Chapter 1411 - 1412
Vol. 95 Ch. 1411 - 1412
Chapter 1411 ယဲ့ဘုရင်က အင်မော်တယ်၊ နတ်ဆိုးတွေက သေတဲ့အထိ တိုက်ခိုက်မယ်
ထိုစကားကိုကြားသော် ထန်မင်လီ ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ထန်ဟောင်ကျုံး သူက မင်းရဲ့ မြေးတူမလေ၊ မင်း လူရော ဟုတ်သေးရဲ့လား”
ထန်ဟောင်ကျုံးက အလွန် ရည်မှန်းချက် ကြီးလွန်းသည့်အပြင် သူ၏ မြေးတူမ ဖြစ်သူကိုပင် အလွတ်မပေးဘဲ နေလိမ့်မည်ဟု ထင်မထားမိပါ။
“ငါ့သားအရင်းနဲ့ ချွေးမကိုတောင် ငါ သတ်ခဲ့သေးတာပဲ၊ ငါ့ကို လူလို့ မင်း ထင်နေသေးတာလား”
ထန်ဟောင်ကျုံးက ညစ်ကျယ်ကျယ် ရယ်မောလိုက်ပြီးနောက် ထန်မင်လီ၏ ဆံပင်ကိုဆွဲကာ မာမာထန်ထန် ပြောလိုက်သည်။
“ပြီးတော့ မင်းမြေးမက မကြာခင် သေလူဖြစ်လာတော့မှာလေ၊ ငါ သိသလောက်ဆို သူက အခုထိ အပျိုလေးပဲ ရှိသေးတယ် မဟုတ်လား၊ သူ့ကို အဲ့အတိုင်း သေခိုင်းလိုက်တာ နှမြောစရာ မကောင်းဘူးလား၊ မသေခင် သူ့ကို မိန်းမတစ်ယောက် ဖြစ်ရတာက ဘယ်လိုမျိုးလဲဆိုတာကို ခံစားခိုင်းမလို့လေ၊ အဲ့ဒါ ဘာဖြစ်လို့လဲ၊ မကောင်းဘူးလား”
“ပြောရရင် မင်း ငါ့ကိုတောင် ကျေးဇူးတင်သင့်သေးတာ၊ ဟားဟား”
“အရှက်မရှိလိုက်တာ၊ ငါ့အရှင်က မင်းကို နုတ်နုတ်စင်းပစ်မှာ”
ထန်မင်လီ အံကြိတ်နေပြီး ထန်ဟောင်ကျုံး၏ ခန္ဓာကိုယ်အား တစ်စစီ ကိုက်ဖြတ်ချင်စိတ် ပေါက်နေသည်။
*ဒီလူ့အမှိုက်ကောင်ကတော့*
“နုတ်နုတ်စင်းမယ် ဟုတ်လား”
ထန်ဟောင်ကျုံးက သရော်လိုက်ပြီး ဒေါသတကြီး ဓားကိုလွှဲ၍ ထန်မင်လီ၏ လက်မောင်းကို ခုတ်လိုက် သောကြောင့် သွေးများ ပန်းထွက်လာလေသည်။
“အား…”
ထန်မင်လီက နာကျင်စွာ အော်ဟစ်လိုက်သော်လည်း ဓားချက်အား မခုခံနိုင်ခဲ့ချေ။
“မင်းမြေးကို အသက်ရှင်ခွင့်ပေးဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ယဲ့ဖန် ဘယ်မှာရှိလဲဆိုတာ ငါ့ကို ပြောပြသရွေ့ ငါ သူ့ကို အသက်ချမ်းသာပေးမယ်”
ထန်ဟောင်ကျုံးက ထူးဆန်းသော အပြုံးနှင့် ပြောလိုက်သည်။ ယဲ့ဖန်၏ တည်နေရာကို သူတို့ သိလိုက်သည်နှင့် ဤသတ်ဖြတ်ခြင်း ကျောင်းတော်မှ လုပ်ကြံရေးသမားများက ယဲ့ဖန်ကို သွားသတ်မည် ဖြစ်သည်။
“ဘိုးဘိုး မပြောနဲ့”
ထန်ယွင်အာက ချက်ချင်း ခေါင်းခါပြလာပြီး မချိပြုံးလေး ပြုံးလေသည်။
“သမီး သေရမှာကို မကြောက်ပါဘူး”
ယဲ့ဖန်ထံ၌ တစ်ခုခု ဖြစ်စေသည်ထက် သူမဘာသာသူမ အသေခံ လိုက်ပေမည်။ သူမ၏ အစ်ကိုယဲ့ဖန်က လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ပြိုင်ဘက်ကင်း သော်လည်း ယဲ့ဖန်အနားမှ အမျိုးသမီးများနှင့် မိတ်ဆွေများက မည်သို့ လုပ်မည်နည်း။
သူမ၏ အစ်ကိုယဲ့ဖန်က ပြိုင်ဘက်ကင်းသော်လည်း သူ့အနားမှ မိတ်ဆွေ များနှင့် ချစ်သူများက ပြိုင်ဘက်မကင်းပေ။
သူမစကားကိုကြားသော် ထန်မင်လီ၏ မျက်နှာတွင် နာကျင်သော အရိပ်အယောင် ပေါ်လာသည်။ သူ၏မြေးမလေးကိုပင် သူ မကာကွယ်နိုင်ခဲ့ပါ။ အဘိုးဖြစ်ပြီး အသုံးမကျခဲ့ပေ။
သူ၏ သွားတစ်ချောင်း ကြေမွလုနီးပါး ဖြစ်နေပြီး ပါးစပ်ထောင့်မှ သွေးများ ဆက်တိုက် စီးကျနေသည်။ သူသည် ထန်ဟောင်ကျုံးအား အမုန်းတရားနှင့် ဒေါသတရားတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။
“မင်း မြင်ပြီလား၊ ထန်မိသားစုက အသေပဲခံမှာကွ”
“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်”
ထန်ဟောင်ကျုံး စိတ်တိုသွားပြီး ဓားအား ဒေါသတကြီး လွှဲယမ်းပြန်သည်။
“ရွှစ်”
နောက်လက်တစ်ဖက် အခုတ်ခံလိုက်ပြန်လေသည်။ ထန်မင်လီ နာကျင်မှုကြောင့် နဖူးကြောများပင် ထောင်နေ၏။ သူ့တစ်ကိုယ်လုံး တုန်နေပြီး မျက်နှာတစ်ခုလုံး နီရဲကာ သွေးကြောများ ထောင်နေလေသည်။ သို့ရာတွင် သူက ဒေါသတကြီး ပြန်အော်လိုက်သည်။
“အရှင်ယဲ့ဘုရင်က လောကမှာ ပြိုင်ဘက်ကင်းကွ၊ တစ်လောကလုံးမှာ ပြိုင်စံရှား”
“နတ်ဆိုးမျိုးနွယ်က သေတဲ့အထိ တိုက်ခိုက်မယ်”
ထန်မင်လီကို သူ ပြောရမတော့မှန်း ထန်ဟောင်ကျုံး သိလိုက်သည်။ သူသည် စိတ်မာပြီး ခြိမ်းခြောက်မှုနှင့် ဖြားယောင်းမှုတို့က အသုံးမဝင်ချေ။
*ဒီလူ ရူးနေပြီ၊ ယဲ့ဘုရင်ရဲ့ မှိုင်းကို တော်တော် မိနေတာပဲ*
ဤမြင်ကွင်းက သတ်ဖြတ်ခြင်းကျောင်းတော်မှ လုပ်ကြံရေးသမားများအား ကြက်သီးထသလို ခံစားသွား ရစေသည်။ ယဲ့ဘုရင်က ထန်မင်လီကဲ့သို့သော သိုင်းပညာရှင်အား ဤသို့ ဆုံးဖြတ်ချက် ပြတ်သားအောင် မည်သို့ လုပ်လိုက်သနည်း။ ယဲ့ဖန်အတွက် သူ့အသက်နှင့် သူ့မျိုးနွယ်ဝင်များ၏ အသက်ကို စတေးခံရဲ သေးသည်တဲ့လား။
*ဒါ*
*မယုံစရာပါလား*
“မင်းတို့ကောင်တွေရော အရှုံးမပေးချင်ဘူးလား”
ထန်ဟောင်ကျုံး၏ စူးရှသော အကြည့်များက နလန်ရှောင်နှင့် အခြားသူများထံ ကျရောက်လာပြီး အငြိုးထားသော အရိပ်အယောင်များ ပါဝင်နေသည်။ သူတို့ ငြင်းဆန်ရဲသည်နှင့် သူတို့ကို သူ ဓားဖြင့် ခုတ်ပိုင်းပစ်မည် ဖြစ်သည်။
ထိုအခါ လူတိုင်း ကြံရာမရ ဖြစ်လာကြသည်။ ထိုစဉ် နလန်ရှောင်က ရှေ့တိုးလာသည်။
“ယဲ့ဘုရင်က ပြိုင်ဘက်ကင်း၊ နတ်ဆိုးတွေက သေတဲ့အထိ တိုက်ခိုက်မှာ”
သူ့အမူအရာက လေးနက်နေပြီး လေသံက ပြတ်သားသည်။ သူသည် အညံ့ခံမည့်အစား အသေခံမည် ဖြစ်လေသည်။
“ယဲ့ဘုရင်က ပြိုင်ဘက်ကင်း၊ နတ်ဆိုးတွေက သေတဲ့အထိ တိုက်ခိုက်မယ်”
“ယဲ့ဘုရင်က ပြိုင်ဘက်ကင်း၊ နတ်ဆိုးတွေက သေတဲ့အထိ တိုက်ခိုက်မယ်”
“ယဲ့ဘုရင်က ပြိုင်ဘက်ကင်း၊ နတ်ဆိုးတွေက သေတဲ့အထိ တိုက်ခိုက်မယ်”
…
နောက်ထပ်လူများ ထရပ်လာပြီး ပြတ်သားသော မျက်နှာထားများနှင့် ကျယ်လောင်စွာ ကြွေးကြော်လာကြသည်။ သူတို့၏ မျက်နှာတွင် အဆုံးမရှိသော လေးစားမှုများနှင့် ပြည့်နှက်နေကာ ယဲ့ဖန်ကို ယုံကြည် နေလေသည်။
ယဲ့ဖန်အတွက် သူတို့၌ ရှိသော အရာအားလုံးကို ပေးဆပ်မည် ဖြစ်သည်။ လုပ်ကြံရေးသမားများ ကြောက်ရွံ့ လာသည်။
*ရူးနေပြီ*
*ဒီလူတွေ ရူးနေတာ*
*သေမှာကို သိနေတာတောင် အညံ့ခံဖို့ ငြင်းနေတုန်းလား*
*သူတို့ သေရမှာကို မကြောက်ဘူးလား*
လက်ရှိတွင် သူတို့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထလာကြသည်။ သူတို့ ဘာသာရေး အဖွဲ့အစည်းတစ်ခုထဲ ရောက်သွားပြီး အခိုင်အမာ ယုံကြည် ကိုးကွယ်သူများနှင့် ရင်ဆိုင်နေရသည်ဟုပင် ထင်မှတ်မှားရသည်။
“ကောင်းပြီလေ မင်းတို့အားလုံး သေချင်နေမှတော့ ငါ မင်းတို့ကို ဖြည့်ဆည်း ပေးရမှာပေါ့”
ထန်ဟောင်ကျုံးတွင် ရက်စက်ခက်ထန်သော အမူအရာမျိုး ပေါ်လာပြီး လူတိုင်းကို စိုက်ကြည့်လေသည်။
“သူတို့အားလုံးကို သတ်လိုက်”
“နတ်ဆိုးတွေ မတ်မတ်ရပ်ပြီး ခုခံကြ၊ သေတောင် ဂုဏ်ရှိတယ်ကွ”
နလန်ရှောင်က ကြွေးကြော်ကာ ဓားကိုဆွဲကာ ဦးဆောင်၍ ပြန်တိုက်လေ တော့သည်။ သူ့နှလုံးသားထဲမှ ယုံကြည်မှုအတွက် အရာအားလုံးကို လျစ်လျူရှုထားသည်။ အဆုံးအထိ အသေခံတိုက်မည်ဟု စိတ်ပိုင်းဖြတ် ထားလေသည်။
“သေတောင် ဂုဏ်ရှိတယ်ကွ”
ခန်းမထဲမှ ပုဂ္ဂိုလ်များအားလုံး သွေးဆူလာသည်။ ဤသတ်ဖြတ်ခြင်း ကျောင်းတော်မှ လုပ်ကြံရေးသမားများကို ခုခံလျင် သေလမ်းသာ ရှိသည်ကို သိထားသော်လည်း သေမည်ကို ကြောက်ခြင်းမရှိဘဲ ရှေ့သို့ ပြေးတက် ကြသည်။
“အရူး ဟားဟားဟား တကယ့် အရူးတွေပါလား”
ဤသည်ကိုမြင်သော် ထန်ဟောင်ကျုံးက အလွန် ရယ်ရသော ဟာသတစ်ခု ဟုသာ တွေးလေသည်။
*ဘယ်ခေတ် ရောက်နေပြီလဲ၊ မင်းတို့ကရော ဘယ်အရွယ် ရောက်နေပြီလဲ၊ အခုထိ ဒီလို လေးစားစိတ် ရှိနေတုန်းလား*
*မင်းတို့ တီဗွီကြည့်တာ များသွားပြီထင်တယ်*
တကယ်တမ်းလည်း သူတို့က သတ်ဖြတ်ခြင်းကျောင်းတော်၏ ပြိုင်ဘက်များ မဟုတ်ချေ။ သွေးနံ့များ လှိုင်လှိုင်ထလာပြီး ကြမ်းပြင်ပေါ်သို့ ခေါင်းပြတ်များ လိမ့်ဆင်းလာသည်။
သူတို့အားလုံး တစ်ယောက်ပြီး တစ်ယောက် ဆိုးရွားစွာ သေဆုံးသွားကြသည်။ သို့ရာတွင် သေဆုံးခါနီးအထိ သူတို့အားလုံးက ကြွေးကြော်မြဲပင်။
“ယဲ့ဘုရင်က ပြိုင်ဘက်ကင်း၊ နတ်ဆိုးတွေက သေတဲ့အထိ တိုက်ခိုက်မယ်”
ထိုစကားများက မှော်မန္တန်သဖွယ် သူတို့အား လွှမ်းမိုးထားကာ ယဲ့ဖန်အတွက် အသက်ပေးချင်နေကြသည်။ လက်ရှိအချိန်၌ နလန်ရှောင်သည် တစ်ကိုယ်လုံး ဒဏ်ရာဗလပွနှင့် သွေးအိုင်ထဲ လဲနေကာ မလှုပ်နိုင်တော့ချေ။ သို့သော် သူက ပြုံးမြဲပြုံးနေ၏။
“ညီအစ်ကိုတို့ တော်တယ်၊ ယဲ့ဘုရင်က ငါတို့အတွက် ဂုဏ်ယူနေမှာပါ”
သူ့အရှေ့၌ အလောင်းများ တဘုန်းဘုန်း လဲကျလာကာ သွေးရောင်များ ပေါ်လာသည်။ နလန်ရှောင်၏ မျက်လုံးတွင် မျက်ရည်တို့ဖြင့် စိုရွှဲနေသည်။
အလောင်းများ တောင်လိုပုံ၍ သွေးပင်လယ်ဝေနေလျင်တောင်မှ၊ မြားက နှလုံးသားကို ထိုးစိုက်နေလျင်တောင်မှ သူ နောင်တရမည် မဟုတ်ပါ။
*အရှင် မြင်ပါရဲ့လား*
*ကျုပ်တို့ ခင်ဗျား မျက်နှာမပျက်စေရဘူး မဟုတ်လား*
“ယဲ့ဘုရင်တဲ့လား”
ထန်ဟောင်ကျုံးက အထင်သေးစွာ ပြုံးလိုက်ပြီး နလန်ရှောင်၏ခေါင်းကို နင်းကာ အပြုံးကြီး ပြုံးလိုက်သည်။
“မင်း ငါ့ကို ဘယ်နှစ်ခါ ပြောစေချင်တာလဲ၊ မင်း ပြောနေတဲ့ ယဲ့ဘုရင်ဆိုတာ ထွက်ပြေးသွားပါပြီဆိုနေမှ၊ မင်းတို့ အရူးတွေကို အသေခံဖို့ ထားခဲ့ပြီ၊ ဟားဟားဟား မင်းက သိပ်သစ္စာရှိနေပါလား၊ အရူး”
သို့သော် နလန်ရှောင်က ခေါင်းခါလိုက်ပြီး ပြန်သရော်လိုက်သည်။
“မင်း အရှင့်ကို မသိပါဘူး၊ မင်း အရှင့်အကြောင်း တစ်ခါမှကို မသိခဲ့တာ၊ အရှင် အကြောက်တရားဆိုတာကို မသိဘူးကွ”
“သူ သေချာပေါက် လာမှာ၊ ဒီမှာ ဘာဖြစ်ခဲ့သလဲ သူ သိသွားတဲ့အခါကျရင် သူ မင်းတို့ကို သေချာပေါက် နုတ်နုတ်စင်းပစ်မှာ၊ တစ်ယောက်တောင် မကျန်စေရဘူး”
“ဟားဟားဟား အရူးကောင် သူ့ကို သတ်ချင်နေတဲ့လူတွေ ဘယ်လောက် များလဲ မင်း သိလား၊ နေဘုရင်၊ ဒီအင်ပါယာရဲ့ ဧကရာဇ်၊ တောင်ဘီလူးဘုရင် ပြီးတော့ သတ်ဖြတ်ခြင်းကျောင်းတော်ပါ ပါတာ။ အခုလောက်ဆို သူ ထွက်ပြေးနေလောက်ပြီ၊ သူ့ကိုယ်သူတောင် မကူညီနိုင်တာ၊ မင်းက သူ မင်းတို့အတွက် လက်တုံ့ပြန်မယ်လို့ မျှော်လင့်နေသေးတာလား”
“ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါ မင်းကို လွယ်လွယ်နဲ့ မသတ်သေးပါဘူး၊ မင်းတို့ကို ဖမ်းထားတဲ့သတင်းကို ငါ ဖြန့်ပြီး သူ ပေါ်လာအောင် ဖိအားပေးမှာ”
ထို့နောက် သူက လက်တစ်ချောင်းထောင်၍ အပြုံးနှင့် ပြောလိုက်သည်။
“တစ်ရက်ပဲ၊ တစ်ရက်အတွင်း သူ ပေါ်မလာရင် မင်းတို့အားလုံး သေမယ်”
“လာကြ၊ ယဲ့ဖန်ရဲ့ ခွေးတွေအားလုံးကို ချည်ထားလိုက်၊ ပြီးတော့ ဒီကောင်မလေးကို ငါ့အခန်းထဲခေါ်သွား၊ ငါ ဒီည သူ့ကို ပါကင်ဖွင့်မယ် ဟားဟားဟား”
ထန်ဟောင်ကျုံး ပျော်ရွှင်စွာ ပြောလိုက်သည်။ တစ်ခဏအတွင်း ထန်မိသားစုက သူ့အပိုင် ဖြစ်လာသည် မဟုတ်ပါတကား။
…
ထိုအချိန်တွင် ယဲ့ဖန်သည် ဝမ်ကောဖူတွင်းထဲ ရှိနေပြီး သူ ဖော်စပ်ပြီးသော ဆေးလုံးအား ထန်ပုခူကို ကျွေးနေသည်။
ထန်ပုခူ သောက်လိုက်ပြီးနောက် ချက်ချင်း သွေးအန်လေသည်။ ယင်းသွေးက ပျစ်နှစ်ကာ မည်းနက်နေ၏။
“ဘာဖြစ်တာလဲ”
ကျုံးဝမ်နှင့် အခြားသူများ ထိတ်လန့်သွားသည်။ ယဲ့ဖန်က အပြုံးနှင့် ပြန်ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ ဒါ သူ့ကိုယ်ထဲက ပိတ်ဆို့နေတဲ့သွေးတွေ၊ သူ့ဒဏ်ရာက ပြင်းလွန်းတယ်၊ ရောဂါ အရင်းအမြစ် ပျောက်သွားသလို သွေးကြောနဲ့ ကြွက်သားတွေလည်း ပျက်စီးသွားတယ်၊ ငါ့ဆေးက သူ့ကိုယ်ထဲက ရောဂါ အရင်းအမြစ်ကို ဖယ်ရှားပြီးတော့ အားလုံးကို ဖျက်ဆီးပြီး အသစ်က ပြန်စအောင် လုပ်တာပဲ၊ ပြီးမှ ကုသခြင်းကို စမှာ”
“ကျွန်မ အဆင်ပြေပါတယ်”
ထန်ပုခုက အလျင်အမြန် ခေါင်းခါ၍ ပြောလိုက်သည်။
“အခု ပိုပြီး နေလို့ကောင်းလာပါပြီ”
“အရင်က ကျွန်မ တစ်ကိုယ်လုံး တစစ်စစ်နဲ့ ကိုက်နေတာ၊ အခု အဲ့လို မခံစား ရတော့ဘူး”
“ဟင် ငါ အခုမှ သတိထားမိတယ်၊ နင့်မျက်နှာက တော်တော် ကြည့်ကောင်း လာတာပဲ”
ပိုင်ရွှယ်က ထန်ပုခူမျက်နှာကို လက်ညှိုးထိုး၍ ပြောလေသည်။
“ငါကလား”
ထန်ပုခု မှန်ဆီသို့ ခပ်သွက်သွက် ပြေးသွားသည်။ မှန်ထဲမှ သူမကိုယ်သူမကို ပြန်မြင်လိုက်ရသောအခါ မှင်တက် သွားလေသည်။
မှန်ထဲမှ မိန်းမပျို၏ အသားအရေသည် နှင်းပွင့်သဖွယ် ဖြူဖွေးနူးညံ့နေပြီး လှပသော မျက်ဝန်းတို့ ရှိသည်။ ထို့အတူ သူမပါးက ပန်းရောင်သမ်း၍ ဆွဲဆောင်မှုရှိသော အမူအရာ ပေါ်လွင်နေ၏။
မျက်နှာပေါ်မှ အမာရွတ်က ရှိနေသေးသော်လည်း သူမက မိန်းမလှလေး ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်ပေသည်။ မျက်နှာပေါ်မှ အမာရွတ် ကိုသာ ဖယ်ရှားနိုင်လျင် တကယ့် ပြိုင်စံရှား မိန်းမလှလေး ဖြစ်လာပေမည်။
ထန်ပုခူ မယုံနိုင်သေးဘဲ မျက်လုံးပြူးကာ လက်ဖြင့် မျက်နှာကို ပွတ်ကြည့် နေမိသည်။
*ဒါ ငါလား*
*ဒါ တကယ်ပဲ ငါလား*
*ကြမ်းကြုတ်တာတွေလည်း မရှိတော့သလို ကြောက်စရာလည်း မကောင်းတော့ဘူး*
“မင်းဒဏ်ရာက ပျောက်ဖို့ အချိန်လိုသေးတယ်၊ အဲ့တော့ ဒီဒဏ်ရာတွေ ပြန်မဖြစ်အောင် သတိထားဖို့ လိုတယ်၊ ပျောက်သွားပြီးရင်တော့ မင်းမျက်နှာ ပေါ်က ဒဏ်ရာကို ငါ ကုပေးမယ်”
ထိုစကားကိုကြားသော် ထန်ပုခူက ယဲ့ဖန်၏ ရင်ခွင်ထဲသို့ ပစ်ဝင်ကာ ငိုကြွေးလေတော့သည်။
“ကျေးဇူးတင်ပါတယ်၊ ရှင့်ကို သိပ်ကျေးဇူးတင်တာပဲ”
သူမသာ ယဲ့ဖန်နှင့် မတွေ့ခဲ့လျင် သူမတစ်သက်လုံး သူမအသွင်အပြင် ပြောင်းလဲတော့မည် မဟုတ်ပါ။ ယဲ့ဖန်က သူမကို ကယ်ခဲ့လေပြီ။ အစက သူမ ရှက်ရွံ့နေခဲ့သော်လည်း ယခု ပြန်၍ မျှော်လင့်ချက် ရလာသည်။
“ဒါ ကောင်းတဲ့ကိစ္စလေ မင်းက ဘာလို့ ငိုနေတာလဲ”
ယဲ့ဖန်က နှစ်သိမ့်လိုဟန်ဖြင့် ကျောကိုပုတ်၍ ပြောလိုက်သည်။ ထန်ပုခုခူက စိတ်လှုပ်ရှားစွာ ယဲ့ဖန်၏ ခေါင်းကို ထိန်းကိုင်၍ ခပ်ပြင်းပြင်း နမ်းရှိုက်ကာ ကျိန်ဆိုလေသည်။
“ကျွန်မ ရှင်နဲ့ လက်ထပ်ချင်တယ်၊ ကျွန်မ ရှင်နဲ့ လက်ကိုလက်ထပ်မယ်”
“ဟေ့ နင်က ငါ့ယဲ့အိမ်တော်ရဲ့ တံခါးဝကို ဖြတ်ချင်နေတယ်ပေါ့လေ၊ ဒီအကြီးဆုံး သခင်မလေးကို နင် မေးခဲ့သလား”
ပိုင်ရွှယ်က စိတ်ဆိုးမာန်ဆိုးဖြင့် မေးလေသည်။ ကျုံးဝမ်နှင့် ကျုံးလီအာက အချင်းချင်း ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြေးလာပြီး ပိုင်ရွှယ်၏ ရင်ဘတ်ကို စုံချည်ဆန်ချည် ကိုင်ကြည့်ကြသည်။
“လွှတ်၊ နင်တို့ လွှတ်စမ်း၊ ဟွန်း … နင်တို့ တော်တော်ဆိုးတယ်”
ပိုင်ရွှယ် ရုတ်တရက် မောဟိုက်လာပြီး တစ်ကိုယ်လုံး မလှုပ်ရှားနိုင်သလို ခံစားလာရသည်။ ဤသည်ကိုမြင်သော် ယဲ့ဖန် သွေးဆူလာပြီး နှာခေါင်းသွေး လျှံလာရသည်။ ပိုင်ရွှယ်၏ နူးညံ့သော အသားအရေကို သူ မြင်လုနီးနီး ဖြစ်ခဲ့သည် မဟုတ်ပါတကား။
သို့သော် ထိုအချိန်၌ နတ်ဆိုးနဂါး ဖုရှန်က သုန်မှုန်သောမျက်နှာနှင့် လျှောက်လာပြီး စိတ်လေးနေသော လေသံဖြင့် ပြောလာသည်။
“တစ်ခုခုတော့ မှားနေပြီ”
Chapter 1412 အရိပ် ပြန်ပေါ်လာခြင်း
ညတာသည် မှင်ရည်အလား မည်းမှောင်နေ၏။ ပြောက်တိပြောက်ကျား ကြယ်ရောင် ဖျော့ဖျော့နှင့် တောက်ပသော လရောင်တို့ကသာ လောကအား အမှောင်ထုထဲမှ ဆွဲထုတ်နေသည်။
ယဲ့ဖန်သည်လည်း ဖျင်အန်းမြို့သို့ ပျံသန်းနေသည့် လေယာဉ်ပေါ် ရောက်နေ၏။ သူ့မျက်နှာထားက အလွန်အမင်း သုန်မှုန်နေသည်။
“ထန်မိသားစုက ထန်ဟောင်ကျုံးက သစ္စာဖောက်ပြီး သစ္စာဖောက်နဲ့ သတ်ဖြတ်ခြင်း ကျောင်းတော်က လုပ်ကြံရေး သမားတွေကို ဦးဆောင်ပြီး ယဲ့ဘုရင်ရဲ့ အင်အားစုတွေကို ရှင်းလင်းတယ်”
“ကျောက်မိသားစုခေါင်းဆောင်က အသေခံတိုက်ပင်မယ့် သူ့ခေါင်းကို ထန်ဟောင်ကျုံးက ဖြတ်သွားတယ်”
“ဟုန်ထျန်း လုပ်ငန်းစု ဥက္ကဋ္ဌက အညံ့မခံလို့ မိသားစုဝင် နှစ်ဆယ့်သုံးယောက် အသတ်ခံလိုက်ရပါတယ်၊ သူ့မိန်းမ၊ သူ့သမီးနဲ့ သူ့ချွေးမကို ကျွန်အဖြစ် အဆင့်လျှော့ခံလိုက်ရပါတယ်”
“လင်းမိသားစုခေါင်းဆောင်က ယဲ့ဘုရင်ကို သတင်းပို့ချင်ခဲ့ပင်မယ့် ထန်ဟောင်ကျုံးက သူ့ခြေလက်တွေကို ခုတ်ဖြတ်ပြီးတော့ သူ့ကို ဝက်ခြံထဲ ပစ်ထည့်ထားပါတယ်၊ သူ့ကို ဝက်တွေ စားသလို သောက်လိုပဲ စားခိုင်းနေပါတယ်”
“ထန်မင်လီ၊ နလန်ရှောင်နဲ့ အခြားသူတွေလည်း အကြီးအကျယ် ထိခိုက်ထားပြီး ဒုက္ခိတ ဖြစ်နေတဲ့အပြင် ထန်ဟောင်ကျုံး ဖမ်းထားတာကို ခံနေရပါတယ်၊ သူတို့ခြေထောက်ကို လွန်ပူနဲ့ ထိုးပြီး အတင်း ကျင်ငယ်ရည်ကို သောက်ခိုင်းပါတယ်၊ နည်းလမ်းပေါင်းစုံနဲ့ အရှက်ခွဲနေပြီ”
ရက်စက်သော သတင်းများစွာက အင်တာနက်ပေါ်၌ အဆက်မပြတ် တက်နေသည်။ ဤသည်မှာ တစ်ဖက်လူက သူ့ကို တမင် သတင်းစကား ပါးနေခြင်း ဖြစ်နေမှန်း ယဲ့ဖန် သိပါသည်။ “ယဲ့ဖန် ငါ မင်းကို နင်းချေပစ်မယ်” ဟု ပြောချင်နေခြင်းပင်။
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အေးစက်ပြင်းထန်သော အရှိန်အဝါ ထွက်ပေါ်လာသည်။ ၎င်းအရှိန်အဝါက မိစ္ဆာဆန်၍ ပြင်းထန် ကြမ်းကြုတ်ကာ ငရဲမှ အေးစက်သောလေ တိုက်ခတ်လာသည်ဟု ထင်မှတ်မှားရသည်။
“လေယာဉ်မယ်လေး အဲကွန်းကို ပြန်တင်ပါဦးဗျာ၊ အေးလွန်းတယ်ဗျ”
ထိုစဉ် ခရီးသည်အချို့က မနေနိုင်တော့ချေ။ ပတ်ဝန်းကျင် အပူချိန်က အေးလွန်းနေသည်ဟု သူတို့ ခံစားနေ ရသည်။
“ဟုတ်တယ် ဟုတ်တယ်၊ အေးလွန်းတယ်၊ ကျုပ် တုန်တောင်တုန်နေပြီ”
လေယာဉ်မယ်လေး အံ့ဩသွားသည်။
“ဒါပေမဲ့ အဲကွန်းရဲ့ အပူချိန်ကို အမြင့်ဆုံး ထားထားတာပါ”
“နှေးလွန်းတယ်”
ထိုစဉ် ယဲ့ဖန် ရုတ်တရက် ထရပ်လာပြီး သူ့ကိုယ်မှ ပြင်းထန်သော နတ်ဆိုးစွမ်းအင် ပေါက်ကွဲထွက်ပေါ်လာ၏။ နတ်ဆိုးစွမ်းအင်က ပြင်းထန် လွန်းပြီး ကြောက်စရာကောင်းလှသည်။
လူတိုင်း သူ့ကို အလန့်တကြား ကြည့်လာကြသည်။ အဘယ်ကြောင့်ဆိုသော် အေးစက်သော အရှိန်အဝါက ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သူတို့ သိလိုက်သောကြောင့်ပင်။
ထိုစဉ် ယဲ့ဖန်က လေယာဉ်တံခါးရှိရာဘက်သို့ လျှောက်သွားသည်ကို သူတို့ မြင်လိုက်ရသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က တံခါးကို ဖြတ်သန်း၍ လေယာဉ်ပေါ်မှ ခုန်ဆင်းသွားသည်ကို တွေ့လိုက်ရလေသည်။
“ဂါး”
မကြာခင်မှာပင် ကြောက်စရာကောင်းသော နဂါးအော်သံက ကောင်းကင်အနှံ့ ပဲ့တင်ထပ်လာပြီး အနီရောင် နဂါးတစ်ကောင်က တိမ်တိုက်များကို ဖြတ်ကျော် နေသည်ကို လူတိုင်း တွေ့လိုက်ရသည်။
*ဒါက*
ခရီးသည်များအားလုံး အံ့ဩကာ မျက်နှာဖြူရော်သွားပြီး လေယာဉ် ပြတင်းပေါက်သို့ အသည်းအသန် ကပ်ကြည့်လိုက်သောအခါ ပြတင်းပေါက် အမြင်ဘက်မှ မြင်ကွင်းကို ကြောက်လန့်ဖွယ် တွေ့လိုက်ရသည်။
ယဲ့ဖန်က နဂါး၏ ဦးခေါင်းထပ်၌ ရပ်နေပြီး အဝေးသို့ ဦးတည်သွားနေသည်ကို လူတိုင်း ရှင်းလင်းစွာ မြင်လိုက် ရလေသည်။
ဤမြင်ကွင်းက လူတိုင်းကို မှင်တက်သွားစေသည်။
*လူတစ်ယောက်က ဧရာမ နဂါးတစ်ကောင်ကို စီးနေတာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“အဲ့လူက ယဲ့ဘုရင်နဲ့ တူသလိုပဲ”
ရုတ်တရက် ခရီးသည်တစ်ယောက်က ထုတ်ပြောလာသည်။
“မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ဒီလို တိုက်ဆိုင်မှုမျိုး ရှိရမှာလဲ”
“အဟုတ်ပဲ၊ ငါ ဗွီဒီယိုတွေက သူ့နောက်ကျောကို မြင်ဖူးတယ်၊ လုံးဝ မှားနိုင်စရာ မရှိဘူး၊ အဲ့လူက ယဲ့ဘုရင်ပဲ”
ထိုစဉ် အင်တာနက်ပေါ်၌လည်း ဆူညံနေ၏။
“ယဲ့ဘုရင်ရဲ့ အင်အားစုတွေ လုံးဝ ဖျက်ဆီးခံလိုက်ရပြီ၊ ဒါတောင် သူ ပေါ်မလာသေးဘူးလား၊ သတ္တိကြောင် လွန်းနေတာ မဟုတ်ဘူးလား”
“ဒီတစ်ခေါက် ယဲ့ဘုရင်က တောင်ဘီလူးနဲ့ သတ်ဖြတ်ခြင်းကျောင်းတော်ကို ရင်ဆိုင်ရမှာလေ၊ သူ သူ ကြောက်သင့်တာ ပုံမှန်ပါပဲ၊ အသားကုန် ကြိုးစားလို့ တစ်ခါနှစ်ခါလေး ကံကောင်းပြီး နိုင်သွားတာကို သူက တစ်လောကလုံးမှာ ပြိုင်စံရှားပြီလို့ ထင်နေတာကိုး”
“ဘာ သတ်ဖြတ်ခြင်းကျောင်းတော်ပါ ဒီရောက်နေတာလား”
အင်တာနက်ကွန်ရက်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ သတ်ဖြတ်ခြင်း ကျောင်းတော်သည် ရှေးအတော်ကျသော ခေတ်အခါတည်းက တည်ရှိခဲ့ပြီး အလွန် ဆန်းကြယ်သော နောက်ခံရှိသူ ဖြစ်သည်။
တစ်လောကလုံး၌ သူတို့ မသတ်ရဲသူ မရှိချေ။ ဤမျှဆိုလျင် သူတို့ မည်မျှ ကြောက်စရာကောင်းကြောင်း တွေးကြည့်နိုင်ပေသည်။
“တောင်ဘီလူးကို သွားရန်စမိတာကတင် ကံဆိုးနေပြီကို၊ အဆိပ်ပြင်းတဲ့ မြွေလို ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ခြင်းကျောင်းတော်ကိုပါ သွားစ မိတော့ သူ သေမယ့်ပုံပဲ”
“သူ ရှေ့ထွက်လာရဲလိမ့်မယ်လို့ ငါ မထင်ဘူး၊ သူ့လက်အောက်ငယ်သား အားလုံးတောင် အသတ်ခံရတဲ့လူနဲ့ ဒဏ်ရာရတဲ့လူနဲ့၊ သူက ထွက်မလာဘဲ ဘယ်ရောက်နေတာလဲ”
အင်တာနက်ပေါ်မှ ဘေးထိုင်ဘုပြောသမားများက ယဲ့ဖန် ပေါ်လာရဲသည်နှင့် သေခြင်းတရားဖြင့်သာ အဆုံးသတ် လိမ့်မည်ဟု ထင်နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူ ရင်ဆိုင်ရမည့်လူက သတ်ဖြတ်ခြင်းကျောင်းတော် ဖြစ်နေသောကြောင့်ပင်။ ယခုအခါတွင် သတ်ဖြတ်ခြင်းကျောင်းတော်က ဒေါသထွက်နေ၏။
သူတို့သည် တစ္ဆေအဆင့် လုပ်ကြံရေးသမား ဆယ့်နှစ်ယောက်နှင့် နတ်ဘုရား အဆင့် လုပ်ကြံရေးသမား တစ်ယောက်ကိုပင် စေလွှတ်ခဲ့သည်။
နတ်ဘုရားအဆင့် လုပ်ကြံရေးသမားတစ်ယောက်က နတ်ဘုရင်အဆင့် တစ်ယောက်ကိုပင် သတ်နိုင်၏။ ထိုယဲ့ဖန်ဟူသောလူတွင် အဘယ်မှာ အသက်ရှင်နိုင်မည့် နည်းလမ်း ရှိဦးမည်နည်း။
“အဲ့လက်အောက်ငယ်သားတွေအတွက် သနားစရာပဲ၊ သူတို့က အညံ့ခံ မယ့်အစား အသေခံကြပြီးတော့ သူတို့ကို ယဲ့ဖန် ကယ်လိမ့်မယ်လို့ နုံနုံအအနဲ့ တွေးနေကြတာလေ”
“ဟဲဟဲ တကယ်လို့ ယဲ့ဖန် ပေါ်လာရဲရင် ငါ သူ့ခေါင်းကို ဖြတ်ပြီး ဘောလုံးလို ကန်ဦးမယ်”
လူတိုင်း ယဲ့ဖန်ကို သေချာပေါက် သေလိမ့်မည်ဟု တွက်နေကြသည်။ သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်းတော်ရှေ့၌ ယဲ့ဖန် ပေါ်လာရဲသည့် သတ္တိမရှိဟု သေချာပေါက် တထစ်ချ ယုံကြည်နေ၏။
ထိုအချိန်တွင် ယဲ့ဖန်က ထန်မိသားစု အိမ်တော်ရှေ့၌ ရောက်နေပြီး သွေးဆာ နေသော မျက်လုံးများနှင့်အတူ အထဲဝင်လိုက်သည်။
“မင်း ဘာလုပ်တာလဲ”
ထိုအချိန်တွင် ထန်မိသားစု၏ နောက်လိုက်နှစ်ယောက်က ချက်ချင်း ယဲ့ဖန်၏ လမ်းကို တားဆီးလာသည်။
“ထန်မင်လီ ဘယ်မှာလဲ”
ယဲ့ဖန် က အေးစက်သော အသံနှင့်အတူ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“ထန်မင်လီလား၊ အဲ့အဘိုးကြီးကို ဖမ်းထားပြီးသား၊ မင်း ဘာလို့ သူ့ကို ရှာနေတာလဲ”
ထိုလူနှစ်ယောက် သတိအနေအထား ဖြစ်သွားပြီး ယဲ့ဖန်အား အေးစက်စွာ ကြည့်လာသည်။
“အဘိုးကြီး ဟုတ်လား”
ယဲ့ဖန် မျက်မှောင်ကြုတ်ကာ သူတို့အား အေးတိအေးစက် ပြန်ကြည့် လိုက်သည်။
“ငါ မှတ်မိတာ မှန်မယ်ဆိုရင် သူက မင်းတို့ သခင်ကြီး မဟုတ်ဘူးလား”
“ယီးကိုသခင်ကြီး၊ အခု ငါတို့သခင်ကြီးက ထန်မင်လီ မဟုတ်ဘူး ထန်ဟောင်ကျုံးကွ”
တစ်ယောက် အေးစက်စက် ပြန်ချေပလေသည်။
“သောက်အဘိုးကြီး ထန်မင်လီက သူ့သေတွင်း သူတူးတဲ့အပြင် ငါတို့ကိုပါ သူနဲ့အတူ ဆွဲခေါ်သွားချင်တာလေ၊ အဲ့တော့ သူ သေသင့်တယ်၊ ပြီးတော့ အဲ့ယဲ့ဘုရင်က ငါတို့ကို အချောင်ဝင်ခံခိုင်းတာ၊ သူလည်း သေသင့်တယ်”
နောက်လူကပါ အေးစက်စွာ ပြန်ပြောလာသည်။
“တကယ်လား”
ယဲ့ဖန် ရယ်လိုက်ပြီး သူ့မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
“ကြည့်ရတာ မင်းက ငါတို့ကို သစ္စာဖောက်ခဲ့တဲ့ပုံပဲ”
“မင်း၊ မင်းက ဘယ်သူလဲ”
ထိုလူနှစ်ယောက်က ယဲ့ဖန်ကို စိုးရွံစွာ ကြည့်လာသည်။
“ယဲ့ဘုရင်”
အေးစက်စက် လေသံအဆုံး၌ ယဲ့ဖန်က မုန်ယိုနေသော သားရဲတစ်ကောင် ကဲ့သို့ သူ့ရှေ့မှ လူနှစ်ယောက်ကို သတ်လေတော့သည်။
“ယဲ့ဖန်လား”
ထိုစကားကိုကြားသော် နှစ်ယောက်လုံး မျက်လုံးပြူးသွားပြီး ကြောက်လန့်ဟန် ပေါ်လာသည်။ သူတို့ထဲမှ တစ်ယောက်က တစ်ယောက်ယောက်ကို ခေါ်ချင်နေသော်လည်း ချွန်ထက်သော လက်တစ်ဖက်က သူ့လည်ပင်းကို ဖမ်းညှစ်လာ၏။
“ဂျွတ်”
သွေးများ ပန်းထွက်လာပြီး လည်ပင်းရိုး ကြေမွကာ နေရာမှာတင် ပွဲချင်းပြီး သေသွားလေသည်။
“အရှင် ယဲ့ဘုရင် အသက်ချမ်းသာပေးပါ”
ဤသည်ကိုမြင်သော် ကျန်တစ်ယောက်က အလွန် ကြောက်လန့်သွားပြီး ယဲ့ဖန်ရှေ့ ဒူးထောက်ကာ တောင်းပန် လေတော့သည်။
“ထန်မင်လီ ဘယ်မှာလဲ”
ယဲ့ဖန် ခံစားချက် ကင်းမဲ့စွာ ထပ်ပြောလိုက်သည်။
“သူတို့က အိမ်တော်ခွဲမှာပါ၊ ဒီမှာ မရှိပါဘူး”
ထိုသူသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်နှာတွင် ကြောက်စိတ်များ ဖုံးလွှမ်းလာသည်။ ယဲ့ဖန် တကယ် ပေါ်လာရဲလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိပါ။
*သူ ရူးနေတာလား*
“သစ္စာဖောက်တွေအားလုံး ဒီအိမ်မှာလား”
ယဲ့ဖန် သွေးအေးစွာ မေးလိုက်ပါသည်။
“ဟုတ်ပါတယ်၊ အကျဉ်းသားအားလုံးကို အိမ်တော်ခွဲဆီ ရွှေ့ထားပါတယ်၊ ဒီမှာ ကျန်ခဲ့တဲ့လူအားလုံးက … သစ္စာဖောက်တွေပါ”
ထိုလူသည် အရာအားလုံး သိနေပြီး ဘာကိုမှ ဖုံးမထားရဲချေ။
“ကောင်းပြီလေ”
ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီးနောက် သွေးဆာနေသော အပြုံးကို ပြန်ပြုံး လိုက်သည်။
“ဒီလိုဆိုမှတော့ မင်းတို့အားလုံး သေလိုက်ပေါ့”
ယဲ့ဖန် ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ခြေတစ်ချက် ဆောင့်လိုက်သည်။ ထိုအခါ ပြင်းထန်သော နတ်ဆိုးစွမ်းအင်က ဒီရေအလား ဝုန်းခနဲ ထွက်ပေါ်လာသည်။
မြေကြီးထဲမှ ကြီးမားသော ပုံသဏ္ဌာန်တစ်ခု ထွက်လာပြီး တစ်ခအတွင်း မိုးထိုးမတတ် ဖြစ်သွားလေသည်။ ကြီးမားသော ပုံရိပ်ကြီးက ဤမြေပေါ်၌ ရုတ်တရက် ပေါ်လာပြီး ကောင်းကင်ကို ထမ်းထားသော ဘီလူးကြီးဟုပင် ထင်မှတ်ရသည်။
၎င်းက အနက်ရောင် အငွေ့များကို မှုတ်ထုတ်လိုက်ပြီး ယင်းက ဟာရီကိန်းမုန်တိုင်းသဖွယ် အရပ်ဆယ်မျက်နှာသို့ ပျံ့နှံ့သွားသည်။
“အား…”
ထန်မိသားစု၏ နောက်လိုက်များအားလုံး ကြောက်လန့်တကြား အော်ဟစ်ကာ တုန်လှုပ်လာကြသည်။ သူတို့အရှေ့မှ အရိပ်ကြီးသည် အနည်းဆုံး မီတာတစ်ရာမျှ မြင့်မား၍ တောင်တစ်လုံးသဖွယ် ကြီးမားလေသည်။
နတ်ဆိုးအငွေ့အသက်များနှင့် ပြည့်နှက်နေပြီး အလွန်အမင်း ရက်စက် လှသည်။ ထို့နောက် ၎င်းသည် ခြေတစ်ဖက်ကိုမြှောက်၍ ထန်အိမ်တော်အား အားဖြင့် ဆောင့်နင်းချလာသည်။
“ဒါ ဘာကြီးလဲ၊ မဟုတ်ဘူး ရပ်လိုက်၊ မလုပ်နဲ့”
လူတစ်စုသည် အသံဗလံများကြားပြီး ဘာဖြစ်နေသလဲ သိရန် ပြေးထွက်လာ သော်လည်း ကြီးမားလှသော ခြေတစ်ဖက်က အရှိန်ဖြင့် ကျဆင်း လာသည်ကိုသာ တွေ့လိုက်ရသည်။
“ဝုန်း”
ထန်မိသားစုအိမ်တော်မှ လူများအားလုံး သေဆုံးသွားလေသည်။ အပျက်အစီး ပုံများကြား၌ ပြားချပ်ကာ သေဆုံးသွားကြသည်။ အရိုးပင် မကျန်တော့ချေ။ ထန်အိမ်တော်တစ်ခုလုံး ပြားပြားဝပ်သွား၏။
“နတ်ဆိုး မင်းက နတ်ဆိုးပဲ”
အသက်ရှင်နေသေးသော နောက်လိုက်သည် ချက်ချင်း ချောက်ချားသွားပြီး သူ့စကား၌ ကြောက်စိတ်များ ပြည့်နှက်နေသည်။
“ငါက နတ်ဆိုးပဲ၊ ဒါပေမဲ့ မင်းက ငါ့နောက်ကျောကို ဓားနဲ့ထိုးရဲခဲ့တယ်လေ၊ မင်းကိုယ်မင်း သေဖို့ ထိုက်တန်တယ်လို့ ထင်လား”
ယဲ့ဖန်၏ မျက်လုံးများက အေးစက်နေသည်။ သူ့ခြေဖဝါးအောက်မှ အနက်ရောင် ချီစွမ်းအင် ထွက်ပေါ်လာပြီး ထိုလူအား ဝါးမျိုသွားလေသည်။
ထိုနောက်လိုက်သည် ရုတ်တရက် အအေးမိသွားသကဲ့သို့ တွန့်သွားပြီးနောက် အမှုန့်ဖြစ်သွားလေသည်။
“ငါ့လူတွေကို စော်ကားတယ်၊ ငါ့လူတွေကို သတ်တယ်ပေါ့၊ ကောင်းတယ်၊ သိပ်ကောင်းတယ်”
ယဲ့ဖန်သည် ဒေါသထွက်လွန်းသဖြင့် လက်ရှိတွင် သူ့ပုံစံက နိုးထလာသော နတ်ဆိုးတစ်ကောင်နှင့် တူနေ၏။ ထို့နောက် သူသည် အရပ်မျက်နှာ တစ်ခုဆီသို့ အရှိန်ဖြင့် ထွက်ခွာသွားသည်။
“ဝုန်း”
မြေဆီလွှာ ရုတ်တရက် အက်ကွဲသွားသည်။ ယဲ့ဖန်၏ ပုံရိပ်က ချက်ချင်း မီတာတစ်ရာ အကွာအဝေးသို့ ရောက်သွားပြီး သူ့အနောက်၌ ကြောက်စရာ ကောင်းသော တစ္ဆေများ ပါရှိနေသည်။ ဤပုံစံက ငရဲခန်းက လူ့လောကသို့ ရောက်နေသလိုပင်။
…
ထိုအချိန်တွင် ထန်မိသားစု၏ အိမ်တော်ခွဲ၌ သွေးနံ့များ လှိုင်လှိုင်ထနေ၏။
“ဟားဟားဟား လုပ်စမ်းပါ”
လက်ရှိတွင် ခန်းမအလယ်မှ တစ္ဆေအဆင့် လုပ်ကြံရေးသမားက သွေးအိုင်ထဲ လဲနေသော ထန်မင်လီကို လက်ဝှေ့ယမ်း၍ ဟာသလုပ်နေသည်။ ထိုသူသည် လက်လေးဘက်၊ ဦးခေါင်းနှစ်လုံးဖြင့် မွေးဖွားလာသူ ဖြစ်ပြီး လက်လေးဘက် လောင်ဟန်ဟု ခေါ်သည်။
“လာစမ်းပါ လူအိုကြီးရဲ့ ခင်ဗျားက အညံ့ခံမယ့်အစား အသေခံချင်တာ မဟုတ်ဘူးလား၊ ဘာလို့ ဒူးထောက် နေတာလဲ”
လက်လေးဘက် လောင်ဟန်က ခက်ထန်သော မျက်လုံးများဖြင့် အားပါးတရ ရယ်မောနေသည်။ ထို့အပြင် တစ္ဆေအဆင့် လုပ်ကြံရေးသမားများကလည်း မလှမ်းကမ်း၌ ရပ်ကာ ဘေးမှကြည့်၍ အချိန်တိုင်း လှောင်နေကြသည်။
“မင်းရဲ့ ယဲ့ဘုရင် ဘယ်မလဲ၊ သူ မင်းကို လာကူညီတာကို ဘာလို့ မမြင်ရသေးတာလဲ၊ ဟားဟားဟား”
ထန်မင်လီ အံကြိတ်ထားသည်။ သူ့တွင် အကောင်းတိုင်း ရှိနေသော အရေပြားဟူ၍ မရှိတော့ချေ။ သူ ဒယိမ်းဒယိုင်ဖြင့် ထရန် ကြိုးစားသော်လည်း မည်မျှ ကြိုးစားပါစေ ထ၍မရပေ။
သူ၏ ကိုယ်တွင်းအင်္ဂါများ ပျက်စီးကာ တစ်ကိုယ်လုံး ဒဏ်ရာအနာတရ ဖြစ်နေသည်။ လက်ရှိတွင် သူသည် သေခြင်းတရားနှင့် လက်တစ်ကမ်း အကွာ၌ ရှိနေ၏။
တစ်ဖက်လူက သူ့ကို ညှဉ်းဆဲနောက်ပြောင်လိုသဖြင့် မသတ်ချေ။ သူ့အား နှိပ်စက်၍ သူ့စိတ်ကို ပြိုလဲအောင် လုပ်နေသည်။
“မင်းတို့ သေတဲ့အထိ တိုက်ခိုက်မယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား၊ ဘာလို့ အခု လဲနေတာလဲ၊ ခင်ဗျား မထရင် ကျုပ် ခင်ဗျားခေါင်းပေါ် ထပ်ပြီး သေးပေါက်ပြမယ်”
လက်လေးဘက် လောင်ဟန်က သရော်နေသည်။ ထန်မင်လီကဲ့သို့ အကြောမာ သောသူအား နှိပ်စက်ရခြင်းသည် သူ အနှစ်သက်ဆုံးအရာပင်။ မာနနှင့် ယုံကြည်ချက်ကို ရိုက်ချိုး၍ ဘဝအား သေသည်ထက်ဆိုးအောင် လုပ်ရသည်ကို နှစ်ခြိုက်မိသည်။