← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း (၃၇) နတ်ဘုရားစွမ်းအား နယ်ပယ် ဘိုးဘေးကြီးနှင့် ကောင်းကင်ကို လှည့်စားသော ကျောက်စိမ်းအဆောင်

​မျောက်လေးက သူ၏ အစ်ကိုကြီးက သူ့ကို အဘယ်ကြောင့် ဆဲဆိုနေမှန်း မသိဘဲ စိတ်မကောင်းဖြစ်နေရှာသည်။ သူက သိုးဝဝကြီးတစ်ကောင်ကို ခေါ်လာပေးခဲ့တာ မဟုတ်ပါလား။

သူက စကားပြောရန် ပြင်လိုက်သော်လည်း ထိပ်ပြောင်ခေါင်းဆောင်က ၎င်းကို မြင်သောအခါ အခြေအနေကို ချက်ချင်းရိပ်မိလိုက်ပြီး မျောက်လေးကို ရိုက်ထုတ်လိုက်ကာ ရှုချွမ်း၏ ရှေ့တွင် ဒူးထောက်လိုက်တော့သည်။

​"အ... အရှင်... ကျွန်တော့်တပည့်က အသိတရားမရှိလို့ အရှင့်ကို ပြစ်မှားမိသွားပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"

​ထိပ်ပြောင်ခေါင်းဆောင်က ဤအချိန်တွင် အလွန်အမင်း ထိတ်လန့်နေပြီး စကားများပင် ထစ်ကုန်တော့သည်။

ဤအချိန်ရောက်မှ မျောက်လေးသည်လည်း သူတို့ ယခုတစ်ခေါက် သွားထိမိလိုက်သည်မှာ သူ၏ အစ်ကိုကြီးပင် မပြစ်မှားဝံ့သည့် သံမဏိပြားကြီး ဖြစ်နေကြောင်း သဘောပေါက်သွားတော့သည်။

သူက မျက်လုံးကို ကလယ်ကလယ် လုပ်လိုက်ပြီး မြေပြင်ပေါ်တွင် သေချာဟန်ဆောင်ကာ ငြိမ်နေလိုက်တော့သည်။

​"အိုး... ဟုတ်လား သူက ငါ့ဆီကနေ ယွမ်ကျောက်တုံး ၂၀ တောင် ယူထားတာလေ"

​ရှုချွမ်းက ရှေ့မှ ထိပ်ပြောင်ခေါင်းဆောင်ကို ပြုံးစစဖြင့် ကြည့်ကာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ထိပ်ပြောင်ခေါင်းဆောင်က မျောက်လေး၏ ဘိုးဘေး ၁၈ ဆက်ကို စိတ်ထဲမှနေ၍ မနားတမ်း ဆဲဆိုလိုက်မိသည်။

သူက သူ၏ သိုလှောင်အိတ် ကို အမြန်ထုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မြှောက်ကာ ရှုချွမ်းထံသို့ ကမ်းပေးလိုက်သည်။

​"အရှင်... ဒါတွေနဲ့ရော လောက်ပါ့မလားခင်ဗျာ မလောက်ရင် ကျွန်တော် ထပ်ပြီး သွားရှာပေးပါ့မယ်..."

​ရှုချွမ်းက သိုလှောင်အိတ်ကို ယူလိုက်ပြီး အထဲကို အသာအယာ ကြည့်လိုက်ရာ အဆင့်နိမ့် ယွမ်ကျောက်တုံး ၄၀၀ သို့မဟုတ် ၅၀၀ ခန့် ရှိသည်ကို တွေ့လိုက်ရသည်။

ထိုအခါမှသာ သူက ကျေနပ်စွာ ခေါင်းငြိမ့်ပြပြီး သိမ်းလိုက်တော့သည်။

​"ထတော့။ နောက်တစ်ကြိမ်သာ ရှိဦးမယ်ဆိုရင်တော့ မင်း နောက်ဘဝမှာ လူကောင်းဖြစ်ဖို့သာ ဆုတောင်းထားလိုက်တော့"

​ထိပ်ပြောင်ခေါင်းဆောင်က အခြေအနေကို အလွန်သိတတ်လွန်းသဖြင့် ရှုချွမ်းပင် လက်ပါရန် အားနာသွားမိသည်။

ဤလူတစ်စုမှာလည်း ခွန်အား က အလွန်နိမ့်ပါးလှသည်၊ အသန်မာဆုံးဖြစ်သည့် ထိပ်ပြောင်ခေါင်းဆောင်ပင် 'ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်' အဆင့် ၅ သာ ရှိပြီး ကျန်သူများမှာ သာမန်လူ သို့မဟုတ် အဆင့် ၁၊ ၂ များသာ ဖြစ်ကြသည်။

ဤမျှ ခွန်အားနည်း သော သူများကို ရှုချွမ်းအနေဖြင့် လက်ပါရန် ပျင်းရိမိသည်။

ထို့ပြင် ရှုချွမ်းက ဤသူများထံမှ အချို့အချက်အလက်များကို စုံစမ်းလိုသေးသည်။

​"ထတော့၊ မင်းကို မေးစရာ အချို့ရှိတယ်။ မင်းရဲ့ အဖြေတွေက ငါ့ကို ကျေနပ်စေတယ်ဆိုရင် ဒီနေ့ကိစ္စကို ဒီမှာပဲ အဆုံးသတ်မယ်။ မဟုတ်ရင်တော့... ဟဲဟဲ၊ မင်း နားလည်တယ်မလား"

ရှုချွမ်းက အေးအေးဆေးဆေး ပြောလိုက်သည်။

​"ကျေးဇူးတင်ပါတယ် အရှင်၊ ကျေးဇူးတင်ပါတယ်"

" မေးသာ မေးပါခင်ဗျာ"

"ဒီလင်အန်းခရိုင်မှာ 'ကျန်းလျန်' မသိတာ ဘာမှ မရှိပါဘူး"

ထိပ်ပြောင်ခေါင်းဆောင်က အမြန်ထရပ်လိုက်ပြီး ရိုသေစွာ ပြောလိုက်သည်။

​"ဒါဆို ငါမေးမယ်၊ လင်အန်းခရိုင်က ချန်မိသားစုအကြောင်း မင်း ဘာတွေ သိထားလဲ"

​ကျန်းလျန်က ရှုချွမ်းက ဤအကြောင်းကို မေးလိမ့်မည်ဟု မထင်ထားသဖြင့် အနည်းငယ် လန့်သွားသည်။

သို့သော် သူက ချက်ချင်းပင် အမူအရာပြင်လိုက်ပြီး ပြောပြလိုက်သည်။ "ဒီချန်မိသားစုက လင်အန်းခရိုင်မှာ ထိပ်တန်းမိသားစုကြီး တစ်ခုပါပဲ။ သူတို့မှာ 'နတ်ဘုရားစွမ်းအားနယ်ပယ်' အဆင့် ၃ ရှိတဲ့ ဘိုးဘေးကြီးတစ်ဦး ရှိနေတာကြောင့် နှစ်ပေါင်းများစွာ တည်တံ့ နေတာပါ ဒါပေမဲ့ အဲ့ဒီဘိုးဘေးကြီးက အရမ်းအိုမင်းနေပြီး အသက်ရှင်ဖို့ ရက်သိပ်မကျန်တော့ဘူးလို့ ကြားပါတယ်။ သူသာ သေသွားရင် ချန်မိသားစုက သားသတ်စင်ပေါ်က အသားတစ်တုံးလို ဖြစ်သွားမှာပါ၊ လူတိုင်းက ဝိုင်းပြီး ကိုက်ခဲချင်နေကြတာလေ"

​"ဒါပေမဲ့ လွန်ခဲ့တဲ့ အချိန်အနည်းငယ်က သူတို့ဟာ အပြင်မှာ သက်တမ်းတိုးပေးနိုင်တဲ့ ရတနာတစ်ခုကို ရှာတွေ့ခဲ့တယ်လို့ ကြားရပါတယ်။ ချန်မိသားစု မျိုးနွယ်စုခေါင်းဆောင်က အလွန်ဝမ်းသာသွားပြီး အဲ့ဒီရတနာကို ရှာတွေ့ခဲ့တဲ့ တပည့်ကို နောက် မျိုးနွယ်စုခေါင်းဆောင်အသစ်အဖြစ် တိုက်ရိုက် ခန့်အပ်လိုက်ပါတယ်"

​၎င်းကို ကြားသောအခါ ရှုချွမ်း၏ မျက်လုံးများထဲတွင် ရွှေရောင်အလင်းတန်းများ ဝင်းလက်သွားသည်။

သေချာပေါက်ပင် ဤရတနာမှာ ဝိညာဉ်ခရစ်စတယ် သာ ဖြစ်ရမည်။

ဝိညာဉ်ခရစ်စတယ် တစ်ခုတည်းသာလျှင် သေခါနီးဖြစ်နေသူကို အဆင့်တက်စေပြီး သက်တမ်းကို တိုးပေးနိုင်မည် ဖြစ်သည်။

​"ဒါကို ငါ သေချာပေါက် ရအောင် ယူရမယ်"

ရှုချွမ်းက စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

သူသာ ၎င်းကို ရရှိခဲ့လျှင် 'နတ်ဘုရားသတ်ဓား' မှာ သံချေးများ ကွာကျသွားပြီး ၎င်း၏ အစစ်အမှန် ပုံစံကို ဖော်ပြနိုင်မည် ဖြစ်သည်။

သူကိုယ်တိုင်လည်း ၎င်းကြောင့် ကျင့်ကြံမှု အဆင့်ထပ်တက်နိုင်သေးသည်။

​သို့သော် နတ်ဘုရားစွမ်းအားနယ်ပယ် ရှိသော ဘိုးဘေးကြီးကတော့ အနည်းငယ် ပြဿနာ ရှိနိုင်သည်။

​"အော်... ဟုတ်သားပဲ၊ နောက်ထပ် နှစ်ရက်နေရင် ချန်မိသားစု ခေါင်းဆောင်ရဲ့ အသက် ၅၀၀ ပြည့် မွေးနေ့ ရှိတယ်။ အဲ့ဒီအချိန်မှာ သူက လင်အန်းခရိုင်က အင်အားကြီးအသိုင်းအဝိုင်းတွေကို ဖိတ်ပြီး အိမ်မှာ မွေးနေ့ပွဲ ကျင်းပပါလိမ့်မယ်"

ကျန်းလျန်က သူသိသမျှကို အကုန်အစင် ပြောပြလိုက်သည်။

​"ဟင်"

ရှုချွမ်းက ၎င်းမှာ အခွင့်အရေးတစ်ခု ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

သူတို့ မွေးနေ့ပွဲ ကျင်းပနေချိန်ကို အသုံးချပြီး ချန်မိသားစု၏ ရတနာတိုက်ထဲသို့ ခိုးဝင်ကာ ဝိညာဉ်ခရစ်စတယ်ကို ဘယ်သူမှ မသိအောင် ခိုးယူနိုင်သည်။

​ဝိညာဉ်ခရစ်စတယ်ကဲ့သို့ အရာမျိုးကို သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်း၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းက ကောင်းကင်နှင့်မြေကြီး၏ မူလချီ များကို အမြဲထုတ်လွှတ်နေသဖြင့် သိုလှောင်လက်စွပ်ကို ပေါက်ကွဲသွားစေနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ချန်မိသားစု ခေါင်းဆောင်က ဤပစ္စည်းကို အလွန်လုံခြုံသော နေရာတစ်ခုတွင်သာ ထားမည် ဖြစ်သည်။

မိသားစု ရတနာတိုက်မှာ အလုံခြုံဆုံးနေရာ ဖြစ်မည်မှာ ယုံမှားသံသယ ရှိစရာ မလိုပေ။

​ချန်မိသားစု ဘိုးဘေးကြီးက ဝိညာဉ်ခရစ်စတယ်ကို စားသုံးပြီးပြီဆိုလျှင် ဘယ်လိုလုပ်မလဲဟု ရှုချွမ်း စိုးရိမ်စရာ မလိုပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရှိ အခြေအနေဖြင့် ဝိညာဉ်ခရစ်စတယ်ကို တိုက်ရိုက် စုပ်ယူရန် ကြိုးစားပါက ခန္ဓာကိုယ် ပေါက်ကွဲပြီး သေရုံသာ ရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူက ၎င်းကို ဘေးတွင် ထားပြီး ဖြည်းဖြည်းချင်းသာ စုပ်ယူနေရမည် ဖြစ်သည်။

ရှုချွမ်းအနေဖြင့် ထိုနေရာကို ရှာတွေ့သရွေ့ ဝိညာဉ်ခရစ်စတယ်ကို သေချာပေါက် ရယူနိုင်မည် ဖြစ်သည်။

​တကယ့်ကို ပြည့်စုံလှပေသည်

ရှုချွမ်းက စိတ်ထဲမှနေ၍ သူ့ကိုယ်သူ ချီးကျူးလိုက်မိသည်။

ချန်မိသားစု၏ နတ်ဘုရားစွမ်းအားနယ်ပယ် ရှိသော ဘိုးဘေးကြီးနှင့် တိုက်ရိုက် မရင်ဆိုင်ရသရွေ့ ရှုချွမ်းက သေမျိုးအဆင့် ကျော်လွန်ခြင်းနယ်ပယ် တွင် သူ့ကို အနိုင်ယူနိုင်သူ အနည်းငယ်သာ ရှိမည်ဟု ယုံကြည်ထားသည်။

ဓားဝိညာဉ်မျိုးစေ့ ကို ရရှိခဲ့ပြီးကတည်းက သူသည် ဤမျှအထိ ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။

​အခု သူ စဉ်းစားရမှာက ဘယ်သူမှ မသိအောင် ချန်မိသားစု ရတနာတိုက်ထဲကို ဘယ်လို ခိုးဝင်မလဲ ဆိုတာပါပဲ။

ဤအချိန်တွင် ရှုချွမ်းက မြင့်မြတ်နယ်မြေ မှ မထွက်ခွာမီ ကိုယ်ယောင်ဖျောက်ကျင့်စဉ်မျိုးကို မရှာဖွေခဲ့မိသည်ကို အနည်းငယ် နောင်တရသွားမိသည်။

ယခုမူ အခြားနည်းလမ်းကိုသာ ရှာရတော့မည်။

သူက ခေါင်းကို ခါလိုက်ပြီး ထိုအကြောင်းကို ဆက်မစဉ်းစားတော့ပေ။

​"ကောင်းပြီ၊ ဒီကိစ္စက ဒီမှာတင် ပြီးပြီ။ ဒါပေမဲ့ မှတ်ထားပါ၊ ဒီနေ့ မင်းတို့ ကြားခဲ့တဲ့ စကားတစ်ခွန်းကိုမှ အပြင်ကို မပေါက်ကြားစေနဲ့၊ မဟုတ်ရင် မင်းတို့ရဲ့ အလောင်းကိုသာ လာကောက်ဖို့ ပြင်ထားလိုက်"

​ပြောပြီးနောက် ရှုချွမ်းက သူ၏ 'သေမျိုးအဆင့် ကျော်လွန်ခြင်းနယ်ပယ်' အော်ရာ ကို ထုတ်ဖော်လိုက်ပြီး ဤလူတစ်စုကို ခြိမ်းခြောက်လိုက်သည်။

ထိုအော်ရာ ကို ခံစားလိုက်ရသောအခါ လူတစ်စုလုံး ကြောက်လန့်တကြားဖြင့် ဒူးထောက်ကျကုန်ကြသည်။

ကျန်းလျန်သည်လည်း စိတ်ထဲမှ ထိတ်လန့်သွားမိသည်။

​"သေစမ်း... ငါသာ ပါးနပ်လို့ တော်သေးတယ်၊ မဟုတ်ရင် ဒီနေ့ မျောက်လေးကြောင့် ငါ အသေစောတော့မှာပဲ"

​ရှုချွမ်းက အော်ရာ ကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် ကျန်းလျန်က သူ၏ တပည့်များနှင့် မြေပြင်ပေါ်တွင် သေချင်ယောင်ဆောင်နေသော မျောက်လေးကိုပါ ဆွဲခေါ်ပြီး ထိုနေရာမှ အလျင်အမြန် ထွက်ပြေးသွားကြသည်။

သူက ဤနေရာတွင် တစ်စက္ကန့်မျှပင် ဆက်မနေချင်တော့ပေ။ ရှုချွမ်း၏ ဖိအားမှာ သူ့အတွက် အလွန်ပင် ကြီးမားလွန်းလှသည်။

ရှုချွမ်းက သူတို့ကို အရေးမလုပ်ဘဲ ထွက်သွားခွင့် ပေးလိုက်သည်။

သို့သော် သူတို့ မထွက်သွားမီ သူက စနစ် ကို အသုံးပြု၍ ထိပ်ပြောင်ခေါင်းဆောင်၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။

မကြည့်လိုက်ရသေးခင်အထိ ဘာမှ မဖြစ်သော်လည်း ကြည့်လိုက်သောအခါတွင်မူ အံ့သြစရာများဖြင့် ပြည့်နှက်နေခဲ့သည်။

​【အမည် - ကျန်းလျန်】

【နယ်ပယ် - ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ် (အဆင့် ၅)】

【ပါရမီ - အလွန်ပင် သာမန်】

【ကံကြမ္မာ - အခြေအနေအရ လိုက်လျောညီထွေနေတတ်သူ (အပြာရောင်)】

【ဘဝဇာတ်ညွှန်း - ဖြတ်သွားဖြတ်လာ ဇာတ်ကောင်】

【ဘဝလမ်းကြောင်း - သူသည် ငယ်စဉ်က ထိုက်ယိ မြင့်မြတ်နယ်မြေ မှ တိုက်ရိုက်တပည့်တစ်ဦးက တောင်ရွာတစ်ရွာရှိ လူရာပေါင်းများစွာကို သတ်ပစ်သည်ကို မြင်ခဲ့ရပြီး ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့ရာ စိတ်ထဲတွင် အရိပ်မည်းကြီး ဖြစ်သွားခဲ့သည်။ ထိုအချိန်မှစ၍ သူသည် တောင်ဓားပြ မလုပ်ရဲတော့ပေ။ သူသည် လင်အန်းခရိုင်သို့ ရောက်လာပြီး တပည့်တစ်စုကို စုစည်းကာ ဆက်ကြေးကောက်စားရင်း အသက်မွေးခဲ့သည်။ နောက်ပိုင်းတွင် သူသည် အခွင့်အရေးတစ်ခုကို ရရှိခဲ့ပြီး နာမည်ကျော် 'ပန်းခိုးသူ' တစ်ယောက် ဖြစ်လာခဲ့ကာ မိန်းမပျိုပေါင်းများစွာကြား ဖြတ်သန်းခဲ့သော်လည်း အဖမ်းမခံရဘဲ လွတ်မြောက်နိုင်ခဲ့သူ ဖြစ်သည် 】

【အခွင့်အရေး - မနက်ဖြန် မွန်းတည့်ချိန်ကျော် တွင် မြို့တံခါးသို့ သွားရာလမ်း၌ ကျောက်စိမ်းအဆောင်တစ်ခုကို ကောက်ရလိမ့်မည်။ ထိုကျောက်စိမ်းအဆောင်သည် ကောင်းကင်ကို လှည့်စားနိုင်စွမ်းရှိပြီး တစ်ဦးတစ်ယောက်၏ ဝိညာဉ်အာရုံနှင့် အော်ရာ ကိုပါ ဖုံးကွယ်ထားနိုင်သည်။ ဤကျောက်စိမ်းအဆောင်ကို အားကိုးပြီး သူသည် နောက်ဆုံးတွင် မဟာဝေ မင်းဆက်၌ အကျော်ကြားဆုံး ပန်းခိုးသူ ဖြစ်လာခဲ့သည် 】

​ဘုရားရေ...

ကျန်းလျန်ရဲ့ အချက်အလက်တွေက ရှုချွမ်းကို မျက်စိကျိန်းသွားစေသည်။

ဒီလို ဗလတောင့်တောင့်၊ ထိပ်ပြောင်ပြောင်ကြီးနဲ့ နောက်ဆုံးမှာ နာမည်ကျော် 'ပန်းခိုးသူ' ဖြစ်လာမယ်ဆိုတာ ဘယ်သူက ယုံနိုင်မှာလဲ

ရှုချွမ်း အနေဖြင့်လည်း သူ့ကို ပန်းခိုးသူတစ်ယောက်အဖြစ် ပုံဖော်ကြည့်ရန်ပင် ခက်ခဲနေသည်။

ဒါက ပထမဆုံး အထင်အမြင်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

​ထို့ပြင် ရှုချွမ်းသည် ကျန်းလျန်က သူ့ကို မြင်မြင်ချင်း ဘာကြောင့် အညံ့ခံ ဒူးထောက်ခဲ့သလဲ ဆိုသည်ကိုလည်း နားလည်သွားခဲ့သည်။ သူသည် ငယ်စဉ်က တခြား တိုက်ရိုက်တပည့်တစ်ဦးကြောင့် စိတ်ဒဏ်ရာ ရခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။

သူ၏ 'အခြေအနေအရ လိုက်လျောညီထွေနေတတ်သူ' ဆိုသည့် ကံကြမ္မာနှင့် ပေါင်းစပ်လိုက်သောအခါ သူက ဘာဖိအားမှ မရှိဘဲ အညံ့ခံလိုက်ခြင်း ဖြစ်သည်။

​အရေးကြီးဆုံးအချက်မှာ ကျန်းလျန်ထံတွင် ချန်မိသားစုထဲသို့ ဘယ်သူမှ မသိအောင် ခိုးဝင်နိုင်မည့် ဖြစ်နိုင်ခြေကို ရှုချွမ်း မြင်တွေ့လိုက်ရခြင်းပင်

၎င်းမှာ သူကောက်ရမည့် ဝိညာဉ်အာရုံနှင့် အော်ရာ ကို ဖုံးကွယ်ပေးနိုင်သော ကျောက်စိမ်းအဆောင် ဖြစ်သည်။

ကျန်းလျန်ကဲ့သို့ လူမျိုးပင်လျှင် ဤကျောက်စိမ်းအဆောင်ဖြင့် မင်းဆက်တစ်ခုလုံးတွင် နာမည်ကြီးခဲ့ပြီး ဘယ်တော့မှ အဖမ်းမခံခဲ့ရပေ။

ဤကျောက်စိမ်းအဆောင်၏ ကိုယ်ယောင်ဖျောက်နိုင်စွမ်းမှာ မည်မျှအထိ အစွမ်းထက်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။

​ရှုချွမ်းသာ ၎င်းကို ရရှိခဲ့လျှင် 'နတ်ဘုရားစွမ်းအားနယ်ပယ်' ဘိုးဘေးကြီးကို ရှောင်ကွင်းပြီး ချန်မိသားစု ရတနာတိုက်ထဲသို့ ခိုးဝင်နိုင်သည်။

ယခုအခါ ရှုချွမ်းက သူ၏ ကံကောင်းမှုကို မည်သို့ ပြောရမှန်းပင် မသိတော့ပေ။

သူက အမှတ်မထင် ကြည့်လိုက်ခြင်းသာ ဖြစ်သော်လည်း လက်ရှိအချိန်တွင် သူ့အတွက် အလိုအပ်ဆုံးအရာကို မမျှော်လင့်ဘဲ ရှာတွေ့သွားခဲ့သည်။

တကယ့်ကို "အကျပ်အတည်းနောက်က အောင်ပွဲ" ပါပဲ

​ယခုအခါ အရေးကြီးဆုံး နောက်ဆုံးအချက်မှလွဲ၍ အရာအားလုံး အဆင်သင့် ဖြစ်နေပြီဖြစ်သည်။

မနက်ဖြန်တွင် ဤကျောက်စိမ်းအဆောင်ကို သွားယူရန်နှင့် ချန်မိသားစု၏ မွေးနေ့ပွဲတွင် ခိုးဝင်ရန်သာ စောင့်ရတော့မည်။

ချန်မိသားစုထဲ ခိုးဝင်ပြီး ဝိညာဉ်ခရစ်စတယ်ကို ခိုးယူမည့်အပေါ် စိတ်ထဲမှာ အားနာစရာ ရှိမလားလို့ မေးရင်တော့... ရှုချွမ်းကတော့ ဘာမှ မခံစားရပါဘူးတဲ့။

​ဘာပဲဖြစ်ဖြစ် ချန်မိသားစုကလည်း တခြားသူတွေဆီက လုယူထားတာပဲ၊ သူက ပြန်ယူတာဆိုတော့ "သူဌေးကို လုပြီး ဆင်းရဲသားကို ကယ်တာ"

တကယ်တော့ သူ့ကိုယ်သူ ကယ်တာပါ လို့ပဲ သဘောထားလိုက်ပါတော့မယ်။

သူ့ကိုယ်သူ ချမ်းသာ စေဖို့ တခြားသူရဲ့ စည်းစိမ်ကို လုယူတာက... တကယ့်ကို ယုတ္တိတန်တဲ့ အလုပ်ပါပဲ

​

All Chapters