အပိုင်း (၂၇၆)-သူ့ဝိညာဉ်၏ ကိုယ်ရောင်ကိုယ်ဝါကို အနံ့ရခြင်း
Vol. 003 Ch. 276
အဘိုးကြီးပြောသည်ကို ကြားပြီးနောက် ရှီမာယူယူ၏ နှလုံးခုန်မြန်လာသည်။ သူပြောတဲ့ စီနီယာနတ်ဆိုး သင်္ကေတဖြစ်တဲ့ ပန်းကိုပြောတာက….မိုရှားလား။
“အဲဒီ စီနီယာနတ်ဆိုးက ဘယ်သူလဲ” သူမသည် မျက်တောင် ပေကလက်ပေလက်လုပ်နေသည်။
“မင်း စီနီယာနတ်ဆိုးကိုမသိဘူးလား” အဘိုးကြီးသည် သူမအား မေးခွန်းပြန်မေးကာ ပြောလိုက်သည် “ဟုတ်တယ် ဒီနေရာက အဲဒါကို မသိတာက သဘာဝပဲ”
ရှီမာယူယူသည် သူမလက်အား ပြန်ရုတ်ကာ ပြောလိုက်သည် “အဘိုး၊ ဒီ သစ်ရွက်တစ်ရာပန်းက လတ်ဆတ်နေတဲ့အချိန်မှာ သုံးလို့အကောင်းဆုံးပဲ အဘိုး ဆေးဖော်ဖို့ မသွားဘူးလား”
အဘိုးကြီးသည် မစိုးရိမ်ပဲ ပြန်ဖြေလိုက်သည် “ငါ့သေတ္တာက လတ်ဆတ်မှုကို ထိန်းပေးနိုင်တယ်၊ အဲမှာ ဘယ်လောက်ထားထား ကိစ္စမရှိဘူး၊ ကလေး မင်းက ဆေးဖော်တာကိုလည်း သိတဲ့ပုံပဲ မင်းက သူတော်စင်မြို့တော်ကလူလား”
“မဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော် သူတော်စင်မြို့တော်ကို သွားချင်တာပါ” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါအမှန်ဖြစ်မယ်၊ ငါ မင်းကို အဂ္ဂိရတ်ပညာရှင်အသင်းမှာ မတွေ့ဖူးဘူး” အဘိုးကြီး ပြောလိုက်သည်။
“အဘိုးကရော သူတော်စင်မြို့တော်ကလား” ရှီမာယူယူ မေးလိုက်သည်။
“မဟုတ်ဘူး ငါ ဒီရောက်တာ လတစ်ဝက်ပဲရှိသေးတယ်” အဘိုးကြီး ပြန်ဖြေလိုက်သည်။ “ဒီမှာ ပျော်စရာမကောင်းဘူး၊ ဒီမှာ ရက်နည်းနည်းပဲ နေပြီး သွားတော့မှာ”
“ရက်နည်းနည်းပဲလား” ရှီမာယူယူသည် သူ့အား ရှုပ်ထွေးစွာကြည့်ပြီး ပြောလိုက်သည် “သူတို့က သူတော်စင်မြို့တော်ကို ကာကွယ်ရေးတည်ဆောက်မှုကြီး အသက်သွင်းထားတယ်မလား အဘိုး ဘယ်လိုထွက်လာတာလဲ”
“မင်းက အဲဒါကို ကာကွယ်ရေးတည်ဆောက်မှုကြီးလို့ခေါ်တာလား၊ ငါ ဒီအတိုင်းလမ်းလျှောက်ထွက်လာတာပဲ အဲဒီတည်ဆောက်မှုကြီးက ငါ့ကိုမတားနိုင်ဘူး” အဘိုးကြီးသည် ထိုတည်ဆောက်မှု၏ အရည်အသွေးကို အထင်သေးသည်။ သို့သော် အနိမ့်လောကအကြောင်းပြောရာတွင် ထိုမျှလောက် မဝေဖန်ပေ။ သို့သော် သူ့စကားများကြောင့် ရှီမာယူယူ မှင်တက်သွားသည်။
မြို့တော်ကာကွယ်ရေး တည်ဆောက်မှုသည် နှစ်ပေါင်း တစ်ရာမှ တစ်ထောင်ထိ ကာကွယ်နိုင်သည်။ အားကောင်းမှုကိုတော့ ပြောစရာမလိုပေ။ သို့သော် ထိုကဲ့သို့ တည်ဆောက်မှုအမျိုးအစားသည် ဒီအဘိုးကြီး၏ သတိပြုခြင်းကို မခံရပေ။ သူ့ရဲ့ သရုပ်မှန်ကဘာလဲ။
သူက မြင့်မြတ်တဲ့လောကက ဆင်းသက်လာတာလား။
ထိုဖြစ်နိုင်ချိန်ကို တွေးမိချိန်တွင် သူမ ပြုံးကာ ထိုအဘိုးကြီးကို ပြောလိုက်သည် “အဘိုးက မြင့်မြတ်တဲ့လောက ကလာတာလား”
အဘိုးကြီးသည် သူမအား စိုက်ကြည့်ပြီး ပြောလိုက်သည် “ကလေး မင်းက တော်တော်စပ်စုတာပဲ၊ မင်းက င့ါတပည့်ထက်တောင် ဆိုးနေတယ်၊ ဒါပေမယ့် အဲကလေးက မင်းထက်ပိုမျက်နှာများတယ်”
“သူ့တပည့်ကို ငါဘယ်လိုသိမှာလဲ” ရှီမာယူယူသည် စိတ်ထဲမှတွေးနေသော်လည်း သူ့မျက်နှာ်တွင် အပြုံးထင်ကျန်နေလေသည်။ သူမ မေးလိုက်သည် “အဘိုးက ယိလင်းတိုင်းပြည်ကို ဘာလုပ်ဖို့လာတာလဲ”
“ရှာစရာရှိလို့” အဘိုးကြီးပြောလိုက်သည်။
“ဘာရှာတာလဲ ကျွန်တော်ကူညီပေးရမလား”
“ငါပြောလည်း မင်းမသိလောက်ဘူး၊ ငါ့ကို ကူညီဖို့နည်းလမ်းလည်းရှိမှာမဟုတ်ဘူး” အဘိုးကြီးသည် ခေါင်းရမ်းလေသည်။
ဒီတစ်ခေါက်တွင် သူသည် သူ့တပည့်၏ ဝိညာဉ်ကိုရှာရန်လာခြင်းဖြစ်သည်။ သူသာ ပြောလိုက်လျှင် ဒီကလေးတော့ သေချာပေါက် ကြောက်လို့သေသွားလောက်မည်။
သူမအား ငြင်းလိုက်သည်ကို မြင်သည်နှင့် ရှီမာယူယူ မအံ့သြတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အခုမှ တွေ့တာလေ။
တဖြည်းဖြည်းမှောင်လာသည်ကိုကြည့်ရင်းနှင့် သူမ အပြင်တွင်ဆက်နေမည်ဆိုပါက သူ့လူများသည် သူမအား သေချာပေါက်လာရှာတော့မည်။ သူမသည် အဘိုးကြီးအားပြောလိုက်သည် “အဘိုး ကျွန်တော် ပြန်ရတော့မယ်၊ တောင်ပေါ်မှာ သတိထားပါ၊ ဒီမှာ မလုံခြုံဘူး သွားတော့မယ်”
ဝေဒနာမေ့ပျောက်ခြင်းကျွန်းရှိ သတ္တဝါကိုချုပ်နှောင်ရန် သူသည် အားကုန်သုံးကာ တိုက်ခိုက်ခဲ့ကြောင်း ဟာစွန် သူမအားပြောဖူးသည်။ သူသာ ချုပ်နှောင်မခံရပါက သူ၏ စွမ်းအားသည် မတွေးဝံ့အောင်ပင်ဖြစ်သည်။
သားရဲတစ်သောင်းတောင်မှ သတ္တဝါ၏ ကိုယ်ရောင်ကိုယ်ဝါသည် ဝေဒနာမေ့ပျောက်ခြင်းမှ သတ္တဝါနှင့် တူညီမှုမရှိဟု ဟိန်းသံလေးပြောဖူးသည်။ သို့သော် အကောင်ကြီးဖြစ်နေသေးသည်။ ဒီအဘိုးကြီးသည် မြင့်မြတ်သည့်လောကမှ ဆင်းသက်လာသည်ဆိုပါက သူ့စွမ်းအားကို သူမ မသိသော်လည်း သူ့အား သေချာစွာ ပြောပြသည်။
ထိုကျွန်းတွင် တစ်စုံတစ်ရာရှိနေသည်။ ထိုအဘိုးကြီးသည် သားရဲတစ်သောင်းတောင်ရောက်သည့် ပထမနေ့တွင်ပင် ထိုတစ်စုံတစ်ရာကို ခံစားမိသည်။ ဒီကလေးသည် သေချာစွာသိလိမ့်မည်ဟု သူ ထင်မထားသဖြင့် သူမအကြောင်းကို သိချင်လာသည်။
“ဟိတ် ကလေး” အဘိုးကြီးသည် ရှီမာယူယူအား ခေါ်လိုက်သည်။
“ရှီမာယူယူပါ” ရှီမာယူယူ ရပ်လိုက်သည်။ သူမသည် သူမအား “ဟိတ်” ဟုခေါ်သည်ကို မနှစ်သက်သဖြင့် သူမ နာမည်အားပြောလိုက်သည်။
“ကလေး ရှီမာ” အဘိုးကြီးသည် သူမအား နာမည်အသစ်အားခေါ်ပြန်သည် “ဒီနေရာက မလုံခြုံဘူးဆိုတာ ဘယ်လိုသိလဲ”
ရွေးချယ်စရာမရှိပေ။ သူသည် ထိုအကြောင်းအား သိချင်လွန်းသည်။ ထိုအရာသည် သူ့အားနည်းချက်ပင်ဖြစ်သည်။
သူ ရှီမာယူယူအားတွေ့ချိန်တွင် သူမအကြောင်းကို သိချင်မိသည်။
သူသည် လူငယ်ဖြစ်သော်လည်း သူ့မျက်လုံးတစ်စုံသည် ပစ္စည်းကောင်းအတွက်ဆိုလျှင်တောင် တည်ငြိမ်လွန်းသည်။ ဘာကြောင့် လူတစ်ယာက်လုံးကို ထိုကဲ့သို့ ရင်မောဖွယ် ခံစားချက်ကို ပေးရသနည်း။
ထိုကဲ့သို့ခံစားချက်သည် သူ့တပည့် လေလုံးထွားသည့်ပုံစံလုပ်သည့်အချိန်တွင် မြင်ရသည့်ပုံစံမျိုးဖြစ်သည်။
“ကျွန်တော် မှန်းကြည့်တာပါ” ရှီမာယူယူ ပြောလိုက်သည်။
“ဘယ်လိုမှန်းလိုက်တာလဲ” အဘိုးကြီးမေးလိုက်သည်။
“အဘိုး ကျွန်တော် တကယ်သွားရတော့မယ် မဟုတ်ရင် ကျွန်တော့်မိသားစုက စိတ်ပူလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“မင်း ငါ့ကို ပြောပြီးမှသွား” သူ၏ ပုံစံအစစ်အမှန်ပေါ်လာသည်။
“အဘိုးသာ သစ်ရွက်တစ်ရာပန်းကို ဘယ်မှာသုံးမှာလဲဆိုတာ ပြောပြရင် ကျွန်တော်လည်း ပြောပြမယ် အဲလိုဆိုရင်ရော” ရှီမာယူယူ ပြုံးလိုက်သည်။
“သုံးယွမ်ဆေး” အဘိုးကြီးသည် သူ ဖော်မည့်ဆေးကို ဖော်ရလိမ့်မည်ဟု ထင်မထားပေ။ “အခု မင်းငါ့ကို ပြောရမယ့်အလှည့်ပဲ”
“အဲဒါ သုံးယွမ်ဆေးအတွက်လား” ရှီမာယူယူ တွေးလိုက်သည် “ဒါပေမယ့် သစ်ရွက်တစ်ရာပန်းနဲ့ ဖော်လို့ရတဲ့ ဆေးအမျိုးအစားက နည်းနည်းပဲရှိတာ”
“မင်းကိုပြောပြီးပြီလေ ဒါပေမယ့် မင်းဘယ်လိုမှန်းမိတာလဲဆိုတာ မပြောရသေးဘူး” အဘိုးကြီး ပြောလိုက်သည်။
“တကယ်တော့ ရိုးရှင်းပါတယ်” ရှီမာယူယူ ေြာလိုက်သည် “သားရဲတစ်သောင်းတောင် တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်နေတာ ပြီးတော့ သားရဲတော်တော်များများက သူတော်စင်မြို့တော်ကို ဦးတည်နေတာ၊ အဲဒါ မလုံခြုံလို့ မဟုတ်ရင် ဘာဖြစ်မလဲ”
“….” အဘိုးကြီးသည် သူမ အဖြေအားကြားသောအခါ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သူမ ဆိုလိုသည်ကို သူအဓိပ္ပာယ်ကောက် မှားသွားတာလား။
“ကောင်းပြီ အဘိုး ကျွန်တော် ဖြေပြီးပြီဆိုတော့ ပြန်လို့ရပြီလား” ရှီမာယူယူ ပြောလိုက်သည် “တာ့တာ အဘိုး”
သူမ အဘိုးကြီးအား လက်ရမ်းပြပြီးနောက် ငှက်လေးကို ခေါ်ကာ ထွက်သွားလေသည်။
အဘိုးကြီးသည် သူမထွက်သွားသည်ကို ပဟေဠိဆန်စွာ ကြည့်နေလေသည်။ သို့သော် သူမအားမခေါ်ပဲ ထွက်သွားစေသည်။
ထိုတောင်ထိပ်မှ အဝေးတစ်နေရာရောက်မှပင် ရှီမာယူယူ မေးလိုက်သည် “မိုရှား ခုဏက မင်းဘာဖြစ်သွားတာလဲ”
“ငါ့ ဝိညာဉ်ရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ခံစားမိနေတယ်” မိုရှား အသံထွက်လာသည်။
“မင်း ဝိညာဉ် ဟုတ်လား” ရှီမာယူယူ တကယ်အံ့သြသွားသည်။ “အဲဒီခုဏက အဘိုးကြီးက မင်းရဲ့ ဝိညာဉ်နောက်တစ်ခြမ်းလား”
“မဟုတ်ဘူး” မိုရှားပြောလိုက်သည် “အဲဒီ လူရဲ့ ဝိညာဉ်ကအပြည့်ပဲ၊ ဝင်စားတဲ့လူတစ်ယောက်ရဲ့ ဝိညာဉ်က လိုနေတာ၊ သူနဲ့ရှိနေတဲ့သူက ဝင်စားတဲ့သူဖြစ်ရမယ်”
“ဒါဆို မင်းရဲ့ခန္ဓာကိုယ်ရှိတဲ့နေရာကို သူ့ကိုမမေးလိုက်တာလဲ” ရှီမာယူယူ မေးလိုက်သည်။
“သူက အရမ်းသန်မာတယ်၊ ငါ့လက်ရှိစွမ်းအားက သူ့ကို မချုပ်နိုင်ဘူး” မိုရှားပြောလိုက်သည် “မင်းထဲကို ငါဝင်ရင်တောင် မထူးဘူး”
ရှီမာယူယူ စကားလုံးမဲ့သွားသည်။ ထို့နောက် သူမမေးလိုက်သည် “ဒါဆို အခုငါတို့ဘာလုပ်ကြမလဲ”
“သူ့နားကပ်ပြီး သူ့ပတ်ဝန်းကျင်ကို ကြည့်ရမယ်” မိုရှားပြောလိုက်သည်။
“သူ့နားသွားရမယ် ဟုတ်လား၊ သူက မြင့်မြတ်တဲ့လောက ကလူတော်၊ ဘယ်လိုလုပ်သူ့နား ကပ်ရမလဲ” ရှီမာယူယူသည် ပြောစရာစကားမရှိတော့ပေ။
“နည်းလမ်းရှာဦး” ရှီမာယူယူသည် တိတ်ဆိတ်နေပြီး ထပ်ပြီး မပြောတော့ပေ။
ရှီမာယူယူ လှည့်ပတ်ကြည့်လိုက်သည်။ သူမ ပြန်သွားလို့အဆင်ပြေပါ့မလား။ ဒါပေမယ့် ပြန်သွားရင် ဘာပြောရမလဲ။ သူ့ဘေးက တစ်ယောက်ယောက်က ဝိညာဉ်တစ်ခြမ်းပဲရှိတာကို သူမ အဘိုးကြီးအား မေးရမှာလား။ သူက သူမကို ချက်ချင်းပဲနေရာတင်ပဲ အမျိုးဖြုတ်ပစ်လိုက်နိုင်သည်။
“ဟူး..” သူမ သက်ပြင်းချကာ ပြောလိုက်သည် “သူက သူတော်စင်မြို့တော်ကိုလာတယ်လို့ပြောတယ်။ မြန်မြန်တော့ ထွက်မသွားလောက်ပါဘူး၊ ငါ သူ့ကို ပြန်သွားရှာရမလား”
သူမ မဆုံးဖြတ်ရခင်ပင် နဂါးတောင်မှ ကျယ်လောင်သော အသံထွက်လာသည်။ စခန်းတွင် တစ်စုံတစ်ရာဖြစ်မည်ကို သူမ စိုးရိမ်သောကြောင့် ငှက်လေးအားစီးကာ ပြန်လာခဲ့သည်။
သူမ နဂါးတောင်သို့မရောက်ခင်တွင် ကောင်းကင်မှ လူနှစ်ယောက် အောက်သို့ကြည့်နေသည်ကို မဝေးမှ မြင်လိုက်ရသည်။ ခုဏက ကြားလိုက်ရသော ကျယ်လောင်သောအသံမှာ ထိုနှစ်ယောက်တိုက်ခိုက်ခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်နိုင်သည်။
ငှက်လေးသည် အရှိန်မြင့်ကာ ရှီမာယူယူသည် ထိုလူနှစ်ယောက်အား အနီးကပ်ကြည့်လိုက်သည်။
“ယူယန်လား”