အပိုင်း (၂၇၅) - ငါ့ကို ဓားပြမတိုက်ဘူးလား
Vol. 003 Ch. 275
တစ်ခဏအကြာတွင် အားလုံးသည် ဖြည်းဖြည်းချင်း ထလာသည်။ သူတို့သည် ရှီမာယူယူနှင့် ကျောက်စိမ်းတို့ကို ပြုံးပြပြီး နှုတ်ဆက်ကာ ကိုယ့်အလုပ်ကို သွားလုပ်ကြလေသည်။
“ညီလေး ၅”
ရှီမာယူလီ လျှောက်သွားကာ ပြောလိုက်သည်
“ဒီနေ့ မင်းတို့ ဘာလုပ်မှာလဲ”
ရှီမာယူယူ ပခုံးတွန့်ကာ ပြောလိုက်သည်
“သူတော်စင်မြို့တော်က ပိတ်ချလိုက်ပြီ၊ ငါတို့ဝင်လို့ မရတော့ ဘာအစီအစဉ်မှ မရှိဘူး”
“အစ်ကိုကြီးနဲ့ ငါ တောင်တွေဘက် လမ်းလျှောက်မလို့၊ မင်း လိုက်ချင်လား” ရှီမာယူလီ မေးလိုက်သည်။
“အိုခေ ကျွန်တော်လည်း လုပ်စရာမရှိဘူး ဖြစ်နေတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ရှင်တို့အားလုံး အပြင် သွားကြမလို့လား” ကျောက်စိမ်း မေးလိုက်သည်
“ဒီနေရာက သားရဲတွေခြေရှုပ်တဲ့ နေရာနဲ့ ဝေးတယ်ဆိုပေမဲ့ ရူးနေတဲ့ ဝိညာဉ်သားရဲတ ွရှေိနေသေးတယ်”
“ကိစ္စမရှိဘူး၊ ငါတို့နဲ့ ဆိုရင် သွားလို့ရတယ်” ရှီမာယူလီ ပြောလိုက်သည်။
“မမ မမ သမီးလည်း လိုက်မယ်” သက်တန့်လေးသည် ပျံကာ သူမပခုံးပေါ်သို့ ဆင်းသက်လိုက်သည်။
“အိုခေ”
ရှီမာယူယူသည် သက်တန့်လေး၏ ခေါင်းအားပုတ်ကာ မနီးမဝေးတွင် ရှိနေသော ဟာစွန်အား ကြည့်ကာ မေးလိုက်သည်
“မင်းရဲ့ မိန်းမလေးက ငါတို့နဲ့လိုက်ချင်နေတယ်၊ မင်းရော လိုက်မှာလား”
“ဒီမှာ ဒေါသထွက်နေတဲ့ ဝိညာဉ်သားရဲတွေ ရှိနေတယ်၊ မင်းတို့ မသွားတာ ကောင်းမယ်”
ဟာစွန် ပြောလိုက်သည်။
“မင်းလည်း အဲဒီလိုခံစားရလား”
ရှီမာယူယူ မေးလိုက်သည်။ ဟာစွန် ခေါင်းညိတ်သည်။ သူ ဒီကို ရောက်ပြီးနောက်တွင် ကိုယ်ရောင် ကိုယ်ဝါ တစ်မျိုးကို ခံစားမိသည်။ ထိုကဲ့သို့ ကိုယ်ရောင်မျိုးသည် သူ့အား စိတ်လှုပ်ရှား စေသည်။ ထိုအရာသည် အင်အားကောင်းလွန်း၍ မဟုတ်လျှင် သူသည် အလွန်ရူးသွပ်၍ဖြစ်မည်။
ရှီမာယူယူသည် သူမ မေးစေ့အား ထိလိုက်သည်။ သူမ နဂါးတောင် ဘေးရောက်ပြီးနောက်တွင် မတည်မငြိမ်ဖြစ်နေသော ကိုယ်ရောင်အကြောင်းကို ဟိန်းသံလေး သူမအား ပြောခဲ့သည်။ သို့သော် သူမ ရာဟွောင်နှင့် ဟိန်းသံထောင်ချီကို မေးရာ ဘာမှ မခံစားရဟု ပြောလေသည်။ သူမသည် ဟိန်းသံလေး ပြောသမျှကို မယုံနိုင်သေးပေ။
အဘယ့်ကြောင့် ဆိုသော် သူကဲ့သို့ ရှေးဟောင်းသားရဲများသည် သာမန် ကိုယ်ရောင် ကိုယ်ဝါကိုပင် ခံစား လွယ်သောကြောင့်ဖြစ်သည်။ ဟာစွန်သည်လည်း ထိုကဲ့သို့ ပြောလာသဖြင့် သူမ စဉ်းစားသည့် အတိုင်း သေချာနေပြီဖြစ်သည်။
သားရဲတစ်သောင်း တောင်တွင် နှစ်တိုင်း လှုပ်လှုပ်ရှားရှား ဖြစ်ရသည့် နောက်ကွယ်တွင် အကြောင်းအရင်း ရှိရမည်။
“အဲဒါက ဒီနေရာမှာ သားရဲမျိုးစုံတွေ ပိတ်မိနေလို့ မဖြစ်နိုင်ဘူးလား”
သူမသည် မနှစ်က ဝေဒနာ မေ့ပျောက်ခြင်း ကျွန်းတွင် ရှိစဉ်က မြင်ကွင်းကို မှတ်မိကာ အမှတ်တမဲ့ စဉ်းစားမိသည်။
“ဘာဖြစ်လို့လဲ”
ရှီမာယူယူ တစ်ခုခု စဉ်းစားနေသည်ကို ရှီမာယူလီ သတိထားမိသော အခါ မေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး အစ်ကိုကြီးနဲ့ တခြားသူတွေကို သွားနိုးလိုက်ပါဦး”
ရှီမာယူယူ အပြုံးဖြင့် ပြောလေသည်။ သူမ ခန့်မှန်းချက်သည် အမှန်ဖြစ်လာ ပါကလည်း လုပ်နိုင်တာမရှိပေ။ မဟုတ်ရင် တိုင်းပြည်တစ်ခုလုံး မကြာခင် အမှုန့်ဖြစ်သွားမည်ဖြစ်သည်။
စဉ်းစားပြီးနောက်တွင် သူမ တွေးမနေတော့ပဲ ပြောလိုက်သည်
“မင်းမလိုဘူး ဆိုရင် မင်းမပါပဲ သွားတော့မယ် ဟုတ်ပြီလား”
“သက်တန့်လေးကို ဂရုစိုက်ပေး”
ဟာစွန်သည် ပြောပြီးနောက်တွင် လှည့်ထွက်ကာ သူ၏တဲသို့ ပြန်သွားလေသည်။
အထွတ်အထိပ် သားရဲသည် တဲတွင်နေသည်….ဒါက သူတို့အတွက် ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။
ရှီမာယူမင်နှင့် တခြားသူများ လျှောက်လာကာ ပြောလိုက်သည်
“ညီလေး ၅ သွားရအောင်”
“မိန်းကလေး ကျောက်စိမ်း မလိုက်ဘူးလား”
ရှီမာယူလီ မေးလိုက်သည်။ ကျောက်စိမ်း ခေါင်းယမ်းကာ ပြောလိုက်သည်
“ယူရှင်းနဲ့ တခြားသူတွေကို ဒီနေ့ မြို့ကို လိုက်ပေးမယ်လို့ မနေ့က ပြောထားလို့”
“ကောင်းပြီ မင်းတို့ အားလုံးလည်း ဘေးကင်းပါစေ”
ရှီမာယူယူ ခေါင်းညိတ်ကာ ရှီမာယူမင်နှင့် တခြားသူများနှင့် အတူ စခန်းချရာမှ ထွက်သွား လေသည်။ သားရဲတစ်သောင်း တောင်သည် မြင့်သည့် အထဲတွင်ပါသည်။ သူတို့သည် နဂါးတောင်ထိပ် လာပြီး အောက်ရှိ မြို့ငယ်လေးအား ကြည့်လိုက်သည်။ သူတို့ကြည့်သည့် အခါတွင် မြို့မှာ အနည်းငယ် ကြီးသည်ကို တွေ့ရသည်။
“ဟင်”
သူမ ဘေးပတ်ဝန်းကျင် ရှုခင်းကို မြင်သောအခါ သူမ ရုတ်တရက် အော်လိုက်သည်။
“ညီလေး ၅ ဘာဖြစ်လို့လဲ” ရှီမာယူရန် မေးလိုက်သည်။
“အစ်ကိုတို့ ကြည့်လိုက်ကြဦး အဲမြို့လေးနဲ့ ကန်က ယင်နဲ့ယန် နှစ်ခုနဲ့မတူဘူးလား”
ရှီမာယူယူသည် မြို့နှင့် ကန်အားညွှန်ပြရင်း ပြောလေသည်။ မြို့နှင့်ကန်မှာ သိပ်မဝေး သော်လည်း အကြားတွင် တောင်ကြား တစ်ခုဖြတ်သွားသည်။ ကြားထဲတွင် နဂါးတောင် ပိုင်းခြား ထားသည်မှာ ယင်နှင့် ယန်ပုံစံဖြစ်နေလေသည်။
“ယင်နဲ့ ယန်လား အဲဒါဘာလဲ”
ရှီမာယူရွှီ မေးလိုက်သည်။ ရှီမာယူယူသည် စကားလုံး မဲ့သွားသည်။ ထိုနေရာတွင် ဒဿနိက ပညာရှင် မရှိသည်ကို တွေးမိသော အခါ ထိုလူများသည် ယင်နှင့် ယန်အကြောင်း မသိသည်မှာ သဘာဝပင် ဖြစ်သည်။
“ဘာမှမဟုတ်ပါဘူး တည်ဆောက်မှုလို ပုံစံမျိုးပဲ”
သူမသည် စိတ်ပျက်စွာဖြင့် ပြုံးလိုက်သည်။ သူတို့တောင်များကို ဖြတ်လျှောက်လာရာ ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ပေ။ ဒေါထွက်နေသော သားရဲတစ်ကောင်မှ မတွေ့ရပဲ ဝိညာဉ် သားရဲများနှင့် ယှဉ်ပြိုင်မည့် မူလ အစီအစဉ်ကို လက်လွှတ်ကာ စခန်းသို့ပြန်လာလိုက်သည်။
ရှီမာယူယူသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်သဖြင့် သူမ တစ်ယောက်တည်း လမ်းလျှောက် ချင်သည်ဟု ပြောလိုက်သည်။ သည်လိုနှင့် တခြားသူများသည် ပြန်လာကာ သူမသည် တောင်တွင် ကျန်ခဲ့လေသည်။
သူမသည် နောက်ဆုံးတွင် ကျောက်ခမ်းပါးသို့ ရောက်ကာ ပတ်ဝန်းကျင်အား မြင်ရသည်။ သူမသည် ဝမ်းနည်းစွာ ပြောမိသည်
“ငါ ဒီဘဝကို ပြန်ဖို့ဖြစ်နိုင်မလား၊ ဟူး… ဘာလို့ ရုတ်တရက် အရင်ဘဝကို ပြန်တမ်းတ နေတာလဲ”
သူမသည် ကျောက်ခမ်းပါးတွင် ခဏတာမျှနေကာ သူမထွက်သွားမည် အလုပ်တွင် အနံ့တစ်ခု ရလိုက်သည်။
“သစ်ရွက် တစ်ရာပန်း”
သူမ မတ်တတ် ရပ်ကာ အာရုံစိုက်ပြီး အနံ့ခံကြည့်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်
“တကယ်ပဲ သစ်ရွက်တစ်ရာ ပန်းပဲ၊ ဒီပန်းအနံ့ရတာက အဲပန်း ပွင့်နေပြီလို့ ဆိုလိုတာပဲ၊ ငါ့ ကံကောင်းမယ်လို့ ထင်မထားမိဘူး၊ ငါက ပန်းသစ်ရွက်တစ်ရာ တောထဲ ကျသွားတာပဲ”
အနံ့သည် ကျောက်ခမ်းပါး အောက်မှ လာသောကြောင့် ဆင်းသွားပြီး ချောင်းကြည့် လိုက်သည်။
“အမလေး ပန်းပွင့်ဖို့ကို စောင့်လိုက်ရတာ၊ လှလိုက်တဲ့ ပန်းတွေပဲ ငါ မြန်မြန်ခူးပေးမယ်”
ရှီမာယူယူ အောက်သို့ရောက်သောအခါ ပိန်ပါးသော အဘိုးကြီး တစ်ယောက်သည် ရုပ်ဆိုးသော အပြုံးပြုံးကာ ဆောင့်ကြောင့် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူသည် သစ်ရွက်တစ်ရာ ပန်းများကို တူးကာ သစ်သားသေတ္တာထဲသို့ ဂရုတစိုက် ထည့်နေသည်ကို တွေ့လိုက်သော အခါ ထိုလူသည် တန်ဖိုးကြီးသော ဆေးဖက်ဝင် ပစ္စည်းများကို နားလည်သောသူ ဖြစ်သည်ကို သူမ သိလိုက်သည်။ အစပိုင်းတွင် သူမသည် ပစ္စည်းများ အချောင်ရပြီဟု တွေးလိုက ်သော်လည်း တစ်စုံတစ်ယောက်က အခွင့်အရေး အရင်ယူသွားမည်ဟု သူမ ထင်မထားပေ။ သူမ လုယူရန် စိတ်ကူး မရှိသဖြင့် ထွက်သွားရန် လှည့်ထွက်လိုက်သည်။
“ဒီကောင်လေးက တကယ် ထူးဆန်းတာပဲ ပန်းအနံ့ရလို့ ရောက်လာပြီးမှ ဘာလို့ ဘာမှမပြောပဲ ထွက်သွားတာလဲ”
အဘိုးကြီးသည် သစ်ရွက်တစ်ရာ ပန်းကို သိမ်းရင်းနှင့် ရှီမာယူယူဘက် လှည့်ကြည့်လိုက်သည်။ တစ်ဖက်လူမှ စကား ပြောလာမည်ဟု ရှီမာယူယူ ထင်မထားသဖြင့် သူမ ရပ်ကာ ပြောလိုက်သည်
“ဘိုးဘိုးက ယူပြီးပြီမလား၊ ကျွန်တော်က ဘာလို့ ပြောနေတော့မှာလဲ၊ အဘိုး ခူးတာပဲ ကြည့်ရုံပဲ ရှိတော့တာပေါ့”
“မင်း ငါ့ကို ဓားပြတိုက်လို့ ရတယ်”
အဘိုးကြီးတွင် နှင်းအဖြူရောင် ဆံပင်ရှိကာ သူ့မျက်လုံးများသည် တောက်ပနေသည်။ လူတစ်ကိုယ်လုံးသည် အားမာန် အပြည့်ဖြစ်နေသည်။ သူပြောသည်ကို ကြားသောအခါ ရှီမာယူယူ မှင်တက် သွားသည်။ သူ့ကို ဓားပြတိုက်ဖို့ ပြောတဲ့သူ ရှိနေတာပါလား။ သူမ ခေါင်းယမ်းကာ ပြောလိုက်သည်
“သစ်ရွက်တစ်ရာပန်းက ရှားပေမဲ့ ကျွန်တော့်ကို မကိုင်လှုပ်နိုင်ဘူး၊ အဘိုးကို ကျွန်တော် နိုင်ရင်တော့ ကောင်းတာပေါ့ ဒါပေမဲ့ မနိုင်ဘူး ဆိုရင် ပြဿနာ ရှာတာပဲဖြစ်သွားမယ်”
“ဉာဏ်ကောင်းတယ်”
အဘိုးကြီး ပြောလိုက်သည်
“မင်းလည်း အဂ္ဂိရတ် ပညာရှင်လား”
“ကျွန်တော် နည်းနည်း သိတာပါ”
တစ်ဖက်လူ၏ အင်အားကို မမြင်နိုင်သည်ကို ရှီမာယူယူ သတိပြုမိသောကြောင့် အနည်းငယ် တုန်လှုပ် သွားသည်။ သို့သော် သူမ စဉ်းစားကြည့်သော အခါ ဒီလိုအချိန်တွင် သားရဲ တစ်သောင်းတောင်တွင် တစ်ယောက်တည်း သွားလာရဲသူသည် သေချာပေါက် သာမာန်လူ မဟုတ်နိုင်ပေ။ အဘိုးကြီးသည် အစက သူ့အား ဓားပြတိုက်မည်ဟု ထင်ထားသော်လည်း အရူး ကောင်လေးကို တွေ့ရမည်ဟု မထင်ထားပေ။
“မင်း တကယ်ပဲ ငါ့ကို ဓားပြမတိုက်ဘူးလား”
အဘိုးကြီးသည် ထပ်မေးရန် ကြိုးစားလေသည်။ ရှီမာယူယူ ခေါင်းယမ်းကာ ပြောလိုက်သည်
“အဘိုးမှာ ကျွန်တော် မက်လောက်တဲ့ ပစ္စည်းရှိလား၊ ရှိတယ်ဆိုရင် ဓားပြတိုက်မယ် မရှိရင်တော့ ထားလိုက်တော့”
ပြောပြီးနောက်တွင် သူမ ထွက်သွားရန် လှည့်လိုက်သည်။ ရှီမာယူယူ ထွက်သွားသည်ကို အဘိုးကြီး စောင့်ကြည့်ပြီးနောက် မုတ်ဆိတ်အား ပွတ်ကာ သူမနောက် လိုက်သွားလေသည်။ သူသည် ရှီမာယူယူ့ လက်အားဆွဲပြီး ပြောလိုက်သည်
“လူလေး ငါ့ကို ဓားပြမတိုက်ပဲ တကယ် သွားတော့မလို့လား”
ရှီမာယူယူ အဘိုးကြီးအား ကြည့်လိုက်သည်။ သူမသည် သူ၏ အရှိန်နှုန်းနှင့် အားကို အံ့သြ သွားလေသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်နှာသည် လုံး၀ မည်းသွားလေသည်။ သူသည် ဒီလောက် သန်မာနေတာကို ဘာလို့ ဓားပြ တိုက်ခိုင်းတာလဲ။ ထိုအချိန်တွင် သူမ၏ တည်ငြိမ်နေသော နတ်ဆိုးညွှတ် လက်ပတ်သည် ရုတ်တရက် လှုပ်လာသောကြောင့် သူမ အံ့သြ သွားသေလည်။
“မင်းလက်ပတ်က ထူးဆန်းတာပဲ”
အဘိုးကြီးသည် နတ်ဆိုးညွှတ် လက်ပတ်အား ကြည့်လိုက်သည်
“ဒါက နတ်ဆိုးညွှတ်ပန်းပဲ၊ အဲပန်းက လွန်ခဲ့တဲ့ နှစ်တစ်ထောင် နတ်ဆိုး စီနီယာ ခေါင်းဆောင်ရဲ့ သင်္ကေတာပဲ ကောင်လေး မင်း ဘယ်လိုလုပ် ဒီပန်းလက်ပတ်ကို ရလာတာလဲ”