← Chapters

ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ဆဋ္ဌမအဆင့်၊ ဖူစန်းသစ်ပင်

Vol. 5 Ch. 72

ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ဆဋ္ဌမအဆင့်၊ ဖူစန်းသစ်ပင်

Vol. 5 Ch. 72

အခန်း (၇၂) ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ဆဋ္ဌမအဆင့်၊ ဖူစန်းသစ်ပင်

ဟန်ကျွယ် ဖန်တီးလိုက်တဲ့ ဆန်းကြယ်စွမ်းအားကြောင့် လောကတစ်ခုလုံး ပွတ်လောရိုက်သွားပါတယ်။

လောကကြီးဟာ အလွန်ကျယ်ပြန့်ပြီး ရန်ကျင့်ကြံခြင်းလောကဆိုတာ အလွန့်အလွန် သေးငယ်တဲ့နေရာတစ်ခုပါ။ အနှိုင်းဓားတာအိုကို သိမြင်နားလည်သွားတာက ရန်ကျင့်ကြံခြင်းလောကမှာ ငုပ်လျှိုးနေတဲ့ ဟန်ကျွယ်ဆိုတာကို ဟွမ်ဂျိဟောင်ကလွဲလို့ ဘယ်သူမှမယုံကြပါဘူး။

ဒီလိုနဲ့ ဆယ့်သုံးနှစ်ကြာသွားတဲ့အခါမှာတော့ ဒီကိစ္စကို ဘယ်သူမှ ထပ်မပြောကြတော့ပါဘူး။

ဒီအတောအတွင်း ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းကလည်း ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ဆဋ္ဌမအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒီလိုထိုးဖောက်နိုင်တာက ရွှင်ချန်အန်းကြောင့်လို့ ပြောရမယ်ဆိုရင် မမှားပါဘူး။ ရွှင်ချန်အန်းရဲ့ တည်ရှိမှုကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူဟာ စိတ်ဝိညာဉ်ချီစွမ်းအား ပိုမိုသိပ်သည်းလာပြီး ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းလည်း ပိုမိုမြန်ဆန်လာပါတယ်။

ရွှင်ချန်အန်းက ရှေးဟောင်းစိတ်ဝိညာဉ်ဂျင်ဆင်း ပြန်ဝင်စားသူ ဖြစ်တာကြောင့် လူသားအသွင် ရတနာတစ်ပါးပါ။ သူက မသေမျိုးနယ်ပယ်မှာတောင် သဘာဝရတနာပါ။

[သင် အသက် ၃၀၀ ပြည့်ပါပြီ။ ကျင့်ကြံခြင်းလမ်းစဉ်တွင် နောက်ထပ် နှစ် ၁၀၀ ကုန်ဆုံးသွားပြီ ဖြစ်သည့်အတွက် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]

[၁။ ဂူအောင်ကျင့်ကြံခြင်းမှ ချက်ချင်းထွက်ခွာ၍ သင့်အစွမ်းကို လောကကြီးသိအောင် ပြသပါ။ ဆုလာဘ်အဖြစ် ကံတရားအထောက်အပံ့ရှိသော နတ်သားရဲဥကို ရရှိနိုင်သည်။]

[၂။ နှိမ့်နှိမ့်ချချနေ၍ သင့်အောင်မြင်မှုများကို ဖုံးကွယ်ထားပါ။ ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိနိုင်သည်။]

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။

[သင်သည် နှိမ့်နှိမ့်ချချနေ၍ ကျင့်ကြံခြင်းအား ရွေးချယ်ခဲ့သည့်အတွက် စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိပါသည်။]

[စိတ်ဝိညာဉ်ရတနာ တတိယအဆင့် နှလုံးကာနတ်ဆွဲကြိုးအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[နှလုံးကာနတ်ဆွဲကြိုး: ခံစစ်စိတ်ဝိညာဉ်ရတနာ တတိယအဆင့်။ မိုးမြေတစ်ခွင်ရှိ စိတ်ဝိညာဉ်ချီကို ပြည့်ဝသည်အထိ အလိုအလျောက် စုပ်ယူနိုင်ပြီး သခင်၏ ကျင့်ကြံခြင်းအပါ်၌ သက်ရောက်မှုမရှိပေ။ တိုက်ပွဲအတွင်းတွင် သခင်အား အလိုအလျောက် ကာကွယ်ပေး၏။]

ဒီရတနာက နောက်ထပ် ခံစစ်စိတ်ဝိညာဉ်ရတနာဖြစ်ပြီး ဟန်ကျွယ်

။ စနစ်က ဟန်ကျွယ်အကြောင်းကို အသိဆုံးမို့ ဒီလိုပေးတာလည်း ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ နှလုံးကာနတ်ဆွဲကြိုးကို ထုတ်ယူပြီး ကြည့်လိုက်တဲ့အခါမှာ ဒီနတ်ချိန်းကြိုးဟာ သလင်းကျောက်နဲ့ ပြုလုပ်ထားတဲ့ ချိန်းကြိုးဖြစ်ပြီး အလွန်လက်ရာမြောက်သလို အလွန်လှပနေတာကို တွေ့လိုက်ရပါတယ်။

တစ်ခဏအကြာမှာတော့ နှလုံးကာနတ်ဆွဲကြိုးဟာ ဟန်ကျွယ်ကို သခင်အဖြစ် အသိအမှတ်ပြုသွားတာကြောင့် ဟန်ကျွယ်ဟာ နှလုံးကာနတ်ဆွဲကြိုးကို သူ့လည်ပင်းမှာ ဝတ်ဆင်လိုက်ပါတယ်။

ရွှင်ချန်အန်းဟာ မနာလို ဖြစ်သွားပါတယ် ‘ဆရာသခင့်ဆီမှာ ဘာလို့ ဒီလောက်များတဲ့ရတနာတွေ ရှိနေရတာလဲ၊ ဒါက အမွေအနှစ်တစ်ခုများလား၊ အဆင့်တစ်ခုခုကို ရောက်မှာ အထဲကရတနာတွေကို ထုတ်ယူနိုင်တာလား’

ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်နေတာမို့ ရွှင်ချန်အန်းအကြည့်ကို ဂရုမစိုက်ဘဲ သူ့စာအိတ်တွေကို စစ်လိုက်ပါတယ်။

ဒီနှစ်တွေမှာ ဘယ်သူက အခံစားရဆုံး ဖြစ်မလဲ။

[သင့်တပည့် ရန်ထျန်တုန်းသည် သားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၉၁၁

[သင့်မိတ်ဆွေကောင်း မော့ဖူချိုသည် လက်ယာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၇၂

[သင့်တပည့် စုချီသည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၀၂၈

[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် လူမြောက်များစွာကို သတ်ဖြတ်ခဲ့သောကြောင့် သူ့ကံရောင်ဝါသည် လုံးဝမည်းနက်သွားပြီ ဖြစ်၏။]

[သင့်မိတ်ဆွေကောင်း ဟွမ်ဇွမ်တျန်သည် လက်ယာကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၅

[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၀၀၃

[သင့်တပည့် စုချီသည် ကျင်းတိုင်းပြည် တော်ဝင်မျိုးနွယ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။]

[သင့်တပည့် စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် နှစ်တစ်ထောင်ကပ်ဘေးများဖြစ်သည့် ကျိုင်းကောင်းကျခြင်း၊ ရေကြီးခြင်း၊ ပလိပ်ရောဂါတို့သည် ကျင်းတိုင်းပြည်တွင် ဖြစ်ပွားခဲ့၏။ ထိုကပ်ဘေးများကြောင့် ကျင်းတိုင်းပြည်ရှိ တောတောင်ရေမြေတို့သည် ခမ်းခြောက်ပျက်စီးလုနီး ဖြစ်သွား၏။]

…

‘ဝိုး’

ဟန်ကျွယ်ရဲ့တပည့်နဲ့ နတ်သားရဲက အတိုက်ခိုက်ခံရဆုံးစာရင်းမှာ ထိပ်ဆုံးသုံးယောက်ထဲ ဝင်ပါတယ်။ ကြည့်ရတာ သူတို့တွေ အတော်ကြိုးစားထားပုံပါပဲ။

စုချီကတော့ ကြမ္မာဆိုးမို့ ဖယ်ထားလို့ရပါတယ်။

ရန်ထျန်တုန်းနဲ့ ပဋိပက္ခကောင်းကင်ခွေးက တကယ့်ကို စိုးရိမ်စရာပါ။

ကျိုးဖန်က တကယ်နတ်ဆိုးစစ်စစ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ မော့ဖူချိုက တွန်းအားပေးခံရလို့ လက်ဝဲလမ်းစဉ်ထဲ ကျသွားတယ်ဆိုပေမဲ့ ကျိုးဖန်ကတော့ ပင်ကိုယ်စရိုက်ကိုက နတ်ဆိုးလို ကြမ်းတမ်းရက်စက်တာပါ။ ကလဲ့စားချေဖို့အတွက် မိန်းကလေးတစ်ယောက်ကို ဒီနေ့လက်ထပ်ပြီး နောက်နေ့ကွာရှင်းလိုက်ကတည်းက ကျိုးဖန်ရဲ့အသည်း ဘယ်လောက်မာလဲဆိုတာ သိနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး သူ့ခေါင်းထဲကနေ ဒီအတွေးတွေကို ရှင်းထုတ်ပစ်လိုက်ပါတယ်။

အဲဒီနောက် မတ်တတ်ရပ်ပြီး ရွှင်ချန်အန်းကို ပြောလိုက်ပါတယ် “ငါ့တပည့်... ငါ့နောက်ကိုလိုက်ခဲ့ချည်၊ မင်းနဲ့ ငရဲကြက်နက်ကို ပညာတစ်ချို့ သင်ပေးဖို့ အချိန်ကျပြီ”

ရွှင်ချန်အန်းဟာ ဒီစကားကို ကြားလိုက်ရတဲ့အခါမှာ ကျေနပ်အံအားသင့်သွားပြီး ချက်ချင်းမတ်တတ်ရပ်ကာ ဟန်ကျွယ်နောက်က ထပ်ကြပ်မကွာ လိုက်ပါသွားပါတယ်။

…

အဆုံးမရှိတဲ့ သဲကန္တရာတစ်ခုမှာ မရေမတွက်နိုင်တဲ့ ကျိုင်းကောင်တွေဟာ မိုးလုံးပြည့်မျှ ဖြစ်‌နေပါတယ်။ လူတစ်ယောက်ဟာ ဒီကျိုင်းကောင်တွေကြား အေးအေးလူလူ လမ်းလျှောက်နေပါတယ်။ ကျိုင်းကောင်တွဟာ ဒီလူနားကို လုံးဝမကပ်ရဲဘဲ လမ်းဖယ်ပေးကြပါတယ်။

ဒီလူကတော့ စုချီကလွဲ ဘယ်သူရှိနိုင်အုန်းမှာလဲ။

စုချီဟာ ဂုဏ်ယူနေတဲ့မျက်နှာထားရှိပြီး စိတ်ထဲမှာ‌ တွေးလိုက်ပါတယ် ‘ဆရာသခင်က တကယ့်ကို အစွမ်းထက်တာပဲ၊ တိုင်းပြည်ကိုဖျက်ဆီးနိုင်တဲ့ ကျိုင်းကောင်တွေတောင် ငါ့နား မကပ်ရဲကြဘူး’

ဒီနှစ်တွေမှာ စုချီဟာ ကပ်ဘေးအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဘယ်လိုပဲ အခြေအနေဆိုးနေပါစေ အသက်ရှင်နိုင်ခဲ့တာချည်းပါပဲ။

စုချီဟာ သူ့ဆရာသခင်ကို အော်ခေါ်ပေမဲ့ ဘာသံမှ ပြန်မကြားရတဲ့အတွက် သူ့ဆရာသခင်က သူ့ကို စမ်းသပ်‌နေတာလို့ ကောက်ချက်ချလိုက်ပါတယ်။

စုချီဟာ အထီးတည်းနေရာတာကို ခံစားတက်လာပါတယ်။ သူ့ဆရာသခင်နဲ့ နေတုန်းကလည်း သူ့ဆရာသခင်က စကားတစ်လုံးတောင် မပြောခဲ့ပါဘူး။

အထီးကျန်မှုကို သည်းခံနိုင်မှာသာ တာအိုကိုရရှိပြီး မသေမျိုးဖြစ်နိုင်မှာပါ။

အဲဒီနောက်ပိုင်း စုချီဟာ သူ့ဆရာသခင်ကို ထပ်မခေါ်တော့ဘဲ စိတ်အေးလက်အေး ဆက်ခရီးနှင်ပါတယ်။

မကြာသေးခင်က သူ့ကို ကျင်းတိုင်းပြည်ရဲ့ တောင်ဝင်မိသားစုကို ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ စုချီဟာ ထိတ်လန့်ခြင်းမရှိဘဲ ရတဲ့နည်းနဲ့ ပြန်တိုက်ခိုက်ပါတယ်။ ထွက်လာတဲ့ရလဒ်ကတော့ သူမျှော်မှန်းထားတဲ့အတိုင်း သူ့ဆရာသခင်က ဝင်ကူညီပါတယ်။

စုချီဟာ ခရီးထွက်လာတာကြာပြီမို့ အဝတ်အစားတွေကို စုတ်ပြဲနေပါပြီ။ ဒါပေမဲ့ သူ့မျက်လုံးတွေကတော့ တောက်ပနေဆဲပါ။

မကြာခင်မှာပဲ  စုချီဟာ ပေတစ်ရာနီးပါးမြင့်ပြီး ကောက်ကွေ့နေတဲ့ သစ်ပင်တစ်ပင်ကို တွေ့လိုက်ရပါတယ်။ ဒီသစ်ပင်အောက်မှာတော့ လူတစ်ယောက် ထိုင်နေပါတယ်။

စုချီဟာ ချက်ချင်းပဲ အဲဒီသစ်ပင်ဆီကို ပြေးသွားလိုက်ပါတယ်။ ကျိုင်းကောင်တွေကလည်း ရပ်တန့်သွားပြီး စုချီနောက်ကို ဆက်မလိုက်တော့ပါဘူး။ စုချီဟာ ဒီထူးခြားမှုကို သတိမထားမိဘဲ သစ်ပင်အိုကြီးဆီ ပြေးသွားပါတယ်။

သစ်ပင်အောက်မှာထိုင်နေတဲ့ အဘိုးအိုဟာ ပါးရေတွေတွန့်နေပြီး အဝတ်အစားကလည်း စုတ်ပြတ်သပ်နေပါတယ်။ စုချီဟာ သူ့လက်သီးကို ဆုပ်ကိုင်ကာ မေးလိုက်ပါတယ် “စီနီယာ... ရှေ့ကိုဆက်သွားရင် မြောက်ပိုင်းဒေသကို ရောက်မှာလား”

အဘိုးအိုဟာ မျက်လုံးမဖွင့်ဘဲ ပြန်ဖြေလိုက်ပါတယ် “ရောက်တယ်၊ ရှေ့မှာက မြောက်ပိုင်းဒေသပဲ”

အဘိုးအိုရဲ့စကားကြောင့် စုချီဟာ ငိုချင်စိတ် ပေါက်သွားပါတယ်။

နှစ်ပေါင်းတစ်ရာနီးပါး ခရီးနှင်လာပြီးတဲ့နောက်မှာတော့ စုချီဟာ သူ့ပန်းတိုင်နဲ့ အတော်လေးကို နီးကပ်လာခဲ့ပါပြီ။ စုချီဟာ မြောက်ပိုင်းဒေသကို ရောက်နေတယ်ဆိုပြီး အိမ်မက်မက်ခဲ့တာ အကြိမ်မရေနိုင်တော့ပါဘူး။ စုချီရဲ့ မျက်လုံးအိမ်တွေကနေ မျက်ရည်တွေ စီးကျလာပါတယ်။ စုချီဟာ နောက်ကိုချက်ချင်းလှည့်ပြီး ဒူးထောက်လိုက်ပါတယ်။

‘ဆရာသခင် ကျွန်တော် မြောက်ပိုင်းဒေသကို ရောက်တော့မယ်၊ ကျွန်တော် ဆရာသခင်ကို စိတ်မပျက်စေရပါဘူး’

အဘိုးအိုဟာ မျက်လုံးဖွင့်လိုက်ပြီး စုချီကို လူထူးဆန်းသဖွယ်ကြည့်ကာ မေးလိုက်ပါတယ် “မြောက်ပိုင်းဒေသဆီ ရောက်မှာကို အဲဒီလောက်ပျော်ရလား၊ မြောက်ပိုင်းဒေသမှာ အသိရှိလို့လား”

စုချီဟာ မတ်တတ်ရပ်လိုက်ပြီး အဘိုးအိုဘက်လှည့်လိုက်ပါတယ်။ အဲဒီနောက် မျက်ရည်စတွေကိုသုတ်ပစ်ပြီး ပြုံးလိုက်ပါတယ် “မရှိပါဘူး၊ ဒါပေမဲ့ မြောက်ပိုင်းဒေသမှာ နတ်ဆိုးနိုင်ဂိုဏ်း ရှိတယ်မလား”

အဘိုးအိုဟာ မျက်မှောင်ကြုတ်သွားပါတယ် “မင်းက နတ်ဆိုးနိုင်ဂိုဏ်းရဲ့ ပတ်သက်နေလို့လား”

“ကျွန်တော်က အဲဒီဂိုဏ်းထဲ ဝင်မလို့ပါ” စုချီဟာ ယွီဂျင်ဂိုဏ်းထဲ ဝင်ခဲ့တုန်းကလို ပြတ်သားခိုင်မာစွာ ပြောလိုက်ပါတယ်။

အဘိုးအိုဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “နတ်ဆိုးနိုင်ဂိုဏ်းရဲ့ အောက်ထစ်ဆုံးအဆင့်က အရမ်းမြင့်တယ်၊ မင်းက ရွှေဓာတ်လုံးအဆင့် ကျင့်ကြံသူဆိုပေမဲ့ နတ်ဆိုးနိုင်ဂိုဏ်းထဲကို ဝင်နိုင်ဖို့ မလွယ်ဘူး၊ ဒီမြောက်ပိုင်းဒေသက နတ်ဆိုးတွေ ကျက်စားတဲ့နေရာပဲ၊ ဂျူနီယာ မင်းကို အကြံတစ်ခု ပေးလိုက်မယ်၊ ဒီမြောက်ပိုင်းဒေကို မဝင်ပါနဲ့၊ ဒီဒေသက သေမျိုးနွယ်တွေအတွက် ငရဲပြည်ပဲ”

စုချီဟာ ပြုံးလိုက်ပါတယ် ‘ကျွန်တော်က ဘာလို့ကြောက်ရမှာလဲ၊ ကျွန်တော့်နောက်မှာ ဆရာသခင်ရှိတယ်’

စုချီဟာ သူ့လက်သီးကို ဆုပ်ကိုင်ပြီး အဘိုးအိုကို ဂါရဝပြုလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ခေါင်းမော့ရင်ကော့ပြီး မြောက်ပိုင်းဒေသဆီကို လျှောက်သွားပါတော့တယ်။

အဘိုးအိုဟာ သရော်ပြုံးပြုံးလိုက်ပြီး စုချီကို ထပ်ပြီး မဖျောင်းဖျတော့ပါဘူး။

…

ငါးနှစ်ကြာပြီးနောက်။

ရန်ကျင့်ကြံခြင်းလောကကို ရှားပါးလွန်းတဲ့ နှင်းမုန်တိုင်းတစ်ခု ကျရောက်လာခဲ့ပါတယ်။ နှင်းမုန်တိုင်းကြောင့် ယွီဂျင်ဂိုဏ်းတစ်ခုလုံး နှင်းလွှမ်းနေပြီး ပန်းချီထဲကလို့ ရှုချင့်စဖွယ်ဖြစ်နေပါတယ်။

ဟန်ကျွယ်ဟာ လိုဏ်ဂူအပြင်ဘက်ကို ထွက်လိုက်ပြီး ချောက်ကမ်းပါးစွန်းမှာ ရပ်လိုက်ပါတယ်။ သူ ဘယ်နေရာကိုကြည့်ကြည့် အဖြူချည်းပါပဲ။ နှစ်ပေါင်းသုံးရာ နေလာပြီးတဲ့နောက်မှာ ဒီလောက်နှင်းကျတာကို ပထဆုံးအကြိမ် ဟန်ကျွယ် တွေ့ကြုံရတာပါ။

ဟန်ကျွယ်ဟာ သူ့တပည့် စုချီကို တွေးမိသွားပါတယ်။

‘ဒီရာသီဥတုက... ငါ့တပည့် ပြန်လာတာတော့ မဟုတ်လောက်ပါဘူးနော်’

ဟန်ကျွယ် တွေးနေတုန်းမှာပဲ ဟန်ကျွယ်ရှေ့မှာ စာသုံးကြောင်း ပေါ်လာပါတယ်။

[နှစ်တစ်သောင်းနတ်ဆိုး နိုးထတော့မည် ဖြစ်သည့်အတွက် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ အပြင်ထွက်ပြီး နတ်ဆိုးကိုသတ်၍ လောကကို ကယ်တင်ပါ။ ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ရတနာတစ်ပါးနှင့် ဆန်းကြယ်စွမ်းအားတစ်မျိုးကို ဆက်ခံရရှိမည်။]

[၂။ အေးအေးဆေးဆေး ကျင့်ကြံပြီး အန္တရာယ်နှင့် ဝေးဝေးနေ၍ ကိုယ့်ကိုကိုယ် ကာကွယ်ပါ။ ဆုလာဘ်အဖြစ် ကျပမ်း သဘာဝရတနာအစေ့ကို ရရှိမည်။]

‘နှစ်တစ်သောင်းနတ်ဆိုးလား... နာမည်ကြားရတာနဲ့တင် ရက်စက်မှန်းသိသာတယ်၊ အရူးပဲ ဒီနတ်ဆိုးအိုကြီးကို သတ်ဖို့ ကြိုးစားလိမ့်မယ်’

ဟန်ကျွယ်ဟာ တုံ့ဆိုင်းခြင်းမရှိဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လူကယ်ဖို့ ကျင့်ကြံအားထုတ်နေတာ မဟုတ်ပါဘူး။ အသက်ရှင်ချင်လို့ ကျင့်ကြံအားထုတ်နေတာပါ။

[သင်သည် အန္တရာယ်နှင့်ဝေးဝေးနေ၍ အေးအေးဆေးဆေး ကျင့်ကြံခြင်းကို ‌ရွေးချယ်ခဲ့သည်။ ဆုလာဘ်အဖြစ် ကျပမ်း သဘာဝရတနာအစေ့ကို ရရှိမည်။]

[ဖူစန်းအစေ့ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[ဖူစန်းသစ်ပင်: မိုးနှင်မြေမှ ပေါက်ဖွားလာသော နတ်သစ်ပင်ဖြစ်ပြီး မိုးမြေတစ်ခွင်ရှိ စိတ်ဝိညာဉ်ချီအား တိုးတက်စေသည်။ နှစ်တစ်သောင်းသက်တမ်းရှိလျှင် ရွှေကျီးကန်းအား ဆွဲဆောင်နိုင်ပြီး နှစ်တစ်သန်းသက်တမ်းရှိလျှင် အခြားလောကများနှင့် ဆက်သွယ်နိုင်သည်။]

All Chapters