အခန်း ၈၈
Vol. 9 Ch. 88
88 01
အခန်း 88 ပူးပေါင်းကြံစည်သူ
မျက်စိရှေ့တွင် အမှောင်ထုသာ ရှိနေပြီး မည်သည့်အရာကိုမျှ မြင်နိုင်စွမ်း မရှိချေ။ တစ်ဖက်လူ၏ မျက်နှာအမူအရာနှင့် လှုပ်ရှားမှုများကို မမြင်ရသော်လည်း မသိစိတ်က အန္တရာယ်ကို အလိုလို ခံစားမိနေသည်။
မေဝမ့်ရှူး၏ အသက်ရှူသံများ အလိုလို မြန်ဆန်လာသည်။ အထပ်ထပ်သော အင်္ကျီလက်များအောက်မှ ကြွေဖြူရောင် အသားအရေပေါ်တွင် ကြက်သီးမွှေးညင်းများ ထလာပြီး လည်ပင်း အရေးကြီးသော နေရာကို ထိမိခြင်းမှ ကာကွယ်ရန် ခေါင်းကို အမြန်လှည့်လိုက်သည်။
“ကျွန်တော်မျိုး...” သူမ စကားစပြောသောအခါ အသံသည် ခြောက်ကပ်နေသည်ကို သိလိုက်ရ၍ လည်ချောင်းရှင်းကာ အသံကို တည်ငြိမ်အောင် ထိန်းထားရင်း၊
“ကျွန်တော်မျိုး ဘယ်လိုလုပ် ကြောက်ပါ့မလဲ၊ အရှင်မင်းကြီး နားလည်မှု လွဲနေတာပါ... အား!”
မူလက အတွင်းခံအင်္ကျီ လည်ပင်းကော်လံကို ကိုက်ဆွဲနေသည့် ချွန်ထက်သော အစွယ်သည် ရုတ်တရက် အဝတ်အစားကို လွှတ်လိုက်ပြီး လည်ပင်းအောက်မှ နူးညံ့ဖြူစင်သော ပခုံးသားများပေါ်သို့ တိုက်ရိုက် ပြောင်းရွှေ့လာကာ အားကုန်သုံး၍ ကိုက်ချလိုက်သည်။
ထိုကိုက်ချက်သည် ပေါ့ပေါ့ပါးပါး မဟုတ်လေရာ မေဝမ့်ရှူး၏ မျက်လုံးထောင့်များ ချက်ချင်း နီရဲလာသည်။ ဖမ်းဆုပ်ခံထားရသည့် လက်ကောက်ဝတ်သည် အနည်းငယ် ရုန်းကန်လိုက်ပြီး တင်းကျပ်စွာ ချုပ်ကိုင်ထားသော လက်ကြီး၏လက်ချောင်းထိပ်များကို မသိစိတ်ဖြင့် ဆုပ်ကိုင်လိုက်မိသည်။
တစ်ဖက်လူသည် သတိထားမိပုံရသည်။ သွားစွယ်၏ ဖိအားသည် တဖြည်းဖြည်း လျော့ကျလာပြီး ခွန်အားရှိသော လက်မောင်းများသည် ပြန်လည်ဝိုင်းရံကာ လူကို ရင်ခွင်ထဲသို့ ထည့်သွင်းလိုက်သည်။ လက်တစ်ဖက်သည် ဆန့်တန်းလာပြီး သူမ၏သွယ်လျသော လက်ချောင်း ငါးချောင်းလုံးကို ကျယ်ပြန့်သော လက်ဖဝါးထဲတွင် လုံးဝဆုပ်ကိုင်ထားလိုက်သည်။
“နာလား” လော့ရှင်းယွမ်က နှာခေါင်းသံဖြင့် တိုးတိုးလေး မေးသည်။
“နာပါတယ်” မေဝမ့်ရှူးသည် အသံကို တည်ငြိမ်အောင် ထိန်းသိမ်းရင်း ပြောသည်။ “အရှင်မင်းကြီး၊ မကိုက်ပါနဲ့တော့။ အသားအရေ ပေါက်ပြဲသွားပြီ”
88 02
လော့ရှင်းယွမ် ရယ်မောလိုက်ပြီး သွားစွယ်ကို လွှတ်ကာ လျှာဖျားဖြင့် ထိုနက်ရှိုင်းသော ကိုက်ရာတစ်ဝိုက်ကို စိုစွတ်စွာ လျက်လိုက်သည်။
“မပေါက်ပြဲပါဘူး၊ သွေးလည်း မထွက်ပါဘူး” သူက အသံနိမ့်ဖြင့် ရယ်မောသည်။ “ပုံမှန်ဆို ရောဂါကို ခံနိုင်ရည်ရှိသူလို့ မြင်ရတယ်။ ဘာဖြစ်လို့ နာကျင်တာကို ကြောက်ရတာလဲ”
မေဝမ့်ရှူးသည် မထင်မှတ်ဘဲ မျက်ခုံးများ ကြုတ်သွားသည်။
“အရှင်မင်းကြီး သတိပြန်ရလာပြီလား” သူမသည် ထက်မြက်စွာ ပြန်မေးသည်။ “ကျွန်တော်မျိုး ဘယ်သူလဲဆိုတာ မှတ်မိပြီလား”
“ဘယ်သူရှိဦးမလဲ” လော့ရှင်းယွမ် ထပ်မံ ရယ်မောပြီး ခေါင်းငုံ့ကာ ထိုနူးညံ့သော ပခုံးသားပေါ်တွင် မှီတွယ်လိုက်ပြီး အဝတ်အစားကို ကျော်လွန်ကာ တွယ်တာမှုအပြည့်ဖြင့် ပွတ်သပ်သည်။ “ကျန်းရဲ့ ရွှယ်ချင့်။ မင်း နေရပ်ကနေ ပြန်ရောက်လာပြီ”
“ဟုတ်ပါတယ်။ ကျွန်တော်မျိုး အရှင်မင်းကြီးကို လာရောက် ဖူးမြော်ဖို့ ပြန်လာတာပါ”
“ငါ အရမ်းပျော်တယ်။ အရမ်းပျော်လွန်းလို့ ရူးတော့မလိုပဲ” အမှောင်ထဲမှ ဧကရာဇ်မင်းက ပျော်ရွှင်စွာ ပြောလိုက်သည်။ “ရွှယ်ချင့်က ကျန်းကို စိတ်ထဲမှာ ရှိနေသေးတာပဲ”
မေဝမ့်ရှူးသည် သူ၏ စကားများသည် စနစ်တကျ ရှိနေသည်ကို ကြားလိုက်ရသဖြင့် သတိပြန်ရလာပုံရကြောင်း သိလိုက်ရသော်လည်း စကားပြောဆိုပုံက တိုက်ရိုက် ဖြစ်လွန်းနေပြီး ပုံမှန် စကားပြောပုံနှင့် မတူပေ။ (ငါလို့ ပြောလိုက် ကျန်းလို့ ပြောလိုက်နဲ့ ဖြစ်လို့ တအားကို ရင်းရင်းနှီးနှီး ပြောနေသလို ဖြစ်နေတာပါ)
ခဏတာ အမှောင်ထဲတွင် ကြောက်လန့်တုန်လှုပ်ခဲ့ရသောကြောင့် ကျောပေါ်၌ ချွေးစေးအနည်းငယ် စို့နေခဲ့သည်။ သူမသည် မသက်မသာ ရုန်းကန်လိုက်သည်။
“ကျွန်တော်မျိုးကို လွှတ်ပေးနိုင်ပါပြီ။ အရှင်မင်းကြီး လွန်ခဲ့တဲ့ ခဏက ရောဂါဖောက်ပြန်ပြီး ထိန်းချုပ်ရခက်ခဲ့တာကို ကျွန်တော်မျိုး သိပါတယ်။ ဒါပေမဲ့... အရှင်မင်းကြီး အရွယ် ရောက်လာပါပြီ။ ခုနက လုပ်ရပ်တွေက အရမ်းကို ရင်းနှီးလွန်းပါတယ်၊ ဧကရာဇ်နဲ့ အမှုထမ်းကြားက ကျင့်ဝတ်နဲ့ မညီပါဘူး”
လော့ရှင်းယွမ်သည် တိုးတိုးလေး အကြိမ်အနည်းငယ် ရယ်မောလိုက်ပြီး သူမကို ဒုတိယအကြိမ် ပြောစရာမလိုအောင်ပင် လက်ကို အလိုလို လွှတ်ပေးလိုက်သည်။
“ခုနက အပြုအမူ မသင့်လျော်ခဲ့ဘူး။ ကျန်းကို စိတ်မဆိုးပါနဲ့”
မေဝမ့်ရှူး သက်ပြင်းချလိုက်ပြီး နောက်ဆုံးတွင် အဝတ်အစားကို ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။
လက်ချောင်းထိပ်များဖြင့် လည်ပင်းကော်လံကို အပေါ်သို့ ဆွဲတင်လိုက်ရာ အကိုက်ခံရသည့် အမှတ်အသားကို ဖုံးအုပ်ထားသော်လည်း အဝတ်၏ ထိတွေ့မှုမှာ စိုစွတ်နေသည်။
သူမ အနည်းငယ် တုန်လှုပ်သွားပြီးမှ နောက်မှ သိလိုက်သည်မှာ…
ထိုအရာသည် ဧကရာဇ်မင်း ရောဂါဖောက်ပြန်နေစဉ် ပါးစပ်ဖြင့် ကိုက်ဆွဲခဲ့ရာမှ ကျန်ခဲ့သော တံတွေး အစိုဓာတ်ပင် ဖြစ်သည်။
88 03
ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော ပါးပြင်ပေါ်တွင် ပန်းရောင်သမ်းလာသည်။
သူမသည် အမူအရာကို မနည်းထိန်းထားကာ လည်ပင်းကော်လံကို အပေါ်သို့ ပြင်းပြင်းထန်ထန် ဆွဲတင်လိုက်ပြီး လက်ကို လျင်မြန်စွာ လွှတ်လိုက်သည်။ “အရှင်မင်းကြီး ခွင့်ပြုမယ်ဆိုရင် ကျွန်တော်မျိုးကို ပြန်ခွင့်ပြုပါ။ ကျွန်တော်မျိုး မနက်ဖြန်မှ ပြန်လာပြီး ဖူးမြော်ပါ့မယ်”
“သွားလေ”
မေဝမ့်ရှူးသည် သက်ပြင်းချကာ ဧကရာဇ်မင်း၏ အိပ်ဆောင်မှ ဆင်းပြီး ဖိနပ်စီးကာ ထရပ်လိုက်သည်။ နှုတ်ဆက်ဂါရဝပြုပြီး ထွက်ခွာခဲ့သည်။
အမှောင်ဖုံးနေသော နန်းဆောင်သည် တိတ်ဆိတ်သွားပြန်သည်။
လော့ရှင်းယွမ်သည် ခုတင်ခေါင်းရင်းတွင် ထိုင်လျက် အတော်ကြာအောင် မလှုပ်မယှက် ရှိနေခဲ့သည်။
သူ၏အမူအရာမှာ ကျေနပ်နေပြီး အဖြစ်အပျက်များကို ထပ်ခါတလဲလဲ ပြန်လည် ခံစားနေသည်။
သူ၏ရင်ခွင်ထဲတွင် ပွေ့ဖက်ခံရစဉ်က အံ့အားသင့်စွာ ထွက်ပေါ်လာသော ညည်းညူအော်ဟစ်သံ၊ အသံထဲတွင် ဖုံးကွယ်မရနိုင်သော ရှက်ရွံ့မှု။ အနည်းငယ် ရုန်းကန်လှုပ်ရှားစဉ် လည်ပင်းကြားမှ ထွက်လာသော ချွေးစေးအနည်းငယ်နှင့် ခန္ဓာကိုယ်မှ မဖုံးကွယ်နိုင်သော သင်းပျံ့သည့် စန္ဒကူးအဖြူရနံ့။
သူသည် နားထင်ကို လက်ဖြင့် ဖိနှိပ်ကာ တိုးတိုးလေး ရယ်မောလိုက်သည်။
နန်းဆောင်အတွင်းတွင် လက်တစ်ကမ်းပင် မမြင်ရအောင် အနက်ရောင်လိုက်ကာများဖြင့် ဖုံးအုပ်ထားရခြင်းမှာ အကြောင်းရင်း ရှိသည်။
သူ၏ရွှယ်ချင့်သည် အမြဲတစေ သိမြင်မှုအာရုံ ထက်မြက်သူဖြစ်သည်။
ပြတင်းပေါက်မှ အလင်းရောင်ကို အနက်ရောင်လိုက်ကာများဖြင့် တင်းတင်းကျပ်ကျပ် မကာထားပါက ခုတင်ပေါ်တွင် ရောဂါ အကြောင်းပြချက်ဖြင့် ပွတ်သီးပွတ်သပ် လုပ်နေစဉ် သူ၏ မျက်ဝန်းထောင့်များနှင့် မျက်ခုံးများတွင် မဖုံးကွယ်နိုင်သော ပျော်ရွှင်ရယ်မောခြင်းများ တစ်ဖက်လူ၏ မျက်စိထဲသို့ ရောက်သွားမည် ဖြစ်သည်။ လော့ရှင်းယွမ်သည် ကျေနပ်စွာ ရယ်မောပြီးနောက် ခေတ္တရပ်ကာ စဉ်းစားခန်း ဝင်လိုက်သည်။
“...လူ ရောက်လာပြီဆိုတော့ ရောဂါအခြေအနေလည်း တိုးတက်သင့်ပြီ” သူသည် ကိုယ့်ဘာသာ တီးတိုးရေရွတ်သည်။
***
88 04
မေဝမ့်ရှူးသည် သူမ မည်သို့ ထွက်လာခဲ့သည်ကို မသိပေ။
အိပ်ဆောင်ထဲသို့ ဝင်ရောက်စဉ်က စိတ်နှလုံး လေးလံခဲ့သည်။ ထွက်လာသောအခါတွင်မူ တွေဝေသွားသည်။
ရှောင်ကွေ့ယွမ်သည် သူမကို ကျစ်ချန်နန်းဆောင် အရှေ့ဘက်ရှိ ဗလာကျင်းသော ဘေးခန်းဆောင်သို့ ခေါ်ဆောင်သွားသည်။
“ဆူးကုန်းကုန်းရဲ့မူရင်းစကားအတိုင်းဆိုရင်၊ ဒီအတောအတွင်းမှာ မေပညာရှိအမတ် အတွင်းနန်းတော်ထဲမှာ နေတာ ပိုကောင်းပါလိမ့်မယ်။ စည်းကမ်းနဲ့ မကိုက်ညီပေမဲ့ နန်းတော်ထဲမှာ မိဖုရားတွေ မရှိတော့ အဆင်ပြေပါတယ်။ ညသန်းခေါင်မှာ ကိစ္စရှိလာရင် အရှင်မင်းကြီးဆီ ချက်ချင်း သွားနိုင်ပြီး ညကြီးအချိန်မတော် နန်းတော်တံခါး ဖွင့်ခိုင်းရတဲ့ အခက်အခဲကို ရှောင်ရှားနိုင်ပါတယ်”
မေဝမ့်ရှူး ခေါင်းညိတ်လိုက်သည်။ “ဒီလို စီစဉ်တာ သင့်တော်ပါတယ်။ ဆူးကုန်းကုန်း စိတ်ရှည်လက်ရှည် စီစဉ်ပေးတာ ကျေးဇူးတင်ပါတယ်”
++++++