← Chapters

သုံးလောက သန့်ရှင်းခြင်း၊ ငါ့ခံစစ်ကို ဘယ်သူချိုးဖျက်နိုင်လဲ

Vol. 5 Ch. 71

သုံးလောက သန့်ရှင်းခြင်း၊ ငါ့ခံစစ်ကို ဘယ်သူချိုးဖျက်နိုင်လဲ

Vol. 5 Ch. 71

အခန်း (၇၁) သုံးလောက သန့်ရှင်းခြင်း၊ ငါ့ခံစစ်ကို ဘယ်သူချိုးဖျက်နိုင်လဲ

“အနိုင်းမဲ့ဓားတာအိုက ဘာကိုပြောတာလဲ” ဟွမ်ဂျိဟောင်က မေးလိုက်ပါတယ်။ ဟွမ်ဂျိဟောင် မျက်လုံးထဲမှာ အံအားသင့်မှုတွေ အပြည့်ပါပဲ။ ဂိုဏ်းတစ်ခုလုံးရဲ့ဓားတွေ ကောင်းကင်မှာပျံဝဲပြီး အရပ်မျက်နှာတစ်ခုတည်း ညွှန်ပြတာကို ပထမဆုံးအကြိမ်  သူ မြင်ဖူးတာပါ။

ဒီထက်ပိုပြီး အရေးကြီးတာက...

ဒီဓားတွေ ညွှန်ပြနေတဲ့ အရပ်က

ရန်ကျင့်ကြံခြင်းလောက ဖြစ်နေတာပါပဲ။

သူ့ခေါင်းထဲကို အတွေးတစ်ခု ရုတ်တရက် ဝင်လာပေမဲ့ ဟွမ်ဂျိဟောင်ဟာ မဖြစ်နိုင်ဘူးလို့ ငြင်းချက်ထုတ်လိုက်ပါတယ်။

ဝတ်ရုံပြာဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “အနိုင်းမဲ့ဓားတာအိုဆိုတာ ဓားတာအိုဆန်းကြယ်စွမ်းအားရဲ့ အဆင့်တစ်ခုပဲ၊ လူပြိန်းနားလည်အောင် ပြောရရင် ဒီလိုဆန်းကြယ်စွမ်းအားမျိုးက နှစ်တစ်သောင်းမှ တစ်ခါလောက် ပေါ်လေ့ရှိတာ”

“ဓားတာအိုမှာ ဒီလောက်ထိ အရည်အချင်းရှိတဲ့ ပါရမီရှင် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး”

နှစ်တစ်သောင်းမှ တစ်ခါသာပေါ်လေ့ရှိတဲ့ ဓားတာအိုဆန်းကြယ်စွမ်းအား။ ဟွမ်ဂျိဟောင်ဟာ အံဩမှင်သက်သွားပါတယ်။ သူ့စိတ်ထဲမှာ ချောမောလှပတဲ့ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။

သူများလား...။

ဟွမ်ဂျိဟောင်ဟာ အံကြိတ်ပြီး မေးလိုက်ပါတယ် “ကျုပ် ကျန်းဝူဂိုဏ်းထဲ ဝင်မယ်ဆိုရင် အဲဒီလို ဆန်းကြယ်စွမ်းအားမျိုးကို သိမြင်နားလည်နိုင်မလား”

ဝတ်ရုံပြာဟာ တိတ်ဆိတ်သွားပါတယ်။

ဒီအဖြစ်ကြောင့် ဟွမ်ဂျိဟောင်ရဲ့ ခံစားချက်တွေဟာ ပိုမိုရှုပ်ထွေးသွားပါတယ်။

…

ဟန်ကျွယ်ဟာ ဓားတာအိုဆန်းကြယ်စွမ်းအားကို သိမြင်နားလည်ဖို့အတွက် အချိန်တစ်လ ယူလိုက်ရပါတယ်။

ဟန်ကျွယ် အောင်မြင်သွားပါတယ်။

တစ်လောကလုံးမှာရှိတဲ့ ဓားသမားတွေလည်း အရူးအမူး ဖြစ်သွားကြပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီအကြောင်းတွေကို လုံးဝမသိပါဘူး။

ကျန်းဝူဂိုဏ်းမှာ ဓားတွေပျံဝဲသလိုမျိုး ရန်ကျင့်ကြံခြင်းလောကမှာရှိတဲ့ ဂိုဏ်းအသီးသီးမှာလည်း ဓားတွေပျံဝဲကြပါတယ်။ ဒီအထဲမှာ ယွီဂျင်ဂိုဏ်းလည်း အပါအဝင်ပါ။

မရေမတွက်နိုင်တဲ့ ဓားတွေဟာ ယွီဂျင်ဂိုဏ်းရဲ့ဝေဟင်မှာ ပျံဝဲပြီး တုန်ခါကာ အသံထွက်ပေါ်လာပါတယ်။ ဒီဓားတွေအကုန်လုံးရဲ့ ဓားဦးက ဝီရိယတောင်ဆီကို ညွှန်ပြနေကြပါတယ်။

ငရဲကြက်နက်ဟာ ဖိမ့်ဖိမ့်တုန်အောင် ကြောက်သွားပါတယ်။

ဟန်ကျွယ်ဟာ ဓားညည်းသံကို ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်ကနေ ကြားလိုက်ရတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့အာရုံကို ဖြန့်ကျက်လိုက်တဲ့အခါမှာ ကောင်းကင်ယံမှာ ဝဲပျံနေတဲ့ဓားတွေကို တွေ့သွားပါတယ်။

ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ်

‘ငါကြောင့် ဒီလိုဖြစ်သွားတာလား’

ဟန်ကျွယ်ဟာ သူ့လက်ဖဝါးထဲကို ဓားအရိပ်ကို ငုံ့ကြည့်လိုက်ပြီး သူ့လက်သီးကို ဆုပ်ကိုင်လိုက်ပါတယ်။ ဟန်ကျွယ် လက်ဖဝါးထဲက ဓားအရိပ်ဟာ ပျောက်ကွယ်သွားပြီး ကောင်းကင်မှာ ပျံသန်းနေတဲ့ ဓားတွေလည် အောက်ကို ပြုတ်ကျလာပါတယ်။

ရွှင်ချန်အန်းဟာ ဟန်ကျွယ်ကို ငေးကြည့်နေပါတယ်။

ဆန်းကြယ်စွမ်းအားကို ဟန်ကျွယ် သိမြင်နားလည်သွားတုန်းက ဓားအလင်းတန်းတစ်ခုဟာ ဟန်ကျွယ်ရဲ့ မျက်ခုံးကြားကနေ ထွက်လာပါတယ်။ လေပြင်းတစ်ခုကလည်း သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ပါတယ်။ ဒီအပြင့် ဟန်ကျွယ်မှာရှိတဲ့ စိတ်ဝိညာဉ်ရတနာတွေကြောင့် ဟန်ကျွယ်ပုံရိပ်က ရွှင်ချန်အန်းကို ကြက်သေသေသွားစေပါတယ်။

ဓားအော်သံတွေကို ရွှင်ချန်အန်းလည်းကြားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် လက်သီးဆုပ်လိုက်တာနဲ့ အပြင်ဘက်က ဓားအော်သံတွေဟာ ပျောက်ကွယ်သွားပြီး လေပေါ်ဝဲပျံနေတဲ့ ဓားတွေကလည်း ပြုတ်ကျသွားပါတယ်။

ဒါက ဘာကိုဆိုလိုတာလဲ။

အပြင်ဘက်က အံဖွယ်ဖြစ်စဉ်ဟာ ဟန်ကျွယ်ကြောင့် ဖြစ်ပေါ်လာတယ် ဆိုတာကို ပြသနေပါတယ်။

[အနှိုင်းမဲ့အဆင့်ရှိ ဓားတာအိုဆန်းကြယ်စွမ်းအားကို သိမြင်နားလည်သွားခြင်းအတွက် ဂုဏ်ယူပါသည်။ ကျေးဇူးပြုမည် နာမည်ပေးပါ။]

ဟန်ကျွယ်ဟာ ဒီစာကြောင်းကို မြင်လိုက်ရတဲ့အခါမှာ နည်နည်းအံအားသင့်သွားပါတယ်။

အနှိုင်းမဲ့အဆင့်။

ဆန်းကြယ်စွမ်းအားကလည်း အဆင့်တွေ ရှိတာပဲလား။

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီး ရေရွတ်လိုက်ပါတယ် “သုံးလောက သန့်ရှင်းခြင်း”

[သင်သည် အောင်မြင်စွာ နာမည်မှည့်ပြီးသွားပါပြီ။ ပထမဆုံးအကြိမ် ဆန်းကြယ်စွမ်းအားကို သိမြင်နားလည်သွားသောကြောင့် သင့်ကံတရားသည် ပွားများသွားပြီဖြစ်၏။ သင့်တွင် အောက်ပါရွေးချယ်မှုများရှိသည်။]

[၁။ အပြင်ထွက်၍ တစ်လောကလုံးကို သုံးလောက သန့်ရှင်းခြင်း ဆန်းကြယ်စွမ်းအားဖြင့် အံအားသင်စေပါ။ သင်သည် စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိမည်။]

[၂။ နှိမ့်နှိမ့်ချချနေ၍ ပြိုင်ဘက်ကင်း ဖြစ်လာသည်အထိ ဆက်ကျင့်ကြံအားထုတ်ပါ။ သင်သည် စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိမည်။]

ရွေးချယ်မှုနှစ်ခုစလုံးက စိတ်ဝိညာဉ်ရတနာကို ဆုအဖြစ်ပေးနေပါတယ်။ ဒီလိုအဖြစ်မျိုးက ပထမဆုံးပါပဲ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒုတိယကို ရွေးချယ်လိုက်ပါတယ်။

[သင်သည် နှိမ့်နှိမ့်ချချနေ၍ ကျင့်ကြံမည်ကို ရွေးချယ်လိုက်သောကြောင့် စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိမည်။]

[စိတ်ဝိညာဉ်ရတနာ တတိယအဆင့် မြေဧကရာဇ်၏ ဝိညာဉ်ပဝါကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[မြေဧကရာဇ်၏ ဝိညာဉ်ပဝါ: ခံစစ်စိတ်ဝိညာဉ်ရတနာ တတိယအဆင့်။ ဤရတနာသည် ပိုင်ရှင်အား ထိခိုက်နိုင်မည့် တိုက်ခိုက်မှုမှန်သမျှကို အလိုအလျောက် ဟန့်တားပေး၏။]

‘နောက်ထပ် ခံစစ်စိတ်ဝိညာဉ်ရတနာလား၊ ပြီးတော့ တတိယအဆင့်၊ တကယ်အံဖွယ်ပဲ၊ ဘယ်သူကများ ငါ့ကို အနိုင်ယူနိုင်အုန်းမှာလဲ၊ ငါ့ခံစစ်ကို ဘယ်သူက ချိုးဖျက်နိုင်တော့မှာလဲ’ ဟန်ကျွယ်ဟာ ပျော်ရွှင်သွားပါတယ်။

ရုတ်တရက်ဆိုသလို ဟန်ကျွယ် ခေါင်းထဲမှာ ရဲတင်းလွန်းတဲ့အကြံတစ်ခု ပေါ်လာပါတယ်။ အဲဒီအကြံကတော့ လောကတစ်ခွင်လျှောက်သွားပြီး နာမည်ကျော်အောင် လုပ်ဖို့ပါ။ ဒီလိုလုပ်ရင် စနစ်က စိတ်ဝိညာဉ်ရတနာတွေက ပြန်သိမ်းကောင်း သိမ်းသွားနိုင်ပါတယ်။

‘ထားလိုက်ပါတော့... ငါ့ဘာသာ အေးဆေးနေတာပဲ ကောင်းပါတယ်’

ဟန်ကျွယ်ဟာ မြေဧကရာဇ်၏ ဝိညာဉ်ပဝါကို ထုတ်ယူလိုက်ပါတယ်။ ဒီပဝါဟာ အနံတိုပြီး အလျားအလွန်ရှည်တဲ့ ပိုးထည်ပိတ်စလိုဖြစ်ပြီး ရွှေရောင်အဆင်းရှိပါတယ်။ ဒါ့အပြင် ဝှေ့ယမ်းလိုက်မယ်ဆိုရင် တိမ်တိုက်တွေကနေသလို အရမ်းလှပပါတယ်။

‘ငါက ယောက်ျားစစ်စစ်လေ၊ ဒီပဝါကို ဘယ်လိုလုပ်ပြီး ဝတ်ရမလဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့သွေးကို ပဝါပေါ် ချလိုက်ပါတယ်။

ဒီပဝါက အမျိုးသမီးသုံးပစ္စည်း ဖြစ်ပေမဲ့ ဟန်ကျွယ်ဟာ ဘယ်သူ့ကိုမှ မပေးပါဘူး။ အကယ်၍ ပေးလိုက်မယ်ဆိုရင် ဒီပဝါက ပိုင်ရှင်ကို ဘေးဒုက္ခတွေ ဆောင်ယူလာမှာပါ။ ဟန်ကျွယ်လိုလူက လွဲလို့ပေါ့။ ဝေ့ယွမ်လိုလူတောင် သူ့ကိုယ်ပေါ်မှာရှိတဲ့ စိတ်ဝိညာဉ်ရတနာတွေကို မြင်မြင်ချင်း သိသွားတာကြောင့် ဟန်ကျွယ် အံအားသင့်လို့မဆုံး ဖြစ်ခဲ့ရပါတယ်။

အချိန်အတန်ကြာတဲ့အခါမှာတော့ မြေဧကရာဇ်ရဲ့ ဝိညာဉ်ပဝါဟာ ဟန်ကျွယ်ကို သူ့သခင်အဖြစ် အသိအမှတ် ပြုသွားပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီး ရေခဲသခင်ရဲ့သရဖူကို သူ့ခေါင်းကနေ ချွတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မြေဧကရာဇ်ရဲ့ ဝိညာဉ်ပဝါကို သရဖူမှာ ချည်လိုက်ပါတယ်။ မြေဧကရာဇ်ရဲ့ပဝါဟာ ဆယ်ပေကျော် ရှည်လျားတာကြောင့် ရေခဲသခင်ရဲ့သရဖူကို ချည်လိုက်တဲ့အခါမှာ တဖျပ်ဖျပ် ခတ်သွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ရေခဲဘုရင်ရဲ့သရဖူကို ပြန်ဝတ်ဆင်လိုက်တဲ့အခါမှာ အရင်ကထက် ပိုချောသွားပါတယ်။

ရွှင်ချန်အန်းဟာ ကြက်သေသေသွားပါတယ် ‘ငါ့ဆရာသခင်က မသေမျိုး ပြန်ဝင်စားတာလား’

ဟန်ကျွယ်ဟာ အရင်ကထက် ပိုချောသွားတာကြောင့် ကျေနပ်အားရသွားပါတယ်။

ဒီအချိန်မှာပဲ လီချင်းဇဲ့ အလည်ရောက်လာပါတယ်။ စောစောက အံဖွယ်အဖြစ်အပျက်ကြောင့် ယွီဂျင်ဂိုဏ်းတစ်ခုလုံး ပွတ်လောရိုက်သွားပါတယ်။ ရန်သူရောက်လာတယ် ထင်တာကြောင့် လီချင်းဇဲ့ဟာ ဟန်ကျွယ်ဆီ ရောက်လာခြင်း ဖြစ်ပါတယ်။

ဟန်ကျွယ်က ရန်သူထွက်ပြေးသွားပြီလို့ ပြောတာကြောင့် လီချင်းဇဲ့ဟာ စိတ်သက်သာရာရသွားပြီး ဟန်ကျွယ်ကို ကျေးဇူးတင်စကား ချက်ချင်း ပြောလိုက်ပါတယ်။

‘ရန်ကျင့်ကြံခြင်းလောကထဲမှာတောင် ငါတို့ယွီဂျင်ဂိုဏ်းကို တိုက်ခိုက်ရဲတဲ့သူ ရှိသေးတာလား၊ ကြည့်ရတာ ပုန်းအောင်းနေတဲ့ ဆရာကြီးတွေပဲ ဖြစ်ရမယ်၊ ငါ မော်ကြွားလို့မဖြစ်သေးဘူးပဲ’ လီချင်းဇဲ့ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။ သူဟာ ဒဏ်ပြီး အရိုက်မခံချင်တော့ပါဘူး။

…

အသူရာချောက်ဒေသ၊ နဂါကိုးကောင်ဂိုဏ်း။

‌ဝေ့ယွမ်တဖြစ်လဲ ဟွမ်ဇွမ်တျန်ဟာ တာအိုဘုရားကျောင်းမှာ ကျင့်ကြံအားထုတ်နေပါတယ်။

အတွင်းမှာ သိပ်ပြီးမကြီးသလို ပရိဘောဂတွေကလည်း ရိုးရှင်းလှပြီး သူ့နောက်မှာတော့ တော်တော်လေးကြီးတဲ့ ဆေးအိုးတစ်အိုး ရှိနေပါတယ်။ ဒီဆေးအိုးထဲမှာ အမွှေးတိုင်သုံးချောင်းရှိပြီး မီးခိုးငွေ့တလူလူ ထွက်နေပါတယ်။

ဟွမ်ဇွမ်တျန်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။

အသက်ကြီးကြီး တာအိုသခင်တစ်ယောက်ဟာ ဘုရားကျောင်းထဲကို ဝင်လာပါတယ်။ ဒီတာအိုသခင်ဟာ ဟွမ်ဇွမ်တျန်ရှေ့မှာ ထိုင်လိုက်ပြီး ရယ်ကောမောကာနဲ့ ပြောလိုက်ပါတယ် “ဂျူနီယာဝေ့၊ ငါ မင်းနဲ့ ဆွေးနွေးစရာ ရှိတယ်”

“ဘာကိစ္စလဲ” ဟွမ်ဇွမ်တျန် ရင်ထဲမှာ တင်းကြပ်သွားပါတယ်။ ဒီအဘိုးကြီးတွေ အကုန်လုံးက မြေခွေးအိုတွေပါ။ တစ်ချက်မှားတာနဲ့ အကုန်လုံးပေါ်ကုန်မှာပါ။

“ငါတို့ဂိုဏ်းနဲ့ ကျန်းဝူဂိုဏ်းနဲ့ တိုက်ခိုက်လာတာ အတော်ကြာပြီ၊ အသူရာချောက်ဒေသရဲ့ တစ်ခြားရင်းမြစ်တွေကလည်း သူများလက်ထဲကို ရောက်ကုန်ကြပြီ၊ ငါတို့ဂိုဏ်းတပည့်တွေကို ရန်ကျင့်ကြံခြင်းလောကထဲ ဝင်ခိုင်းရအောင်၊ ရန်ကျင့်ကြံခြင်းလောကမှာရှိတဲ့ ကျင့်ကြံခြင်းဂိုဏ်းတွေနဲ့ တိုင်းပြည်တွေက အားနည်းတော့ ငါတို့ဂိုဏ်း ကြီးထွားလာဖို့ အရမ်းသင့်တော်တယ်၊ ငါတို့တွေ ရန်ကျင့်ကြံခြင်းလောကကို နေရာယူပြီးရင် ဝေ့ကျင့်ကြံခြင်းလောကကို ဆက်သိမ်းပိုက်ရမယ်၊ ဘာပဲဖြစ်ဖြစ် ကောင်းကင်သွေးမီးလျှံဂိုဏ်းက ရန်ကျင်ကြံခြင်းလောကကို သိမ်းပိုက်ပြီးရင် အသူရာချောက်ဒေသကို သိမ်းယူမယ်လို့ ကြော်ငြာထားတာပဲ”

“မင်းက ရန်ကျင့်ကြံခြင်းလောကကို ရောက်ဖူးတာဆိုတော့ လက်ရွေးစင်တပည့်တွေကို ဦးဆောင်ဖို့ မင်းကို တာဝန်ပေးချင်တယ်”

ဟွမ်ဇွမ်တျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ရန်ကျင့်ကြံခြင်းလောကကို တိုက်ခိုက်မယ်။

အသက်ရှင်ရတာ ပင်ပန်းနေပြီလား။

အသက်ပြန်ရှင်လာပြီးတဲ့နောက်မှာ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို ထပ်ပြီးရန်မစရဲတော့ပါဘူး။

“ဒီကိစ္စအောင်မြင်ရင် ဂိုဏ်းချုပ်ရာထူးက မင်းအပိုင်ဖြစ်ပြီ၊ ဆရာသခင်က ဂူအောင်းကျင့်ကြံနေတာ နှစ်တစ်ရာကျော်ပြီ၊ ခန္ဓာကိုယ်ပေါင်းစပ်ခြင်းအဆင့်ကို ထိုးဖောက်နိုင်မလား မထိုးဖောက်နိုင်ဘူးလားဆိုတာကို ငါမသိဘူး၊ ငါတို့တွေ သေမဲ့အချိန်ကို ထိုင်စောင့်နေလို့ မဖြစ်ဘူး၊ လုပ်သင့်တာ လုပ်ရမယ်”

ဟွမ်ဇွမ်တျန်ဟာ တွန့်ဆုတ်နေပါတယ် “ရန်ကျင်ကြံခြင်းလောကကို မသွားလို့မရဘူးလား၊ တစ်ခြားကျင့်ကြံခြင်းလောကကို သွားမယ်လေ၊ ဒီလောကကြီး အကျယ်ကြီးပါ၊ ရန်ကျင့်ကြံခြင်းလောကက ကျုပ်တို့အတွက် ဘယ်လောက်အကျိုးရှိမှာမို့လို့လဲ”

အိုနေပြီဖြစ်တဲ့ တာအိုသခင်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “ရန်ကျင့်ကြံခြင်းလေကက အားနည်းလို့ ငါတို့တွေ တိုက်ခိုက်ရမှာ၊ ဒီအကြောင်း ထပ်မပြောတော့နဲ့၊ သွားတိုက်ဖို့သာ ပြင်ဆင်ထားချည်၊ ငါ တပည့်တွေကို သွားရွေးလိုက်အုန်းမယ်”

ပြောပြောဆိုဆို တာအိုသခင်အိုကြီးဟာ မတ်တတ်ရပ်ပြီး အပြင်ဘက်ကို ထွက်သွားပါတယ်။

ဟွမ်ဇွမ်တျန်ဟာ တာအိုသခင်အိုကြီးရဲ့ နောက်ကျောကို မကျေမနပ် ကြည့်လိုက်ပါတယ်။

“မြေခွေးအိုကြီး... ဒါက ဆွေးနွေးတာလား”

“သေစမ်း... မင်းက ငါ့ကို တွန်းအားပေးနေတာပဲ၊ ကြည့်ရတာ... ဂိုဏ်းချုပ်ရာထူးကို အရယူရတော့မယ်နဲ့တူတယ်”

ဟွမ်ဇွမ်တျန်ရဲ့ မျက်လုံးတွေဟာ မီးတောက်သွားပါတယ်။ သူဟာ အေးအေးဆေးဆေး ဂူအောင်းကျင့်ကြံခွင့်ရတာ ဘယ်လောက်မှာ မကြာသေးပါဘူး။ ဒါကို ဒီအဘိုးကြီးက ပြဿနာ လာရှာနေပါတယ်။

ဟွမ်ဇွမ်တျန်ဟာ သူရဲဘောကြောင်ပေမဲ့ သူ့အသက်က ဟန်ကျွယ်လက်ထဲမှာ ဖြစ်တဲ့အတွက် ရွေးချယ်စရာမရှိဘဲ စတင်လှုပ်ရှားရပါတော့တယ်။

အဲဒီနောက်...

ဟွမ်ဇွမ်တျန်ဟာ ဂိုဏ်းချုပ်နေရာကို ဘယ်လိုယူရမလဲ အကြံစထုတ်ပါတယ်။

ဒီတာအိုသခင်အိုကြီးက သူ့ထက် ပိုစွမ်းတယ်ဆိုပေမဲ့ ဟွမ်ဇွမ်တျန်ဟာ လုံးဝမကြောက်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင် မိုးကာဝတ်ရုံဂိုဏ်းချုပ် ကျဆုံးသွားတုန်းကလည်း ဟွမ်ဇွမ်တျန်ဟာ ဂိုဏ်းချုပ်နေရာအတွက် ပထမရွေးချယ်မှု မဟုတ်ခဲ့ပါဘူး။

ပထမရွေးချယ်မှုက သူ့စီနီယာပါ။ သူ့စီနီယာဟာ အစွန်းရောက်ပြီး ကလဲ့စားတစ်ခုပဲ စိတ်ထဲမှာ ရှိပါတယ်။ သူ့ကျင့်ကြံခြင်းကလည်း ဟွမ်ဇွမ်တျန်ထက် ပိုမြင့်ပါတယ်။ ဂိုဏ်းတစ်ခုလုံး ဘေးရန်ကင်းဖို့အတွက် ဟွမ်ဇွမ်တျန်ဟာ ဂိုဏ်းချုပ်နေရာကို မရရအောင် ကြံစည်အားထုတ်ခဲ့ရပါတယ်။

“ငါ သူနဲ့ ထိပ်တိုက် မယှဉ်ပြိုင်နိုင်ဘူး၊ တစ်ခြားနည်းလမ်းတွေ သုံးရမယ်”

All Chapters