ကပ်ဘေးအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ခြင်း
Vol. 178 Ch. 2542
တစ်ချီတိုက်ခိုက်လိုက်ပြီးနောက်တွင် ထိုက်ချူတော်ဝင်မြေ၏ တိုက်ပွဲကွန်ရက်သည် အလုံးစုံပျက်စီးသွားပြီး စွမ်းအားကြီးရန်ဟောင်များစွာသည်လည်း တစ်ဦးပြီးတစ်ဦး ကောင်းကင်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြ၏။ ယခုတွင် အန္တရာယ်ပေးနိုင်သော သူများမှာ ကပ်ဘေးအဆင့်ကျင့်ကြံသူ သုံးဦးသာကျန်လေတော့သည်။
“ချန်ယိ... အောက်ဘက်ကို စောင့်ကြည့်ထား။ တစ်ယောက်ယောက်က လှုပ်ရှားဖို့လုပ်တာနဲ့ မညှာဘဲ သတ်ပစ်လိုက်”
ရီဖူရှင်းက သူ့ဘေးရှိ ချန်ယိကို အမိန့်ပေးလိုက်၏။ အလင်းဘုံကျောင်းမှ အမွေအနှစ်ကို ရရှိထားသော ချန်ယိသည် ရန်ဟောင်အဆင့်ကျင့်ကြံသူများကြားတွင် ပြိုင်ဘက်ကင်းဟု ဆိုနိုင်သည်။ နင်ဟွာပင် သူ၏ပြိုင်ဘက်မဟုတ်ပေ။
ထိုက်ချူတော်ဝင်မြေတွင် အရည်အချင်းရှိသော ထိပ်တန်းရန်ဟောင်အဆင့်ကျင့်ကြံသူများစွာ ရှိသော်လည်း သူတို့ထဲက တစ်ဦးမှ ချန်ယိကို ထိခိုက်အောင်လုပ်ရန် မဖြစ်နိုင်ပေ။
ချန်ယိ၏ဇစ်မြစ်သည် ထူးကဲပေသည်။ သူသည် မဟာလမ်းစဉ်အလင်းခန္ဓာကို ပိုင်ဆိုင်ပြီး အလင်းကိုဆက်ခံရန် မွေးဖွားလာသူဖြစ်သည်ဟု မျက်မမြင်ချန်က ပြောခဲ့သည်။ သူသည် အမှန်ပင် အလင်းကို အမွေဆက်ခံနိုင်ခဲ့သည်။ အလင်းသားတော်အနေဖြင့် ကောင်းကင်ဒေသတွင် သူ့ကို အနိုင်ယူနိုင်သူ များစွာမရှိပေ။
ထိုက်ချူတော်ဝင်မြေတွင် သူနှင့်ယှဉ်နိုင်သည့် ရန်ဟောင်အဆင့်ကျင့်ကြံသူ တစ်ဦးပင်မရှိချေ။
ကျန်သော ကပ်ဘေးအဆင့်ကျင့်ကြံသူ သုံးဦးအတွက်မူ ရီဖူရှင်းသည် ထိုက်ချူတော်ဝင်အင်ပါယာကို တိုက်ခိုက်နေသော သခင်ချန်ကို သွားရောက်ကူညီရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ထိုက်ချူတော်ဝင်မြေ၏ ဆရာသခင်ဖြစ်၍ သူ၏သေခြင်း၊ ရှင်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ အကယ်၍ သူ လွတ်မြောက်သွားခဲ့လျှင် နောင်တွင် ရီဖူရှင်းတို့အတွက် အန္တရာယ်ရှိနိုင်၏။ ကျန်သော တိုက်ပွဲနှစ်ခုအတွက်မူ လေးယောက် နှစ်ယောက် ယှဉ်တိုက်နေကြခြင်းဖြစ်ရာ သူတို့၏နိုင်ပွဲသည် သေချာနေပြီဖြစ်သည်။ မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သူများပင် သူတို့၏တိုက်ခိုက်စွမ်းရည်ကို လက်တွေ့တိုက်ပွဲများတွင် အရောင်တင်ရဦးမည်ဖြစ်သည်။ ထိုကြောင့် ထိုတိုက်ပွဲများသည် ယင်းသို့လုပ်နိုင်ရန် အလွန်ကောင်းမွန်သော အခွင့်အရေးများဖြစ်၏။
ထို့အပြင် သူတို့အတွက် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သူများ၏ တိုက်ပွဲအတွင်း၌ ဝင်ပါရန် ခက်ခဲပေသည်။ ဝင်ပါမိလျှင် သူတို့ကိုယ်သူတို့ပင် အန္တရာယ်ဖြစ်စေနိုင်၏။
ထို့ကြောင့် ရီဖူရှင်း၏ဆုံးဖြတ်ချက်သည် ပို၍သင့်တော်ပေသည်။
ဟွာဂျီယူသည် မုရုံယွီကို သွားရောက်ကူညီကာ ဒယ်စောက်အိုး၏ ဖိနှိပ်စွမ်းအားကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်သော ကပ်ဘေးအဆင့်ကျင့်ကြံသူဆီသို့ လျှောက်သွားလိုက်၏။ ဆေးအင်ပါယာသည် သူ့နောက်ကျောဘက်တွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို သယ်ဆောင်၍ စစ်မှန်သောရေခဲဝိညာဉ်စွမ်းအားနှင့် ရေခဲနတ်ဓားကို ဝှေ့ယမ်းတိုက်ခိုက်နေသော ကပ်ဘေးအဆင့်ကျင့်ကြံသူကို တိုက်ခိုက်ရန် အင်ပါယာရှီနှင့်သွားရောက်ပူးပေါင်းလိုက်၏။ ချန်ယိနှင့် အခြားသူများမှာမူ ကပ်ဘေးအဆင့်ထက်နိမ့်သော ကျင့်ကြံသူများကို စောင့်ကြည့်နေရန် တာဝန်ပေးခံထားရ၏။
ကောင်းကင်ထက်ရှိ နေရာသုံးခုတွင် ကြီးကျယ်သော တိုက်ပွဲကြီးသုံးခုဖြစ်ပွားနေသည်။
ဟွာဂျီယူသည် မုရုံယွီ၏တိုက်ပွဲတွင် ဝင်တိုက်ခဲ့သည်။ သူတို့၏ရန်သူသည် ထိုက်ချူတော်ဝင်မြေ၏ အရေးပါသောလူများထဲမှ တစ်ယောက်ဖြစ်သည့် သခင်ယွီတင်းဖြစ်သည်။
“သခင်” ဟူသောဂုဏ်ပုဒ်သည် အဆင့်ကိုဖော်ပြခြင်းမဟုတ်ဘဲ ဘွဲ့အမည်တစ်ခုသာဖြစ်သည်။ အချို့လူများသည် သခင်ဟူသောဂုဏ်ပုဒ်ကို ရန်ဟောင်အဆင့်မှာကတည်းကပင် ရရှိခဲ့ကြသည်။ အချို့သည် မဟာလမ်းစဉ်ပထမကောင်းကင်ကပ်ဘေးကို ကျော်လွှားပြီးမှ သခင်ဂုဏ်ပုဒ်ကို ရခဲ့ကြသည်။ သို့သော် အနောက်လောကတွင်မူ သခင်များသည် ဒုတိယကပ်ဘေးကို ကျော်လွှားရှင်သန်နိုင်ခဲ့သူများကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။
သခင်ယွီတင်းသည် မဟာလမ်းစဉ်ပထမကောင်းကင်ကပ်ဘေးကို ကျော်လွှားရှင်သန်နိုင်ခဲ့သည့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ၏တိုက်ခိုက်မှုသည် လွန်စွာစွမ်းအားကြီးပြီး ကောင်းမွန်သော တိုက်ခိုက်စွမ်းရည်ရှိသူဖြစ်သည်။ သူသည် ထျန်းယွီကျင့်ကြံခြင်းနန်းတော်၏ ဆရာသခင်လည်းဖြစ်၏။
ထိုအချိန်တွင် သူရှိနေသောအာကာပြင်သည် နတ်စက်ကွင်းတစ်ခုကဲ့သို့ ပြောင်းလဲသွားပုံပင်။ ထိုအာကာပြင်ထဲတွင် နတ်ဒယ်စောက်အိုး သိန်းချီ ထွက်ပေါ်လာသည်။ ၎င်းတို့သည် အဆုံးမရှိထွက်ပေါ်လာနေသည်။ အထက်သို့ တစ်ချက်မော့ကြည့်လိုက်လျှင်ပင် ကောင်းကင်တစ်ခွင်လုံးသည် ၎င်းတို့နှင့် ပြည့်နှက်နေကြောင်းကို တွေ့နိုင်ပေသည်။
သခင်ယွီတင်း၏အသက်ဝိညာဉ်သည် ဒယ်စောက်အိုးတစ်ခုဖြစ်သည်။ သူက သူ၏အသက်ဝိညာဉ်ကို ပို၍သန်မာလာစေရန် သူ၏အသက်ဝိညာဉ်နှင့် အပြည့်အဝကိုက်ညီသော ဒယ်စောက်အိုးတစ်ခုကို ပြုလုပ်ခဲ့ပြီး ၎င်းကို သူ၏အသက်ဝိညာဉ်နှင့် ပေါင်းစည်းခဲ့သည်။ ထိုသို့ဖြင့် သူ၏တိုက်ခိုက်စွမ်းရည်သည် များစွာတိုးတက်လာ၏။ ရတနာတစ်ခုကို ကိုင်ထားသည့် မုရုံယွီသည်ပင် သူ့ကိုအနည်းငယ်ပင် အသာစီးမယူနိုင်သေးပေ။
သခင်ယွီတင်းသည် တိုက်ပွဲအတွင်းသို့ ဟွာဂျီယူဝင်လာသည်ကို တွေ့လိုက်သော်လည်း မတုန်လှုပ်သွားချေ။ သူ၏မျက်နှာထားသည် နဂိုအတိုင်းပင် တည်ငြိမ်နေ၏။ သူ လက်ဆန့်တန်းလိုက်ရာ ကောင်းကင်ထက်ရှိ ထိုရွှေရောင်နတ်ဒယ်စောက်အိုးများမှနေ၍ ကြောက်မက်ဖွယ် ရွှေရောင်နတ်အလင်းများ အောက်သို့ဖြာကျလာသည်။ ထိုအလင်းများသည် ပြိုင်ဘက်ကင်း အဖျက်စွမ်းအားပါဝင်သည့် ရွှေရောင်လျှပ်စီးများအဖြစ်ပြောင်းလဲသွားပြီး မုရုံယွီနှင့် ဟွာဂျီယူတို့ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။ သူ့အတွက် တိုက်ပွဲအတွင်းသို့ နောက်ထပ်ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦး ဝင်လာလျှင်လည်း ကိစ္စမရှိပေ။ သူသည် သူတို့နှစ်ဦးစလုံးကို ယှဉ်နိုင်သည်ဟု သူယုံကြည်နေပေသည်။
စီဝေ့ကြယ်ကောင်းကင်မှ ရောက်လာသော အုပ်စုသည် သန်မာနိုင်သော်လည်း သူတို့သည် ထိုကျူးကျော်မှုကို အစပြုခဲ့သည့်အတွက် ကြီးမားသောတန်ကြေးကို ပေးစပ်ရပေလိမ့်မည်။
“သတိထား...”
မုရုံယွီက ဟွာဂျီယူကို အသံပို့လွှတ်၍ သတိပေးလိုက်၏။
“ဒီလူရဲ့ တိုက်ခိုက်စွမ်းရည်က တော်တော်လေး အားကောင်းတယ်။ ပြီးတော့ သူ့ရဲ့အဖျက်စွမ်းအားကလည်း အံ့အားသင့်စရာပဲ။ ကောင်းကင်ပေါ်မှာ ဒီလောက်များတဲ့ ဒယ်စောက်အိုးတွေရှိနေတော့ ကောင်းကင်မှာ မွန်းကြပ်လောက်စရာ ဖိနှိပ်လမ်းစဉ်ရှိနေတယ်... အဲဒီလမ်းစဉ်က ဒီလောကကို ဖိနှိပ်နေတာ...”
“အင်း…”
ဟွာဂျီယူ ခေါင်းညိတ်လိုက်၏။
“ကျွန်မ သူ့ကို ထိန်းထားပါမယ်... အကြီးအကဲက သူ့ရဲ့အကာအကွယ်ကို ဖျက်ပြီး ပြန်တိုက်ဖို့ အာရုံစိုက်နိုင်တာပေါ့”
ဟွာဂျီယူသည် တိုက်ပွဲအခြေအနေများ၌ ကူညီပေးရာတွင် ကျွမ်းကျင်၏။ ထို့အပြင် သူမသည် ရန်သူများကို ထိန်းထားရာတွင် ဆရာတစ်ဆူဖြစ်သည်။ အထူးသဖြင့် အနီးကပ်တိုက်ပွဲများတွင် သူမတစ်ဦးတည်းဖြင့်ပင် စွမ်းအားကြီးကျင့်ကြံသူများစွာကို တစ်ပြိုင်တည်း ထိန်းထားနိုင်ပေသည်။
သူမနှင့် မုရုံယွီသည် ကပ်ဘေးအဆင့်ကျင့်ကြံသူနှစ်ဦးဖြစ်သဖြင့် သခင်ယွီတင်းကဲ့သို့သောသူနှင့် ရင်ဆိုင်ရခြင်းသည် သူမတို့အတွက် မည်သည့်ပြဿနာမှရှိမည်မဟုတ်ဟု ခံစားနေရ၏။
“ကိစ္စမရှိပါဘူး...”
မုရုံယွီပြန်ပြောလိုက်၏။ သူတို့ အသံပို့လွှတ်၍ ဆက်သွယ်နေစဉ်တွင် နတ်ဒယ်အိုးစောက်များမှ ထွက်ပေါ်လာသော ရွှေရောင်လျှပ်စီးများသည် သူတို့အပေါ်သို့ ရောက်နေပြီဖြစ်ပြီး အာကာပြင်ကို ထက်ခြမ်းခွဲပစ်ရန် ကြိုးပမ်းနေ၏။
မုရုံယွီပတ်ပတ်လည်တွင် ကြယ်တာရာအလင်းမျက်နှာပြင်တစ်ခု ပေါ်လာပြီး မဟာလမ်းစဉ်ကြယ်တာရာခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ့ကိုအလယ်ဗဟိုတွင်ထား၍ ကြယ်တာရာနတ်အလင်းသည် ၎င်း၏ကိုယ်ပိုင်လောကတစ်ခုကို ဖန်တီးနေသကဲ့သို့ လှည့်ပတ်နေ၏။ ကြောက်မက်ဖွယ်လျှပ်စီးများ ဆက်လက်ကျဆင်းနေ၏။ သို့သော် ၎င်းတို့သည် ကြယ်တာရာခန္ဓာပေါ်တွင် အက်ကြောင်းအနည်းငယ်သာထင်သွားစေပြီး မဖောက်ထွင်းနိုင်ခဲ့ပေ။
စီဝေ့ကြယ်ကောင်းကင်သည် အရှင်စီဝေ့ချိပ်ပိတ်ခဲ့သော လောကတစ်ခုဖြစ်ခဲ့သည်။ ထို့အပြင် စီဝေ့ကြယ်ကောင်းကင်မှ ထပ်သီးကျင့်ကြံသူအများစုသည် အရှင်စီဝေ့၏မျိုးဆက်များဖြစ်ကြပြီး အရှင်စီဝေ့၏စွမ်းရည်နှင့် တူညီသောစွမ်းရည်များကို အမွေဆက်ခံခဲ့ရ၏။ မုရုံယွီသည်လည်း ထိုသူများထဲမှ တစ်ယောက်ဖြစ်သည်။
မုရုံယွီသည် ကြယ်တာရာနတ်ခန္ဓာ၏ အလယ်ဗဟိုတွင်နေ၍ အတွေးတစ်ချက်တွေးလိုက်ရာ ထိုကျယ်ပြောသောအာကာပြင်တွင် ကြယ်တာရာကောင်းကင်တစ်ခု ပေါ်လာ၏။ ယခုတွင် အရာအားလုံးသည် ကြယ်တာရာလောကတစ်ခုထဲတွင် လှုပ်ရှားနေသကဲ့သို့ပင်။ ကောင်းကင်ထက်ရှိ မရေမတွက်နိုင်အောင် များပြားသော နတ်ဒယ်စောက်အိုးများသည် ကြယ်တာရာများ၏ ဝန်းရံမှုကို ခံထားရ၏။ ထိုပြိုက်ဘက်အားနှစ်ခုသည် တစ်ခုကိုတစ်ခု အသာရရန် ကြိုးစားနေကြ၏။
ရွှေရောင်လျှပ်စီးများသည် ဟွာဂျီယူဘက်သို့ ကျဆင်းလာ၏။ သို့သော် ၎င်းတို့သည် သူမ၏ခေါင်းအထက်သို့ ရောက်သွားသောအခါ ရုတ်တရက်ရပ်တန့်သွားကြသည်။ ရွှေရောင်လျှပ်စီးသည် ပြိုင်ဘက်ကင်းအဖျက်စွမ်းအားပါသော်လည်း မမြင်နိုင်သောအကာအရံတစ်ခု၏ တာဆီးခြင်းကို ခံလိုက်ရပြီး ၎င်းတို့၏ပစ်မှတ်အပေါ်သို့ မရောက်နိုင်တော့ပေ။ ၎င်းတို့သည် ထိုအာကာပြင်ကို ထိန်းချုပ်ထားသော ဟွာဂျီယူ၏ အလုံးစုံထိန်းချုပ်မှုအောက်သို့ ရောက်နေသကဲ့သို့ပင်။
ရွှီး...
ကြောက်မက်ဖွယ် စိတ်စွမ်းအားတစ်ခုသည် ထိုလောကအစွန်းသို့ ဖြာထွက်သွားသည်။ ဟွာဂျီယူ၏ပိတုန်းရောင်ကေသာသည် လေထဲတွင် ကခုန်နေပြီး သူမ၏နက်ရှိုင်းနက်မှောင်သော မျက်လုံးများသည် ကြောက်မက်ဖွယ်နတ်အလင်းတစ်ခုဖြင့် တောက်ပနေသည်။ နန်းတော်သခင်မသည် ခံ့ညားထည်ဝါပေသည်။ သူမသည် ဧကရီတစ်ပါး၏ဝိညာဉ်၏ ပူးကပ်မှုကို ခံနေရသကဲ့သို့ပင်။ သူမထံမှထွက်ပေါ်လာသော အင်ပါယာအရှိန်အဝါတစ်ခုကိုပင် ခံစားရ၏။
ထိုထိပ်သီးကျင့်ကြံသူသုံးဦးသည် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သော ကျင့်ကြံသူများဖြစ်ကြသည်။ ထိုအခိုက်တွင် သူတို့၏လောကများသည် တစ်ခုနှင့်တစ်ခု ထပ်နေပုံပေါ်ပြီး မည်သူ၏လောက,က အသာရသွားမည်ကို စောင့်ကြည့်နေရပေသည်။
နတ်ဒယ်စောက်အိုးလောက၊ ကြယ်တာရာလောကနှင့် စိတ်စွမ်းအားလောကတို့သည် တစ်ခုနှင့်တစ်ခု ယှဉ်ပြိုင်နေကြ၏။
သခင်ယွီတင်းသည် လက်ဟန်များပြုလုပ်ကာ သူ၏လောကကို သိပ်သည်းအောင်လုပ်လိုက်၏။ ထိုလောကထဲတွင် ဒယ်စောက်အိုး တစ်သောင်းရှစ်ထောင်သည် ရုတ်တရက် အဆက်မပြတ် လှုပ်ရှားလာပြီး အပြင်းအထန်လည်ပတ်လာသည်။ ၎င်းတို့သည် လည်ပတ်နေရင်း ရွှေရောင်လျှပ်စီးများကို ထုတ်လွှတ်လိုက်၏။ ရွှေရောင်လျှပ်စီးများသည် ထိုနေရာရှိ ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားပြီး လောကတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ခြိမ်းခြောက်နေပေသည်။
ဝုန်း...
ထိုဒယ်စောက်အိုးတစ်သောင်းရှစ်ထောင်သည် အဆုံးမဲ့ရွှေရောင်လျှပ်စီးများနှင့်အတူ အောက်ရှိ မုရုံယွီနှင့် ဟွာဂျီယူတို့အပေါ် ကျဆင်းလာ၏။ ကောင်းကင်နှင့် မြေကြီးအကြားတွင် ထူးကဲသောဝိညာဉ်စွမ်းအားတစ်ခု ပေါက်ဖွားလာ၏။ ထိုနေရာတွင် ဖြစ်တည်မှုအားလုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားနေသည့် မမြင်နိုင်သော အဓိကနတ်ဒယ်စောက်အိုးတစ်ခု ရှိနေသကဲ့သို့ပင်။
ကြယ်တာရာများ ပေါက်ကွဲပျက်စီးသွားသည်။ ထိုဧရာမကြယ်တာရာများသည် တိုက်ရိုက်ဖိနှိပ်ခံလိုက်ရပြီး အမှုန့်များအဖြစ်ပြောင်းလဲသွားကာ အခိုးအငွေ့များထဲတွင် ပျောက်ကွယ်သွား၏။ မုရုံယွီပတ်ပတ်လည်ရှိ ကြယ်တာရာအလင်းမျက်နှာပြင်သည်လည်း အက်ကြောင်းထင်သွားသည်။ ထိုအဖျက်စွမ်းအားသည် လွန်စွာကြောက်မက်ဖွယ်ကောင်းပေသည်။ ၎င်းသည် အဓိကတိုက်ခိုက်မှုတစ်ခု၏ စွမ်းအားဖြစ်သည်။
ဟွာဂျီယူ၏ ဆံပင်ရှည်များသည် လေထဲတွင် ဝဲလွင့်နေသည်။ သူမသည်လည်း အားကောင်းသော ဖိအားတစ်ခုအောက်တွင် ရှိနေပုံပင်။ နတ်ဒယ်စောက်အိုးများထဲရှိ အဆင့်မြင့်လမ်းစဉ်ဝိညာဉ်စွမ်းအားသည် လက်ရှိတွင် ကောင်းကင်နှင့် မြေကြီးအကြား၌ ရွေ့လျားနေသည့် စိတ်စွမ်းအားကိုပင် အသာစီးယူသွားနိုင်ပေသည်။
ထိုစွမ်းအားသည် ဖြစ်တည်မှုအားလုံးကို ဖျက်စီးပစ်နိုင်သည့် အကြွင်းမဲ့အဖျက်စွမ်းအားဖြစ်သည်။
“လုပ်လိုက်...”
ဟွာဂျီယူက မုရုံယွီထံသို့ သူမ၏အမိန့်ကို ပို့လွှတ်လိုက်၏။ သူမ အမိန့်ပေးပြီးသွားသောအခါ ထိုအာကာလောကထဲတွင် ပြိုင်ဘက်ကင်းစွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ ဟွာဂျီယူနောက်တွင် နတ်ဝိညာဉ်ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုဝိညာဉ်ပုံရိပ်သည် သူမ၏ပုံရိပ်ဖြစ်သည်။ သို့သော် ၎င်းသည် လွန်စွာခံ့ညားထည်ဝါနေပြီး မဟာအင်ပါယာအလင်း၏ နတ်အရောင်အဝါများကို ထုတ်လွှတ်နေပေသည်။
တစ်ချိန်တည်းမှာပင် ထိုမဟာလမ်းစဉ်လောကသည် အလုံးစုံတည်ငြိမ်ခြင်းအခြေအနေသို့ ရောက်ရှိသွားသည်။ ထို အဖျက်စွမ်းအားများပြည့်နှက်နေသည့် အာကာပြင်သည် လှုပ်ရှားမှုရပ်တန့်သွားပြီး မဟာလမ်းစဉ်သည်လည်း လှည့်ပတ်မှုရပ်တန့်သွား၏။ ရွှေရောင်လျှပ်စီးများသည် ၎င်းတို့၏ဖျက်ဆီးမှုကို ရပ်တန့်သွားပြီး ဒယ်စောက်အိုးတစ်သောင်းရှစ်ထောင်သည် လည်ပတ်နေမှု ရပ်တန့်သွားသည်။
ထိုအဖြစ်အပျက်များသည် ရုတ်ခြည်းအတွင်းဖြစ်ပျက်သွားခြင်းဖြစ်သော်လည်း အသင်္ချေတစ်ခုလောက် ကြာသည်ဟုပင် ထင်ရ၏။
မုရုံယွီတစ်ယောက်သာ ရပ်တန့်မသွားခဲ့ပေ။ ထိုစွမ်းအားသည် သူ့ကိုဖြတ်ကျော်သွားကာ သူ့အပေါ်တွင် အနည်းငယ်မျှပ်င မသက်ရောက်သကဲ့သို့ပင်။ ၎င်းစွမ်းအား၏တိကျမှုသည် အသေးစိတ်ပေသည်။
မုရုံယွီသည်လည်း ဟွာဂျီယူ၏အသံပို့လွှတ်မှုကို ရရှိခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် ခြေတစ်လှမ်းဖြင့်ပင် သူရှိနေရာမှ ပျောက်ကွယ်သွား၏။ သူသည် အတုမဲ့အင်အားဖြင့် သခင်ယွီတင်း၏ရှေ့သို့ ရောက်ရှိသွားသည်။
ကြောက်မက်ဖွယ် ထစ်ချုန်းသံတစ်သံထွက်ပေါ်လာ၏။ ထိုအခိုက်တွင် မုရုံယွီသည် သူ့၏ကိုယ်ပိုင်စွမ်းအားများအပြင် ကောင်းကင်ထက်ရှိ ကြယ်တာရာများ၏စွမ်းအားကိုပါ ရရှိထားသကဲ့သို့ ထင်ရပေသည်။ ထိုကြယ်တာရာစွမ်းအားများသည် သူ့ကိုအစွမ်းပေးထားပြီး သူ့ကြောင့် အာကာလောကတစ်ခွင်လုံး တုန်ခါနေ၏။
သူ၏လက်သီးသည် သူ့ရှေ့ရှိ သခင်ယွီတင်းထံသို့ ပျံဝင်သွားသည်။ သခင်ယွီတင်းသည် မလှုပ်ရှားနိုင်ဖြစ်နေသော်လည်း သူ့မျက်လုံးများထဲမှ လွန်စွာတောက်ပသော နတ်အရောင်အဝါတစ်ခုနှင့် သူ့ခန္ဓာကိုယ်မှနေ၍ ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်သည် ဒယ်စောက်အိုးတစ်ခုအဖြစ် ပြောင်းလဲသွားရာ အချုပ်အနှောင်အားလုံး ပျက်စီးသွားသည်။ နတ်အလင်းများသည် ထိုဒယ်စောက်အိုးကြီးကို လှည့်ပတ်နေ၏။ သူသည် သူထံသို့ လျင်မြန်စွာလာနေသည့် မုရုံယွီကို စိုက်ကြည့်လိုက်၏။ သူ့အတွက် ထိုလက်သီးချက်ကို ရှောင်ရန် နောက်ကျသွားပြီဖြစ်ကြောင်း သူသိလိုက်၏။
ထန်း...
ထိုကြောက်မက်ဖွယ်လက်သီးချက်သည် သူ့အပေါ်ကျဆင်းသွားရာ ကြောက်မက်ဖွယ်သက်ရောက်မှုအရှိန်တစ်ခုနှင့်အတူ သတ္တုသံကဲ့သို့ အသံတစ်သံထွက်ပေါ်လာ၏။ ထိုလက်သီးချက်တွင် ကောင်းကင်ရှိ ကြယ်တာရာအားလုံး၏ စွမ်းအားများပါဝင်လေရာ ၎င်းသည် မယုံနိုင်လောက်အောင် အားပြင်း၏။ ထိုလက်သီးချက်သည် ပတ်ဝန်းကျင်ရှိ ဒယ်စောက်အိုးအားလုံးကို ကြေမွပျက်စီးသွားစေ၏။ သခင်ယွီတင်း၏ဒယ်စောက်အိုးခန္ဓာသည်လည်း အက်ကွဲသံတစ်သံထွက်လာပေါ်ပြီး အက်ကွဲသွားသည်။ လက်သီးအရောင်အဝါသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဖောက်ဝင်ကာ သူ၏ကိုယ်တွင်းအင်္ဂါအားလုံးကို ဖျက်ဆီးပစ်ကာ သူ၏နှလုံးသားကိုလည်း ထွင်းဖောက်သွား၏။
ဖွီး...
သူက သွေးအန်လိုက်၏။ သခင်ယွီတင်း၏ခန္ဓာကိုယ်သည် ဒယ်စောက်အိုးခန္ဓာဖြစ်သည်။ နတ်ဒယ်စောက်အိုး အက်ကွဲပျက်စီးသွားရာ သူ့ခန္ဓာကိုယ်လည်း ပျက်စီးသွား၏။ သူ့မျက်လုံးများ ဝေဝါးသွားသည်။ သူသည် ထိုက်ချူကုန်းမြေထဲမှ သူ့မျိုးဆက်တွင် စွမ်းအားကြီးသူတစ်ဦးဖြစ်ခဲ့ပြီး သူ၏အဆင့်အတန်းသည်လည်း ပြိုင်ဘက်ကင်းဖြစ်သည်။ သို့သော် ယနေ့တွင် သူသည် ဤနေရာတွင် ဤကဲ့သို့ အသတ်ခံခဲ့ရ၏။ အဆုံးအထိ သူ၏ရင်ထဲတွင် သံသယများနှင့် ပြည့်နှက်နေခဲ့၏။
သင်ကြားရေးတော်ဝင်မြေသည် အပြင်လောက၏ ကိစ္စများတွင် အမှန်ပင် ဝင်မပါခဲ့သင့်ပေ။ တစ်ကြိမ်မျှဝင်ပါလိုက်မိသည်နှင့် သူတို့သည် မသန့်စင်တော့ဘဲ ကြားနေအဖြစ်လည်း ဆက်ရှိမနေတော့ပေ။ ထို့ကြောင့် တိုက်ခိုက်မှုများနှင့် ပဋိပက္ခများကို ရှောင်လွှဲနိုင်မည်မဟုတ်ချေ။
ယခုတွင် ထိုအချိန်က မည်သူမှ အရေးမစိုက်ခဲ့သည့် ဆုံးဖြတ်ချက်တစ်ခုကြောင့် ထိုက်ချူတော်ဝင်မြေတစ်ခုလုံးပျက်သုဉ်းဖြင့်ဖြင့် တန်ကြေးပြန်ပေးခဲ့ရ၏။
ထိုစဉ် မရေမတွက်နိုင်အောင်များပြားသော နတ်ဓားများသည် လက်စတုံးရန် ပျံဝင်လာပြီး သူ၏ခန္ဓာကိုယ်နှင့် သူ၏စိတ်ဝိညာဉ်ကို ဖောက်ထွင်းသွား၏။
ဤအကြိမ်တွင် တိုက်ခိုက်လိုက်သူမှာ ဟွာဂျီယူဖြစ်သည်။ သူမသည် ပိုမြင့်သော ကောင်းကင်ထက်တွင် ရောက်နေ၏။ သူမ၏မျက်ဝန်းများသည် သူမအရှေ့ရှိ သခင်ယွီတင်းကို အရေးမစိုက်ဟန်ဖြင့် ကြည့်နေသည်။ ထိုအကြည့်များထဲတွင် ညှာတာမှုရော သနားမှုပါမရှိပေ။ သူသည် အနာဂတ်တွင် သူမတို့ကို ဒုက္ခမပေးနိုင်စေရန် သူမသေချာအောင်လုပ်ရမည်ဖြစ်သည်။
သူမသည် ယခင်က ဟွာဂျီယူမဟုတ်တော့ပေ။ ဒေသကိုးခုတွင် သေရေး၊ ရှင်ရေးများကို တွေ့ကြုံခဲ့ပြီးသောအခါ သူမသည် ကျင့်ကြံခြင်းလောက၏ ရက်စက်သောလက်တွေ့ဘဝကို သိရှိခဲ့ပြီဖြစ်သည်။
ရီဖူရှင်းကို ခြိမ်းခြောက်နိုင်မည့် မည်သူ့ကိုမဆို ရီဖူရှင်းအတွက် သတ်ပစ်ရမည်ဖြစ်သည်။ သူမသည် ထိုသူများကို အနာဂတ်တွင် ရီဖူရှင်းအတွက် ပြဿနာများဖန်တီးနိုင်ရန် အရှင်ထားမည်မဟုတ်ပေ။ ထိုသို့အရှင်ထားခဲ့လျှင် မိုက်မဲသောကြင်နာမှုသာ ဖြစ်ပေလိမ့်မည်။
မုရုံယွီသည် ဟွာဂျီယူကို တစ်ချက်ကြည့်လိုက်၏။ သူ့ရင်ထဲတွင် အနှောင့်အယှက်အနည်းငယ် ရှိနေ၏။ ထိုအခိုက်တွင် သူပင် တဒင်္ဂမျှတုံ့ဆိုင်းခဲ့သည်။ သို့သော် ဟွာဂျီယူက မတုံ့ဆိုင်းခဲ့ပေ။ သူမသည် ရန်သူကို ချက်ချင်းသတ်ပစ်ခဲ့သည်။ ထိုအပြုမူသည် မုရုံယွီ အမြဲသိနေခဲ့သည့်ကိစ္စကို အတည်ပြုပေးခဲ့၏။ သူမသည် ကပ်ဘေးအဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်ခဲ့သော နန်းတော်သခင်၏ကြင်ယာတော်ဖြစ်ရာ သူမထံတွင် အမျိုးသမီးသဘာဝအရ နူးညံ့မှုများ သို့မဟုတ် မပြတ်သားမှုများ ရှိမနေတော့ပေ။ သူမသည် သခင်ယွီတင်း၏စိတ်ဝိညာဉ်ကို ပျက်သုဉ်းသွားစေနိုင်သည့် သေလောက်သောတိုက်ခိုက်မှုဖြင့် တိုက်ခိုက်ခဲ့၏။
ထိုအပြုအမူသည် မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ကြောင်း သံသယဖြစ်စရာမရှိပေ။ အခြေအနေသည် ထိုအဆင့်သို့ပင်ရောက်နေပြီဖြစ်ရာ သူတို့သည် အဘယ်သို့ သခင်ယွီတင်းကို အသက်ရှင်ခွင့်ပေးနိုင်မည်နည်း။ အထူးသဖြင့် ရန်သူသည် အတော်လေးအန္တရာယ်ပေးနိုင်မည့် ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်နေလျှင် ပို၍ပင် အသက်ရှင်ခွင့်မပေးနိုင်ပေ။
သခင်ယွီတင်းသေဆုံးသွားသောအခါ ထိုနေရာရှိ မဟာလမ်းစဉ်သည် ပျောက်ကွယ်သွားသည်။ အရာအားလုံးပျောက်ကွယ်သွားပြီးနောက် နောက်တိုက်ပွဲတစ်ခုသည်လည်း ပြီးဆုံးတော့ပေမည်။ အင်ပါယာရှီနှင့် ဆေးအင်ပါယာတို့သည် အင်အားပူးပေါင်းကာ သူတို့၏ရန်သူကို အပြည့်အဝဖိနှိပ်ထားနိုင်၏။ အနှေးနှင့်အမြန်ဆိုသလို သူတို့သေချာပေါက်အနိုင်ရတော့မည်ဖြစ်သည်။
ဟွာဂျီယူသည် ရှေ့သို့ခြေတစ်လှမ်းတက်ကာ ထိုနေရာသို့ သွားလိုက်၏။ သူတို့နှစ်ဦးသည် သူတို့၏ရန်သူကို လက်စမတုံးနိုင်ခဲ့ပါက သူမသည် တုံ့ဆိုင်းခြင်မရှိဘဲ အဆုံးသတ်ပေးလိုက်မည်ဖြစ်သည်။