အခန်း ၁၉၂
Vol. 20 Ch. 192
အခန်း ၁၉၂ - ခန့်ညားထည်ဝါသော နတ်ဘုရားအာဏာစက်။ တာအိုပြည်နယ် ၃၀၀၀ တွင် ပြိုင်ဘက်ကင်းခြင်း။
တားမြစ်နယ်မြေအသီးသီးရှိ ဧကရာဇ်တစ်ပိုင်း ပညာရှင်ကြီးများသည် လင်းမိသားစုဘက်မှ ဟိန်းထွက်လာသော လင်းချန်၏ ကြွေးကြော်သံကို ကြားလိုက်ရသောအခါ စိတ်မသက်မသာ ဖြစ်သွားကြသည်။
လင်းချန်သည်ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့် သို့ ရောက်ရှိသွားပြီဟူသော သတင်းမှာ သူတို့အတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
တစ်ဖက်တွင်လည်း လင်းချန်သည် မကြာမီ မဟာဧကရာဇ် ဖြစ်လာတော့မည်ဖြစ်ရာ တားမြစ်နယ်မြေများကို အပြီးတိုင် နှိမ်နင်းနိုင်တော့မည်ဟူသော မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်မိကြသည်။
သို့သော်အခြားတစ်ဖက်တွင်မူ မိမိတို့တစ်သက်လုံး ကျင့်ကြံခဲ့ရသမျှမှာ ခွေးကျွေးလိုက်ရသလိုပင် နှမြောတသဖြစ်မိကြသည်။ အသက် ၂၀ ပင်မပြည့်သေးသော လူငယ်လေးက သူတို့ကို ကျော်တက်သွားခဲ့ပြီ မဟုတ်ပါလား။
ထို့ကြောင့် ပညာရှင်ကြီးများသည် ဆုံးဖြတ်ချက်တစ်ခုကို တစ်ပြိုင်နက်တည်း ချလိုက်ကြသည်။
“ရှေးဟောင်းလင်းမိသားစုနဲ့ မိတ်ဆွေဖွဲ့ရမယ်။ အငြိုးအတေးတွေရှိရင်လည်း အမြန်ဆုံး ဖြေရှင်းရမယ်။”
လင်းချန် ဧကရာဇ်ဖြစ်လာပြီးမှဆိုလျှင် နောက်ကျသွားပေလိမ့်မည်။
ကောင်းကင်ယံတွင် လင်းဟောက်ရန် လင်းရှောင်ကျိနှင့် အခြားအကြီးအကဲများမှာ လင်းချန်၏အနီးသို့ ရောက်ရှိလာကြသည်။
သူတို့၏မျက်နှာတွင် မချိန်းဘဲနှင့် ထွက်ပေါ်လာသော ပျော်ရွှင်မှုများက အတိုင်းသား။
“ဘိုးဘေးတို့ အဖေနဲ့ အမေ... သားကို စောင့်နေရတာ ကြာသွားပြီ။ ဒါပေမဲ့ သား အခုချက်ချင်းတော့ နတ်ဘုရားလှေကားပေါ်က ဆင်းလို့မရသေးဘူး။ လှေကားအတိုင်း ဆက်တက်ရဦးမယ်။ အခု လှေကားဘောင်ထဲက ထွက်လိုက်ရင် ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရလိမ့်မယ်။ အဲဒါက အချိန်ဖြုန်းသလို ဖြစ်နေမှာမို့ အဆုံးထိရောက်မှပဲ တစ်ခါတည်း ရင်ဆိုင်လိုက်တော့မယ်။”
သူ၏စကားကို လူတိုင်းက သဘောတူကြသည်။ မသေမျိုးနန်းတော် ထဲက အခွင့်အရေးကို ကြည့်ပြီးမှ ဘေးဒဏ်ရင်ဆိုင်လျှင်လည်း မနောက်ကျပေ။
ထိုစဉ် အောက်ဘက်ရှိ လင်းမိသားစုဝင် ထောင်သောင်းမကသော သူတို့ထံမှ ကြွေးကြော်သံကြီး ထွက်ပေါ်လာသည်။
“နတ်ဘုရားသားတော် ဧကရာဇ်တစ်ပိုင်း ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခြင်းကို ဂုဏ်ပြုပါတယ်။ သင်၏ နတ်ဘုရားအာဏာစက်သည် ခန့်ညားထည်ဝါလှပြီး တာအိုပြည်နယ် ၃၀၀၀ တွင် ပြိုင်ဘက်ကင်းပေသည်။”
ဤချီးကျူးသံများက လင်းချန်ကို များစွာ စိတ်ကျေနပ်မှု ပေးစွမ်းစေခဲ့သည်။ မိမိကြိုးစားခဲ့သမျှ အရာထင်သည်ဟု ခံစားရစေသည်။ ဒါဟာ သူကာကွယ်ချင်တဲ့ သူ့ရဲ့မိသားစု ရှေးဟောင်းလင်းမိသားစုပင် ဖြစ်သည်။
လင်းရှန်ဟဲ နှင့် လင်းထင်ထောင်း တို့ကဲ့သို့သော ပါရမီရှင်များမှာလည်း ဆွံ့အလျက် ရှိနေကြသည်။
ဖခင်ဖြစ်သူလင်းဟောက်ရန်ပင် နိယာမ ၁၈ မျိုးဖြင့် သတ္တမအဆင့်အထိသာ ရောက်ခဲ့ခြင်းဖြစ်သည်။
လင်းချန်ကမူထိုထက်မကသော နိယာမစွမ်းအားများကို ပေါင်းစပ်နိုင်ခဲ့ခြင်းကြောင့်သာ ထိပ်ဆုံးအဆင့် သို့ တိုက်ရိုက်ရောက်သွားခြင်းဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
ဖခင်ဖြစ်သူ လင်းဟောက်ရန်က လေးနက်သောလေသံဖြင့်...
“သား... ခြေလှမ်းတွေကို ရပ်မပစ်လိုက်နဲ့။ ရှေ့ကို ဆက်သွားပါ။ မသေမျိုးနန်းတော်ထဲကို ဝင်ပြီး အဲဒီက အခွင့်အရေးတွေကို သွားယူပြစ်လိုက်။”
လင်းရှောင်ကျိနှင့် အခြားသူများလည်း မျှော်လင့်တကြီး ကြည့်နေကြသည်။
ထိုနန်းတော်ထဲတွင်သူတို့မျှော်လင့်နေသည့် မဟာဧကရာဇ် ကျင့်ကြံမှု အသီးအပွင့်ရှိနေမလားဆိုသည်ကို သိချင်နေကြပြီ ဖြစ်သည်။
လင်းချန်သည် ၁,၀၂၂ ထပ်မြောက် လှေကားထက်သို့ ယုံကြည်မှုအပြည့်ဖြင့် လှမ်းတက်လိုက်ပါတော့သည်။