← Chapters

အခန်း (၁၀၁)

Vol. 11 Ch. 101

အခန်း (၁၀၁)

Vol. 11 Ch. 101

အခန်း 101

သုံးလပိုင်းရဲ့ နွေဦးလေနွေးက ခြံဝင်းထဲက လှပတဲ့ နွေဦးအလင်းရောင်နဲ့အတူ ပြတင်းပေါက်ကနေ စီးဝင်လာသည်။

သူမက ပြက္ခဒိန်ကို ထုတ်ယူပြီး နေရောင်ခြည်အောက်မှာ သုံးလပိုင်းကို လှန်လိုက်သည်။

“သုံးလပိုင်းမှာ ကောင်းမွန်တဲ့ ရက်မြတ်တွေ များပါတယ်။ ဒီနေ့ သုံးလပိုင်း ဆယ့်တစ်ရက်။ ဆယ့်နှစ်ရက်၊ ဆယ့်သုံးရက်၊ ဆယ့်လေးရက်တွေက ကိစ္စအားလုံး အောင်မြင်မဲ့ နေ့ကောင်းရက်သာတွေ ဖြစ်ပါတယ်”

အစိမ်းရောင် ဖျော့ဖျော့ လက်ချောင်းထိပ်လေးတွေက စာရွက်ပေါ်ကို ထောက်လိုက်ပြီး ချီကျန့်ဟန်ကို ရှင်းပြခဲ့တဲ့ စကားတွေကို စပြောလိုက်သည်။ “ကျွန်တော်မျိုးမှာ မြို့ပြင်ဆင်ခြေဖုံး တောင်ပေါ်မှာ စံအိမ်တစ်ခု ရှိတယ်။ တောင်ထိပ်က ရေပန်းကို သွယ်ယူထားတာ။ ရှုခင်းက အင်မတန် သာယာတယ်”

သူမ စကားမဆုံးသေးခင်မှာပဲ လော့ရှင်းယွမ်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“မင်း ပြောတာ ကျန်း ကြားဖူးတယ်။ နှစ်စဉ် ဆောင်းဦး ဒါမှမဟုတ် ဆောင်းရာသီမှာ မင်း ကိုယ်လက် မအီမသာ ဖြစ်တဲ့အခါ အကြိုက်ဆုံး သွားနေကျ အပန်းဖြေစံအိမ်ဆို။ ကျန်းက အဲဒီကို သွားချင်တယ် ပြောတာ အကြိမ်အနည်းငယ် ရှိပြီ၊ မင်းက ဝေးလွန်းတယ်၊ တစ်ရက်တည်း အသွားအပြန် မရဘူး၊ အဆင်မပြေဘူးဆိုပြီး အမြဲ တားမြစ်ခဲ့တယ်”

“အဲဒီ မေမိသားစု စံအိမ်ပါပဲ” မေဝမ့်ရှူးက သူအကြောင်းကို မှတ်မိနေတာ တွေ့တော့ အသံထဲမှာ အပြုံးရိပ် ပါလာသည်။

“အဲဒီတုန်းက ရှုခင်းကို သဘောကျလို့ တောင်ကုန်းရဲ့ တစ်ဝက်မှာ ဆောက်ခဲ့တာ၊ နေရာက တကယ် နည်းနည်း ဝေးတယ်။ အခု သန့်ရှင်းပြီး နေရာ ချပေးထားပါပြီ။ ဒီရက်ပိုင်း ကျွန်တော်မျိုး လူငှားပြီး တောင်လမ်းကို ရှင်းလင်းခဲ့တယ်။ အရှင်မင်းကြီး လှည့်လည်ဖို့အတွက် လုံလောက်ပါတယ်”

“...ကျန်းကို ဖိတ်တာလား” လော့ရှင်းယွမ်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ “ခရီးက ဝေးတယ်။ တစ်ရက်တည်း အသွားအပြန် မရဘူးဆိုတော့ ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ”

မေဝမ့်ရှူးက ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ “ဒီကိစ္စကို နန်းတော်ကို အကြောင်းကြားရင် တားမြစ်တဲ့ အသံတွေ အများကြီး ထွက်လာမှာ သေချာတယ်။ ကျွန်တော်မျိုးကတော့ စကားလုံးလေးလုံးနဲ့ပဲ ကိုင်တွယ်နိုင်မယ် ထင်တယ်”

101 02

အသံကို နှိမ့်၍ စကားလုံးလေးလုံးကို ပြောလိုက်သည်။

“လျှို့ဝှက် ဖုံးကွယ်ခြင်း”

လော့ရှင်းယွမ် သူမ နားနား ကပ်၍ ပြောတဲ့ အစီအစဉ်ကို နားထောင်ပြီး မျက်လုံးထဲမှာ ဝမ်းသာတဲ့ အပြုံးတွေ တဖြည်းဖြည်း ပေါ်လာသည်။

“တိတ်ဆိတ်တဲ့ အပန်းဖြေစံအိမ်မှာ အနားယူဖို့ ခဏနေမယ် မင်းနဲ့ ကျန်း နှစ်ယောက်တည်းလား”

“...”

မေဝမ့်ရှူး စိတ်ထဲကနေ တီးတိုးရေရွတ်လိုက်သည်။ မင်းနဲ့ ငါ နှစ်ယောက်တည်း၊ တောင်ပေါ်မှာ လေနဲ့ ရေပဲ သောက်ပြီး နေရမှာလား။

ပါးစပ်ကတော့ အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ဘယ်ဟုတ်ပါ့မလဲ။ လိုက်ပါတဲ့ အစောင့်အဖြစ် ချီတပ်မှူးကြီးလည်း ပါပါသေးတယ်။ သူ အနည်းဆုံး အစောင့်တပ်သား နှစ်ရာလောက် ခေါ်လာမှာပါ။ ကျွန်တော်မျိုးရဲ့ အိမ်က သက်ကြီး အစေခံတွေလည်း လိုက်ပါလာမှာပါ။ စစ်ဘက်ရေးရာလင်အမတ်က နေ့တိုင်း မနက်ပိုင်း အရေးကြီးတဲ့ အစည်းအဝေး မှတ်တမ်းတွေကို မြင်းနဲ့ အမြန် ပို့ပေးနေမှာပါ”

လော့ရှင်းယွမ်က သူမကို စူးစူးစိုက်စိုက် ကြည့်ပြီး ခေါင်းညိတ်၍ သဘောတူလိုက်သည်။ “ကောင်းကောင်း စီစဉ်ထားတယ်။ ခွင့်ပြုတယ်”

မေဝမ့်ရှူး ဒီနေ့ ရည်ရွယ်ချက်ကို အောင်မြင်စွာ အကောင်အထည် ဖော်လိုက်ပြီး ပြက္ခဒိန်ကို တွန်းပေးလိုက်သည်။

“သုံးလပိုင်းရဲ့ နေ့ကောင်းရက်သာတွေ အများကြီးထဲက အရှင်မင်းကြီး စံအိမ်ကို လှည့်လည်မဲ့ ရက်ကို ရွေးချယ်ပေးပါဦး”

လော့ရှင်းယွမ်က ခပ်ဖြည်းဖြည်း လှန်ကြည့်ပြီး စာမျက်နှာတစ်ခုပေါ် ရပ်ကာ ပြန်တွန်းပေးလိုက်သည်။

“ဒီရက် ကောင်းတယ်”

မေဝမ့်ရှူး ခေါင်းငုံ့ကြည့်လိုက်တော့…

ဒါဟာ သုံးလပိုင်း ဆယ့်ငါးရက်နေ့ ဖြစ်နေသည်။ (မေအမတ် သေဖို့ ရွေးထားတဲ့ရက်လေး…)

မင်္ဂလာဆောင်ရန် သင့်သည်၊ နေရာပြောင်းရွှေ့ရန် သင့်သည်၊ အတားအဆီးမဲ့၊ ကိစ္စအားလုံး အောင်မြင်မည့် နေ့ကောင်းရက်သာ ဖြစ်သည်။

***

မေမိသားစု၏ မြို့တော်ပြင်ပ အပန်းဖြေစံအိမ်သည် တောင်ပေါ်တွင် တည်ရှိသည်။

တောင်ပေါ်တွင် ရေတံခွန်နှင့် တောင်ကျရေများ ရှိပြီး တောင်စောင်းတွင် မေပယ်ပင်များ၊ ဂျင်ဂိုပင်များ ပြည့်နှက်နေသည်။

101 03

မေမိသားစုက ချမ်းသာကြွယ်ဝပြီး မေဝမ့်ရှူးရဲ့အခြေအနေကလည်း ထူးခြားသည်။ သူမ မြို့တော် ရောက်ပြီး နှစ်အနည်းငယ်အတွင်း မြို့ပြင်ဆင်ခြေဖုံးရှိ တောင်တစ်ခုလုံးကို ဝယ်ယူခဲ့ပြီး၊ တောင်စောင်း၏ ရေစီးရေလာ ကောင်းပြီး မြင်ကွင်း အင်မတန် လှပသည့် နေရာကို သေသေချာချာ ရွေးချယ်သည်။ သစ်သားများကို လူငှား၍ တောင်ပေါ်သို့ သယ်ယူစေပြီး၊ မူလရှိပြီးသား ကျောက်လမ်းဟောင်းကို ပြန်လည် ပြုပြင် ချဲ့ထွင်ကာ ငွေကြေး အမြောက်အမြား သုံးစွဲ၍ နက်ရှိုင်းသော တောင်ထဲတွင် တိတ်ဆိတ်သည့် အပန်းဖြေစံအိမ်တစ်ခုကို တည်ဆောက်ခဲ့သည်။

သူမ ကိုယ်လက်မအီမသာ ဖြစ်တိုင်း လူသူမနီးတဲ့ ဒီမြို့ပြင်စံအိမ်ထဲကို ဝင်ရောက်ပြီး ရက်အနည်းငယ်ကြာမျှ ရောဂါကြောင့် ခွင့်ပန်ကာ အိမ်တွင်းပုန်းနေတတ်သည်။

ဒီနှစ်တွေအတွင်း မေမိသားစု စံအိမ်က ပထမဆုံးအကြိမ် ဧည့်သည် လက်ခံခြင်း ဖြစ်သည်။

ချီကျန့်ဟန်သည် အလုပ်ကို သတိကြီးစွာ လုပ်တတ်သူ ဖြစ်သည်။ နန်းတော်ရှေ့တပ်မှ အစောင့်တပ်သားများသည် ရက်အနည်းငယ် ကြိုတင် တပ်စွဲထားပြီး၊ ငါးဖမ်းပိုက်နဲ့ စစ်ဆေးသလို တောင်တောတစ်ခုလုံးကို အသေးစိတ် ရှာဖွေခဲ့ကြသည်။

သွားလာမည့် လမ်းတစ်လျှောက်တွင် မြင်သာသော အစောင့်ရဲမက်၊ မမြင်ရသော အစောင့်နေရာ ရာပေါင်းများစွာကို စီစဉ်ထားသည်။

ကိစ္စအားလုံး အောင်မြင်မည့် နေ့ကောင်းရက်သာဖြစ်သော သုံးလပိုင်း ဆယ့်ငါးရက်နေ့တွင် နံနက် မိုးမလင်းမီ နန်းတော်တံခါး ဖွင့်လာပြီး အပြင်ပန်း သာမန် ဖြစ်သည့် အပြာရောင် တံခါးရွက် ကာထားသော မြင်းရထား တစ်စီး အသံတိတ် ထွက်ခွာလာသည်။

အရပ်သား အသွင်ယူထားသည့် လျှို့ဝှက် အစောင့်တပ်များ အစောင့်အရှောက်ဖြင့် မြင်းရထားသည် မြို့ထဲမှ ထွက်ခွာလာပြီး နေ့လယ်ပိုင်းတွင် မေမိသားစု စံအိမ် တံခါးဝသို့ ရောက်ရှိလာသည်။

မေဝမ့်ရှူးသည် ရထားထဲမှ ထွက်လာသည်။ တံခါးဝတွင် ကြိုတင်စောင့်ဆိုင်းနေသော ချီကျန့်ဟန်သည် အရိုအသေပေးရန် ရောက်လာပြီး အရပ်ဝတ်ဖြင့် ရောက်လာသော ဧကရာဇ်ကို ကြိုဆိုသည်။

တောင်ကြားက တိတ်ဆိတ်နေပြီး သစ်ရိပ် ကျောက်လမ်းတွေက သာယာသည်။ သစ်ပင်ထိပ်ဖျားတွေကနေ နွေဦးရဲ့ ငှက်ကလေးများရဲ့ အသံ ကျီကျီကျာကျာ မြည်သံတွေက ပတ်ဝန်းကျင်မှာ ပြန့်နှံ့နေသည်။ မျက်စိရှေ့တွင် တောင်ကျရေကို မမြင်ရသော်လည်း ရွှမ်းရွှမ်းဟူ၍ စီးဆင်းနေတဲ့ ရေစီးသံကိုတော့ နားထဲတွင် ကြားနေရသည်။

လော့ရှင်းယွမ် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး မျက်ခုံးကြားတွင် ပျော်ရွှင်တဲ့ အပြုံးတစ်ခု ပေါ်လာသည်။

“တကယ်ပဲ ကောင်းတဲ့နေရာပဲ” သူက ရယ်မောရင်း ပြောလိုက်သည်။ “ရွှယ်ချင့်က ဘာလို့ ဆောင်းဦး ဒါမှမဟုတ် ဆောင်းရာသီ နာမကျန်းဖြစ်တိုင်း ဒီကို ပုန်းအောင်းရတာလဲ၊ မြို့တော်မှာ ဘယ်သူမှ ရှာမတွေ့တာ မဆန်းပါဘူး”

101 04

“မြို့ပြင်ဆင်ခြေဖုံးမှာ ဒီလို တိတ်ဆိတ်တဲ့ စံအိမ် ကောင်းကောင်း ရှိနေတာကို ဘာလို့ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက မင်းရဲ့ ဇာတိအိမ်ကို မိုင်ထောင်ချီ ခရီးသွားပြီး အနားယူဖို့ တောင်းဆိုခဲ့ရတာလဲ။ကျန်းကတော့ မြို့ပြင်စံအိမ်က ရွှယ်ချင့်ရဲ့ ဇာတိအိမ်ထက် ပိုကောင်းတယ် ထင်တယ်”

စကားသံ မဆုံးသေးမီမှာ ဘေးနားက ချီကျန့်ဟန်က ချောင်းဟန့်ပြီး အပြင်းအထန် ချောင်းဆိုးလာသည်။

မေဝမ့်ရှူးက ဧကရာဇ်ရဲ့ စနောက်စကားကို ဂရုမစိုက်ပေ။

သူမ စိတ်ထဲတွင် ဇာတိအိမ်မှာ ရက်အနည်းငယ်သာ စိမ်ခဲ့ရပြီး အလျင်အမြန် စွန့်လွှတ်ခဲ့ရတဲ့ သဘာဝ ရေပူစမ်းကို တမ်းတနေမိသည်။

“ကျွန်တော်မျိုးရဲ့ ဇာတိအိမ်က ဖခင်ကိုယ်တိုင် ကြီးကြပ် ဆောက်လုပ်ထားတာမို့ ဒီနေရာထက် သာယာပြီး သိမ်မွေ့မှု သုံးဆ ပိုပါတယ်။ မိုင်ထောင်ချီ ဝေးလွန်းလို့သာ မဟုတ်ရင် အရှင်မင်းကြီး မြင်ရင် သိမှာပါ”

လော့ရှင်းယွမ်က ခပ်ဖျော့ဖျော့ ပြုံးရင်း ရှေ့ဆက် လျှောက်သွားသည်။

“ဝေးလွန်းလို့ တွေ့ခွင့်မရတာ နှမြောစရာပဲ”

(ဩ… ဧကရာဇ်ခမျာ သူ မတွေ့ခဲ့ဘူးကိုး)

******

All Chapters