← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း(213)

စုတ်ပြဲနေသော သားရေဂျာကင်ကို ဝတ်ထားသော အမျိုးသားက သူ၏ အက်ကွဲနေသော လက်များဖြင့် နှာခေါင်းကို ပွတ်သပ်ရင်း ရယ်မောလိုက်လေသည်။

“ဒါပေါ့၊ သူတို့က ခေါင်းဆောင်ကြီးတွေပဲ၊ ငါတို့နဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ”

သူက ဒေသန္တရ လေယူလေသိမ်း အနည်းငယ်ဖြင့် စကားကို ဝေဝါးစွာ ပြောနေပြီး သူ၏ အမူအရာက ရိုးသားသကဲ့သို့ရှိကာ ရယ်စရာကောင်းနေလေ၏။

ထိုစကားကို ကြားသောအချိန်တွင် ဝတ်ရုံနက်ကိုဝတ်ထားသော အမျိုးသားက မျက်လုံးကို အနည်းငယ် မြှင့်လိုက်ပေသည်။

မီးရောင်က သူ၏မျက်နှာကို ထွန်းလင်းပေးလိုက် သူ၏မျက်လုံးဘေးပတ်လည်ရှိ အရေပြားများက ညှိုးနွမ်းပြီး ကျုံ့ဝင်နေသောကြောင့် သူ၏ နီရဲနေသော မျက်လုံးအိမ်ကြီးများက ငရဲမှ တက်လာသော တစ္ဆေတစ်ကောင်ကဲ့သို့ပင် သိသာစွာ ထွက်ပေါ်နေလေတော့သည်။

သူက သူ၏ ရှည်လျား၍ ပါးလွှာပြီး အမာရွတ်များဖြင့် ပြည့်နှက်နေသော လက်ချောင်းများကို ဆန့်ထုတ်၍ ရှေ့ရှိ မီးပုံလေးဆီသို့ လောဘတကြီးဖြင့် တိုးကပ်လိုက်သည်။

လက်ချောင်း၏ ထိပ်များပေါ်သို့ မီးပွားလေးများက လွင့်စင်လာသော်လည်း သူက မည်သည့်နာကျင်မှုကိုမျှ မခံစားရသကဲ့သို့ ရှိနေ၏။

“မကြာခင်မှာ ငါလည်းပဲ ထင်းနည်းနည်းလောက် ဝယ်ဖို့အတွက်တောင် ရုန်းကန်နေရတဲ့ဘဝကနေ လွတ်မြောက်ပြီးတော့ အထက်တန်းလွှာတွေထဲက တစ်ယောက် ဖြစ်လာတော့မှာပါ”

သူ၏ အက်ကွဲနေသော အသံထဲတွင် ကျေနပ်မှုအရိပ်အယောင်များ ပါဝင်နေခဲ့သည်။

သူက တစ်စုံတစ်ခုကို သတိရသွားပုံရကာ မျက်လုံးထဲတွင် နက်ရှိုင်းသော နာကျည်းမှုများဖြင့်ဖြတ်ပြေးသွားခဲ့၏။

သူ၏ဘေးမှ ရိုးသားဖြောင့်မတ်ပုံရသော အမျိုးသားက ခဏတာ အံ့အားသင့်သွားရပြီးနောက်တွင် ထစ်အစွာဖြင့် မေးလိုက်လေ၏။

“လောင်ပါး၊ ခင်ဗျားရဲ့ ရည်မှန်းချက် ပြည့်သွားပြီလား”

ဤအမျိုးသား၏ အမည်က ကျန်းဟောင်ရှန့်ဖြစ်သည်။

ကမ္ဘာပျက်ကပ် မတိုင်မီက သူကမြောက်ပိုင်းရှိ မြို့ငယ်လေးတစ်ခုတွင် အလုပ်လုပ်နေသော သာမန်လူငယ်တစ်ဦးသာ ဖြစ်ခဲ့၏။

ငွေရှာရန်၊ ဗဟုသုတကို ရှာရန်နှင့် ဇနီးတစ်ယောက်ကို ရှာရန်အတွက် သူက မြို့တော် B ၏ ဆင်ခြေဖုံးသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သို့သော် မြို့ကြီးပြကြီးက သူက မျှော်လင့်ထားသလောက် မကောင်းကြောင်းကို သိရှိခဲ့ရလေ၏။

ထိုနေရာရှိ တချို့သောလူများက သူ့ကို နယ်မှလာသော ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးအဖြစ် အထင်သေးစွာ ကြည့်ကြ၏။

သူ့အနေဖြင့် မူလက ဇနီးကို ထောက်ပံ့နိုင်မည့် ငွေအလုံအလောက်ကို စုဆောင်းပြီးပါက သူ၏ ယခင် အသက်မွေးဝမ်းကျောင်း အလုပ်ဆီသို့ ပြန်ရန် စီစဉ်ထားခဲ့သည်။

သူတို့က ကြံများစိုက်ပျိုးခဲ့ကြသော်လည်း ကမ္ဘာပျက်ကပ်သို့ ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

အဆုံးတွင်တော့ သူင မြောက်ဘက်သို့ ဦးတည်သွားသော လူအုပ်ကြီးနှင့်အတူ မြို့တော် B သို့ ရောက်ရှိလာသည်။

ထို့နောက်တွင် သူ့တွင် ရမှတ်များနှင့် ထူးကဲသော စွမ်းရည်များကို မရှိသောကြောင့် မြို့တော် B တွင် တရားဝင် နေထိုင်ခွင့် မရရှိခဲ့ဘဲ ကျို့လုံဂူတွင်သာ အဆုံးသတ်ခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူ့ထံ၌ နှစ်ပေါင်းများစွာအတွင်း စူးရှသော အမြင်အာရုံကို ရရှိထားခဲ့၏။

သူက ညစ်ထေးနေသော ပတ်ဝန်းကျင်တွင်ပင် ကြင်နာတတ်သော၊ ရိုးသားသော နှလုံးသားကို ထိန်းသိမ်းထားနိုင်ခဲ့၏။

ထို့ကြောင့် ပုစဉ်းရင်ကွဲ တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုရန် သူ့၏အတွက် မခဲယဉ်းလွန်းပေ။

လွန်ခဲ့သော ခြောက်လကျော်က လောင်ပါးက သူ၏ ယိုင်နဲ့နဲ့ အိမ်ရှေ့တွင် ဒဏ်ရာများပြည့်နေသောခန္ဓာကိုယ်ဖြင့် လဲကျနေခဲ့၏။

သူ့၏ မျက်စိရှေ့တွင် လူတစ်ယောက်က သေသွားသည်ကို မကြည့်ရက်သောကြောင့် သူက လူလည်းမဟုတ်၊ တစ္ဆေလည်းမဟုတ်သော ထိုအမျိုးသားကို သူ၏အိမ်ထဲသို့ ပွေ့ချီခေါ်ဆောင်လာခဲ့သည်။

ထိုအချိန်မှစ၍ ကျန်းဟောင်ရှန့်အပြင် ပိန်ချုံးနေသော၊ ဒဏ်ရာများဖြင့် ပြည့်နှက်နေသော၊ ရက်စက်ကြမ်းကြုတ်သော တခြားအမျိုးသားတစ်ဦးကပါ ထိုယိုင်နဲ့နဲ့ အခန်းငယ်လေးထဲတွင် ရှိလာခဲ့၏။

ကျို့လုံဂူသို့ ရောက်ရှိပြီး ခြောက်လအတွင်းမှာပင် လောင်ပါးဟု ခေါ်ဆိုကြသော ထိုလူက ထိုနေရာ၌ အကောင်းဆုံး သတင်းပေးတစ်ဦး ဖြစ်လာခဲ့သည်။

သူက မှောင်မိုက်သော ထောင့်တိုင်းတွင် ပုန်းအောင်းနေတတ်ပြီး ရမှတ်များရရှိရန်အတွက် မည်သည့် ထောက်လှမ်းရေးသတင်းကိုမဆို ခိုးယူပေးနိုင်၏။

ကျန်းဟောင်ရှန့်က လောင်ပါးကို အတော်လေး လေးစားမိသည်။

တစ်ချိန်က လောင်ပါး ရေချိုးနေသည့်အချိန်တွင် သူ စောစောပြန်လာမိသောကြောင့် စုတ်ပြတ်နေသော ဝတ်ရုံ၏ အောက်တွင် ဝှက်ထားသည့် တစ်ဖက်လူ၏ခန္ဓာကိုယ်ကို မတော်တဆ မြင်လိုက်ရ၏။

သူ အလွန်ပင် ထိတ်လန့်သွားပြီး ထိုညက အိပ်မက်ဆိုးများပင် မြင်မက်ခဲ့ရ၏။

လောင်ပါး၏ ကျောပေါ်တွင် စုတ်ပြတ်နေသော အတောင်ပံတစ်စုံ ရှိနေပြီး အတောင်မွှေးများကလည်း ကုန်သလောက်ပင် ဖြစ်နေလေပြီ

အတောင်ပံတစ်ခုက ပိုးဝင်နေသည့် လက္ခဏာများကို ရှိနေ၏။

လောင်ပါး လှည့်ကြည့်လာခဲ့ချိန်က သူ၏မျက်လုံးများက ကျန်းဟောင်ရှန့်၏ ကျောရိုးတစ်လျှောက်ကို အေးစိမ့်သွားစေခဲ့သည်။ ထိုနေ့တွင် သူက သေရတော့မည်ဟုပင် ထင်မှတ်ခဲ့ရ၏။

နောက်ပိုင်းတွင်တော့ လောင်ပါးက အပြင်လောကမှ အလွန်အစွမ်းထက်သော လူတစ်ဦးကို ပြစ်မှားမိခဲ့ပြီး ကျို့လုံဂူမှ ထွက်ခွာပါက သေချာ ပေါက်သေရမည်ဖြစ်ကြောင်းကို သူ သိရှိခဲ့ရသည်။

ထိုသူမှာ သူ၏ဒဏ်ရာများနှင့် ဤကဲ့သို့ လိုက်လံဖမ်းဆီးခံရခြင်းမှာ ရန်သူတစ်စုကြောင့်ဖြစ်သည်ဟု အမြဲတစေ မှိုင်တွေစွာဖြင့် ကျိန်ဆဲလေ့ရှိ၏။

တစ်ခါတစ်ရံတွင် ကျန်းဟောင်ရှန့်အနေဖြစ့် ထိုနေ့က လောင်ပါးကို သူ၏ အိမ်ထဲသို့ ခေါ်ဆောင်လာခဲ့မိသည်ကို နောင်တရမိသည်။

သို့သော် ခြုံငုံ၍ ကြည့်လျှင် သူ၏ မိတ်ဆွေက အလွန်ပင်သနားစရာကောင်းသည်ဟု ခံစားရပြန်သည်။

လွန်ခဲ့သော တစ်လကျော်က လောင်ပါးက အမည်မသိ အကြောင်းရင်းတစ်ခုကြောင့် ရုတ်တရက် အလွန်ပင် ဂနာမငြိမ်ဖြစ်လာခဲ့၏။

ထို့နောက် ထိုယိုင်နဲ့နဲ့ အိမ်လေးထဲတွင် ဒေါသတကြီးဖြင့် ကျိန်ဆဲလေတော့သည်။

အချိန်အတော်ကြာ အသက်မဲ့နေခဲ့သော သူ၏မျက်လုံးများကလည်း အေးစက်လာခဲ့၏။

ကျန်းဟောင်ရှန့်အနေဖြင့် လောင်ပါး၏ စိတ်အခြေအနေအတွက် အလွန်ပင် စိုးရိမ်မိသောကြောင့် မမေးဘဲ မနေနိုင်ခဲ့ပေ။

လောင်ပါး၏ ဝေဝါးသည့် စကားများမှတစ်ဆင့် သူ့ကို ဤကဲ့သို့ဖြစ်အောင် လုပ်ခဲ့သော ရန်သူက မြို့တော် B သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ သူက မကြာခင် ထိုလူများကို နှိမ်နင်းနိုင်တော့မည်ဖြစ်ပြီး ပုံမှန်ဘဝသို့ ပြန်သွားနိုင်တော့မည်ဖြစ်ကြောင်းကို သူ ခပ်ရေးရေး နားလည်လိုက်လေ၏။

လောင်ပါးက သူ့ကို အသေးစိတ် မပြောပြချင်ကြောင်းကို မြင်လျှင် ကျန်းဟောင်ရှန့်ကလည်း ထပ်မံ၍ အတင်းအကျပ် မမေးတော့ပေ။

သူ၏ မိတ်ဆွေအတွက် အမှန်တကယ်ပင် ဝမ်းသာပေးခဲ့၏။

သူ၏ ဆင့်ကဲပြောင်းလဲမှု စွမ်းရည်က အမှန်တကယ်တော့ အနည်းငယ် အသုံးမကျပေ။

ဤသည်က အရေပြားမာကျောခြင်းနှင့် ဆင်တူပြီး သူ၏ခန္ဓာကိုယ် အရွယ်အစားကို နှစ်ဆအထိ လျင်မြန်စွာ ကြီးထွားစေကာ ကျောက်ဖြစ်နေသော ဧရာမလူသားကြီးအဖြစ်သို့ ပြောင်းလဲသွားစေသည်။

သို့သော် သူ့တွင် ဤစွမ်းရည်တစ်ခုတည်းသာရှိပြီး သူ၏အင်အား၊ တိုက်ခိုက်နိုင်စွမ်းနှင့် အရှိန်တို့၌ တိုးတက်လာခြင်း မရှိပေ။

ကမ္ဘာပျက်ကပ် အစောပိုင်းကာလတွင် သူက သူလိုက်ပါခဲ့သော ဆင့်ကဲပြောင်းလဲသူအဖွဲ့၏ အတွက် လူသားအကာအကွယ်အဖြစ်ပင် ဆောင်ရွက်ခဲ့ပြီး အမြဲတစေရှေ့ဆုံးမှ ထွက်ခဲ့ရ၏။

သူ့အနေဖြင့် ထိခိုက်ဒဏ်ရာများကို ကာကွယ်ပေးနိုင်ခဲ့သော်လည်း ကမ္ဘာပျက်ကပ် ကြာမြင့်လာသည်နှင့်အမျှ သန္ဓေပြောင်းသတ္တဝါများ၏ လက်သည်းနှင့် သွားများက ပိုမို၍ ထက်မြက်လာခဲ့သည်။

သူက သူတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများကို မခုခံနိုင်တော့ပေ။

ထို့ကြောင့် သူ အသုံးမဝင်တော့သည့်အချိန်တွင် သူ လိုက်နေသော ဆင့်ကဲပြောင်းလဲသူအဖွဲ့မှ မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။ စားစရာ တစ်လုပ်ပင် မပေးခဲ့ကြပေ။

လက်ရှိတွင် သူ၏နောက်ကျောက တံခါးဝ၏ အဝင်ဘက်သို့ တိုက်ရိုက် မျက်နှာမူထားပြီး လေနှင့်နှင်းဒဏ်မှ ကာကွယ်ရန်အတွက် သူ၏နောက်ကျောကို ကျောက်တံတိုင်းအဖြစ်သို့ ပြောင်းလဲထားခဲ့လေ၏။

သို့သော် ထိုသို့ဖြစ်နေသည့်အတွက် သူက မအေးတတ်ဟု မဆိုလိုပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူက အလွန်ပင်အေးလွန်းသောကြောင့် သူ၏သွားများပင် တလှပ်လှပ် တုန်နေခဲ့ရ၏။

အရှေ့မှ မီးပုံလေး၏ အပူဓာတ်က သူ့ကို နွေးထွေးစေရန်အတွက် မလုံလောက်ပေ။

သူ သက်ပြင်းချလိုက်ကာ အပူပေးစက်ပါရှိသည့် အိမ်တွင် နေထိုင်ရခြင်း သို့မဟုတ် အဆုံးမရှိသော ထင်းများရရှိခြင်းတို့ကို စိတ်ကူးယဉ်နေမိ၏။

ထိုအချိန်မှာပင် ရယ်မောနေလိုက်၊ ရက်စက်သော အမူအရာကိုပြလိုက် ဖြစ်နေသော လောင်ပါးက တစ်စုံတစ်ခုကို အာရုံရလိုက်သကဲ့သို့ပင် ရုတ်တရက် ငြိမ်ကျသွားခဲ့ပြီး ချက်ချင်းပင် မတ်တပ်ထရပ်လိုက်လေ၏။

ကျန်းဟောင်ရှန့်က စိတ်ရှုပ်ထွေး သွားရပြီး လှမ်းမေးရန် ပြင်လိုက်ချိန်မှာပင် လောင်ပါး၏ ပိန်လှီသော လက်က သူ့ကို အောက်သို့ ဖိချလိုက်လေသည်။

“မလှုပ်နဲ့၊ တစ်ယောက်ယောက်က လာနေပြီ”

ထိုအက်ကွဲနေသော အသံက အနည်းငယ် တုန်ယင်နေခဲ့၏။

ဤကဲ့သို့ နှင်းထူထပ်သော ဆောင်းရာသီတွင် မည်သူက ဤယိုင်နဲ့နဲ့ အိမ်လေးဆီသို့ လာပါမည်နည်း။

ကျန်းဟောင်ရှန့်က ခေါင်းကို ကုတ်လိုက်ပြီး နားစွင့်နေလိုက်သော်လည်း အသံတစ်စုံတစ်ရာကိုမကြားရပေ။

အပြင်ဘက်မှ အသံတိုင်းကို ထူထပ်ပြီး ဖိအားပေးနေခဲ့သော နှင်းများက ဖုံးလွှမ်းထားခဲ့ပြီ ဖြစ်၏။

“ခင်ဗျား နားကြားမှားတာ ဖြစ်မှာပါ၊ ဘာအသံမှ မကြားရပါဘူး”

မဟုတ်ပါချေ။

လောင်ပါး.. မဟုတ်သေး၊ သူ့ကို ျို့ယွီဟု ခေါ်ရပေမည်။

သူ၏ စိတ်ထဲတွင် သတိပေးချက်များက မြည်ဟည်းနေခဲ့လေပြီ။

သူက သူ၏ခေါင်းဆောင်းကို ချွတာကာ မီးလောင်ထားသောကြောင့် တစ်ဝက်ပျက်စီးနေသော နားရွက်ကို ထုတ်လျက် အသေအချာ နားစွင့်လိုက်လေ၏။

သူက ရုတ်တရက် အမိုးပေါ်သို့ ခေါင်းကို မော့ကြည့်လိုက်ပြီး တံခါးဝကို ပိတ်ထားသော ကျန်းဟောင်ရှန့်ကို တွန်းထုတ်ကာ အပြင်သို့ ပြေးထွက်သွားလေတော့သည်။

ကျန်းဟောင်ရှန့်မှာ ယိမ်းထိုးသွားရလေ၏။ သူ့အနေဖြင့် လောင်ပါး၏ ပုံရိပ်က နှင်းများ၏ ကြားထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ကြည့်နေချိန်တွင် ခပ်တိုးတိုး ထွက်ပေါ်လာခဲ့သော ဘန်းခနဲ အသံထိတ်လန့်သွားခဲ့ရပြီး နှင်းများကြားတွင် အေးခဲသွားခဲ့၏။

သူက မြေပြင်မှ အလျင်အမြန် ထရပ်ကာ သူ၏ ယိုင်နဲ့နဲ့ အိမ်လေး၏ အပြင်ဘက်သို့ ပြေးထွက်သွားခဲ့လေ၏။ ထို့နောက် အိမ်၏ ထုပ်တန်းပေါ်တွင် ရပ်နေသော အမျိုးသားတစ်ဦးကို မြင်လိုက်ရ၏။

ထိုအမျိုးသားမှာ လရောင်၏ အောက်တွင် နှင်းများကို မျက်နှာမူလျက် ရပ်နေခဲ့သည်။

သူ၏ အနက်ရောင်ဝတ်ရုံကြီးက အေးစိမ့်သော လေထဲတွင် တလွင့်လွင့်ဖြစ်နေလေ၏။

ကျန်းဟောင်ရှန့် ကြည့်နေခဲ့သည့် ထောင့်မှ ထိုလူ၏ မျက်နှာတစ်ခုလုံးကို မမြင်ရဘဲ ထွက်ပေါ်နေသော မျက်လုံးတစ်စုံကိုသာ မြင်ရလေသည်။

ထိုမျက်လုံးများက လောင်ပါး၏ မျက်လုံးများထက်ပင် ပိုမိုအေးစက်နေပြီး ငြိမ်သက်နေသော ရေကန်တစ်ခုကဲ့သို့ပင်။

လရောင်နှင့် မျက်နှာချင်းဆိုင်လိုက်သောအချိန်တွင် သူ၏မျက်လုံးများက ရွှေရောင်များဖြင့် တောက်ပနေသည်။

သူက လူသေနှစ်ဦးကို အထက်စီးမှ ငုံ့ကြည့်နေသည့်ကဲ့သို့ သူတို့နှစ်ဦးကို ငုံ့ကြည့်နေခဲ့၏။

သူ အလွန် တုန်လှုပ်သွားရပြီး သူ၏ ဘေးဘက်သို့ ကြည့်လိုက်မိလေသည်။

*

အခန်း(214)

လောင်ပါး၏ မျက်နှာက နာကျည်းမှုများဖြင့် ပြည့်နှက်နေပြီး အမိုးပေါ်မှ အမျိုးသားကို ကလဲ့စားချေလိုသော တစ္ဆေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေ၏။

သူ၏အကြည့်က ထိုအမျိုးသားကို အစိမ်းလိုက် ဝါးစားပစ်ချင်နေသကဲ့သို့ အလွန် ရက်စက်လွန်းသည်။

ကျန်းဟောင်ရှန့်၏စိတ်ထဲတွင် အတွေးတစ်ခုက လက်ခနဲ ဖြစ်သွားပြီး ချက်ချင်းပင် သဘောပေါက်သွားခဲ့ရ၏။

“လောင်ပါး ၊ဒါက ခင်ဗျားရဲ့ ရန်သူလား!”

လျို့ယွီက အံကို တင်းတင်းကြိတ်လိုက်သည့်အတွက် ကြိတ်ချေသံပင် ထွက်လာခဲ့၏။

အကယ်၍ ထိုတစ်စုံတစ်ယောက်က သူ့၏ တစ်သက်တာလုံးတွင် အမုန်းဆုံးလူကည်သူနည်းဟု မေးလာခဲ့လျှင် သူ၏ အရှေ့မှ အမျိုးသားဟုပြောရလိမ့်မည်။

ထိုလူသာ မရှိခဲ့လျှင် သူက ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိလာမည် မဟုတ်သကဲ့သို့ လျို့ချင်းရှန်၏ လိုက်လံဖမ်းဆီးခြင်းကိုလည်း ခံရမည် မဟုတ်ပေ။

လွန်ခဲ့သော တစ်လက ကျို့လုံဂူတွင် ဤအမျိုးသား ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရကတည်းက ပတ်ဝန်းကျင်တွင် စုံစမ်းထောက်လှမ်းခဲ့ပြီးသည်။

ထို့နောက် မကြာသေးမီကမှ ထိုလူ၏နာမည်က ကျင်းယန် ဖြစ်ကြောင်းသိခဲ့ရသည်။ ထိုသူက သူ၏ တစ္ဆေတစ်ကောင်ကဲ့သို့ ဘဝထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ထားကြောင်းကိုလည်း ကြားခဲ့ရ၏။

သူ ချက်ချင်းပင် အကြံအစည်တစ်ခုကို ထုတ်လိုက်ပြီးနောက် ကျင်းယန်နှင့် သူ၏ ရှူးယန်အသင်းကို အမြစ်ပြတ် ချေမှုန်းပစ်ရန် ဆုံးဖြတ်ကာ လျို့ချင်းရှန်နှင့် ဆက်သွယ်နိုင်မည့် နည်းလမ်းမျိုးစုံကို ကြံစည်ခဲ့လေသည်။

သို့သော် အဘယ်ကြောင့် သူ၏ လှုပ်ရှားမှုများကို တစ်ဖက်မှ ရိပ်မိသွားသည်ကိုတော့ နားမလည်နိုင်ခဲ့ပေ။

သူက သူ၏ အရှေ့မှ အမျိုးသား၏ နည်းလမ်းများကို ကောင်းစွာ သိထား၏။

တစ်နှစ်တာ ကာလအတွင်း သူ၏အင်အားက ပိုမို၍ ကြောက်မက်ဖွယ်ကောင်းအောင် ကြီးထွားလာခဲ့ပေလိမ့်မည်။

ခဏတာအတွင်း လျို့ယွီတစ်ယောက် နာကျည်းမှုနှင့် မကျေနပ်မှုများကို ခံစားလိုက်ရ၏။

သူက အမှန်တကယ်ပင် ဤအမျိုးသား၏ လက်ထဲတွင် သေရတော့မည်လား။

သူက အရှုံးမပေးနိုင်ပေ!

လျို့ယွီ၏ မျက်လုံးများက သွေးကဲ့သို့ နီရဲနေခဲ့ပသည်။ အမိုးပေါ်တွင် ရပ်နေသော ကျင်းယန်မှာ ပိုက်ကွန်ထဲမှ လွတ်ထွက်သွားသော ငါးတစ်ကောင်ကို ကြည့်သကဲ့သို့ ထိုသူ့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့လေ၏။

သူက လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် သူ၏ ပစ်မှတ်ဆီသို့ ခုန်ဆင်း၍ တိုက်ခိုက်လိုက်လေသည်။

လျို့ယွီ၏ မျက်လုံးများက ပြူးကျယ်သွားရပြီး သူ၏ ကျိုးပဲ့နေသော အတောင်ပံများကို အလောတကြီးဖြင့် ဖြန့်လျက် ရှောင်တိမ်းရန် ကြိုးစားလေတော့၏။

ဤအရေးကြီးသော အချိန်တွင် နှင်းထူထပ်သော ညထဲ၌ ထုံထိုင်းသော ဘန်းခနဲ အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။

ဤသည်မှာ လူ့ခန္ဓာကိုယ်နှင့် မာကျောသော အရာတစ်ခုတိုက်မိလိုက်သည့် အသံပင် ဖြစ်၏။

လျို့ယွီ၏ ရက်စက်သော မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခုက ပေါ်ထွက်လာခဲ့သည်။

မတိုင်မီက ထိုနေရာတွင် အူကြောင်ကြောင် ရပ်နေခဲ့သော ကျန်းဟောင်ရှန့်က ရုတ်တရက် ကျင်းယန်၏ အရှေ့သို့ ဝင်ခံလိုက်သောကြောင့် သူတို့နှစ်ဦးက ပြင်းထန်စွာ တိုက်မိသွားကြခြင်းပင်။

ကျင်းယန်၏ အရှိန်က အလွန်ပြင်းထန်လွန်း၏။ ကျန်းဟောင်ရှန့်၏ စွမ်းရည်မှာ မာကျောခြင်း ဖြစ်သော်လည်း သူ၏ မီးခိုးရောင် မျက်နှာပေါ်တွင် အလွန်နာကျင်နေသည့် အမူအရာက မဖုံးကွယ်နိုင်ဘဲ ပေါ်ထွက်လာခဲ့လေသည်။

သူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေ၏။

“လောင်ပါး၊ အမြန်ပြေးတော့”

သူ စကားပင် မဆုံးသေးမီမှာပင် ချို့ချုံက လှည့်ကြည့်ခြင်းပင် မရှိဘဲ ဆန့်ကျင်ဘက် အရပ်သို့ အရှိန်အကုန်သုံး၍ ထွက်ပြေးသွားခဲ့လေပြီ။

သူက မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ သူ၏ အသက်ကိုသာ လွတ်အောင် ပြေးသွားခဲ့လေ၏။

ကျန်းဟောင်ရှန့် : ?

ကျန်းဟောင်ရှန့်၏ ကျောက်သားမျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာတစ်ခုက ပေါ်လာခဲ့သည်။

ကျင်းယန်မှာ သူ၏အရှေ့မှ အူကြောင်ကြောင် ကျောက်သားဧရာမလူသားကို ကြည့်၍ စကားပင် မပြောနိုင်တော့ပေ။

သူ လျို့ယွီ၏ အနောက်သို့ လိုက်ရန် ပြင်လိုက်ချိန်မှာပင် ထိုလူက သူ့ကိုယ်သူ စတေးမည့် အမူအရာဖြင့် အော်ပြောလိုက်ပြန်သည်။

“ငါ့ရဲ့သူငယ်ချင်းကို နာကျင်အောင် လုပ်ခွင့်မပေးနိုင်ဘူး!”

ကျင်းယန်၏ မျက်လုံးထဲတွင် စိတ်မရှည်မှု အရိပ်အယောင်များက လက်ခနဲ ဖြစ်သွားရ၏။

သူက သူ၏ အရှေ့မှ ဧရာမကျောက်သားလူသားကို မီတာအတော်ဝေးသွားသည်အထိ ကန်ထုတ်လိုက်ပြီး လျို့ယွီ ပျောက်ကွယ်သွားသော အရပ်သို့ လိုက်ရန်ပြင်လိုက်လေသည်။

သို့သော် ကျောက်လူသားက သူ၏အနားသို့ နောက်တစ်ကြိမ် ပြန်လည်၍ ခုန်အုပ်လာပြီး ကျင်းယန်၏ ခြေထောက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ သူ၏ သူငယ်ချင်း အတွက် အသက်ကိုပင် စတေးမည့်ပုံစံဖြင့် ဆွဲထားလေတော့သည်။

ကမ္ဘာပျက်ကပ်က စတင်ကတည်းက ကျင်းယန်၏ အနေဖြင့် ဤမျှအထိ ရိုးအပြီး နုံအသော လူမျိုးကို မတွေ့ခဲ့ရပေ။

သို့သော် ဤအချိန်အတွင်း လျို့ယွီက ပျောက်ကွယ်သွားခဲ့လေပြီ။

ထို့ကြောင့် သူ၏ရှေ့မှ လူကောင်းတစ်ယောက်ကို သတ်ချင်စိတ်များဖြစ်လာခဲ့ရသည်။

ကျန်းဟောင်ရှန့်မှာ ထိုလူ၏ အေးစက်သော ရွှေရောင်မျက်လုံးများကို ကြည့်လိုက်မိချိန်တွင် ရုတ်တရက် နောင်တရသကဲ့သို့ ခံစားလိုက်ရ၏။

ဤအချိန်တွင် လျို့ယွီကတော့ စိတ်သက်သာရာ ရနေခဲ့၏။

ကျန်းဟောင်ရှန့်က သူ့ကို ကာကွယ်ပေးရန်အတွက် ဤကဲ့သို့လုပ်ဆောင်မည့် ထူးဆန်းသော လူစားမျိုးဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သိုသော် ဤသည်က သူ အလိုရှိသော အရာပင် ဖြစ်၏။

သူက ဤသတင်းကို ပြောပြရန်အတွက် လျို့ချင်းရှန်၏ အိမ်သို့ အမြန်ဆုံး သွားရပေလိမ့်မည်။

ကျန်းဟောင်ရှန့်က သူ့ကို သူငယ်ချင်းဟု သတ်မှတ်ထားခဲ့သည်ကို သူ မသိခဲ့သော်လည်း သူကိုယ်တိုင်ကတော့ ကျန်းဟောင်ရှန့်ကို အစမှ အဆုံးအထိ အပေါင်းအသင်းတစ်ယောက်ကဲ့သို့ တစ်ခေါက်မျှ မဆက်ဆံခဲ့ဖူးပေ။

လျို့ယွီ၏ အမြင်တွင် ကျန်းဟောင်ရှန့်က အမှန်တကယ်ပင် အစွန်းရောက်နေသော လူတစ်ဦးသာ ဖြစ်သည်။

သူနှင့် စတင်၍ တွေ့ဆုံသည့် နေ့က ကျန်းဟောင်ရှန့ဘက်မှ သူ့ကို အိမ်ထဲသို့ ပွေ့ချီ၍ခေါ်ဆောင် မသွားခဲ့လျှင်ပင် သူက ကျန်းဟောင်ရှန့်ကို သတ်ပြီး အိမ်ကို သိမ်းပိုက်လိမ့်မည်။

ကျန်းဟောင်ရှန့်က သူ့ထံမှ သတင်းအချက်အလက်များကို မေးမြန်းသည့်အချိန် တွင်လည်း သူက ထိုလူကို ယုံကြည်ရန်အတွက် မစဉ်းစားခဲ့ဘဲ သူ့ကိုယ်သူသာ ယုံကြည်ခဲ့သည်။

ကျင်းယန်၏ သတင်းအချက်အလက်က လျို့ယွီ၏ အတွက် လွတ်မြောက်ရန်နှင့် လျို့ချင်းရှန်ထံမှ ငွေညှစ်ရန်အတွက် အဖိုးတန်သော အခွင့်အရေးတစ်ခုပင် ဖြစ်၏။

သူက ဤအကြောင်းကို ကျန်းဟောင်ရှန့်အား မည်သို့ ပြောပြပါမည်နည်း။

အကယ်၍ ကျန်းဟောင်ရှန့်က လျို့ချင်းရှန်ကို ပြန်ပြောပြလိုက်ပါက သူ့အတွက်အလွန်ဆုံးရှုံးရလိမ့်မည်။

ဤအခိုက်အတန့်တွင် လျို့ယွီ၏ မျက်လုံးထဲ၌ စိတ်သက်သာရာရသည့် အရိပ်အယောင်များ ပေါ်ထွက်နေခဲ့သည်။

ကျန်းဟောင်ရှန့်က စိတ်ရင်းကောင်းသော ငတုံးတစ်ယောက် ဖြစ်နေ၍သာ တော်တော့သည်။

သို့မဟုတ်ပါက သူ ယနေ့ ဤနေရာတွင် အမှန်တကယ်ပင် အသက်ပျောက်ရပေလိမ့်မည်။

သူ၏ မျက်နှာပေါ်တွင် ရူးသွပ်သော အပြုံးတစ်ခုကဖြစ်လာခဲ့လေ၏။

ယနေ့ည ပြီးနောက်တွင် ကျင်းယန်က ပြီးခဲ့သော တစ်နှစ်တာလုံး သူ ဖြတ်သန်းခဲ့ရသော လမ်းဘေးမှ ကြွက်တစ်ကောင်ကဲ့သို့ ဘဝမျိုးကို ခံစားရလိမ့်မည်။

သူက ဤဇာတ်လိုက်၏ ခြေထောက်များကို ချိုးပြီး မျက်နှာကိုလည်း ဓားဖြင့် မွှန်းပစ်မည်။

ထို့နောက်တွင် သူ့အနေဖြင့် ကျင်းယန် အလေးအနက်ထားသော ထိုမိန်းကလေးကိုလည်း နှိပ်စက်နည်းအမျိုးမျိုးဖြင့် ကလဲ့စားချေပစ်မည်။

ကလဲ့စားချေပြီးနောက်တွင် ရရှိမည့် သာယာသော ဘဝကို စိတ်ကူးယဉ်နေရင်း လျို့ယွီက သူ၏ အသားတောင်ပံများကို ပိုမို၍ မြန်ဆန်စွာ ခတ်လိုက်လေ၏။

ထိုအချိန်က ဖြစ်ရပ်ကြောင့် သူ၏ အတောင်ပံများတွင် ဖျောက်ဖျက်၍ မရတော့သော အမာရွတ်များ ရှိနေခဲ့သည်။

ပိုးဝင်မှုကြောင့် အတောင်များက ပြန်မပေါက်နိုင်တော့သည့်အတွက်ကြောင့် အနိမ့်ပျံသန်းမှုမှာပင် အတော်လေး ခက်ခဲနေခဲ့၏။

အတောင်ပံကို အသုံးပြုတိုင်း အရိုးခိုက်မတတ် နာကျင်မှုကို ခံစားရ၏။

နာကျင်မှုကို ခံစားရလေလေ သူ၏ အမုန်းတရားက ပိုမို၍ ပြင်းထန်လာလေလေဖြစ်ပြီး သူ၏ တစ်ကိုယ်လုံးကို လောင်မြိုက်နေခဲ့သည်။

အမြန်..

အမြန်သွားမှ ဖြစ်မယ်။

သူ လျို့ချင်းရှန်ကို ချက်ချင်း ပြောပြရမယ်!

ကျို့လုံဂူ၏ ကွေ့ကောက်နေသော လမ်းကြားများက အလွန်မှောင်မည်းလွန်းသောကြောင့် အရှေ့မှ သူ့၏ လက်ကိုပင် မမြင်ရပေ။

လျို့ယွီက သူ၏ အမြင်အာရုံကိုသာ အားကိုး၍ လျင်မြန်စွာ ရှေ့သို့ တိုးနေခဲ့ရသည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်ခြောက်ကပ်နေပြီး လောကတစ်ခုလုံးတွင် သူ နှင်းများကို နင်းဖြတ်နေသောအသံသာ ရှိနေသကဲ့သို့ ခံစားရ၏။

ထိုအခိုက်တွင် ရုတ်တရက် သတ္တုချင်း ပွတ်တိုက်သံကဲ့သို့ အလွန်တိုးညင်းသော အသံတစ်ခုကို ကြားလိုက်ရလေသည်။

သူ ချက်ချင်းပင် သတိအပြည့်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်လေ၏။

သူ၏အထက်ရှိ နံရံပေါ်မှ သွယ်လျသော ပုံရိပ်တစ်ခုက လျင်မြန်စွာဖြင့် ဖြတ်ကျော်သွားခဲ့သည်။

ထိုသူမှာ အင်အားသိပ်မရှိကြောင်းကို သူ ဝေဝါးစွာ ခန့်မှန်းလိုက်မိသောကြောင့် လျို့ယွီ၏ တင်းကျပ်နေသော စိတ်ကလည်း အနည်းငယ် လျော့ပါးသွားခဲ့လေ၏။

ထိုသူ ကျင်းယန် မဟုတ်ခဲ့ပေ။

သူ၏ ပြူးထွက်နေသော မျက်လုံးများက ထောင့်ချိုးတစ်ခုတွင် ပုန်းအောင်းနေသော အမှောင်ရိပ်ဆီသို့ ရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့၏။

ထို့နောက် သူ၏ အိတ်ကပ်ထဲမှ ဓားမြှောင်တစ်လက်ကို ဂရုတစိုက် ထုတ်ယူလိုက်ပြီးနောက် ထိုလူကို မမြင်ချင်ယောင်ဆောင်ကာ အရှေ့သို့ ဆက်လက်၍ လျှောက်သွားလေသည်။

တစ်ဖက်လူကလည်း မျှော်လင့်ထားသည့်အတိုင်းပင် ထူးခြားမှု မရှိဟု ထင်မှတ်ကာ သူ၏နောက်သို့ တိတ်တဆိတ် လိုက်လာခဲ့၏။

သူ၏ အနောက်ဘက်မှနေ၍..

တခြား ထောင့်တစ်ခုတွင်တော့ လျို့ယွီ၏ မျက်လုံးများက ပိုမို၍ ရက်စက်လာကြောင်းတွေ့မြင်နိုင်သည်။

သူက လမ်းကြားထဲမှ ထွက်လာသည်နှင့် ရုတ်တရက် အနောက်သို့ လှည့်ကာ သူ၏နောက်မှ အမှောင်ရိပ်၏ ဝမ်းဗိုက်ကို အားကုန်သုံး၍ ထိုးလိုက်လေတော့သည်။

ထိုအမှောင်ရိပ်က အခြေအနေ ပျက်ယွင်းသွားပုံရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့၏။

ဤသည်ကို မြင်သောအချိန်တွင် ချို့ချုံက ပိုမို၍ပင် စိတ်လှုပ်ရှားလာခဲ့ပြီး အနားသို့ တိုးကပ်လျက် ဓားဖြင့် ပြင်းထန်စွာ ထိုးလိုက်ပြန်သည်။

ထက်မြက်သော ဓားတစ်လက်က အသားကို ဖောက်ဝင်သွားသည့် ကျေနပ်ဖွယ်ရာကောင်းသော အသံကို ကြားရရန်အတွက် သူ စောင့်ဆိုင်းနေခဲ့၏။

သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ ပြူးထွက်နေသော မျက်လုံးအိမ်ကြီးများက ပိုမို၍ ကျယ်လာခဲ့ရသည်။

မှောင်မည်းနေသောကြောင့် သူ၏အရှေ့မှ သွယ်လျသော ပုံရိပ်၏ မျက်နှာကို သူက သဲကွဲစွာ မမြင်ရပေ။

သူမက အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။

လက်ရှိတွင် သူမက ပိုက်ကွန်ထဲတွင် ပိတ်မိနေသော သားကောင်ကို ကျီစယ်နေသည့်ကဲ့သို့ ခပ်တိုးတိုး ရယ်မောလိုက်လေ၏။

“နောက်တာပါ”

အမျိုးသမီး၏ အသံက နူးညံ့နေပြီး စနောက်နေသကဲ့သို့ဖြစ်နေသော်လည်း လျို့ယွီ၏ နှလုံးသားက ရေခဲကဲ့သို့ အေးစိမ့်သွားခဲ့ရ၏။

သူ့အနေဖြင့် အမျိုးသမီး၏ ပုခုံးကို ဆွဲကိုင်ကာ သူမ၏ မျက်နှာကို ဓားဖြင့် မွှန်းရန် ကြိုးစားလိုက်ပြီး သူမ ရှောင်တိမ်းနေချိန်တွင် လှည့်ထွက်ပြေးရန် ကြံလိုက်လေ၏။

သို့သော် သူ၏အင်အားထက် သာလွန်သော အင်အားတစ်ခုက သူ၏လက်မောင်းကို ချိုးပစ်လိုက်လေ၏။

အရိုးကျိုးသံက မှောင်မည်းနေသော ညထဲ၌ နှင်းများ၏ အသံနှင့်အတူ ပျောက်ကွယ်သွားခဲ့လေသည်။

*

All Chapters