← Chapters

အခန်း (၁၄၃)

Vol. 15 Ch. 143

အခန်း (၁၄၃)

Vol. 15 Ch. 143

143 01

အခန်း 143

စိုစွတ်သောအနမ်းများသည် လက်ချောင်းထိပ်လေးများမှ လက်ဖဝါးပြင်၊ ထိုမှတဆင့် လက်ကောက်ဝတ်ဆီသို့ တဖြည်းဖြည်း ရွေ့လျားသွားလေသည်။

ကျယ်ဝန်းသော ဝတ်ရုံလက်ကို ဆွဲတင်လိုက်ရာ ဝတ်ရုံလက်ကြားတွင် ဖုံးကွယ်ထားသဖြင့် နေရောင်မထိတွေ့ရသေးသော ကြာစွယ်ကဲ့သို့ ဖြူဖွေးသည့် လက်မောင်းလေး ပေါ်ထွက်လာ၏။

“ရွှယ်ချင့် ရွှေလက်ကောက် ဝတ်တာ တစ်ခါမှ မမြင်ဖူးဘူး”

“နဂါးခေါင်းကိုးလုံးပါတဲ့ ရွှေလက်ကောက်၊ ရွှေနန်းကြိုးကိုးထပ်နဲ့ လုပ်ထားတဲ့ လက်ကောက်မျိုး ရှာပေးမယ်။ ဒီလက်မောင်းလေးပေါ်မှာ ဝတ်ထားရင် အသားဖွေးဖွေးမှာ ရွှေလက်ကောက်ဝင်းဝင်းနဲ့ အရမ်းလှမှာပဲ”

လော့ရှင်းယွမ်သည် တိုးတိုးလေး ရေရွတ်ရင်း ဖြူဖွေးသော လက်မောင်းလေးကို ဖွဖွလေး ကိုက်လိုက်လေသည်။ “ဝတ်ရအောင်လေ... နော်”

မေဝမ့်ရှူးသည် ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး သူ့ကို ရိုက်လိုက်လေသည်။

“မကဲပါနဲ့။ ရုံးတော်ထဲက ကိစ္စတောင် မပြီးသေးဘူး၊ ဘာတွေ လျှောက်တွေးနေတာလဲ”

သူမ ထရန် ပြင်လိုက်၏။

သို့သော် နောက်တစ်ခဏ၌ပင် ပြတင်းပေါက်နားရှိ လော်ဟန်သလွန်ပေါ်သို့ အဖိခံလိုက်ရလေသည်။

“ရုံးတော်ထဲက ကိစ္စက တစ်ရက်နှစ်ရက် မကြာဘဲနဲ့ အဖြေထွက်လာမှာ မဟုတ်ဘူး။ ဒီဘက်က ကိစ္စလောက် ဘယ်အရေးကြီးပါ့မလဲ”

လော့ရှင်းယွမ်သည် သူမကိုယ်ပေါ်တွင် ဖိထားရင်း တကပ်ကပ်ဖြင့် အချိန်ကြာမြင့်စွာ နမ်းရှိုက်နေလေသည်။ ထို့နောက် ခေါင်းအုံးအောက်မှ လက်ဝါးခန့်ရှိသော သစ်သားသေတ္တာ အနီလေး တစ်ဘူးကို စမ်းယူလိုက်၏။

မေဝမ့်ရှူး ခေါင်းစောင်းကြည့်လိုက်ပြီး ရှေးဆန်သော သစ်သားသေတ္တာလေးကို မြင်လိုက်သည်နှင့် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားလေသည်။ မှောင်မိုက်သော မြေအောက်ခန်းထဲတွင် အထပ်ထပ် စီထားသော အလားတူ သေတ္တာအနီလေးများကို သတိရသွားသောကြောင့် ဖြစ်သည်။

သူမ မသိမသာ အသက်ရှူအောင့်ထားလိုက်မိ၏။

“သေတ္တာထဲမှာ... ဘာထည့်ထားတာလဲ”

လော့ရှင်းယွမ် သူမ၏ အတွေးကို ရိပ်မိသွားလေသည်။ တင်းမာနေသော နှုတ်ခမ်းထောင့်စွန်းကို ညင်သာစွာ နမ်းရှိုက်ရင်း နှစ်သိမ့်လိုက်၏။

“လန့်သွားတာလား။ မကြောက်ပါနဲ့။ ကျန်းလက်ထဲမှာ ဒီလိုသေတ္တာတွေ အများကြီး ရှိပါတယ်။ အနီးဆုံးရှိတာကို ကောက်ယူလိုက်တာပါ။ အထဲမှာ မင်းအတွက် သီးသန့် စုဆောင်းထားတဲ့ မိန်းကလေး အသုံးအဆောင်လေးတွေပဲ ရှိတာပါ”

သူသည် သေတ္တာကို ခပ်ဝေးဝေးသို့ ရွှေ့လိုက်ပြီးမှ မောင်းတံဖြုတ်ကာ ဖွင့်လိုက်လေသည်။

သေတ္တာဖုံး ပွင့်သွားသောအခါ ရောင်စုံကျောက်မျက်ရတနာများဖြင့် ပြည့်နှက်နေသော ဆံထိုး၊ ဆံကပ်များကို တွေ့လိုက်ရ၏။

“မင်းမှာ နားပေါက် မရှိဘူး ထင်တယ်။ ဒါကြောင့် နားကပ် မထည့်ထားဘူး။ လှပသေသပ်တဲ့ ဆံထိုးလေးတွေပဲ ရွေးထည့်ထားတာ”

လော့ရှင်းယွမ်သည် သေတ္တာထဲတွင် မွှေနှောက်ရှာဖွေပြီး ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော ပျိုးနီပန်းပုံ ဆံထိုးတစ်ချောင်းကို ထုတ်ယူလိုက်လေသည်။ ချောမွတ်နေသော ဆံနွယ်နက်များကို သိမ်းယူပြီး ဆံထုံးတစ်ထုံးကို ဖွဖွလေး ထုံးပေးကာ ဆံထိုးစိုက်ပေးလိုက်၏။

မေဝမ့်ရှူးသည် ရောင်စုံရတနာများကို မြင်လိုက်ရမှ တင်းမာနေသော ပခုံးများ လျော့ကျသွားလေသည်။

“မျက်လုံးအစုံများ ဖြစ်နေမလားလို့ ထင်လိုက်တာ” သူမ သက်ပြင်းချရင်း ပြောလိုက်လေသည်။

လော့ရှင်းယွမ် ရယ်ချင်စိတ်ကို ထိန်းရင်း သေတ္တာကို ဘေးသို့ ပစ်လိုက်လေသည်။

143 02

“မြေအောက်ခန်းထဲက မကောင်းတဲ့ ပစ္စည်းတွေအားလုံး မီးရှို့ပစ်လိုက်ပါပြီ” သူက ကတိပေးသည်။ “နောက်နောင် ဘယ်တော့မှ ရှိလာတော့မှာ မဟုတ်ပါဘူး။ မကြောက်ပါနဲ့တော့”

သေတ္တာထဲတွင် ထပ်မံ မွှေနှောက်ရှာဖွေပြီး မယ်ဇလီပန်းပုံ နဖူးကပ် အလှဆင်ပစ္စည်းလေး တစ်ခုကို ထုတ်ယူလိုက်လေသည်။ ရွှေချည်မျှင်ဖြင့် ပြုလုပ်ထားသော ဝတ်ဆံဖိုများမှာ အသက်ဝင်လှ၏။ သူသည် ထိုအလှဆင်ပစ္စည်းလေးကို မေဝမ့်ရှူး၏ မျက်ခုံးနှစ်ခုကြားတွင် ဂရုတစိုက် ကပ်ပေးပြီး ဘယ်ကြည့်ညာကြည့် လုပ်ကာ သဘောကျနေလေသည်။

“အရမ်း လှတာပဲ”

မေဝမ့်ရှူး ပြုံးလိုက်လေသည်။ မငြင်းဆန်တော့ပေ။

သူ စိတ်ကြိုက် ပြင်ဆင်ခြယ်သသည်ကို အလိုတူအလိုပါ ခံယူလိုက်၏။ မျက်ခုံးမွှေး ဆွဲပေးသည်။ နောက်ဆုံးတွင် နှုတ်ခမ်းနီဘူးကို ယူကာ လက်ညှိုးဖြင့် နှုတ်ခမ်းနီယူပြီး သူမ၏ အောက်နှုတ်ခမ်းအလယ်ကို တို့ထိပေးလိုက်ရာ နီရဲစိုပြေသွားလေသည်။

အနီးကပ် ကြည့်ရှုနေသော သူ၏ မျက်လုံးများထဲတွင် ရမ္မက်ဆန္ဒများ ပြင်းပြလာပြီး အနမ်းများဖြင့် ဖိကပ်လာ၏။

ပွတ်သပ်ချေမွရင်း ခုနက တင်ထားသော နှုတ်ခမ်းနီများကို နှုတ်ခမ်းတစ်ပြင်လုံး ပျံ့နှံ့သွားစေလေသည်။

အနောက်ဘက် ပြတင်းပေါက်များ ပွင့်နေပြီး ကောင်းကင်ယံသို့ တက်လာသော လမင်းကြီးနှင့် မျက်နှာချင်းဆိုင် ဖြစ်နေလေသည်။

အနောက်ဆောင် အတွင်းခန်းထဲတွင် ချစ်ပွဲဝင်နေကြ၏။

ပြတင်းပေါက်နားရှိ ကုတင်ပေါ်မှ အောင့်အီးထားသော ညည်းသံသဲ့သဲ့များ ထွက်ပေါ်လာလေသည်။

“ဘယ်လက်က ဒဏ်ရာရထားတော့ ညာလက်ပဲ သုံးလို့ရတယ်...”

လော့ရှင်းယွမ်သည် ကိုယ်ကို ကိုင်းလိုက်ပြီး အနည်းငယ် ရောင်ကိုင်းနေသော နှုတ်ခမ်းလေးကို ကိုက်လိုက်လေသည်။

“လိမ္မာပါတယ်... ငြိမ်ငြိမ်လေးနေနော်”

မေဝမ့်ရှူး ရုန်းကန်နေရာမှ ရပ်တန့်သွားပြီး ခေါင်းကိုက်သွားလေသည်။

“တကယ်တမ်း ဘယ်သူက မငြိမ်မသက် လုပ်နေတာလဲ”

“ကျန်းပါ... ကျန်း မငြိမ်တာပါ” လော့ရှင်းယွမ်၏ အသံတွင် ရယ်သံစွန်းနေ၏။

လရောင်အောက်တွင် သူ၏ မျက်လုံးများ တောက်ပနေလေသည်။ ကျေနပ်အားရနေသော်လည်း အန္တရာယ်များသော အငွေ့အသက်များ ထွက်ပေါ်နေ၏။ သားရဲကောင်တစ်ကောင် လှောင်အိမ်ထဲမှ လွတ်မြောက်လာသကဲ့သို့ပင်။

“ကျန်းရဲ့ ဆိုးသွမ်းမှုတွေကို တကယ် မကြောက်ဘူးပေါ့။ ဘယ်လောက်ဆိုးဆိုး မင်း မလန့်ဘူးပေါ့”

မေဝမ့်ရှူး နှုတ်ခမ်းကို စေ့ထားလိုက်လေသည်။ စောင်ဖြင့် ကိုယ်ကို ကွယ်ရင်း အားယူထလိုက်၏။

“ဒီနေ့တော့ တော်ပြီ။ မင်း ဘယ်လောက်ဆိုးဆိုး ငါ မကြောက်ပေမယ့် ငါ ပင်ပန်းနေပြီ။ လက်တစ်ဖက်တည်းနဲ့တောင် ဒီလောက် မွှေနှောက်နိုင်တယ်နော်...”

လော့ရှင်းယွမ်သည် ဒဏ်ရာရထားသော ဘယ်လက်ဖြင့် တားဆီးလိုက်လေသည်။

မေဝမ့်ရှူး ထခါနီးမှ ရပ်တန့်သွားပြီး မငြိမ်မသက် ဖြစ်နေသော ဒဏ်ရာရလက်မောင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

“ရှင်းယွမ်”

လော့ရှင်းယွမ်သည် သူမ ကိုယ်ပေါ်တွင် ဖုံးအုပ်ထားသော စောင်ပါးလေးကို လှန်လိုက်ရာ ဖြူဖွေးသော အသားအရေများ လရောင်အောက်တွင် ပေါ်လာလေသည်။

ကောင်းမွန်နေသော ညာလက်ဖြင့် သေတ္တာထဲတွင် အကြာကြီး မွှေနှောက်ရှာဖွေပြီးနောက် အောက်ဆုံးတွင် ရှိနေသော အနက်ရောင် သားရေကြိုးတစ်ချောင်းကို ထုတ်ယူလိုက်၏။

မေဝမ့်ရှူး အံ့သြတကြီး ကြည့်နေစဉ်မှာပင် သူမ၏ သွယ်လျသော လက်ကောက်ဝတ် နှစ်ဖက်ကို စုစည်းလိုက်ပြီး သားရေကြိုးဖြင့် တစ်ပတ်ပြီးတစ်ပတ် ရစ်ပတ်ချည်နှောင် လိုက်လေသည်။

လော့ရှင်းယွမ်သည် အံ့သြလွန်း၍ ဟနေသော နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်လေသည်။

143 03

“ဒီလောက်နဲ့ ဘယ်လောက်ဦးမလဲ”

“ဆံပင်ကို ကိုင်ကြည့်ချင်တာအပြင်... တခြား လုပ်ချင်တာတွေ အများကြီး ရှိသေးတယ်။ မင်းကို လုပ်ချင်နေတာ ကြာလှပြီ”

ချွန်ထက်သော စွယ်သွားများက နီရဲနေသော နားသီးလေးကို ကိုက်ခဲရင်း နားနားကပ်ကာ ရှတတ အသံဖြင့် ပြောလိုက်လေသည်။

“မကြောက်ဘူးဆိုရင် ပြီးတာပါပဲ။ တကယ်တော့... ငါက တော်တော် ဆိုးတာ”

ပူနွေးသော ခန္ဓာကိုယ်ကြီးသည် အလွန်အန္တရာယ်များသော အရှိန်အဝါများဖြင့် ဖိချလာလေသည်။

*** *** ***

ညဦးပိုင်း အချိန်တွင် အနောက်ဆောင်အောက်မှ ကြေးခေါင်းလောင်းသံ ထွက်ပေါ်လာလေသည်။

တစ်စုံတစ်ယောက် လာရောက် ခွင့်တောင်းခြင်း ဖြစ်သည်။

ကြည်လင်ပြတ်သားသော ခေါင်းလောင်းသံသည် အခန်းထဲတွင် သာယာမှု အထွတ်အထိပ် ရောက်နေသူများကို သတိပေးလိုက်လေသည်။

ကုတင် လှုပ်ရမ်းနေ၏။ သားရဲကောင်အဖြစ် ပြောင်းလဲသွားသော သူသည် ပြတင်းပေါက် အပြင်ဘက်ကို တစ်ချက်သာ လှမ်းကြည့်ပြီး ဂရုမစိုက်ဘဲ ဆက်လက် လုပ်ဆောင် နေလေသည်။

ခေါင်းလောင်းသံကလည်း ဇွဲမလျှော့ဘဲ ဆက်တိုက် မြည်နေ၏။

မေဝမ့်ရှူးသည် မျက်ရည်ဝဲနေသော မျက်လုံးများကို အားယူဖွင့်ပြီး ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်လေသည်။

ပျိုးနီပန်းပုံ ဆံထိုးမှာ ဘယ်ရောက်သွားမှန်း မသိတော့ပေ။ ဆံနွယ်နက်များသည် ဖွာလန်ကြဲကာ ကျဆင်းနေပြီး ချွေးစိုနေသော ဆံစများသည် ပါးပြင်တွင် ကပ်နေလေသည်။

“လူလာနေတယ်...”

သူမ အနည်းငယ် ရုန်းကန်လိုက်လေသည်။

“ရုံးတော်က အဖြေထွက်လာပြီ ထင်တယ်... အာ့...”

“ဘယ်အချိန်ရှိနေပြီလဲ... တခြားကိစ္စတွေ တွေးနေတုန်းလား”

လော့ရှင်းယွမ်သည် လည်ပင်းသား နုနုလေးများကို ကိုက်ခဲရင်း နားနားကပ်ကာ ပြောလိုက်လေသည်။

“ကြည့်ရတာ ခံနိုင်ရည် ရှိသားပဲ။ ပိုပြီးတောင် ခံနိုင်ရည် ရှိဦးမယ့်ပုံပဲ။ နောက်တစ်ခါကျရင် ပိုပြင်းတာတွေ စမ်းကြည့်ရမယ်...”

မေဝမ့်ရှူး သူ့ကို ခြေထောက်ဖြင့် ကန်လိုက်လေသည်။

“ကြိုးဆွဲလိုက်။ လူကို တက်လာခိုင်းလိုက်”

လော့ရှင်းယွမ်သည် သူမ ကိုယ်ပေါ်တွင် မှောက်လျက် အသက်ပြင်းပြင်း ရှူလိုက်လေသည်။ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ဘေးသို့ လှိမ့်ချကာ ထထိုင်လိုက်၏။

“ကောင်းပြီလေ။ မင်းသဘောပဲ”

ပြတင်းပေါက်နားရှိ ရောင်စုံကြိုးစကို ဆွဲလိုက်လေသည်။

တုံ့ပြန်သော ခေါင်းလောင်းသံသည် ညအမှောင်ထဲတွင် ကြည်လင်စွာ ထွက်ပေါ်သွား၏။

ခဏအကြာတွင် ခြေသံများ နီးကပ်လာလေသည်။ သစ်သားလှေကားအတိုင်း တက်လာပြီး အနောက်ဆောင် တံခါးဝတွင် ရပ်တန့်သွား၏။

တံခါးခေါက်သံ ထွက်ပေါ်လာပြီး တံခါးအပြင်ဘက်မှ တွေဝေနေသော အသံဖြင့် မေးမြန်းလိုက်လေသည်။

“ဆရာတူညီလေးမေ အိပ်ပြီလား။ အစ်ကိုကြီး ဒီည လာရှာတာက... ကိုယ်ရေးကိုယ်တာ ကိစ္စ ဆွေးနွေးစရာ ရှိလို့ပါ”

ညကြီးမိုးချုပ် ရောက်လာသူမှာ လင်စစ်ရှီ ဖြစ်နေလေသည်။

ရုံးတော်က အရေးကြီးကိစ္စ မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် လာရှာခြင်း ဖြစ်သည်။ ဧကရာဇ်၏ ငြိမ်ငြိမ်ထိုင်ပြီး အနားယူကြ ဆိုသော အမိန့်ကို ဖောက်ဖျက်ပြီး အနောက်ဆောင်သို့ တိတ်တဆိတ် တက်လာခြင်း ဖြစ်၏။

143 04

တံခါးပိတ်ထားသဖြင့် လင်စစ်ရှီသည် အပြင်တွင် အချိန်အတော်ကြာ စောင့်ဆိုင်း နေရလေသည်။ အတွင်းမှ ဘာသံမျှ ပြန်မကြားရပေ။ သို့သော် မသဲကွဲသော အသံတိုးတိုးလေးများ ကိုတော့ ကြားနေရ၏။ ကြောင်ပေါက်လေး အော်သံလိုလို၊ ဘာလိုလိုနှင့် သေချာမကြားရပေ။

သူ ထပ်မံ မေးမြန်းလိုက်လေသည်။

“ဆရာတူညီလေးမေ”

သူ အရေးကြီးသည့် ကိစ္စတစ်ခု သတိရသွားလေသည်။

“ဒါနဲ့... ခုနက အောက်က တာဝန်ကျတဲ့ လူတွေကို မေးကြည့်တော့ ဘယ်သူမှ မသိဘူး ပြောကြတယ်။ ကိုယ့်ဘာသာ ခေါင်းလောင်းတီးပြီး တက်သွားပါတဲ့။ မင်းက အပေါ်တက်ဖို့ ခွင့်ပြုလိုက်မှတော့... ဧကရာဇ်... ဒီမှာ မရှိဘူး မဟုတ်လား”

အခန်းထဲမှ စူးရှသော အသံတစ်ချက် ထွက်ပေါ်လာလေသည်။ သစ်သားစားပွဲကို ရွှေ့လိုက်သကဲ့သို့ အသံမျိုးပင်။

လင်စစ်ရှီ အပြင်မှနေ၍ ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။

“ဆရာတူညီလေးမေ... ဘာဖြစ်တာလဲ။ အဆင်ပြေရဲ့လား” သူ စိတ်ပူသွားပြီး တံခါးကို တွန်းဖွင့်ရန် ကြိုးစားလေသည်။

သို့သော် တံခါးမှာ အတွင်းမှ ဂျက်ထိုးထားသဖြင့် ဖွင့်မရပေ။

သူ အသံမြှင့်ပြီး အော်ခေါ်လိုက်လေသည်။ “ဆရာတူညီလေးမေ ဆရာတူညီလေး… ရွှယ်ချင့်”

မေဝမ့်ရှူး၏ အသံ ထွက်ပေါ်လာလေသည်။

တံခါးခြားနေသော်လည်း သူမ၏ အသံမှာ ပုံမှန်နှင့် မတူဘဲ ကွဲပြားနေသည်ကို သတိထားမိလိုက်၏။

တစ်ခုခုကို အတင်းအောင့်အီး သည်းခံနေရသကဲ့သို့၊ ပုံမှန် လေသံအေးအေး မဟုတ်ဘဲ စကားသံအဆုံးတွင် တုန်ယင်နေလေသည်။

“ဧကရာဇ် မရှိပါဘူး။ ကျွန်တော် အိပ်... အိပ်နေပြီ။ ဆရာတူအစ်ကိုလင် ပြန်လိုက်ပါတော့။ မနက်ဖြန်မှ လာခဲ့ပါ”

လင်စစ်ရှီ မပြန်ချင်ပေ။

“ဆရာတူညီလေးမေ... အရင်တုန်းက မင်းနဲ့ ဧကရာဇ်ကြားမှာ... တစ်ခုခု ရှိနေတယ်လို့ အစ်ကိုကြီး သတိထားမိခဲ့ပါတယ်။ ဒါပေမယ့် မသေချာခဲ့ဘူး”

“မနေ့က အစ်ကိုကြီး ကိုယ်တိုင် မြင်လိုက်ရမှ...”

အခန်းထဲမှ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာလေသည်။ တံခါးခြားနေသဖြင့် သိပ်မကွဲပြားသော်လည်း လင်စစ်ရှီ လန့်သွားပြီး ကမန်းကတန်း ရှင်းပြလေသည်။

“စိတ်ချပါ ဆရာတူညီလေးမေ... အစ်ကိုကြီး ဘယ်သူ့ကိုမှ မပြောပါဘူး။ ဆရာကြီးလည်း မသိပါဘူး”

အခန်းထဲတွင် ခဏ တိတ်ဆိတ်သွား၏။ မေဝမ့်ရှူး၏ အသံတွင် တုန်ခါမှုများ ပိုသိသာ လာလေသည်။ အတင်း အောင့်အီးထားရပုံ ပေါက်နေသည်။

“သိရင်လည်း ပြီးတာပါပဲ။ ကျွန်တော့်ကို လာပြောနေစရာ မလိုပါဘူး။ တခြားကိစ္စ မရှိရင် ပြန်ပါတော့”

လင်စစ်ရှီသည် ဒီည ဘာဖြစ်နေမှန်း မသိသော်လည်း ခေါင်းမာနေလေသည်။

“အစ်ကိုကြီး မနေ့ညကစပြီး အိပ်မက်ဆိုးတွေ ဆက်တိုက် မက်နေတယ်။ မျက်လုံး မှိတ်လိုက်တာနဲ့ မြင်ယောင်နေတယ်။ အိပ်မက်ထဲက အကြောင်းအရာတွေက ယုတ္တိမရှိပေမယ့် တကယ် ဖြစ်ပျက်ခဲ့သလို ခံစားရတယ်။ အစ်ကိုကြီး အိပ်မက်ဆိုးထဲမှာ ပိတ်မိနေတယ်”

သူက တံခါးအပြင်မှနေ၍ တုန်တုန်ရီရီ ပြောလေသည်။ “အိပ်မက်ဆိုးကနေ လွတ်မြောက်ဖို့ ဆရာတူညီလေးမေကို တွေ့မှ ဖြစ်မယ်”

သူ တံခါးကို ထုလိုက်လေသည်။ “တံခါးဖွင့်ပါဦး ရွှယ်ချင့်”

အခန်းထဲတွင် အဝတ်အစား ဝတ်ဆင်သည့် အသံများ ကြားရလေသည်။

ပန်းပုထွင်းထားသော သစ်သားတံခါး ပွင့်လာ၏။

လင်စစ်ရှီ ဝမ်းသာအားရ ရှေ့တိုးသွားလိုက်သည်။ “ရွှယ်ချင့်…”

လရောင်အောက်တွင် ငယ်ရွယ်သော ဧကရာဇ်၏ တည်ငြိမ်သည့် မျက်နှာထား ပေါ်လာလေသည်။ ရွှေချည်ထိုး နဂါးပုံ ဝတ်ရုံသည် လရောင်အောက်တွင် ပြောင်လက်နေ၏။

လော့ရှင်းယွမ်သည် တံခါးဝတွင် ရပ်ရင်း လက်ဖဝါးမှ အကိုက်ခံထားရသည့် ဒဏ်ရာကို အုပ်ကိုင်ထားလေသည်။ လင်စစ်ရှီကို တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

143 05

“ညကြီးမိုးချုပ် သိပ်ရောင့်ရဲလွန်းနေပြီ၊ စစ်ရှီ”

“မင်းရဲ့ ဆရာတူညီလေးက မင်းကို မတွေ့ချင်ဘူးတဲ့”

လင်စစ်ရှီ ခေါင်းငိုက်စိုက်ကျပြီး ပြန်လှည့်သွားရလေသည်။ တွေ့ချင်သည့်သူကို မတွေ့လိုက်ရပေ။

စိတ်နှင့်လူနှင့် မကပ်ဘဲ ပြန်ဆင်းသွားသောအခါ အောက်တွင် စောင့်နေသော ကိုယ်ရံတော်များက သူ့ကို ရုံးတော်ဆီ ပြန်ပို့ပေးကြလေသည်။ ငြိမ်ငြိမ်ထိုင်ပြီး အနားယူ ရန်အတွက် ဖြစ်သည်။

တည်ငြိမ်ရင့်ကျက်ပါသည် ဆိုသော အမတ်မင်း၏ ကျောပြင် ယိုင်နဲ့နဲ့ ထွက်ခွာသွားသည်ကို ကြည့်ပြီး လော့ရှင်းယွမ် တံခါးပိတ်လိုက်လေသည်။

ပြတင်းပေါက်နားရှိ ကုတင်ဆီသို့ ပြန်လျှောက်လာ၏။ ကိုယ်လုံးလေးကို ဖုံးအုပ်ထားသော စောင်ပါးလေးကို ဖယ်ရှားလိုက်သောအခါ ဆွဲဆောင်မှု ရှိလွန်းသော မျက်နှာလေး ပေါ်လာလေသည်။

လက်ဖဝါးကြီးဖြင့် ချွေးစိုနေပြီး မှိတ်ထားသော မျက်တောင်ရှည်ကြီးများကို ပွတ်သပ်လိုက်လေသည်။

မျက်တောင်များ ပွင့်လာ၏။ မျက်ဝန်းနက်လေးများသည် ရီဝေဝေဖြင့် သူ့ကို စိုက်ကြည့်နေလေကာ စကားမပြောပေ။

လော့ရှင်းယွမ် ရင်ထဲ မကောင်းဖြစ်သွားလေသည်။ ကိုယ်ကို ကိုင်းပြီး လက်ကောက်ဝတ်ကို ချည်ထားသော ကြိုးကို ဖြေပေးလိုက်၏။ လူကို ရင်ခွင်ထဲ ပွေ့ဖက်လိုက်ပြီး နားနားကပ်ကာ တောင်းပန်လိုက်လေသည်။

“ငါ မှားသွားပါတယ်။ ငါ ဆိုးမိသွားတယ်။ စိတ်မဆိုးပါနဲ့နော်”

မေဝမ့်ရှူးသည် ပင်ပန်းလွန်းသဖြင့် ထပင် မထိုင်နိုင်တော့ပေ။ စောင်နှင့်ပတ်ပြီး အဖက်ခံထားလိုက်ရသည်။ နှလုံးခုန်သံ မြန်နေသော ရင်အုပ်ကျယ်ကြီးကို မှီရင်း တိုးတိုးလေး ပြောလိုက်လေသည်။

“စိတ်မဆိုးပါဘူး။ ဒါပေမယ့် နောက်တစ်ခါ အဲဒီလို ထပ်မလုပ်ရဘူး”

လော့ရှင်းယွမ် စိတ်အေးသွားလေသည်။ ရင်ခွင်ထဲမှ လူကို ကျေကျေနပ်နပ်ကြီး ဖက်ထားပြီး ကတိပေးလိုက်လေသည်။

“အိပ်လိုက်ပါတော့။ ဒီည ထပ်မနှောင့်ယှက်တော့ပါဘူး။ မနက်မိုးလင်းတဲ့အထိ အိပ်လိုက်တော့နော်”

*** *** ***

သန်းခေါင်ကျော် (၃) ချက်တီး အချိန်တွင် အနောက်ဆောင် အောက်ဘက်မှ ခေါင်းလောင်းသံ ထပ်မြည်လာပြန်လေသည်။

အပေါ်မှ ပြန်တုံ့ပြန်သည့် ခေါင်းလောင်းသံ မကြားရပေ။ တိတ်ဆိတ်စွာ ငြင်းပယ်လိုက်ခြင်းပင်။

သို့သော် အောက်မှ လူမှာ ဇွဲမလျှော့ပေ။ ခေါင်းလောင်းကို နာရီဝက်ခန့် ဆက်တိုက် တီးနေလေသည်။

ကြာမှသာ အပေါ်မှ ပြန်လည်တုံ့ပြန်သံ ကြားလိုက်ရ၏။

အောက်တွင် စောင့်နေသော ချီကျန့်ဟန် ဝမ်းသာအားရ ဖြစ်သွားပြီး အနောက်ဆောင်ပေါ် ပြေးတက်သွားလေသည်။

လရောင်အောက်တွင် တံခါးဝ ရပ်စောင့်နေသော ဧကရာဇ် ရှေ့၌ ဒူးထောက်ပြီး စိတ်လှုပ်ရှားစွာ လျှောက်တင်လေသည်။ “ဧကရာဇ် အရေးကြီးကိစ္စ ရှိပါတယ်”

“ညကြီးမိုးချုပ် သိပ်ရောင့်ရဲလွန်းနေပြီ၊ ကျန့်ဟန်”

လော့ရှင်းယွမ်၏ မျက်နှာထားမှာ ခန့်မှန်းရ ခက်နေလေသည်။ အေးစက်စက် ပြောဆိုလိုက်သည်။

“သန်းခေါင်ကျော်ကြီး မေအမတ်ရဲ့ အိပ်ချိန်ကို လာနှောင့်ယှက်တာ... တကယ်လို့ မင်း လျှောက်တင်မယ့် ကိစ္စက မကြီးမားဘူး၊ သတင်းကောင်း မဟုတ်ဘူး ဆိုရင်... ငါ မင်းကို ဒီအနောက်ဆောင်ပေါ်ကနေ ပစ်ချလိုက်မယ်”

******

All Chapters