← Chapters

အခန်း ၁၀၄၁

Vol. 103 Ch. 1041

အခန်း ၁၀၄၁

Vol. 103 Ch. 1041

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၄၁)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် မြင့်မြတ်နယ်မြေ၏ စမ်းသပ်ခန်းအတွင်း၌ တုပိုင်နှင့် ဘုရင်မမိုဟန်တို့ နှစ်ဦးသားမှာ အကျဉ်းချခံလိုက်ရလေပြီ။

စမ်းသပ်ခန်းကြီးအတွင်း၌ အထူးစီရင်ထားသည့် စွမ်းအင်စက်ကွင်းများဖြင့် ပြည့်နှက်နေလေပြီး တုပိုင်နှင့် ဘုရင်မမိုဟန်တို့တွင် ကိုယ်ပိုင်ရုပ်ခန္ဓာ မရှိတော့သည့်တိုင်အောင် ထွက်ပြေး၍ မရနိုင်တော့ချေ။

ဘုရင်မမိုဟန် အတင်းအဓမ္မ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း စွမ်းအင်အတားအဆီးနှင့် ထိမိသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ် စွမ်းအင်တိုက်ခိုက်မှုကို ချက်ချင်း ခံလိုက်ရ၏။

သူမမှာ နာကျင်လွန်းလှသဖြင့် မြေပြင်ပေါ်တွင် အဆက်မပြတ် လူးလှိမ့်နေခဲ့ရလေပြီး ဝိညာဉ်ပင်လျှင် လွင့်စင်ပျောက်ကွယ်သွားလုနီးပါး ဖြစ်သွားခဲ့ရ၏။

ထို့အတွက်ကြောင့်ပင် တုပိုင်က သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးကာ နာကျင်မှုများ သက်သာစေရန် ကူညီပေးလိုက်၏။ ရန်ယဲ့ရှောင် ပြောခဲ့သည်မှာ မှန်ပေ၏။

ယခုအချိန်၌ လောကတွင် မည်သူကမျှ တုပိုင်ကို မြင်တွေ့နိုင်စွမ်း မရှိကြတော့ချေ။ ရန်ယဲ့ရှောင်တွင် အထူးစွမ်းအင်မျက်လုံးများ ရှိနေသော်ငြား တုပိုင်၏ အလင်းနှင့် အရိပ်ကိုသာ မြင်နိုင်လေပြီး သူ၏ ရုပ်ခန္ဓာအစစ်ကိုမူ လုံးဝ မမြင်နိုင်ပေ။

သို့သော် တုပိုင်နှင့် ဘုရင်မမိုဟန်တို့ နှစ်ဦးမှာမူ တစ်ယောက်ကိုတစ်ယောက် ထင်ရှားစွာ မြင်တွေ့နိုင်ရုံသာမက အချင်းချင်း ရုပ်ခန္ဓာအရပါ ထိတွေ့နိုင်စွမ်း ရှိနေကြဆဲ ဖြစ်၏။

"တုပိုင်...။" နာကျင်မှုများ အနည်းငယ် သက်သာသွားသည်နှင့် ဘုရင်မမိုဟန်က လှောင်ပြောင်သရော်သည့်ဟန်ဖြင့် ပြောလာ၏။ "ရှင်က မိန်းမရဲ့ စွန့်ပစ်တာကို ခံလိုက်ရပြီပဲ... အခုတော့ ရှင်က သခင်မဲ့ခွေးတစ်ကောင်လို ဖြစ်နေပြီပေါ့..."

"ဟားဟား...။" တုပိုင်က လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့် ရယ်မောလိုက်၏။

ဘုရင်မမိုဟန်က လှောင်ပြောင်သည့်ဟန်ဖြင့် ဆက်ပြောလာ၏။ "တာ့နင်အင်ပါယာမှာတုန်းက ရှင် မိန်းမဘယ်နှယောက်တောင် ရှိခဲ့လဲဆိုတာ မသိဘူး။ ဒါပေမဲ့ နောက်ဆုံး ကမ္ဘာမြေကို ရောက်လာပြီးတဲ့နောက်မှာတော့ ဘယ်မိန်းမကိုမှ ရှင် ထပ်မထိတော့ဘူး။ ဘာလို့လဲဆိုတော့ ရန်ယဲ့ရှောင်အပေါ် ရှင့်မှာ အပြစ်ရှိသလို ခံစားနေရလို့ပဲ။ ဒါကြောင့် ရှင်က သူ့တစ်ယောက်တည်းအပေါ် သစ္စာရှိရမယ်လို့ တွေးခဲ့တာလေ။ သူ့ကို ထပ်ပြီး သစ္စာမဖောက်နိုင်တော့ဘူးလို့ ရှင်ထင်ခဲ့တယ်။ ဒါကြောင့် ရှင်က သူ့အပိုင် ဖြစ်သွားတာပေါ့။ ဒါပေမဲ့ နောက်ဆုံးကျတော့ သူက ရှင့်ကို မလိုချင်တော့ဘူး။ ရှင် စွန့်ပစ်ခံလိုက်ရတာ အရမ်းကို သနားစရာကောင်းလွန်းတယ်..."

တုပိုင်ကမူ သူမ၏ စကားများကို လုံးဝ လျစ်လျူရှုထားလိုက်၏။

"ဟား... တုပိုင်...။" ဘုရင်မမိုဟန်က ဆက်ပြောသည်။ "ရှင်လည်း ဒီလိုနေ့မျိုး ကြုံရတာပဲ... ရှင့်ကို ဒီလို သနားစရာကောင်းတဲ့ အခြေအနေမျိုးမှာ မြင်ရတာ ငါ အရမ်း ဝမ်းသာတာပဲ..."

ထိုသို့တိုင်အောင် တုပိုင်က သူမကို ဆက်လက် လျစ်လျူရှုထားဆဲပင် ဖြစ်၏။

"အရင်တုန်းက...။" ဘုရင်မမိုဟန်က လှောင်ပြောင်သည့်ဟန်ဖြင့် မေးခွန်းထုတ်လာ၏။ "အရာအားလုံးက ရှင့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ ရှင် အမြဲ ပြောခဲ့တယ်လေ... အခုရော ရှင့်ထိန်းချုပ်မှုအောက်မှာ ရှိနေသေးရဲ့လား..."

မှန်ပေ၏။ လက်ရှိ အခြေအနေအရပ်ရပ်က တုပိုင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးရဲ့လော။

"မိုဟန်...။" တုပိုင်က တည်ငြိမ်စွာပင် ပြန်ပြောသည်။ "ဒီလောကကြီးက အရာအားလုံးဟာ သတ်မှတ်ထားတဲ့ ပုံသေကားချပ်တွေချည်းပဲ... မင်း နားလည်လား..."

ထိုအခါ ဘုရင်မမိုဟန်က သူမ နားမလည်ကြောင်း ခေါင်းခါပြလာ၏။

တုပိုင်က မေးသည်။ "ကျောက်ယန်ဖိန်က အရူးတစ်ယောက်လား..."

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဘုရင်မမိုဟန်က ပြန်ဖြေလာ၏။ "သူက... ခေါင်းအစ ခြေအဆုံး ရူးသွပ်နေတဲ့ အရူးပဲ..."

"အင်း...။" တုပိုင်က ဆက်လက်မေးမြန်းလိုက်၏။ "ဒါဆို... သူ့ဘဝကရော ပုံသေကားချပ် တစ်ခုပဲလား..."

ထိုမေးခွန်းကြောင့် ဘုရင်မမိုဟန်မှာ စကားစရှာမရတော့ဘဲ လုံးဝ တိတ်ဆိတ်သွားလေတော့၏။

အမှန်တကယ်ပင် ကျောက်ယန်ဖိန်၏ ဘဝသည် ပုံသေကားချပ်တစ်ခု ဖြစ်နေသည်။

သူ၏ ရူးသွပ်မှုမှာ လုံးဝ ခန့်မှန်း၍ မရနိုင်သကဲ့သို့ ထင်ရသော်ငြား အမှန်တကယ်၌ အမှန်တရားက အလွန်ပင် ရိုးရှင်းနေခဲ့၏။ သူသည် အရူးတစ်ယောက်သာ ဖြစ်သည်။

လက်ရှိ ဖြစ်ပျက်နေသည်များမှာ ရူးသွပ်လွန်းလှသည်ဟု ခံစားရသောကြောင့် မည်သူကမျှ ယုံကြည်ကြမည် မဟုတ်ချေ။ သို့သော်လည်း လက်ရှိ အခြေအနေများမှာ တုပိုင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲပင်။

တုပိုင်က ရုတ်တရက်ဆိုသလို ဘုရင်မမိုဟန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ မီးဟုန်းဟုန်း တောက်လောင်နေသကဲ့သို့ စူးရဲနေသဖြင့် မိုဟန် ကြက်သီးထသွာရ၏။

"ရှင်...။" ဘုရင်မမိုဟန်က အကြည့်လွှဲရင်း စိုးရိမ်တကြီး မေးသည်။ "ဘာလုပ်မလို့လဲ..."

"မိုဟန်...။" တုပိုင်က လေးနက်စွာ မေးသည်။ "မင်း ငါ့ကို ယုံလား..."

"ဟက်...။" ဘုရင်မမိုဟန်က သရော်သည့်ဟန်ဖြင့် ပြန်ပြောသည်။ "သေလုမြောပါး လမ်းဘေးခွေးတစ်ကောင်ဖြစ်နေတဲ့ ရှင့်ကို ယုံရမှာလား..."

တုပိုင်က ဇွဲမလျှော့ဘဲ ထပ်ပြောသည်။ "မင်း ငါ့ကို ယုံလား..."

"အင်း...။" အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဘုရင်မမိုဟန်က တွေဝေစွာ ပြောသည်။ "ရှင့်ကို အရမ်း မုန်းတယ်။ ဒါပေမဲ့... အနည်းဆုံးတော့ ရှင် ကြွားလုံးထုတ်ခဲ့တဲ့ စကားတွေ အကုန်လုံးက တကယ် ဖြစ်လာခဲ့တာချည်းပဲလေ။"

တုပိုင်က အလေးအနက် ပြော၏။ "ဆက်ဖြစ်လာမည့် အခြေအနေတွေက အရမ်းကို ရူးသွပ်ဖို့ကောင်းလိမ့်မယ်... ပျက်စီးကိန်းဆိုက်မတတ် ရူးသွပ်ဖွယ်ရာတွေချည်းပဲ..."

ဘုရင်မမိုဟန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။

"ငါ အိပ်မက်ဆိုးမိစ္ဆာဘုရင်ကို သတ်မယ်...။" တုပိုင်က ပြတ်သားစွာ ပြောသည်။ "သူ့ကို အပြီးတိုင် ဖျက်ဆီးပစ်ချင်တယ်..."

ဘုရင်မမိုဟန်က စိုးရိမ်တကြီး ခေါင်းညိတ်လိုက်မိ၏။ သူမ မကောင်းသည့် အငွေ့အသက်တစ်ခုကို ရင်ထဲမှ ခံစားလိုက်မိသည်။

"မင်း ငါ့ကို ယုံကြည်ရမယ်...။" တုပိုင်က ဆက်ပြောသည်။ "ဘာလို့လဲဆိုတော့ ငါတို့ အရမ်းကို ရူးသွပ်ဖို့ကောင်းတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတော့မှာမို့လို့ပဲ... ဒါကြောင့် ငါ ဒီကိစ္စမျိုးကို လုပ်မှဖြစ်လိမ့်မယ်..."

"ရှင်...။" ဘုရင်မမိုဟန်က ခြေတစ်လှမ်း နောက်ဆုတ်ကာ တုန်ယင်သောအသံဖြင့် ပြောသည်။ "ရှင် ဒီလောက် အများကြီးပြောနေတာ... ငါနဲ့ အိပ်ချင်နေလို့လား..."

ထိုစကားကြောင့် တုပိုင် လုံးဝ အံ့အားသင့်သွားရ၏။ ဤမိန်းမ၏ အလိုအလျောက်သိစိတ်က အတော်လေးကို တိကျနေသည်။

"အဲဒီလို အိပ်တာမျိုး မဟုတ်ဘူး...။" တုပိုင်က အလျင်အမြန် ရှင်းပြသည်။ "နောက်တစ်မျိုး အိပ်တာ..."

"အားးး။" ဘုရင်မမိုဟန်က အလျင်အမြန် ရှောင်တိမ်းရင်း အော်ဟစ်သည်။ "သောက်ကျိုးနည်း... ရွံစရာကြီး။ ရှေ့မတိုးခဲ့နဲ့..."

"တုပိုင်...။" ဘုရင်မမိုဟန်က ပြေးထွက်သွားရင်း ပြောလာ၏။ "ရှင့်ကို ငါပြောမယ်... ငါ တကယ် အန်မိလိမ့်မယ်... ရှင်က ရန်ယဲ့ရှောင်ရဲ့ စွန့်ပစ်တာကို ခံလိုက်ရတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ရှင့်ဒေါသတွေကို ငါ့အပေါ် လာမပုံချနဲ့... မိန်းမနဲ့ ယောက်ျား ကိစ္စတွေ... အဲဒါမျိုးတွေကို တွေးကြည့်ရုံနဲ့တင် ငါ ရွံလွန်းလို့ သေတော့မယ်..."

ထိုစဉ် တုပိုင်၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင်စွမ်းအင်အလင်းတန်းတစ်ခု ညင်သာစွာ ထွက်ပေါ်လာပြီး ဘုရင်မမိုဟန်ကို ရစ်ပတ်သွား၏။ ဘုရင်မမိုဟန် လုံးဝ မှင်သက်သွားရလေပြီး သူမ၏ တစ်ကိုယ်လုံးမှာလည်း တုန်ယင်သွားရသည်။

အလွန်တရာ ထူးဆန်းလှသော ခံစားချက်ကြီးကြောင့် တစ်ကိုယ်လုံး ကြက်သီးများထလာကာ ရင်ထဲမှ အနက်ရှိုင်းဆုံးနေရာမှ စူးရှစွာ ကျင်တက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

ထို့နောက် တုပိုင်၏ ခန္ဓာကိုယ်က ဘုရင်မမိုဟန်၏ ခန္ဓာကိုယ်အထက်တွင် ပေါလောပေါ်လာတော့၏။

ထိုအခိုက် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ လုံးဝ ပျောက်ကွယ်သွားလေပြီ။ ရွှေရောင်စွမ်းအင်လှိုင်းတစ်ခုက သူတို့နှစ်ဦးစလုံးအား လုံးလုံးလျားလျား ရစ်ပတ်သွားသည်။ ဤလုပ်ရပ်မှာ ရူးသွပ်လွန်းလှသော်ငြား တုပိုင်အတွက် အခြားရွေးချယ်စရာ မရှိတော့ချေ။

**--**--**--**--**--**--**--**

မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားသည် အေးစက်ချောမောပြီး မွန်မြတ်လှသော နဂါးသွေးနွယ်ဖွားတစ်ဦး ဖြစ်၏။ သူသည် မြင့်မားသော ပလ္လင်ထက်တွင် ထိုင်ကာ အောက်ဘက်ရှိ လှပသော ရန်ယဲ့ရှောင်အား ငုံ့ကြည့်နေသည်။

"အိမ်ရှေ့စံမင်းသား...။" ရန်ယဲ့ရှောင်က ရိုသေစွာ မေးသည်။ "အိပ်မက်ဆိုးမိစ္ဆာဘုရင်နဲ့ သွားတွေ့တော့မလို့လား..."

"အင်း...။" မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားက အေးစက်စွာ ခေါင်းညိတ်လိုက်၏။

အတိအကျ ပြောရလျှင် အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ လက်ဆောင်ကို သွားရောက် လက်ခံရယူမည် ဖြစ်၏။

"အိမ်ရှေ့စံမင်းသား...။" ရန်ယဲ့ရှောင်က အသနားခံသည့်ဟန်ဖြင့် တောင်းဆိုလိုက်သည်။ "ကျွန်မရဲ့ သမီးလေး တုရှောင်ကို မြင့်မြတ်နယ်မြေဆီ ခေါ်လာပေးဖို့ တောင်းဆိုချင်ပါတယ်... ကျေးဇူးပြုပြီး ကူညီပေးပါ..."

"ကောင်းပြီလေ...။" အိမ်ရှေ့စံမင်းသားက တည်ငြိမ်စွာ ခေါင်းညိတ်သည်။

"အိမ်ရှေ့စံမင်းသား...။" ရန်ယဲ့ရှောင်၏ လှပသော မျက်နှာလေးမှာ အနည်းငယ် တုန်ယင်သွားရပြီး မဝံရဲဟန်ဖြင့် ပြောလိုက်သည်။ "ကျွန်မ သံယောဇဉ်ကြိုးကို ဖြတ်တောက်လိုက်ပြီး တုပိုင်နဲ့လည်း လမ်းခွဲပြီးပါပြီ။ ဒါကြောင့် ကျေးဇူးပြုပြီး သူ့ကို ကူညီပေးပါ... သူ့ကို ခန္ဓာတစ်ခု ပေးပြီး နဂါးမျိုးနွယ်ရဲ့ စွမ်းအားတွေ ပြန်ရအောင် လုပ်ပေးပါ..."

ထိုစကားကို ကြားသည်နှင့် အိမ်ရှေ့စံမင်းသား၏ မျက်နှာမှာ ချက်ချင်းဆိုသလိုပင် အေးစက်သွားတော့၏။

"အိမ်ရှေ့စံမင်းသား...။" ရန်ယဲ့ရှောင်က ဒူးထောက်ချလိုက်ပြီး တောင်းပန်လာ၏။ "ကျေးဇူးပြုပြီး တုပိုင်ကို ကယ်တင်ပေးပါ... ဒီနေ့ကစပြီး သူ့ကို ဘယ်တော့မှ ထပ်မတွေ့တော့ဘူးလို့ ကျွန်မ ကတိပေးပါတယ်။ သူနဲ့ စကားတစ်ခွန်းမှ မပြောဘဲ ကိုယ့်ကိုယ်ကိုယ် လုံးဝ အကျဉ်းချထားပါ့မယ်... အရင်တုန်းကလိုပဲ နဂါးကျောင်းတော်ထဲမှာ ဆက်ပြီး အကျဉ်းခံပါ့မယ်..."

"ရန်ယဲ့ရှောင်...။" အိမ်ရှေ့စံမင်းသားက အေးစက်စွာ ပြောသည်။ "မင်း သူ့အပေါ် ခံစားချက် မရှိတော့ဘူးဆိုတာ သေချာလို့လား... သူ့ကို ကယ်တင်ပေးရမယ် ဟုတ်လား... ငါ့ကို ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုလောက် ပေးစမ်းပါ..."

"ကျွန်မရဲ့ မွေးစားအဖေ အိပ်မက်ဆိုးဧကရာဇ်က ကြီးမြတ်တဲ့ ရှေ့ဖြစ်ဟော နိမိတ်ဖတ်သူ တစ်ယောက်ပါ...။" ရန်ယဲ့ရှောင်က အလျင်အမြန် ရှင်းပြလိုက်၏။ "ပြီးတော့ တုပိုင်က ကမ္ဘာကြီးတစ်ခုလုံးကို ကယ်တင်ဖို့ အဓိက သော့ချက်ကျတဲ့ သူပါ... ဒါကြောင့် သက်ရှိအားလုံးနဲ့ ဟင်းလင်းပြင် ယဉ်ကျေးမှု အဓွန့်ရှည် တည်တံ့ရေးအတွက်... ကျေးဇူးပြုပြီး တုပိုင်ကို ကယ်တင်ပေးပြီး သူပိုင်ဆိုင်တဲ့ စွမ်းအားတွေကို ပြန်ပေးပါ..."

"ဟက်... ကယ်တင်ရှင် ဟုတ်လား...။" အိမ်ရှေ့စံမင်းသားက အေးစက်စွာ လှောင်ပြောင်လိုက်သည်။ "ဘယ်လောက်တောင် ရယ်စရာကောင်းတဲ့ စကားလုံးလဲ... အစစ်အမှန် ကယ်တင်ရှင်ဆိုတာ ငါတို့ မြင့်မြတ်နယ်မြေပဲ... တုပိုင်ဆိုတာ မိစ္ဆာတစ်ကောင်ပဲ။ ဒီလောကထဲကို လုံးဝ ရောက်မလာသင့်တဲ့ မိစ္ဆာဆိုး တစ်ကောင်ပဲ..."

"ဒါပေမဲ့...။" ရန်ယဲ့ရှောင်၏ လှပသော မျက်နှာလေးမှာ ညိုးငယ်သွားရသည်။ "အရင်တုန်းက အိမ်ရှေ့စံမင်းသား ကျွန်မကို ကတိပေးခဲ့တယ်လေ... ကျွန်မသာ သူနဲ့ လမ်းခွဲမယ်ဆိုရင် မြင့်မြတ်နယ်မြေက သူ့ကို ကယ်တင်ပေးမယ် ၊ ပြီးတော့ သူပိုင်ဆိုင်တဲ့ စွမ်းအားတွေကို ပြန်ပေးမယ်ဆိုပြီးတော့လေ..."

"အခု အခြေအနေတွေက ပြောင်းလဲသွားပြီ...။" အိမ်ရှေ့စံမင်းသားက အေးစက်စွာ ပြောသည်။ "ဒါကြောင့် မင်းက ငါ့ရဲ့ ကိုယ်လုပ်တော်အဖြစ် နေဖို့ ကတိပေးရမယ်။ ဒါဆိုရင် တုပိုင်ကို ကယ်တင်ပေးပြီး သူ့ကို ရုပ်ခန္ဓာတစ်ခု ပေးမယ်... သူ့စွမ်းအားတွေကို ပြန်ပေးဖို့တောင် ငါ စဉ်းစားပေးလို့ရတယ်..."

"အိမ်ရှေ့စံမင်းသား... ကျေးဇူးပြု၍...။" ရန်ယဲ့ရှောင်က ခေါင်းငုံ့ငိုကြွေးရင်း ပြောသည်။ "ကျွန်မက လူသားနဲ့ နဂါးသွေးနွယ်ဖွားကြားက ကပြားတစ်ယောက် သက်သက်ပါ။ ကျွန်မမှာ ဘာထူးခြားမှုမှ မရှိပါဘူး... ဒါကို ဘာလို့ အိမ်ရှေ့စံမင်းသားက ကျွန်မကို ရမှဖြစ်ရမှာလဲ..."

"ဘာလို့လဲဆိုတော့...။" အိမ်ရှေ့စံမင်းသားက မောက်မာစွာ ပြောသည်။ "မင်းက ငါ့ကို ငြင်းဆန်ခဲ့လို့ပဲ... ငါ လိုချင်တဲ့မိန်းမကို မရခဲ့ဘူးဆိုတာ ငါ့သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးဘူး..."

"တုပိုင်က အိပ်မက်ဆိုးမိစ္ဆာဘုရင်ရဲ့ လက်ဝါးရိုက်ချက်နဲ့ ပြာအဖြစ် ပြောင်းလဲသွားခဲ့တယ်... ဒါပေမဲ့ မသေဆုံးခဲ့ရတဲ့ အကြောင်းရင်းက သူ့ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းနဂါးဘုရင်ရဲ့ ဝိညာဉ်စွမ်းအင် ရှိနေလို့ပဲ..."

ခဏတာ တိတ်ဆိတ်သွားပြီးနောက် အိမ်ရှေ့စံမင်းသားက ဆက်ပြောသည်။

"ငါကသာ ရှေးဟောင်းနဂါးဘုရင်ရဲ့ ဝိညာဉ်စွမ်းအင်ကို အတင်းအဓမ္မ ဆွဲထုတ်လိုက်မယ်ဆိုရင် သူ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။ ဟင်းလင်းပြင်လောကကနေ အပြီးတိုင် သေဆုံးသွားလိမ့်မယ်... ဒါကြောင့် မင်းက သူ သေသွားတာကို ထိုင်ကြည့်နေမလား ဒါမှမဟုတ် ငါ့စကားကို နားထောင်ပြီး ငါ့မိန်းမ ဖြစ်လာမလားဆိုတာ ရွေးချယ်ရမယ်..."

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၄၁) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters