← Chapters

အပိုင်း (၂၇၉)-အာ… မှားယွင်းတဲ့ လောင်းကြေးပဲ

Vol. 003 Ch. 279

အပိုင်း (၂၇၉)-အာ… မှားယွင်းတဲ့ လောင်းကြေးပဲ

Vol. 003 Ch. 279

ရှီမာယူယူ အသက်အားပြောလိုက်သည့်အပေးတွင် ကန်တစ်ခုလုံးသည် တစ်ခဏမျှ ငြိမ်သက်သွားပြီးမှ အားလုံးက ရယ်ကွဲတော့သည် “၂၂နှစ်နဲ့ အစ်ကိုရှီကို ပြိုင်ချင်တယ် ဟုတ်လား တစ်နှစ်လုံးမှာ အရယ်ရဆုံးဟာသပဲ”

“ရှင်က အဂ္ဂိရတ်ပညာရှင်လား” ကျောက်စိမ်းမေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ ပြန်ဖြေသည် “ငါ့ အဆင့်က သိပ်တော့မမြင့်ပေမယ့် သူ့အဆင့်ကတော့ ပြိုင်လို့ရပါတယ်”

ကျောက်စိမ်းသည် သူ့အား တအံ့တသြကြည့်လိုက်သည်။ သူ့မှာ ယုံကြည်ချက်အပြည့်ရှိနေတာ၊ သူက ပိုပြီး အဆင့်မြင့်နေလို့လား၊ အနည်းဆုံးတော့ အဆင့်တူလောက်သည်။

အသက် ၂၂နှစ်နဲ့ အဆင့် ၄ အဂ္ဂိရတ်ပညာရှင် သူ့အရည်အချင်းကတော့ တုန်လှုပ်စရာပဲ။ အစ်ကိုဟန်သည်ပင်လျှင် အသက် ၂၄မှ အဆင့်လေး အဂ္ဂိရတ်ပညာရှင်ဖြစ်ခဲ့သည်။

သူသည် တည်ဆောက်မှုသခင်လည်း ဟုတ်သည်။

သူက မနာလိုလောက်အောင် တော်တယ်လို့ ယူရှင်းပြောတာမဆန်းတော့ဘူး၊ ဒီလို အရည်အချင်းမျိုးက တကယ်မနာလိုစရာပဲ။

“ကောင်းပြီ မင်းက ငါနဲ့ ပြိုင်ချင်မှာတော့ မင်းဆန္ဒကို ဖြည့်ပေးရမှာပါ့ မင်းအဆင့်ဘယ်လောက်လဲ” လီမူသည် သူ့အား မေးလိုက်သည်။

“ကျွန်တော့် အဆင့်ကအရေးမကြီးပါဘူး၊ ခင်ဗျားက အဆင့် ၄ ဆေးလုပ်ရင် ကျွန်တော်တို့လည်း အဲဒါကို လိုက်ပြိုင်မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမယ့် ခင်ဗျားတို့ရှုံးရင် စကားပြန်ပြောင်းသွားမှာစိုးလို့ ဒီတစ်ခါတော့ သက်သေလိုလိမ့်မယ်”

စော်ကားခံရပြီးနောက် လီမူ၏ ဒေါသမှကြီးထွားလာပြီး မေးလိုက်သည် “မင်းဘာလုပ်ချင်တာလဲ”

“ကျွန်တော် သက်သေရှာမယ်” ရှီမာယူယူပြောလိုက်သည် “ကျွန်တော်တို့ ဒီမှာမပြိုင်ဘူး၊ နဂါးမြို့ကိုသွားပြီး အားလုံးရှေ့မှာပြိုင်မှ သက်သေရှိမှာ”

“ကောင်းပြီ မင်းရှုံးရင် မင်းက ငါတို့်ရဲ့ အပယ်ခံပဲ” လီမူပြောလိုက်သည်။

“ကိစ္စမရှိဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်က ခင်ဗျားတို့ရဲ့ အပယ်ခံဖြစ်သွားရင်တော့ သေချာတာတော့ အရိုးပြာဖြစ်သွားမှာပဲ ဒါပေမယ့် ကျွန်တော်က သဘောထားကြီးပါတယ် ကျွန်တော့ နည်းလမ်းက ခင်ဗျားတို့ကို မရက်စက်ဘူး၊ ခင်ဗျားတို့ရှုံးရင် ခင်ဗျား ကျွန်တော့်ကို တွေ့တိုင်း အစ်ကိုကြီးလို့ ခေါ်ရမယ်”

“ကောင်းပြီ” လီမူ ပြန်ဖြေလိုက်သည်။

“ဒါဆို သွားကြမလား၊ ကျွန်တော့်ရှေ့မှာ အဓိပ္ပာယ်မရှိတာတော့ မပြောလောက်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “သြော် ဟုတ်သားပဲ နာလန်မျိုးနွယ် သခင်လေးတွေကလည်း ကျွန်တော်တို့အားကို စမ်းသပ်ချင်လား၊ ကျွန်တော်ပြောမယ် ကျွန်တော်ကတော့ ပြိုင်မှာမဟုတ်ဘူး၊ ဒါပေမယ့် ကျွန်တော့်ကို စမ်းသပ်ဖို့ လူလွှတ်မယ်ဆိုရင်တော့ ဖြေရှင်းပေးမယ်”

နာလန်ဂျီဘေသည် အနောက်တွင် ရှိနေကာ လက်သီးဆုတ်ထားလေသည်။

ထို့ကြောင့် အားလုံးသည် နဂါးမြို့သို့သွားကာ ပြိုင်ပွဲရင်ပြင်သို့ရောက်သောအခါ အဂ္ဂိရတ်ပညာရှင်များသည် မောင်းထုလိုကရာ တစ်မြို့လုံးကို ထိုအသံသည် လွှမ်းခြုံသွားခဲ့သည်။

မြို့မှလူများသည် မောင်းထုသံကြားသည်နှင့် တိုက်ပွဲအားကြည့်ရန် အလျင်စလိုရောက်လာကြသည်။

ရှီမာယူယူသည် အောက်ရှိ တိုက်ပွဲရင်ပြင်တွင်ရပ်ပြီး မြေနှင့် စည်းတွေကို ကြည့်နေလေသည်။ သူမသည် တက်ခေါက်ကာ သက်ပြင်းချပြီးပြောလိုက်သည် “ဒီနေရာက တိုက်ပွဲရင်ပြင်လို့ထင်မထားဘူး”

“နဂါးမြို့ကလူတွေက အကုန်လုံးသွေးဆူလွယ်တဲ့သူတွေဆိုတော့ မကြာခဏတိုက်ခိုက်ကြတယ်၊ ဒီမြို့သေးသေးလေးကို ကာကွယ်ဖို့ တိုက်ခိုက်တဲ့ရင်ပြင် လုပ်ထားရတာပဲ” ကျောက်စိမ်း ရှင်းပြသည်။

“အဲလိုလား” ရှီမာယူယူ သူမ မေးစေ့အားကိုင်ကာ “ကြည့်ရတာ ဒီရင်ပြင်ကို စည်းတားထဲ့သူက တော်တဲ့ပုံပဲ”

“အဲလိုထင်ရတယ် ဒါပေမယ့် လုပ်ထားတာကြာပြီဆိုတော့ ဘယ်သူလုပ်ထားတာလဲ ကျွန်မတို့လည်း မသိဘူး” ကျောက်စိမ်းပြောလေသည်။

ခဏအကြာတွင် မြို့ခံများသည် ပြေးလာကာ လီမူသည် ထိပ်တွင်ရပ်နေသည်ကို မြင်သည်နှင့် ခန့်မှန်းလိုက်သည် “အဂ္ဂိရတ်ပညာပြိုင်ဖို့ လူရှိလို့လားမသိဘူး”

“အဲလို သတ္တိရှိတာဘယ်သူလဲ”

“သူတို့ တကယ်ပြိုင်ကြမှာလား”

“ပြိုင်မယ့်သူက အဂ္ဂိရတ်ပညာရှင်ဆိုတော့ သူတို့က အဂ္ဂိရတ်ပညာပြိုင်ကြမှာလား”

“ဘယ်သူသိမလဲ ငါ အဲလူကိုသိတယ် အတိုင်ပင်ခံခေါင်းဆောင်ရဲ့ မျိုးဆက်သစ် ကျောင်လီမူပဲ၊ သူက အသက် ၂၀ကျော်နဲ့ အဆင့် ၄ အဂ္ဂိရတ်ပညာရှင်ဖြစ်နေပြီ”

“အဲလောက်ငယ်ငယ်လေးနဲ့ အဆင့်၄ အဂ္ဂိရတ်ပညာရှင်ဟုတ်လား”

“ဟုတ်တယ်၊ သူနဲ့ပြိုင်မှာ ဘယ်လိုအရူးလဲမသိဘူး”

အားလုံးနီးပါးရောက်လာသည်ကိုကြည့်ပြီး လီမူသည် ရှီမာယူယူအား စင်ပေါ်မှကြည့်ကာ မေးလိုက်သည် “မင်းဘယ်တော့ တက်လာမလဲ”

ရှီမာယူယူသည် သူမ အကျီလက်မှ မရှိသော ဖုန်များကိုခါကာ စင်ပေါ်တက်လာသည်။

“ဒီကလေးက လီမူထက်ငယ်တဲ့ပုံပဲ”

“သူက လီမူနဲ့ အဂ္ဂိရတ်ပညာကိုပြိုင်ရဲတယ်ဟုတ်လား မိုက်လိုက်တာ”

“ငါတို့လောင်းကြမလား ဘယ်သူနိုင်မလဲဆိုတာ”

“ထားလိုက်တော့ တစ်ဖက်သက် ပြိုင်ပွဲပဲ အဓိပ္ပာယ်မရှိဘူး”

ထိုနေရာရှိ လူများသည် လောင်းကြေးမထပ်ချင်သော်လည်း ကျယ်လောင်သောအသံတစ်သံသည် တိုက်ပွဲရင်ပြင်တွင် ထွက်ပေါ်လာသည်။

“လာကြ လာကြ လောင်းကြေးထပ်ကြ ဘယ်သူနိုင်မလဲ လောင်းကြပါ လီမူနိုင်ရင် ငါးပုံတစ်ပုံ၊ ယူယူနိုင်ရင် ဆယ်ပုံတစ်ပုံ မြန်မြန်လောင်းကြ”

အားလုံးပြေးသွားကာ စားပွဲသို့ပြေးသွားကာ အဝတ်များကာလိုက်ကြသည်။ လီမူနှင့် ရှီမာယူယူတို့၏ နာမည်များရေးကြသည်။

“မင်းဘယ်သူလဲ ဒီမှာ လောင်းကြေးလာလုပ်ရဲတယ်၊ သူတို့ရှုံးရင် ငါတို့ကို ပေးဖို့ တတ်နိုင်လား”

ရှီမာယူယူသည် သူမ ယပ်တောင်ဖြန့်ကာ ဖြားယောင်းသောအပြုံးဖြင့် သူတို့်အားကြည့်ကာ ပြောလိုက်သည် “မင်းတို့စိတ်ချလိုက် ငါတို့ရှီမာမျိုးနွယ်က ဘယ်တော့မှာ လျော့မပေးဘူး”

“ရှီမာမျိုးနွယ်ဟုတ်လား”

“ငါ အဲလူကိုသိတယ် အဲဒါ ရှီမာမျိုးနွယ်က သခင်လေးပဲ မျိုးနွယ်တာဝန်ရှိသူရဲ့ သားပဲ”

ထိုသို့ပြောလိုက်သောအခါ အားလုံးသည် ရှီမာယူယန်၏ သရုပ်မှန်ကို ယုံကြည်သွားကြလေသည်။

အားလုံးသည် ကုန်သည်များဖြစ်သည့်အလျောက် လောင်းကြေးထပ်ချင်ကြသည်။ လူများသည် စားပွဲသို့ လျှောက်သွားကြလေသည်။

“လာကြ လာကြ ုပြိုင်ပွဲက မကြာခင်စတော့မယ်၊ လောင်းမယ်ဆိုရင် မြန်မြန်လာ” ရှီမာယူယန် အော်လိုက်သည်။

“အားလုံးက လီမူဘက်ကလောင်းကြတယ် ယူယူ့ဘက်ကလောင်းမယ့်သူမရှိလား” ရှီမာယူယန်သည် အားလုံးသည်ဘက်လိုက်သည်ကို မြင်သည်နှင့် မျက်မှောင်ကြုတ်လိုက်သည် “ငါတို့ယူယူ ရှုံးရင် ဆယ်ပုံ တစ်ပုံနော်”

“ငါလောင်းမယ် ငါ ရှီမာယူယူဘက်ကလောင်းမယ်” သတ်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်သည် လျှောက်လာသည်။ သူသည် ပိုက်ဆံကို စားပွဲပေါ်တင်ကာ မေးလိုက်သည် “သူက မင်းတို့မျိုးနွယ်ကလား သူ့ အသက်ဘယ်လောက်လဲ”

ရှီမာယူယန်ပြုံးကာ ပြောလိုက်သည် “ဟုတ်တယ် ယူယူက ကျွန်တော့်ညီလေးပါ နောက်လနည်းနည်းဆိုရင် သူ ၂၂ နှစ်ပြည့်ပြီ”

သက်လတ်ပိုင်းယောက်ျားသည် ချက်ချင်းသူ့ပိုက်ဆံကို ပြန်ယူကာ ပြောလိုက်သည် “ငါ လီမူနိုင်တာကို လောင်းတာ ပိုကောင်းမယ်”

“ဟား ဟား” အားလုံးသည် ရယ်မောကြတော့သည်။

ရှီမာယူယန်၏ အပြုံးသည် သူ့မျက်နှာမှ ပျောက်ကွယ်သွားကာ ယပ်တောင်ရမ်းကာ ပြောလိုက်သည် “ကျွန်တော်တို့ ယူယူက တကယ်အားကောင်းပါတယ် သူ သေချာပေါက် လီမူကိုနိုင်မှာပါ တကယ် သူ့ဘက် မလောင်းဘူးလား”

“ရှီမာသခင်လေး သူက ၂၂နှစ်ပဲရှိသေးတာဆို ၂၂နှစ်အရွယ်မှာ အဆင့်၂အဂ္ဂိရတ်ပညာရှင်ဖြစ်ရင်ကို တော်နေပြီ၊ လီမူက အဆင့်၄ အဂ္ဂိရတ်ပညာရှင်ပဲ သူနိုင်ဖို့ ဘယ်သူက လောင်းမလဲ” တစ်ယောက်သည် အသံစူးစူးဖြင့် ပြောလိုက်သည်။

“အဲဒါဆိုလည်း နောင်တမရကြနဲ့” ရှီမာယူယန် ပြောလိုက်သည်။

“အစ်ကိုကြီး ကျွန်တော် လောင်းမယ်” ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက်သည် တိုးဝှေ့ဝင်လာကာ စားပွဲပေါ်သို့ အကြွေအနည်းငယ်တင်လိုက်သည်။

“သိုးထိန်းကောင်လေး မင်းက မင်းမိသားစုရဲ့ ဆိုင်မှာရှိရမှာမလား ဘာလို့ဒီရောက်နေတာလဲ”

သူသည် လောင်းကြေးများကိုကြည့်ကာ သူ့အား လှောင်ရယ်သူများကို ကြည့်ကာ ပြောလိုက်သည် “မြို့က လူတွေအားလုံး ဒီရောက်နေမှာတော့ အလုပ်လည်းမဖြစ်ဘူးလေ ကျွန်တော့်အဖေလည်း ဆိုင်ပိတ်တော့ ကျွန်တော်လည်း နေစရာမလိုတော့ဘူးလေ”

“ဒီကလေးက မြင်တတ်သားပဲ” ရှီမာယူယန်သည် ကောင်လေးအား ချီးကျူးလိုက်သည်။

သိုးထိန်းကောင်လေးသည် သူ့လက်ထဲရှိ လောင်းကြေးကိုကြည့်ကာ သံသယဖြင့် ပြောလိုက်သည် “သြော် ကျွန်တော် ဘာလို့ ဒီမျိုးနွယ်ကို လောင်းလိုက်တာလဲ ကျွန်တော်က လီမူသခင်လေး အနိုင်ကို လောင်းမလို့လေ”

ပွဲကြည့်ပရိသတ်များသည် စားပွဲအားကြည့်ပြီး အကြွေစေ့များသည် လီမူအတွက်ဖြစ်ပြီး ယူယူ့နေရာမှာ နေရာအလွတ်ဖြစ်နေသည်ကို ကြည့်နေကြသည်။

ထိုအချိန်တွင် ရှီမာယူယန်၏ အပြုံးသည် အေးစက်သွားတော့သည်။

All Chapters