← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း(211)

ကျင်းယန်က ရောက်ရှိလာချိန်တွင် ယင်ရိလျိုက လေ့ကျင့်မှု ပြီးစီးသွားလေပြီ။

သူမက ချစ်စရာကောင်းသော မိန်းကလေးအဖြစ်သို့ ပြန်လည် ရောက်ရှိနေပြီး ခြံဝန်းထဲတွင် ထိုင်ကာ ပူနွေးသော နို့လက်ဖက်ရည်ကို သောက်နေခဲ့သည်။

သူမ၏ ဘေးပတ်ဝန်းကျင်မှ ဦးလေးကြီးများက ရယ်မောပြီးကြွားလုံးထုတ်နေသည်ကို မျက်စိလေးမှိတ်သည်အထိ ပြုံး၍ နားထောင်နေခဲ့လေ၏။

ချင်ဖူဟိုင်၏ အဖွဲ့ဝင်များထဲမှ လေးဦးသာ ကျို့လုံဂူတွင် အသက်ရှင် ကျန်ရစ်တော့သည်။

အဖွဲ့ခေါင်းဆောင်နှင့် စွန်းဖန်အပြင် တခြားနှစ်ဦးကလည်း ယခင်က အတူ ဖြတ်သန်းခဲ့ဖူးသော ရှူးယန်အသင်းအပေါ်တွင် လေးနက်သော ထင်မြင်ချက်များ ရှိနေကြ၏။

ပင်းကော၏ ဆင့်ကဲပြောင်းလဲသူအဖွဲ့တွင် အဖွဲ့ဝင်များစွာရှိပြီး လူတိုင်းက အမျိုးသားများပင် ဖြစ်ကြသည်။

မူလက စွန်းဖန်တစ်ဦးတည်းသာ အမျိုးသမီး ဆင့်ကဲပြောင်းလဲသူ ဖြစ်ပြီး သူမ၏ နူးညံ့သိမ်မွေ့သော ရုပ်ရည်က သူတို့၏ ကာကွယ်လိုစိတ်ကို နှိုးဆွပေးခဲ့၏။

စွန်းဖန်က အဆင့် (၃) သန္ဓေပြောင်းသတ္တဝါနှင့်အတူ သန္ဓေပြောင်းလဲသွားပြီးနောက်တွင်တော့ သူမ၏ စိတ်နေစိတ်ထားက သိသာစွာ ပြောင်းလဲသွားခဲ့လေသည်။

သူမက ရက်စက်ပြီး ရဲရင့်လာကာ သူမ၏ အရပ်ကလည်း (၁၀) စင်တီမီတာနီးပါး မြင့်တက်လာခဲ့၏။

ဤဆင့်ကဲပြောင်းလဲသူ အများစုက စွန်းဖန်ကို မနိုင်တော့ဘဲ စွန်းဖန်မှာ အမှန်တကယ်ပင် ကျားမတစ်ကောင်ဖြစ်လာခဲ့ပြီဟု တိတ်တဆိတ် ညည်းညူနေကြသည်။

ထိုအချိန်တွင် ရုတ်တရက် ပန်းရောင် ယုန်နားရွက်များ၊ ဝိုင်းစက်သော မျက်လုံးများနှင့် ချစ်စရာကောင်းသော အပြုံးရှိသည့် လိမ္မာယဉ်ကျေးသော မိန်းကလေးတစ်ဦးက ပေါ်လာခဲ့၏။

သူမက ခေါင်းဆောင်၏ တပည့်လည်း ဖြစ်နေခဲ့ပြန်၏။ ဤသို့ဖြင့် ယင်ရိလျိုက ခြံဝန်းတစ်ခုလုံး၏ အချစ်တော် ဖြစ်လာခဲ့သည်။

ကျင်းယန်က လေနှင့်နှင်းများကို အံတုလျက် သူမကို လာကြိုခဲ့ကာ တံခါးဝတွင် ရပ်၍ နှင်းများကို ခါချလိုက်လေ၏။

သူ၏ ခန္ဓာကိုယ်မှ တိုက်ခိုက်လိုသည့်အရှိန်အဝါတို့က ပြင်းထန်၀ွာ ထွက်ပေါ်နေဆဲဖြစ်ပြီး အမဲလိုက်ခြင်းနှင့် ယှဉ်ပြိုင်ခြင်းများတွင် နစ်မြုပ်နေဆဲပင် ဖြစ်သည်။

ယင်ရိလျိုက မျက်စိလျင်သူဖြစ်၍ ခြံဝန်းထဲရှိ သူ့ကို အဝေးမှလှမ်းမြင်လိုက်ကာ မျက်ဝန်းများက ချက်ချင်းပင် တောက်ပသွားတော့၏။

သူမက ဦးလေးကြီးများဆီသို့ လှမ်းပြောလိုက်ရင်း တံခါးဝဆီသို့ ခုန်ပေါက်ပြေးသွားလေ၏။

“ဦးလေးတို့၊ ကျွန်မသွားပြီနော်”

ချင်ဖူဟိုင်မှာ အလယ်ရှိ ကြိမ်ထိုင်ခုံ ပေါ်တွင် ထိုင်နေရင်း ခြံဝန်းထဲ၌ ရပ်နေသော ကျင်းယန်ကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။

ချင်ဖူဟိုင်က တခြားသူများကို မော့ကြည့်လာချိန်တွင် မြင်ရသူအတွက် အတော်လေး ကြောက်လန့်ဖွယ်ကောင်းနေခဲ့၏။

သူ၏နားရွက်နောက်မှစ၍ နှုတ်ခမ်း၏ ဘယ်ဘက်ထောင့်အထိ မျက်နှာအရေပြားကို ဖြတ်လျက် လက်သည်းရာကြီးတစ်ခုက ထင်ကျန်နေခဲ့သည်။

သူ၏မျက်နှာတစ်ခြမ်းက တစ္ဆေတစ်ကောင်နှင့် တူနေသော်လည်း ကျန်တစ်ခြမ်းက ယောက်ျားပီသ၍ ကြမ်းတမ်းခိုင်မာသည့် ရုပ်ရည်ရှိပြီး ဒဏ်ရာဟောင်း အမာရွတ်များက ထိုအချိန်က ဒဏ်ရာမည်မျှ ပြင်းထန်ခဲ့ကြောင်းကို သက်သေပြနေခဲ့၏။

ဤဒဏ်ရာမှာ အဆင့် (၃) သန္ဓေပြောင်းကျားကို ခုခံကာကွယ်ချိန်က ရရှိခဲ့သော ပြင်းထန်သည့် ဒဏ်ရာပင် ဖြစ်သည်။

ကျား၏ လက်သည်းများက ချင်ဖူဟိုင်၏ မျက်နှာတစ်ခြမ်းကို ဆွဲခွာသွားခဲ့ခြင်းပင်။

စွန်းဖန်က ကျားကိုအာရုံလွှဲရန် သူ့ကိုယ်သူ စတေးခဲ့ပြီး အောင်မြင်စွာ သန္ဓေပြောင်းလဲသွားချိန်တွင် သူ၏မျက်နှာကလည်း ပိုးဝင်လာခဲ့လေသည်။

အခြေစိုက်စခန်းမှ ဆေးရုံမှ ဆရာဝန်က ဒဏ်ရာရထားသော မျက်နှာတစ်ခြမ်းကို မူလအတိုင်း ပြန်မရနိုင်တော့ကြောင်း၊ သုတေသနဌာနမှ ဖော်ထုတ်ထားသော အရေပြားအစားထိုး ခွဲစိတ်မှုကို ပြုလုပ်မှသာ ရနိုင်မည်ဖြစ်ကြောင်းကို ပြောခဲ့သော်လည်း ချင်ဖူဟိုင်က ငြင်းပယ်ခဲ့၏။

သူ့အနေဖြင့် ရုပ်ရည်က ချောမောသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဂရုမစိုက်တော့ပေ။

မည်သို့ပင်ဖြစ်စေ ဤအချိန်ကာလတွင် ထိုရုပ်ရည်က အိမ်ထောင်ရေးအတွက် အရေးပါသည်ဟု မယူဆတော့ပါချေ။

သို့သော်လည်း သူက ရှူးယန်အသင်းနှင့် တစ်ဖန်ပြန်၍ဆုံခဲ့သောကြောင့် သူတို့ကို သတိပေးရန် တာဝန်ရှိသည်ဟု ခံစားမိလေသည်။

ယင်ရိလျို ပြေးလာချိန်တွင် သူမ၏ခေါင်းပေါ်ရှိ ယုန်နားရွက်များက ယိမ်းခါနေပြီး ခါးတွင်ချိတ်ထားသော ချီထူဓားကလည်း အပေါ်အောက် ခုန်ပေါက်နေခဲ့သည်။

သို့သော်လည်း သူမကတော့ အရှိန်လျှော့မည့် အရိပ်အယောင်မရှိပေ။

ဓားကျင့်စဉ်ကို လေ့ကျင့်နေချိန်က သူမ၏ ရဲရင့်သောပုံစံနှင့်ယှဥ်လျှင် ယခုအချိန်က အနည်းငယ် ရယ်စရာကောင်းနေခဲ့၏။

တကယ်တမ်းတွင် သူမကဲ့သို့ ပျင်းရိပြီး ပင်ပန်းနွမ်းနယ်မှုနှင့် နာကျင်မှုကို ကြောက်တတ်သူတစ်ဦးက နေ့စဉ်မပြတ် ဓားကျင့်စဉ်ကို ဇွဲရှိရှိ လေ့ကျင့်နိုင်လိမ့်မည်ဟု သူမကိုယ်တိုင်ပင် မထင်မှတ်ထားခဲ့ပေ။

တစ်နေ့တွင် သူမ၏လက်ပေါ်ရှိ ပြင်းထန်လွန်းသော ဒဏ်ရာများကို သာမန်နာကျင်မှုလေးတစ်ခုအဖြစ်သာ သဘောထား၍ လျစ်လျူရှုနိုင်လိမ့်မည်ဟုလည်း စိတ်ကူးပင်မယဉ်ခဲ့ဖူးပေ။

ယခင်ကဆိုလျှင် သူမအနေဖြင့် အနည်းငယ်မျှ ထိခိုက်မိရုံနှင့်ပင် အချိန်အတော်ကြာ အော်ဟစ်ငိုယိုနေတတ်သည် မဟုတ်ပါလား။

အချိန်ကာလနှင့် ပတ်ဝန်းကျင်က လူတစ်ယောက်ကို အမှန်တကယ်ပင် ပြောင်းလဲစေနိုင်ခဲ့သည်။

“ကျွန်မရဲ့ဆရာက ကျွန်မကို အခြေခံတွေက အကုန်တတ်သွားပြီတဲ့၊ နောက်တစ်ဆင့်က လက်တွေ့လေ့ကျင့်ဖို့ပဲ ကျန်တော့တာဆိုတော့ မနက်ဖြန် ကျွန်မကို အမဲလိုက် ခေါ်သွားပေးမလား”

ယင်ရိလျိုက ကျင်းယန်၏ အင်္ကျီလက်ကို ဆွဲကာ ခပ်တိုးတိုး အသနားခံလိုက်လေ၏။

ယခုအချိန်တွင် သူမက သူမ၏ စွမ်းရည်မည်မျှရှိကြောင်းကို သိလိုစိတ်တို့ အလွန်ပြင်းပြနေပြီ ဖြစ်သည်။

ကျင်းယန် ခေါင်းငုံ့ကြည့်လိုက်သည်နှင့် မိန်းကလေး၏ တောက်ပနေသော မျက်ဝန်းများကို တွေ့လိုက်ရလေ၏။ သူ မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း။

သူက သက်ပြင်းချလျက် ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်တော့၏။

ယင်ရိလျိုက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်၍ အော်ဟစ်အောင်ပွဲခံနေသောကြောင့် လမ်းသွားလမ်းလာများက သူတို့ကို အရူးများကဲ့သို့ လှည့်ကြည့်သွားကြလေသည်။

အိမ်သို့ပြန်ရောက်သည့်အချိန်တွင် ခြံဝန်းထဲတွင် အနက်ရောင်ဝံပုလွေနှင့် ကျောင်းချီယန်တို့က ရန်မဖြစ်ဘဲ ငြိမ်သက်နေစွာရှိနေသည်ကို ယင်ရိလျိုက သတိထားမိလိုက်သည်။

ဧည့်ခန်းထဲသို့ ဝင်လာချိန်တွင် အထဲမှ နွေးထွေးမှုက အပြင်ဘက်မှ လေနှင့်နှင်းများကို ချက်ချင်းပင် ဖြတ်တောက်ပစ်လိုက်ပေ၏။

သူမက နှင်းစီးဖိနပ်များကို လဲလှယ်နေချိန်တွင် တခြားသူများအားလုံးက ဆိုဖာပေါ်တွင် ထိုင်နေကြပြီး သူမကို ထူးဆန်းစွာ ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

သူတို့နှစ်ဦး ပြန်လာသည်ကို မြင်သောအချိန်တွင် လူတိုင်းက လှမ်းကြည့်လာကြ၏။

ယင်ရိလျိုက သူမ၏ ပါးပြင်ကို စမ်းကြည့်လိုက်သော်လည်း ထူးခြားသည့်အရာ မရှိနေပေ။

ထို့ကြောင့် သူမက မေးလိုက်မိသည်။

“ဘာဖြစ်လို့လဲ၊ လူတိုင်းက ဘာလို့ ဒီလိုမျက်နှာမျိုးနဲ့ ကြည့်နေကြတာလဲ”

ကျောင်းစီဟွေ့က နှင်းရေများကို ခါထုတ်လိုက်ပြီး ဝင်လာသော ကျင်းယန်ထံသို့ တွန့်ကြေနေသော စက္ကူတစ်ရွက်ကို လှမ်းပေးလိုက်လေသည်။

ကျင်းယန်က စာကို ယူကြည့်လိုက်လျှင် ယင်ရိလျိုကလည်း စူးစမ်းလိုစိတ်ဖြင့် အနားသို့ လျှောက်သွားပြီး စက္ကူပေါ်ရှိ အကြောင်းအရာများကို သိရှိရန် လည်ပင်းဆန့်ထုတ်လိုက်၏။

ကျင်းယန်က အရပ်ရှည်သောကြောင့် ယင်ရိလျိုမှာ သူ၏ ရင်ဘတ်အထိသာ ရောက်ရှိ၏။

ထို့အတွက် ယုန်နားရွက်နှင့် မိန်းကလေးက မသိမသာဖြင့် ခြေဖျားထောက်နေသည်ကို မြင်ချိန်တွင် ကျင်းယန်က သူ၏လက်မောင်းကို တိတ်တဆိတ် အနည်းငယ်နိမ့်ပေးလိုက်ပေသည်။

မမျှော်လင့်ဘဲ နောက်တစ်စက္ကန့်တွင် ယင်ရိလျို၏ နူးညံ့ဖြူစင်သော လက်လေးများက သူ၏ လက်ဖျံပေါ်သို့ ကျရောက်လာပြီး သူတို့နှစ်ဦးကြားမှအကွာအဝေးက ချက်ချင်း နီးကပ်သွားတော့၏။

အမျိုးသားက အကြည့်ကို အနည်းငယ် လွှဲလိုက်ပြီး စက္ကူပေါ်ရှိ အကြောင်းအရာများကို ဖတ်ကာ အမူအရာက တဖြည်းဖြည်း တည်ကြည်လေးနက်လာခဲ့၏။

ဤစာက ရှန်ကျစ်ဟူက အလောတကြီးဖြင့် ပေးပို့လာခြင်း ဖြစ်သည်။

စာရောက်လာချိန်တွင် ကျင်းယန်က အိမ်၌ မရှိပေ။

စာက လက်ထဲတွင် ဆုပ်ကိုင်ထားသောကြောင့် တွန့်ကြေနေပြီး ရွှံ့များနှင့် နှင်းရေများ စွန်းထင်နေခဲ့သည်။

ရှူးယန်အသင်းအနေဖြင့် ဤစာကို ဖတ်ရှုပြီး တာဝန်အတွက် ပြင်ဆင်ထားစေလိုကြောင်းကို သူ ပြောခဲ့၏။

အိမ်၌ ရှိနေသူများက စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြလျှင် ဤသည်က သူတို့၏အသင်းထံသို့ ပေးအပ်ထားသော နောက်ထပ် လျှို့ဝှက်တာဝန်တစ်ခုပင် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

ယင်ရိလျို၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ခတ်သွား၏။

ထိပ်တန်းလျှို့ဝှက်တာဝန်

ဆိုသည်မှာ ဗိုလ်ချုပ်က ပေါ့ပါးစွာပင် လုံးခြေထားသော တွန့်ကြေနေသည့် စက္ကူတစ်ရွက်သာ ဖြစ်ပြီး ရေးထားသော စာလုံးများကပင် ဖတ်ရန် ခဲယဉ်းလွန်းသည်။

စာပါအကြောင်းအရာများကို မြင်လိုက်ရသောအချိန်တွင်တော့ သူမ အနည်းငယ် အံ့အားသင့်သွားရ၏။

ပြင်းထန်လွန်းသော ဆောင်းရာသီက မကုန်ဆုံးနိုင်ဘဲ နှင်းများကလည်း အဆက်မပြတ် ကျဆင်းနေဆဲ ဖြစ်သည်။

အခြေစိုက်စခန်းငယ်လေးများစွာမှာ လေနှင့်နှင်းများ၏ တိုက်စားမှုကို မခံနိုင်တော့ပေ။

တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့သော မြို့ပြယဉ်ကျေးမှုကလည်း တဖြည်းဖြည်း ပြိုလဲနေခဲ့လေပြီ။

ဤရှည်လျားလွန်းသော ဆောင်းရာသီအတွင်း နှင်းထဲတွင် တိတ်တဆိတ် သေဆုံးသွားသူဦးရေက သန္ဓေပြောင်းသတ္တဝါများကြောင့် သေဆုံးရသူများထက် မနည်းခဲ့ပေ။

အားနည်းသော သက်ကြီးရွယ်အိုများစွာက ရက်အနည်းငယ်ကြာပြီးနောက် အေးခဲသေဆုံးသွားကြပြီး သူတို့၏ ရုပ်အလောင်းများကို မတွေ့ရှိမီနှင့် မကုသနိုင်မီမှာပင် ခရမ်းရင့်ရောင် ရေခဲတုံးများအဖြစ်သို့ ပြောင်းလဲသွားကြ၏။

ရုပ်အလောင်းများကို ဖျောက်ဖျက်ရန် ရိုးရာနည်းလမ်းက မီးသင်္ဂြိုဟ်ခြင်းသာ ဖြစ်သော်လည်း ဤကဲ့သို့ အေးခဲနေသော အခြေအနေတွင် မီးသင်္ဂြိုဟ်ခြင်းက လက်တွေ့မကျသကဲ့သို့ ဖြစ်နေခဲ့ပြန်၏။

သူတို့အနေဖြင့် အလွန်အေးမြသော ရာသီဥတုက သန္ဓေပြောင်း ဘက်တီးရီးယားများ၏ ပေါက်ဖွားမှုကို ထိန်းချုပ်ပေးလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် မမျှော်လင့်ဘဲ ဤကဲ့သို့သော ရာသီဥတုတွင်ပင် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များက ပတ်ဝန်းကျင်နှင့် လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်လာခဲ့ကြ၏။

ထိုပိုးမွှားတို့က မဖျောက်ဖျက်ရသေးသော ရုပ်အလောင်းများကို တခြားပုံစံတစ်မျိုးဖြင့် တိုက်စားကာ လူထုထဲ၌ ရောဂါများအဖြစ် ပျံ့နှံ့စေခဲ့သောကြောင့် လူများစွာ လဲပြိုခဲ့ရသည်။

သူတို့အနေဖြင့် အစောပိုင်းတွင်တောနက်များနှင့် လူသားစား သန္ဓေပြောင်းသတ္တဝါများသာ လူသားတို့အတွက် ဘေးဒုက္ခဟု ထင်မှတ်ခဲ့ကြ၏။

သို့သော်လည်း သဘာဝတရားကြီးက ထိုသို့မဟုတ်ကြောင်းကို အကြိမ်ကြိမ် သက်သေပြခဲ့လေပြီ။

အနာဂတ်တွင် ရေတွက်၍မရနိုင်သော အကျပ်အတည်းများနှင့် အပြောင်းအလဲများက ရှိနေပေဦးမည်။

ဤနှင်းထူထပ်သော ကာလတွင် အသက်ရှင်လိုစိတ် ပျောက်ဆုံးနေသော လူသားများထဲမှ တချို့က သုခဘုံဟုခေါ်သော အသစ်ပေါ်ထွက်လာသည့် ဘာသာရေးတစ်ခုကို စတင်၍ယုံကြည်လာကြသည်။

ဤကဲ့သို့သော ဘာသာရေးက ဦးစွာ အတိုင်းအတာငယ်တစ်ခုဖြင့် နောက်လိုက်များကို စုဆောင်းပြီးနောက်တွင် ထိုနောက်လိုက်များမှတစ်ဆင့် ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များကို ပျံ့နှံ့စေခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ အားကိုးရာမဲ့နေသော သာမန်လူသားများစွာကလည်း ဤသည်ကို စွဲလန်းလာကြလေသည်။

ဤသုခဘုံအဆုံးအမက ဗုဒ္ဓဘာသာမှ ဆင်းသက်လာသည်ဟု ဆိုကြ၏။

ဆင်းရဲဒုက္ခရောက်နေသော လူသားများ၏အနေဖြင့် ဤမှောင်မိုက်ပြီး အပြစ်နွံနစ်နေသော ကမ္ဘာကြီးမှ လွတ်မြောက်ကာ စစ်မှန်သော လွတ်မြောက်မှုရရှိစေရန် သုခဘုံဗုဒ္ဓက သူ၏အလင်းရောင်ဖြင့် လမ်းပြပေးသည်ဟု ပြောဆိုကြလေသည်။

ဤဘာသာရေးက မကြာသေးမီကမှ ပေါ်ထွက်လာခြင်းပင်ဖြစ်၏။

*

အခန်း(212)

ကမ္ဘာပျက်ကပ် စတင်ကတည်းက ဘာသာရေးသမားများနှင့် သာမန်လူအများအပြားက ကမ္ဘာကြီးက ပြောင်းလဲနေသည်ကို အခိုင်အမာ ယုံကြည်လာကြ၏။

ထူးဆန်းသော ဘာသာရေး အမျိုးမျိုးကလည်း နောက်ဆက်တွဲ ပေါ်ပေါက်လာခဲ့သောကြောင့် ပတ်ဝန်းကျင်ဒေသများက ဤသည်ကို အလေးအနက် မထားခဲ့ကြပေ။

သို့သော် သူတို့ထဲမှ အများစုမှာ ဆင့်ကဲပြောင်းလဲသူများမှ ဘုရားသခင်အဖြစ် ဟန်ဆောင်နေခြင်းသာ ဖြစ်ပေသည်။

သူတို့က သူတို့၏ ဆင့်ကဲပြောင်းလဲမှု စွမ်းရည်များကို အသုံးပြုကာ နတ်ဘုရားစွမ်းအားရှိသကဲ့သိုသ ဟန်ဆောင်၍ မည်သည့်အရာကိုမှမသိသော သာမန်လူများကို လှည့်ဖြားပြီး သူတို့၏ ရည်မှန်းချက် အမျိုးမျိုးကို အောင်မြင်ရန် နောက်လိုက်များ ဖြစ်စေခဲ့ကြသည်။

အခြေစိုက်စခန်းတစ်ခုချင်းစီမှ ခေါင်းဆောင်များမှာ ဤအကြောင်းကို သိရှိကြ၏။

ငြိမ်းချမ်းသော ကာလတွင်ဆိုလျှင် ဤသည်က ရာဇဝတ်မှု၊ လိမ်လည်မှုနှင့် မိရိုးဖလာအယူသီးမှုများကို မြှင့်တင်ခြင်းဟု သတ်မှတ်ခံရမည် ဖြစ်၏။

သို့သော်လည်း ကမ္ဘာပျက်ကပ်အတွင်းတွင် သူတို့က ဤပြဿနာရှာတတ်သော ဆင့်ကဲပြောင်းလဲသူများကို ကိုင်တွယ်ရန် အချိန်နှင့် အင်အား မရှိသောကြောင့် လွှတ်ထားခဲ့ရုံသာ တတ်နိုင်ခဲ့လေသည်။

သုခဘုံဂိုဏ်းက ပင်လယ်ဝါ ကမ်းရိုးတန်းတွင် စတင်၍

ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပေ၏။

ယခင်ကနိုင်ငံနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုများကြောင့် ထူးဆန်းသော သန္ဓေပြောင်းသတ္တဝါများနှင့် မူလကျောက်များကို ပင်လယ်ဝါတွင် တွေ့ရှိခဲ့ရသည်။

တရုတ်နိုင်ငံက ထိုဒေသကို စောင့်ကြပ်ရန် လူများကို အမြဲစေလွှတ်လေ့ရှိ၏။

တရားဝင် အခြေစိုက်စခန်း မရှိသော်လည်း သိုလှောင်ရုံငယ်လေးများစွာ ရှိလေသည်။

မကြာသေးမီက သုခဘုံဂိုဏ်းဟုခေါ်သော ဘာသာရေးဂိုဏ်းအသစ်တစ်ခုက ပင်လယ်ဝါဒေသတွင် ပေါ်ထွက်လာပြီး လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

ထိုဂိုဏ်းက သစ္စာရှိသော နိုင်ငံသားများစွာကို လျင်မြန်စွာ စည်းရုံးနိုင်ခဲ့သော်လည်း ထိုမျှနှင့် မြို့တော် B ၏ အာရုံစိုက်မှုကို ရရှိရန် မလုံလောက်သေးပေ။

စာထဲတွင် ဖော်ပြထားသည်က ပင်လယ်ဝါတွင် (SS)အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို တွေ့ရှိခဲ့သောကြောင့် ၎င်းကို နှိမ်နင်းရန် အထူးတပ်ဖွဲ့များကို စေလွှတ်ရန် လိုအပ်ကြောင်းပင်ဖြစ်၏။

သွားရောက်ရန်အတွက် အထူးသတ်မှတ်ထားသော အဖွဲ့များထဲတွင ရှူးယန်အသင်းဟု ပြတ်သားစွာ ဖော်ပြထားသည်။

“ဒါက ဘာလဲ၊ ဘာတွေလုပ်ရမယ်၊ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာတောင် မသိရဘဲ ကျွန်မတို့ကို ဒီအတိုင်း လွှတ်လိုက်တာလား”

ယင်ရိလျို မျက်မှောင်ကြုတ်၍ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

သုခဘုံလား။

စာအုပ်ထဲတွင် သူမ ထိုဂိုဏ်းအကြောင်းကို မဖတ်ဖူးခဲ့ပေ။ ဤကမ္ဘာကြီးထဲတွင် သူ့ဘာသာသူဖြစ်ပေါ်လာသော အရာတစ်ခုများလား။

သို့သော် ထိုဂိုဏ်းက ဘာသာရေးဂိာဏ်းဆိုလျှင် လူသားတို့ ဖန်တီးထားခြင်းပင် ဖြစ်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် အန္တရာယ်ရှိသော သန္ဓေပြောင်းသတ္တဝါနှင့် မည်သို့ ဆက်စပ်နေသနည်း။

“နောက်ရက်အနည်းငယ်အတွင်းမှာ ဆွေးနွေးပွဲတစ်ခုက ရှိလိမ့်မယ်၊ အဲဒီအချိန်ကျရင် ရှန်ကျစ်ဟူနဲ့ အထက်လူကြီးတွေ ဘာပြောမလဲဆိုတာကို ကြည့်ကြတာပေါ့”

ကျင်းယန်က ထိုသို့ပြောသည်ကို ကြားရချိန်တွင် လူတိုင်းက ခေါင်းညိတ်လိုက်ကြသော်လည်း သူတို့၏ စိတ်ခံစားချက်က မနှစ်မြို့များဖြင့် ပြည့်နေခဲ့သည်။

ဤကဲ့သို့ အေးစိမ့်သော ရာသီဥတုတွင် တာဝန်တစ်ခုကို ပေးအပ်ခြင်း၊ အထူးသဖြင့် ရှင်းလင်းပြတ်သားသော အန္တရာယ်အချက်များ၀ွာ ပါဝင်နေခြင်းက အခက်အခဲကို ပိုမို၍တိုးပွားစေလိမ့်မည်။

ဤအချိန်တွင် လင်းကျားက ရုတ်တရက် ချောင်းအနည်းငယ် ဆိုးလိုက်သောကြောင်း ကျင်းယန်က သူမကို လှမ်းကြည့်လိုက်ပေ၏။

စားသောက်ပြီးနောက်တွင် ယင်ရိလျိုက သီချင်းလေးတညည်းညည်းဖြင့် ရေချိုးရန်အတွက် ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။

ထိုအချိန်တွင်ကျင်းယန်က ခြံဝန်းထဲသို့ တိတ်တဆိတ် လမ်းလျှောက်ထွက်လာလေ၏။ လင်းကျားက သူ ထွက်လာသည်ကို မြင်ချိန်တွင် ခပ်တိုးတိုး ပြောလိုက်လေ၏။

“ခေါင်းဆောင်၊ ခေါင်းဆောင် ကျွန်မကို စောင့်ကြည့်ခိုင်းထားတဲ့သူက လှုပ်ရှားလာပြီ၊

သူက ဒီနေ့ စစ်ဌာနချုပ်က ကင်းစောင့်နေတဲ့ စစ်သားတစ်ယောက်နဲ့ စကားစမြည်ပြောပြီး စာတစ်စောင် ပေးလိုက်တယ်၊

ကျွန်မ အစက ပိုးကောင်မျက်လုံး ကို သုံးပြီး အဲဒီစာကို ခိုးယူဖို့ ကြံခဲ့ပေမဲ့ အဲဒီစစ်သားက အာရုံငါးပါးဆင့်ကဲပြောင်းလဲသူ ဖြစ်ပုံရတယ်၊

သူ သိသွားပြီး ကျွန်မရဲ့မျက်လုံးကို နင်းချေပြီး သတ်ပစ်လိုက်တယ်”

ကျင်းယန် ခေါင်းညိတ်လိုက်ပြီးပြောလိုက်၏။

“နားလည်ပြီ၊ သူ့ကို စောင့်ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါပဲ”

လင်းကျား၏ မျက်နှာတွင် တွန့်ဆုတ်သည့်အရိပ်အယောင်များရှိနေသည်ကို မြင်ရသောကြောင့် သူမတွင် ပြောစရာတစ်ခုခု ကျန်နေသေးကြောင်းကို သူ သိလိုက်လေသည်။

မှန်ပေသည်။ လင်းကျားက နှုတ်ခမ်းကို တင်းတင်းစေ့၍ပြောလိုက်လေ၏။

“ဒါပေမဲ့ အဲဒီလူ စာကိုဖွင့်ဖတ်တုန်းက စာထဲက အကြောင်းအရာကို ကျွန်မ မြင်လိုက်ရတယ်”

လင်းကျားက အမူအရာမဲ့နေသော ကျင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး စကားတစ်လုံးချင်းကို ပြောလိုက်လေသည်။

“မင်းရဲ့သမီးကို ဘယ်သူသတ်လဲဆိုတာကို သိချင်ရင် ဖမ်းဝရမ်းကို ပယ်ဖျက်ပေးပြီး လျို့ချင်းရှန်ရဲ့ လက်ထဲကို အပ်လိုက်ပါတဲ့”

ကျင်းယန်မှာ ထိုစကားကို နားထောင်ပြီးနောက်တွင်လည်း အမူအရာ ပြောင်းလဲခြင်းမရှိသောကြောင့် လင်းကျား အနည်းငယ် စိတ်ပျက်သွားရ၏။

လင်းကျား အိမ်ထဲသို့ ပြန်ဝင်သွားပြီးနောက်တွင်တော့ ကျင်းယန်၏ မျက်လုံးများက အနည်းငယ် မည်းမှောင်သွားခဲ့လေ၏။ သူက ဧည့်ခန်းထဲသို့ လျှောက်သွားကာ သူ၏ ကုတ်အင်္ကျီကို လက်မောင်းပေါ်သို့ တင်လိုက်သည်။

ကျင်းယန် ချင်ဖူဟိုင်နှင့် တွေ့ဆုံချိန်က ချင်ဖူဟိုင်က သူနှင့် နှုတ်ဆက်စကားပြောပြီးနောက်တွင် တစ်စုံတစ်ခုကို ပြောပြခဲ့ဖူး၏။

ထိုသူ၏ ပုံပျက်နေသော မျက်နှာက အနည်းငယ် တင်းမာနေပြီး ကြောက်မက်ဖွယ်ကောင်းသော အသွင်ဆောင်နေခဲ့သည်။

သူက လေးနက်သော အသံဖြင့် ပြောခဲ့ပေသည်။

“မင်း သိထားသင့်တဲ့ အရာတစ်ခု ရှိတယ်လို့ ငါထင်တယ်၊ မြို့တော် M မှာ ငါတို့ကိုလိုက်သတ်ခဲ့တဲ့ အမျိုးသား သုံးယောက်နဲ့ ကလေးတစ်ယောက်ကို မင်း မှတ်မိသေးလား၊

ငှက်သန္ဓောပြောင်းတဲ့ပုံစံနှင့်လူ အဲဒီမိန်းကလေးကို ခေါ်ပြီး ထွက်ပြေးတုန်းက မင်း သူတို့ကို အမြောက်နဲ့ ပစ်ခဲ့တယ်လေ၊

အဲဒီငှက်လူသားရဲ့ နာမည်က ချို့ချုံတဲ့၊ သူက မသေဘူး၊ အခု သူ ကျို့လုံဂူထဲမှာပဲ ရှိနေတယ်”

“သူ့ကို ပုစဉ်းရင်ကွဲ တစ် လို့ ခေါ်ကြတယ်၊ မင်း ကျို့လုံဂူထဲကို ခြေချလိုက်တဲ့အချိန်မှာ သူ သိသွားလောက်ပြီ”

ချို့ချုံက မသေဘဲ မြို့တော် B သို့ ပြန်ရောက်လာခဲ့သော်လည်း သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးတွင် ကုသ၍မရနိုင်သော ကြောက်မက်ဖွယ် အမာရွတ်များ ကျန်ရှိနေခဲ့၏။

သူက လူလည်းမဟုတ်၊ တစ္ဆေလည်းမဟုတ်သော အခြေအနေသို့ ရောက်သွားသည်ဟု ပြောဆိုကြ၏။

အရေးအကြီးဆုံးမှာ သူက စစ်တပ်မှ လျို့ချင်းရှန်၏ သမီးကို မြို့တော် B သို့ ပြန်မခေါ်လာနိုင်ဘဲ အမည်မသိ နေရာတစ်ခုတွင် သေဆုံးစေခဲ့ခြင်းပင် ဖြစ်ပေသည်။

သူ အကြိမ်ပေါင်းများစွာ ရှင်းပြသော်လည်း ဒေါသထွက်နေသော လျို့ချင်းရှန်က သူ၏ မိသားစုဝင် (၅) ဦးလုံးကို တိတ်တဆိတ် သတ်ဖြတ်ခဲ့လေ၏။

သူ ညတွင်းချင်းပင် ကျို့လုံဂူသို့ ထွက်ပြေးခဲ့ရ၏။

ထိုနေရာမှာ မြို့တော် B မှ စစ်တပ်နှင့် နိုင်ငံရေးသမားများ၏ ဩဇာမသက်ရောက်နိုင်သော နေရာဖြစ်ပြီး သူတို့အတွက် မည်သူကမျှ အသက်မစွန့်လိုကြပေ။

သို့သော်လည်း သူက သူ၏ တစ်သက်တာလုံး ကျို့လုံဂူမှ မည်သည့်အချိန်တွင်မှ ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။

သို့မဟုတ်ပါက သူ့ကို ဖမ်းဆီးရန် ထုတ်ထားသော အမိန့်က သူ၏ ဦးခေါင်းကို ရိတ်သိမ်းမည့် တံစဉ် ဖြစ်လာပေလိမ့်မည်။

သူက ဆင့်ကဲပြောင်းလဲမှု စွမ်းရည်အများစုကို ဆုံးရှုံးခဲ့သော်လည်း သူ၏ လှုပ်ရှားမှုအရှိန်က လက်ခံနိုင်ဖွယ် ရှိသေး၏။

သူ၏ ပျက်စီးသွားသော ခန္ဓာကိုယ်နှင့် ရုပ်ရည်၊ အမြဲတမ်း လိုက်လံဖမ်းဆီးခံနေရသော အတွေ့အကြုံများကြောင့် ကျို့လုံဂူတွင် ပုစဉ်းရင်ကွဲတစ်ဦး ဖြစ်လာခဲ့သည်။

ပုစဉ်းရင်ကွဲ ဟု ခေါ်ဆိုကြသူများမှာ ကျို့လုံဂူထဲတွင် လှည့်လည်သွားလာရင်း လူများနှင့် အကြောင်းအရာ အားလုံးကို မှတ်တမ်းတင်၍ လိုအပ်သူများထံ ပြန်လည်ရောင်းချကြသူများဖြစ်သည်။

သူတို့က ထောက်လှမ်းရေး အေးဂျင့်များနှင့် တူသော်လည်း ပို၍ လျှို့ဝှက်လွန်း၏။

ချို့ချုံ၏ လက်ရှိအခြေအနေအရ သူက ကျင်းယန်နှင့် တခြားသူများ၏ အကြောင်းကို သိရှိရန်ဆိုသည်မှာ အချိန်ပိုင်းကိစ္စသာ ဖြစ်သည်။

ချင်ဖူဟိုင်နှင့် သူ၏အဖွဲ့က ကျို့လုံဂူထဲ၌ လှုပ်ရှားနေသောကြောင့် လျို့ချင်းရှန်က လက်လှမ်းမမီနိုင်သော်လည်း လူမြင်ကွင်းတွင် ရှိနေသော ကျင်းယန်နှင့် သူ၏အဖွဲ့ကိုအရေးယူရန်ကတော့ အလွန်လွယ်ကူပေလိမ့်မည်။

ကျင်းယန်က ကျေးဇူးတင်စကားကို ပြောပြီးနောက် လင်းကျားအား ချို့ချုံကို စောင့်ကြည့်ရန်နှင့် သူ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်ရန် ညွှန်ကြားခဲ့၏။

ချို့ချုံက ရှူးယန်အသင်း၏ အချက်အလက်များကို အမှန်တကယ်ပင် စုဆောင်းနေကြောင်းကို သူမ သိရှိလိုက်ရသည်။

ထိုသူက ကျင်းယန်နှင့် တခြားသူများ၏ အချက်အလက်များကို အသုံးပြုကာ သူ၏ အနာဂတ်အတွက် လုံခြုံမှုရယူရန်နှင့် လျို့ချင်းရှန်အား သူ့ကို လိုက်လံဖမ်းဆီးခြင်းမှ ရပ်တန့်ရန်အတွက် နားချရန် ကြိုးစားနေပုံရ၏။

ကျင်းယန် ထွက်ခွာသွားချိန်တွင် ယင်ရိလျိုက ဆိုဖာပေါ်တွင် လဲလျောင်းရင်း သူမ၏ ခြေရင်းတွင် ထိုင်နေသော အနက်ရောင်ဝံပုလွေနှင့် ဆော့ကစားနေလေသည်။

ကျင်းယန်က တိတ်တဆိတ် အပြင်သို့ ထွက်လာခဲ့ပြီး လေနှင့်နှင်းများကြားတွင် ကျို့လုံဂူဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားတော့၏။

ကျို့လုံဂူထဲတွင် ကိုယ်တိုင်ဆောက်လုပ်ထားသော အိမ်အမျိုးမျိုးရှိပြီး တချို့က လေနှင့်နှင်းဒဏ်ကို မနည်းခံနေရကာ အမိုးပေါ်တွင် နှင်းများက အထပ်ထပ် ဖုံးလွှမ်းနေသောကြောင့် အချိန်မရွေး ပြိုကျနိုင်မည့် အသွင်ရှိ၏။

အထဲသို့ ပိုဝင်လေ၊ နှင်းများက ပိုထူလေ ဖြစ်သည်။

နှင်းများ၏ နောက်ကွယ်တွင် နှင်းများကြောင့် လုံးဝ ပိတ်မနေသော တံခါးပေါက်လေးတစ်ခုသာရှိသည့် သီးခြားအခန်းငယ်လေး တစ်ခုရှိ၏။

အထဲ၌ မှိန်ပျပျ အလင်းရောင်တစ်ခုကရှိနေပြီး အမျိုးသားနှစ်ဦးက မီးလျှံလေးတစ်ခု၏ ဘေးတွင် အနွေးဓာတ်ယူနေကြသည်။

သူတို့ကြားမှ ရိုးသားဖြောင့်မတ်ပုံရသူတစ်ဦးက မီးမှ ထွက်ပေါ်လာသော အငွေ့များကို လက်များဖြင့်ထိရင်း အဆက်မပြတ် ပွတ်သပ်နေကာ ခပ်တိုးတိုး ညည်းညူနေလေ၏။

“နှင်းကျတာက အခုဆို နှစ်လနီးပါး ရှိနေပြီ၊ နွေဦးသာ ရောက်မလာရင် ငါတို့အားလုံးက အေးခဲသေကုန်တော့မှာပဲ”

သူ၏ဘေးတွင် ထိုင်နေသော အမျိုးသားက ဝတ်ရုံကြီးတစ်ခုဖြင့် လုံးဝ ဖုံးအုပ်ထားပြီး မျက်နှာအများစုကိုလည်း ဖုံးကွယ်ထားကာ မျက်နှာ၏ အပေါ်တစ်ခြမ်းကိုသာ မြင်ရ၏။

သူ၏ ရက်စက်သော မျက်လုံးများ၏ ဘေးပတ်လည်တွင် နီညိုရောင် အမာရွတ်များရှိနေသောကြောင့် အလွန် ကြောက်မက်ဖွယ်ကောင်းလွန်းသည်။

သူက လှောင်ပြုံး ပြုံးလိုက်ပြီးပြောလိုက်ပေသည်။

“အခြေစိုက်စခန်းထဲမှာ အပူပေးစက်တွေနဲ့ လျှပ်စစ်မီးကို ရနေတဲ့သူတွေက အများကြီးပဲ၊ ဒီမှာရှိတဲ့ လူတွေပဲ အေးခဲပြီးသေနေကြတာ”

သူ၏အသံက တစ်စုံတစ်ခုမှ သူ၏ လည်ချောင်းကို လောင်မြိုက်ထားသကဲ့သို့ အက်ကွဲနေပြီး စကားပြောနေချိန်တွင် မှန်ကို ကပ်ကြေးဖြင့် ခြစ်နေသကဲ့သို့ စူးရှကာ အလွန် နားမခံလောက်အောင်ဖြစ်နေခဲ့သည်။

*

All Chapters