အခန်း ၁၉၆
Vol. 20 Ch. 196
အခန်း ၁၉၆ - အင်အားစုအားလုံး တစ်ပြိုင်နက် လှုပ်ရှားခြင်း။ မသေမျိုးနန်းတော်ရှေ့မှ ခန့်ညားထည်ဝါသော အသံ။
ရှေ့တည့်တည့်ကိုကြည့်လိုက်သောအခါ နတ်ဘုရားလှေကား၏ အရိပ်အယောင်ပင် မတွေ့ရတော့ဘဲ ဝေဝေဝါးဝါးနှင့် မြူဆိုင်းနေသော မသေမျိုးနန်းတော်ကမ္ဘာကြီးသာ ရှိတော့သည်။
ထိုကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာတွင် သန့်စင်သော အလင်းတန်းများ ထွက်ပေါ်နေသည့် နန်းတော်ကြီးတစ်ခု တည်ရှိနေသည်။
လင်းချန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး...
“နောက်ဆုံးတော့ နတ်ဘုရားလှေကားထိပ်ဆုံးကို ရောက်ခဲ့ပြီ။ ဒီနန်းတော်ထဲက လျှို့ဝှက်ဆန်းပြားတဲ့ အခွင့်အရေးက ငါ့အတွက် တကယ်အသုံးဝင်မယ့်အရာ ဖြစ်ပါစေလို့ပဲ ဆုတောင်းရတော့မယ်...”
ပြောပြီးသည်နှင့် သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ မသေမျိုးနန်းတော်ကမ္ဘာထဲသို့ ခြေလှမ်းလှမ်းဝင်လိုက်တော့သည်။ ဤအခိုက်အတန့်ကို သူစောင့်စားနေခဲ့သည်မှာ ကြာပြီမဟုတ်ပါလား။
တာအိုပြည်နယ် ၃၀၀၀ ရှိ သက်ရှိအားလုံးသည် ကောင်းကင်ယံမှ နတ်ဘုရားလှေကား အဆင့်သတ်မှတ်ချက် ကို စိုးရိမ်တကြီး ကြည့်နေကြသည်။
လင်းချန်သည်အထပ် ၃,၀၀၀ စလုံးကို အောင်မြင်စွာ တက်လှမ်းနိုင်သည့် ပထမဆုံး ပါရမီရှင် ဖြစ်လာခဲ့ပြီဖြစ်သည်။
သူ့နောက်တွင်ရှိသော ဒုတိယနှင့် တတိယလူများ၏ အဆင့်မှာ လင်းချန်နှင့် ယှဉ်လျှင် မိုးနှင့် မြေကဲ့သို့ ကွာခြားလှသည်။
ဒုတိယနေရာမှအယောက် ၁၀၀ မြောက်အထိ အားလုံးတက်ခဲ့သည့် အထပ်ပေါင်းကို စုပေါင်းလိုက်လျှင်ပင် လင်းချန် တစ်ယောက်တည်း တက်ခဲ့သည့် အထပ်အရေအတွက်ကို မမီပေ။
တားမြစ်နယ်မြေအသီးသီးရှိ ဧကရာဇ်တစ်ပိုင်း ပညာရှင်ကြီးများသည် ကြီးမားသော စိုးရိမ်မှု ကို ခံစားလိုက်ရသည်။
ဤစိုးရိမ်စိတ်မျိုးမှာ သူတို့၏တစ်သက်တွင် တစ်ခါမျှ မကြုံဖူးချေ။ သူတို့သည် ချက်ချင်းပင် မိမိတို့အဖွဲ့အစည်းရှိ ခေါင်းဆောင်များကို အမိန့်ပေးလိုက်ကြသည်။
“အခုချက်ချင်း လက်ဆောင်တွေပြင်ပြီးလင်းမိသားစုးကိုသွား မဟာမိတ်ဖွဲ့ဖို့ ကမ်းလှမ်းကြ။”
ရန်သူများမှာတော့...
“အချိန်မဆွဲဘဲခေါင်းဆောင်ကိုယ်တိုင်သွား ဒူးထောက်တောင်းပန်ကြ။”
ယခုအခါ တာအိုပြည်နယ် ၃၀၀၀ တစ်ခုလုံး လှုပ်ခတ်သွားပြီဖြစ်သည်။ အဖွဲ့အစည်းအသီးသီးမှ ပညာရှင်များသည် ဦးတည်ချက်တစ်ခုတည်းဖြစ်သော ရှေးဟောင်းလင်းမိသားစု ဆီသို့ ဦးတည်ပျံသန်းနေကြသည်။
လင်းချန်သည်မဟာဧကရာဇ်အဆင့်သို့ မရောက်သေးခင်မှာပင် တစ်လောကလုံးကို ဒူးထောက်စေနိုင်သည့် သြဇာအာဏာကို ရရှိထားပြီ ဖြစ်သည်။
မသေမျိုးနန်းတော်အတွင်းရှိ မြူထုများကြားတွင် လင်းချန်သည် ခန့်ညားထည်ဝါသော နန်းတော်ကြီး၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့သည်။
ဤနေရာသို့သူမည်သို့ရောက်လာသည်ကိုပင် သေချာမသိလိုက်ဘဲ တိုက်ရိုက် ရောက်ရှိသွားခြင်းဖြစ်သည်။
ထိုစဉ် ခန့်ညားထည်ဝါလှပြီး ရင်းနှီးနေသော အသံကြီးတစ်သံ လင်းချန်၏ နားထဲသို့ ဟိန်းထွက်လာသည်။
“လင်းချန်... မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့ ငါ ဒီနေရာမှာ မင်းကို စောင့်နေတာ ကြာလှပြီ။”
ထိုအသံကို ကြားလိုက်ရချိန်တွင် လင်းချန်၏ မျက်နှာမှာ တင်းမာသွားပြီး အံ့သြသွားသည်။
“ငါ့ကို စောင့်နေတာ... ကြာပြီ ဟုတ်လား။”
ဤအသံရှင်မှာ မည်သူနည်း။ မသေမျိုးနန်းတော်ထဲတွင် လင်းချန်ကို စောင့်ကြိုနေသည့် ပုဂ္ဂိုလ်မှာ မည်မျှအစွမ်းထက်သနည်း။၎င်းသည် လင်းချန်အတွက် ကံကောင်းခြင်းလား။ ဒါမှမဟုတ် နောက်ဆုံးစမ်းသပ်မှုလား။