← Chapters

အပိုင်း (၂၇၇)-မင်းအမေ မမှတ်မိလောက်တဲ့အထိ ရိုက်မယ်

Vol. 003 Ch. 277

အပိုင်း (၂၇၇)-မင်းအမေ မမှတ်မိလောက်တဲ့အထိ ရိုက်မယ်

Vol. 003 Ch. 277

ရှီမာယူယူ ပျံသွားကာ တောင်ဘေးတွင် ဆင်းသက်လိုက်သည်။ ကန်ဘေးတွင် လူများရပ်နေသည်ကို သူမ မြင်လိုက်ရသည်။ လီမူသည် လူများခေါ်လာပြီး နာလန်မျိုးနွယ်မှလူများနှင့် ရပ်နေလေသည်။

ရှီမာယူယန်သည် လေထဲတွင် လူငယ်တစ်ယောက်နှင့် တိုက်ခိုက်နေသည်။ ရှီမာယူယန်၏ တိုက်ခိုက်မှုကြောင့် တစ်ဖက်လူမှ ဒဏ်ရာရသွားသောကြောင့် အောက်မှလူများသည် အားပေးနေကြသည်။

“ရှီမာယူယန် မင်း အခုထိ မင်းရဲ့ စာချုပ်သားရဲကို မခေါ်သေးဘူးလား” ခန့်ညားသော အဖြူရောင်ဝံပုလွေသည် ထိုလူဘေးတွင် ရပ်လိုက်သည်။

“အံ့ဖွယ်သားရဲ” ရှီမာယူယန်သည် ထိုအဖြူရောင်ဝံပုလွေအား ကြည့်လိုက်သည်။ တချို့သော အံ့ဖွယ်အဆင့်ရောက်သောလ ဝိညာဉ်သားရဲများသည် အတောင်ပံမရှိသောလည်း ပျံသန်းနိုင်သည်။ ထိုအဖြူရောင်သည် ထိုကဲ့သို့ ဝိညာဉ်သားရဲဖြစ်သည်။

ရှီမာယူယန်သည် သူ့ပါးစပ်ဘေးမှစီးကျလာသော သွေးကို သုတ်ပြီး ပြောလိုက်သည် “မင်းကို နိုင်ဖို့ကို င့ါစာချုပ်သားရဲသုံးဖို့ မလိုဘူး”

“ဒီမှာဘာတွေဖြစ်နေတာလဲ” သူမသေည် တောင်ပေါ်မှ ဆင်းလာကာ ပြောလိုက်သည် “မင်းက အံ့ဖွယ်သားရဲချင်း ယှဉ်နေတာလား၊ ငှက်လေး သူတို့နဲ့ ကူပြီး ကစားချင်လား”

ဒီတစ်ခါတော့ သူတို့ပြဿနာရှာနေတာ… သူတို့က ရှီမာမျိုးဆက်သစ်တွေရဲ့ အင်အားကို ခန့်မှန်းဖို့ မကြိုးစားပဲ ဘာတွေလုပ်နေတာလဲ။

“ယူယူ ပြန်လာပြီလား” သူမ ပြန်လာသည်ကိုမြင်ချိန်တွင် ရှီမာမျိုးနွယ်မှ လူများပြောလိုက်သည် “ယူယူ ဒီလူတွေက သူတော်စင်အဂ္ဂိရတ်ပညာရှင်အသင်းကလူတွေ…သူတို့သခင်မလေးကို ပြန်ပေးဆွဲတယ်ဆိုပြီး ပြဿနာရှာချင်နေကြတယ်။ နောက်ကျ သူတို့သုံေးယာက်ကို ငါတို့နိုင်တယ်ဆိုရင် ဒီအခြေအနေကို ကျော်သွားပေးမယ်လို့ပြောတယ်”

ရှီမာယူယူ တစ်ချက်ကြည့်လိုက်သည်။ ရှီမာယူရှင်း၊ ရှီမာယူလန်နှင့် ကျောက်စိမ်းတို့ရှိမနေပါ။ ထိုကဲ့သို့ မလုပ်ခင်တွင် ကျောက်စိမ်းမရှိသည့်အချိန်ကို ရွေးထားသည့်ပုံပေါ်သည်။

ရှီမာယူယူသည် ရှီမာယူယန် ရှိရာသို့ ပျံသွားပြီး ပြောလိုက်သည် “ယူယန် မင်း အဲလူတွေကို မနိုင်နိုင်ဘူး၊ မရှက်ဘူးလား၊ ဆင်းတော့ ငါတာဝန်ယူလိုက်မယ်”

ရှီမာမျိုးနွယ်မှ လူများသည် စင်ပေါ်တွင် ယှဉ်ပြိုင်ချင်သည်။ သူမ တစ်ဖက်လူ၏ သဘောအတိုင်း အဖြစ်မခံနိုင်ပေ။

“ယူယူ….” ရှီမာယူယန် သူမအား ကြည့်လိုက်သည်။

သူသည် တစ်ဖက်၏ ရည်ရွယ်ချက်ကို မသိစရာအကြောင်းမရှိပေ။ သို့သော် သူတို့သည် အနိုင်ကျင့်နေခြင်းဖြစ်၍ နောက်ဆုတ်ရန် အကြောင်းမရှိပေ။

“သွားတော့” ရှီမာယူယူ သူ့ပခုံးပုတ်ကာ နာလန်ဂျီအား မဲ့ပြုံးဖြင့် ပြောလိုက်သည် “မင်းတို့က ရှီမာမျိုးနွယ်ရဲ့ အင်အားကို မစမ်းသပ်ချင်ဘူးလား၊ ငါ မင်းနဲ့ဆော့ပေးမယ်၊ မင်းတို့သုံးယောက်ကို အနိုင်ရရမှာလား၊ ငါ တစ်ယောက်တည်းနဲ့တင် လောက်တယ်”

သူတို့နှစ်ယောက်လုံး နားလည်သော်လည်း ရှီမာယူယူ တည့်တိုးပြောမည်ဟု ထင်မထားပေ။ နာလန်မျိုးနွယ်ဝင်များ အလွန်အမင်း မျက်နှာပျက်သွားသည်။

“မင်းကို ၂နှစ်လုံး မမြင်ရတာ တကယ်သန်မာလာတာပဲ” နာလန်ဂျီသည် သူတို့ယိလင်းမြို့တော်တွင် တွေ့ကတည်းက သူမအား သတိထားမိသည်။

ရှီမာယူယူ၏ အပြုံးသည် တုန့်ဆိုင်းမှုမရှိပဲ ပြောလိုက်သည် “ချီးကျူတဲ့အတွက်ကျေးဇူးပါ ဒါပေမယ့် ခင်ဗျားရဲ့ ကိုယ်ရောင်ကိုယ်ဝါကတော့ လွန်ခဲ့အတိုင်း ၂နှစ်ကအတိုင်းပဲနော်”

“မင်း…” နာလန်မျိုးနွယ်ဝင်များသည် ဒေါသထွက်ကာ သူမအား ရိုက်ရန် ရှေ့တိုးသော်လည်း နာလန်ဂျီက ဆွဲထားလေသည်။

“မင်းဘယ်သူလဲ” တစ်ဖက်မှ ယောက်ျားတစ်ယောက်မေးလိုက်သည်။

“ခင်ဗျားကရောဘယ်သူလဲ” ရှီမာယူယူ ပြန်မေးလိုက်သည်။

“ငါက ယွမ်ဖန်၊ အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ ၄ယောက်မြောက်အကြီးဆုံး တပည့်ပဲ” ယွမ်ဖန်ပြောလိုက်သည်။

“အဂ္ဂိရတ်ပညာရှင်အသင်း ခေါင်းစဉ်ကတော့ ကြီးတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမယ့် အဲလိုဆိုရင်တောင် ခင်ဗျားတို့ ရှီမာမျိုးနွယ်ကို အကြောင်းမဲ့သက်သက် မီးမမွှေးသင့်ဘူး၊ ဘယ်ဟာ အမှန်လဲ အမှားလဲဆိုတာ ရှင်းပြီးမှ ရပ်တည်ပါ”

“ဒါကလည်း မင်းကိုယ့်ဘာသာ ကိုယ်လုပ်တာပဲ ခဏလေးအတွင်းကို မင်းအမေ မင်းကို မမှတ်မိလောက် အောင်ကို ရိုက်ပစ်မယ်” ယွမ်ဖန် အော်လိုက်သည် “အဖြူရောင်ဝံပုလွေ သွားတော့”

“ငှက်လေး အဲဒီဝံပုလွေလေးနဲ့ သွားကစားလိုက်ဦး၊ တစ်ဖက်ကလူကို မသတ်မိစေနဲ့နော် အံ့ဖွယ်သားရဲဆုံးရှုံးဖို့ကို ငါတို့ ဖိအားမပေးဘူး” ရှီမာယူယူသည် သူမ ပခုံးပေါ်ရှိ ငှက်လေးအား ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်၊ ကျွန်တော် သက်ညှာပါမယ်” ငှက်လေးသည် ပြောပြီးသည်နှင့် သူ၏ မူလပုံစံအဖြစ် ပြောင်းသွားသောကြောင့် အောက်ကလူများကို သူ၏ အရိပ်ဖြင့် ဖုံးသွားလေသည်။

“အတောင်ပံလေးခုငှက်” ငှက်လေး၏ မူလပုံစံကို မြင်သည်နှင့် နာလန်မျိုးနွယ်မှ လူများ အော်လိုက်သည်။

ငှက်လေးသည် ချက်ချင်းပင် ဝံပုလွေဆီသို့ တဟုန်ထိုးပြေးသွားပြီး သူ၏ လက်သည်းများသုံးကာ ဖမ်းရန် ကြိုးစားလိုက်သည်။ ဝံပုလွေသည် ဘေးသို့ ချက်ချင်းပျံသွားကာ တိုက်ခိုက်ခြင်းကို ရှောင်ရှားရန် လုပ်လိုက်လေသည်။

“မင်းက ငါနဲ့ ပျံရင်းနဲ့ တိုက်ချင်တာလား” ငှက်လေးသည် အေးစက်စွာ ကြိမ်းမောင်းပြီး အဖြူရောင် ဝံပုလွေကို ထပ်မံတိုက်ခိုက်လေသည်။

အဖြူရောင်ဝံပုလွေ၏ ပျံသန်းမှုအရည်အချင်းသည် ငှက်လေးရှေ့ရောက်သောအခါ ဘာမှမဟုတ်တော့ပေ။ သူပုန်းနေသည့်အချိန်မှာပင် တိုက်ခိုက်မှုအား ဆက်တိုက်ခံရလေသည်။

သူ၏ အံ့ဖွယ်သားရဲအရေးနိမ့်နေသည်ကို ယွမ်ဖန်မြင်သည်နှင့် ပင့်သက်ရှိုက်ကာ သူ၏ ဝိညာဉ်ချီကို ဓားရှည်နှစ်လက်အဖြစ်ပြောင်းလိုက်သည်။

“ရှုထောင့်နှစ်မျိုး ဝိညာဉ်သခင်လား” ပြိုင်ဖက်၏ ဝိညာဉ်အရည်အချင်းသုံးပုံကို ရှီမာယူယူမြင်သည်နှင့် သူ၏ စိတ်စွမ်းအားကို ရှင်းလင်းစွာသိသွားလေသည်။ သူသည် အဂ္ဂိရတ်ပညာရှင်ဖြစ်သည်ကို သူမ သိသောအခါ သူ့တွင် မီးတောက်အရည်အချင်းပိုင်ရှင်ဖြစ်သည်ကိုပါ အလိုလိုသိလေသည်။

“မင်း သိတာနောက်ကျသွားပြီ” ယွမ်ဖန် ပြောလိုက်သည် “အခု မင်းငါ့ကို ဒူးထောက်ပြီး တောင်းပန်ရင်တောင် ငါမင်းကို အလွတ်မပေးဘူး”

“ခင်ဗျားက စိတ်ကြီးဝင်နေတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် တောင်းပန်မယ်လို့ ဘယ်သူပြောလဲ၊ ဒါပေမယ့် ခင်ဗျားရဲ့စကားတွေကို ပြန်လက်ဆောင်ပေးမယ်၊ ခင်ဗျား ဒူးထောက်တောင်းပန်ရင်တောင် အလွတ်မပေးဘူး”

ပြောပြီးနောက်တွင် သူမ ဝိညာဉ်ချီအား မီးလုံးအသွင်ပြောင်းကာ တစ်ဖက်မှ ပစ်လာသည့် ဓားမြှောင်များကို တိုက်ထုတ်လိုက်သည်။ သို့သော် သူမ မီးလုံးများသည်လည်း ပျောက်ကွယ်သွားလေသည်။

“ကျွန်တော့်အရည်အချင်းက ခင်ဗျားဝိညာဉ်အရည်အချင်းကို ယှဉ်နိုင်ရုံပဲရှိတဲ့ ပုံပဲ” ရှီမာယူယူ သရော်လိုက်သည်။

“ကိုယ့်ကိုကိုယ် အထင်ကြီးမစောပါနဲ့၊ မင်းက မီးနဲ့ကစားချင်တယ်ဆိုတော့ မင်းနဲ့လိုက်ကစားပေးရမှာပေါ့” ယွမ်ဖန် ပြောလိုက်သည် “အဂ္ဂိရတ်ပညာရှင်ဆိုမှာတော့ မီးနဲ့ကစားရတာ အကြိုက်ပဲ”

ယွမ်ဖန်၏ အရည်အချင်းသည် မီးတောက်အား ကိုင်တွယ်နိုင်သည်မှာ ကျွမ်းကျင်သည်ဟု ပြောမရသော်လည်း သူ့လက်ထဲတွင် မီးလုံးများ ပုံစံအမျိုးမျိုးစတင် ပုံပေါ်လေသည်။

ရှီမာယူယူ သူ့အား ဆွံ့အစွာကြည့်မိသည်။ ဒီလူက မျက်လှည့်ပွဲပြမလို့လား။

“သွား” တစ်ဖက်လူသည် အချိန်အတော်ကြာစွာ အချိန်ဖြုန်းပြီးနောက်တွင် ဝံပုလွေငယ်အား ထိန်းချုပ်ကာ ရှီမာယူယူဆီသို့ တိုက်ရိုက်သွားရန် အမိန့်ပေးလိုက်သည်။

ရှီမာယူယူသည် လက်ထဲတွင် ဓားရှည်အား ပြင်ဆင်ထားပြီးဖြစ်သည်။ မီးတောက်ဝံပုလွေရောက်လာချိန်တွင် သူမသည် ဓားရှည်ဖြင့်ခုတ်ပိုင်းလိုက်သည်။

“ခင်ဗျားရဲ့ မီးတောက်နဲ့ကစားတဲ့အရည်အချင်းက မဆိုးဘူး၊ ပြီးရင်ခင်ဗျားရဲ့ ဝိညာဉ်အရည်အချင်းကလည်း မနိမ့်ဘူးပဲ၊ သေချာမသင်ခဲ့ရတာ နှမြောစရာပဲ နှေးလွန်းတယ်၊ စောင့်ရတာကို ပင်ပန်းနေပြီ” ရှီမာယူယူသည် ပြောရင်းနှင့် ရက်စက်စွာပင် သူ့ဆီသို့ပြေးသွားလေသည်။ သူမ အရှိန်နှုန်းသည် သားရဲပျံတစ်ကောင်၏ အရှိန်နှုန်းနှင့် တူညီသည်။

သူမသည် ယွမ်ဖန်အားကန်လိုက်ရာ သူသည် အထိနာကာ ကောင်းကင်မှ ကျသွားလေသည်။

“ဘုန်း”

ယွမ်ဖန်သည် မြေပေါ်သို့ကျချိန်တွင် အကာအကွယ်ဖန်တီးလိုက်သည်ကို မှတ်မိသည်။ သူမြေပေါ်သို့ ပြင်းထန်စွာကျသောအခါ ထိုအကာအကွယ်သည် တစ်စစီ ကြေမွသွားလေသည်။

ရှီမာယူယူသည် သူဆီရာသို့ ပျံသွားပြီးနောက် လက်သီးဆုပ်ကာ ထိုးတော့သည်။

ယွမ်ဖန်သည် မတ်တတ်ရပ်ခါစ၌ပင် အထိုးခံလိုက်ရသည်။ အကြိမ်အနည်းငယ် အထိုးခံရပြီးနောက်တွင် အညိုအမည်းများဖြစ်ပေါ်လာတော့သည်။ သူ့မျက်လုံးများသည် ဖူးယောင်ကာ နှုတ်ခမ်းများလည်း ပေါက်ပြဲတော့သည်။ သူ၏ မူလပုံစံမှာ လုံးဝပင် ပျောက်ကွယ်သွားတော့သည်။

“တော်တော့” ယွမ်ဖန် လျင်မြန်စွာအရှုံးပေးလိုက်ရမည်၊ ရှီမာယူယူ၏ လှုပ်ရှားမှုမှာ မြန်ဆန်လှသောကြောင့် သူ့ခေါင်းမှာ အချိန်တစ်ခဏအတွင်းမှာပင် ဝက်ခေါင်းကဲ့သို့ဖြစ်သွားလိမ့်မည်ဟု လီမူထင်မထားပေ။

ရှီမာယူယူ လီမူအားစိုက်ကြည့်ပြီးပြောလိုက်သည် “ဒါက ပြိုင်ပွဲမဟုတ်ဘူးလား၊ သူမှ အရှုံးမပေးသေးတာ၊ မရပ်နိုင်ဘူး”

“ငါ ငါ အရှုံးပေးပါတယ်” ယွမ်ဖန်သည် အခွင့်အရေးရတုန်း ပြောလိုက်သည်။

ရှီမာယူယူသည် နောက်ထပ်ထိုးရန်ပြင်လိုက်သော်လည်း သူမလက်သီးသည် သူ့မျက်နှာနား တစ် စင်မီတာလောက်အလိုတွင် ရပ်သွားလေသည်။

“ဟင်ဘာလို့အရှုံးပေးတာလဲ၊ ငါ နောက်ထပ် နှစ်သုတ်လောက် ထိုးချင်သေးတာ” သူမ သက်ပြင်းချသော်လည်း လွှတ်ပေးလိုက်သည်။ နောက်ဆုံးတွင် ယွမ်ဖန်သည် မြေပေါ်တွင် လဲကျသွားကာ “ငါက ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်တယ်၊ ခင်ဗျား အမေဆီပြန်ပြီး ခင်ဗျားကို မှတ်မိလားလို့သွားမေးလိုက်ဦး”

“ရွှတ်”

ရှီမာမျိုးနွယ်ဝင်များသည် ဝါးလုံးကွဲရယ်မောကြတော့သည်။ ဒီကောင်ကတော်တော်ဆိုးတာပဲ တစ်ဖက်ကို ရိုက်ပြီးတာတောင် သရော်သေးတယ်။

ရှီမာယူယူ လှည့်ပြီး အဂ္ဂိရတ်ပညာရှင်အသင်းမှ လူများကိုကြည့်ကာ ပြောလိုက်သည် “နောက်ထပ် နှစ်သုတ်ရှိသေးတယ်မလား နောက်ဘယ်သူလဲ”

အဂ္ဂိရတ်ပညာရှင်အသင်းမှ လူများသည်မသိဘာသာပင် နောက်ဆုတ်ကြသည်။ သူတို့၏ အသန်မာဆုံးဖြစ်သော ယွမ်ဖန်သည် အရိုက်ခံရပြီး၍ ထိုတိုက်ပွဲတွင် တောင်းပန်ပြီးနေပြီ။ ဘယ်သူက ရှေ့တိုးရဲမလဲ။

“ဒီမှာဘာတွေဖြစ်နေတာလဲ” ကျောက်စိမ်း၊ ရှီမာယူရှင်ါ်နှင့် တခြားသူများသည် ပျံလာကာ ထိုမြင်ကွင်းအား မြင်သောအခါ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

All Chapters