← Chapters

အဆင့်ဆက်တက်ခြင်း၊ စုချီ

Vol. 5 Ch. 68

အဆင့်ဆက်တက်ခြင်း၊ စုချီ

Vol. 5 Ch. 68

အခန်း (၆၈) အဆင့်ဆက်တက်ခြင်း၊ စုချီ

ဟန်ကျွယ်ဟာ သူ့ရှေ့က ရွေးချယ်မှုသုံးခုကို တွေ့တဲ့အခါမှာ ချီတုံချတုံမဖြစ်ပါဘူး။ နံပါတ်သုံးမှာ အပေါ်က နှစ်ခုလုံးပါဝင်နေပြီး ပိုပြီးစွမ်းအားကြီးတာကို ပြနေပါတယ်။ ဒါ့အပြင် လွတ်လွတ်လပ်လပ်လည်း ရှိပါတယ်။ မသေမျိုးနယ်ပယ်ကိုပဲ သွားသွား ငရဲပြည်ကိုပဲ သွားသွား ကြိုက်တဲ့နေရာကို ကြိုက်သလို သွားလာလို့ရပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ နံပါတ်သုံးကို ရွေးချယ်လိုက်ပါတယ်။

[သင်သည် ပြန်လည်မွေးဖွားရာ ဓားဝိဇ္ဇာလမ်းစဉ်အား ရွေးချယ်ခဲ့သည့်အတွက် ဆန်းကြယ်စွမ်းအားတစ်မျိုးကို အမွေဆက်ခံရရှိမည်။ သင်သည် ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်နှင့် ဓားတာအိုအား အထွတ်အထိပ်သို့ ကျင့်ကြံလျှင် နောက်တစ်ဆင့်သို့ တက်ရောက်ရမည် ဖြစ်သည်။]

[ဆန်းကြယ်စွမ်းအား - မိုးကောင်းကင်ဓားချီကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[မိုးကောင်းကင်ဓားချီ: ဓားတာအိုဆန်းကြယ်စွမ်အား။ ရွှေဓာတ်လုံးထဲ၌ မိုးကောင်းကင်ဓားချီအား ကျင့်ကြံခြင်းဖြစ်သည်။ ဓားချီအား ထွေးထုတ်လျှင် အလွန့်အလွန် စူးရှထက်မြက်၏။]

‘ဓားချီကို ထွေးထုတ်ရမှာလား... မဆိုးဘူး... ဟိတ်ဟန်ထုတ်လို့ ရတာပေါ့’

ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။ အဲဒီနောက် ရွှင်ချန်အန်းကို ကြည့်ပြီး မေးလိုက်ပါတယ်။

“မင်း ငါ့တပည်ဖြစ်လာပြီဆိုရင် မသေမျိုးမဖြစ်ဘဲနဲ့ တောင်ကနေ ထွက်သွားလို့မရဘူး၊ မင်းဆန္ဒရှိရဲ့လား”

ရွှင်ချန်အန်းဟာ ကျေနပ်အံအားသင့်သွားပါတယ် ‘ရန်ကျင့်ကြံခြင်းလောကရဲ့ နံပါတ်တစ်ပုဂ္ဂိုလပ် ပီသပါပေတယ်’

[ရွှင်ချန်အန်းသည် သင့်အပေါ် အကောင်းမြင်ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်]

ဟန်ကျွယ်ဟာ မကျေမနပ် ဖြစ်သွားပါတယ် ‘ကြယ်သုံးပွင့်တည်းလား... ဒီကောင်ကို ကြည့်ရတာ ယောက်ျားတွေကို အကောင်းမမြင်ဘူးထင်တယ်’

“ကျွန်တော်က ဂူအောင်းကျင့်ကြံပြီး သေမျိုးနယ်ပယ်ကနေ ထွက်ခွာချင်တဲ့အတွက် ဆရာသခင်ကို လာရှာရတာပါ”

“ကောင်းပြီ၊ သင့်လျော်တဲ့နေရာတစ်ခုမှာ ကျင့်ကြံအားထုတ်ချည်၊ ရွှေဓာတ်လုံးအဆင့် ရောက်မှ ပညာသင်ပေးမယ်”

ဟန်ကျွယ်စကားကြောင့် ရွှင်ချန်အန်းဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပေမဲ့ ပြန်လဲကျလုနီး ဖြစ်သွားပါတယ်။ ရွှင်ချန်အန်းဟာ ဒူး‌ထောက်နေတာ ငါးနှစ်ရှိပြီမို့ ရုတ်တရက် မတ်တတ်ရပ်လိုက်တဲ့အခါမှာ အရိုးအဆစ်တွေက တကျွတ်ကျွတ် မြည်သွားပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ရွှင်ချန်အန်းကို လျစ်လျူ ပြုလိုက်ပါတယ်။ အဲဒီနောက် မိုးကောင်းကင်ဓားချီကို ဆက်ခံလိုက်ပါတယ်။

…

အချိန် ၁၂ ကုန်ဆုံးသွားပြီးနောက်။

ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း စတုတ္ထအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါတယ်။

ရွှင်ချန်အန်းကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူမှာ စိတ်ဝိညာဉ်ချီတွေ တကယ်ပဲ တိုးလာပါတယ်။

ရွှင်ချန်အန်းက ရွှေဓာတ်လုံးအဆင့်ကို ရောက်ရှိသွားတာကြောင့် ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းရဲ့ ကျောက်စိမ်းသိုင်းကို သွားလက်ခံယူခိုင်းပါတယ်။ တာအိုသခင်ကျိုးတီ ပြန်လာတဲ့အချိန်တုန်းက ကျောက်စိမ်းသိုင်းကို ပြုပြင်မွမ်းမံသွားတဲ့အတွက် အခုဆိုရင် ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်ထိ ကျင့်ကြံလို့ရနေပါပြီ။

ဟန်ကျွယ်ဟာ သူ့လူမှုဆက်ဆံရေးကနေ ယွီဂျင်ဂိုဏ်း အကြီးအကဲတွေရဲ့ ကျင့်ကြံခြင်းက စတင်တိုးတက်လာတာကို သတိပြုမိလိုက်ပါတယ်။

ကျင့်စဉ်တွေအပြင် သဘာဝရတနာတွေနဲ့ သန့်စင်ခဲ့တာကြောင့် ယွီဂျင်ဂိုဏ်းရဲ့ စိတ်ဝိညာဉ်ချီကလည်း အတော်လေး တိုးတက်သွားပါတယ်။ မြူခိုးမြူငွေ့သဏ္ဌာန်ရှိတဲ့ စိတ်ဝိညာဉ်ချီကို သာမန်မျက်စိနဲ့တောင် မြင်နိုင်ပါပြီ။ ဒီမြူခိုးတွေက တောင်ထိပ်တွေကို ဖုံးအုပ်ထားတဲ့အတွက် ယွီဂျင်ဂိုဏ်းဟာ ဒဏ္ဍာရီထဲက မသေမျိုးနယ်မြေလို လှပဆန်းကြယ်သွားပါတယ်။

ဒါ့အပြင် ယွီဂျင်ဂိုဏ်းရဲ့ အတွင်းအပြင် စည်းနှစ်ခုလုံးမှာ ရှိနေကြတဲ့ တပည့်အားလုံးရဲ့ ကျင့်ကြံခြင်းဟာ တိုးတက်လာပါတယ်။ ပြောရမယ်ဆိုရင် တစ်ဂိုဏ်းလုံး အကျိုးခံစားရတာပါ။ ဒီလိုအခြေအနေတွေကြောင့် ယွီဂျင်ဂိုဏ်းဟာ ရန်ကျင့်ကြံခြင်းလောကရဲ့ နံပါတစ်ဂိုဏ်း ဖြစ်လာပါတယ်။

ကွမ်းယိုကုန်းရဲ့ ဒဏ်ရာဟာ နောက်ဆုံးမှာတော့ ပျောက်ကင်းသွားပါပြီ။ ဒါပေမဲ့ လုံးဝပြောင်းလဲသွားတာကတော့ ကွမ်းယိုကုန်းရဲ့ အမူအကျင့်တွေပဲ ဖြစ်ပါတယ်။ သူဟာ အရင်လို မာနကြီးပြီး အထက်စီးမဆန်တော့ပဲ မကြာခဏဆိုသလို ဂူအောင်းကျင့်ကြံပါတော့တယ်။

ဒီကြားထဲ ပြောစရာတစ်ခုရှိတာကတော့ ကွမ်းယိုကုန်းရဲ့ ဟန်ကျွယ်အပေါ့် မျက်နှာသာပေးမှုက ကြယ်နှစ်ပွင့်ခွဲထိ တိုးသွားတာပါပဲ။

ဟန်ကျွယ်ဟာ ကွမ်းယိုကုန် ဘာတွေ တွေးနေလဲဆိုတာကို နားမလည်နိုင်ပါဘူး။ ဒါပေမဲ့ ကွမ်းယိုကုန်းက သူ့ကို ပြဿနာမရှာဘူးဆိုရင် ဘာပဲဖြစ်ဖြစ် အကုန်လုံး အဆင်ပြေပါတယ်။

ဒီနေ့မှာတော့ နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ဆီ အလည်ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို အပြင်ထွက်ခိုင်ပြီး နတ်မိမယ်ရှီရွှမ်ကို လက်ခံတွေ့ဆုံပါတယ်။

နတ်မိမယ်ရှီရွှမ်ရဲ့ ပြစ်မဲ့မျိုးမထင်အလှကြောင့် ရွှင်ချန်အန်းဟာ ကြောင်တောင်တောင် ဖြစ်သွားရှာပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ကို ရောက်သွားတဲ့ ရွှင်ချန်အန်းဟာ သူ့ချစ်သူကို ပြန်တွေးမိသွားပြီး အချိန်အတော်ကြာ တည်ငြိမ်နေတဲ့ သူ့နှလုံးသားဟာ တစ်ဖန်ပြန်လှုပ်ရှားလာပါတယ်။ ရွှင်ချန်အန်းဟာ သက်ပြင်းချလိုက်ပြီး သစ်တစ်ပင်အောက် လျှောက်သွားကာ အဝေးကို မျှော်ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်နဲ့ မတွေ့ရတာ အတော်ကြာပါပြီ။ နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်သိသမျှ အမျိုးသမီးတွေထဲမှာ အလှပဆုံး ဖြစ်ပါတယ်။ ဒီထက်ထူးခြားတာကတော့ နတ်မိမယ်ရှီရွှမ်ရဲ့ စိတ်နေသဘောထားပါ။ လီချင်းဇဲ့၊ လီချန်းလုံနဲ့ ကွမ်းယိုကုန်းတို့ နတ်မိမယ်ရှီရွှမ်အတွက် အချင်းချင်း တိုက်ခိုက်ခဲ့ကြာတာ မထူးဆန်းတော့ပါဘူး။

“တာအို‌ရောင်းရင်းဟန်... မတွေ့ရတာ ကြာပြီနော်” နတ်မိမယ်ရှီရွှမ်က အပြုံးနဲ့ နှုတ်ဆက်ပါတယ်။

“ဆရာသခင်... ကျွန်တော့်ကို ဘာလို့ ဒီလိုခေါ်ရတာလဲ”

နတ်မိမယ်ရှီရွှမ်ဟာ သက်ပြင်းချလိုက်ပါတယ် “ရှင်က ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့် ရောက်နေပြီ၊ ကျွန်မထက် အဆင့်ကြီးနှစ်ဆင့်တောင် ပိုမြင့်တယ်၊ ကျွန်မက ရှင့်ကို ဘာတစ်ခုမှ မသင်ပေးခဲ့တော့ ရှင့်ရဲ့ ဆရာသခင်လို့ ပြောလို့မရဘူး၊ နာမည်ခံပဲ ရှိတာ၊ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ကျွန်မ ကျင့်ကြံခြင်းက အဆင့်တက်နိုင်ဖို့ မလွယ်ဘူး”

ဟန်ကျွယ်ဟာ တစ်ချက်စဉ်းစားလိုက်ပြီး နတ်မိမယ်ရှီရွှမ်ရဲ့စကားကို ငြင်းဆန်ခြင်း မပြုပါဘူး။

“နတ်မိမယ်ရှီ... ကျုပ်ကို လာရှာတာ ကိစ္စရှိလို့လား” ဟန်ကျွယ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ်။

“ယွီဂျင်ဂိုဏ်းက ကနဦးဝိညာဉ်အကြီးအကဲတွေကို အနောက်ဘက် အသူရာချောက်ပြည်နယ်ရဲ့ အထွတ်အထိပ်နယ်မြေဆီ စေလွှတ်ပြီး တာအိုအကြောင်း ဆွေးနွေးဖို့ ပြင်ဆင်နေတယ်၊ ရှင် သွားမလား”

ဟန်ကျွယ်ဟာ ချက်ချင်းခေါင်းခါပြီး ပြန်ဖြေလိုက်ပါတယ် “မသွားဘူး၊ ကျုပ်အတွက် ဒါတွေ မလိုအပ်ဘူး”

ဒီဟာက အမှန်တရားပါ။ ဟန်ကျွယ့်အတွက် ဒီလိုဟာတွေ မလိုအပ်ပါဘူး။

“ဒါဆိုလည်း ထားလိုက်ပါတော့”

ဟန်ကျွယ်နဲ့ နတ်မိမယ်ရှီရွှမ်ဟာ စပ်မိစပ်ရာ စကားနည်းနည်းပါးပါး ပြောကြပါတယ်။ အဲဒီနောက်မှာတော့ နတ်မိမယ်ရှီရွှမ်ဟာ ထွက်ခွာသွားပါတယ်။ သူတို့နှစ်ဦးကြားက စကားတွေက ချစ်ကြိုက်ကြောင်းတွေတော့ မဟုတ်ပါဘူး။ သူငယ်ချင်းအချင်းချင်း ဟိုအကြောင်း ဒီအကြောင်း ပြောဆိုကြတဲ့ စကားတွေပါ။

ဟန်ကျွယ်ဟာ ဒီလိုစကားပြောရတဲ့အတွက် အရေခက်ခြင်းမရှိဘဲ သက်သောင့်သက်သာဖြစ်တယ်လို့ ခံစားလိုက်ရပါတယ်။ နတ်မိမယ်ရှီရွှမ် သူ့ဘေးမှာ ရှိနေတဲ့အချိန် ဟန်ကျွယ့်စိတ်ဟာ အေးချမ်းလို့နေပါတယ်။

“အနောက်ဘက် အသူရာချောက်ပြည်နယ်လား၊ ဒါနဲ့ ငါ့သူငယ်ချင်းနဲ့တပည့်တွေ ဘာတွေလုပ်နေလဲ မသိဘူး” ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

လူအများကြီးက ဟန်ကျွယ်ကို ကြိုက်နှစ်သက်ကြတဲ့အတွက် စာအိတ်ပေါင်း သောင်းခြောက်ထောင် ဖြစ်နေပါတယ်။ ဒီစာအိတ်တွေကြောင့် ဟန်ကျွယ်ဟာ ခေါင်းမှုးသွားပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ သူ ဂရုစိုက်ချင်တဲ့လူတွေကို အထူးဂရုစိုက်သည့်လူများ စာရင်းထဲ ထည့်လိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ အထူးဂရုစိုက်သည့်လူများရဲ့ စာအိတ်တွေကို ဖွင့်စစ်လိုက်တဲ့အခါမှာ စာအိတ်တွေ အတော်လေး လျော့ကျာသွားတာကို တွေ့လိုက်ရပါတယ်။

[သင့်မိတ်ဆွေကောင်း ဟွမ်ဇွမ်တျန်သည် ဂိုဏ်းတူကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၅

[သင့်တပည့်စုချီသည် ဂိုဏ်းခုနစ်ဂိုဏ်း၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသည်။]

[သင့်မိတ်ဆွေကောင်း တာအိုသခင်ကျိုးတီသည် သဘာဝတရားအား နားလည်သဘောပေါက်၍ သက်တမ်း ၃၀၀ တိုးသွား၏။]

[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် လက်ဝဲကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၄၁

[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် လက်ယာကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၇၇

[သင့်မိတ်ဆွေကောင်း မော့ဖူချိုသည် လက်ယာကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၈၃

[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး သေလုနီးပါးဖြစ်ကာ ထရွှယ်ဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။]

[သင့်တတပည့် ရန်ထျန်တုန်းသည် သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၇၈၂

[သင့်တပည့် ရန်ထျန်တုန်းသည် နတ်ဆိုးပညာရှိသွေးစည်းကို နိုးထနိုင်ခဲ့သည့်အတွက် သူ့ကျင့်ကြံခြင်းသည် ဆတိုး တိုးတက်သွား၏။]

…

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။

တကယ့်အံဖွယ်ပါ။ ဒီအချိန်တိုလေးအတွင်းမှာ ဒီလူတွေဟာ အကြိမ်တစ်ထောင်ကျော် တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီထဲမှာ ရန်ထျန်တုန်းက ကံအဆိုးဆုံးဖြစ်ပြီး အကြိမ်သုံးထောင်ထိတောင် ရောက်နေပါတယ်။

‘ဒီဂဏန်းတွေက အကြိမ်အရေအတွက်ကို ဖော်ပြတာ ဟုတ်ပါ့မလား၊ တိုက်ခဲ့တဲ့လူအရေအတွက်ကို ဖော်ပြတာထင်တယ်၊ ဒီလောက်အချိန်တိုလေးအတွင်းမှာ အကြိမ်ပေါင်း သုံးထောင်ကျော် တိုက်ခိုက်ခံရတာ မဖြစ်သင့်ဘူး’

‘ဒီလောက်ကံဆိုးတာကို စုချီကလွဲလို့ ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူး’

‘နောက်ပြီး ဒီကောင်က ဘာလုပ်နေတာလဲ၊ ထွက်သွားလိုက်တာ ပေါ်ကိုမလာတော့ဘူး၊ နတ်ဆိုးဘုရင်ဖြစ်သွားလို့ ပြန်မလာချင်တော့တာလား၊ ဒါမှမဟုတ် နတ်ဆိုးအသွင်ကို လုံးဝပြောင်းလဲသွားလို့ နတ်ဆိုးတွေဆီမှာ ဧကရာဇ်လုပ်ချင်တော့တာလား’

ဟန်ကျွယ်ဟာ ရန်ထျန်တုန်းက နတ်ဆိုးပညာရှိသွေးစည်းကို နိုးထနိုင်သွားတာ မြင်လိုက်ရတဲ့အတွက် စိတ်နည်းနည်းချသွားပါတယ်။ ဒီပုံစံနဲ့ဆို သူ့တပည့်က မသေနိုင်သေးပါဘူး။ ကျိုးဖန်အတွက်ကတော့ ဟန်ကျွယ် လုံးဝ စိတ်မပူပါဘူး။ ကျိုးဖန်လို ဇာတ်လိုက်မျိုးက အဖမ်းခံရလို့ သေသွားမဲ့သူ မဟုတ်ပါဘူး။

‘ထရွှယ်ဂိုဏ်းက ဘယ်လိုဂိုဏ်းမျိုးလဲ၊ ဘာလို့ ငါတစ်ခါမှ မကြားဖူးရတာလဲ၊ ဒီဂိုဏ်းက ရန်ကျင့်ကြံခြင်းလောကက မဟုတ်ဘူးထင်တယ်’

ဟန်ကျွယ်ဟာ တွေးတောရင်း စာတွေကို ဆက်ဖတ်ပါတယ်။ ဟန်ကျွယ်ဟာ စာတွေကို ဖတ်လေလေ ယွီဂျင်ဂိုဏ်းမှာ အေးအေးဆေးဆေး ကျင့်ကြံဖို့ဆုံးဖြတ်ချက်က ပိုခိုင်မာလေလေ ဖြစ်သွားပါတယ်။

…

နေဝင်ခါနီးအချိန်မို့ ကောင်းကင်တစ်ပြင်လုံး သွေးရောင်လို နီကျင့်ကျင့် ဖြစ်နေပါတယ်။

တောင်တန်းတွေပေါ်မှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေဟာ သူတို့ဓားတွေကို စီးပြီး လေထဲမှာ ဝဲနေကြပါတယ်။ ဒီမြင်ကွင်းက တကယ့်ကို ခမ်းနားလှတဲ့ မြင်ကွင်းတစ်ခုပါ။ ဒီကျင့်ကြံသူတွေ အကုန်လုံးဟာ နေရာတစ်ခုတည်းကိုပဲ စိုက်ကြည့်နေကြပါတယ်။

တောင်ကုန်းတစ်ခုပေါ်မှာ လူတစ်ယောက် မတ်တတ်ရပ်နေပါတယ်။ ဒီလူကတော့ တစ်ခြားသူ မဟုတ်ပါဘူး။ စုချီပဲ ဖြစ်ပါတယ်။ စုချီဟာ မျက်နှာတစ်ခုလုံး သွေးတွေပေကျံနေပြီး ဆံပင်တွေကလည်း ရှုပ်ပွနေပါတယ်။ သူ့အဝတ်အစားကလည်း စုတ်ပြတ်သပ်နေတော့ အတော့်ကို သနားစရာပုံပါ။

စုချီဟာ အံကြိတ်ပြီး ကောင်းကင်က ရန်သူတွေကို ကြည့်လိုက်ပါတယ်။

ဓားပျံပေါ်မှာရပ်နေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားက စုချီကို လက်ညိုးငေါက်ငေါက်ထိုးပြီး ဒေါသတကြီး အော်ပြောလိုက်ပါတယ် “နတ်ဆိုး... မင်း ဘယ်ကို ပြေးအုန်းမှာလဲ၊ ဒီနေတော့ မင်း ကျိန်းသေပေါက် သေရလိမ့်မယ်” တစ်ခြား ကျင့်ကြံသူတွေကလည်း ဝိုင်းပြီးတော့ ကျိန်ဆဲကြပါတယ်။

စုချီဟာ ရတနာတွေ အများကြီးပိုင်ဆိုင်တာကြောင် အခုလို လိုက်လံတိုက်ခိုက်ခံရခြင်း ဖြစ်ပါတယ်။

ဒီနှစ်တွေမှာ စုချီဟာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို သတ်ပစ်ခဲ့ပြီး သူတို့ရဲ့ ရတနာအားလုံးကို သိမ်းပိုက်ခဲ့ပါတယ်။ မကြာသေးခင်က လေလံတင်ပွဲတစ်ခုမှာ စုချီဟာ သူ့ကြွယ်ဝမှုတွေကို ထုတ်ဖော်ပြသခဲ့လို့ တစ်ခြားသူတွေ လိုက်သတ်တာကို ခံခဲ့ရပါတယ်။ စုချီဟာ ကံကောင်းထောက်မပြီး အဲဒီလူတွေကို သုတ်သင်နိုင်ခဲ့ပေမဲ့ တစ်ခြားသူရဲ့ နောက်ခံက အတော်လေးက ကြီးမားနေခဲ့ပါတယ်။

သေသွားတဲ့လူရဲ့ အကြီးအကဲက စုချီကို လိုက်သတ်ပါတယ်။ ဒါပေမဲ့ စုချီ သေခါနီးဆဲဆဲမှာပဲ စုချီနှလုံးသားထဲက ဆရာသခင်ဟာ အဲဒီအကြီးကဲကိုသတ်ပြီး စုချီကို ကယ်တင်လိုက်ပါတယ်။ ဒီလိုနဲ့ ကိစ္စက အဆုံးသတ်မသွားဘဲ ပိုပိုပြီးတော့ ကြီးလာပါတယ်။ စုချီမှာ သိုလှောင်လက်စွပ်တွေ များလေလေ ပြဿနာက ကြီးလာလေလေပါပဲ။

ဒီတစ်ကြိမ်မှာတော့ ဂိုဏ်းခုနစ်ဂိုဏ်းက အတူတူပူးပေါင်းပြီး စုချီကို လိုက်သတ်တာ ဖြစ်ပါတယ်။

စုချီဟာ ရွှေဓာတ်လုံးအဆင့်ပဲ ရှိသေးတာ ဖြစ်တဲ့အတွက် ဒီလူတွေလက်ကနေ လွတ်အောင် မပြေးနိုင်ပါဘူး။ စုချီဟာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေက သူ့ကို တိုက်ခိုက်ဖို့ ပြင်လိုက်တာကို တွေ့လိုက်ရတဲ့အခါမှာ အသားကုန် အော်ပြောလိုက်ပါတယ် “ဆရာသခင်... ကျွန်တော့်ကို ကယ်ပါအုန်း”

All Chapters