← Chapters

ဟင်းလင်းပြင်ပေါင်းစပ်ခြင်း တတိယအဆင့်၊ ပြဿနာ တပည့်

Vol. 5 Ch. 66

ဟင်းလင်းပြင်ပေါင်းစပ်ခြင်း တတိယအဆင့်၊ ပြဿနာ တပည့်

Vol. 5 Ch. 66

အခန်း (၆၆) ဟင်းလင်းပြင်ပေါင်းစပ်ခြင်း တတိယအဆင့်၊ ပြဿနာ တပည့်

“အသက်ပြန်ရှင်မှာလား”

ဟွမ်ဇွမ်တျန်ဟာ တအံတဩ ဖြစ်သွားပြီး ဝမ်းသာပီတိဂွမ်းဆီထိ ဖြစ်သွားပါတယ်။

[ဟွမ်ဇွမ်တျန်သည် သင့်အပေါ် အ‌ကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိမျက်နှာသာပေးမှု: ကြယ်သုံးပွင့်]

ဟန်ကျွယ်ဟာ ဒီစာကြောင်းကို မြင်လိုက်တဲ့အခါမှာ မျက်ခုံးပင့်တက်သွားပါတယ်။

‘မျက်နှာသာပေးမှုက ဒီလိုလည်း တက်သွာတာပဲလား’

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို ဦးနှောက်ကျင်းပစ်ရရင် ကောင်းမလား စဉ်းစားနေတာပါ။ အခုလို မျက်နှာသာပေးမှုရှိလာတော့ ဒီလိုလုပ်ဖို့ မလုပ်တော့ပါဘူး။ ဟန်ကျွယ်အတွက် ပြဿနာတော်တော်လေး လျော့သွားပါတယ်။

ဟွမ်ဇွမ်တျန်ဟာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ် “တာအိုရောင်းရင်း... မဟုတ်ဘူး၊ စီနီယာ... ကျွန်တော် ဒီအချိန်တွေမှာ ကောင်းကောင်းကြီး တွေးတောပြီးပါပြီ၊ ကျွန်တော်က ဂိုဏ်းချုပ်လုပ်ဖို့ တကယ်ပဲ မသင့်တော်ပါဘူး၊ စီနီယာသာ ကျွန်တော့်ကို အသက်ပြန်သွင်းပေးမယ်ဆိုရင် မိုးကာဝတ်ရုံဂိုဏ်းကို ကျွန်တော် မပြန်တော့ပါဘူး”

‘မိုးကာဝတ်ရုံဂိုဏ်းကို ပြန်မယ်၊ မင်းဘာတွေ တွေးနေတာလဲ၊ မိုးကာဝတ်ရုံဂိုဏ်းက မရှိတော့တာ ကြာလှပြီ’

ဟန်ကျွယ်က တည်ငြိမ်တဲ့မျက်နှာထားနဲ့ ပြောလိုက်ပါတယ် “ဒီခန္ဓာကိုယ်က အနောက်ဘက် အသူရာချောက်ပြည်နယ်မှာ တည်ရှိတဲ့ နဂါးကိုးကောင်ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ဟာပဲ၊ သူက ဟင်းလင်းပေါင်းစပ်ခြင်း ကျင့်ကြံသူတစ်ဦး၊ သူ့ပဓာနဝိညာဉ်ကိုတော့ ငါဖျက်ဆီးပစ်လိုက်ပြီ၊ ငါ မင်းကို ဒီခန္ဓာကိုယ်ထဲ နေရာဝင်ယူစေချင်တယ်၊ နဂါးကိုးကောင်ဂိုဏ်းကို ငါ မကြောက်ပေမဲ့ ပြဿနာအများကြီး တက်မှာကိုတော့ ငါ ကြောက်တယ်၊ ငါ့ရည်ရွယ်ချက်က အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ဖို့ပဲ”

‘ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူလား’ ဟွမ်ဇွမ်တျန်ဟာ မျက်ခုံးလှုပ်သွားပါတယ် ‘ကြည့်ရတာ ငါ အလကား မသေရဘူးပဲ’ ဟွမ်ဇွမ်တျန်ဟာ ဒီဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပါတယ်။

“ငါ မင်းဝိညာဉ်မှာ ငါ့အမှတ်အသား မှတ်ထားတယ်၊ နောက်ကျလို့ မင်း ငါ့စကားကို နားမထောင်ဘူးဆိုရင် အတွေးတစ်ချက်တည်းနဲ့ သတ်ပစ်လို့ရတယ်၊ မင်းသာ စကားနားထောင်မယ် ဆိုရင်တော့ ဘာမှစိုးရိမ်စရာ မရှိဘူး၊ ဘဝကောင်းကောင်းမှာ နေရမယ်လို့ အာမခံတယ်၊ မင်းက ငါ့အတွက် နဂါးကိုးကောင်းဂိုဏ်းကို ထိန်းသိမ်းပေးပြီး ဒီကိစ္စမပေါ်အောင် ဖုံးထားပေးဖို့ပဲ လိုတယ်”

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ ဝိညာဉ်ကို အချိန်အတော်ကြာ ချုပ်နှောင်ပြီးနောက်မှာ ထိန်းချုပ်နိုင်သွားပါပြီ။ ဒါကိုကြည့်ခြင်းအားဖြင့် ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်က ဘယ်လောက်ထိ အာဏာစက်ပြင်းလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ရန်သူရဲ့ဝိညာဉ်ကို သူ့ဝိညာဉ်ထဲမှာ ချုပ်နှောင်တာကလွဲလို့ ကျန်တာ ဘာမှလုပ်စရာမလိုပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ဟန်ကျွယ်ဟာ ရန်သူရဲ့ဝိညာဉ်ကို အလိုလို ထိန်းချုပ်နိုင်လာမှာပါ။

ဟွမ်ဇွမ်တျန်ဟာ ချက်ချင်းခေါင်းညိတ်ပြီး ကျိန်ဆိုပါတယ်။

“အခုအချိန်ကစပြီး စီနီယာနဲ့ ရန်သူမဖြစ်ဘူးလို့ ကျိန်ဆိုပါတယ်”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး လမ်းခြောက်သွယ် စိတ်ဝိညာဉ်ချီကို ဖြတ်တောက်လိုက်ပါတယ်။ အဲဒီအခါမှာ ဟွမ်ဇွမ်တျန်ဝိညာဉ်ဟာ ဝေ့ယွမ်ခန္ဓာကိုယ်ထဲကို ဝင်သွားပါတယ်။ ဒီလို နေရာဝင်ယူတာက အချိန်တော်တော် ကြာအုန်းမှာပါ။

ဟန်ကျွယ်ရှေ့မှာ စာကြောင်းတွေ ပေါ်လာပြန်ပါတယ်။

[သင်သည် ယွီဂျင်ဂိုဏ်းအား အောင်မြင်စွာကာကွယ်နိုင်ခဲ့သည့်အတွက် ပညာရပ်ကျမ်းတစ်ကျမ်းကို ရရှိသည်။]

[မူလရုပ်ဖော်ပညာရပ်အား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[မူလရုပ်ဖော်ပညာရပ်: ဤပညာရပ်အား အသုံးပြုခြင်းဖြင့် ပြိုင်ဘက်၏ ပုံစံအစ်အမှန် ပေါ်လာအောင် ပြုလုပ်နိုင်သည်။ ဤပညာရပ်သည် သက်ရှိအားလုံးပေါ်၌ သက်ရောက်မှုရှိသည်။]

‘မဆိုးဘူး’

ဟန်ကျွယ်ဟာ ဒီပညာရပ်ကို ချက်ချင်းကြီး မဆက်ခံဘဲ ဟွမ်ဇွမ်တျန် အောင်မြင်တာကို စောင့်ပါတယ်။

အခြားတစ်ဖက်မှာတော့ ဂိုဏ်းဆယ့်ကိုးဂိုဏ်းက ကျင့်ကြံသူတွေဟာ ယွီဂျင်ဂိုဏ်း အပြင်ဘက်မှာ ရှိနေတုန်းပါပဲ။ သူတို့ရဲ့ဂိုဏ်းချုပ်တွေဟာ လီချင်းဇဲ့နဲ့ အဓိကတောင်ထိပ်ကို လိုက်သွားပါတယ်။

ဟန်ကျွယ်ရဲ့ အစွမ်းပြမှုက အရမ်းကြောက်စရာ ကောင်းတာကြောင့် ဂိုဏ်းချုပ်တွေ အကုန်လုံးဟာ သေးထွက်ကြလုနီးနီးပါပဲ။ သူတို့ဟာ ယွီဂျင်ဂိုဏ်းကို မတိုက်ခိုက်ရဲတဲ့အပြင် ထွက်လည်း မသွားရဲပါဘူး။ ဒီကြောက်မက်ဖွယ်ကောင်းတဲ့ရန်သူနဲ့ အမုန်းတရားတွေကို မဖြေဖျောက်နိုင်ရင် သူတို့ ပြန်သွားလည်း စားဝင်အိပ်ပျော်မှာ မဟုတ်ပါဘူး။

အဓိကတောင်ထိပ်ကို ရောက်သွားတဲ့အခါမှာ လီချင်းဇဲ့က အမှန်တရားကို ရှာဖွေဖော်ထုတ်ပါတယ်။ ဒီအချိန်မှာ ဂိုဏ်းချုပ်တွေဟာ လီချင်းဇဲ့ကို တစ်ယောက်မှ မတိုက်ခိုက်ရဲတဲ့အပြင် စကားပြောတာတောင် အမှားပါမှာစိုးလို့ ဂရုတစိုက် စကားပြောကြပါတယ်။

ကျင့်ကြံခြင်းလောကမှာ အားကြီးသူက လေးစားခံရတာ ဓမ္မတာပါ။ ကျင့်ကြံခြင်းလောကမှာ မဟုတ်ပါဘူး။ ဘယ်လောကဖြစ်ဖြစ် အားကြီးသူက လေစားခံရတာ ဓမ္မတာပါ။

အတန်ကြာ စကားပြောပြီးတဲ့နောက်မှာတော့ ဂိုဏ်းချုပ်တွေဟာ အပြစ်အားလုံးကို လီချန်းလုံဆီ ပုံချလိုက်ကြပါတယ်။ လီချင်းဇဲ့ဟာ ပညာပျက်သွားတဲ့ လီချန်းလုံကို ထုတ်ပြီး ဖြေရှင်းခိုင်းပါတယ်။ ဒီလိုနဲ့ ရန်ကျင့်ကြံခြင်းလောကက ကပ်ဘေးကြီးတစ်ခုဟာ ဟန်ကျွယ်ရဲ့ သိုင်းနှစ်ကွက်တည်းနဲ့ ဖြေရှင်းပြီးသား ဖြစ်သွားပါတော့တယ်။

…

ခုနစ်ရက် ကြာတဲ့အခါမှာ...။

ဟွမ်ဇွမ်တျန်ဟာ ဝေ့ယွမ်ရဲ့ခန္ဓာကိုယ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်သွားပါတယ်။ ဟွမ်ဇွမ်တျန်ဟာ သူ့ကိုယ်သူ အိပ်မက်မက်နေတာလားလို့တောင် ထင်မှတ်မှားမိပါတယ်။ သူဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဆင့်ကို ရောက်ရှိဖို့ ဒုက္ခတွေ အများကြီးခံခဲ့ပေမဲ့ မရောက်ရှိပါဘူး။ အခုတော့ ဒီလိုနည်းနဲ့ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပါပြီ။

‘ဒါက ရုပ်ဖျက်လာတဲ့ ကံကောင်းမှုလား’

[ဟွမ်ဇွမ်တျန်သည် သင့်အပေါ် အကောင်းမြင်စိတ် တိုးသွားပြီဖြစ်သည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]

ဒီစာကြောင်းကို မြင်လိုက်ရတဲ့ ဟန်ကျွယ်ဟာ ကျေနပ်စွာ ပြုံးလိုက်ပါတယ်။ သူဟာ ဟွမ်ဇွမ်တျန်ကို အရင်ကထက် ပိုကြိုက်သွားပါတယ်။

ဟွမ်ဇွမ်တျန်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဟန်ကျွယ်ရှေ့ကို လျှောက်သွားကာ တလေးတစား ဦးညွှတ်လိုက်ပါတယ်။

“မင်း အနောက်ဘက် အသူရာချောက်ပြည်နယ်ကို တန်းသွားတော့၊ မလိမ်တက်ဘူးဆိုရင် တိတ်တိတ်နေ၊ မင်းက ဟင်းလင်းပြင်ပေါင်းပ်ခြင်း ကျင့်ကြံသူတစ်ယောက်ဆိုတော့ သူတို့တွေ စစ်မေးရဲမှာ မဟုတ်ဘူး”

ဟွမ်ဇွမ်တျန်ဟာ ခေါင်းညိတ်လိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ နဂါးကိုးကောင်ဂိုဏ်းကို ကျွန်တော် ကျိန်းသေပေါက် ထိန်းသိမ်းပေးပါ့မယ်” ဟွမ်ဇွမ်တျန်ဟာ ကတိပေးပြီးတာနဲ့ ထွက်ခွာသွားပါတယ်။ ဒါပေမဲ့ လေးငါးဆယ်လှမ်းအရောက်မှာ ရုတ်တရက် ပြန်လှည့်ကာ မေးလိုက်ပါတယ်။

“ကျွန်တော် ဂိုဏ်းချုပ်ဖြစ်လာဖို့ လိုအပ်လား”

ဟွမ်ဇွမ်တျန်ဟာ ဂိုဏ်းချုပ်နေရာကို ဘယ်လိုယူရမလဲဆိုတဲ့နေရာမှာ အတွေ့အကြုံအများကြီး ရှိပါတယ်။

“အဲတာက မင်းကိစ္စပဲ၊ ငါနဲ့ ယွီဂျင်ဂိုဏ်းကို မနှောင့်ယှက်ဘူးဆိုရင် မင်းကြိုက်သလိုသာလုပ်၊ ငါ ဘာမှ ပြောစရာမရှိဘူး”

“ကျွန်တော်က စီနီယာကို ဘယ်လိုခေါ်ရမလဲ၊ စီနီယာရဲ့ တာအိုနာမည်ကို သိလို့ရမလား”

နတ်သတ်အကြီးအကဲဟာ နေရာတစ်ခုပါ။ ဟန်ကျွယ်ရဲ့ တာအိုနာမည် မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ တစ်ခဏတွေး‌တောပြီးနောက် အဖြေပြန်ပေးလိုက်ပါတယ် “လွမ်ဟွေ”

လွမ်ဟွေရဲ့ အဓိပ္ပာယ်က ပြန်လည်မွေးဖွားခြင်းဖြစ်တဲ့အတွက် ဒီတာအိုနာမည်ဟာ အဓိပ္ပာယ်လေးနက်ပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ပြုံးလိုက်ပြီး နောက်တစ်ကြိမ် ထပ်ဦးညွှတ်လိုက်ပါတယ်။

ဟွမ်ဇွမ်တျန် ထွက်သွားတော့မှာပဲ ဟန်ကျွယ်ဟာ မူလရုပ်ဖော်ပညာရပ်ကို ဆက်ခံပါတယ်။

......

တစ်လကြာပြီးနောက်...။

ရန်ကျင့်ကြံခြင်းလောကဟာ ပွတ်လောက်ရိုက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယွီဂျင်ဂိုဏ်းက ကျိုးဖန်နဲ့ မော့ဖူချိုကို ဆုငွေထုတ်လိုက်သလို လက်ယာ လက်ဝဲဂိုဏ်းတွေ စုပေါင်းပြီး ဝေ့မိသားစုကို မောင်းထုတ်လိုက်ကြလို့ပါပဲ။

ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေဟာ ခေါင်းရှုပ်သွားကြပါတယ်။

‘ဘာတွေ ဖြစ်သွားကြတာလဲ’

ဝေ့မိသားစုဟာ အဆက်အသွယ်ကောင်းကောင်း ရှိတာထက် အင်အားသိပ်မရှိပါဘူး။ ဒါကြောင့် သူတို့မိသားစုဝင်တွေကိုခေါ်ပြီး ရန်ကျင့်ကြံခြင်းလောကနဲ့ ဝေးရာကို ချက်ချင်းဆိုသလို ထွက်ပြေးသွားကြပါတယ်။

ဒီအဖြစ်အပျက်တွေ ပြီးသွားတဲ့အခါမှာ ရန်ကျင့်ကြံခြင်းလောကဟာ တစ်ဖန် ပြန်ငြိမ်းချမ်းသွားပါတယ်။

လီချင်းဇဲ့ဟာ ယွီဂျင်ဂိုဏ်းက ကျင့်ကြံခြင်းလောကကို စိုးမိုးလိုစိတ်မရှိဘဲ အေးအေးဆေးဆေးသာ ကျင့်ကြံလိုကြောင်း၊ ဂိုဏ်းအချင်းချင်း စည်းစည်းလုံးလုံးနေပြီး ပြင်ပက ဂိုဏ်းတွေကို အခွင့်အရေးမပေးဖို့ မျှော်လင့်ကြောင်း ကြော်ငြာချက် ထုတ်ပြန်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ အစွမ်းကို မြင်တွေ့ထား ကြားဖူးနားဝရှိထားကြတဲ့ ဂိုဏ်းအသီးသီးဟာ လီချင်းဇဲ့ရဲ့ အကြံပြုချက်ကို ပိုပြီးတော့ လက်ခံကြိုဆိုကြတာပေါ့။

‘မနိုင်မှတော့ ဘာလို့တိုက်ရမှာလဲ’

…

ဆယ်နှစ်တာကာလဟာ ဖျတ်ခနဲ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း တတိယအဆင့်ကို ထိုးဖောက် ရောက်ရှိသွားပါပြီ။ ဒီအဆင့်ဟာ သိပ်ပြီးတော့ မရိုးရှင်းပါဘူး။ အဆင့်တက်ဖို့အတွက် ဟန်ကျွယ်ဟာ အချိန်အများကြီး ကျင့်ကြံအားထုတ်ရပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်ရင်တော့ ဒီအချိန်က ဘာမှမပြောပလောက်ပါဘူး။

လွန်ခဲ့တဲ့ဆယ်နှစ်မှာ ရှင်းဟုန်ရွှမ် ပြန်မလာပေမဲ့ မီးခိုးရောင်ဝတ်ရုံနဲ့လူကတော့ လိုဏ်ဂူထဲကနေ ထွက်ခွာသွားပါပြီ။ ရှင်းဟုန်ရွှမ်ဘေးနားမှာ ကောင်းကင်ရုပ်သေးရုပ် ရှိနေတဲ့အတွက် ရှင်းဟုန်ရွှမ် တစ်ခုခုဖြစ်မှာကို ဟန်ကျွယ် မစိုးရိမ်ပါဘူး။

ယွီဂျင်ဂိုဏ်း ဝရမ်းထုတ်ပြီးကတည်းက ကျိုးဖန်နဲ့ ဖော့ဖူချိုဟာ အစအနရှာမရအောင် ပျောက်ကွယ်သွားပြီး ပြဿနာထပ်မရှာတော့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို သူ့လူမှုဆက်ဆံ‌ရေးကနေ တွေ့နေရတုန်းပါပဲ။ ဒီနှစ်ယောက်က အတူတူရှိနေတာလို့တောင် ဟန်ကျွယ် သံသယဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်က တော်တော်လေး ရင်းနှီးကြလို့ပါပဲ။

ဟန်ကျွယ်ဟာ လိင်တူအချစ်ဇာတ်လမ်း တစ်ပုဒ်ကိုတောင် မြင်ယောင်မိလိုက်ပါတယ်။ အဓိက အမျိုးသားဇာတ်လိုက်က တွန်းအားပေးခံရလို့ နတ်ဆိုးဖြစ်သွားတယ်။ ဒုတိယ အမျိုးသားဇာတ်လိုက်ကလည်း မကြည့်ရက်လို့ သူ့ကိုယ်သူစတေးခံပြီး နတ်ဆိုးအဖြစ်ခံလိုက်တယ်။ ပြီးတော့ တစ်ယောက်ကို တစ်ယောက် အဖော်ပြုပြီး သက်ဆုံးတိုင်နေသွားကြတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံနေရင်းနဲ့ သူ့အကျင့်အတိုင်း လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေကောင်း ဟွမ်ဇွမ်တျန်သည် ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်တပည့် ရန်ထျန်တုန်းသည် နတ်ဆိုးများအကြား၌ နာမည်ကျော်ကြားလာခဲ့ပြီး လက်အောက်ငယ်သား ၁၀၀,၀၀၀ ကျော် ရှိလာသည်။]

[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် နတ်ဆိုးဘုရင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၈

[သင့်အချစ်တော် ရွမ်ချင်းကျွင်းသည် သေမျိုးနယ်ပယ်သို့ ပြန်ရောက်လာပြီ ဖြစ်သည်။]

[သင့်မိတ်ဆွေကောင်း ရှင်းဟုန်ရွှမ်သည် အသိညာဏ်လင်းလက်လာပြီး ဆန်းကြယ်စွမ်းအားတစ်မျိုးကို နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။]

[သင့်မိတ်ဆွေကောင်း ကွမ်းယိုကုန်းသည် သင့်ကို ကြောက်လန့်မှုကြောင် အတွင်းနတ်ဆိုး ဖြစ်တည်လာခဲ့ပြီ ဖြစ်သည်။]

[သင့်တပည့်စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် သန်းပေါင်းများစွာသော အသက်များ သေကြေပျက်စီးခဲ့ရသည်။ ထိုသို့ဖြစ်သောကြောင့် သူ့ကံရောင်ဝါ၏ မည်းညစ်မှုသည် ချေဖျက်၍ပင် မရတော့ချေ။]

…

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပါတယ်။ သူ့တပည့်ကို ကြမ္မာဆိုး နတ်ဘုရားလို့တောင် ခေါ်ရမလို ဖြစ်နေပါပြီ။ အပြင်ရောက်တာ သိပ်မကြာသေးခင်မှာပဲ သန်းပေါင်းများစွာသော အသက်တွေကို သေကျေစေတယ်တဲ့လား။

ဟန်ကျွယ်ဟာ ရုတ်တရက် နောင်တရသွားပါတယ် ‘ဒီကောင်ကို ငါ့ဘေးနားမှာပဲ ထားခဲ့ရမှာ’

ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ဘေးနားမှာ ထားမယ်ဆိုရင်လည်း ယွီဂျင်ဂိုဏ်း ဒုက္ခရောက်နိုင်တာကို တွေးမိသွားပါတယ်။

‘ဒီလိုဖြစ်လို့တောင် မရဘူး၊ ငါ့လူတွေထက် ဒုက္ခရောက်တာထက် သူစိမ်းတွေသေတာက တော်ပါသေးတယ်’

ဒါ့အပြင် စုချီကို ဒီလိုဖြစ်အောင်လုပ်တာ ဟန်ကျွယ် မဟုတ်ပါဘူး။ အပြစ်တင်ရမယ်ဆိုရင် ကောင်းကင်ရုံးတော်ကိုပဲ အပြစ်တင်ရပါမယ်။ သူတို့က စုချီကို ရာထူးချခဲ့လို့ ဒီလိုဖြစ်ရတာပါ။

‘ငါ့တပည့် ရန်ထျန်တုန်းက ပြန်မလာတော့ဘူးလား၊ သူက နတ်ဆိုးဘုရင်ပဲ လုပ်တော့မှာလား’

ဟန်ကျွယ်ဟာ ဘာမှမတက်နိုင်သလို ခံစားလိုက်ရပါတယ် ‘ငါ့တပည့်တွေက ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ’

[ကောင်းချီးပေးခံရသူကို ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးနေသည်။]

ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

All Chapters