← Chapters

အခန်း ၁၆၄၄

Vol. 117 Ch. 1644

အခန်း ၁၆၄၄

Vol. 117 Ch. 1644

အခန်း (၁၆၄၄) ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် တိုက်ခိုက်ခြင်း

မုကျားက ဒေါသတကြီးဖြင့်...

"သားက အဖေကိုသတ်တာ ကံကြီးထိုက်ပြီး ငရဲကျလိမ့်မယ် ၊ ရန်ကျောက်ကဲ... မင်းက ဒီလိုကိစ္စမျိုးကို ကူညီပေးနေတာ မင်းလည်း ငရဲကျလိမ့်မယ်”

ရန်ကျောက်ကဲနှုတ်ခမ်းများ မဲ့ရွဲ့သွားပြီး...

“အရင်တုန်းက ဒီလိုစကားမျိုးပြောရင် ငါလက်ခံပါတယ် ၊ ဒါပေမဲ့ နီကျား ပထမအကြိမ် သေဆုံးပြီးကတည်းက သူနဲ့ လီကျင်းကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး ၊ အခု သူ အခုလိုမျိုး ဒုက္ခရောက်နေရတာလည်း လီကျင်းကြောင့်ပဲ မဟုတ်လား”

မုကျားက ပင့်သက်တစ်ချက်ရှိုက်ရင်း...

“ငါ့ကိုလွှတ်ပေးဖို့ မတောင်းဆိုချင်ပါဘူး ၊ ဒါပေမဲ့ ငါ့အဖေနဲ့အတူ ဒီကပ်ဘေးကို ရင်ဆိုင်ခွင့်ပေးဖို့ မျှော်လင့်ပါတယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

"စိတ်မပူပါနဲ့... နီကျားက လီကျင်းကို လက်စားချေပြီးတာနဲ့ မင်းအတွက် အခွင့်အရေးရှိလာမှာပါ”

ထိုစကားကြားတော့ မုကျား ပို၍စိုးရိမ်ပူပန်သွားသည်။

ဖူရှန်ဗောဓိသတ္တက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း သက်ပြင်းချလိုက်သည်။

“လီကျင်းရဲ့ဘဝမှာ ဒီလိုကြမ္မာဆိုးရင်ဆိုင်ရဖို့ ကံပါလာပြီးသားပဲ ၊ ငါတို့ သူ့အတွက် ဖြေရှင်းပေးလို့ မရနိုင်တော့ဘူး"

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

"ဗောဓိသတ္တ... ကံတရားကို မင်းတို့စိတ်ကြိုက် လွှဲမချစမ်းပါနဲ့ ၊ မဟာကပ်ဘေးကာလတုန်းက လီကျင်းက နီကျားကိုစပြီး ဒုက္ခပေးခဲ့တာလေ ၊ သူ့ကြောင့် နီကျား ဒဏ်ရာအပြင်းအထန်ရခဲ့တာ ၊ အခု သူက အကြွေးပြန်ဆပ်ရုံသက်သက်ပါပဲ”

ဖူရှန်ဗောဓိသတ္တက ခေါင်းခါရင်း...

"ရှေးခေတ်ကာလကနေ အခုအချိန်အထိ အဖြစ်အပျက်တွေက အလှည့်အပြောင်းတွေ အများကြီး ရှိခဲ့တာပဲ။ ဒါတွေကို စကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့ ဘယ်လိုလုပ် ရှင်းအောင်ပြောလို့ရပါ့မလဲ"

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“မင်းပြောတာ မှန်ကောင်းမှန်ပါလိမ့်မယ် ၊ ဒါပေမဲ့ နီကျားကတော့ အဲဒီလိုထင်မှာ မဟုတ်ဘူး”

ဖူရှန်ဗောဓိသတ္တက သက်ပြင်းတစ်ချက်ချလိုက်ပြီး မျက်နှာအမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ထိုက်ယီကျန်းရန်နှင့် အခြားသူများ၏ တားဆီးနှောင့်ယှက်မှုကြောင့် ဖူရှန်ဗောဓိသတ္တ ရှေ့ဆက်မတိုးတော့သလို လီကျင်းကိုလည်း အရေးမစိုက်တော့ဘဲ လျစ်လျူရှုထားလိုက်သည်။

သူက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...

"အခုအချိန်မှာ စန်းချင်း(၃)ပါး အဆက်အနွယ် အောင်မြင်မှုရဖို့အတွက် မင်းရဲ့ ကြိုးစားအားထုတ်မှုတွေ မဖြစ်မနေလိုအပ်တယ် ၊ ဒါပေမဲ့ မင်းကိုမွေးထုတ်ပေးလိုက်တဲ့ သိုင်းဂိုဏ်းကနေ မင်းလိုထူးချွန်တဲ့သူထွက်ပေါ်လာတာ မယုံနိုင်စရာပဲ”

ဖူရှန်ဗောဓိသတ္တက ဆက်ပြောလိုက်သည်။

"မင်းတို့ရဲ့ဂိုဏ်းကို ဝါဒတောင်လို့ခေါ်ပေမယ့်... မဟာကပ်ဘေးကြီးမတိုင်ခင်က ဝါဒတောင်နဲ့ ဘာမှမသက်ဆိုင်ဘူး ၊ အဲဒီနာမည်ကို မင်းတို့ကယူသုံးထားတယ်ဆိုတာ ငါတို့အားလံဒး သိကြပါတယ် ၊ ဒါပေမဲ့ မင်းထွက်ပေါ်လာတဲ့အတွက် ဝါဒတောင်က သူ့ရဲ့နာမည်နဲ့ လိုက်ဖက်သွားရတယ် ၊ အစွမ်းထက်လာတယ် ၊ ဒဏ္ဍာရီထဲကအတိုင်း ထိုက်တန်မှုတွေရလာတယ်”

ရန်ကျောက်ကဲက ထိန်းမနိုင်သိမ်းမရ သောင်းကျန်းနေသော နီကျားကိုညွှန်ပြလိုက်သည်။

"ဗောဓိသတ္တ... ကိုယ့်အတွက်ပဲကိုယ် စိတ်ပူစမ်းပါ ၊ မင်းတို့ အခုနေ ပြန်မဆုတ်ဘူးဆိုရင် နီကျားက လီကျင်းကို လက်စားချေပြီးတာနဲ့ မင်းတို့ ထွက်ပြေးဖို့ အခွင့်အရေးရှိမယ်တောင် မထင်ဘူးနော်”

ဖူရှန်ဗောဓိသတ္တက မည်သည့်စကားမှမဆိုပေ။

သူ၏လက်ချောင်းများထက် ဖြူစင်သောအလင်းတန်းတစ်ခု ဖြစ်တည်လာသည်။

ထိုအလင်းတန်းထဲမှ ပေအနည်းငယ်မြင့်မားသော ရောင်စုံတိမ်တိုက်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

ထိုတိမ်တိုက်က အဋ္ဌဂံပုံစံရှိပြီး ထောင့်တစ်ခုချင်းစီတွင် ရွှေရောင်ဆီမီးအိမ်များ၊ လည်ဆွဲများနှင့် ပုတီးများ ချိတ်ဆွဲထားသည်။

ထိုတိမ်တိုက်က သူ၏ဦးခေါင်းထက်သို့ ရောက်ရှိသွားပြီး ထိုက်ယီကျန်းရန်၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

တစ်ချိန်တည်းပင် ဖူရှန်ဗောဓိသတ္တက နက်နဲသော သမ္မာတရားများဖြင့် ပြည့်နက်နေသည့် ဓမ္မသုံးဖြာရွှေကြာပန်းကို ထုတ်လွှတ်ပြီး သူ့ထံသို့ဝင်‌ရောက်လာသည့် နဂါးကိုးကောင်အုပ်ဆောင်းကို တားဆီးလိုက်သည်။

“အော်မီတော်ဖော်...”

ထိုက်ယီကျန်းရန်၏တိုက်ခိုက်မှုကို တားဆီးပြီးသည်နှင့် ဖူရှန်ဗောဓိသတ္တက ဗုဒ္ဓကျမ်းစာကို ရွတ်ဆိုလိုက်၏။

ထို့နောက် သူက ရန်ကျောက်ကဲကိုကြည့်ရင်း ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်သည်။

“မင်းကတော့ ထိုးဖောက်ထွက်နိုင်စွမ်းရှိတဲ့ လူထူးလူဆန်းတစ်ယောက်ပါပဲ”

ထိုက်ယီကျန်းရန်က...

“ဒီရေဆိုတာ အတက်အကျ ရှိစမြဲပါပဲ တာအိုရောင်းရင်း’ဖူရှန်’ ... သက်ပြင်းချနေဖို့ မလိုပါဘူး”

ထို့နောက် ထိုက်ယီကျန်းရန်က လက်ညှိုးလက်ခလယ်ဝှေ့ယမ်းလိုက်ရာ အလင်းတန်းများထွက်ပေါ်လာသည်။ ထိုအလင်းတန်းများ ထွက်ပေါ်လာသည်နှင့် အချိန်နှင့်နေရာက ခန့်မှန်းရခက်သော အနေအထားသို့ ရောက်ရှိသွားသည်။

ထိုအချိန်မှာပင် ဖူရှန်ဗောဓိသတ္တ ထုတ်ဖော်ထားသည့် အဋ္ဌဂံရောင်စုံတိမ်တိုက်က ထိုက်ယီကျန်းရန်၏ ဦးခေါင်းထက်သို့ ကျဆင်းလာသည်။

“ညီလေး ပြောတာ မှန်ပါတယ်”

ဗောဓိသတ္တ၏စကားဆုံးသည်နှင့် သူ၏ရွှေခန္ဓာက ရုတ်ချည်းထွက်ပေါ်လာသည်။

ဖူရှန်ဗောဓိသတ္တက တိုက်စစ်စွမ်းအားအထူးပြုသော သူ၏ရွှေခန္ဓာကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ထိုရွှေခန္ဓာက ကောင်းကင်ထိအောင်မြင့်မားလျှက် မျက်နှာက နီမြန်းလို့နေသည်။ ကြီးမားသောပါးစပ်ကြီးမှ အစွယ်များထုတ်ဖော်ထားသည်ဖြစ်ရာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

ရွှေခန္ဓာ၏ဦးခေါင်းထက်တွင် အနီရောင်တိမ်တိုက်တစ်ခုရှိနေပြီး ထိုတိမ်တိုက်မှ ကျက်သရေရှိသော မင်္ဂလာရောင်ဝါများက ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ဖြန့်ကျက်ကျဆင်းနေသည်။

ခန္ဓာကိုယ်ထက်တွင်လည်း ပုတီးများနှင့် လည်ဆွဲများကို နေရာအနှံ့ဆင်မြန်းထားကာ ကြာပန်းတစ်ပွင့်က သူ့ကိုပင့်မထားပေးသည်။

တဆက်တည်းပင် ထိုရွှေခန္ဓာက ‌ခေါင်းသုံးလုံး လက်ခြောက်ဖက်အဖြစ်‌ ပြောင်းလဲသွားပြီး လက်တစ်ဖက်စီတွင် ထက်ရှသည့်လက်နက်များကို ကိုင်ဆောင်ထားသည်။

ထိုလက်နက်များထဲတွင် အထင်ရှားဆုံးမှာ မိစ္ဆာနိုင်အဆောင်ပင် ဖြစ်၏။

ရွှေခန္ဓာထဲတွင် ဉာဏ်ပညာနှင့် တရားအလင်းတို့ ပေါင်းစည်းနေသော်လည်း အပြင်ပန်းမှာတော့ ကြမ်းတမ်းခက်ထန်သည့် မိစ္ဆာနိုင်အဆောင်ကို ထုတ်ဖော်ပြသထားသည်။

ကြီးမားသော မိစ္ဆာနိုင်အဆောင်က မိုးကြိုးသွားတစ်ခုအလား ကြမ်းကြုတ်ရက်စက်ကာ မပျက်ဆီးနိုင်လောက်အောင် ခိုင်မာပြီး လေအလျှင်ပင် လိုက်မမီလောက်အောင် ပေါ့ပါးဖျတ်လတ်မှု ရှိသည်။

ဤတိုက်ခိုက်မှုကိုခုခံရန် အလွန်ခက်ခဲကြောင်း ထိုက်ယီကျန်းရန် နားလည်လိုက်၏။

သူ၏ဂိုဏ်းတူအစ်ကိုဖြစ်သူမှာ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသွားပြီးနောက် တာအိုဝါဒနှင့် ဗုဒ္ဓဘာသာ နှစ်မျိုးလုံး၏အစွမ်းကို ပိုင်ဆိုင်ထားကြောင်း သူ ကောင်းကောင်းနားလည်လိုက်သည်။

အစ်ကိုဖြစ်သူ၏တန်ခိုးစွမ်းအားမှာ အရင်ကနှင့်ယှဉ်လျှင် အဆမတန် တိုးတက်လာခဲ့ပေပြီ။

ဖူရှန်ဗောဓိသတ္တနှင့်ယှဉ်လျှင် သူ၏အစွမ်းက များစွာနိမ့်ပါးနေသည့်အလား ထိုက်ယီကျန်းရန် ခံစားလိုက်ရသည်။

ထို့ပြင် သူက နီကျားကို ဖိနှိပ်ထိန်းချုပ်ရန် အာရုံစိုက်ခဲ့ရသဖြင့် အင်အားများစွာ ကုန်ခမ်းနေခဲ့သည်။

ယခုမှ စည်းတံဆိပ်ခတ်နှိပ်မှုကို လွှတ်ပေးလိုက်ကာစဖြစ်လေရာ ဖူရှန်ဗောဓိသတ္တနှင့် ရင်ဆိုင်ရန်အတွက် အတော်လေး အားနည်းနေသလို ခံစားရသည်။

သို့သော် ထိုက်ယီကျန်းရန်က အတွေ့အကြုံရင့်ကျက်သူ ဖြစ်သည်။

သူက ဖူရှန်ဗောဓိသတ္တကို အနိုင်မတိုက်ခိုက်ဘဲ အချိန်ဆွဲထားရန်သာ ဆုံးဖြတ်လိုက်သည်။

သူ အမှန်တကယ် ဖြစ်စေချင်သည်က နီကျားနှင့် လီကျင်းကြားတွင် ဂိုဏ်းတူအစ်ကို ဝင်ရောက်မနှောက်ယှက်စေရန်သာ ဖြစ်ပေသည်။

ထိုက်ယီကျန်းရန်က အချိန်ဆွဲထားသဖြင့် ဖူရှန်ဗောဓိသတ္တမှာ တိုက်ပွဲအသာစီးရသည့်တိုင် ရွှံနွံထဲ ခြေစုံပစ်ဝင်မိသည့်အလား ရုန်းမထွက်နိုင်အောင် ဖြစ်နေတော့သည်။

တစ်ဖက်တွင်လည်း ရန်ကျောက်ကဲက မဟာသူတော်စင်ရွှေခန္ဓာကို အသုံးပြု၍ နာရာယဏဗုဒ္ဓနှင့် အခြားသော ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားရှင်များကို ဟန့်တားထားသည်။

ရန်ကျောက်ကဲက မုကျားကို လက်တစ်ဖက်ဖြင့် ဖမ်းဆီးထားရင်း တိုက်ခိုက်နေခြင်း ဖြစ်သည်။

ထိုအချိန် သူ၏ဦးခေါင်းထက်သို့ မီးလျှံမိုးစက်များ ကျဆင်းလာသည်။

သေချာကြည့်လိုက်တော့ ပတ္တမြားတံခွန်ဗုဒ္ဓ၏ ရတနာတံခွန်က သူ၏ဦးခေါင်းထက် ဝဲပျံနေပြီး မီးလျှံမိုးစက်များ ထုတ်လွှတ်နေခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာ၏ ‘ကြာပန်းနီသန့်စင်မီးလျှံ’ မှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ထင်မှတ်ရသည်။

ရန်ကျောက်ကဲမှာ မီးလျှံမိုးစက်များအောက်တွင် ရှိနေသော်လည်း ရုပ်ခန္ဓာက ပူလောင်ခြင်း အလျဉ်းမရှိပေ။ သူ၏သိစိတ်နှင့် ဝိညာဉ်သာလျှင် ဂနာမငြိမ်ဖြစ်လာရသည်။

ပတ္တမြားတံခွန်ဗုဒ္ဓက လက်အုပ်ချီလိုက်ပြီး...

“အော်မီတော်ဖော်...”

သူက ဆက်ပြောလိုက်သည်။

“ဒီနေ့ မင်းကို အနိုင်တိုက်နိုင်မယ်ဆိုရင် ငါတို့လုပ်ခဲ့သမျှ အလကားမဖြစ်တော့ဘူးပေါ့”

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

“ငါ့အတွက်လည်း အတူတူပါပဲ ၊ ဒါပေမဲ့ ပတ္တမြားတံခွန်ဗုဒ္ဓ... ပြီးခဲ့တဲ့တစ်ခေါက် ငါတို့တွေ့တုန်းကလည်း မင်း ဒီစကားကိုပဲ ပြောခဲ့တာ ငါမှတ်မိနေတယ်နော်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး မုကျားကို ရူယိရွှေတုတ်ကိုင်ထားသော မျောက်ဝံကြီးထံသို့ ပစ်ပေးလိုက်သည်။

ရန်ကျောက်ကဲ၏မျက်ဝန်းများထဲတွင် စိမ်းပြာရောင်အလင်းတန်းများ လက်ခနဲတောက်ပသွားပြီး တစ်ချိန်တည်းမှာပင် ဗလာနယ်ထဲသို့ လှမ်းတက်လိုက်ရာ သူ၏ပုံရိပ်က အနည်းငယ်ယိမ်းထိုးသွားသလို ထင်မှတ်ရသည်။

သူ၏ဦးခေါင်းထက်တွင် ချီစွမ်းအားငါးခုပေါင်းစည်းခြင်းမှ စိတ်ဝိညာဉ်သရဖူ ထွက်ပေါ်လာသည်။

အမတချီစွမ်းအားအနှစ်သာရက ချီစွမ်းအားစီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ပတ်လည်သို့ ဝန်းရံပေါင်းစည်းသွားသည်။

ထိုခဏတွင် ရန်ကျောက်ကဲမှာ တစ်လောကလုံးကို အပိုင်းပိုင်းဖြတ်တောက်ပစ်နိုင်သည့် ပုဆိန်သွားပမာ ထက်မြက်လှသော လက်နက်တစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။

သူက ကမ္ဘာလောက၏ ကနဦးမူလအစကို ဆင့်ခေါ်လိုက်သည့်အလား ညာဘက်လက်ကို အထက်သို့ ပင့်မြှောက်လိုက်၏။

သူ၏လက်ဖဝါးကို လှန်လိုက်သည်နှင့် မိုးနှင့်မြေ ပြောင်းပြန်လန်သည့်ပမာ ကမ္ဘာလောကတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားသည်။

သူက ပတ္တမြားတံခွန်ဗုဒ္ဓ၏ ရတနာတံခွန်မှကျဆင်းလာသော ကြာပန်းနီသန့်စင်မီးလျှံများကို ရှောင်တိမ်းခြင်းမပြုဘဲ လက်ဖဝါးတစ်ဖက်ဖြင့်သာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဤလက်ဝါးရိုက်ချက်တွင် ယွိချင်အဆက်အနွယ်၏ ကနဦးကောင်းကင်ကျမ်းစာများဖြစ်သော မူလကောင်းကင်ကျမ်းစာ ၊ ကောင်းကင်ဖွင့်ကျမ်းစာနှင့် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာတို့၏ နက်နဲသော အခြေခံသဘောတရားများ ပေါင်းစပ်ပါဝင်နေသည်။

ကနဦးကောင်းကင်ကျမ်းစာ(၃)ရပ် ပေါင်းစည်းသွားချိန်တွင် ဗလာနယ်ဟင်းလင်းပြင်၏လျှို့ဝှက်ချက် ၊ မိုးနှင့်မြေ မူလအစ ၊ အတိုင်းအဆမရှိသော တာအိုတရားများနှင့် အထူးကဲဆုံးသော တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သကဲ့သို့ ဖြစ်သည်။

ရန်ကျောက်ကဲလက်ဖဝါးအတွင်းရှိ ဗလာနယ်ဟင်းလင်းပြင်မှာ ပူခြင်း အေးခြင်း မရှိ ၊ အစမရှိ အဆုံးမရှိ ၊ ကနဦးမူလ ပရမ်းအတာအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပုံရသည်။

သူ၏ဆန်ကြယ်သော တန်ခိုးစွမ်းအားများက စွမ်းအားအားလုံးကို ခွဲထုတ်ပစ်လိုက်သည့်ပမာပင်။

ကနဦးကောင်းကင် ပရမ်းပတာအခြေအနေ ကြေမွပျက်ဆီးသွားပြီးနောက် မြေ၊ ရေ၊ လေ ၊ မီး ဓာတ်ကြီး(၄)ပါး ထွက်ပေါ်လာသည်။

ထို့နောက် ၎င်းတို့ ပြန်လည်အနည်ထိုင်သွားကာ အရာခပ်သိမ်းတို့၏ တာအိုတရား ထွက်ပေါ်လာသည်။

အရာအားလုံးက ၎င်းတို့၏ မူလရုပ်သွင်သို့ ပြန်လည်ရောက်ရှိသွားပြီး နိယာမအတိုင်း အတားအဆီးမဲ့စွာ ဖြစ်တည်လာသည်။

ယွိချင်အဆက်အနွယ် ကနဦးကောင်းကင်ကျမ်းစာ(၃)စောင် တစ်သားတည်းပေါင်းစပ်သွားပြီး “မူလဖွင့်လှစ်ခြင်း” အဖြစ်သို့ ရောက်ရှိသွားသည်။

ကြာပန်းနီသန့်စင်မီးလျှံက အစစ်အမှန်မီးလျှံမဟုတ်ဘဲ လူတို့၏စိတ်နှလုံးကို ဦးတည်တိုက်ခိုက်သည့် ပုံရိပ်ယောင်မီးလျှံသာ ဖြစ်သည်။

သို့သော် ထိုခဏမှာပင် ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်အတွင်းမှ ပရမ်းပတာအခြေအနေနှင့် မူလစွမ်းအားတို့က ထိုမီးတောက်အတွင်းမှ အရှိတရားနှင့် မရှိမှုတရားတို့၏ အနက်အဓိပ္ပါယ်ကို ဝေဝါးသွားစေသည်။

ပတ္တမြားတံခွန်ဗုဒ္ဓ အံ့အားသင့်စွာဖြင့်...

"ကောင်းကင်နတ်ဘုရားအဆင့်မှာတောင် ယွီချင်အဆက်အနွယ်ရဲ့ ကနဦးကောင်းကင်ကျမ်းစာ(၃)ဆောင်ကို နားလည်နိုင်စွမ်းက သာမန်မဟုတ်ပါလား”

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ရောက်ရှိရာနေရာတိုင်းတွင် ကြာပန်းနီသန့်စင်မီးလျှံများက အစစ်အမှန်ဖြစ်တည်လာသည်။

ထိုမီးလျှံများ သူ၏လက်ဖဝါးထက် ကျရောက်လာသည့်တိုင် အနည်းငယ်ပင် ထိခိုက်မှုမပေးနိုင်တော့ဘဲ ဘေးသို့သာ လျှံထွက်လွင့်စင်သွားကြသည်။

ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က အထက်သို့ ဆက်လက်မြင့်တက်သွားပြီး ပတ္တမြားတံခွန်ဗုဒ္ဓ၏ ရတနာတံခွန်ရှိရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာ၏။

All Chapters