အခန်း ၁၉၇
Vol. 20 Ch. 197
အခန်း ၁၉၇ - နတ်ဘုရားနန်းတော်သို့ ဝင်ရောက်ခြင်းနှင့် မဟာဧကရာဇ် ကျင့်ကြံမှု အသီးကို ရရှိခြင်း။
ထိုခန့်ညားထည်ဝါလှသော အသံကို လင်းချန် အလွန်ရင်းနှီးနေသည်။ ၎င်းသည် အခြားမဟုတ် တာအိုပြည်နယ် ၃၀၀၀ ၏ ကောင်းကင်ဘုံတာအိုပင် ဖြစ်သည်။ လင်းချန်၏ နားထဲတွင် ဤအသံမှာ အကြိမ်ကြိမ် ပဲ့တင်ထပ်ဖူးသဖြင့် လုံးဝမှားနိုင်စရာမရှိပေ။
နတ်ဘုရားနန်းတော်ကမ္ဘာ၏ နောက်ဆုံးလျှို့ဝှက်ချက်မှာ သူ့အတွက် သီးသန့်ပြင်ဆင်ထားခြင်းလော။ လင်းချန် အတွေးမဆုံးမီမှာပင် ပိတ်ထားသော နန်းတော်တံခါးကြီးမှာ တုန်ခါသွားပြီး ဖြည်းညှင်းစွာ ပွင့်လာသည်။ ထိုအထဲမှ လောကလွန်ထူးခြားဆန်းပြားသော စွမ်းအားများ ထွက်ပေါ်လာသည်။
“လင်းချန်... ဝင်ခဲ့ပါ။ အရင်က ငါတောင်းဆိုခဲ့တဲ့ ကိစ္စကို မင်းလုပ်ဆောင်နိုင်ဖို့ စွမ်းအားတွေ ရရှိတော့မှာပါ။ နန်းတော်ထဲကို ဝင်လိုက်ပါ အရာအားလုံးကို မင်းသိရလိမ့်မယ်။”
“အရင်က ကိစ္စ...”
ထိုစကားကိုကြားရုံနှင့် လင်းချန်၏ မျက်နှာမှာ တည်ကြည်သွားသည်။ ၎င်းသည် ပျက်စီးနေသော တာအိုပြည်နယ် ၃၀၀၀ ၏ နိယာမစွမ်းအားများကို ပြုပြင်ရန်နှင့် မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းရန်ပင် ဖြစ်သည်။
ကောင်းကင်ဘုံတာအိုကသူ့ကို မဟာဧကရာဇ် ကျင့်ကြံမှု အသီး ပေးတော့မည်ကို အတိအလင်း အရိပ်အမြွက်ပြလိုက်ခြင်းပင်ဖြစ်၏။
လင်းချန်သည် နန်းတော်အတွင်းသို့ ဖြည်းညှင်းစွာ လှမ်းဝင်လိုက်သည်။ နန်းတော်အတွင်းတွင် နဂါးနှင့် ဖီးနစ်ရုပ်တုများ ထွင်းထုထားသည့် ကျောက်စိမ်းတိုင်ကြီးများက ခန့်ညားစွာ ရှိနေသည်။
အထဲတွင်ဝတ်ရုံဖြူဝတ်ထားသည့် လူသားပုံစံဖြင့် ကောင်းကင်ဘုံတာအိုက သူ့ကို ကျောခိုင်း၍ စောင့်နေသည်။
ထိုဖြူလွလွ ပုံရိပ်ကြီးက လှည့်လာသောအခါ မျက်နှာမှာ အဆက်မပြတ် ပြောင်းလဲနေသော်လည်း မျှော်လင့်ချက်အပြည့် ရှိနေသည်ကို မြင်နိုင်သည်။
“မင်း နောက်ဆုံးတော့ ရောက်လာပြီ။ ငါတို့ မျက်နှာချင်းဆိုင် တွေ့ရပြီပေါ့။ လင်းချန်... မင်း မဟာဧကရာဇ်အဆင့်ကို ချိုးဖျက်ဖို့ အသင့်ပြင်ထားရဲ့လား။”
“မဟာဧကရာဇ်အဆင့်ကို တက်လှမ်းဖို့ဆိုရင် မင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ် ကိုပါ ဒီကိုခေါ်လိုက်ပါ။ ကိုယ်ပွား တစ်ခုတည်းနဲ့တော့ မဟာဧကရာဇ်ရဲ့ ပြည့်စုံတဲ့ နိယာမတွေကို နားလည်သဘောပေါက်နိုင်မှာ မဟုတ်ဘူး။”
လင်းချန်လည်း သဘောပေါက်သွားပြီး စိတ်ချင်းဆက်သွယ်ကာ နတ်ဘုရားသားတော်နန်းဆောင်ရှိ သူ၏ အစစ်အမှန်ခန္ဓာကိုယ်ကို ဆင့်ခေါ်လိုက်သည်။
ခဏချင်းမှာပင်လင်းချန်၏ အစစ်အမှန်ကိုယ်ထည်သည် နတ်ဘုရားလှေကားထိပ်သို့ ရောက်ရှိလာပြီး နန်းတော်အတွင်းရှိ ကိုယ်ပွား နှင့် ပေါင်းစပ်သွားသည်။
အစစ်အမှန်ခန္ဓာကိုယ်နှင့် ကိုယ်ပွားကို ပေါင်းစပ်ပြီးနောက် လင်းချန်သည် အင်အားအပြည့်နှင့် ရှိနေပြီဖြစ်သည်။
ထိုစဉ်ကောင်းကင်ဘုံနိယာမက လက်ကို ဝေ့ယမ်းလိုက်ရာ...
နို့နှစ်ရောင်သန်းနေသော သန့်စင်သည့် အလင်းတန်းများ ဖြာထွက်နေသည့် အသီးတစ်လုံး ပေါ်လာသည်။
ထိုအသီးထဲတွင်လောကကြီး၏ ပြည့်စုံသော နိယာမစွမ်းအား အားလုံး ပါဝင်နေပုံရသည်။ ၎င်းသည် လင်းချန်၏ ရှေ့တွင် ဝဲပျံနေသည်။
ထိုအသီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် လင်းချန်၏ ကိုယ်တွင်းရှိ ဖရိုဖရဲနိယာမစွမ်းအား များမှာ ရုတ်တရက် လှုပ်ရှားလာသည်။
“ဒါ... ဒါ တကယ်ပဲ မဟာဧကရာဇ် ကျင့်ကြံမှု အသီးလား။”
လင်းချန်သည် စိတ်လှုပ်ရှားစွာဖြင့် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ ဤအသီးသည် သူ့ကို ပြည့်စုံသော နိယာမများကို နားလည်စေပြီး မဟာဧကရာဇ်အဆင့်သို့ ပို့ဆောင်ပေးတော့မည် ဖြစ်သည်။