← Chapters

အခန်း (၁၁၉)

Vol. 12 Ch. 119

အခန်း (၁၁၉)

Vol. 12 Ch. 119

119 03

ဧကရာဇ်၏ တုံ့ပြန်မှုက မျှော်လင့်မထားသော အရာ ဖြစ်သည်။

လော့ရှင်းယွမ်သည် သူ စကားမဆုံးမီ ဖြတ်ပြောလိုက်သည်။ အေးစက် စွာ ပြောသည်။ “ဒီကိစ္စကို နောက်ဆို ထပ်အစီရင်ခံစရာ မလိုတော့ဘူး။ အားယွင် သခင်မလေးရဲ့ အေးချမ်းမှုကို မနှောင့်ယှက်ပါနဲ့”

လက်ကို မြှောက်၍ သူ့ကို ဆုတ်ခွာရန် အမိန့်ပေးသည်။

ကျိုးရွှမ်ယွီသည် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ အလွန် အံ့အားသင့် ပြီး စိတ်ထဲ ရှုပ်ထွေးမှု အပြည့်ဖြင့် ဆုတ်ခွာသွားသည်။

လော့ရှင်းယွမ်သည် အားယွင်၏ တည်နေရာကို စိတ်ထဲ မထားတော့ပေ။ ဒီနေ့ကို ပုံမှန်အတိုင်း ကုန်ဆုံးစေသည်။ နောက်တစ်နေ့တွင် ပုံမှန်အတိုင်း စောစော ထ၍ နန်းတော်သို့ ပွဲတော် တက်သည်။ မေဝမ့်ရှူး ခွင့်တိုင်၍ ပွဲတော် မတက်သည်ကို မြင်သောအခါ သူ့ကို ရှောင်နေမှန်း သိသည်။ ပြုံးလိုက်ပြီး လျစ်လျူရှုလိုက်သည်။ ပွဲတော် ပြီးနောက် အမတ်များကို ခေါ်ယူ၍ ကိစ္စများ ဆွေးနွေးသည်။ လျှောက်လွှာများကို တစ်နာရီလုံးလုံး စစ်ဆေးနေလိုက်သည်။

လက်ထဲတွင် လျှောက်လွှာကို ဖြည်းဖြည်းချင်း စစ်ဆေးနေစဉ် တစ်နေကုန် လျစ်လျူရှုထားသော အတွေး တစ်ခုသည် လျှပ်တစ်ပြက် အတွင်း ဦးနှောက်ထဲသို့ ရုတ်တရက် ရောက်လာသည်။ ကောင်းကင် ပြာပြာမှ လျှပ်စီးလက် သကဲ့သို့ ဖြစ်သွားသည်။ သူသည် လက်အောက် တစ်ချက် ရပ်သွားသည်။ နီရဲသော စုတ်တံသည် လျှောက်လွှာ ပေါ်တွင် ရှည်လျားသော အစင်းကြောင်း တစ်ခုကို ဖန်တီးလိုက်သည်။

“မကောင်းတော့ဘူး!” (ဟုတ်ပါပြီ မေအမတ်က တစ်ကွက် သာသွားပါပြီ)

ကျစ်ချန်နန်းဆောင်သို့ ကျိုးရွှမ်ယွီကို အရေးပေါ် ခေါ်ယူသည်။

မနေ့က အားယွင် သခင်မလေးကို တွေ့ရှိခဲ့ပုံကို အသေးစိတ် နားထောင်ပြီးနောက် လော့ရှင်းယွမ်သည် စားပွဲရှည် နောက်တွင် ထိုင်နေသည်။ မျက်ခုံးနှင့် မျက်လုံးသည် မှောင်မိုက် နေပြီး ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။

“ကောင်းကင် နေသာချိန် နေ့လယ်ခင်းမှာ အားယွင် သခင်မလေးက မြင်သာတဲ့ ပန်းဖြူ တစ်ခက်ကို ကိုင်ဆောင်ကာ မြို့တော်မှာ လူအများဆုံး ဖြစ်တဲ့ တော်ဝင်မြို့တော်လမ်းမကို ဖြတ်လျှောက် သွားတယ်”

“မင်း မနေ့က အနားယူ တဲ့နေ့ ဖြစ်တယ်။ တော်ဝင်လမ်းမ နံဘေးက စားသောက်ဆိုင်မှာ အရက် သောက်နေတယ်။ အားယွင် သခင်မလေးကို မြင်ခဲ့တယ်။ စိတ်လှုပ်ရှားစွာ နောက်ကလိုက်ပြီး စိတ်လှုပ်ရှားစွာ နန်းတော်ကို သတင်း ပို့ခဲ့တယ်”

မီးရောင် စုံလင်သော နန်းတော် အတွင်းတွင် လော့ရှင်းယွမ်သည် ကျယ်ပြန့်သော နဂါးပလ္လင် နောက်သို့ မှီထားသည်။ လက်ကို မြှောက်၍ လက်ဖဝါးနောက်ဘက်ဖြင့် မျက်လုံးကို ကွယ်ထားသည်။

အချိန် အတော်ကြာပြီးနောက် အေးစက်သော အပြုံးတစ်ခု ပြုံးသည်။ “ကျိုးရွှမ်ယွီ၊ မင်း ကိုယ့်ကိုကိုယ် တော်တယ်လို့ ထင်ခဲ့တာ။ ဒီတစ်ခေါက် တခြားသူတွေက ကျန်းကို စမ်းသပ် ဖို့အတွက် မင်းကို လှေ အဖြစ် သုံးခဲ့တာကို မင်း မသိလိုက်ဘူး”

*** *** ***

119 04

မေဝမ့်ရှူးသည် ဒီနေ့ အိမ်တွင် ပုန်းအောင်း နေသည်။

ရှေ့မှ စာရွက်အလွတ်ပေါ်တွင် တည့်တည့်မတ်မတ် လှပသော ရေးသားမှု အနည်းငယ်ကို ရေးထားသည်။

နန်းတော်က မနေ့က ကျိုးရွှမ်ယွီ ပေးပို့သော သတင်းကို ရရှိခဲ့သော်လည်း နောက်ကျ နေသည်။ မြို့တော် တောင်ဘက် ထျန်းရွှေ လမ်းကြားသို့ လူလွှတ်၍ ကြည့်ရှုခြင်း မရှိသလို အားယွင် သခင်မလေးကို နန်းတော်သို့ အလျင်အမြန် ခေါ်ယူခြင်းလည်း မရှိပေ။

စာရွက်ပေါ်တွင် ပထမဆုံး စာကြောင်းကို ဝံပုလွေအမွေး စုတ်တံဖြင့် ရေးထားသည်။ “အကြိမ်ပေါင်းများစွာ ပြောခဲ့ တယ်။ မမေ့နိုင် ဘူးဆိုတာ မေမိသားစုရဲ့ ဝမ်းကွဲညီမ ကို တွေ့ချင်တာ”

သူမသည် နီရဲသော စုတ်တံကို ကောက်ကိုင်ပြီး ကြက်ခြေခတ် တစ်ခု ဆွဲလိုက်သည်။

ပြဒါးနီကို တို့၍ ရေးချလိုက်သည်။ “ညာပြောတာ။ အားယွင်ကို မတွေ့ချင်ဘူး”

ဒုတိယ စာကြောင်းမှ ဝံပုလွေ အမွေး စာလုံးငယ်များ၊ “အပန်းဖြေအိမ်တော်မှာ ဝမ်းကွဲညီမကို ဆုချမယ်လို့ ပြောခဲ့တယ်။ မြို့တော်ကို ပြန်ရောက်တော့ ဘာမှ မလှုပ်ရှားတော့ဘူး”

ပြဒါးနီကို တို့၍ ထပ်မံ ရေးချလိုက်သည်။ “ဆင်ခြေ။ တမင် မျက်နှာချင်းဆိုင် ပြောဆိုပြီး ငါ့ရဲ့တုံ့ပြန်မှုကို စမ်းသပ်တာ”

ဝံပုလွေအမွေးစုတ်တံကို ပြန်ကောက်ကိုင်ပြီး ထပ်မံ ရေးသည်။ “သူက အားယွင်ကို သွား မရှာဘူး။ ဘာလို့လဲဆိုတော့ သူ ကြိုသိနေတာ။ မေမိသားစု အပန်းဖြေအိမ်တော်မှာ ရေပူစမ်းထဲ ကျတာ၊ ရေထဲမှာ သူ့ကို ပတ်သက် ခဲ့တဲ့သူက အားယွင် မဟုတ်ဘူး”

မေမိသားစု အပန်းဖြေအိမ်တော်တွင် ဧည့်ခံပွဲ ကျင်းပသည့် ညတွင် ကိုယ့်ကိုကိုယ် အရက်မူးအောင် သောက်ပြီး အခန်းထဲသို့ ခေါ်သွင်းခဲ့သည်။

တောင်တက်သည့်နေ့တွင် အားယွင်ကို စေလွှတ်လိုက်သည်ဟု အကြောင်းပြပြီး ကိုယ့်ကိုကိုယ် ခေါ်ဆောင်သွားသည်။

ထိုည ရေပူစမ်း ကန်ဘေးတွင် နေရာတိုင်း တိုက်ဆိုင်မှုများ… ဖက်၍ ရေထဲသို့ ကျစေသည်။

ရေကန်ထဲတွင် စကားလုံး တစ်လုံးချင်းစီဖြင့် ဖိအားပေး၍ ကိုယ်တိုင် စကားပြောရန် အတင်းအကျပ် လုပ်ခဲ့သည်။

ကိစ္စ အားလုံးသည် တိုက်ဆိုင်မှု မဟုတ်ပေ။

တမင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

119 05

သူမသည် စုတ်တံကို ချလိုက်သည်။ ထရပ်၍ ပြတင်းပေါက် ကို ဖွင့်သည်။ မြက်ပင်များ ကြီးထွား၍ ငှက်ကလေးများ ပျံဝဲ နေသော နွေဦးလလယ်၏ စည်ကားသော ခြံဝင်းကို ကြည့်ရင်း နက်ရှိုင်းစွာ ဖိနှိပ်ထားသော သက်ပြင်း တစ်ချက်ကို ရှိုက်ထုတ်လိုက်သည်။

တကယ်တော့ ရေပူစမ်း အပန်းဖြေအိမ်တော် မှာတည်းက...

သူ သိနေခဲ့ပြီ။

ရုတ်တရက် စိတ်သည် မှေးမှိန် သွားသည်။ နွေဦးကာလ၏ ခြံဝင်းအပြည့် မြင်ကွင်းကို ကြည့်နေသော်လည်း ဘာမှ မမြင်ရသကဲ့သို့ ဘာမှ စဉ်းစားလို့ မရတော့ပေ။

တစ်ဝက်ပွင့် နေသော ပြတင်းပေါက် အပြင်ဘက်မှ ရုတ်တရက် မရေမရာသော အလျင်အမြန် ခြေသံများ ကြားလာရသည်။ သူမကို အတွေးလွန်နေသည့် အခြေအနေမှ နိုးထစေသည်။

ခဏကြာပြီးနောက် ချန်အဘိုးကြီး အလျင်အမြန် လာနေသည်။ တံခါးကို ခေါက်၍ အပြင်ဘက် ခြံဝင်းမှ သတင်းကို အသိပေးသည်။

“သခင်မ အမြန်ဆုံး အမတ်ဝတ်စုံ ဝတ်ဆင်ပါ”

“နန်းတွင်းမှ ရှောင်ကွေ့ယွမ် ရောက်လာပြီ။ အရှင်မင်းကြီးရဲ့ နှုတ်မိန့်တော်ကို သယ်ဆောင် လာပါတယ်။ သခင်မကို နန်းတော်သို့ ချက်ချင်း ခေါ်ယူလိုက်ပါတယ်”

*** *** ***

All Chapters