← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

87 01

အခန်း 87

တိတ်ဆိတ်စွာ အတော်ကြာအောင် လျှောက်လာခဲ့ပြီးမှ ခမ်းနားထည်ဝါသော ကျစ်ချန်နန်းဆောင်၏ ပုံသဏ္ဌာန်ကို မြင်ကွင်းထဲတွင် မြင်တွေ့ရသောအခါမှ သူမ စတင်ပြောဆိုလိုက်သည်။ “လွန်ခဲ့တဲ့ ပထမလက နှုတ်ဆက်ခဲ့တုန်းက အရှင်မင်းကြီး အကောင်းပကတိ ရှိပါသေးတယ်”

သူမသည် အသံတိုးတိုးဖြင့် မေးလိုက်သည်။ “အခု နှစ်လတောင် မရှိသေးဘူး၊ ဘာကြောင့် ဒီအခြေအနေကို ရောက်သွားရတာလဲ။ တကယ်တမ်း ဘယ်လိုရောဂါဆိုးလဲ”

ဆူးဟွေးကျုံး၏ ခြေလှမ်းများသည် ရွှေရောင် ကြေးလက်ကိုင်ကွင်း တပ်ထားသည့် နီညိုရောင် တံခါးဝတွင် ရပ်တန့်သွားသည်။ သူက တိုးတိုးလေး ပြောလိုက်သည်။

“စိတ်ဝေဒနာပါ”

“မေပညာရှိအမတ်၊ စိတ်ဝေဒနာ ကုသရန် ခက်ခဲသည် ဆိုတဲ့ စကားပုံ ရှိပါတယ်လေ”

***

မေဝမ့်ရှူးသည် ဖိနပ်များကို ချွတ်ထားခဲ့ပြီး ဖြူဖွေးသော ပိုးခြေအိတ်ကိုသာ ဝတ်ကာ နူးညံ့သော သားမွေးဖျင်ပေါ်သို့ တိတ်ဆိတ်စွာ နင်းလျှောက်ရင်း အမှောင်ထုထဲမှ အိပ်ဆောင်အနီးသို့ ခြေသံမကြားရအောင် လျှောက်လှမ်းသွားသည်။

ကျစ်ချန်နန်းဆောင်၏ အပြင်အဆင်များကို သူမ အလွန်ရင်းနှီးပြီးသား ဖြစ်သည်။

အတွင်း၌ ရှိနေသောလူကိုလည်း သူမ ယခင်က သိကျွမ်းခဲ့ဖူးသည်။

သူမ၏မှတ်ဉာဏ်ထဲတွင် အလွန်ထင်ရှားစွာ ရှိနေသည်မှာ ရွှေပလ္လင်တော်ပေါ်တွင် အထက်စီးက ထိုင်နေသော တည်ငြိမ်သည့် ဧကရာဇ်မင်း၏ ပုံရိပ်ဖြစ်သည်။

ယခုမူ အဆုံးမရှိသော အမှောင်ထုထဲတွင် ကွေးကွေးလေး ဖြစ်နေခဲ့သည်။

အရွယ်ရောက်ပြီးဖြစ်၍ ကြီးမားထွားကျိုင်းသော ခန္ဓာကိုယ်သည် ကလေးတစ်ယောက်၏ အပြုအမူကဲ့သို့ ဒူးများကို ပွေ့ဖက်ကာ အိပ်ဆောင်အတွင်းခန်းရှိ အလွန်ကြီးမားသော ခရမ်းရောင် သစ်သားထွင်းထု ပန်းကနုတ် ခုတင်ကြီး၏ ထောင့်စွန်းဆုံးတွင် ကွေးကွေးလေး ပုံစံဖြင့် ကျုံ့နေခဲ့သည်။

မေဝမ့်ရှူးသည် ဆူးဟွေးကျုံး၏ သတိပေးချက်ကို သတိရပြီး ခုတင်ဘေးမှ သုံးလှမ်းအကွာတွင် ရပ်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် လက်တစ်ကမ်းပင် မမြင်ရအောင် မှောင်မည်းနေသည်။ ပြတင်းပေါက် အက်ကွဲကြောင်းများမှသာ အလင်းရောင် အနည်းငယ် စိမ့်ဝင်လာသည်။

ထိုမှိန်ဖျော့သော အလင်းရောင်ကို အသုံးပြု၍ သူမသည် အမှောင်ထောင့်၌ ကွေးနေသော လူသားပုံသဏ္ဌာန်ကို ဂရုတစိုက် လေ့လာလိုက်သည်။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုး ရောက်ပါပြီ” သူမ တိုးတိုးလေး ပြောလိုက်သည်။

87 02

နူးညံ့ပြီး ကြည်လင်သော အသံမှာ လွန်ခဲ့သောနှစ်က မြို့တော်မှ ထွက်ခွာသွားစဉ်ကနှင့် အနည်းငယ်မျှပင် မပြောင်းလဲခဲ့ပေ။

ထိုအသံကို ကြားသောအခါ ထောင့်စွန်းရှိ မှောင်မည်းသော ပုံသဏ္ဌာန်သည် တုံ့ပြန်မှု ရှိလာသည်။

သူ ရုတ်တရက် ခေါင်းကို မော့ကြည့်လိုက်ရာ မျက်လုံးအိမ်မှ အလင်းရောင် စူးရှစွာ တောက်ပလာပြီး အမှောင်ထုထဲ၌ အရောင်များ လင်းလက်နေသည်။

ဧကရာဇ်မင်း၏ အကြည့်သည် မှောင်မိုက်စွာ လှည့်လည်ကာ ခုတင်ဘေးတွင် ရပ်နေသည့် သွယ်လျသော ကိုယ်ခန္ဓာကို စိုက်ကြည့်ရင်း အသံနိမ့်ဖြင့် ရယ်မောလိုက်သည်။

ထိုရယ်သံတွင် မဖုံးကွယ်နိုင်သော ပျော်ရွှင်မှု အရသာ ပါဝင်နေသည်။

“ရွှယ်ချင့် မင်း ပြန်လာပြီလား”

လေသံကို နားထောင်ရသည်မှာ အသိစိတ် လုံးဝပျောက်ဆုံးနေသည့်ပုံ မပေါ်ပေ။

မေဝမ့်ရှူး၏ရင်ထဲတွင် အနည်းငယ် ပေါ့ပါးသွားသည်။

“အပြင်မှာ ဆူးကုန်းကုန်း ပြောတာကို ကြားတော့ အရှင်မင်းကြီးရဲ့ ရောဂါက ကျွန်တော့်ကို အတော်လေး ထိတ်လန့်သွားစေတယ်။ မျက်နှာချင်းဆိုင် တွေ့ရတော့ ဒီလောက်...” သူမသည် အသံကို ဖြည်းညင်းစွာ လျှော့ချကာ သက်သာရာရသည့် လေသံဖြင့် ပြောနေတုန်းမှာပင်

အမှောင်ထောင့်မှ လူသားရိပ်သည် ရုတ်တရက် လှုပ်ရှားသွားသည်။

တောထဲတွင် အမျက်ဒေါသထွက်နေသော သားရဲကဲ့သို့ ချက်ချင်းဆိုသလို အရှိန်အဟုန်ဖြင့် ထလာပြီး ဘေးနားရှိ အနူးညံ့ဆုံး ခေါင်းအုံးကို ဆတ်ကနဲ ဆွဲယူကာ ခုတင်အပြင်ဘက်သို့ ပစ်ပေါက်လိုက်သည်။

“ထွက်သွား!”

ဧကရာဇ်မင်း၏ အသံသည် နိမ့်ကျ၊ မေးမြန်းပြီး မိုးရွာတော့မည့်အချိန်ကဲ့သို့ ဒေါသအမျက် ထွက်နေသည်။

“ဘယ်က လာတဲ့ နတ်ဆိုးသရဲတွေလဲ၊ ငါ့ရဲ့ရွှယ်ချင့်ကို အယောင်ဆောင်ရဲတယ်။ ငါ မင်းတို့ကို သတ်ပစ်မယ်! လာကြစမ်း၊ လူခေါ်စမ်း!”

မေဝမ့်ရှူး၏ နှလုံးသားသည် ပြင်းထန်စွာ နစ်မြုပ်သွားပြီး ပစ်ပေါက်လာသော ခေါင်းအုံးကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

ဆူးဟွေးကျုံး ပြောသည်မှာ မှန်ကန်သည်။

အရှင်မင်းကြီးသည် မကြာသေးမီက မည်သည့် လှုံ့ဆော်မှုမျိုးကို ခံယူခဲ့သည်မသိ။ ငယ်စဉ်က တစ်ကြိမ်သာ ပေါ်ခဲ့ဖူးပြီး နှစ်ပေါင်းများစွာ ကြာမြင့်စွာ လုံးဝပျောက်ကင်းခဲ့ပြီဟု ထင်ရသော ရူးသွပ်သော ဒေါသရောဂါသည်...

မည်သူမျှ ကြိုတင်ပြင်ဆင်မှု မရှိဘဲ ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

သူမသည် ခရမ်းရောင်သစ်သား ခုတင်ကြီးပေါ်သို့ လျင်မြန်စွာ တက်သွားပြီး ယခင်က ရူးသွပ်သော လက္ခဏာများ စတင်ကြုံတွေ့ရစဉ်ကအတိုင်း လက်နှစ်ဖက်ကို ဖြန့်တန်းကာ ရှေ့မှပုံသဏ္ဌာန်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

87 03

“အရှင်မင်းကြီး၊ ကျွန်တော်ပါ၊ ကျွန်တော် မေဝမ့်ရှူးပါ။ ကျွန်တော် ပြန်လာပါပြီ၊ အရှင်မင်းကြီး စိတ်အေးအေးထားပါ၊ အသက်ပြင်းပြင်း ရှူပါ...”

သူမသည် အလေ့အကျင့်အတိုင်း လက်များကို ဆန့်တန်းကာ ပွေ့ဖက်လိုက်သော်လည်း ထိတွေ့လိုက်ရသည့် မရင်းနှီးသော ခံစားမှုကြောင့် သူမ အနည်းငယ် တုန်လှုပ်သွားသည်။

ယခင်က သူမသည် ထိုသို့ အကြိမ်ပေါင်းများစွာ ပွေ့ဖက်ခဲ့ဖူးသည်။ ထိုအချိန်က အရှင်မင်းကြီးသည် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်သာ ရှိသေးသည်။

ငယ်ရွယ်သေးသော ကောင်လေးသည် အတွေးများလွန်းသောကြောင့် ညသန်းခေါင်ယံတွင် ရုတ်တရက် နိုးလာလေ့ရှိပြီး ထိုအချိန်က သူမထက် အရပ်တောင် မရှည်သေးပေ။

ပခုံးများမှာ ကျဉ်းမြောင်းပြီး ကိုယ်ခန္ဓာမှာ ပိန်သွယ်သည်။

သူမသည် ကောင်လေး၏ ပခုံးများကို တိုက်ရိုက် ပွေ့ဖက်နိုင်ပြီး၊ တစ်ကိုယ်လုံးကို ရင်ခွင်ထဲသို့ လွယ်ကူစွာ ထည့်သွင်းကာ ရုန်းကန်နေသည်ကိုပင် မလွှတ်ဘဲ နူးညံ့စွာ ပြောဆို၊ နားနားကပ်၍ ချော့မော့ပေးခဲ့ရာ ကောင်လေး၏ တင်းမာသော အသက်ရှူသံများ ပြန်လည်တည်ငြိမ်သွားပြီး တဖြည်းဖြည်း ငြိမ်သက်သွားသည်အထိ ဖြစ်ခဲ့သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ဧကရာဇ်မင်း၏ ရူးသွပ်သော ရောဂါသည် ပြန်လည် ပေါ်ပေါက်လာသော်လည်း...

ယခုအချိန်၌ ဧကရာဇ်မင်းသည် အသက်နှစ်ဆယ်ပြည့်ပြီး အရပ်ရှစ်ပေခန့်ရှိသော၊ ပခုံးကျယ်သော အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး ဖြစ်နေပြီဖြစ်သည်။ (အရပ်က ၆ပေလောက်တော့ ရှိမယ်။ ၈ပေ ဆိုတာက စာအဖြစ် ပြောတာမျိုးပါ)

သူမသည် အလေ့အကျင့်အတိုင်း လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ပွေ့ဖက်လိုက်သော်လည်း ယခုတစ်ကြိမ်တွင်မူ ခိုင်မာပြီး ထူထဲသော ရင်ဘတ်ကို ထိမိသွားသည်။

မြေအောက်မှ အပူပေးထားသော အိပ်ဆောင်ထဲတွင် သူသည် အတွင်းခံ အဝတ်ပါးလေးကိုသာ ဝတ်ဆင်ထားသည်။ ပိုးသားပါးပါးသည် အရွယ်ရောက်ပြီး အမျိုးသား၏ ပူနွေးသော ခန္ဓာကိုယ်အပူကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

ပြင်းထန်သော အမျိုးသားဆန်သည့် ရနံ့သည် အဝတ်အစားမှတစ်ဆင့် ပျံ့နှံ့လာသည်။

မေဝမ့်ရှူး၏ လက်နှစ်ဖက်သည် ရှေ့မှလူ၏ ကျယ်ပြန့်သော ရင်ဘတ်ကို ထိမိသောအခါ ထိတွေ့မှုသည် မှတ်ဉာဏ်ထဲမှ ခံစားမှုနှင့် သိသိသာသာ ကွဲပြားနေသည်။ သူမ အနည်းငယ် တုန်လှုပ်သွားပြီး လှုပ်ရှားမှု ရပ်တန့်သွားသည်။

လက်နှစ်ဖက် ဆန့်တန်းပြီး ပွေ့ဖက်သည့် အနေအထားအတိုင်း အနည်းငယ် တုံ့ဆိုင်းနေစဉ်မှာပင် အမှောင်ထုထဲမှ ဧကရာဇ်မင်းသည် သူမထံသို့ ကပ်လာပြီး ခိုင်မာသော လက်မောင်းများသည် သူမကို ပြန်လည် ပွေ့ဖက်လိုက်သည်။

အရှေ့သို့ ခွန်အားဖြင့် လှမ်းလိုက်ပြီး ခုတင်ပေါ်သို့ လဲကျသွားသည်။

အင်အားကြီးမားသော ဆီးနှင်းဝံပုလွေကြီးတစ်ကောင်သည် မိုင်ပေါင်းများစွာကို ခံနိုင်ရည်ရှိရှိဖြင့် လိုက်လံရှာဖွေပြီးနောက် နောက်ဆုံးတွင် သားကောင်ကို ဖမ်းမိသည့် အချိန်ကဲ့သို့နှယ်။ (မျက်စိထဲ အလက်စကန်ကြီး ပြေးမြင်မိတာပဲ)

87 04

ရုတ်တရက် ခွန်အားသုံးပြီး လဲကျသွားချိန်၌ပင် တန်ဖိုးထားစွာဖြင့် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားဆဲ ဖြစ်သည်။

“ရွှယ်ချင့်”

အမှောင်ထုထဲမှ ထွက်ပေါ်လာသော အသံသည် လုံးဝကို အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏အသံဖြစ်သည်။ သို့သော် လှုပ်ရှားမှုသည် လွန်ခဲ့သောနှစ်များစွာက ရူးသွပ်သော လက္ခဏာများ ပေါ်ပေါက်ခဲ့သည့် ကောင်လေးငယ်ကဲ့သို့ပင် ဖြစ်သည်။ ခန္ဓာကိုယ်ချင်း တင်းကျပ်စွာ ထိကပ်ထားပြီး လက်နှစ်ဖက် ပွေ့ဖက်သည့် လှုပ်ရှားမှုများတွင် တွယ်တာမှု၊ ပိုင်ဆိုင်လိုမှုနှင့် စိုးရိမ်မှုများ ပါဝင်နေသည်။

“ရွှယ်ချင့်”

“ကျန်း အိပ်မက်မက်နေတာလား၊ မင်းပြန်လာတဲ့ အိပ်မက်လား” ခွန်အားကြီးမားလှသော လက်မောင်းနှစ်ဖက်သည် ပိုမိုတင်းကျပ်လာပြီး ပို၍အောက်သို့ ရွေ့လျားသွားကာ ထိုသွယ်လျသော ခါးကို ပွေ့ဖက်မိမှ စိတ်ကျေနပ်စွာ ငြိမ်သက်သွားသည်။

အသံသည် နားနားတွင် ထွက်ပေါ်လာပြီး အနည်းငယ်သော ရယ်မောသံဖြင့် ဆိုလိုက်သည်။ “တကယ့်ကို လှပတဲ့ အိပ်မက်ပဲ။ ကျန်းကို မနိုးပါနဲ့ဦး”

မေဝမ့်ရှူးသည် အသက်ရှူမဝလုနီးပါး ဖြစ်သွားပြီး ဦးနှောက်မှာ လုံးဝ ဗလာကျင်းနေသည်။ လက်ရှိ အခြေအနေကို မည်သို့ နားလည်ရမှန်းမသိ။ လူကို တွန်းထုတ်ချင်သော်လည်း ရောဂါကို ထိခိုက်မှာ စိုးရိမ်၍ မလှုပ်မယှက် ငြိမ်သက်စွာ နေလိုက်သည်။ ရှေ့မှလူက သူမ၏ ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်ကို ခွင့်ပြုထားရသည်။

ဤသည်မှာ အစမျှသာ ဖြစ်သည်ဟု မမျှော်လင့်ခဲ့မိချေ။

နောက်တစ်ခဏတွင် သူမသည် ခါးပေါ်တွင် တင်းကျပ်စွာ ဖက်ထားသည့် လက်နှစ်ဖက်သည် သံညှပ်ကဲ့သို့ ခံစားလိုက်ရပြီး အပေါ်သို့ အလွယ်တကူ ဆွဲမတင်လိုက်သည်ကို သိလိုက်ရသည်။

အရုပ်ကို ချီသကဲ့သို့ သူမကို တိုက်ရိုက်မပြီး သူ၏ ခါးပေါ်သို့ ခွထိုင်စေသည်။

“အား...”

သူမသည် တိုးလျစွာ အော်ဟစ်လိုက်သည်။

ရှေ့မှသူသည် သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားသော်လည်း လွန်ခဲ့သောနှစ်များစွာက အိပ်ဆောင်မှ ဆွဲထုတ်ခံရပြီး အပြစ်ပေးခံရပြီးနောက် ညသန်းခေါင်ယံတွင် အိပ်မက်ဆိုးများ ထပ်ခါတလဲလဲ မြင်မက်၍ ထိတ်လန့်တုန်လှုပ်နေသော ကောင်လေးငယ်ကဲ့သို့ပင် သူမ၏ လည်ပင်းကြားတွင် ကပ်နေပြီး တွယ်တာမှု အပြည့်ဖြင့် ချစ်စနိုးအမူအရာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

“မသွားပါနဲ့။ ငါ့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့။ ဒီမှာ အရမ်းမှောင်နေတယ်” (ကျန်းဖြစ်လိုက် ငါ ဖြစ်လိုက် ပြောနေတာပါ)

မေဝမ့်ရှူးသည် စိုးရိမ်စိတ်နှင့် ရှောင်ရှားလိုစိတ်ကို အစွမ်းကုန် ထိန်းချုပ်ကာ ကျယ်ပြန့်သော နောက်ကျောကို လက်ဖြင့် ပြန်လည်ပွေ့ဖက်ပြီး ချော့မော့စွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။

“အရှင်မင်းကြီး အမှောင်ကို ကြောက်ရင် အနက်ရောင်လိုက်ကာတွေကို ဖွင့်လိုက်ကြမလား။ နေရောင်ခြည် ဝင်လာအောင်ပေါ့၊ ကောင်းပါတယ်နော်”

87 05

အမှောင်ထုထဲမှ ဧကရာဇ်မင်းသည် ခေါင်းကို ပြတ်သားစွာ ခါလိုက်သည်။ “မကောင်းဘူး”

“နေရောင်ခြည် ဝင်လာရင်၊ ငါ့ကိုယ်ပေါ်ကို ထွန်းလင်းရင်၊ ငါက ဆီးနှင်းလိုမျိုး အရည်ပျော်သွားလိမ့်မယ်”

မေဝမ့်ရှူး “...” ဒါက ဘယ်လို စိတ်ရောဂါ လက္ခဏာအသစ်မျိုးလဲ။

ရှင်ယီနင်ကလည်း နှုတ်မဆက်ဘဲ ထွက်ပြေးသွားပြီ။

မြို့တော်ကြီး တစ်ခုလုံးမှာ ရောဂါအကြောင်း ဆွေးနွေးတိုင်ပင်စရာ လူတစ်ယောက်မှ မရှိတော့ချေ။

တကယ်ကို ဒုက္ခရောက်စရာပါပဲ။

သူမသည် အတန်ကြာအောင် တိတ်ဆိတ်နေစဉ် ရုတ်တရက် သူမ၏ လည်ပင်းကြားတွင် နွေးထွေးသော အသက်ရှူထုတ်သံသည် ခဏတာ လည်ပတ်နေပြီးမှ မထင်မှတ်ဘဲ ပါးစပ်ဖွင့်ကာ ကိုက်လိုက်သည်။

ချွန်ထက်သော အစွယ်သည် သူမ၏အတွင်းခံဝတ်စုံ လည်ပင်းထောင်ကို ကိုက်ဆွဲလိုက်ပြီး တစ်လက်မချင်းစီ အောက်သို့ ဆွဲချသည်။

မေဝမ့်ရှူးသည် စိတ်ထဲမှ အကြောင်းအရာများကို တွေးတောနေစဉ် ရုတ်တရက် လည်ပင်းကြားမှ ထူးဆန်းမှုကို ခံစားလိုက်ရပြီး ရင်ထဲတွင် တုန်လှုပ်ကာ လက်ဖြင့် ကာကွယ်ရန် ကြံရွယ်လိုက်သည်။

တားဆီးရန် ဆန့်တန်းလိုက်သည့် လက်ကို ဘေးတစ်ဖက်မှ ကြီးမားသော လက်တစ်ဖက်က ဖမ်းဆုပ်လိုက်ပြီး လက်ကောက်ဝတ်ကို မြဲမြံစွာ ဖိထားလိုက်သည်။

“ဘာလို့ တားနေတာလဲ”

မူလက သူမ၏ ကိုယ်ပေါ်တွင် ချွဲနေသည့် ဧကရာဇ်မင်း၏ အသံသည် ရုတ်တရက် အန္တရာယ်ရှိစွာ နိမ့်ကျသွားသည်။ “မင်း ဘာကို ကြောက်နေတာလဲ”

“မင်း ဘာကို ကြောက်နေနေ” လော့ရှင်းယွမ်သည် ထပ်မံ၍ ကပ်လာပြီး လည်ပင်းထောင်ကို ဆွဲချနေရင်း အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ “မကြောက်ရဘူး”

******

All Chapters