← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

92 01

အခန်း 92

ရှောင်ကွေ့ယွမ် ကုန်းကုန်းငယ်သည် နန်းဆောင်အပြင်ဘက်တွင် သူမကို စောင့်နေခဲ့ရာ လည်ပင်းပင် ရှည်နေပြီဖြစ်သည်။

“ဒီနေ့ အခြေအနေ ဘယ်လိုလဲ” သူမသည် ခြေလှမ်းများကို တိုးညင်းစွာ လျှောက်ရင်း တိုးတိုးလေး မေးလိုက်သည်။

“ဒီနေ့ မနေ့ကထက် အများကြီး ကောင်းလာပါတယ်။ နန်းဆောင်ထဲမှာ ဖယောင်းတိုင် တစ်တိုင် ထွန်းထားတယ်။ အလင်းရောင် အနည်းငယ်တော့ ရှိလာပြီ” ရှောင်ကွေ့ယွမ်က အသက်ရှူသံဖြင့် ပြောသည်။ “တကယ်ပဲ မေပညာရှိအမတ် ပြန်လာတာ အသုံးဝင်တယ်။ တော်ဝင်သမားတော်တွေ ဆယ်ဦး၊ ရှစ်ဦးထက် ပိုအသုံးဝင်တယ်”

မေဝမ့်ရှူး၏စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားပြီး ညင်သာစွာ သက်ပြင်းချသည်။ “အလင်းဆီသို့ ဦးတည်ခြင်းဟာ နှလုံးသားမှာ မျှော်လင့်ချက် ရှိလာတာပဲ။ ဝင်ကြည့်သင့်သေးတယ်”

အသံ ကျစ်ချန်နန်းဆောင်၏ လေးလံသော တံခါးသည် ဖွင့်လိုက်သည်။

မေဝမ့်ရှူးသည် ဖိနပ်ကို ထပ်မံ ချွတ်ထားခဲ့ပြီး ပိုးသားဖြူ ခြေအိတ်ကိုသာ ဝတ်ကာ ခြေသံမကြားရအောင် ကျစ်ချန်နန်းဆောင်၏ အိပ်ဆောင်ထဲသို့ ဝင်ရောက်သွားသည်။

အတွင်းဆောင်၌ ဖယောင်းတိုင် တစ်တိုင်သည် တစ်ထီးတည်း ထွန်းလင်းနေသည်။

မနေ့ကလိုပင် အမှောင်ထောင့်တွင် ထိုင်နေသော ဧကရာဇ်မင်းသည် ထူထဲသော အင်္ကျီလက်ဖြင့် မျက်နှာ၏ တစ်ဝက်ကို ဖုံးအုပ်ထားသည်။ မီးရောင်အောက်တွင် ခေါင်းမော့ကြည့်လိုက်ရာ ထူထဲပြီး ခန့်ညားသော မျက်ခုံးများနှင့် မှောင်မည်းသော မျက်လုံးများ ပေါ်လာပြီး ခြေသံလာရာ လမ်းကို စူးစိုက်ကြည့်နေသည်။

“ဘယ်သူလဲ” အဝတ်အစားအောက်မှ ထွက်ပေါ်လာသော အသံသည် နိမ့်ကျနေသည်။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုး ရောက်ပါပြီ” မေဝမ့်ရှူးသည် တမင်တကာ ခြေသံကို လေးနက်စွာ လျှောက်လှမ်းကာ ဧကရာဇ်မင်း၏ ရှေ့တွင် မျက်နှာချင်းဆိုင် ဒူးထောက်ထိုင်လိုက်သည်။

သူမသည် ညင်သာစွာ ပြောဆိုသည်။ “အရှင်မင်းကြီး ဒီနေ့ စိတ်က မနေ့ကထက် အများကြီး ကောင်းလာပါတယ်”

လော့ရှင်းယွမ်သည် သူမကို စိုက်ကြည့်နေပြီး ပြန်မဖြေဘဲ လက်ကို တိုက်ရိုက်မြှောက်ကာ သူမ၏လည်ပင်းကော်လံကို ဆွဲချလိုက်သည်။

ကိုက်ရာ အပြည့်အစုံ ပေါ်လာသည်။

မေဝမ့်ရှူး ထိတ်လန့်သွားသော်လည်း မလှုပ်ဘဲ ငြိမ်သက်နေခဲ့သည်။ ရှေ့မှ ဧကရာဇ်မင်းသည် လက်မဖြင့် ကိုက်ရာ ဘေးပတ်လည်ကို ပွတ်သပ်ကြည့်ပြီး ကျေနပ်သော အမူအရာ ပြသသည်။

“ရွှယ်ချင့် ဒီနေ့ တစ်နေကုန် မြို့တော်ထဲမှာ ဒီကိုက်ရာနဲ့ပဲ သွားလာခဲ့တာလား”

92 02

လော့ရှင်းယွမ်သည် လက်ကို ပြန်ရုပ်လိုက်ပြီး ထင်ရှားသော ကိုက်ရာကို စိုက်ကြည့်ရင်း စဉ်းစားခန်း ဝင်သည်။ “ကျန်းရဲ့ကိုက်ရာကို ပခုံးပေါ်တင်ပြီး မင်းရဲ့ဆရာနဲ့ သွားတွေ့ခဲ့တာလား”

မေဝမ့်ရှူး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အလိုလိုနေရင်း ကိုက်ရာကို ဖုံးရန် လက်ကို မြှောက်လိုက်သော်လည်း လက်ကို တစ်ဝက်တစ်ပျက်တွင် ဖိချလိုက်သည်။ စိတ်ထဲမှ ခံစားချက်များကို မထိန်းချုပ်နိုင်ဘဲ နားနောက်တွင် ချက်ချင်းဆိုသလို ပန်းရောင် ဖျော့ဖျော့ သမ်းလာသည်။

“အာ၊ တကယ် သွားတွေ့ခဲ့တာပဲ” လော့ရှင်းယွမ်၏ အသံတွင် ရယ်မောသံ ပါဝင်ပြီး ဖြည်းဖြည်းချင်း ပြောသည်။ “ရွှယ်ချင့် ကျန်းအပေါ်ထားတဲ့ စိတ်က မင်းရဲ့ဆရာရဲ့ ဓလေ့ထုံးတမ်း စည်းမျဉ်းတွေထက် ပိုပြီး အရေးထားတာပဲ”

မေဝမ့်ရှူးသည် အသက်ပြင်းပြင်း ရှူသွင်းပြီး ထရပ်ကာ နန်းဆောင်အပြင်ဘက်သို့ လျှောက်သွားသည်။

ပိုးသားဖြူ ခြေအိတ်သည် ရှည်လျားသော သားမွေးဖျင်ပေါ်တွင် ခြေသံမကြားရအောင် နင်းလျှောက်သည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် နောက်ဘက်တွင် အသက်ရှူသံပင် ရပ်တန့်သွားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။

သူမ လျှောက်ရင်း ခြေလှမ်းများ နှေးကွေးလာပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

အမှောင်ထဲမှ ဧကရာဇ်မင်းသည် ခုနက အနေအထားအတိုင်း ထောင့်တွင် မလှုပ်မယှက် ထိုင်နေသည်။

အရပ်ရှည်ပြီး သန်မာသော အရွယ်ရောက် အမျိုးသားသည် မျက်နှာအမူအရာမရှိဘဲ ဒူးထောက်ထိုင်လျက် မျက်လုံးနက်နက်များသာ ပေါ်နေပြီး သူမ၏ အရပ်ကို စိုက်ကြည့်နေသည်။

စကားတစ်လုံးမှ မပြောသော်လည်း၊ မည်သည့် လှုပ်ရှားမှုမျှ မရှိသော်လည်း ထိုမှောင်မည်းပြီး တောက်ပသော မျက်လုံးများတွင် ရူးသွပ်မှု၊ ဖိနှိပ်မှု၊ သို့သော် မျှော်လင့်ချက်များ ပါဝင်နေသည့် ဆန့်ကျင်ဘက် ခံစားချက်များ ပေါ်လာသည်။

မေဝမ့်ရှူးသည် ထိုမျက်လုံးအမူအရာကို နားမလည်သော်လည်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသည်။

ဧကရာဇ်၏ ရူးသွပ်သော ရောဂါကို သတိရပြီး သူမ ထပ်မံ အသက်ပြင်းပြင်း ရှူသွင်းကာ ပြန်လှည့်လာခဲ့သည်။

“အရှင်မင်းကြီး အခု သတိရနေတာလား၊ ဒါမှမဟုတ် ပြန်ဖောက်ပြန်နေတာလား” သူမသည် ဧကရာဇ်မင်း၏ ရှေ့တွင် တည့်တည့် ဒူးထောက်ထိုင်ကာ မျက်နှာချင်းဆိုင် စိုက်ကြည့်သည်။ “ကျွန်တော်မျိုး ဘယ်သူလဲဆိုတာ အရှင်မင်းကြီး မှတ်မိပါသလား”

“မှတ်မိတာပေါ့။ ဘယ်လိုလုပ် မမှတ်မိဘဲ နေမလဲ”

သူမ ပြန်လာသည်ကို မြင်သောအခါ လော့ရှင်းယွမ်၏ တင်းမာနေသော ပခုံးများ သိသိသာသာ ပြေလျော့သွားပြီး နံရံကို မှီကာ ထိုင်လိုက်သည်။ နှုတ်ခမ်းကို အနည်းငယ် ကွေးညွှတ်လိုက်သည်။

92 03

“ဆယ့်ခြောက်နှစ်သား အရွယ်ကတည်းက ဘေးနားမှာ ခစားပြီး ကျန်းအတွက် အပင်ပန်းခံ၊ အသက်စွန့်ခဲ့တဲ့ ကျန်းရဲ့ ကောင်းမြတ်တဲ့ မေချင်း။ မင်း ရောဂါကင်းပျောက်ပြီး ပြန်လာပြီလား” (ဒီနားက မေချင်းက အမတ်တွေကို ခေါ်တဲ့ ချင်းပါနော်။ နာမည် မဟုတ်ပါဘူး)

မျက်လုံးများက လည်ပင်းကော်လံဖြင့် ဖုံးအုပ်ထားသည့် ရှေ့မှ ကိုက်ရာကို စိုက်ကြည့်နေပြီး စကားကို နူးညံ့စွာ ပြောသည်။ “ခုနက ကျန်း စကားတွေ မသင့်လျော်ခဲ့တာ၊ ကျန်းအမှားပါ။ မင်း စိတ်မဆိုးပါနဲ့”

မေဝမ့်ရှူးသည် သူ၏ စကားပြောဆိုပုံက အနည်းငယ် မမှန်သေးဟု ထင်သော်လည်း လူသည် ငြိမ်သက်သွားပြီး ပြောဆိုသည့် အကြောင်းအရာများလည်း ယုတ္တိတန်လာသောကြောင့် ကောင်းသော လက္ခဏာဖြစ်သည်။

သူမသည် တစ်လှမ်းအကွာမှပင် ယခင်ကလို ခန္ဓာကိုယ်ကို အနည်းငယ် ငုံ့ကာ သူ၏ လက်ဖမိုးကို နှစ်သိမ့်စွာ ပုတ်လိုက်သည်။

“ဟုတ်ပါတယ်၊ ကျွန်တော်မျိုးပါ။ ကျွန်တော်မျိုး ပြန်လာပါပြီ။ ကိုယ်ခန္ဓာက မကောင်းသေးပေမဲ့ အလုပ်ကိုတော့ နှောင့်ယှက်မှာ မဟုတ်ပါဘူး။ အရှင်မင်းကြီး ဒီဘက်မှာ အခြေအနေ ကောင်းမွန်လာရင် ကျွန်တော်မျိုး နေရပ်ပြန်ပြီး ကျန်းမာရေး ဆက်လက် စောင့်ရှောက်ပါ့မယ်...”

ရုတ်တရက် လက်ကောက်ဝတ်က နာကျင်လာသည်။

ဧကရာဇ်မင်း၏လက်သည် လျှပ်စီးကဲ့သို့ ရောက်လာပြီး သူမ၏ လက်ကောက်ဝတ် နှစ်ဖက်လုံးကို သံညှပ်ကဲ့သို့ ဆုပ်ကိုင်ထားသည်။ (ဒီမှာ ခက်ခက်ခဲခဲနဲ့ လိမ်နေတုန်း ပြန်ဖို့ ကိစ္စကို သွားပြောပြန်ပြီ)

“မပြန်ရဘူး” လော့ရှင်းယွမ်၏ လေသံသည် တည်ငြိမ်ပြီး ခိုင်မာသည်။ ပုံမှန်အတိုင်း ဖြစ်သော်လည်း သူပြောသော စကားမှာ ပြတ်သားပြီး ငြင်းဆိုခွင့် လုံးဝ မရှိပေ။

မေဝမ့်ရှူးရုန်းကန်ကြည့်သော်လည်း မလွတ်မြောက်နိုင်ဘဲ စကားဖြင့် ချော့မော့ရသည်။ “ကောင်းပါပြီ၊ ကောင်းပါပြီ၊ မပြန်ပါဘူး၊ မပြန်ပါဘူး။ အရှင်မင်းကြီး လွှတ်ပေးပါ”

လော့ရှင်းယွမ်က လွှတ်မပေးဘဲ အလွန်အလေးအနက် ပြောသည်။ “မင်း အရှင်မင်းကြီးလို့ ခေါ်တာကို ကြားရတာ များလွန်းလို့ ငြီးငွေ့နေပြီ။ မင်း အရင်ကလို ငါ့နာမည်ကို ခေါ်တာ ကြားချင်တယ်”

92 04

ဒီတစ်ခါ သူက ခန္ဓာကိုယ်ကို ရှေ့သို့ ငုံ့လိုက်ရာ နှစ်ဦးသား၏ မျက်နှာများမှာ ထိလုနီးပါး ဖြစ်နေသည်။ နားရွက်ဘေးတွင် ကပ်လျက် တိုးတိုးလေး ချော့မော့သည်။ “ငါ့နာမည်ကို ခေါ်လိုက်ရင် မင်းရဲ့ လက်ကို လွှတ်ပေးပါ့မယ်”

မေဝမ့်ရှူးသည် တင်းကျပ်စွာ ချုပ်ကိုင်ခံထားရသော လက်ကောက်ဝတ်များကို ငုံ့ကြည့်လိုက်သည်။

ပတ်ဝန်းကျင်ကို သတိထား၍ လှည့်ကြည့်ကာ နန်းဆောင်ထဲတွင် သူမတစ်ယောက်တည်းသာ ရှိကြောင်း သေချာစေသည်။

“ရှင်းယွမ်” သူမ တိုးတိုးလေး ပြောသည်။ “ရှင်းယွမ်”

လော့ရှင်းယွမ်၏ စိတ်အခြေအနေ သိသိသာသာ ပျော်ရွှင်လာသည်။

“အင်း”

++++++

All Chapters