← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း (၄၀) ကောင်းကင်အဆင့်ဓားနှင့် မိုင်တစ်ထောင် ထွက်ပြေးခြင်း

​“ဟိုမှာကြည့်စမ်း၊ အဲ့ဒါ ဘာကြီးလဲ”

​မကြာမီမှာပင် အရှေ့ ခြံ ဝင်းရှိ မွေးနေ့ပွဲသို့ ရောက်ရှိနေသူများထဲမှ တစ်ဦးက ထူးခြားသော ဖြစ်စဉ်ကို သတိထားမိသွားသည်။

​“ဒီအော်ရာ က... အနည်းဆုံးတော့ 'မြေကြီး အဆင့်' လက်နက်ပဲ”

အင်အားစုခေါင်းဆောင်တစ်ဦးက အံ့အားသင့်တကြီး ရေရွတ်လိုက်သည်။

​“မဟုတ်ဘူး၊ ဒီအော်ရာ က မြေကြီး အဆင့်ထက် အများကြီး ပိုပြင်းတယ်။ တစ်ခါက ဧကရာဇ်မြို့တော်မှာ တော်ဝင်မိသားစု ကောင်းကင်ယဇ်ပူဇော်ပွဲ လုပ်တုန်းက ငါ မြင်ဖူးတယ်၊ ဒီလက်နက်က ထွက်နေတဲ့ အော်ရာ က တော်ဝင်မိသားစုရဲ့ 'ကောင်းကင်အဆင့်' အိုးကြီးနဲ့ အဆင့်ချင်း တူတူပဲ”

​ဝှစ်...

​ထိုစကားကို ကြားလိုက်ရသည့် ခဏမှာပင် ရောက်ရှိနေသူအားလုံး တုန်လှုပ်သွားကြပြီး ကောင်းကင်ယံရှိ ဓားပုံရိပ်ယောင်ကို ကြည့်နေသော သူတို့၏ မျက်လုံးများမှာ လောဘရိပ်များဖြင့် တောက်ပလာခဲ့သည်။

​ကောင်းကင်အဆင့် လက်နက်

​အရှေ့ဘက်ဒေသ တစ်ခုလုံးမှာတောင် အမည်နာမဖြင့် တိတိကျကျ ပြောနိုင်သော ကောင်းကင်အဆင့် လက်နက်မှာ အနည်းငယ်သာ ရှိပြီး ၎င်းတို့ကို မြင့်မြတ်နယ်မြေ များနှင့် ထိပ်တန်းဂိုဏ်းကြီးများကသာ ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။

​သို့သော် ယခုအချိန်တွင် ချန်မိသားစု၌ ကောင်းကင်အဆင့် လက်နက်တစ်ခု ပေါ်လာခဲ့ပြီ။

ပိုင်ရှင်မဲ့နေသော ကောင်းကင်အဆင့် လက်နက်ကို ဘယ်သူကမှ မလိုချင်ဘဲ နေပါမည်နည်း

၎င်းကို လုယူပြီး ခဏတာ ပုန်းအောင်းကာ အောင်မြင်စွာ သန့်စင်နိုင်ခဲ့လျှင် သေချာပေါက် အင်အားကြီး သိုင်းပညာရှင်တစ်ဦး ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

​ထိုအချိန်တွင် ရောက်ရှိနေသူအားလုံး စိတ်ကို မထိန်းနိုင်ကြတော့ပေ။

အချို့မှာ ဂိုဏ်းကြီးများမှ သိုင်းပညာရှင်များ မရောက်လာခင် ကောင်းကင်အဆင့် လက်နက်ကို လုယူထွက်ပြေးရန်အတွက် သူတို့၏ လက်နက်များကိုပင် ထုတ်ယူလိုက်ကြပြီ ဖြစ်သည်။

​ချန်မိသားစု ဘိုးဘေးကြီးသည်လည်း ကောင်းကင်ယံမှ ထူးခြားချက်ကြောင့် အာရုံပြောင်းသွားပြီး ထိုဖြစ်စဉ်မှာ သူ၏ ရေကန်အောက်ခြေမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်း လုံးဝ သတိမထားမိခဲ့ပေ။

​“လက်နက်က ချန်မိသားစုရဲ့ အနောက် ခြံ ဝင်းထဲမှာ ရတဲ့သူ အပိုင်ပဲ တက်ကြဟေ့”

လူအုပ်ထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည်။

​ချက်ချင်းပင် လူတိုင်း လှုပ်ရှားသွားကြပြီး လက်နက်များကို ကိုင်ကာ ချန်မိသားစု အနောက် ခြံ ဝင်းသို့ အရူးအမူး ပြေးဝင်သွားကြတော့သည်။

ချန်မိသားစု ဘိုးဘေးကြီး၏ မျက်နှာ ပျက်သွားပြီး သူလည်း နောက်မှ လိုက်သွားခဲ့သည်။

ကောင်းကင်အဆင့် လက်နက်က သူ့အိမ်တော်မှာ ပေါ်လာတာဖြစ်လို့ ဒါက သူ့ပစ္စည်းသာ ဖြစ်ရမည်။

ဤကောင်းကင်အဆင့် ရတနာဓားကိုသာ သူ ရရှိခဲ့လျှင် ချန်မိသားစုက အရှေ့ဘက်ဒေသ၏ ထိပ်တန်းအင်အားစု တစ်ခုအဖြစ် ခုန်ပျံကျော်လွှားနိုင်ပေလိမ့်မည်။

ဤအချိန်တွင် သူ၏ နှလုံးသားမှာ လောဘစိတ်များဖြင့် လွှမ်းမိုးခြင်း ခံနေရပြီ ဖြစ်သည်။

​နောက်ဝင်းသို့ ပြေးဝင်သွားချိန်တွင် အချို့က ထိုထူးခြားသော အလင်းတန်းမှာ ရေကန်အောက်ခြေမှ လာခြင်းဖြစ်ကြောင်း ရှာတွေ့သွားကြသည်။

သူတို့အားလုံး ရေထဲသို့ ခုန်ဆင်းလိုက်ကြသည်။

​“ကောင်းကင်အဆင့် လက်နက်ကိုတော့ မတွေ့ဘူး၊ ဒါပေမဲ့ ရေအောက်မှာ ဗလာကျင်းနေတဲ့ နန်းတော်ကြီး တစ်ခု ရှိနေတယ်”

ရေအောက်သို့ ငုပ်လျှိုးခဲ့သော ကျင့်ကြံသူတစ်ဦးက ရေပေါ်သို့ ပြန်တက်လာပြီး အော်ပြောလိုက်သည်။

​ထိုအချိန်မှာပင် ချန်မိသားစု ဘိုးဘေးကြီး နောက်ကျပြီး ရောက်လာသည်။

ထိုစကားကို ကြားလိုက်ရသောအခါ သူ တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။

​ဘုန်း

​သူက လက်ဝါးကို မြှောက်ကာ ရေပြင်ကို ရိုက်ခွဲလိုက်ပြီး နန်းတော်အတွင်းရှိ လျှို့ဝှက်ခန်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

လျှို့ဝှက်ခန်းတံခါးကို ဖွင့်ကြည့်လိုက်သောအခါ... အလွတ်ကြီး ဖြစ်နေသည်။

ရှုချွမ်း၏ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။

​“ဘယ်သူလဲ... ဘယ်သူက ငါ့ရဲ့ ဝိညာဉ်ခရစ်စတယ်တွေကို ခိုးသွားတာလဲ ထွက်ခဲ့စမ်း”

​ချန်မိသားစု ဘိုးဘေးကြီးမှာ ဒေါသအလိပ်လိပ် ထွက်နေပြီ ဖြစ်သည်။

သူက ဤဝိညာဉ်ခရစ်စတယ်များကို အားကိုးပြီး 'နိဗ္ဗာနနယ်ပယ်' သို့ တက်လှမ်းကာ ဒုတိယအကြိမ် ဘဝသစ်ကို ရှင်သန်ရန် မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုမူ တစ်စုံတစ်ယောက်က ဝိညာဉ်ခရစ်စတယ်ကို ခိုးယူသွားခဲ့ပြီ။

ထို့ပြင် ဤနေရာတွင် ပေါ်လာသော ကောင်းကင်အဆင့် ရတနာဓားမှာလည်း ထိုသူ၏ လက်ချက် ဖြစ်နိုင်ပေသည်။

​ကောင်းကင်အဆင့် လက်နက်ကို ရှာနေသူများမှာ ဘိုးဘေးကြီး၏ အော်ဟစ်သံကို ကြားသောအခါ သူတို့၏ မျက်လုံးများမှာ ပို၍ တောက်ပြောင်လာခဲ့သည်။

ချန်မိသားစု ဘိုးဘေးကြီး ဘာကြောင့် ဒီနေ့ ဒီလောက် ကျန်းမာနေရသလဲဆိုတာကို သူတို့ အခုမှ နားလည်သွားကြသည်။

သူ့မှာ ဝိညာဉ်ခရစ်စတယ်လို ရတနာမျိုး ရှိနေခဲ့တာကိုး။

အကယ်၍ သူတို့သာ ဤသူခိုးကို ရှာတွေ့ခဲ့လျှင် ကောင်းကင်အဆင့် ဓားတင်မကဘဲ ဝိညာဉ်ခရစ်စတယ်ကိုပါ ရနိုင်မည် မဟုတ်ပါလား။

ချက်ချင်းပင် သူတို့က ရှုချွမ်းရှိရာကို နေရာအနှံ့ လိုက်ရှာကြတော့သည်။

​ရှုချွမ်းမှာမူ သူ့ကိုယ်သူ အမိခံလိုက်ရပြီဟု သိလိုက်သည်နှင့် 'မဟာယန် ကျင့်စဉ်' ကို အမြန်လည်ပတ်စေပြီး နတ်ဘုရားသတ်ဓား၏ အော်ရာ ကို ဖုံးကွယ်လိုက်သည်။

ထို့နောက် အားနည်းသော ဆက်နွှယ်မှုမှတစ်ဆင့် ဓားကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်သိမ်းလိုက်သည်။

​နတ်ဘုရားသတ်ဓားကို သိမ်းပြီးနောက် ရှုချွမ်းက ကျောက်စိမ်းအဆောင်၏ ဖုံးကွယ်နိုင်စွမ်းကို သုံးကာ လူတိုင်းကို ရှောင်ကွင်းပြီး ချန်မိသားစု အိမ်တော်၏ အဓိကဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။

သို့သော် ရှုချွမ်း မထင်မှတ်ထားသော အရာမှာ သူက ရတနာတိုက်ထဲတွင် ကြာမြင့်စွာ နေခဲ့မိသဖြင့် အိမ်ရှေ့တံခါးဝသို့ ရောက်သည့် ခဏမှာပင် ကျောက်စိမ်းအဆောင်၏ အာနိသင် ကုန်ဆုံးသွားခြင်း ဖြစ်သည်။

​သူ၏ ပုံရိပ်မှာ ချက်ချင်း ပေါ်လာခဲ့သည်။

အခြားနည်းလမ်း မရှိတော့သဖြင့် ရှုချွမ်းက အရှိန်မြှင့်ကာ တံခါးအပြင်သို့ ပြေးထွက်လိုက်သည်။

သူ မျှော်လင့်သည်မှာ လူတွေ အမြန် မတွေ့သွားဖို့သာ ဖြစ်သည်။

သို့သော် ကံကြမ္မာက သူဖြစ်ချင်သလို ဖြစ်မလာခဲ့ပေ။

သူက ချန်မိသားစု အိမ်တော်တံခါးမှ ထွက်လိုက်သည်နှင့် အတွေ့ခံလိုက်ရသည်။

​“ဒီကောင်လေးရဲ့ ပုံစံက သံသယဖြစ်စရာပဲ၊ ကောင်းကင်အဆင့် လက်နက်နဲ့ ဝိညာဉ်ခရစ်စတယ်ကို သူ ရသွားတာ ဖြစ်ရမယ် သူ့ကို ဖမ်းကြ”

လက်ထဲတွင် တူကြီးတစ်လက် ကိုင်ထားသော လူကောင်ကြီးတစ်ယောက်က ရှုချွမ်းကို မြင်သွားပြီး လူအုပ်ကြီးကို လှမ်းအော်လိုက်သည်။

​ချက်ချင်းပင် အိမ်တော်အတွင်း၌ ရှာဖွေနေသူအားလုံး ရပ်တန့်သွားကြပြီး ရှုချွမ်းနောက်သို့ ဝိုင်းလိုက်ကြတော့သည်။

ရူးသွပ်လုနီးပါး ဖြစ်နေသော ချန်မိသားစု ဘိုးဘေးကြီးသည်လည်း ထိုလူ၏ စကားကို ကြားသောအခါ မျှော်လင့်ချက် ပြန်လည် ရှင်သန်လာခဲ့သည်။

သူက ရှုချွမ်းဆီသို့ လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။

​“ကောင်လေး... ကောင်းကင်အဆင့် လက်နက်နဲ့ ဝိညာဉ်ခရစ်စတယ်ကို အပ်စမ်း၊ ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်။ မဟုတ်ရင်တော့ ငါ့လက်ထဲမှာ မင်း သေရတာထက် ပိုဆိုးစေရမယ်”

​ချန်မိသားစု ဘိုးဘေးကြီးက ကြောက်မက်ဖွယ် ခြိမ်းခြောက်လိုက်သည်။

ထိုစကားကို ကြားသောအခါ ရှုချွမ်း၏ မျက်နှာ တင်းမာသွားသည်။

နတ်ဘုရားစွမ်းအားနယ်ပယ် ကျင့်ကြံသူ၏ အမြန်နှုန်း မှာ သူ၏ သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ်ထက် အများကြီး ပိုမြန်သည်။

​ရှုချွမ်းက မဆိုင်းမတွဘဲ လမ်းကြောင်းပြောင်းကာ အရှိန်ပြန်မြှင့်လိုက်သည်။

သူက 'အမှောင်ဝိညာဉ်တောင်တန်း' ဆီသို့ ဦးတည်ပြေးချင်နေသည်။

အရှေ့ဘက်ဒေသ၏ အန္တရာယ်အရှိဆုံး တောင်တန်းဖြစ်သော ထိုနေရာတွင် သားရဲများနှင့် ထူထပ်သော တောအုပ်များ ရှိနေသည်။

အထဲသို့ ရောက်သွားလျှင် သူ့နောက်က လိုက်နေသူများကို ဖြတ်ထုတ်နိုင်မည်ဟု သူ ယုံကြည်ထားသည်။

​“ကောင်လေး... ငါ့လက်ထဲက မလွတ်စေရဘူး”

ရှုချွမ်းက ရုတ်တရက် အရှိန်မြှင့်ပြေးသွားသည်ကို မြင်သောအခါ ဘိုးဘေးကြီး၏ ဒေါသမှာ ပို၍ ပြင်းထန်လာခဲ့သည်။

သူက သူ၏ စွမ်းအားအပြည့်ကို ထုတ်သုံးရန် မဝံ့ရဲဘဲ ရှုချွမ်း သူ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေရသည်။

​သူက ဝိညာဉ်ခရစ်စတယ်ကို မရခင်ကတည်းက သေခါနီး အခြေအနေ ဖြစ်နေခဲ့သည်။

ဝိညာဉ်ခရစ်စတယ်ကို ရပြီးနောက်မှာလည်း အပြည့်အဝ မစုပ်ယူနိုင်သေးဘဲ လက်ရှိ အသက်ရှင်နေထိုင်မှုကို ထိန်းထားနိုင်ရန်သာ အနည်းငယ် စုပ်ယူထားနိုင်ခြင်း ဖြစ်သည်။

သူသာ သူ၏ နတ်ဘုရားစွမ်းအားနယ်ပယ် စွမ်းအားကို အကုန်ထုတ်သုံးလိုက်ပါက အရင်ကလို အားနည်းသော အခြေအနေသို့ ပြန်ရောက်သွားပေလိမ့်မည်။

​သူ၏ မျက်လုံးများမှ မီးတောက်များ ထွက်မတတ် ဖြစ်နေကာ ရှုချွမ်းနောက်သို့ အသည်းအသန် လိုက်နေခဲ့သည်။

သို့သော် ကောင်းကင်အဆင့် ကျင့်စဉ်၏ ပံ့ပိုးမှုကြောင့် ရှုချွမ်း၏ အမြန်နှုန်း မှာ သူ လိုက်မမီနိုင်အောင် မြန်ဆန်နေခဲ့သည်။

​“မင်း အခုချက်ချင်း ရပ်စမ်း”

ဘိုးဘေးကြီးက နောက်မှ လှမ်းအော်လိုက်သည်။

“ခင်ဗျားက ငါ့ ကို လူအ ထင်နေတာလား”

ရှုချွမ်းမှာ ပြောစရာ စကားပင် မရှိတော့ပေ။ (ယခင်ဗျားက သတ်ဖို့ လိုက်နေတာကို ကျွန်တော်က မပြေးဘဲ ရပ်စောင့်နေရမှာလား

​ဘိုးဘေးကြီးမှာ နီးကပ်လာသည်ကို မြင်သောအခါ ရှုချွမ်းက သွားကို တင်းတင်းကြိတ်ပြီး အရှိန်ကို ထပ်မြှင့်လိုက်သည်။

လေးကြိုးမှ လွင့်ထွက်သွားသော မြားတစ်စင်းကဲ့သို့ပင် သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ ပြန်လည် ဝေးကွာသွားခဲ့သည်။

​ရှုချွမ်း၏ အမြန်နှုန်း မှာ ပို၍ ပို၍ မြန်လာသဖြင့် ဘိုးဘေးကြီးမှာ စိတ်ပျက်အားငယ်မှုကို ခံစားလာရသည်။

သူကဲ့သို့ ဂုဏ်သိက္ခာရှိသော နတ်ဘုရားစွမ်းအားနယ်ပယ် ပညာရှင်တစ်ဦးက သေမျိုးအဆင့်ကျော်လွန်ခြင်း ဒုတိယအဆင့်က ကောင်လေးတစ်ယောက်ကို လိုက်မမီနိုင် ဖြစ်နေသည်။

သူ၏ စွမ်းအားအပြည့်ကို မထုတ်သုံးရဲခြင်းကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်သော်လည်း သူ၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းနေပြီ ဖြစ်သည်။

​သူက မလျှော့သော ဇွဲဖြင့် ဆက်လက် လိုက်နေခဲ့သည်။

ဤအချိန်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိသည်။ ရှုချွမ်းကို ဖမ်းမည်၊ ဝိညာဉ်ခရစ်စတယ်ကို ပြန်ယူမည်၊ ထို့နောက် ကောင်းကင်အဆင့် ရတနာဓားကို သိမ်းပိုက်မည်။

ပြီးနောက် တခြားတစ်နေရာသို့ ထွက်ပြေးကာ ဝိညာဉ်ခရစ်စတယ်နှင့် ဓားကို သန့်စင်ပြီး အဆင့်တက်မည်။

သူ မရှိတော့လျှင် ချန်မိသားစု ဘာဖြစ်သွားမလဲ ဆိုသည်ကိုတော့ သူ အနည်းငယ်မျှပင် ဂရုမစိုက်တော့ပေ။

​ရှုချွမ်းက ရှေ့မှ အသည်းအသန် ပြေးနေခဲ့သည်။

သူက အမှောင်ဝိညာဉ်တောင်တန်းကို မြင်နေရပြီ ဖြစ်သည်။

ထိုတောင်တန်းထဲသို့ ရောက်သွားလျှင် သူ ဘေးကင်းပြီ။

​“ငါ နည်းလမ်းတစ်ခု စဉ်းစားရမယ်။ ငါ့ရဲ့ မူလချီတွေက ပိုပြီး နည်းလာပြီ။ ငါ့ မူလချီကုန်သွားရင် သူ့လက်ထဲ အမိခံရမှာ သေချာတယ်”

ဇွဲကောင်းကောင်းဖြင့် လိုက်နေသော ဘိုးဘေးကြီးကို ကြည့်ရင်း ရှုချွမ်း အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။

သို့သော် သူ အနည်းငယ်မျှပင် လက်မလျှော့ရဲပေ။

ထိုအဘိုးကြီး၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ပြီး သူသာ အမိခံရလျှင် ဘယ်လောက်တောင် သနားစရာကောင်းတဲ့ အဆုံးသတ်မျိုး ဖြစ်မလဲဆိုတာ ရှုချွမ်း မြင်ယောင်နေမိသည်။

​ဘိုးဘေးကြီးမှာလည်း ရှုချွမ်း အနည်းငယ် ပင်ပန်းလာပြီး သူတို့ကြားက အကွာအဝေးမှာ နီးကပ်လာသည်ကို မြင်သောအခါ အလွန် ဝမ်းသာသွားသည်။

​“ကောင်လေး... မင်းရဲ့ မူလချီ တွေ ကုန်တော့မယ် ထင်တယ်”

“စောင့်နေလိုက်စမ်းပါ၊ မင်းကို ဖမ်းမိရင် ဘယ်လို နှိပ်စက်မလဲဆိုတာ ပြပေးမယ် ကောင်းကင်နဲ့ မြေကြီးကို အော်ခေါ်ရင်တောင် ဘယ်သူမှ လာမကယ်နိုင်စေရဘူး”

​ကံမကောင်းစွာဖြင့် ရှုချွမ်းက ထိုအခွင့်အရေးကို မပေးခဲ့ပေ။

ဘိုးဘေးကြီး လိုက်မီတော့မည့် အချိန်မှာပင် ရှုချွမ်းက အမှောင်ဝိညာဉ်တောင်တန်းထဲသို့ အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

​“အဘိုးကြီး... ငါ့ ကို ဖမ်းချင်ရင်တော့ နောက်ထပ် နှစ်ပေါင်း ရာနဲ့ချီပြီး ကျင့်ကြံဦးမှ ရမယ်ဗျ”

​

All Chapters