← Chapters

အခန်း ၁၀၄၃

Vol. 103 Ch. 1043

အခန်း ၁၀၄၃

Vol. 103 Ch. 1043

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၄၃)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ထို့အပြင် ရန်ယဲ့ရှောင်က သစ္စာစောင့်သိမှုအပေါ် အလွန်အမင်း စွဲလမ်းလွန်းသူ ဖြစ်သည်။ ယခင် တုပိုင်ဖောက်ပြန်စဥ်က သူမကိုယ် သူမ အဆုံးစီရင်ရန်ပင် ကြိုးစားခဲ့ဖူးသူ ဖြစ်၏။

သို့သော် ရန်ယဲ့ရှောင် တိုက်ရိုက် မပြောပြနိုင်သော အရေးကြီးသည့် သတင်းစကားတစ်ခု ရှိနေခဲ့သည်။ ထိုစကားမှာ နဂါးကျောင်းတော်ပင်။ မော့စ်ကုဒ်ကဲ့သို့သော သာမန်နည်းလမ်းအမျိုးမျိုးကို အသုံးပြုရန် စဉ်းစားခဲ့သော်လည်း သူမ မလုပ်တတ်ခဲ့ချေ။ သူမ လုပ်တတ်ခဲ့လျှင်ပင် လက်ဖြင့်ပုတ်၍ အချက်ပြလိုက်ပါက ချက်ချင်း ဖမ်းမိသွားမည်မှာ အသေအချာပင်။

ထို့ကြောင့် သူမ အနေဖြင့် အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်လှသော နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ရသည်။ တုပိုင်၏ ခြေနှစ်ဖက်ကြားသို့ စူးစိုက်ကြည့်ရင်း ညာဘက်လက်မှ လက်ချောင်းလေးချောင်းဖြင့် သူမ၏ပေါင်ကို ဖိချလိုက်ခြင်း ဖြစ်၏။

လက်ချောင်းလေးချောင်းဖြင့် ပေါင်ကို တင်းတင်းကျပ်ကျပ် ဖိချလိုက်ခြင်းက ခိုင်မာပြတ်သားသော သဘောထားကို ဖော်ပြနေခြင်းလည်း ဖြစ်၏။

သို့သော် ဤသို့ သတင်းအချက်အလက် ပေးပို့သည့် နည်းလမ်းမှာ အလွန်တရာ ဝေဝါးလွန်းလှသည်။ ယခင်က ရန်ယဲ့ရှောင်နှင့် တုပိုင်တို့ အတူတူ နေခဲ့ကြစဉ်အခါက သူတို့နှစ်ဦးမှာ အလွန်ပြင်းပြစွာ ချစ်တင်းနှီးနှောခဲ့ကြဖူးသည်။

သူတို့သည် နည်းလမ်းပေါင်းစုံကို စမ်းသပ်ခဲ့ကြပြီး သူမက သူ၏ ထိုနေရာကို တုလုံ (တုနဂါး) ဟူ၍ပင် နောက်ပြောင်ကာ နာမည်ပေးခဲ့သေးသည်။ အပြန်အလှန်အားဖြင့် တုပိုင်ကလည်း သူမ၏ ထိုနေရာကို ရန်ယွီဟု နာမည်ပေးခဲ့၏။

တုလုံကို စူးစိုက်ကြည့်ပြီး လက်ချောင်းလေးချောင်းကို ဖိချလိုက်ကာ လေးဟု အချက်ပြလိုက်ခြင်းပင်။ လေးဆိုသည်မှာ တရုတ်လို "စစ်" ဟု အသံထွက်သည်။ ရန်ယဲ့ရှောင်က သူ့အား လုံစစ် (နဂါးလေး) ဟူသော ကုဒ်ဝှက်တစ်ခု ပေးလိုက်ခြင်းပင်။

ထိုအသံမှာ နဂါးကျောင်းတော်နှင့် အသံထွက် အတူတူပင် ဖြစ်သည်။ ဤသည်မှာ ဉာဏ်ကောင်းသော်လည်း ဝေဝါးလှသည့် အရိပ်အမြွက်တစ်ခု ဖြစ်လေရာ တုပိုင် အမှန်တကယ် နားလည်သွားခြင်း ရှိ မရှိကိုမူ သူမလည်း မသေချာပေ။

သို့တိုင်အောင် တုပိုင် နားလည်သွားခဲ့လျှင်ပင် သူတို့ နိုင်ခြေမှာ လုံးဝ မရှိသလောက် နည်းပါးလှကြောင်း ရန်ယဲ့ရှောင် ခံစားနေရသည်။ မြင့်မြတ်နယ်မြေက အလွန်အမင်း အင်အားကြီးမားလွန်းပြီး သူတို့ ဇနီးမောင်နှံတို့ကမူ အလွန်အားနည်းနေကြသည်။ သို့သော် သူတို့ ကျရှုံးသွားခဲ့လျှင်ပင် ကိစ္စမရှိပေ။

အဆိုးဆုံးအခြေအနေမှာ အတူတူ သေဆုံးသွားရုံသာ မဟုတ်ပါလော။ သူမ သေရမည်ကို ဘယ်သောအခါမှ မကြောက်ရွံ့ခဲ့ပေ။ ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်လာချိန်တွင်ပင် သူမ၏ တစ်ခုတည်းသော လိုအင်ဆန္ဒမှာ တုပိုင်၏ အနားတွင် သေဆုံးသွားရန်ပင်။

(ရန်ယဲ့ရှောင်ကဲ့သို့ အမျိုးသမီးအား ပိုင်ဆိုင်လိုရပါ၏။ သို့သော် ကျွန်ုပ်ကဲ့သို့ လူမိုက်နှင့် ထိုက်တန်ရဲ့လော။ - ဘာသာပြန်)

**--**--**--**--**--**--**--**

မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားသည် နန်းတော်ထဲမှ ထွက်လာကာ မြောက်ယွန်းစွန်းဒေသဆီသို့ ဦးတည်လျက် အိပ်မက်ဆိုးမိစ္ဆာဘုရင်နှင့် တွေ့ဆုံရန်နှင့် ရွှေရောင်နဂါးတောင်ဝှေးကို သွားရောက်ရယူရန် ထွက်ခွာသွားလေပြီ။

"အိမ်ရှေ့စံမင်းသား...။" သူ့ဘေးနားရှိ မှော်ဆရာခေါင်းဆောင်က အရိုအသေပေးလျက် မေးလိုက်သည်။ "ကျွန်တော်တို့က တုပိုင်နဲ့ မိုဟန်တို့အပေါ် နဂါးမျိုးနွယ် ပြန်လည်နိုးထရေး စမ်းသပ်မှုကို စတင်တော့မှာပါ။ ဘာများ အမိန့်ပေးချင်တာ ရှိပါသလဲ..."

အိမ်ရှေ့စံမင်းသားက ပြန်ပြောသည်။ "တုပိုင်က အိပ်မက်ဆိုးမိစ္ဆာဘုရင်ရဲ့ လက်ဝါးရိုက်ချက်ကြောင့် ပြာကျသွားခဲ့တာတောင် ဘာလို့ မသေသေးတာလဲ..."

"သူ့ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းနဂါးဘုရင်ရဲ့ ဝိညာဉ်စွမ်းအင်တွေ ရှိနေလို့ပါ...။" မှော်ဆရာခေါင်းဆောင်က ရိုသေစွာ လျှောက်တင်လိုက်သည်။

"တုပိုင်အတွက် စွမ်းအင်ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးလိုက်..." အိမ်ရှေ့စံမင်းသားက အမိန့်ပေးလိုက်၏။

မှော်ဆရာခေါင်းဆောင်မှာ လန့်ဖြန့်သွားပြီး ပြန်ဖြေလိုက်သည်။ "အမိန့်တော်အတိုင်းပါ..."

"ဘယ်လိုပဲဖြစ်ဖြစ် ငါက ကတိတည်မယ်လို့ ရန်ယဲ့ရှောင်ကို ပြောထားတယ်လေ..." အိမ်ရှေ့စံမင်းသားက အေးစက်စွာ ပြောသည်။ "ဒါပေမဲ့ မင်းတို့ အလုပ်လုပ်နေတုန်း သူ့ဆီက နဂါးဘုရင်ရဲ့ ဝိညာဉ်စွမ်းအင်တွေကို ဖယ်ရှားပစ်လိုက်။ သူ့ကို ရုပ်ခန္ဓာတစ်ခုပေးပြီး လမ်းလျှောက်နေတဲ့ အလောင်းကောင်ကြီးတစ်ခု ဖြစ်အောင် လုပ်လိုက်။ ပါးစပ်ရွဲ့ပြီး မျက်လုံးစွေ... သွားရည်တွေကျပြီး ချေးသေးမထိန်းနိုင်တဲ့ ဦးနှောက်မရှိတဲ့ ဇွန်ဘီတစ်ကောင်လို ဖြစ်အောင် လုပ်ပစ်လိုက်..."

မှော်ဆရာခေါင်းဆောင်မှာ တုန်လှုပ်သွားရသည်။

"ငါ တုပိုင်ကို ကယ်ပေးပါ့မယ်လို့ ရန်ယဲ့ရှောင်ကို ကတိပေးထားပေမဲ့ စမ်းသပ်မှုတွေလုပ်နေတုန်း မတော်တဆမှုတွေဆိုတာ ဖြစ်တတ်တယ် မဟုတ်ဘူးလား..." အိမ်ရှေ့စံမင်းသားက ကောက်ကျစ်စွာ ပြုံးလျက် ပြောသည်။ "သူက ဦးနှောက်မရှိတဲ့ အရုပ်ကြီးတစ်ရုပ် ဖြစ်သွားတာက လုံးဝကို သဘာဝကျတာပဲလေ။ သွားရည်တွေကျပြီး ချေးသေးမထိန်းနိုင်အောင် ပေပွနေတဲ့ ယောက်ျားတစ်ယောက်ကို ရန်ယဲ့ရှောင် ဆက်ချစ်နေဦးမလားဆိုတာ ငါ ကြည့်ချင်တယ်..."

"အိမ်ရှေ့စံမင်းသား... မိုဟန်ကိုကော ဘယ်လိုလုပ်ရမလဲ..." မှော်ဆရာခေါင်းဆောင်က မေးသည်။

"သူ့ရဲ့ နဂါးမျိုးနွယ် ပြန်လည်နိုးထရေး စမ်းသပ်မှု အောင်မြင်နိုင်ခြေက ဘယ်လောက်ရှိလဲ..."

"အလွန်ကို နည်းပါးပါတယ်... သုံးဆယ်ရာခိုင်နှုန်းထက် မပိုပါဘူး။ သူ့ ခန္ဓာကိုယ်ထဲက နဂါးအမှတ်အသားက သေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်ခုပါပဲ..."

"အစွမ်းကုန် ကြိုးစားလိုက်။ ကျရှုံးတယ်ဆိုတာ မရှိစေရဘူး..." အိမ်ရှေ့စံမင်းသားက ပြတ်သားစွာ အမိန့်ပေးသည်။ "အောင်မြင်တာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြား။ သူ့ရဲ့ဝိညာဉ်ပေါ်မှာ ငါ့ရဲ့အမှတ်တံဆိပ်ကို ခတ်နှိပ်ပြီး အပြီးတိုင် သိမ်းပိုက်ပစ်မယ်..."

"နားလည်ပါပြီ...။" မှော်ဆရာခေါင်းဆောင်က ပြောသည်။ "စမ်းသပ်မှုကို အခုချက်ချင်း စတင်လိုက်ပါ့မယ်..."

"ငါ ထပ်ပြောမယ်နော်...။" အိမ်ရှေ့စံမင်းသားက သတိပေးသည်။ "တုပိုင်ဆီကနေ နဂါးဘုရင်ရဲ့ ဝိညာဉ်စွမ်းအင်တွေကို ဖယ်ရှားပြီး သူ့ကို ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးလိုက်။ ပြီးတော့ လမ်းလျှောက်နေတဲ့ အလောင်းကောင်ကြီး ဖြစ်အောင် လုပ်ပစ်လိုက်။ ပြီးရင် မိုဟန်အပေါ်မှာ နဂါးမျိုးနွယ် ပြန်လည်နိုးထရေး စမ်းသပ်မှုကို မင်းတို့ဆီမှာရှိသမျှ စွမ်းအားတွေနဲ့ အစွမ်းကုန် လုပ်ဆောင်လိုက်..."

"အမိန့်တော်အတိုင်းပါ..."

ထို့နောက် အိမ်ရှေ့စံမင်းသားသည် ခမ်းနားထည်ဝါသော စွမ်းအင်စစ်သင်္ဘောကြီးပေါ်သို့ တက်ကာ အိပ်မက်ဆိုးမိစ္ဆာဘုရင်နှင့် တွေ့ဆုံရန် မြောက်ယွန်းစွန်းဒေသဆီသို့ ပျံသန်းသွားတော့သည်။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် ဘုရင်မမိုဟန်နှင့် တုပိုင်တို့၏ ဝိညာဉ်များမှာ ယှက်နွယ်နေခဲ့ပြီ ဖြစ်၏။

ပြင်ပကမ္ဘာ၏ အမြင်တွင် သူတို့၏ ရုပ်ခန္ဓာများနှင့် အရိပ်များပင်လျှင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် သူတို့အချင်းချင်းအတွက်မူ လုံးဝကို အစစ်အမှန် ဖြစ်နေ၏။

မိုဟန်၏ မျက်လုံးများမှာ ဝေဝါးနေပြီး သူမ၏ လှပသောမျက်နှာလေးမှာ နီရဲနေသည်။ သူမက တုန်ယင်နေသည့်အသံဖြင့် မေးလိုက်၏။ "ငါတို့... ငါတို့ အခုလေးတင် ဘာလုပ်လိုက်တာလဲ... ငါတို့ အတူတူ အိပ်လိုက်တာလား..."

"ရုပ်ပိုင်းဆိုင်ရာ အမြင်ကနေ ကြည့်မယ်ဆိုရင်တော့ မဟုတ်ပါဘူး...။" တုပိုင်က ပြန်ဖြေသည်။ "ငါတို့က စိတ်ချင်း ချိတ်ဆက်သွားတာပါ..."

"စိတ်ချင်း ချိတ်ဆက်တယ်ဆိုတာ ဘာလဲ..." မိုဟန်က မေး၏။

"အဲဒါက ယောကျ်ားနဲ့ မိန်းမ အတူတူအိပ်တာထက် အများကြီး ပိုပြီး နက်ရှိုင်းတဲ့ ဝိညာဉ်ပေါင်းစပ်မှု တစ်မျိုးပဲ..." တုပိုင်က ရှင်းပြသည်။

"အတူတူအိပ်ရတာက ဒီထက်ပိုကောင်းလား..." မိုဟန်က မေး၏။

"ငါလည်း မသိဘူးလေ...။" တုပိုင်က ပြောသည်။ "ငါလည်း ဝိညာဉ်ချိတ်ဆက်မှုကို အခုမှ ပထမဆုံးအကြိမ် ခံစားဖူးတာပဲ..."

ထိုအခိုက်မှာပင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာ၏။ မြင့်မြတ်နယ်မြေမှ မှော်ဆရာခေါင်းဆောင်သည် သူတို့အပေါ် နဂါးမျိုးနွယ် ပြန်လည်နိုးထရေး စမ်းသပ်မှုများ ပြုလုပ်ရန် သူ၏ အဖွဲ့နှင့်အတူ ရောက်လာလေပြီ။

တုပိုင်က မိုဟန်၏ လှပသော မျက်နှာလေးကို ညင်သာစွာ ကိုင်ထားလိုက်သည်။ "မိုဟန်... မင်း ငါ့ကို ယုံလား..."

"မ... မသိဘူး..."

"မိုဟန်... မင်းကို ငါ ယုံလို့ ရမလား..." တုပိုင်က မေးလိုက်သည်။

သူမက ခေါင်းကို သွက်သွက်ခါရမ်းလိုက်၏။ "ငါ့ကိုယ်ငါတောင် မယုံရဲဘူး..."

တာ့နင်အင်ပါယာမှသည် ကမ္ဘာပျက်ကပ်ကြီးအထိ မိုဟန်သည် ဘယ်သောအခါမှ အားကိုးရသူတစ်ယောက် မဖြစ်ခဲ့ချေ။ သူမသည် ကျပ်မပြည့်သည့် ဘုရင်မဆိုသည့် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်၏။

အထူးသဖြင့် သူမက မသေမျိုးစစ်တပ် ၃၅ သန်း ကို ကွပ်ကဲခဲ့ဖူးသည်။ ထိုမျှ ကြီးမားလှသော ကောင်းကင်ကိုပင် အန်တုနိုင်သော အင်အားမျိုးဖြင့် ဝက်တစ်ကောင်က ဦးဆောင်လျှင်ပင် အောင်ပွဲခံနိုင်မည်မှာ အသေအချာပင်။

သို့သော် မိုဟန် ဦးဆောင်သည့်အချိန်တွင် သူမ မည်သို့လုပ်လိုက်သည်မသိ လုံးဝ ရှုံးနိမ့်သွားအောင် လုပ်နိုင်ခဲ့ပြီး သူမ၏ စစ်တပ်တစ်ခုလုံးသည်လည်း အပြတ်အသတ် ချေမှုန်းခံလိုက်ရသည်။

သို့သော် ထူးဆန်းသည်မှာ သူမ၏ အသင်းဖော်များက သူမအား သစ္စာဖောက်သွားသောအခါမျိုးတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို ပြသတတ်ခြင်းပင်။ ထိုနည်းဖြင့်ပင် မိစ္ဆာတမန်တော်ကို သူမ ရက်ရက်စက်စက် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ကျပ်မပြည့်သော ဘုရင်မ၏ အကြောင်းကို စကားတစ်ခွန်းတည်းဖြင့် ပြီးပြည့်စုံအောင် အကျဉ်းချုံးနိုင်သည်။ မည်သည့်အရာကိုမျှ အောင်မြင်အောင် မလုပ်နိုင်သော်လည်း ဖျက်ဆီးပစ်ရန်အတွက်မူ သူမက အလွန် တတ်စွမ်းနိုင်သူ ဖြစ်သည်။

"ငါ မင်းကို ယုံတယ်...။" တုပိုင် သူမ၏ မျက်နှာကို တင်းကျပ်စွာ ကိုင်ထားလိုက်၏။ "ငါ မင်းကို ယုံတယ်..."

"ဒါပေမဲ့... ငါ့ကိုယ် ငါတောင် မယုံဘူးလေ...။" မိုဟန်က တုန်ယင်စွာဖြင့် ပြောသည်။

"ငါပြောတာ နားထောင်... နောက်ဆက်ဖြစ်လာမယ့် ကိစ္စတွေက အရမ်းကို ရူးသွပ်စရာ ကောင်းလိမ့်မယ်...။" တုပိုင်က ပြောသည်။ "ငါ အိပ်မက်ဆိုးမိစ္ဆာဘုရင်ကို ဖျက်ဆီးပစ်တော့မယ်..."

"ငါ သိတယ်...။" မိုဟန်က ခေါင်းညိတ်ပြလိုက်၏။

"ဒါပေမဲ့ အိပ်မက်ဆိုးမိစ္ဆာဘုရင်ကို မဖျက်ဆီးခင်မှာ မြင့်မြတ်နယ်မြေကို အရင် ဖျက်ဆီးပစ်မယ်..."

"အာ...။" တုပိုင်၏ အပြောကြောင့် မိုဟန်မှာ ချက်ချင်းပင် အံ့သြမှင်တက်သွားရသည်။

သူမက မည်သည့်အရာကိုမဆို လုပ်ရဲသည့် အရူးမတစ်ယောက် ဖြစ်သော်လည်း တုပိုင်၏ စကားကြောင့် လုံးဝ အံ့အားသင့်သွားရ၏။ မြင့်မြတ်နယ်မြေဆိုသည်မှာ အလွန်အမင်း အင်အားကြီးမားလှသော စွမ်းအင်ယဉ်ကျေးမှု တစ်ခုဖြစ်ပြီး မိစ္ဆာများကို ဆန့်ကျင်နိုင်မည့် နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်သည်။

မြင့်မြတ်နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်မည်ဟု ပြောခြင်းက အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ရူးသွပ်လွန်းသော ကြေညာချက်တစ်ခုပင်။

အိပ်မက်ဆိုးမိစ္ဆာဘုရင်ပင်လျှင် သူတို့ရှေ့၌ ဒူးထောက်ခဲ့ရပြီး လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း မတရားသော စာချုပ်များစွာကို အတင်းအကျပ် လက်မှတ်ရေးထိုးခဲ့ရသည် မဟုတ်ပါလော။

"ပြီးတော့ ငါ့ရဲ့ ဒီရူးသွပ်လွန်းတဲ့ အစီအစဉ်မှာ မင်းက အရေးကြီးဆုံး သူပဲ...။" တုပိုင်က သူမကို စိုက်ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ဒါဆို... ငါ ဘာလုပ်ရမလဲ...။" မိုဟန်က ခေါင်းခါ၏။ "ကျေးဇူးပြုပြီး ရှုပ်ထွေးတာတွေ မခိုင်းပါနဲ့... ငါ တကယ် မလုပ်နိုင်ဘူး..."

ဤသည်မှာ သူမ ပထမဆုံးအကြိမ်အဖြစ် နှိမ့်ချစွာ ပြုမူခြင်း ဖြစ်၏။ အတိတ်ကာလတုန်းက သူမ ဘယ်သောအခါမှ ဤသို့ ပြောခဲ့မည် မဟုတ်ပေ။ သူမသည် အမြဲတမ်း မဆင်မခြင် ပြုမူတတ်ပြီး လုပ်ချင်ရာကို လုပ်ကာ နောက်ဆက်တွဲ ပြဿနာများကို နောက်မှ ဖြေရှင်းလေ့ရှိသူ ဖြစ်သည်။

"ဘာမှ လုပ်စရာ မလိုပါဘူး သက်တောင့်သက်တာ နေလိုက်... မင်း လုပ်ရမှာက ဒီခံစားချက်ကို မှတ်ထားဖို့ပဲ..."

ထိုသို့ပြောပြီးနောက် တုပိုင် ကိုယ်ကိုကိုင်းကာ မိုဟန်၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။

သူတို့၏ စိတ်များ ယှက်နွယ်နေခဲ့သော်လည်း ယခုအချိန်အထိ ရုပ်ပိုင်းဆိုင်ရာအရ မည်သည့် ထိတွေ့မှုမျှ မရှိခဲ့ပေ။ ဤသည်မှာ မိုဟန်၏ ပထမဆုံး အနမ်းပင်။

လျှပ်စစ်ဓာတ်လိုက်သွားသကဲ့သို့ သူမ ခံစားလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညင်းများ ထသွားတော့သည်။ ထူးဆန်းလှသည့် ထုံကျင်မှုတစ်ခုက သူမထံသို့ ဝင်ရောက်လာပြီး သူမ၏ ဦးရေပြားပေါ်ရှိ ဆံပင်များအားလုံး ထောင်တက်သွားသကဲ့သို့ပင် ခံစားလိုက်ရ၏။

အလွန်ကောင်းမွန်လှသည်။ သို့သော် အလွန် ထူးဆန်းပြီး လွှမ်းမိုးနိုင်လွန်းလှသည်။

"မိုဟန်... ငါ မင်းကို ယုံကြည်တယ်... ဒီခံစားချက်ကို မင်း မှတ်ထားရမယ်...။" တုပိုင်က တိုးညှင်းစွာ ပြောလိုက်၏။ "စိတ်မပူပါနဲ့... ငါ ပြန်လာခဲ့မယ်... မင်းဆီကို ငါ ပြန်လာမှာမလို့ ဒါတွေကို မင်း တစ်ယောက်တည်း ရင်ဆိုင်စရာ မလိုပါဘူး..."

သူ ထိုစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် တုပိုင်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း မှေးမှိန်စပြုလာတော့သည်။

သူ၏ ကိုယ်တွင်းရှိ ရွှေရောင်စွမ်းအင်များက မိုဟန်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းသွား၏။ တုပိုင်က သူတို့၏ အနမ်းမှတစ်ဆင့် ရှေးဟောင်းနဂါးဘုရင်၏ ဝိညာဉ်စွမ်းအင်များ အားလုံးကို သူမထံသို့ တိုက်ရိုက် လွှဲပြောင်းပေးနေခြင်း ဖြစ်သည်။

"ဟင့်အင်း... မလုပ်ပါနဲ့..." မိုဟန် မျက်ရည်ဝဲလာသည်။

တုပိုင် မသေနိုင်ခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ သူ၏ ကိုယ်တွင်းရှိ ရှေးဟောင်းနဂါးဘုရင်၏ ဝိညာဉ်စွမ်းအင်များကြောင့်သာ ဖြစ်သည်။ ယခုတော့ သူက သူ၌ရှိသမျှ ဝိညာဉ်စွမ်းအင်များအားလုံးကို သူမထံသို့ ပေးအပ်နေလေပြီ။

မရေမတွက်နိုင်သော လူများစွာက မိုဟန်ကို စည်းစိမ်များ ရွှေဒင်္ဂါးများနှင့် ပလ္လင်များကိုပင် ပေးအပ်ခဲ့ကြဖူးသည်။ သို့သော် တုပိုင်ကဲ့သို့ သူမအတွက် သူ၏ အသက်စွမ်းအင် အားလုံးကို စတေးပေးခဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးချေ။

"ဟင့်အင်း... မလုပ်ပါနဲ့... ကျေးဇူးပြုပြီး မလုပ်ပါနဲ့..." မိုဟန်၏ နှလုံးသားမှာ လုံးဝကို ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူမက သဲသဲမဲမဲ ငိုကြွေးရင်း တောင်းပန်လိုက်သည်။ "တုပိုင်... အဲဒီလို မလုပ်ပါနဲ့... ငါ တကယ် မလုပ်နိုင်ဘူး... ငါက အရူးမ တစ်ယောက်မလို့ တကယ် မလုပ်နိုင်ဘူး... ငါ အရာအားလုံးကို ဖျက်ဆီးပစ်မိလိမ့်မယ်..."

"ငါ မင်းကို ယုံတယ်..." တုပိုင်က ထပ်ပြောလိုက်၏။

ထို့နောက် သူ၏ တောက်ပနေသော ရွှေရောင်ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

အလင်းကိုပင် ဝါးမျိုပစ်နိုင်လောက်အောင် နက်ရှိုင်းပြီး ပြီးပြည့်စုံလွန်းသော အမှောင်ရိပ်တစ်ခုသာ ကျန်ရစ်ခဲ့၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၄၃) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters