← Chapters

အပိုင်း (၂၇၈)-အရှက်မဲ့စွာ စကားပြန်ရုတ်သိမ်းခြင်း

Vol. 003 Ch. 278

အပိုင်း (၂၇၈)-အရှက်မဲ့စွာ စကားပြန်ရုတ်သိမ်းခြင်း

Vol. 003 Ch. 278

“မိန်းကလေးကျောက်စိမ်း ပြန်လာလို့တော်သေးတယ်၊ ခင်ဗျားကို ဒီမှာအတင်းနေခိုင်းတယ်ဆိုပြီး ခင်ဗျားရဲ့ ဆရာတူတပည့်တွေက လူခေါ်လာပြီး ပြောနေတယ်၊ သူတို့နဲ့ မြန်မြန်လိုက်သွားလိုက်ပါ၊ ကျွန်တော်တို့ ဒီအရှုပ်ကို ထမ်းမထားချင်ဘူး၊ မဟုတ်ရင် အဂ္ဂိရတ်ပညာရှင်အသင်းက လူလွှတ်ပြီး ကျွန်တော်တို့ကို ကျိတ်လိမ့်မယ်” ရှီမာယူယူပြောလိုက်သည်။

မိန်းကလေးကျောက်စိမ်း၏ မျက်နှာသည် မည်းသွားကာ လီမူအားစိုက်ကြည့်ပြီး အပြစ်တင်လိုက်သည် “ဒီမှာ နေမယ်လို့ပြောတာ ကျွန်မကိုယ်တိုင်ပဲပြောတ၊ အခု ဘာတွေလုပ်နေတာလဲ၊ ကျွန်မတို့အဂ္ဂိရတ်ပညာရှင် အသင်းက တခြားသူတွေကို အနိုင်ကျင့်တယ်ဆိုပြီး ပြနေတာလား”

“ညီမ အစ်ကိုက ညီမကို စိုးရိမ်လို့ပါ” လီမူ ငြင်းဆန်သည်။

“မိန်းကလေးကျောက်စိမ်းက ယူရှင်းနဲ့ တခြားသူတွေနဲ့ တစ်နေ့လုံးရှိနေတာ၊ ခင်ဗျားတို့အားလုံး ဒါကိုမသိဘူးလား” ရှီမာယူယူ ပြောလိုက်သည် “မိန်းကလေးကျောက်စိမ်းသာ ကျွန်တော်တို့ ပြန်ပေးဆွဲတာခံရရင် ဒီလို လျှောက်သွားနေမှာတောင်မဟုတ်ဘူး၊ ခင်ဗျားတို့ ဆင်ခြေလိုတယ်ဆိုရင်တောင် ကျွန်တော်တို့ကို တရားခံမလုပ်ပါနဲ့”

နာလန်မျိုးနွယ်နှင့် အဂ္ဂိရတ်ပညာရှင်အသင်းမှ လူများ ဒေါသထွက်ကြသည်။ ဒီကောင်က အမြဲတန်း သူတို့အကြောင်းကိုဖော်ပြီး အရှက်ခွဲတယ်။

“ခင်ဗျားတို့အားလုံး ဘာလို့ဒေါသထွက်ရတာလဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်ပြောတာမှားလို့လား”

“မင်းမဟုတ်တာမပြောနဲ့” နာလန်မျိုးနွယ်ဝင်တစ်ယောက်က အော်လိုက်သည်။

“မဟုတ်တာပြောလား မပြောလားဆိုတာ အကုန်လုံးသိကြပါတယ်၊ ခင်ဗျားတို့ လုပ်ချင်တာလုပ်ပြီး ဒီအကြောင်းတွေကို ကျွန်တော်ဖော်လိုက်မှာ ကြောက်နေကြတာလား” ရှီမာယူယူသည် အေးစက်စွာရယ်မောပြီး အားလုံးအား ဝေ့ကြည့်ကာပြောလိုက်သည် “ခင်ဗျားတို့ သုံးယောက်ကို နိုင်ရမယ်လို့ ပြောခဲ့တယ်မလား၊ ကျွန်တော် တစ်ယောက်ကို အဆုံးသတ်ပြီးပြီဆိုတော့ နောက်နှစ်ယောက် ကျန်သေးတယ် နောက်ဘယ်သူလဲ”

သူမ၏ အေးစက်သောမျက်လုံးများကိုတွေ့သောအခါ သူတို့သည် ကြောက်စရာကောင်းလောက်အောင် အရိုက်ခံရမည်ကို သူတို့သိကြသည်။

စက္ကန့် ၃၀အကြာတွင် တစ်ယောက်မှ ထွက်လာခြင်းမရှိသဖြင့် ရှီမာယူယူသည် သူမ သူငယ်ချင်းများရှေ့ဖြတ်လျှောက်ကာ ပြောလိုက်သည် “ဘယ်သူမှထွက်မလာရင်တော့ ကိုယ့်ဘာသာ ရွေးရတော့မှာပဲ ခင်ဗျား လာခဲ့ တိုက်မယ်”

အရွေးခံရသောလူသည် လျင်မြန်စွာ နောက်ဆုတ်ပြီး ပြောလိုက်သည် “ကျွန်တော်က အားနည်းပါတယ် ခင်ဗျားနဲ့ မတိုက်တော့ပါဘူး”

ရှီမာယူယူ သူ့အား ခက်ခဲအောင်မလုပ်တော့ပဲ နောက်တစ်ယောက်ကို ညွှန်ပြကာ ပြောလိုက်သည် “ဒါဆို ခင်ဗျားလာခဲ့”

“ကျွန်တော်က ပိုတောင်အားနည်းပါသေးတယ်” ထိုလူသည် နောက်ဆုတ်လိုက်သည်။

“ဒါဆို ခင်ဗျား ခင်ဗျား ခင်ဗျားရော” ရှီမာယူယူသည် နောက်ထပ်လူများကို ညွှန်ပြရာ ထိုလူများသည် နောက်ဆုတ် ဆုတ်သွားကြလေသည်။

သူမ ညွှန်ပြသောလူများ ရှေ့မထွက်သည့်အတွက် ရှီမာယူယူ ဒေါသပိုထွက်ကာ အော်လိုက်သည် “ခင်ဗျားတို့က တိုက်မှာလား မတိုက်ဘူးလား၊ တိုက်ချင်တယ်ဆိုရင် လာခဲ့ မဟုတ်ရင် သွားကြတော့”

လီမူ၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ထိုအချက်သည် အဂ္ဂိရတ်ပညာရှင်အသင်းက အရှုံးနဲ့ရင်ဆိုင်လိုက်ရသည်ကို ဖော်ပြနေသည်။

“မင်းက ငါတို့ကိုနှင်ထုတ်ရဲတယ်ဟုတ်လား ငါတို့်အဂ္ဂိရတ်ပညာရှင်ကို ဘယ်သူမှ အဲလိုမလုပ်ရဲဘူး” နောက်မှ တစ်စုံတစ်ယောက်သည် ဒေါသဖြင့်အော်လိုက်လေသည်။

“ဒါဆို ခင်ဗျား ကျွန်တော်နဲ့ တိုက်မလား” ရှီမာယူယူ သူ့အားကြည့်လိုက်သည်။

ရှီမာယူယူကြည့်လိုက်သည့်နောက်တွင် သူ ငြိမ်ကျသွားတော့သည်။

“ဟင် ငါတို့က အဂ္ဂိရတ်ပညာရှင်တွေပဲ၊ မင်းလို ဝိညာဉ်သခင်ရဲ့ တိုက်ပွဲအားက ငါတို့ထက် သန်မာပါ့မလား” တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“ဟုတ်တယ်၊ မင်းမှာ အစွမ်းအစရှိရင် အဂ္ဂိရတ်ပညာပြိုင်မယ်” ထိုလူပြောပြီးနောက်တွင် အားလုံးသည် ထောက်ခံသည့်အနေနှင့် အော်ကြလေသည်။

သူတို့ရဲ့ အားနည်းချက်ဖြစ်ပြီး ဝိညာဉ်သခင်တွေရဲ့ အားသာချက်ဖြစ်တဲ့အတိုက်အခိုက်ကို ဘာလို့ သုံးတာလဲ။ သူတို့သည် သူမအား မတိုက်ခိုက်နိုင်သော်လည်း သူမ ဆေးဖော်စပ်နိုင်သည်ကို သိပါက ယုံကြည်မည်မဟုတ်ပေ။

“ခင်ဗျားတို့အားလုံး ကျွန်တော်နဲ့ ဆေးဖော်တာကို ပြိုင်ချင်တာလား” ရှီမာယူယူ မေးလိုက်သည် “ကျွန်တော်က ဆေးမဖော်တတ်ဘူးဆိုရင်ရော”

“မင်း ဆေးမဖော်တတ်ဘူးဆိုရင် ငါတို့ကို တောင်းပန်ရမယ်” ဆေးဖော်ရန်ပြောသော တစ်ယောက်ကပင် ပြောလိုက်သည်။

“တော်တော့ လီမူ ရှင့်လူတွေကို ခေါ်ပြီးထွက်သွားပါ” အဂ္ဂိရတ်ပညာရှင်အသင်းမှ လူများ ထိုကဲ့သို့ ပြုမူနေသည်ကို ကျောက်စိမ်းတွေ့သည်နှင့် စိတ်ပျက်မှုရော ဒေါသထွက်ခြင်းပါ ဖြစ်ပေါ်လာသည်။

“မိန်းကလေး၊ အစ်ကိုမူပြောနေတာ ဒီအကြောင်းမဟုတ်ဘူးလေ၊ ဒါက အသင်းရဲ့ သိက္ခာနဲ့ဆိုင်တယ်၊ တစ်ဖက်လူက တောင်းပန်ရင် ကျော်သွားပြီး မေ့ပေးမှာပဲ၊ မဟုတ်ရင် အသင်းက ရှီမာမျိုးနွယ်ကို အပြစ်ပေးမှ အပြစ်မတင်ပါနဲ့” အဂ္ဂိရတ်ပညာရှင်အသင်းမှ လူတစ်ယောက်ကပြောလိုက်သည်။

“ရှင်က ကျွန်မကို အာခံရဲတာလား”

“မိန်းကလေး ဒီအခြေအနေက မိန်းကလေးကြောင့်ဖြစ်လာပေမယ့် အခု ရှီမာမျိုးနွယ်နဲ့ ကျွန်တော်တို့ အဂ္ဂျိရတ်ပညာရှင်အသင်းတို့်ကြားက ကိစ္စဖြစ်သွားပြီ မိန်းကလေးရပ်ချင်စေရင်တောင် မဖြစ်နိုင်တော့ဘူး” အနီရောင်တိမ်တိုက်က ပြောလိုက်သည်။

“ကျွတ် ကျွတ်” သူတို့သည် အနိုင်ရမည့်ပုံစံ ပြုမူနေသည်ကို ရှီမာယူယူမြင်သောအခါ လှောင်ရယ်ကာ “ခုဏကပဲ ခင်ဗျားတို့ သုံးယောက်ကို နိုင်ရင် ထွက်သွားမယ်လို့ပြောတယ်၊ ဒါပေမယ့် တစ်ခါလောက်ရှုံးလိုက်တာနဲ့ ငြင်းတော့တာပဲ အားလုံးကို အဂ္ဂိရတ်ပညာ တတ်တယ်အထင်နဲ့ အခု အဂ္ဂိရတ်ပညာကို ပြိုင်ဖို့ပြောတယ်၊ ကျွန်တော် အရှက်မရှိတဲ့လူတွေအများကြီး တွေ့ဖူးပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့လောက် အရှက်မရှိတဲ့သူ မတွေ့ဖူးဘူး၊ အားလုံးက ဒီအဆင့်လောက်ပဲရှိကြတာလား၊ ပိုက်ဆံရှိတဲ့သူဆိုရင် ဓားပြတောင်တိုက်မယ့် သဘောရှိတယ်”

အဂ္ဂိရတ်ပညာရှင်အသင်းမှ လူများသည် ဒေါသထွက်ကြသည်။ သို့သော် အခြေအနေသည် ထိုအဆင့်ထိ ရောက်ပြီဖြစ်၍ တိတ်တိတ်ဆိတ်ဆိတ် ထွက်မသွားနိုင်ပါ။

“ငါတို့က ဦးတည်ချက်လွဲသွားပေမယ့် မင်းတို့ကို အခွင့်အရေးပေးမယ်၊ မင်းမဟုတ်လည်းရတယ် ရှီမာမျိုးနွယ်က အဂ္ဂိရတ်ပညာရှင်တစ်ယောက်က ငါတို့နဲ့ ပြိုင်မယ်ဆိုရင် ရပြီ” လီမူပြောလိုက်သည်။

“အဲလိုလုပ်ဖို့မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားတို့က အသက် ၁၀၀ ရှိတဲ့ အတွေ့အကြုံ ၉၉နှစ်ရှိတဲ့သူက အခုမှ အဂ္ဂိရတ်ပညာစသင်တဲ့သူကို စိန်ခေါ်တာနဲ့တူတယ် အဓိပ္ပာယ်မရှိတဲ့ ပြိုင်ပွဲလို့ မထင်ဘူးလား” ရှီမာယယူ ပြောလိုက်သည် “ကျွန်တော်တို့်အားလုံး ငယ်သေးတာ မတွေ့ဘူးလား”

“ငါတို့ကလည်း လူငယ်မျိုးဆက်ကပဲလေ” လီမူပြောလိုက်သည်။

“ခင်ဗျားရဲ့ အဂ္ဂိရတ်ပညာက မဆိုးဘူးလို့ကြားတယ်၊ ခင်ဗျား အသက်ဘယ်လောက်လဲ အဆင့်ကရော”

“၂၆၊ အဆင့်၄ အဂ္ဂိရတ်ပညာရှင်” လီမူ ပြန်ဖြေသည်။

အသက်နှစ်ဆယ်ကျော်နှင့် အဆင့် ၄ အဂ္ဂိရတ်ပညာရှင်ဖြစ်သည်ကို ဂုဏ်ယူနေသော ရှီမူလီကို ရှီမာယူယူ စဉ်းစားကြည့်မိသည်။ သို့သော် သူမ၏ အဆင့်တက်ခဲ့သော နေ့ရက်များမှာ ကြမ်းတမ်းခဲ့သည်။ အသက် ၂၆နှစ်၊ အဆင့် ၄ အဂ္ဂိရတ်ပညာရှင်သည် အရည်အချင်းပြည့်ရှိသည်။

“အင်း အရည်အချင်းကတော့ မဆိုးဘူး” သူမ ခေါင်းညိတ်သည်။

“ငါ ဝင်မပါပါဘူး၊ နံပါတ် ၃ ဒီလာပြီး သူတို့နဲ့ပြိုင်လိုက်” လီမူသည် မောက်မာစွာပြောလေသည်။

“သူက အရမ်းအားကောင်းတာလား” ရှီမာယူယူ မေးလိုက်သည်။

“၂၅နှစ် အဆင့် ၃ အဂ္ဂိရတ်ပညာရှင်” လီမူပြောလိုက်သည်။

“လီမူ နံပါတ် ၃ က ရှင်ကလွဲရင် အရည်အချင်းအရှိဆုံးပဲ သူ့ကို ပြိုင်ခိုင်းရင် ရှင်နဲ့ပြိုင်ခိုင်းတာနဲ့ ဘာကွာလဲ” ကျောက်စိမ်းပြောလိုက်သည်။

“ညီမ မင်းက အဂ္ဂိရတ်ပညာရှင်အသင်းကလား ရှီမာမျိုးနွယ်က လူလား၊ ဘာလို့ သူတို့အစားပြောပေးနေရတာလဲ” အနီရောင်တိမ်တိုကသည် မကျေမနပ်ဖြင့် အော်လေသည်။

“ဟုတ်တယ် သခင်မလေး မင်းက အသင်းက လူပဲ” အားလုံးသည် သဘောတူကြသည်။

“ငါက အမှန်ပြောရုံပဲ” ကျောက်စိမ်း ပြောလိုက်သည် “အသင်းကို အရှက်ကွဲမယ့်ကိစ္စကို ဆက်လုပ်မယ်ဆိုရင် လူကြီးတွေကလည်း ခွင့်ပြုမှာမဟုတ်ဘူး”

လီမူသည် ရှီမာယူယူအား ကြည့်ကာ ပြောလိုက်သည် “ငါတို့က ကိုယ်စားပြုရွေးပြီးပြီ မင်းတို့ရော အဂ္ဂိရတ်ပညာရှင်ရှိလား မရှိရင် တောင်းပန်ပါ”

ရှီမာယူယူသည် လက်ညှိုးထောင်ကာ ရမ်းပြီး ပြောလိုက်သည် “လူလဲဖို့မလိုဘူး ကျွန်တော် ခင်ဗျားနဲ့ ပြိုင်မယ်”

“မင်းက ငါနဲ့ပြိုင်ချင်တာလား” လီမူသည် ရှီမာယူယူအားကြည့်လိုက်သည်။ သူမ ဘယ်လိုအကွက်ရွေ့သည်ကို သူ မသိပေ။

“ဟုတ်တယ် ကျွန်တော် ခင်ဗျားနဲ့ပြိုင်မှာ၊ ခင်ဗျားရှုံးရင် ချက်ချင်းလူတွေခေါ်ပြီး ထွက်သွားပါ” ရှီမာယူယူ ပြောလိုက်သည်။

“ဟား ဟား ဒီကောင်က အစ်ကိုလီနဲ့ပြိုင်ချင်နေတယ်”

“သူ ရူးနေတာလား”

“ကျွန်တော်တို့ ပြိုင်မယ် အစ်ကိုလီ သူရှုံးရင် သူ့လက်ကို ချိုးမယ်” ယွမ်ဖန်သည် ဆေးသောက်ပြီးနောက် သက်သာလာကာ ဒေါသဖြင့် ပြောလေသည်။

“ဟုတ်တယ် အစ်ကိုလီ သွားပြီး ရှင်းလိုက်တော့”

“ကောင်လေး မင်းအသက်ဘယ်လောက်လဲ”

ရှီမာယူယူ ပြုံးလိုက်သည် “ကျွန်တော် နိုင်ပြီးမှ ပြောလို့ရပါတယ်၊ ၂၂နှစ်ပြည့်ပြီ”

All Chapters