဉာဏ်များက သတိပေးချက် မရှိဘဲ လှိုင်းထလာကာ သူမ၏ စိတ်အာရုံများမှာလည်း မျောလွင့်နေခဲ့သည်။ စုမေ့ နှင့် သူမ ပြောဆိုခဲ့ဖူးသော စကားဝိုင်းတစ်ခုက သူမ၏ အတွေးများကို ညင်သာစွာပင် ပြန်လည် တည်ငြိမ် သွားစေခဲ့သည်။
“ရှင် ကြောက်နေလား..."
သူမက မေးခဲ့သည်။
"အမြဲတမ်းပဲ..."
စုမေ့ က ပြန်ဖြေခဲ့သည်။
အဆက်မပြတ် ကြောက်ရွံ့နေရခြင်း၏ အဓိပ္ပာယ်ကို သူမ နားမလည်နိုင်အောင် ရှုပ်ထွေးသွားခဲ့စဉ်က၊ ထိုတုံ့ပြန်မှုက သူမ၏ နှလုံးသားကို အောက်ခြေအထိ တုန်လှုပ်သွားစေခဲ့၏။ စုမေ့သည် သူမ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေခဲ့သော သစ္စာဖောက်မှု၊ သတ္တိရှိမှုနှင့် အမှန်တရားများ ပါဝင်သည့် ဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည် ပြောပြခဲ့ခြင်း ဖြစ်သည်။ သစ္စာဖောက် လက်အောက်ငယ်သား တစ်ယောက်၏ သွေးထိုးလှုံ့ဆော်သော မေးခွန်းထုတ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့် ထိုနေ့က ဝေ့ဝူယင် ပြောခဲ့သော စကားများကို စုမေ့ ပြန်လည် ပြောပြခဲ့သည်ကို ယနေ့တိုင် သူမ မှတ်မိနေဆဲပင် ဖြစ်၏။
"ကြောက်တာလား... ငါက အမြဲတမ်း ကြောက်နေတာပဲ... ကောင်းကင်ကို ငါ ကြောက်တယ်... မြေကြီးကိုလည်း ငါ ကြောက်တယ်... လူတွေရဲ့ အကဲဖြတ်မှုကို ငါ ကြောက်တယ်... ငါ့ရန်သူရဲ့ ဓားသွားကို ငါ ကြောက်တယ်... အထက်လူကြီးတွေရဲ့ မကျေနပ်မှုကို ငါ ကြောက်တယ်... ငါ သတ်ဖြတ်ခဲ့တဲ့ သူတွေရဲ့ မုန်းတီးမှုကို ငါ ကြောက်တယ်... သဘာဝတရားက အကြင်နာဆုံး အချိန်ကို ငါ ကြောက်သလို၊ သဘာဝတရားက အရက်စက်ဆုံး အချိန်တွေကိုလည်း ငါ ကြောက်တယ်... ငါ မြင်သမျှ၊ ကြားသမျှ၊ အရသာခံသမျှ၊ ထိတွေ့သမျှနဲ့ ခံစားရသမျှ အရာအားလုံးကို ငါ ကြောက်တယ်... ဒါပေမဲ့ ဒီအကြောက်တရားကို သိရှိထားခြင်းအားဖြင့်၊ အဲဒါကို ငါ့နှလုံးသားနဲ့ မြင်နိုင်တယ်... ဒါကြောင့်မလို့ ငါ့မှာရှိတဲ့ အရာအားလုံးနဲ့ အဲဒါကို ရင်ဆိုင်နိုင်တာပေါ့..."
"အဲဒီ အကြောက်တရားကို ငါ့ခန္ဓာကိုယ်ထဲကနေ ဖြတ်သန်းခွင့်ပြုနိုင်တယ်... ပြီးတော့ အဲဒီအရာတစ်ခုချင်းစီက ငါ့ကို ဖြတ်ကျော်သွားတဲ့အခါ၊ အကြောက်တရားဆိုတာ စိတ်ကို သတ်ဖြတ်၊ ဝိညာဉ်ကို ကူးစက်ပြီး ခိုင်မာတောင့်တင်းလာနိုင်တဲ့ အလားအလာကို တိုက်စားပစ်တတ်တဲ့ ပြည်တည်နေတဲ့ သေဆုံးခြင်းတစ်ခုဆိုတာ ငါ နားလည်လာမိတယ်... ပြီးတော့ အကြောက်တရား ရှိနေပေမဲ့ ငါ့ကို မလွှမ်းမိုးနိုင်တဲ့အခါ၊ သံသယမရှိဘဲ ရှေ့ဆက်ဖို့ ငါ့ရဲ့ ဆန္ဒကို ငါ သန့်စင်နိုင်လိမ့်မယ်..."
ဤစကားများ စိတ်ထဲတွင် ပဲ့တင်ထပ်လာမှသာလျှင် ဝေ့ရှောင်ထျန်း တစ်ယောက် အကြောက်တရားများကို ငြိမ်သက်သွားစေခဲ့သည်။ သူမ၏ အသက်ကို ကယ်တင်ခဲ့သော ထိုအမျိုးသားအတွက် သူမ စိုးရိမ်ပူပန်မိသည်။ သူသည် မွေးရာပါ ချို့ယွင်းချက်ရှိသည့် သူမကို မည်သည့် ယုတ်မာသည့် ရည်ရွယ်ချက်မျှ မပါဘဲ ကျန်းမာစွာ ကြီးထွားလာစေရန် ခွင့်ပြုပေးခဲ့သူ ဖြစ်၏။ အသက်၊ ကံကြမ္မာနှင့် အပြစ်တရားတို့ဖြင့် ပြည့်နှက်နေသော ဤကမ္ဘာကြီးထဲတွင် ထိုသို့သော ယုတ်မာမှုများက အခြားသူများ၏ နှလုံးသားများကို မကြာခဏ မည်းညစ်စေတတ်သည် မဟုတ်ပါလား။ ထို့ကြောင့် သူမက အကြောက်တရားများကို သူမထံသို့ ဖြတ်သန်း စီးဆင်းခွင့် ပြုလိုက်လေသည်။
"ကျွန်မ ရှင့်ကို စောင့်နေတယ်..."
သူမက ခပ်တိုးတိုးလေး ရေရွတ်လိုက်၏။ သို့သော်လည်း... ထိုစကားလုံးများက လေထဲတွင် တိတ်ဆိတ်စွာဖြင့် ထာဝရတိုင်အောင် ရစ်ဝဲနေခဲ့သည်။
...
အကြောက်တရား...
ဝေ့ဝူယင် ကြောက်နေခဲ့သည်။ သို့သော် သူ ဘယ်အချိန်ကများ မကြောက်ခဲ့ဖူးလို့နည်း။ သူ အရာအားလုံး ဆုံးရှုံးခဲ့ရသည့် နေ့မှစ၍၊ အကြောက်တရား လွှမ်းမိုးမနေခဲ့သော အခိုက်အတန့်ဆိုသည်မှာ တစ်စက္ကန့်မျှပင် မရှိခဲ့ချေ။ ထို့ပြင် လျှို့ဝှက် အာဏာရှင် တစ်ယောက်အနေဖြင့် အထွတ်အထိပ် သူတော်စင် များကို ဆန့်ကျင် ရင်ဆိုင်ရခြင်းက အလွန် ထိတ်လန့်ဖွယ် ကောင်းနေခဲ့၏။ သူသည် သူ့ထက်ပို၍ မြင့်မားသော တည်ရှိမှု အခြေခံ အဆင့်တစ်ခုတွင် ရှိနေသည့် တည်ရှိမှုများကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။
သို့တိုင်အောင်... သူသည် ကိုယ်ပိုင် လမ်းကြောင်းကို တစ်လှမ်းချင်း လျှောက်လှမ်းနေသော သာမန် သေမျိုး တစ်ယောက် ဖြစ်ခဲ့စဉ်ကပင် မည်သည့်အရာကမျှ သူ့ကို သို့မဟုတ် သူ့ မိသားစုကို မတားဆီးနိုင်ခဲ့ပေ။ သေမင်း၏ ခြိမ်းခြောက်မှုကပင် မတားဆီးနိုင်ခဲ့ချေ။
သို့သော်လည်း ယနေ့ကတော့ ကွာခြားနေခဲ့သည်။
ချောင်စွေ့ဖုန်း၊ ပါခက်၊ ရှီနင်၊ လော့နင်၊ အီမန်တက်...
သူ၏ အမည်နာမ...
သူ၏ အမွေအနှစ်...
ရှေ့ဆက်ရန်၊ ရှင်သန်ရန်နှင့် အောင်မြင် ကြီးပွားရန်အတွက် သူ၏ ပြိုင်ဘက်ကင်း ဆန္ဒကို အမြဲတမ်း အရှုံးပေးနေရသော ထိုအကြောက်တရား အတွင်း၌၊ ဖိနှိပ်လွှမ်းမိုးထားသော ပြင်းထန်သည့် ဒေါသလှိုင်းလုံးကြီး တစ်ခု ရှိနေခဲ့သည်။
ထိုဒေါသက သန့်စင်နေသည်။ မည်သည့် အကာအကွယ်မျှ မရှိပေ။ ထိန်းချုပ်ထားခြင်းလည်း ကင်းမဲ့နေသည်။
၎င်းသည် စွမ်းအင်များ၊ အမတေများနှင့် အာကာသကိုယ်တိုင်ကိုပင် လောင်ကျွမ်းစေကာ စူးရှသော ဟစ်ကြွေးသံဖြင့် ဟိန်းဟောက်နေသည့် မီးတောက်နယ်မြေကြီး အတွင်းတွင် လွှမ်းခြုံထားသည်။ ထိုအရာက ကျယ်ပြောလှသော လေဟာနယ် ဟင်းလင်းပြင်ကို ကျော်လွန်ကာ မိုင်ပေါင်း ဘီလီယံနှင့်ချီ၍ ပဲ့တင်ထပ်နေခဲ့၏။ ထိုနေရာတွင် ရိုးရွဲ သူတော်စင် မဟူရာ မုဆိုး အရှင်သခင်မ၊ ရိုးရွဲ သူတော်စင် ယန်ကျိ၊ ရိုးရွဲ သူတော်စင်တီ၊ အပျက်အစီး ကြယ်တာရာ နန်းတော်သခင်၊ အဆောင် ကြယ်တာရာ နန်းတော်သခင် နှင့် ဂိုလိုင်ယက်ငှက် အရှင်သခင် ဟူသော အထွတ်အထိပ် အော်ရာ ခြောက်ခုက ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။
သူတို့သည် ခံစားချက်မျိုးစုံကို ဖြတ်သန်းနေရပြီး၊ အထူးခြားဆုံးနှင့် အထင်ရှားဆုံးမှာ သူတို့ မျှဝေခံစားနေရသော မယုံကြည်နိုင်မှုနှင့် နာကျင်မှု ဟူသည့် ထင်ရှားသော ခံစားချက် နှစ်ခုပင် ဖြစ်၏။ ဆေးတောင့် များ၏ ပေါက်ကွဲမှုသည် လုံရှီယာ ၏ ပေါက်ကွဲမှုကဲ့သို့ပင် ရုတ်တရက် ဖြစ်ပေါ်လာပြီး မမျှော်လင့်ထားသောအရာ ဖြစ်သည်။ ဝေ့ဝူယင် မျက်လုံးဖွင့်လိုက်သည်မှလွဲ၍ မည်သည့် သတိပေးချက်မျှ မရှိသလောက်ပင် ဖြစ်ကာ၊ သူတို့ကို အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်ကျဲသွားစေခဲ့လေသည်။
ဤမီးတောက်မီးလျှံ နယ်မြေကြီးသည် အမှောင် ဟင်းလင်းပြင် အတွင်း မိုင်ပေါင်း ဘီလီယံနှင့်ချီ၍ လောင်ကျွမ်းနေခဲ့သည်။ တစ်ချိန်တည်းမှာပင် မိုးကုပ်စက်ဝိုင်းပေါ်တွင် အမဲလိုက်ပွဲ တစ်ခု စတင်တော့မည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။ အထွားကျိုင်းဆုံး ငါးများကို ငါးစာတပ် ဖမ်းယူနိုင်ခဲ့သော အောင်မြင်သည့် ငါးဖမ်းခရီးစဉ် တစ်ခုအပြီးတွင် ပြင်ဆင်ထားသည့် အမဲလိုက်ပွဲပင် ဖြစ်သည်။
ဝေ့ဝူယင်၏ လျှို့ဝှက် ရောင်စဉ် စက်လုံး သည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ သစ္စာရှိသော စစ်သည်တော်များအလား အတုအယောင် လျှို့ဝှက် သင်္ကေတများ ဆယ်ဘီလီယံအဖြစ် ပေါက်ကွဲထွက်လာခဲ့၏။ ၎င်းတို့သည် လောင်ကျွမ်းနေသော မီးတောက်များ၏ သက်ရောက်မှုကို မခံရဘဲ ရေထဲရှိ ငါးအုပ်တစ်အုပ်လို ရွေ့လျားသွားလာနေကြသည်။ သူကဲ့သို့ပင် အပူရှိန်ကို အံတုနိုင်စွမ်း ရှိကြလေသည်။
"အာကာသ... အချိန်... ရောင်စဉ်... ဝိညာဉ်..."
အတုအယောင် လျှို့ဝှက် သင်္ကေတ ရှစ်ဘီလီယံသည် အမှောင် ဟင်းလင်းပြင် အတွင်းသို့ အပြစ်အနာအဆာကင်းစွာ ပျော်ဝင်သွားခဲ့ပြီး မိုင်ပေါင်း သုံးထရီလီယံ အကျယ်အဝန်းအတွက် လျှို့ဝှက် တားမြစ်ချက် တစ်ခုကို တည်ဆောက်လိုက်သည်။ ထိုအရာက အာကာသ၏ ဒိုင်မန်းရှင်းများ၊ အချိန်စီးကြောင်းများနှင့် ဟင်းလင်းပြင် အတွင်း ကျန်ရှိနေသေးသော ကသောင်းကင်းမဲ့မှုများ အပေါ်သို့ အလွယ်တကူ ထပ်ဆင့် လွှမ်းမိုးသွား၏။ လျှို့ဝှက် တာအို က လမ်းညွှန်ပေးနေသည့်အလား မည်သည့် ကန့်သတ်ချက်များကိုမဆို အံတုနိုင်စွမ်း ရှိနေခဲ့သည်။
နက်နဲလှသော လျှို့ဝှက် လမ်းစဉ် လေးခုကို ဝေ့ဝူယင်၏ ဥပဒေသများနှင့် ရင်ပေါင်တန်းနိုင်သော ထူးခြားသည့် လျှို့ဝှက် အာဏာက တိုက်ရိုက် တားမြစ်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့ထဲတွင် ဝိညာဉ် သည် ဖိနှိပ်ထားသော ကန့်သတ်ချက်များ၏ အသုံးချမှု အသစ်တစ်ခု ဖြစ်၏။ လျှို့ဝှက် အဆင့် ဝိညာဉ် စွမ်းအင် ဖြင့် အားဖြည့်ထားသော ဝိညာဉ်အာရုံ သည် မှုန်ဝါးလာပြီး တိကျမှု ကင်းမဲ့လာကာ၊ ပုံမှန်အားဖြင့် အာရုံငါးပါးသို့ ပေးပို့လေ့ရှိသော ဝိသေသလက္ခဏာများကို ပုံမှန်မဟုတ်ဘဲ ခွဲခြားရခက်စေသည့် ဝင်ရောက်နှောင့်ယှက်မှု တစ်မျိုးကို ခံစားလာရသည်။
ရလဒ်အနေဖြင့် အမြင်အာရုံ အစီအရင်များ၊ ရှာဖွေရေး ဝိညာဉ် ကျင့်စဉ်များနှင့် ယေဘုယျအားဖြင့် အစီအရင်များကို ပစ်မှတ်ထားခြင်းများအား အသုံးမဝင် ဖြစ်သွားစေသည်။
"လျှို့ဝှက် တားမြစ်ချက် ဟုတ်လား..."
ဤသည်မှာ ယခုရောက်ရှိနေသော အထွတ်အထိပ် သူတော်စင် များသည် ၎င်း၏ သက်ရောက်မှုများကို ကိုယ်တိုင်ကိုယ်ကျ ပထမဆုံးအကြိမ် ခံစားရခြင်း ဖြစ်သည်။ အဝေးမှနေ၍ သူတို့သည် မှေးမှိန်သော တားမြစ်ချက် အင်အားတစ်ခုကိုသာ အာရုံခံမိခဲ့ကြ၏။ သူတို့၏ ကိုယ်ပိုင် လျှို့ဝှက် လောက ရည်ရွယ်ချက်ပင်လျှင် ဤအာဏာကို မကျော်လွှားနိုင်ခဲ့သဖြင့် သူတို့ လုံးဝ မှင်တက်သွားခဲ့ရသည်။
ထို့အပြင်...
"လေးခုတောင်လား..."
လျှို့ဝှက် တားမြစ်ချက် တစ်ခုကို တည်ဆောက်ရာတွင် လျှို့ဝှက် ဝိညာဉ် တစ်ခု၏ အမြင့်ဆုံး အာရုံစူးစိုက်မှု လိုအပ်ပြီး၊ ထိုသို့ လုပ်ဆောင်သည့်အခါ လျှို့ဝှက်ခြင်း လမ်းစဉ် တစ်ခုတည်းကိုသာ ထိရောက်စွာ ချည်နှောင်နိုင်ကြောင်း ရိုးရွဲ သူတော်စင် ယန်ကျိ နားလည်ထားသည်။ သို့သော် ဤနေရာတွင်... လေးခုတောင် ရှိနေခဲ့သည်။ ထို့အပြင် ဤထူးခြားသော ပတ်ဝန်းကျင်တွင် သူ၏ ဝိညာဉ်အာရုံမှာ ရှင်းလင်းသည့် ပုံရိပ်များကို စုဆောင်းနိုင်ခြင်း မရှိတော့ချေ။ သူသည် ဝိညာဉ်အမြင် ကိုသာ အားကိုးရတော့မည် ဖြစ်၏။
ထိုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့နေရသည်းက ယန်ကျိ တစ်ယောက်တည်း မဟုတ်ပါချေ။ သူတို့ အားလုံးပင် ဖြစ်သည်။ ဝိညာဉ်အမြင် နှင့် ဝိညာဉ်အာရုံ တို့သည် အလွန် ခက်ခဲသော အာရုံခံစားမှု ပုံစံနှစ်မျိုး ဖြစ်သည်။ တစ်ခုက သူတို့၏ အစစ်အမှန် ဝိညာဉ် နှင့် အသိစိတ်ပင်လယ် မှ မြစ်ဖျားခံပြီး၊ အခြားတစ်ခုကတော့ သူတို့၏ ပဲ့တင်ထပ် ဝိညာဉ် ၏ ထုတ်လွှင့်ပေးသော အာရုံခံစားမှု ဖြစ်သည်။ ထို့ကြောင့် အချို့အရာများကို သူတို့၏ ပဲ့တင်ထပ် ဝိညာဉ် က လွတ်သွားနိုင်ပေသည်။
သူတို့သည် ဆီထဲရောက်နေသော လင်းပိုင်များနှင့် တူနေခဲ့သည်။ မီးတောက်နယ်မြေကြောင့် လုံးလုံးလျားလျား မျက်စိကန်းသွားခဲ့ပြီး အခြားရွေးချယ်စရာ အာရုံခံစားမှု ပုံစံကိုသာ အားကိုးနေရ၏။ သူတို့သည် ချိန်ညှိမှု လုပ်ဆောင်ရန် ခက်ခဲနေခဲ့သည်။
သို့သော်လည်း သူတို့သည် သာမန် ကျင့်ကြံသူများ မဟုတ်ပါချေ။ အထွတ်အထိပ် တည်ရှိမှုများ ဖြစ်ကြပေသည်။ သူတို့ အားလုံးသည် တညီတညွတ်တည်း သူတို့၏ ကိုယ်ပိုင် ကာကွယ်ရေး ဝင်္ကပါများကို ထုတ်ယူလိုက်ကြပြီး မီးတောက်များကို ပုတ်ထုတ်ကာ လွတ်ကင်းသော နယ်မြေများကို တည်ဆောက်လိုက်ကြလေသည်။
တစ်ချိန်တည်း၌... ဝေ့ဝူယင်၏ ခန္ဓာကိုယ်သည် ဒြပ်စင် မူလ ရည်ရွယ်ချက် ၏ အော်ရာကို ပုံတူကူးချလိုက်ပြီး ဝန်းရံနေသော မီးတောက်များနှင့် အပြစ်အနာအဆာကင်းစွာ ပေါင်းစပ်သွားကာ တစ်သားတည်း ဖြစ်သွားခဲ့၏။ တောတွင်း ဝတ်စုံကို ဝတ်ဆင်ထားသော ကျွမ်းကျင်သည့် မုဆိုးတစ်ယောက်လိုပင် သူ ဖန်တီးထားသော ပတ်ဝန်းကျင်ထဲသို့ သူ ပျော်ဝင်သွားခဲ့ခြင်း ဖြစ်သည်။
ဝိညာဉ် အစီအရင်များ၊ သို့မဟုတ် တုန်ခါမှုများအပေါ် အားကိုးသော အာကာသ၊ အချိန်၊ ရောင်စဉ်လှိုင်း တည်နေရာရှာဖွေခြင်း စသည်တို့မှတစ်ဆင့် သူ့ကို ရှင်းလင်းစွာ အာရုံမခံနိုင်တော့ပေ။ ၎င်းတို့မှာ အစစ်အမှန် ကျွမ်းကျင်သူများအနေဖြင့် သူတို့ အများအပြား ပိုင်ဆိုင်ထားသော နည်းလမ်းများ ဖြစ်သည်။ ယခုအခါတွင်တော့ သူတို့၏ အားထားရဆုံးသော အရာများကို အလုခံလိုက်ရပြီ ဖြစ်၏။ ထို့အပြင် ဝေ့ဝူယင်ကိုလည်း သူတို့ ရှာမတွေ့နိုင်တော့ချေ။
***