← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း (၃၆) သတင်းအချက်အလက်ရယူရန် လင်အန်းခရိုင်သို့ သွားခြင်း

​ဤကလေးတစ်စု၏ ပါရမီကို စစ်ဆေးပြီးနောက် ရှုချွမ်းက ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

ပါရမီရှိသော ကကလေးများကို မြင့်မြတ်နယ်မြေ သို့ ခေါ်ဆောင်ရန် တာဝန်ရှိသူတစ်ဦး သီးသန့်ရှိနေပြီဖြစ်ရာ ၎င်းမှာ ရှုချွမ်း စိုးရိမ်ရမည့်ကိစ္စ မဟုတ်တော့ပေ။

​သူမထွက်ခွာမီ တာဝန်ခံ လီ က ရှုချွမ်းကို မည်သို့ပင်ဖြစ်စေ နောက်ထပ် ရက်အနည်းငယ်ခန့် ဆက်နေရန် အစွမ်းကုန် တိုက်တွန်းခဲ့သည်။

သို့သော် ယခုအချိန်တွင် ရှုချွမ်း၏ စိတ်ထဲ၌ ဝိညာဉ်ခရစ်စတယ် များအကြောင်းသာ ရှိနေသဖြင့် ဤနေရာတွင် အချိန်ပိုမဖြုန်းလိုတော့ပေ။

ထို့ကြောင့် သူက တာဝန်ခံ လီ၏ စေတနာကို ငြင်းပယ်လိုက်သည်။

​မတတ်သာသည့်အဆုံး တာဝန်ခံ လီက သူ့ကို လိုက်လံပို့ဆောင်ပေးရုံသာ တတ်နိုင်တော့သည်။

သူက 'တိုက်ရိုက်တပည့်' တစ်ဦးကို တားဆီးရန် မဝံ့ရဲပေ။

မထွက်ခွာမီ သူက ရှုချွမ်းတည်းခိုခဲ့သော အိမ်ကို ရှုချွမ်းအား တိုက်ရိုက်လက်ဆောင်ပေးခဲ့ပြီး ရှုချွမ်းသာ တစ်နေ့ပြန်လာခဲ့လျှင် ကောင်းမွန်စွာ ဧည့်ခံပါမည်ဟု ကတိပေးခဲ့သည်။

​လူအားလုံး၏ စောင့်ကြည့်မှုအောက်တွင် ရှုချွမ်းက 'လင်အန်းခရိုင်' သို့ ဦးတည်သည့် တည်နေရာကူးပြောင်းခြင်း အစီအရင် ပေါ်သို့ တက်လှမ်းခဲ့သည်။

​လင်အန်းခရိုင်က တင်းအန်မြို့နှင့် မတူပေ။

လင်အန်းခရိုင် 'မဟာဝေ ဧကရာဇ်မင်းဆက်' ၏ လက်အောက်တွင် ရှိသည်။

ထို 'မဟာဝေ ဧကရာဇ်မင်းဆက်' မှာ အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် တစ်ခုတည်းသော လူသားဧကရာဇ်မင်းဆက် ဖြစ်သည်။

၎င်းက အရှေ့ပိုင်းဒေသတွင် နှစ်ပေါင်းသောင်းနှင့်ချီ၍ တည်တံ့ခိုင်မြဲနေခဲ့သည်။

၎င်းက မိုင်ပေါင်းသန်းချီသော နယ်မြေကို အုပ်ချုပ်ထားပြီး ခရိုင်ပေါင်း ၃၆ ခုနှင့် လူဦးရေ ၁၀ ဘီလီယံ ကျော် ရှိသည်။

​ဂိုဏ်းကြီးများနှင့် မြင့်မြတ်နယ်မြေ များဖြင့် ပြည့်နှက်နေသော အရှေ့ပိုင်းဒေသတွင် မဟာဝေ ဧကရာဇ်မင်းဆက် အနေဖြင့် ရပ်တည်နိုင်ခြင်းမှာ သဘာဝကျကျပင် သူ့တွင် ကိုယ်ပိုင်အစွမ်းအစများ ရှိသောကြောင့်ဖြစ်သည်။

သမိုင်းတစ်လျှောက် မဟာဝေ ဧကရာဇ်မင်းဆက်၏ ဧကရာဇ်တိုင်းက "ကိုးဆင့်ပြောင်းလဲခြင်း ဧကရာဇ်အထွတ်အထိပ်ကျင့်စဉ် "ကို ကျင့်ကြံကြသည်။​လူသား၏ ကံတရား ကောင်းချီး ဖြင့် သူတို့၏ ကျင့်ကြံခြင်းတိုးတက်မှုမှာ အလွန်ပင်မြန်ဆန်လှပြီး တစ်နေ့တည်းမှာပင် မိုင်ထောင်ချီ ခရီးရောက်သကဲ့သို့ တိုးတက်ကြသည်။ ဧကရာဇ်တိုင်းက 'ကောင်းကင်ဘုရင်နယ်ပယ်' ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ကြသည်။

​သို့သော် ဤကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်နိုင်သော ကျင့်စဉ်တွင် အားနည်းချက်တစ်ခု ရှိနေသည်။ ကျင့်ကြံသူများက အလွန်လျင်မြန်စွာ တိုးတက်သော်လည်း ၎င်းက သူတို့၏ သက်တမ်းကို တိုတောင်းစေသည်။

ဤကျင့်စဉ်ကို ကျင့်ကြံသော ဧကရာဇ်တိုင်းက သက်တမ်း နှစ်တစ်ထောင်ထက် ပို၍ မနေရပေ။

သာမန် 'ကောင်းကင်ဘုရင်နယ်ပယ်' သိုင်းပညာရှင်တစ်ဦး၏ သက်တမ်း နှစ်သောင်းနှင့်ချီ ရှိသည်နှင့် နှိုင်းယှဉ်ပါက ဤနှစ်တစ်ထောင် သက်တမ်းမှာ အမှန်တကယ်ပင် တိုတောင်းလှသည်။

​ထိုသို့သာ မဟုတ်ပါက မဟာဝေ ဧကရာဇ်မင်းဆက်သည် အရှေ့ပိုင်းဒေသကို တစ်စုတစ်စည်းတည်း အုပ်ချုပ်ပြီးသည်မှာ ကြာပြီဖြစ်သည်။

ဤသည်ကို "ကျင့်စဉ်ကြောင့် အောင်မြင်သလို ကျင့်စဉ်ကြောင့်ပင် ကျရှုံးရသည်" ဟုသာ ဆိုရပေလိမ့်မည်။

သို့သော်ငြားလည်း မဟာဝေ ဧကရာဇ်မင်းဆက်မှာ အရှေ့ပိုင်းဒေသတစ်ခုလုံး၏ ထိပ်တန်းအင်အားစုကြီးများထဲတွင် တစ်ခုအပါအဝင် ဖြစ်နေဆဲပင်။

​ရှုချွမ်း၏ ခရီးစဉ်ရည်မှန်းချက်ဖြစ်သော 'လင်အန်းခရိုင်' မှာ ထိုမင်းဆက်၏ ခရိုင် ၃၆ ခုအနက် တစ်ခုဖြစ်သည်။

၎င်း၏ တည်နေရာမှာ အနည်းငယ် ဝေးလံခေါင်ဖျားပြီး မဟာဝေ ဧကရာဇ်မင်းဆက်၏ အစွန်အဖျားဒေသတွင် ရှိနေခြင်းသာ ဖြစ်သည်။

​နှစ်ရက်အကြာတွင် ရှုချွမ်းက လင်အန်းခရိုင်သို့ ရောက်ရှိလာခဲ့သည်။

မြို့ထဲသို့ ဝင်လိုက်သည်နှင့် သူက ရေတွက်၍မရသော အကြည့်များကို ဆွဲဆောင်လိုက်မိသည်။

ရှုချွမ်းက အလွန်အမင်း ချောမောလွန်းနေသောကြောင့် ဖြစ်သည်။

ယခုတစ်လော ကျင့်ကြံမှုများကြောင့် သူက အချိန်တိုင်းတွင် ထွက်ပေါ်လာခါစ နေမင်းကဲ့သို့ တောက်ပသော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

​သူ၏ ပိုးထည်ဝတ်စုံနှင့် ပေါင်းစပ်လိုက်သောအခါ သူက မြင့်မြတ်သောအသွင်ရှိပြီး သာမန်လူများနှင့် မတူဘဲ ထင်ရှားနေသည်။

သူသွားလေရာတိုင်းတွင် လူအများ၏ အကြည့်များကို ဖမ်းစားနိုင်ခဲ့သည်။

အကဲခတ်တတ်သူတိုင်း ဤလူငယ်၏ အဆင့်အတန်းမှာ သေချာပေါက် ထူးခြားမည်ဖြစ်ကြောင်း သိနိုင်သည်။

ထို့ကြောင့် အခြေအနေမသိသော လူမိုက်မျိုးမှလွဲ၍ မည်သူမျှ သူ့ကို လာရောက် မနှောင့်ယှက်ရဲကြပေ။

​"ဒါက ဧကရာဇ်မင်းဆက် အုပ်ချုပ်တဲ့ လူသားမြို့တော်လား တကယ်ကို စည်ကားတာပဲ"

​လမ်းမကြီးပေါ်တွင် လမ်းလျှောက်ရင်း ဘေးပတ်ဝန်းကျင်မှ စည်ကားသော မြင်ကွင်းကို ကြည့်ကာ ရှုချွမ်း အံ့သြမိသွားသည်။

ဤမြို့ရှိ လူအများစုမှာ သာမန်လူများသာ ဖြစ်ကြပြီး သိုင်းပညာရှင် အချို့လည်း ရှိသော်လည်း လူတိုင်း၏ မျက်နှာတွင် ပျော်ရွှင်သော အပြုံးများရှိနေကာ အချင်းချင်း သဟဇာတဖြစ်စွာ နေထိုင်ကြသည်။

ရှုချွမ်း ယခင်က သွားဖူးခဲ့သော သိုင်းပညာရှင်များ ပိုများသည့် မြို့ကြီးများနှင့် မတူပေ။ ထိုမြို့များတွင် သိုင်းပညာရှင် များပြားသဖြင့် ထိန်းချုပ်ရန် ခက်ခဲပြီး ပဋိပက္ခများ အမြဲဖြစ်ပွားနေကာ သာမန်လူများအတွက် ရှင်သန်ရန် နေရာမှာ အလွန်ကျဉ်းမြောင်းလှသည်။

​"ဒီ မဟာဝေ ဧကရာဇ်မင်းဆက်ကတော့ တကယ်ကို အရည်အချင်းရှိတာပဲ"

​ဤကမ္ဘာတွင် များသောအားဖြင့် သာမန်လူများကသာ လူများစု ဖြစ်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် အနည်းငယ်သော သူများသာ သိုင်းတာအို ပေါ်သို့ လျှောက်လှမ်းနိုင်သောကြောင့် ဖြစ်သည်။

သိုင်း ပညာရှင်ကြီး ဖြစ်လာသူမှာ ပို၍ပင် နည်းပါးလှသည်။

နေရာတစ်ခု၏ အုပ်ချုပ်မှု စွမ်းရည်ကို တိုင်းတာရန်အတွက် ထိုနေရာရှိ သာမန်လူများ မည်မျှ ကောင်းမွန်စွာ နေထိုင်ရသနည်း ဆိုသည်ကို ကြည့်ရမည် ဖြစ်သည်။

​ကွယ်ရာမှ မကောင်းမှုများကို မဆိုထားနှင့်ဦးတော့၊ အပေါ်ယံတွင်မူ ဤလင်အန်းခရိုင်က ရှုချွမ်းကို ကောင်းမွန်သော အထင်အမြင် ပေးစွမ်းနိုင်ခဲ့သည်။

ရှုချွမ်းက မြို့ထဲတွင် တစ်မနက်လုံး လှည့်လည်သွားလာရင်း ချန်မိသားစု၏ သတင်းကို စုံစမ်းရန် ပြင်ဆင်နေခဲ့သည်။

ကံမကောင်းစွာဖြင့် ကောလာဟလ အချို့မှလွဲ၍ အသုံးဝင်သော သတင်းအချက်အလက် လုံးဝ မရရှိခဲ့ပေ။

​ရှုချွမ်း အနည်းငယ် စိတ်ပျက်သွားမိသည်။

အချိန်မှာ နောက်ကျလာပြီဖြစ်သဖြင့် သူက တစ်ညတာ အနားယူရန် တည်းခိုခန်းတစ်ခု ရှာဖွေပြီး မနက်ဖြန်မှ ထပ်မံစုံစမ်းရန် စဉ်းစားလိုက်သည်။

ထိုစဉ်မှာပင် ပါးစပ်ချွန်ချွန်၊ မျောက်မျက်နှာနှင့် ပိန်လှီသော လူငယ်တစ်ဦးက ရှုချွမ်းအနားသို့ ခိုးကြောင်ခိုးဝှက် ချဉ်းကပ်လာပြီး အသံကိုနှိမ့်ကာ ပြောလိုက်သည်။ ​"မင်း ချန်မိသားစုရဲ့ သတင်းကို သိချင်တာလား"

​"မင်း ဘာတွေ သိထားလဲ"

ရှုချွမ်း၏ မျက်လုံးများ ဝင်းလက်သွားသည်။

​ချန်မိသားစု၏ သတင်းကို မရှာနိုင်ဘဲ ဖြစ်နေချိန်တွင် တစ်စုံတစ်ယောက်က သူ့ထံသို့ ကိုယ်တိုင် ရောက်ရှိလာခြင်းပင်။

ဤလူ၏ ရုပ်ရည်နှင့် ဝတ်စားပုံမှာ ဒေသခံ လူမိုက်တစ်ဦးဖြစ်ကြောင်း သိသာလှပြီး ထိုကဲ့သို့သော သူများက သတင်းအချက်အလက် အများဆုံး သိတတ်ကြသည်။

​"ဟဲဟဲ၊ ငါ ချန်မိသားစုအကြောင်း အများကြီး သိတာပေါ့၊ ဒါပေမဲ့ မင်း အဲ့ဒီသတင်းအတွက် ပေးနိုင်တဲ့ ဈေးရှိမရှိတော့ မသိဘူးနော်"

​ထိုလူမိုက်လေး က ရမ္မက်ကြီးစွာ ရယ်မောရင်း အိတ်ကပ်ထဲမှ လက်ကိုထုတ်ကာ ရှုချွမ်းအား ငွေတောင်းသည့် ဟန်အမူအရာ ပြုလုပ်လိုက်သည်။

ရှုချွမ်းလည်း သူက သတင်းအတွက် ငွေတောင်းနေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။

သူက ခဏမျှ စဉ်းစားပြီးနောက် သိုလှောင်လက်စွပ် ထဲမှ အဆင့်နိမ့် ယွမ်ကျောက်တုံး ၂၀ ကို ထုတ်ယူကာ ပေးလိုက်ပြီး သူ၏ စကားကို စောင့်နေလိုက်သည်။

​လူမိုက်လေးက ယွမ်ကျောက်တုံးများကို ယူလိုက်သော်လည်း သူ၏ မျက်လုံးများမှာ ရှုချွမ်း၏ သိုလှောင်လက်စွပ်ပေါ်တွင်သာ စွဲမြဲနေပြီး လောဘတက်နေသည့် အမူအရာ ပေါ်လာသည်။

​"ဒီမှာ လူတွေ အရမ်းများတယ်၊ ပြောဖို့ မကောင်းဘူး။ သိတဲ့အတိုင်း ချန်မိသားစုက လင်အန်းခရိုင်မှာ မိသားစုကြီး တစ်ခုလေ။ ဒီမှာ ချန်မိသားစုအကြောင်း ပြောရမှာ ငါ မဝံ့ရဲဘူး၊ ပြဿနာ တက်နိုင်တယ်။ လူရှင်းတဲ့ နေရာတစ်ခုကို လိုက်ခဲ့ပါ၊ ငါ အသေးစိတ် ပြောပြမယ်"

​"ကောင်းပြီလေ"

​ဤအချိန်တွင် ရှုချွမ်း အနေဖြင့် သူက လူလိမ်တစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း မည်သို့လျှင် မသိဘဲ နေပါမည်နည်း

သူ၏ စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်သွားသော်လည်း အပြင်ပန်းတွင်မူ မထုတ်ပြခဲ့ပေ။

ထိုအစား သူက ထိုလူ ဘာကလိမ်ကကျစ် လုပ်ဦးမလဲဆိုသည်ကို သိချင်သဖြင့် နောက်မှ လိုက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လူရှင်းသော နေရာရောက်မှ သူ့ကို သင်ခန်းစာ ပေးရန်လည်း စဉ်းစားထားသည်။

သူ့၏ ယွမ်ကျောက်တုံးများမှာ ထိုမျှ လွယ်လွယ်ကူကူ ယူ၍မရကြောင်း သူ့ကို သိစေချင်သည်။

​ရှုချွမ်းက လူမိုက်လေး ၏ နောက်မှ ကပ်လိုက်သွားခဲ့ပြီး လမ်းကြားများစွာကို ဟိုလှည့်ဒီလှည့် ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် ခြံ ဝင်း ကြီးတစ်ခုသို့ ရောက်ရှိလာသည်။

​"ရောက်ပြီ၊ ဒီမှာ ပြောကြရအောင်"

ခြံ ဝင်းထဲသို့ ဝင်လိုက်သည်နှင့် လူမိုက်လေးက တံခါးကို ချက်ချင်း ဂျောက်ခနဲ ပိတ်လိုက်သည်။

​"ပြောတော့လေ၊ ချန်မိသားစုအကြောင်း မင်း ဘာသတင်းတွေ သိထားလဲ"

ရှုချွမ်းက အန္တရာယ်ကို သတိမပြုမိသကဲ့သို့ တည်ငြိမ်စွာ မေးလိုက်သည်။

​"ပြောရမှာလား ဘာကို ပြောရမှာလဲ ကွ။ ဟေ့ကောင်တွေ... သိုးဝ ဝကြီး ရောက်လာပြီဟေ့"

ခြံ ​ဝင်းထဲသို့ ရောက်သည်နှင့် လူမိုက်လေးသည် ယခင်က ကြောက်ရွံ့နေသည့် အမူအရာမှ ရုတ်တရက် ပြောင်းလဲသွားပြီး မောက်မာစွာ အော်ဟစ်လိုက်သည်။

သူ၏ အသံအဆုံးမှာပင် လူမိုက်ပုံစံ ဝတ်ဆင်ထားသည့် လူအယောက်ပေါင်း ဒါဇင်နှင့်ချီ၍ ခြံ ဝင်းထဲမှ ထွက်ပေါ်လာသည်။

​အိမ်ထဲမှနေ၍ ဓားကြီးတစ်လက်ကို ထမ်းထားသည့် ကြွက်သားအမြောင်းမြောင်းနှင့် ထိပ်ပြောင်လူကြီးတစ်ဦးက ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။

ထိုလူကို မြင်သောအခါ လူမိုက်လေး က သူ၏အနားသို့ အမြန်ပြေးသွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။​"အစ်ကိုကြီး... ဒီကောင်လေးမှာ သိုလှောင်လက်စွပ်တောင် ပါတယ်ဗျ၊ ပြီးတော့ ယွမ်ကျောက်တုံး ၂၀ ကိုတောင် ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်တယ်။ သူက သိုး ဝ ဝ ကြီးပဲ၊ ဒီတစ်ခေါက်ဆိုရင်တော့ ကျွန်တော်တို့ ချမ်းသာပြီ"

​"ဟုတ်လား မျောက်လေး... မင်း တော်တာပဲ။ ငါတို့ ပြန်ရောက်ရင် မင်းကို ကောင်းကောင်း... ငါလိုးမသား ငါ မင်းကို သတ်ပစ်မယ်"

​လူအုပ်ကြားမှ တိုးထွက်လာသော ထိပ်ပြောင်ခေါင်းဆောင်က ချီးကျူးစကား မဆုံးသေးခင်မှာပင် ရှုချွမ်းကို မြင်လိုက်ရပြီး သူ၏ တစ်ကိုယ်လုံးမှာ ဆန်ခါတင်သကဲ့သို့ တုန်ရင်သွားခဲ့သည်။

​ဟုတ်ပါသည်။

သူက ရှုချွမ်း၏ အဆင့်အတန်းကို မှတ်မိသွားသည်။

တိတိကျကျ ပြောရလျှင် သူက ရှုချွမ်း ဝတ်ထားသည့် အဝတ်အစားကို မှတ်မိသွားခြင်း ဖြစ်သည်။

သူ ဘာကြောင့် ဒီအဝတ်အစားကို မှတ်မိသနည်း ဆိုသည်မှာမူ သူ၏ဘဝတွင် တစ်ခါမျှ ပြန်မမှတ်မိချင်တော့သည့် အရာတစ်ခုပင်။

​သူ တောင်ပေါ်တွင် ဓားပြလုပ်နေစဉ်တုန်းက ဤအဝတ်အစားမျိုး ဝတ်ထားသည့် လူငယ်တစ်ဦးကို သူ မြင်ဖူးခဲ့သည်။

ထိုလူငယ်က လူတစ်ယောက်၊ ဓားတစ်လက်တည်းဖြင့် တစ်တောင်လုံးရှိ လူရာပေါင်းများစွာကို တိုက်ရိုက် သတ်ဖြတ်ပစ်ခဲ့သည်။ ထိုညက သွေးများမှာ မြစ်ကဲ့သို့ စီးဆင်းခဲ့သည်။

သူကိုယ်တိုင်မှာမူ တောင်ပေါ်တွင် ကင်းလှည့်နေစဉ် ပျင်းသဖြင့် အိပ်ရန် ဂူတစ်ခု ရှာတွေ့ခဲ့သောကြောင့်သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

​နောက်ပိုင်းတွင် ထိုသူမှာ 'ထိုက်ယိ မြင့်မြတ်နယ်မြေ' ၏ 'တိုက်ရိုက်တပည့်' တစ်ဦးဖြစ်ပြီး ဓားပြများကို သတ်ခြင်းမှာ လမ်းကြုံ၍ လုပ်သွားခြင်းသာ ဖြစ်ကြောင်း သူ ကြားခဲ့ရသည်။

​ယနေ့တွင် ထိုအဝတ်အစားမျိုးကို သူ ထပ်မံ မြင်တွေ့လိုက်ရခြင်းပင်။

ချက်ချင်းပင် ထိုစဉ်က ခံစားခဲ့ရသော ကြောက်စိတ်များမှာ သူ၏ နှလုံးသားထဲသို့ ပြန်လည် တိုးဝင်လာခဲ့သည်။ ဤအချိန်တွင် သူက မျောက်စုတ်လေးကိုသာ သတ်ပစ်ချင်နေတော့သည်။

အကယ်၍ အကြည့်ဖြင့် သတ်၍ရလျှင် မျောက်လေးမှာ အကြိမ်ပေါင်း ရာနှင့်ချီ၍ သေပြီးလောက်ပြီ ဖြစ်သည်။

​အများကြီးထဲကမှ မင်းကတော့ ဒီလို လူမျိုး ကို ခေါ်လာရတယ်လို့ကွာ

​

All Chapters