အခန်း ၇၁
Vol. 8 Ch. 71
71 01
အခန်း 71
နှစ်ကာလ ကြာမြင့်ခဲ့ပြီ ဖြစ်၍ မေဝမ့်ရှုးသည် သိပ်မမှတ်မိတော့ပေ။ မျက်လုံးများတွင် အနည်းငယ် ရယ်မောခြင်းများ ပေါ်လာသည်။
“ဒါပေမဲ့ အဖေက သမီးရဲ့စကားကို ယုံကြည် ခဲ့ပါတယ်။ အဲဒီလမှာပဲ ရာထူးက နုတ်ထွက်ပြီး အမေနဲ့ သမီးကို ခေါ်ပြီး မွေးရပ်မြေကို ပြန်လာခဲ့တယ်”
“ဘယ်လိုလုပ် မယုံလို့ ရမှာလဲ” အဘိုးကြီးမေက သတိရတိုင်း ခြေဆောင့်၍ သက်ပြင်းချသည်။
“အဲဒီတုန်းက မင်း ပြောတာက နတ်ဆိုး ဘီလူးက အိပ်မက်ထဲမှာ ပြောခဲ့တာတဲ့။ ဒီဘဝမှာ ဖြစ်တော့မဲ့ ကိစ္စတွေက ထင်ထင်ရှားရှား ရှိနေပြီး မင်း နှစ်ဆယ့်ကိုးနှစ်အထိ ခန့်မှန်းနိုင်တယ်တဲ့။ မင်း ဘယ်လို နတ်ဆိုး ဘီလူးမျိုးနဲ့ တွေ့ခဲ့တာလဲ၊ တန်ခိုးက ဒီလောက်ထိ ကြီးမားနေတာလား။ ဆယ်နှစ်တောင် မပြည့်သေးတဲ့ မိန်းကလေးငယ်က ငါ့ရှေ့မှာ ရပ်ပြီး လက်ချောင်းလေးတွေ ရေတွက်ကာ တစ်ခုပြီး တစ်ခု၊ ပဲလှော်လှော်သလို တစ်နာရီလုံး ပြောပြခဲ့တယ်။ အဲဒီအထဲမှာ မင်း အဲဒီတုန်းက သိဖို့ မဖြစ်နိုင်တဲ့ အရာရှိလောကရဲ့ လျှို့ဝှက်ချက်တွေ အများကြီး ပါဝင်နေတယ်။ နတ်ဆိုး ဘီလူးရဲ့ အကူအညီ မပါဘဲ မင်း ဘယ်လိုလုပ် ဒီလောက် အသေးစိတ် ပြောပြနိုင်မှာလဲ”
မေဝမ့်ရှုးသည် ပြုံးရယ်လျက် နားထောင်နေပြီး ပြန်မဖြေခဲ့ပေ။
တစ်ဘဝလုံးကို ကိုယ်တိုင် တွေ့ကြုံ ခဲ့ရပြီး ဖြစ်၍ ထင်ထင်ရှားရှား ရှိနေသည်မှာ သဘာဝပင်။
သူမသည် ဖခင်၏စကားလမ်းကြောင်းကို ရှောင်လွှဲပြီး ခေါင်းစဉ်အသစ် တစ်ခုကို စတင်သည်။
“အဖေက သမီးရဲ့ အကြံဉာဏ်ကို နားထောင်ပြီး အမေနဲ့ သမီးကို ခေါ်ကာ ရာထူးက နုတ်ထွက်ပြီး မွေးရပ်မြေကို ပြန်လာခဲ့တယ်။ နောက်ပိုင်းမှာ သမီးက နှစ်အနည်းငယ် ကြိုးစားပြီး မေမိသားစု အကြီးဆုံးသခင်လေးအဖြစ်နဲ့ မြို့တော်ကို ဝင်ခဲ့တယ်။ အဲဒီနောက်ပိုင်း အချိန်ဟာ ရွက်လွှင့်တဲ့ လှေငယ်လို လေယူရာဘက်ကို လိုက်ပါသွားပြီး အစက ခန့်မှန်းထားတာနဲ့ လုံးဝ မတူတော့ပါဘူး”
အဘိုးကြီးမေ၏ အမူအရာသည် ရုတ်တရက် တင်းမာ လာသည်။
“မင်း အဲဒီတုန်းက ပြောဖူးတယ်။ မင်း နှစ်ဆယ့်ခြောက်နှစ်မှာ မေမိသားစုက အိမ်သိမ်း၊ မျိုးဖြုတ်တဲ့ ဘေးအန္တရာယ်ကြီး နဲ့ ကြုံတွေ့ရမယ်လို့။ အခု၊ အချိန်က လွန်သွား ပြီ... ကွဲပြားတဲ့ ခန့်မှန်းချက် လက္ခဏာတွေ ပေါ်လာပြီလား”
မေဝမ့်ရှုးက နှစ်သိမ့်သည်။ “သမီး ထင်တာက မေမိသားစုဟာ ဒီ ဘေးအန္တရာယ်ကို ချောချောမွေ့မွေ့ ကျော်လွှားနိုင်ခဲ့ပြီလို့”
“ဘယ်လို ပြောနိုင်မလဲ”
“အဖေ၊ သမီး ပြောခဲ့တဲ့ သွေးစာဖြင့် ရေးထားသော အမိန့်တော် ထွက်ပေါ်ပြီး ကမ္ဘာ ပရမ်းပတာ ဖြစ်မည် ဆိုတဲ့ ကိစ္စကို မှတ်မိသေးလား ဒီကိစ္စက ကြိုတင်ပြီး ဒီနှစ်မှာ မြို့တော်မှာ ဖြစ်ခဲ့တယ်”
အဘိုးကြီးမေသည် မသိစိတ်ဖြင့် အသက်ရှူ ရပ်သွားသည်။ “နောက်ဆက်တွဲက ဘယ်လိုလဲ”
“ဧကရာဇ်မင်းမြတ်က ဉာဏ်ပညာရှိတယ်။ အစောပိုင်းကတည်းက အရိပ်အယောင်တွေကို သတိထားမိပြီး ဘာမှမဖြစ်ဘဲ ဖျက်ဆီးပစ်လိုက်နိုင်ခဲ့တယ်။ ဒီဘေးအန္တရာယ်ကို ချောချောမွေ့မွေ့ ကျော်လွှားနိုင်ခဲ့တယ်”
71 02
မေဝမ့်ရှုးသည် စိတ်သက်သာရာရသွားသော ဖခင်ကို ကြည့်ပြီး တစ်ဝက် အမှန်၊ တစ်ဝက် အတည် မဟုတ်သော စကားဖြင့် နောက်ပြောင်သည်။
“တိုင်းပြည်က ငြိမ်းချမ်းနေပြီ။ အဖေကလည်း မြို့တော် အရာရှိ အဖြစ် ရာထူး မတက်တော့ဘူး။ ရာထူးမှာရှိစဉ် လာဘ်ယူခြင်း၊ အဂတိလိုက်စားခြင်း၊ ဥပဒေ ချိုးဖောက်ခြင်းတွေ မလုပ်ခဲ့ဘူး။ လူတိုင်းက အော်ဟစ် ဆန့်ကျင်နေတဲ့ တိုင်းသိပြည်သိ အဂတိလိုက်စားသူ ဖြစ်မလာတော့ဘူးဆိုတော့ မေမိသားစုက ဘေးကင်းမှာ သေချာပါတယ်”
အဘိုးကြီးမေသည် နဖူးပေါ်မှ ထွက်လာသော ချွေးများကို သုတ်ပြီး ဟတ်ချိုးဟု အသံပြုကာ…
“ချစ်သမီးလေး၊ မင်းအမေရဲ့ ပွစိပစိ စကားကို နားမထောင်ပါနဲ့။ ငါက လက်ထဲက ငွေကို လွယ်လွယ်ကူကူ သုံးလွန်းပေမဲ့ အိမ်ရဲ့ပိုင်ဆိုင်မှုက အမြဲတမ်း လုံလောက်ပါတယ်။ အဂတိလိုက်စားခြင်း၊ ဥပဒေ ချိုးဖောက်ခြင်း၊ တိုင်းသိပြည်သိ အဂတိလိုက်စားခြင်း ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး”
မေဝမ့်ရှုးသည် တိတ်ဆိတ်နေပြီး ခေါင်းငုံ့ကာ လက်ဖက်ရည်ကို သောက်ရင်း စကားလမ်းကြောင်းကို လွှဲလိုက်သည်။
“အခုတော့ တိုင်းပြည်က ငြိမ်းချမ်းနေပြီ။ ဧကရာဇ်မင်းမြတ်လည်း အရွယ်ရောက်ပြီးပြီ။ အိမ်မှာလည်း ဘေးကင်းနေပြီ။ ဒါကြောင့် သမီးက စိတ်ချလက်ချ ရာထူးက နုတ်ထွက်ပြီး မွေးရပ်မြေကို ပြန်လာခဲ့တာပါ”
ကြာမြင့်စွာ စကားပြောဆိုပြီးနောက် မေဝမ့်ရှုးကို ဖခင်က စာကြည့်ခန်းမှ လိုက်ပို့ပြီး သူမ၏ ဝင်းသို့ ပြန်ရောက်လာသည်။
ရှင်းမားမားသည် မေကတော်၏အမိန့်အတိုင်း နံ့သာရောင် ပိုးထည်ကို မေအိမ်တော်၏ ဘဏ္ဍာတိုက်ထဲမှ ရှာဖွေပြီး သူမ၏ ဝင်းသို့ ယူဆောင်လာသည်။
“ဒီအရောင်က ဘာကောင်းလို့လဲ၊ မင်းပဲ ခုံမင်နေတာ။ ထားပါတော့၊ မင်းကို ရှာပေးလိုက်ပြီ၊ ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး နွေဦးဝတ်စုံ ချုပ်ပါတော့။ ဘာပဲဖြစ်ဖြစ်၊ ကျွန်မတို့အိမ်က ဒီအထည် လောက်တော့ မရှားဘူး” ရှင်းမားမားက မေကတော်၏ မူရင်းစကားအတိုင်း အသေးစိတ် ပြောပြသည်။
မေဝမ့်ရှုးသည် ရယ်မော၍ ကျေးဇူးတင်စကား ပြောသည်။
လျှို့ဝှက် ပန်းထိုးထားသော ပိုးထည်သည် တောက်ပသော ဖယောင်းတိုင်မီး အောက်တွင် ပေါ်လွင်နေသည်။
သူမသည် ထရပ်ပြီး လက်ချောင်းထိပ်များဖြင့် ပါးလွှာသော အထည်ကို ကိုင်ကြည့်လိုက်သည်။
အတွေးများသည် ဖြည်းဖြည်းချင်း အတိတ်ကို ပြန်ရောက်သွားသည်။
ရှင်ယီနင်က မြို့တော်မှ မြင်းဖြင့် အပြေးအလွှား ထွက်လာပြီး အသက်ကို ပဓာနမထားဘဲ ပေးပို့သွားသော စာကို သူမ မီးရှို့ထားသည်မှာ ကြာပြီဖြစ်သည်။
သို့သော် အတွင်းမှ အကြောင်းအရာသည် စာလုံးတစ်လုံးချင်းစီ အတိုင်း သူမ၏ စိတ်ထဲတွင် ခိုင်မာစွာ မှတ်မိနေသည်။
ရှင်ယီနင်၏ စာတွင် ရေးထားသည်။
71 03
ဧကရာဇ်မင်းမြတ်၏ မူးယစ်အိပ်မက်ထဲတွင် သူမသည် မိန်းကလေး ပုံစံသို့ ပြန်ရောက်သွားသည်။ တောက်ပသော မျက်လုံးများနှင့် ဖြူစင်သော သွားများ၊ အနည်းငယ် ပြုံးလျက် ပါးလျတွန့်ကွေးသော မျက်ခုံးမွှေး ရှိသည်။
နံ့သာရောင် လည်ပင်းရှေ့ဖုံး လက်ကျဉ်း နွေဦးဝတ်စုံကို ဝတ်ဆင်ထားပြီး လရောင်ဖြူ အတွင်းဝတ်စုံ၊ ခေါင်းတွင် ပုလဲဆံထိုး၊ နားတွင် ပုလဲနားကပ် တစ်ရံ၊ နန်းဆောင်ထဲတွင် ထိုင်လျက် ရှေ့တွင် စစ်တုရင်ခုံ တစ်ချပ် ချထားသည်။
ပြတင်းပေါက်အပြင်ဘက်မှ သင်္ဘောသီးပန်းများ လေတိုက်၍ ကြွေကျ လာပြီး စစ်တုရင်ခုံပေါ်တွင် ပြန့်ကျဲ နေသည်။
စာတွင် ဖော်ပြထားသော မြင်ကွင်းကို သူမ တစေ့တစောင်း မှတ်မိနေသေးသည်။
++++++