← Chapters

အခန်း (၁၂၇)

Vol. 13 Ch. 127

အခန်း (၁၂၇)

Vol. 13 Ch. 127

127 01

အခန်း 127

မေဝမ့်ရှူးသည် လဝက်အတွင်း ပထမဆုံးအကြိမ် နန်းတော်သို့ ဝင်လာခဲ့သည်။

ကံမကောင်းစွာဖြင့် ဟယ်မင်းသမီးက သူမကို လမ်းတွင် တားဆီးနေသည်နှင့် တည့်တည့်တိုးသည်။

ဟယ်ဦးရီးတော် ဖမ်းဆီးခံရပြီး ထောင်ကျပြီးနောက် ဟယ်မျိုးနွယ်စုသည် ပြိုလဲသွားသည်။ တော်ဝင်ဆွေမျိုးများ၏ ကြွယ်ဝသော၊ မာနကြီးသော အငွေ့အသက်များသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

မြို့စားမင်းသမီးဘွဲ့သည် ရှိနေသေးသော်လည်း နန်ဟယ်မင်းသမီး ဟယ်ကျားယွမ်၏ ဆိုးသွမ်းသော စရိုက်သည် အရင်ကနှင့်စာလျှင် အလွန် လျော့နည်းသွားခဲ့သည်။ (TN: မြို့စားမင်းသမီးဆိုတာက မင်းသမီးအစစ်လောက် အဆင့်အတန်း မမြင့်ပါဘူးနော်။ ရာထူးက တစ်ဆင့်နိမ့်ပါတယ်)

“မေအမတ်၊ ကျွန်မ စဉ်းစားလို့မရတော့ဘူး။ အမတ်ကိုပဲ လာရှာရတော့မယ်” ဟယ်ကျားယွမ်သည် ရှေ့တွင် တားဆီးရပ်လျက် ရှိုက်ကြီးတငင် ငိုကြွေးရင်း မျက်ရည်များကို သုတ်နေသည်။

“အဲဒီ ယွီပဉ္စမအဆင့် အရာရှိက အမတ်နဲ့ အိမ်ဟောင်းက သိတဲ့သူလို့ ကြားတယ်။ သူက အသက် ၂၈ နှစ်ရှိပြီ။ ကျွန်မ သူ့ကို လုံးဝ လက်မထပ်ချင်ဘူး။ မေအမတ်၊ ကျေးဇူးပြုပြီး ဧကရာဇ်မင်းကြီးရှေ့မှာ ကျွန်မအတွက် စကားကောင်းလေး ပြောပေးပါ။ ကျွန်မ ဝက်ကိုဖြစ်ဖြစ် ခွေးကိုဖြစ်ဖြစ် လက်ထပ်ပါ့မယ်။ ကျွန်မကို မြို့တော်မှာပဲ နေခွင့်ပေးပါ၊ မိုင်ပေါင်း ထောင်ချီဝေးတဲ့ ငှက်တောင် ဥမချတဲ့ အရပ်ကို မပို့ပါနဲ့!”

မေဝမ့်ရှူးသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပြုံးလျက် နားထောင်နေရင်း စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။

ငှက်တောင် ဥမချတဲ့ အရပ် ဆိုတာ... သူမရဲ့ မွေးရပ်မြေ ဖြစ်သည်။

သူမသည် စိတ်ရှည်လက်ရှည် ရှင်းပြသည်။ “ဟဲတုန်း လင်ချွမ်က မိုင်ပေါင်း ထောင်ချီ ဝေးကွာပေမဲ့ ငှက်တောင် ဥမချတဲ့ တောမြေတော့ မဟုတ်ပါဘူး။ အဲဒီမှာ တောင်တွေရှိတယ်၊ ရေတွေရှိတယ်၊ ရှုခင်းတွေ လှပပြီး ရှန်ဟိုင်းတောင်ပိုင်းက မြစ်ငယ်လေးလို သာယာတယ်လို့တောင် နာမည်ရတယ်”

ဟယ်ကျားယွမ် “... ...”

သူမသည် နောက်ဆုံးတွင် သတိဝင်လာပြီး အလျင်အမြန် စကားကို ပြောင်းလိုက်သည်။

“ဟုတ်ပါတယ်။ လင်ချွမ်က မေအမတ်ရဲ့ မွေးရပ်မြေလည်း ဖြစ်ပါတယ်။ ကျွန်မ တမင်ပြောတာ မဟုတ်ပါဘူး။ ခုနက စိတ်တိုပြီး စကားမှားသွားတာပါ...”

မေဝမ့်ရှူးသည် သက်ပြင်းချလိုက်သည်။ “ကိစ္စမရှိပါဘူး။ အကျင့်ဖြစ်နေပါပြီ”

ဟယ်မင်းသမီးသည် မျက်လုံးများ နီရဲပြီး ရောင်ရမ်းနေကာ သနားစရာ ကောင်းလောက်အောင် ငိုနေသည်ကို မြင်သောအခါ ပြောလိုက်သည်။ “ကျွန်တော်လည်း အခုပဲ ဧကရာဇ်ကို ဖူးတွေ့ဖို့ သွားမှာပါ။ မင်းသမီး ဒီလက်ထပ်ပွဲကို တကယ် မလိုချင်ဘူးဆိုရင် အတူတူ သွားကြတာပေါ့”

ဟယ်မင်းသမီး စောင့်နေသည့် စကားမှာ ဒါပဲ ဖြစ်၍ အလျင်အမြန် လိုက်ပါသွားသည်။

ယနေ့ ဧကရာဇ်နှင့် တွေ့ဆုံမည့်နေရာမှာ ပိုင်စစ်ခန်းမ ဖြစ်သည်။

လော့ရှင်းယွမ်သည် ဧကရာဇ်စားပွဲနောက်တွင် မြင့်မားစွာ ထိုင်နေပြီး လှုပ်ရှားမှု ကြားသောအခါ အမိန့်တော်များ ရေးမှတ်နေသည့် ဝံပုလွေမွေးစုတ်တံကို ချလိုက်သည်။

127 02

မေဝမ့်ရှူးနှင့် ဟယ်ကျားယွမ်တို့ အတူလာသည်ကို မြင်သော်လည်း အံ့ဩခြင်းမရှိဘဲ သဘောကောင်းသော အမူအရာဖြင့် ဆိုသည်။ “ဟယ်ညီမဝမ်းကွဲ ဒီနေ့ ရောက်လာတာ ကွက်တိပဲ။ ထိုင်ဖို့ နေရာပေးလိုက်”

ဟယ်ကျားယွမ်သည် လမ်းတစ်လျှောက်လုံး ရှိုက်ကြီးတငင် ငိုကြွေး တိုင်တန်းလာသော်လည်း ပိုင်စစ်ခန်းမ အတွင်းသို့ ဝင်လာသည်နှင့် တိတ်ဆိတ်သွားသည်။

စည်းကမ်းတကျ ရှေ့သို့ တက်၍ အရိုအသေပေး၊ ကျေးဇူးတင်ပြီးနောက် ချပေးသော ကုလားထိုင်ပေါ်တွင် ခေါင်းငုံ့ကာ ထိုင်လိုက်သည်။ စကားတစ်ခွန်းမှ ထပ်မပြောတော့ပေ။

မေဝမ့်ရှူးလည်း ထိုင်ခုံအတွက် ကျေးဇူးတင်စကား ဆိုပြီး မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။

လော့ရှင်းယွမ်၏ အကြည့်သည် အထက်မှ အောက်သို့ ကျရောက်ပြီး သူမကို အပေါ်အောက် အသေအချာ ကြည့်သည်။ “မျက်နှာအသွင်အပြင် ကောင်းလာတယ်။ ရွှယ်ချင့် စံအိမ်မှာ ကောင်းကောင်း အနားယူခဲ့တာကိုး”

“ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ ဘာကိစ္စမှ အနှောင့်အယှက် မရှိတော့ ကောင်းတာပေါ့” မေဝမ့်ရှူးသည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ စိတ်အေးလက်အေး ဆိုသည်။ “လင်အမတ်ရဲ့ အရေးပေါ်စာကြောင့် ရုတ်တရက် ခေါ်ယူခံရတာကတော့ နည်းနည်း ရုတ်တရက် ဆန်သွားတယ်”

လော့ရှင်းယွမ်သည် သက်ပြင်းချလိုက်သည်။ “စစ်ရှီက မင်းကို သွားတွေ့ပြီး မကြာခင်မှာပဲ သူကိုယ်တိုင် ဖျားနာသွားတယ်ဆိုတာ တကယ်ကို မထင်မှတ်တဲ့ ကိစ္စပဲ”

မေဝမ့်ရှူးသည် အနည်းငယ် ပြုံးလိုက်သည်။ “ကျွန်မ ခုနက တိုင်းပြည်ရေးရာရုံးတော်မှာ လုပ်ဖော်ကိုင်ဖက် တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ပြောတာက လင်အမတ်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းကတင် စိတ်ဓာတ် ထက်မြက်၊ မျက်နှာအသွင်အပြင် ကောင်း၊ အသံဩဇာ ကောင်းနေတာပဲ။ ဖျားနေတဲ့ ပုံမပေါ်ဘူးလို့ ဆိုပါတယ်။ မထင်မှတ်ဘဲ တစ်ညတည်းနဲ့ ရောဂါက တောင်လို ပြိုကျသွားတယ်... တကယ်ပဲ မထင်မှတ်စရာပါပဲ”

လော့ရှင်းယွမ်သည် ခေါင်းငုံ့ကာ လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး ဘာမှ မဖြစ်သလို အကြောင်းအရာ ပြောင်းလိုက်သည်။

“ဒီရက်တွေမှာ လရောင်က အရမ်းကောင်းတယ်။ ဒါပေမဲ့ ကျန်းရဲ့ ပိုင်စစ်ခန်းမ အပေါ်ထပ်မှာ တစ်ယောက်တည်း ဝိုင်သောက်ပြီး လကို ကြည့်နေရတာ၊ အဖော်မရှိတာကတော့ နှမြောစရာပဲ”

မေဝမ့်ရှူးသည် ပြုံးရယ်လျက် တိတ်ဆိတ်နေပြီး ထိုအကြောင်းအရာကို လက်မခံဘဲ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။

“ဧကရာဇ်က စကားတစ်ခွန်းက အလေးချိန်များတယ် လို့ ပြောခဲ့ပါတယ်။ ကျွန်မကို စိတ်အေးလက်အေး အနားယူခွင့်ပေးမယ်၊ ခန္ဓာကိုယ် မသက်မသာ ခံစားရရင်၊ အနားယူခွင့် ယူထားချိန်မှာ လုံးဝ အတင်းအကျပ် ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ကျွန်မ အဲဒါကို ရင်ထဲမှာ အမြဲ မှတ်ထားပါတယ်”

လော့ရှင်းယွမ်သည် တည်ငြိမ်စွာ ဆိုသည်။ “ကတိပေးထားရင် သေချာပေါက် ကတိတည်မှာပေါ့” လက်ထဲမှ ရက်စွဲစာရင်းကို ယူ၍ လှန်ကြည့်လိုက်သည်။

စတုတ္ထလ ၁၅ ရက်နေ့၏ ရက်စွဲစာရင်းပေါ်တွင် အနီရောင် စက်ဝိုင်းဖြင့် ဝိုင်းထားသည်။

127 03

သူမရှေ့တွင် ထိုအနီရောင် စက်ဝိုင်းနေရာကို လှန်ပြပြီး လက်ညှိုးထိုးပြသည်။ “အဲဒီနေ့ကနေစပြီး ဒီနေ့အထိဆိုရင် ဆယ့်ငါးရက်တောင် ရှိနေပြီ”

သူသည် ညှိုးငယ်သော လေသံဖြင့် ဆိုပြန်၏။ “လဝက်ကြာ ရွှယ်ချင့်ကို မမြင်ရတာဟာ တစ်သက်တာ ဝေးကွာနေသလိုပဲ”

“ဒီနေ့တော့ တွေ့နေရတာပဲလေ” မေဝမ့်ရှူးသည် ရယ်မောရင်း ဆိုသည်။

လော့ရှင်းယွမ်သည် သူမကို စူးစိုက်ကြည့်ရင်း ချီးကျူးသည်။ “ဟုတ်ပါတယ်။ ဒီနေ့တော့ နောက်ဆုံး တွေ့ရပြီ”

မေဝမ့်ရှူးသည် ထင်ရှားသော ပူပြင်းသော အကြည့်ကို ရှောင်လွှဲရန် မျက်တောင်များကို မှိတ်ချလိုက်သည်။ အမြဲ ခေါင်းငုံ့ကာ စကားမပြောသော ဟယ်မင်းသမီးကို မျက်စိထောင့်ဖြင့် ကြည့်လိုက်သည်။ သူမသည် ဧကရာဇ်ရှေ့တွင် စကားတစ်ခွန်းမှ မပြောရဲသည်ကို မြင်သောအခါ စိတ်ထဲမှ သက်ပြင်းချပြီး သူမအတွက် မေးမြန်းပေးလိုက်သည်။

“ကျွန်တော် ဒီနေ့ နန်းတော်ကို လာတာ အကြောင်းရင်း နှစ်ခုရှိပါတယ်။ ပထမအကြောင်းရင်းက တိုင်းပြည်ရေးရာရုံးတော်မှာ အလုပ်များနေတယ်၊ လင်အမတ်က ဖျားနာလို့ အနားယူနေတယ်လို့ ကြားလို့ပါ။ ဒုတိယအကြောင်းရင်းက ဧကရာဇ်ရဲ့ လက်ထပ်ဖို့ အမိန့်ပေးခြင်း ကိစ္စကို ကြားလို့ပါ”

ဟယ်ကျားယွမ်သည် မျှော်လင့်ထားသည့်အတိုင်း ချက်ချင်း ခေါင်းထောင်ကြည့်လာသည်။

မေဝမ့်ရှူးသည် နူးညံ့စွာ ဆိုသည်။ “လက်ထပ်ဖို့ အမိန့်ပေးတာ နည်းနည်း လောသွားတယ်”

“နည်းနည်းတော့ လောတယ်ဆိုပေမဲ့ တကယ်တော့ ကောင်းတဲ့ လက်ထပ်ပွဲပဲ”

လော့ရှင်းယွမ်သည် ဝံပုလွေမွေးစုတ်တံကို ယူ၍ စာရေးခြစ်နေရင်း အေးအေးဆေးဆေး ဆိုသည်။ “ရွှယ်ချင့် ဒီနေ့ ရောက်လာတာ အချိန်ကိုက်ပဲ။ ကျန်း ခုနက ဟယ်ညီမဝမ်းကွဲကို ခေါ်တာလည်း ဒီကိစ္စကြောင့်ပဲ”

ပြတင်းပေါက်အပြင်ဘက်ရှိ နေနာရီကို ကြည့်ပြီး ဆိုလိုက်သည်။ “လူကလည်း လာတော့မှာပဲ”

သူ၏ အမူအရာသည် ပေါ့ပေါ့ပါးပါးနှင့် ပြုံးရယ်နေပြီး စကားပြောနေသည်မှာ တစ်စုံတစ်ခုကို ရည်ရွယ်နေသဖြင့် မေဝမ့်ရှူးသည် စိတ်ထဲ၌ သတိထားလိုက်သည်။ “ဘယ်သူ လာမှာလဲ”

“သေချာပေါက် ဒီတစ်ခါ လက်ထပ်ဖို့ အမိန့်ပေးခံရတဲ့ ငယ်ရွယ်ချောမောတဲ့ အမတ်ယွီပေါ့”

လော့ရှင်းယွမ်သည် ဟယ်မင်းသမီးကို ပြုံးကြည့်သည်။ “မင်္ဂလာကိစ္စကြီးက ကပျာကယာနဲ့ အသံတိတ် စီစဉ်လို့ မရဘူးလေ။ မင်္ဂလာမဆောင်ခင် နှစ်ဦးသား တွေ့ဆုံသင့်တယ်”

ဟယ်ကျားယွမ်သည် ထိုင်ခုံပေါ် ထိုင်နေရင်း မျက်နှာပေါ်တွင် ချီတုံချတုံ ဖြစ်နေသော အမူအရာ ပေါ်လာသည်။

မေဝမ့်ရှူးသည် ခေတ္တမျှ တိတ်ဆိတ်နေပြီး ထရပ်ကာ ပြန်ထွက်ခွင့် တောင်းသည်။ “ကျွန်တော် အမတ်ယွီကို တွေ့ဖို့ အဆင်မပြေဘူး”

ဟယ်ကျားယွမ်သည် အံ့အားသင့်သွားသည်။

127 04

“ဘယ်လို... ဘယ်လိုလုပ်...” ဧကရာဇ်ရှေ့တွင် ကျန်နေသည့် စကားတစ်ဝက်ကို မပြောရဲဘဲ အတင်းမျိုချလိုက်သည်။

လော့ရှင်းယွမ်သည် စိတ်ရှည်လက်ရှည် ရှင်းပြသည်။ “ဘာလို့လဲဆိုတော့ မေအမတ်ရဲ့ ညီမက အရင်က အမတ်ယွီနဲ့ စေ့စပ်ဖို့ စီစဉ်ဖူးတယ်။ အကြောင်းကြောင်းကြောင့် ကောင်းတဲ့ကိစ္စ မဖြစ်မြောက်ခဲ့ဘူး။ ရွှယ်ချင့်က အမတ်ယွီကို ထပ်မတွေ့ချင်တော့ဘူး”

သူသည် ဧကရာဇ်စားပွဲ ဘေးဘက်သို့ လက်ညှိုးထိုးပြပြီး ဤတစ်ကြိမ်တွင် မေဝမ့်ရှူးကို ပြောသည်။

“ပြန်ဖို့ မလောပါနဲ့။ မင်းအတွက် ဝါးကန့်လန့်ကာကို ကြိုတင် ပြင်ဆင်ထားပြီးပါပြီ။ ကန့်လန့်ကာကို ချလိုက်ပါ”

အချို့သော ကုန်းကုန်းငယ်များသည် အတူတကွ ပူးပေါင်းကာ လိပ်ထားသော ကန့်လန့်ကာကို ချလိုက်ကြသည်။ နှစ်ပေအကျယ်ရှိသော ကန့်လန့်ကာသည် လုံခြုံသော နေရာတစ်ခုကို ဖန်တီးပေးသည်။ ပြီးနောက် ကုလားထိုင်တစ်လုံးကို ဧကရာဇ်စားပွဲဘေးတွင် ဘေးတိုက် ချထားပေးသည်။

လော့ရှင်းယွမ်၏ အသံထဲတွင် ရယ်သံ ပါလာသည်။ “လာထိုင်ပါ၊ မေအမတ်”

မေဝမ့်ရှူးသည် တိတ်ဆိတ်စွာပင် ကျောက်သားခြေနင်းပေါ်သို့ တက်ကာ ဝါးကန့်လန့်ကာ နောက်တွင် နေရာယူ ထိုင်လိုက်သည်။

ဟယ်ကျားယွမ်သည် ထိုင်နေရာတွင် ခေတ္တမျှ ငိုင်နေပြီးနောက် မျက်ရည်များ ပန်းကန်လုံးကဲ့သို့ စီးကျလာသည်။

“မေအမတ်ရဲ့ ညီမ မယူချင်တဲ့ ပစ္စည်းကို ဘာလို့ ကျွန်မကို တွန်းပို့ရတာလဲ”

ငယ်စဉ်ကတည်းက ချစ်ခင်ကြင်နာမှုဖြင့် ကြီးပြင်းလာသော ဆယ်ကျော်သက် မင်းသမီး၏ ဒေါသသည် ထွက်ပေါ်လာသည်။ သူမသည် မျက်နှာကို လက်ဖြင့် အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးသည်။ “ကျွန်မလည်း မလိုချင်ဘူး ကျွန်မ...”

ငိုကြွေးသံ မဆုံးမီ တံခါးအပြင်ဘက်မှ ကျယ်လောင်သော အသံဖြင့် အသိပေးလိုက်သည်။

“ဟဲတုန်းလမ်း ထုန်ဖန် ယွီချန်ရှီ ဖူးတွေ့ရန် ရောက်ရှိပါပြီ”

ယွီချန်ရှီသည် အသစ်စက်စက် အရာရှိဝတ်စုံကို ဝတ်ဆင်၍ ခန်းမထဲသို့ ခြေလှမ်းဝင်လာသည်။

သူ ဖမ်းဆီးခံရသည့် နေရာမှ လွတ်လာပြီးနောက် မြို့တော်တွင် ရက်အတော်ကြာ နေခဲ့သည်။ တစ်စုံတစ်ဦးက သူ့ကို ချိုသာစွာ နှစ်သိမ့်ပေးပြီး နေ့စဉ် ကောင်းမွန်သော အစားအသောက်များကို ကျွေးမွေးခဲ့သဖြင့် သူသည် စိတ်မပူပန်တော့ဘဲ မျက်နှာ အသွင်အပြင်သည် လွန်ခဲ့သောလက ဖမ်းဆီးခံရချိန်ကထက် ပိုကောင်းလာသည်။ ပထမဆုံးအကြိမ် နန်းတော်သို့ ဝင်ရောက်စဉ်ကလိုလည်း တင်းမာမှု မရှိတော့ပေ။

ခန်းမအပြင်ဘက်တွင် နေရောင်ခြည်သည် ကွက်တိ ထိုးကျနေသဖြင့် သူ၏ သန့်ရှင်းပြီး ချောမောသော မျက်နှာများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ဟယ်ကျားယွမ်သည် မူလက စိတ်ဆိုးနေသော်လည်း ထိုသူကို ကိုယ်တိုင် မြင်လိုက်ရသောအခါ ငိုကြွေး တိုင်တန်းနေသော အသံ ရုတ်တရက် ရပ်တန့်သွားသည်။

127 05

ရှိုက်သံကတော့ ချက်ချင်း မရပ်နိုင်သေးဘဲ လည်ချောင်းထဲတွင် တစ်ချက် ဆို့သွားသည်။ ထိုနေရာတွင် ရှိသူတိုင်း ကြားလိုက်ရသည်။

ယွီချန်ရှီသည် မျက်ခုံးမွှေးများနှင့် မျက်လုံးများကြားတွင် ရှက်ရွံ့မှု အရိပ်အယောင် ပေါ်လာသည်။

ဝင်လာစဉ်က မြို့စားမင်းသမီး၏ ငိုသံကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။ ဧကရာဇ်ရှေ့တွင် မယဉ်မကျေး မဖြစ်စေရန် ခေါင်းကို ငုံ့ကာ ကျောက်သားခြေနင်းအောက်၌ ဒူးထောက်၍ အရိုအသေပေးသည်။

လော့ရှင်းယွမ်သည် သူ့ကို ဦးညွှတ်ခြင်းမှ ကင်းလွတ်စေပြီး ဟယ်ကျားယွမ်၏ မျက်နှာချင်းဆိုင်သို့ လက်ညှိုးထိုးကာ အမိန့်ပေးသည်။ “ထိုင်ဖို့ နေရာပေးလိုက်”

ထို့နောက် ဟယ်ကျားယွမ်ကို လက်ညှိုးထိုးပြီး ယွီချန်ရှီကို သဘောကောင်းသော အမူအရာဖြင့် ဆိုသည်။ “ဒီသူက နန်ဟယ်မင်းသမီး၊ ကျန်း မိခင်ဘက်က ညီမဝမ်းကွဲပါ။ ငယ်စဉ်ကတည်းက နန်းတော်မှာ ကြီးပြင်းလာလို့ စိတ်ဆိုးတတ်ပေမဲ့ လူကောင်း တစ်ယောက်ပါ”

ထိုင်လိုက်သောအခါ နှစ်ဦးသားသည် မျက်နှာချင်းဆိုင် ဖြစ်နေပြီး အကွာအဝေး အနည်းငယ်သာ ရှိသည်။ ဖုံးကွယ်ထားခြင်းလည်း လုံးဝ မရှိပေ။

ယွီချန်ရှီသည် ခိုးကြောင်ခိုးဝှက်ဖြင့် တစ်ဖက်သို့ ကြည့်လိုက်သည်။

မြို့တော်မှ ရွှေအကိုင်းအခက်နှင့် ကျောက်စိမ်းရွက်ကဲ့သို့ ကြီးပြင်းလာသော၊ လှပနူးညံ့သော မင်းသမီးသည် ခုနကမှ ငိုထားသဖြင့် နှာခေါင်းထိပ် နီရဲနေပြီး သနားစရာ ကောင်းပြီး ချစ်စရာ ကောင်းပုံရသည်။

မေအမတ်၏ ညီမနှင့် လုံးဝ ကွဲပြားသော အမျိုးအစားဖြစ်သည်။

သူသည် ဤဘဝတွင် မေအမတ်၏ ညီမကိုသာ လက်ထပ်မည်ဟု ထင်ခဲ့သော်လည်း ကံကြမ္မာ အကြောင်းမလှ၍ အိမ်ထောင်ရေးကို လွဲချော်ခဲ့ရသည်။

မြို့တော်၌ ဖမ်းဆီးခံနေရသည့် ကာလအတွင်း ညတိုင်း အိပ်မပျော်ဘဲ မျက်ရည်ကျကာ သူ့၏ အိမ်ထောင်ရေးကံ ကြမ္မာသည် ပြတ်တောက်သွားပြီဟု မြည်တမ်းခဲ့ရသည်။

မထင်မှတ်ဘဲ ကံကောင်းထောက်မစွာဖြင့် အပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ပြီး ဧကရာဇ်ကိုယ်တိုင် ကြားခံ၍ ဧကရာဇ်၏ မိခင်ဘက်မှ ညီမဝမ်းကွဲ၊ ဂုဏ်သရေရှိ နန်ဟယ်မင်းသမီးနှင့် လက်ထပ်ရန် စီစဉ်ပေးခဲ့သည်။

ဤအိမ်ထောင်ရေးသည် သူ၏ ရှေးဘဝက ကုသိုလ်ကြောင့် ရရှိခဲ့သော စစ်မှန်သော ကံကြမ္မာ ဖြစ်နိုင်ပါမည်လား။

သူသည် ရှက်ရွံ့စွာ ထရပ်သည်။ “ကျွန်တော်မျိုးရဲ့ နောက်ခံက သာမန်ပါ။ မွေးရပ်မြေမြေကလည်း မိုင်ပေါင်း ထောင်ချီ ဝေးကွာပါတယ်။ မင်းသမီးက ဝေးလံတဲ့ အရပ်ကို လက်ထပ်ရတာ စိတ်ဆင်းရဲမယ်ဆိုရင်... ကျွန်တော်မျိုး မင်းသမီးကို ဒုက္ခမပေးရဲပါဘူး”

လော့ရှင်းယွမ်သည် အသံကို နှိမ့်ချပြီး တဖြည်းဖြည်း ချော့မော့သည်။ “ချန်ရှီရဲ့ စကားအရဆိုရင် ကျန်းရဲ့ ညီမဝမ်းကွဲသာ ဆန္ဒရှိမယ်ဆိုရင် မင်းဘက်ကလည်း သဘောတူတယ်လို့ ဆိုလိုတာလား”

ဧကရာဇ်သည် သူ့နာမည်ကို ခေါ်သဖြင့် ပိုမို ရင်းနှီးကြောင်း ပြသနေသဖြင့် ယွီချန်ရှီသည် ဝမ်းသာအားရ ဖြစ်ကာ အလျင်အမြန် ထရပ်လျက် တုံ့ဆိုင်းနေရင်း ဖြေသည်။ “ကျွန်တော်မျိုးက အဆင့်အတန်း မမီတာပါ။ မြို့စားမင်းသမီးရဲ့ ဆန္ဒကို ကြည့်ရဦးမှာပါ”

“အဆင့်အတန်းမီ မမီတော့ မဟုတ်ပါဘူး။ ဒီတစ်ခါ ချန်ရှီကို ဖမ်းဆီးပြီး မြို့တော်ကို ခေါ်လာခဲ့တာက နားလည်မှု လွဲမှားတာပါ။ ချန်ရှီက စိတ်ဆင်းရဲခဲ့ရတယ်၊ မွေးရပ်မြေမှာလည်း မင်းရဲ့ အိမ်ထောင်ရေးကို နှောင့်နှေးခဲ့ရတယ်။ ကျန်း နောင်တ ရမိတယ်။ မင်းတို့နှစ်ဦးစလုံး ရုပ်ရည်ချင်း လိုက်ဖက်တာကို မြင်တော့ ကောင်းမွန်တဲ့ လက်ထပ်ပွဲတစ်ခုကို စီစဉ်ပေးချင်တာပဲ”

127 06

လော့ရှင်းယွမ်သည် ညှင်သာစွာ ဆိုသည်။ “ဟုတ်ပါတယ်။ မင်းတို့ အချင်းချင်း ဆန္ဒမရှိဘူး ဆိုရင်လည်း မင်းတို့ကို မပျော်မရွှင်တဲ့ ဇနီးမောင်နှံဖြစ်အောင် ကျန်း အတင်းအကြပ် မလုပ်ချင်ပါဘူး။ ဒါကြောင့် ဒီနေ့ မင်းကို မေးတာပါ။ မင်း ဆန္ဒမရှိရင် တိုက်ရိုက် ပြောပါ။ ကျန်း အပြစ်မတင်ဘူး”

ယွီချန်ရှီသည် မျက်နှာနီရဲသွားသည်။ “ဧကရာဇ် စီစဉ်သမျှကိုသာ လိုက်နာပါမယ်”

ဟယ်ကျားယွမ်သည် ခေါင်းငုံ့ပြီး ခြင်တောင် မကြားနိုင်သည့် အသံဖြင့် ဖြေသည်။ “ဧကရာဇ် စီစဉ်သမျှကိုသာ လိုက်နာပါမယ်”

“ကောင်းပြီ၊ ဒါဆို ကျန်းရဲ့ မင်္ဂလာပွဲ စီစဉ်ပေးသူအလုပ် ပြီးမြောက်သွားပြီ ထင်တယ်” လော့ရှင်းယွမ်သည် အလွန် ကျေနပ်စွာ လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး ပေါ့ပေါ့ပါးပါး အမိန့်ပေးသည်။ “ထွက်သွားကြတော့”

နှစ်ဦးသား ပြန်ထွက်သွားပြီးနောက် လော့ရှင်းယွမ်သည် ဆူးဟွေ့ကျုံးကို လူအားလုံးကို ခန်းမအပြင်သို့ ခေါ်ထုတ်သွားရန် အမိန့်ပေးသည်။

သူကိုယ်တိုင် ဧကရာဇ်စားပွဲနောက်မှ ထရပ်ကာ ဝါးကန့်လန့်ကာကို ကိုယ်တိုင် လှန်လိုက်သည်။

“ဒီနေ့ ရွှယ်ချင့် ရောက်လာတာ အချိန်ကိုက်ပဲ။ မင်းကို ကောင်းမွန်တဲ့ ပြဇာတ်တစ်ခု ကြည့်ခွင့်ရစေတယ်”

မေဝမ့်ရှူးသည် ကန့်လန့်ကာ နောက်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။

အချိန်အတော်ကြာမှ မေးသည်။ “ဒီနေ့ ကျွန်တော် နန်းတော်ကို ဝင်လာမယ်ဆိုတာကို ဧကရာဇ် သိလို့ တမင်တကာ သူတို့ကို ခေါ်လာတာလား”

လော့ရှင်းယွမ်သည် သဘာဝအတိုင်းပင် ဆိုသည်။ “သေချာတာပေါ့။ သူက ရွှယ်ချင့်ရဲ့ မွေးရပ်မြေမြေက မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ပြီး ရွှယ်ချင့်က သူ့ကို ဂရုစိုက်ဖို့ ကိုယ်တိုင် မှာကြားခဲ့တယ်။ ဒီနေ့ မင်း သူ့ကို မျက်နှာချင်းဆိုင် တွေ့လိုက်ရတော့ သူ့မျက်နှာအသွင်အပြင် ကောင်းတဲ့အပြင် စိတ်ရော ကိုယ်ပါ လန်းဆန်းနေတာကို တွေ့ရတယ်။ ဒါဆို ကျန်း ဒီရက်တွေမှာ သူ့ကို မနှိပ်စက်ခဲ့ဘူးဆိုတာ သိနိုင်ပြီလေ”

ပြောပြီးနောက် သူမ၏ အမူအရာကို သေချာ စောင့်ကြည့်သည်။ “ဒီတစ်ခါ ယောက်ဖက တကယ် မရှိတော့ဘူးဆိုတော့ ရွှယ်ချင့် စိတ်မကောင်းဖြစ်နေပြီလား”

မေဝမ့်ရှူးသည် ရယ်မောလိုက်သည်။ “ဘယ်ဟုတ်ပါ့မလဲ။ ဧကရာဇ် ဦးဆောင်တဲ့ ဒီလို မင်္ဂလာပွဲ အတင်းအဓမ္မ စီစဉ်ခြင်းက ကျွန်တော့်ကို စကားမပြောနိုင်အောင် ဖြစ်စေတာပါ”

“ဘယ်လို အတင်းအဓမ္မ စီစဉ်ခြင်းပဲ ဖြစ်နေပါစေ၊ သူတို့နှစ်ဦးစလုံး အချင်းချင်း စိတ်ချင်း နားလည်သွားရင် ပြီးတာပဲ” လော့ရှင်းယွမ်သည် ပျော်ရွှင်စွာ ဆိုသည်။

“သူတို့ ကိုယ်တိုင် ဆန္ဒရှိတယ်။ ကျန်းလည်း ဖူးစာနတ်ဖက်ပေးသူ အလုပ်လုပ်ပြီးပြီ။ အပိုဆောင်းအနေနဲ့ ကျန်းရဲ့ ညီမဝမ်းကွဲကို မိုင်ပေါင်း ထောင်ချီဝေးတဲ့ အရပ်ကို ပို့လိုက်နိုင်တာ မြင်ရတာလည်း စိတ်မပူရတော့ဘူး”

ပတ်ဝန်းကျင်တွင် ကုန်းကုန်းငယ်များ မရှိတော့သဖြင့် မေဝမ့်ရှူးသည် ကိုယ်တိုင် ဝါးကန့်လန့်ကာကို အပေါ်သို့ လိပ်တင်လိုက်သည်။

“ဒီဝါးကန့်လန့်ကာဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က မယ်တော်ကြီး ထိန်းချုပ်အုပ်ချုပ်စဉ်က တပ်ဆင်ခဲ့တာ မဟုတ်ဘူးလား”

“ဟုတ်တယ်” လော့ရှင်းယွမ်သည် ကန့်လန့်ကာကို ကြည့်ရင်း ခေါင်းမော့သည်။ “အဲဒီတုန်းက ခမည်းတော်က ငယ်သေးတယ်။ မယ်တော်ကြီးက ဒီကန့်လန့်ကာ နောက်ကွယ်မှာ ထိုင်ပြီး အုပ်ချုပ်ခဲ့တာ”

သူသည် ကန့်လန့်ကာကို ဆွဲကိုင်ရင်း ပြုံးသည်။ “နန်းတွင်းက အမတ်ကြီးတချို့က ငါ့ကို ကန့်လန့်ကာကို ဖျက်ပစ်ဖို့ အမြဲ တိုက်တွန်းတယ်။ ကျန်းက ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တာ။ ဒီနေ့တော့ အသုံးဝင်သွားပြီ”

ပြောနေစဉ် တံခါးအပြင်ဘက်မှ ရုတ်တရက် အသံတစ်သံ ထပ်ကြားလိုက်ရသည်။

“လင်စစ်ရှီ ကျွန်တော်မျိုးလင် အရေးပေါ် ဖူးတွေ့ရန် တောင်းဆိုပါတယ်...”

“အင်း” နှစ်ဦးသားစလုံး ရုတ်တရက် တုန်လှုပ်သွားပြီး မျက်လုံးချင်း ဆုံမိသည်။

မေဝမ့်ရှူး “...... လင်အမတ်က ဖျားနာလို့ အနားယူနေတယ် မဟုတ်ဘူးလား”

ပြောရင်း ကျောက်သားခြေနင်းပေါ်မှ ဆင်းရန် ပြင်သည်။

127 07

လော့ရှင်းယွမ်သည် ဧကရာဇ်စားပွဲဘေးတွင် ရပ်နေသည်။ သူမ သူ့ဘေးမှ လျှောက်သွားစဉ် တိတ်တဆိတ် လက်ကို ဆန့်ထုတ်ကာ ကျယ်ပြန့်သော ဝတ်စုံလက်အောက်မှ ကျောက်စိမ်းကဲ့သို့ အေးမြသော ပါးလွှာသော လက်ဖဝါးကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။ လက်သန်းသည် လက်ဖဝါးကို ဆိုးဆိုးဝါးဝါး ကုတ်ခြစ်လိုက်သည်။

လက်ဖဝါးသည် ချက်ချင်း ထိလွယ်ရှလွယ် ဖြစ်သွားကာ ကျုံ့ဝင်သွားသည်။

မေဝမ့်ရှူးသည် နောက်လှည့်ကြည့်ပြီး တည်ငြိမ်သော အသံထဲတွင် သတိပေးမှု ပါလာသည်။ “ဧကရာဇ်…”

လော့ရှင်းယွမ်သည် နီးကပ်စွာ ချဉ်းကပ်လာပြီး တိုးတိုးလေး ဆိုသည်။ “လဝက်ကြာ မတွေ့ရတာ တစ်သက်တာ ဝေးကွာနေသလိုပဲ။ ရှင်းယွမ်က ရွှယ်ချင့်ကို လွမ်းတယ်”

မေဝမ့်ရှူးသည် ပူနွေးသော အသက်ရှူသံဖြင့် လွှမ်းခြုံသွားသော နားရွက်ကို လက်ဖြင့် အုပ်လိုက်သည်။

ထိုအချိန်တွင် လင်စစ်ရှီသည် အလျင်အမြန် ဝင်ရောက်လာပြီး လေးနက်စွာ အရိုအသေပေးသည်။ “ကျွန်တော်မျိုး အရေးပေါ် ကိစ္စရှိလို့ ဖူးတွေ့ပါရစေ...”

ခန်းမထဲတွင် ကျောက်သားခြေနင်းပေါ်၌ ဘေးချင်းယှဉ် ရပ်နေသော လူနှစ်ဦးကို မြင်သောအခါ ချက်ချင်း အသံတိတ်သွားသည်။

မေဝမ့်ရှူးလည်း အသံကြားသောအခါ အံ့အားသင့်သွားသည်။

ခန်းမအပြင်ဘက်တွင် ရပ်နေသော လင်စစ်ရှီကို မြင်သည်နှင့် တပြိုင်နက် ကျယ်ပြန့်သော အရာရှိဝတ်စုံ လက်အောက်မှ မငြိမ်မသက်သော ထိုလက်ကို လျှပ်စီးလက်သလို ပစ်ချလိုက်ပြီး ကျောက်သားခြေနင်းပေါ်မှ အဆင့်အနည်းငယ် ဆင်းလာခဲ့သည်။

ပုံမှန်အမူအရာဖြင့် နဂါးပုံပါ အနီရောင်တိုင်ဘေးရှိ ကုလားထိုင်သို့ ပြန်သွားပြီး နေရာယူလိုက်သည်။

လော့ရှင်းယွမ်သည် သူ့ကို ပစ်ချလိုက်သော လက်ကို ငုံ့ကြည့်ပြီး သက်ပြင်းချကာ ဧကရာဇ်စားပွဲ နောက်သို့ ပြန်ထိုင်လိုက်သည်။ “စစ်ရှီ ဘယ်လို ရောက်လာတာလဲ”

******

All Chapters