← Chapters

အခန်း (၁၆၀)

Vol. 16 Ch. 160

အခန်း (၁၆၀)

Vol. 16 Ch. 160

160 01

အခန်း 160 အပိုင်းပို (၉)

အရှေ့မြို့တော် နေ့စဉ်ဘဝ (အပိုင်း ၄)

မြို့အရှေ့ဘက်ရှိ ချွေအိမ်တော်၏ ဆိုင်းဘုတ်ကို ပြန်လည်ချိတ်ဆွဲသောနေ့တွင် မေဝမ့်ရှူး ကိုယ်တိုင် ဂုဏ်ပြုလက်ဆောင်များ သွားရောက် ပေးပို့လေသည်။

ချွေအိမ်တော် အသိမ်းခံရစဉ်က နိုင်ငံပိုင် သိမ်းဆည်းခံခဲ့ရသော ဥယျာဉ် ဆိုင်းဘုတ်များ၊ ဧည့်ခန်းမဆောင်မှ ပန်းချီ၊ စာလုံးများကို သူမက အကြိမ်ကြိမ် တိုက်တွန်းပြီး အစိုးရ ဂိုဒေါင်များမှ ပြန်လည်ရှာဖွေစေကာ မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်စေခဲ့သည်။ အချို့ပစ္စည်းများမှာ ချွေဆရာကြီး ကိုယ်တိုင် ရေးသားခဲ့သော စာလုံးများ ဖြစ်လေသည်။

ယန်ရန်နှင့် အားကျစ်သခင်မလေးတို့ သမီးယောင်းမနှစ်ယောက်သည် စာကြည့်ခန်းရှေ့သို့ လမ်းလျှောက်သွားကြပြီး စာကြည့်ခန်းအပြင်ဘက်တွင် ချိတ်ဆွဲထားသော စာလုံးများကို မြင်တွေ့လိုက်ရလေသည်။ ချွေဆရာကြီး၏ လက်ရာမှန်း သိရှိလိုက်သည်နှင့် နှစ်ယောက်သား မျက်ရည်များ ကျဆင်းလာကြသည်။ ယန်ရန်၏ မျက်လုံးဝိုင်းလေးများမှာ မက်မွန်သီးကဲ့သို့ ရောင်ကိုင်းလာသည်အထိ ငိုကြွေးလေသည်။

ယန်ရန်က မျက်ရည်သုတ်ရင်း မေဝမ့်ရှူးကို ပြောလေသည်။

“သခင်... ကျွန်မကို မရယ်ပါနဲ့နော်။ ဒီနေ့ မျက်ရည်တွေကို ထိန်းလို့ မရဘူး။ နှစ်ပေါင်းများစွာ အောင့်အီးထားသမျှ မျက်ရည်တွေ အကုန်ထွက်လာတယ်။ ပုံမှန်ဆို ကျွန်မက ငိုတတ်တဲ့သူ မဟုတ်ဘူး ဆိုတာ သခင် သိသားပဲ”

မေဝမ့်ရှူးသည် လက်ကိုင်ပုဝါ တစ်ထည် ကမ်းပေးလိုက်လေသည်။

“ရင်ထဲမှာ မျိုသိပ်ထားတာထက်စာရင် အခုလို ပွင့်ပွင့်လင်းလင်း ငိုချလိုက်တာ ပိုကောင်းပါတယ်”

ယန်ရန်သည် ထိုစကားကြားသောအခါ မေဝမ့်ရှူးကို ဖက်တွယ်ပြီး စာကြည့်ခန်း အပြင်ဘက်တွင် တစ်နာရီခန့်ကြာအောင် ငိုကြွေးလေသည်။

အားကျစ်သခင်မလေးက မေဝမ့်ရှူးကို လိုက်ပို့သောအခါ ညနေစောင်းနေပြီ ဖြစ်သည်။

“မေအမတ်... မိုးချုပ်တော့မယ်”

ဒီတစ်ခေါက် လိုက်ပါလာသော ကိုယ်ရံတော်ခေါင်းဆောင်မှာ ချီကျန့်ဟန်၏ လူယုံတစ်ဦး ဖြစ်သည်။ စိုးရိမ်တကြီး ပြောကြားလေသည်။

“ညဘက်ဆိုရင် လမ်းမှာ မကောင်းဆိုးဝါးတွေ၊ လူဆိုးလူမိုက်တွေနဲ့ တွေ့တတ်တယ်။ မိုးမချုပ်ခင် နန်းတော် ပြန်ရောက်ရင် ပိုကောင်းမယ်”

မေဝမ့်ရှူး ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မြင်းရထားပေါ် တက်လိုက်လေသည်။

ရထားသည် မြို့အရှေ့ဘက်မှ နန်းတော်ဘက်သို့ ဦးတည် မောင်းနှင်လာလေသည်။ ဧကရာဇ်လမ်းမကြီး အနီးသို့ ရောက်သောအခါ သူမ စိတ်ကူးတစ်ခု ရသွားသဖြင့် အမိန့်ပေးလိုက်လေသည်။

“ရထား ရပ်လိုက်”

သူမ လိုက်ကာကို မပြီး လမ်းတစ်ဖက်ခြမ်းကို ကြည့်လိုက်လေသည်။

အားကျစ်သခင်မလေးက ခုနက ပြောပြထားသည်။ သူမ ဖွင့်ဖို့ စီစဉ်ထားသော ဆိုင်ခန်းနေရာသည် ဧကရာဇ်လမ်းမကြီးနှင့် မျက်စောင်းထိုး လမ်းကြားထိပ်တွင် ရှိသည် ဟူ၏။

မြင်းရထားသည် လမ်းဘေးတွင် ရပ်တန့်သွားသည်။ သူမ သေချာ ကြည့်ရှုစစ်ဆေးပြီးနောက် ဆက်လက်ထွက်ခွာရန် ပြင်ဆင်စဉ် ဘေးဖက်မှ (၅) နှစ် (၆) နှစ် အရွယ် ကလေးငယ်အချို့ ပြေးလွှား ဆော့ကစားရင်း ရထားအနီးသို့ ရောက်ရှိလာကြလေသည်။

ဤမြင်ကွင်းသည် မြို့တော် လမ်းမများပေါ်တွင် မြင်နေကျ မြင်ကွင်းမျိုး ဖြစ်သည်။ ကိုယ်ရံတော်များက လက်ကာပြီး တခြားနေရာ သွားကစားရန် တားဆီးလိုက်ကြသည်။

ထိုစဉ် ကလေးတစ်ယောက်သည် ကိုယ်ရံတော်၏ လက်အောက်မှ ငုံ့ပြီး ဝင်ရောက်လာကာ ဘာမှမပြောဘဲ ရထားလိုက်ကာကို မပြီး စာရွက်တစ်ရွက် ပစ်ထည့်ကာ ထွက်ပြေးသွားလေသည်။

ကိုယ်ရံတော်များ လန့်ဖျပ်သွားကြသည်။ ကိုယ်ရံတော်ခေါင်းဆောင်သည် အံ့သြသွားသော်လည်း ချက်ချင်းပင် လူအချို့ကို လွှတ်ပြီး လိုက်ဖမ်းခိုင်းလိုက်လေသည်။

မေဝမ့်ရှူးသည် ရထားထဲ ကျရောက်နေသော စာရွက်လေးကို ကောက်ယူပြီး ဖွင့်ကြည့်လိုက်လေသည်။

160 02

စာရွက်ပေါ်တွင် စာတတ်သူတိုင်း ရေးတတ်သော၊ လက်ရေးမူ ခွဲခြား၍ မရနိုင်သော စာလုံးအမှန်ဖြင့် စာနှစ်ကြောင်း ရေးသားထားလေသည်။

“စွမ်းဆောင်ရည် မြင့်လွန်းလို့ အရှင်သခင် စိုးရိမ်နေရပြီ။

ကျားစီးထားရသလို အခြေအနေ ဖြစ်နေပြီ။

ပုလဲရတနာကို အမှောင်ထဲ ပစ်ထားသလိုပါပဲ။

အရှင်သခင်ကောင်းကို ဘာလို့ ရှာမဖွေတာလဲ”

မေဝမ့်ရှူး ဖတ်ပြီးသောအခါ အသံမထွက်ဘဲ ပြုံးလိုက်လေသည်။ စာရွက်ကို မူလအတိုင်း ပြန်ခေါက်ပြီး အင်္ကျီလက်ကြားထဲ ထည့်လိုက်၏။

ခဏအကြာတွင် စာရွက်ပစ်ထည့်သော ကလေးငယ်ကို ကိုယ်ရံတော်နှစ်ယောက်က ဖမ်းခေါ်လာကြသည်။ ကလေးက ငိုယိုပြီး ပြောလေသည်။

“လူတစ်ယောက်က ပိုက်ဆံနှစ်ပြား ပေးပြီး ရထားထဲကို စာရွက်ပစ်ထည့်ခိုင်းလို့ ပစ်ထည့်လိုက်တာပါ။ အဲဒီလူကို သား မသိပါဘူး။ အီး... ဟီး...”

“ကဲပါ... နားမလည်တဲ့ ကလေးကို အပြစ်မရှာပါနဲ့တော့။ လွှတ်ပေးလိုက်ပါ” မေဝမ့်ရှူး ရထားထဲမှနေ၍ အမိန့်ပေးလိုက်လေသည်။

“မလှုပ်ရှားဘဲ ငြိမ်နေတာက အကောင်းဆုံး တုံ့ပြန်မှုပါပဲ။ နောက်ကွယ်ကလူက သူ့အလိုလို ထွက်လာပါလိမ့်မယ်”

မြင်းရထား ဆက်လက် ထွက်ခွာလာလေသည်။ ရှေ့ကွေ့လိုက်လျှင် ဧကရာဇ်လမ်းမကြီး ရောက်ပြီ။

လမ်းထိပ်တွင် ကြေညာချက်အသစ် တစ်စုံတစ်ရာ ကပ်ထားပုံရသည်။ လူတွေ ပြည့်နှက်နေပြီး ဆူညံပွက်လောရိုက်နေသည်။ လူအုပ်ကြီးက ကျယ်ဝန်းသော ဧကရာဇ်လမ်းမကြီးကို ပိတ်ဆို့ထားသဖြင့် လမ်းသွား၍ မရတော့ပေ။

ကိုယ်ရံတော်အချို့ တိုးဝှေ့ပြီး သွားကြည့်ကြသည်။ ပြန်လာသောအခါ အကြောင်းရင်း မသိရဘဲ မျက်နှာများ နီရဲပြီး စိတ်လှုပ်ရှား နေကြလေသည်။

“မြို့တော်အုပ်ချုပ်ရေးမှူးရုံးက ဒီနေ့ ကြေညာချက်အသစ် ကပ်ထားတာပါ။ ဧကရာဇ်က နာမည်အသစ် ပေးသနားလိုက်လို့ တောင်… မြောက် ဧကရာဇ်လမ်းမကြီးရဲ့ နာမည် ပြောင်းသွားပါပြီတဲ့”

မေဝမ့်ရှူး ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

မြို့တော်ကို ဖြတ်သန်းဖောက်လုပ်ထားသော တောင် မြောက် ဧကရာဇ်လမ်းမကြီးသည် တောင်ဘက် မြို့တံခါးမှ မြောက်ဘက် နန်းတော်အထိ ပေါက်ရောက်ပြီး မြို့တော်၏ အစည်ကားဆုံး လမ်းမကြီး ဖြစ်သည်။

နိုင်ငံစတင်တည်ထောင်စဉ်က ကျူးချွဲ့လမ်းမကြီးဟု ခေါ်ဝေါ်ခဲ့သည်။ (ကျူးချွဲ့က မီးတောက်နီရောင်ငှက်ကို ပြောတာပါ)

နောက်ပိုင်းတွင် ယခု လော့ရှင်းယွမ်၏ အဘွားတော်၊ ကွယ်လွန်သူ မယ်တော်ကြီး၏ ငယ်နာမည်တွင် ကျူး ပါဝင်သဖြင့် ယခင်ဧကရာဇ် (ယွမ်ဟော်ဧကရာဇ်၏ အဘိုး)က ဧကရာဇ်လမ်းမကြီးဟု ပြောင်းလဲခေါ်ဝေါ်စေခဲ့ခြင်း ဖြစ်သည်။

ဆယ်စုနှစ်များစွာ ခေါ်ဝေါ်လာခဲ့ပြီးမှ ဘာကြောင့် ရုတ်တရက် နာမည်ပြောင်းရတာလဲ။

“ဘာနာမည် ပြောင်းလိုက်တာလဲ” မေဝမ့်ရှူး မေးလိုက်လေသည်။

ကိုယ်ရံတော်က စိတ်လှုပ်ရှားလွန်း၍ မျက်နှာများ နီရဲနေပြီး ရင်ကော့ခေါင်းမော့ကာ အသံကျယ်ကျယ်ဖြင့် ဖြေကြားလိုက်လေသည်။

“ဧကရာဇ် ပေးသနားတဲ့ နာမည်သစ်က မေအမတ် လမ်းမကြီးပါ”

မေဝမ့်ရှူး “......”

*** *** ***

မေဝမ့်ရှူး နန်းတော်ထဲသို့ အလျင်စလို ဝင်ရောက်လာချိန်တွင် နန်းတွင်း အရာရှိများ ရုံးဆင်းချိန်နှင့် တိုက်ဆိုင်နေလေသည်။ ဌာနကြီးခြောက်ခုမှ အမတ်များ၊ အမတ်ကြီးများသည် သုံးစုတစ်စု ထွက်ခွာလာကြလေသည်။

တိုင်းခြားရေးရာအမတ် ယွီကွမ်းကျုံးသည် လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေး ပြောဆိုနေလေသည်။

“ဧကရာဇ်ရဲ့ ခြေရင်း၊ မြို့တော်ရဲ့ နံပါတ်တစ် လမ်းမကြီးကို မေအမတ်ရဲ့ မျိုးရိုးနာမည်နဲ့ ရာထူးကို အစွဲပြုပြီး မှည့်ခေါ်တယ် ဆိုတာ... တကယ့်ကို ကြီးမားလှတဲ့ ဂုဏ်ထူးပါပဲဗျာ။ အရင်တုန်းက ကောလာဟလတွေကို ကျုပ် ယုံလုနီးပါး ဖြစ်ခဲ့တာ။ အခု ပြန်စဉ်းစားမိတော့ ရှက်လိုက်တာ”

160 03

ဆောက်လုပ်ရေးအမတ်က အသံနှိမ့်ပြီး အခြားအမတ်များကို သတင်းတစ်ခု ထပ်ပေးလေသည်။

“ဧကရာဇ်လမ်းမကြီး နာမည်ပြောင်းတာတင် မကသေးဘူး။ ချီအိမ်တော်ကနေ သိမ်းဆည်းထားတဲ့ အိမ်ကြီးလေ... နန်းတော်ရဲ့ အရှေ့တောင်ဘက်က နေရာကောင်းမှာ ရှိတာ။ ဥယျာဉ်တွေ၊ အဆောက်အအုံတွေက နန်းတော် ဥယျာဉ်တွေနဲ့ ယှဉ်လို့ရတယ်။ အရင်တုန်းက မေအမတ်ကို ပေးမလို့ လုပ်တာ မေအမတ်က အိမ်ကြီးလွန်းလို့ ဆိုပြီး ငြင်းခဲ့တာ။ ဧကရာဇ်က မနေ့က အမိန့်တော် ချလိုက်ပြီ။ အဲဒီ ချီအိမ်တော်ကို နှစ်ပိုင်းခွဲလိုက်မယ် တဲ့။ နန်းတော် တံတိုင်းနဲ့ ကပ်နေတဲ့ တစ်ဝက်ကို နန်းတော် ဧရိယာထဲ ထည့်လိုက်မယ်။ ကျန်တဲ့ တစ်ဝက်ကို မေအမတ်ကို ပေးသနားပြီး မေအိမ်တော် အသစ် အဖြစ် ပြန်လည်ပြုပြင်မယ် တဲ့”

“တကယ်လား!”

“အိမ်တစ်လုံးကို နှစ်ပိုင်းခွဲပြီး တစ်ပိုင်းက နန်းတော်ထဲ ပါသွားတယ်၊ ကျန်တစ်ပိုင်းက မေအိမ်တော် ဖြစ်သွားတယ် ဆိုတော့... မေအမတ်က ဧကရာဇ်နဲ့ အိမ်နီးချင်း ဖြစ်သွားတာပေါ့”

“သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက အတူတူ ဒုက္ခခံပြီး ကြီးပြင်းလာတာ၊ သံယောဇဉ်က သာမန်လူတွေ ထင်တာထက် အများကြီး နက်ရှိုင်းတာကိုး”

ဓလေ့ထုံးတမ်းအမတ် လီရွှယ်ချန်း လမ်းလျှောက်လာလေသည်။

“ခင်ဗျားတို့ကို ကျုပ် ပြောသားပဲ... ကောလာဟလတွေ မယုံပါနဲ့လို့။ အရင်တုန်းကတော့ တဲ့တိုး ပြောလို့ မကောင်းဘူး။ အခု ဧကရာဇ်က မေအိမ်တော်အပေါ်ထားတဲ့ သဘောထားကို လူသိရှင်ကြား ပြလိုက်ပြီ ဆိုတော့ ကျုပ်လည်း တစ်ခုလောက် ဝင်ပြောလိုက်ဦးမယ်...” သူက တိုးတိုးလေး ပြောလေသည်။ “မိဖုရားခေါင်က မေအိမ်တော်ကပဲ လာမှာ”

အမတ်ကြီးများ အံ့သြသွားကြပြီးမှ သဘောပေါက်သွားကြလေသည်။

“မေအမတ် အိမ်မှာ အလွန်လှပတဲ့ ညီမလေး တစ်ယောက် ရှိတယ်လို့ ကြားဖူးတယ်”

“ငယ်ငယ်တုန်းက ဧကရာဇ်နဲ့ အတူ ကြီးပြင်းလာတာ ဆိုတော့ သံယောဇဉ် ရှိမှာပေါ့။ အခု ဆွေမျိုးတော် ဖြစ်သွားပြီ ဆိုတော့ ဒီလောက် မျက်နှာသာပေးတာ မဆန်းပါဘူး”

“တိုးတိုးပြော... ဧကရာဇ်က မိဖုရားသစ်ကို အရမ်းချစ်ပြီး နန်းတော်ထဲမှာ ဝှက်ထားတာ။ ဘယ်သူမှန်း မသိစေချင်ဘူးတဲ့။ မပြောနဲ့၊ မပြောနဲ့”

အမတ်များ ရွှေရောင်တံတားကို ဖြတ်သန်းလာစဉ် မေဝမ့်ရှူးနှင့် ပက်ပင်းတိုးမိလေသည်။ အားလုံးက အပြေးအလွှား လာရောက် နှုတ်ဆက်ကြလေသည်။

“မေအမတ်... နေကောင်းပါရဲ့လား”

“အခု ရာထူးက အနားယူလိုက်ပါပြီ၊ သာမန်အရပ်သားပါ” မေဝမ့်ရှူးက မည်မျှပင် နှိမ့်ချပြောဆိုသော်လည်း အမတ်ကြီးများ၏ ဆက်ဆံပုံမှာ ပိုမို၍ ယဉ်ကျေးပျူငှာ လာလေသည်။

ဆောက်လုပ်ရေးအမတ်က သူမကို ဘေးသို့ ခေါ်ထုတ်သွားပြီး တိုးတိုးလေး မေးလေသည်။

“မေအိမ်တော် အသစ် ပြုပြင်မွမ်းမံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေအမတ် ဘယ်လို စိတ်ကူးရှိလဲ။ ကျွန်တော်မျိုးကို ပြောပြပါ။ ဧကရာဇ်က မှာလိုက်တယ်... ကုန်ကျစရိတ်ကို ထည့်မတွက်နဲ့၊ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးပါတဲ့”

မေဝမ့်ရှူး အံ့သြစွာ ပြန်မေးလိုက်လေသည်။ “ဘာမေအိမ်တော် အသစ်လဲ”

ဆောက်လုပ်ရေးအမတ်က ဟား ဟား ရယ်မောလိုက်လေသည်။ “ဟုတ်သားပဲ... ဧကရာဇ်က တရားဝင် အမိန့်စာ မထုတ်ရသေးဘူး။ ဒါဆို မေအမတ် ကြိုစဉ်းစားထားလိုက်ပါ။ အိမ်တော်ပေးသနားတဲ့ အမိန့်စာ ထွက်လာရင် ကျွန်တော်မျိုး လာမေးပါ့မယ်”

မေဝမ့်ရှူး စဉ်းစားရင်း တံတားကို ဖြတ်သန်းလာရာ နန်းတော်တံခါးဝတွင် ရှောင်ကွေ့ယွမ် ခေါင်းပြူကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

“ဧကရာဇ်က မေအမတ် လာမယ်ဆိုတာ သိလို့ အနောက်ဆောင်မှာ စောင့်နေပါတယ်”

*** *** ***

လော့ရှင်းယွမ်သည် အနောက်ဆောင်တွင် ရှိနေလေသည်။

အနောက်ဆောင်တွင် ယခင်က ကြေးဆီမီးခွက်များ အစား ဖန်မီးအိမ်ပေါင်း များစွာကို အစားထိုးထားလေသည်။ ဖန်မီးအိမ်များကို နေရာအနှံ့ ထွန်းညှိထားသဖြင့် အနောက်ဆောင် တစ်ခုလုံး နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေလေသည်။

မေဝမ့်ရှူး ဝင်ရောက်လာသောအခါ လော့ရှင်းယွမ်သည် မီးရောင်အောက်တွင် စာတမ်းများ စစ်ဆေးနေလေသည်။ မျက်နှာထားမှာ တည်ငြိမ်နေပြီး စိတ်ခံစားချက်ကို ခန့်မှန်း၍ မရပေ။ သူမ ဝင်လာသည်ကို မြင်သောအခါ ဘောပင်ကို ချလိုက်ပြီး ပြောလေသည်။

160 04

“ရွှယ်ချင့် ရောက်လာပြီပဲ။ ထိုင်လေ”

ထို့နောက် အနောက်ဆောင်တွင် တာဝန်ကျသော မိန်းမစိုးကို ပြင်ဆင်ထားသော ဟင်းချိုပူပူ ယူလာရန် အမိန့်ပေးလိုက်လေသည်။

မေဝမ့်ရှူးသည် သူ့မျက်နှာချင်းဆိုင်ရှိ ကုတင်ရှည်ပေါ်တွင် ထိုင်လိုက်လေသည်။ ဟင်းချိုပန်းကန်ကို လှမ်းယူရင်း မေးလိုက်၏။

“ဒီနေ့ ဧကရာဇ်လမ်းမကြီး နာမည်ပြောင်းလိုက်တာ... မင်း ဒီရက်ပိုင်း ထွက်နေတဲ့ ကောလာဟလတွေကို ကြားလို့လား”

လော့ရှင်းယွမ်သည် စုတ်တံနီကို ကျောက်စိမ်းစုတ်တံတင်ခုံပေါ်တွင် တင်လိုက်ပြီး ဖျော့တော့တော့ ပြုံးလိုက်လေသည်။

“စွမ်းဆောင်ရည် မြင့်လွန်းလို့ အရှင်သခင် စိုးရိမ်နေတယ်။ မြို့အရှေ့ဘက်က ပေးသနားထားတဲ့ အိမ်ကို ပြန်သိမ်းတယ်။ မေအမတ်ကို နန်းတော်ထဲမှာ အကျယ်ချုပ် ချထားတယ်။ ကောလာဟလတွေက ဒီလောက်ထိ ဖြစ်နေတာတောင် ရွှယ်ချင့်က စိတ်ရှည်သည်းခံပြီး ကျန်းကို မပြောဘဲ နေနိုင်တယ်နော်”

“အဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေကို ဘာလို့ ဂရုစိုက်နေမှာလဲ။ အချိန်တန်ရင် သူ့အလိုလို ပျောက်သွားမှာပါ” မေဝမ့်ရှူးက ဟင်းချိုပန်းကန်ကို ကိုင်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။

ငွေဇွန်းဖြင့် ဟင်းချိုပူပူကို မွှေလိုက်ပြီး အနံ့ခံကြည့်လိုက်ရာ မျက်မှောင်ကြုတ် သွားလေသည်။

“ဒါ... ဆိတ်ကျောက်ကပ်ဟင်းချို မဟုတ်လား”

သူမ ပန်းကန်ကို စားပွဲပေါ် ပြန်တင်လိုက်လေသည်။ “ဒီရက်ပိုင်း သောက်ရတာ များလွန်းလို့ အန်ချင်နေပြီ”

လော့ရှင်းယွမ်သည် စားပွဲနောက်မှ ထလာပြီး သူမဘေးသို့ ရောက်လာလေသည်။ ဟင်းချိုပန်းကန်ကို သူမလက်ထဲ ပြန်ထည့်ပေးလိုက်၏။

“ကျန်းမာရေးအတွက် ကောင်းပါတယ်။ မကုန်ရင်တောင် တစ်ဝက်လောက်တော့ သောက်လိုက်ပါ”

သူသည် ဝတ်ရုံကို မပြီး ကုတင်ရှည်ပေါ်တွင် ဝင်ထိုင်လိုက်လေသည်။ လေသံက လေးနက်နေ၏။

“ရွှယ်ချင့်က သဘောထားကြီးလို့ ကောလာဟလတွေကို သည်းခံနိုင်ပေမဲ့၊ ကျန်းကတော့ သည်းမခံနိုင်ဘူး။ ကျန်းနားထဲ ရောက်လာမှတော့ ဖြိုခွင်းပစ်ရမှာပဲ။ ဧကရာဇ်လမ်းမကြီး နာမည်ပြောင်းလိုက်တာက တိုင်းပြည်ကို သိစေချင်လို့။ စွမ်းဆောင်ရည် မြင့်လွန်းလို့ အရှင်သခင် စိုးရိမ်တယ် ဆိုတာတွေက အလကားပဲ ဆိုတာ သိစေချင်လို့။ ရွှယ်ချင့်က ကျန်းတို့ တိုင်းပြည်ရဲ့ အထင်ကရ အာဇာနည်ပဲ”

“ကောင်းမွန်နေတဲ့ ဧကရာဇ်လမ်းမကြီးကို... အဟမ်း... မေအမတ် လမ်းမကြီး လို့ ပြောင်းလိုက်တာ...”

မေဝမ့်ရှူး ကိုယ်တိုင် အသံထွက်ပြီး ပြောလိုက်သောအခါ နားရွက်များ နီရဲလာလေသည်။

“အရင် ဧကရာဇ် လက်ထက်တုန်းက နာမည်ပြောင်းတာက မယ်တော်ကြီး နာမည်ပါလို့ ရှောင်လွှဲဖို့… ဒီတစ်ခါကျတော့ ပြောင်းပြန် ဖြစ်နေတယ်။ ငါ့မျိုးရိုးနာမည်က လူတိုင်း ပါးစပ်ဖျား ရောက်နေပြီ”

“ကြားဖန်များရင် ရိုးသွားမှာပါ” လော့ရှင်းယွမ်က ဂရုမစိုက်ပေ။

“ကျန်းက တစ်တိုင်းပြည်လုံး ရွှယ်ချင့်ရဲ့ နာမည်ကို သိစေချင်တာ။ မြို့တော်ထဲက ကောက်ကျစ်စဉ်းလဲတဲ့ သူတွေကိုလည်း သတိပေးချင်တာ။ မဟုတ်တာတွေ ကြံစည်ဖို့ မစဉ်းစားနဲ့တော့လို့…”

မေဝမ့်ရှူးသည် ရင်ခေါင်းထဲမှ ပျို့တက်လာသည်ကို အောင့်အီးပြီး ဆိတ်ကျောက်ကပ်ဟင်းချိုကို တစ်ဝက်လောက် ကုန်အောင် သောက်လိုက်လေသည်။ ဆက်မသောက်နိုင်တော့သဖြင့် ဘေးသို့ ဖယ်လိုက်၏။

လက်ဖက်ရည်ပြင်းပြင်းဖြင့် ပလုတ်ကျင်းပြီး ပြန်ထိုင်လိုက်လေသည်။ ဘေးက လူကို တစ်ချက် လှမ်းကြည့်လိုက်၏။

“ရှင်းယွမ်... ဒီည ငါ့ကို တွေ့တာ တစ်ခါမှ မပြုံးဘူးနော်။ စိတ်မပျော်ဘူးလား”

လော့ရှင်းယွမ် ခဏ တိတ်ဆိတ်နေပြီး လက်လှမ်းကာ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်လေသည်။

မေဝမ့်ရှူး၏ ခေါင်းပေါ်မှ ဆံထုံးကို ဖြည်ချလိုက်ရာ ဆံနွယ်နက်များ ရှည်လျားစွာ ကျဆင်းလာလေသည်။ သူက ဆံပင်အဖျားလေးများကို လက်ညှိုးဖြင့် ရစ်ပတ်ကစားရင်း မေးစေ့ကို သူမ၏ ပခုံးပေါ် တင်လိုက်လေသည်။

“မပျော်ဘူး”

160 05

လော့ရှင်းယွမ်၏ အသံမှာ နိမ့်ပြီး အက်ကွဲနေလေသည်။

“ငယ်ငယ်တုန်းက ပြဿနာ တက်ရင် ရွှယ်ချင့်က တစ်ယောက်တည်း ခါးစည်းခံလေ့ ရှိတယ်။ အကုန်ပြီးသွားမှ ကျန်းကို ပေါ့ပေါ့ပါးပါး ပြောပြတတ်တယ်။ အဲဒီတုန်းက ကျန်းကိုယ်ကျန်း ပြောခဲ့ဖူးတယ်။ မြန်မြန် အရွယ်ရောက်ပါစေ၊ အရွယ်ရောက်လာရင် ရွှယ်ချင့်နဲ့အတူ မျှဝေခံစားနိုင်မှာပါလို့”

“ငါ (၁၆) နှစ်မှာ အရွယ်ရောက်ခဲ့တယ်။ (၁၈) နှစ်မှာ ကိုယ်တိုင် အုပ်ချုပ်ခဲ့တယ်။ အခု (၃) (၄) နှစ် ရှိနေပြီ”

မေဝမ့်ရှူး၏ ခါးကို ဖက်ထားသော လက်မောင်းများ ပိုမို တင်းကျပ်လာလေသည်။

“နေ့တိုင်း နိုင်ငံရေး ပြဿနာတွေ ရှင်းနေရတယ်၊ နန်းတွင်းက ခေါင်းမာတဲ့ အဘိုးကြီးတွေကို ရင်ဆိုင်နေရတယ်၊ ညဘက်ထပြီး နယ်တွေက အရေးပေါ် စာတွေကို ဖတ်နေရတယ်။ စိတ်ထဲမှာ တွေးတာက... ငါ တစ်ခု ပိုလုပ်နိုင်ရင် မင်း တစ်ခု သက်သာမယ်။ ငါ့ပခုံးပေါ် ထမ်းထားရင် မင်းဘက်က ဝန်လျော့သွားမယ် လို့”

“အခု ကျန်း ကိုယ်တိုင် အုပ်ချုပ်နေတာ ကြာပြီ။ ပြဿနာ တက်တယ်၊ ကောလာဟလတွေ ပျံ့နေတယ်၊ နန်းတွင်းရော မြို့တော်ပါ သိနေကြတယ်။ အဲဒါကို မင်းက ကျန်းကို မပြောဘဲ တစ်ယောက်တည်း ကြိတ်ခံနေတုန်းပဲ။ ကျန်းက နောက်ဆုံးမှ သိရတဲ့သူ ဖြစ်နေတုန်းပဲ...”

လော့ရှင်းယွမ် ပြောရင်း ပြောရင်းနှင့် အသံ တိုးဝင်သွားလေသည်။

(၁) ပုံက နောင်တ၊ (၂) ပုံက စိတ်ဓာတ်ကျတာ၊ (၇) ပုံက ဝမ်းနည်းတာ။

မေဝမ့်ရှူး ရင်ထဲက အနူးညံ့ဆုံး နေရာလေး အဆွဲခံလိုက်ရသလို ခံစားလိုက်ရလေသည်။

သူမ ခေါင်းလှည့်ပြီး မျက်နှာချင်းဆိုင်က နက်မှောင်တဲ့ မျက်လုံးတွေကို တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်လေသည်။

“ရှင်းယွမ်” သူမ တိုးတိုးလေး ခေါ်လိုက်သည်။

“ငါက နှစ်ပေါင်းများစွာ အကျင့်ပါနေလို့ပါ။ ကိစ္စတစ်ခု ကြုံရင် စိတ်ထဲမှာ အရင် တွက်ချက်တတ်တယ်။ လူတွေကို ချက်ချင်း ဖွင့်ပြောလေ့ မရှိဘူး။ ကောလာဟလ ကိစ္စကတော့...” သူမ စဉ်းစားလိုက်သည်။ “ဟိုတစ်နေ့က မင်း မေးတုန်းက ငါ တဲ့တိုး မပြောပြမိတာ ငါ့အမှားပါ”

ခါးကို ဖက်ထားတဲ့ လက်တွေ နည်းနည်း လျော့သွားသည်။

လော့ရှင်းယွမ်က မေးစေ့ကို သူမ ပခုံးပေါ် ပြန်တင်လိုက်ကာ နူးညံ့တဲ့ အသားအရေလေးကို ပွတ်သပ်လိုက်သည်။ “ဒီတစ်ခေါက် မှားမှန်း သိပြီလား။ နောက်တစ်ခါ ကြုံရင် ဘယ်လို လုပ်မလဲ”

မေဝမ့်ရှူး စဉ်းစားပြီး ဖြေ၏။ “နောက်တစ်ခါ မကောင်းတဲ့ ကိစ္စတွေ ကြုံရင် ရှင်းယွမ်ကို တန်းပြောပြမယ်”

လော့ရှင်းယွမ် ကျေနပ်သွားပြီး ဆိုလိုက်သည်။ “အဲဒီလို လုပ်ရမှာ”

ခါးက လက်မောင်းက ရုတ်တရက် အားထည့်လိုက်သည်။ မေဝမ့်ရှူး ဘာမှ မတုံ့ပြန်နိုင်ခင်မှာပဲ သူမကို ပွေ့ချီလိုက်ပြီး ပေါင်ပေါ်မှာ မျက်နှာချင်းဆိုင် ခွထိုင်စေသည်။

လော့ရှင်းယွမ်က သူမရဲ့နှုတ်ခမ်းဖူးဖူးလေးကို ငုံ့နမ်းလိုက်၏။

“ရွှယ်ချင့်မှာ အခု ခင်ပွန်းသည် ရှိနေပြီလေ။ ကိစ္စကြုံရင် စိတ်ထဲမှာ တစ်ယောက်တည်း ကြိတ်မခံပါနဲ့။ ခင်ပွန်းသည်ကို ပြောပြပါ။ မိုးပြိုရင် ခင်ပွန်းသည်ကို အရင် ပေးခံခိုင်းလိုက်”

မေဝမ့်ရှူး ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး သူ့ကို ဖွဖွလေး ရိုက်လိုက်လေသည်။

လော့ရှင်းယွမ်က အရိုက်ခံလိုက်ရပြီး ယားသလိုလို တိုးတိုးလေး ရယ်မောလိုက်လေသည်။ သူမရဲ့ ဖြူဖွေးတဲ့ လက်ကောက်ဝတ်ကို ဖမ်းချုပ်လိုက်တယ်။

“ရွှယ်ချင့် ဒီတစ်ခေါက် အမှားလုပ်မိတယ်။ အပြစ်ပေးရမယ်”

မေဝမ့်ရှူး “...... မကဲနဲ့”

သူမ ပြောရင်းနဲ့ ဆင်းဖို့ လုပ်လိုက်သည်။

လော့ရှင်းယွမ်က ကျန်တဲ့ လက်ကောက်ဝတ် တစ်ဖက်ကိုပါ ဖမ်းချုပ်လိုက်ပြီး လက်ဖဝါးထဲမှာ မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်ပြီး သူမကို ပေါင်ပေါ်မှာ ဖိထားလိုက်သည်။

“မလှုပ်နဲ့” အသံထဲမှာ ရယ်သံတွေ ပါနေသည်။ “အပြစ်ပေးပြီးမှ ဆင်းရမယ်”

မေဝမ့်ရှူး နည်းနည်း ရုန်းကြည့်ပေမဲ့ မလွတ်။ လက်ကောက်ဝတ် နှစ်ဖက်စလုံး အချုပ်ခံထားရ၏။

160 06

ရုန်းလိုက်တဲ့အချိန် ပေါင်ရင်းနားမှာ ပူနွေးတဲ့ အထိအတွေ့ကို ခံစားလိုက်ရသည်။ နားထဲမှာ ကြားနေရတဲ့ အသက်ရှူသံတွေက လေးလံလာသည်။

မျက်တောင်ရှည်ကြီးတွေ ပင့်ပြီး မျက်နှာချင်းဆိုင်ကို ကြည့်လိုက်၏။ “ရှင်းယွမ်က ဘယ်လို အပြစ်ပေးမှာလဲ”

လော့ရှင်းယွမ်ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေက တောက်ပနေသည်။ စိတ်လှုပ်ရှားတဲ့ အရိပ်အယောင်တွေ ပေါ်နေ၏။ လည်ချောင်းက လှုပ်ရှားသွားပြီး အသံက အက်ရှရှ…

“ကောလာဟလတွေထဲမှာ... မေအမတ်ကို အနောက်ဆောင်မှာ အကျယ်ချုပ် ချထားတယ်တဲ့။ သေချာ တွေးကြည့်ရင်... တော်တော် စိတ်ဝင်စားဖို့ ကောင်းသားပဲ”

******

All Chapters