အခန်း ၁၁၂၂
Vol. 113 Ch. 1122
အခန်း (၁၁၂၂) နန်ယန်မှ စုန့်ဖုန်းကိုရောင်ပြန်ဟပ်ခြင်း
"သောက်ကျိုးနည်း" ဒေါသတကြီးဟိန်းဟောက်သံကြီးတစ်ခုက တိမ်တိုက်များကို ဆုတ်ဖြဲသွားခဲ့သည်။
ကျားနတ်ဆိုးက ၎င်း၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး လူသားအသွင်သို့ ပြန်လည်ပြောင်းလဲကာ သူ၏ညာဘက်လက်ကောက်ဝတ်ကို တင်းကျပ်စွာဆုပ်ကိုင်ထားရာလက်တစ်ခုလုံး အနည်းငယ်တုန်ယင်နေ၏။
နတ်ဆိုးမျိုးနွယ်က ကောင်းချီးရရှိထားသော မျိုးနွယ်ပင်။ သူတို့၏ကျင့်ကြံခြင်း နယ်ပယ်များအပြင်၊ မွေးရာပါသန်မာသော နတ်ဆိုးခန္ဓာကိုယ်များက သေစေနိုင်လောက်သောလက်နက်များလည်းဖြစ်ပြီး၊ ကျင့်ကြံသူ အများစု၏မှော်ရတနာများထက်များစွာ သာလွန်ကာ အနီးကပ်တိုက်ပွဲများတွင် အသာစီးရနိုင်သည်။
ဗောဓိဂိုဏ်းမှ ရွှေရောင်အာဟတ်များသာလျှင် သူတို့ကိုယှဉ်ပြိုင်နိုင်စွမ်းရှိကြ၏။
သို့တိုင်အောင် ၎င်း၏ရှေ့မှ ဤလူငယ်လေး၏ပေါ့ပေါ့ပါးပါးလုပ်ရပ်လေးတစ်ခုကြောင့် ၎င်းမှာ ကြီးမားသောဆုံးရှုံးမှုတစ်ခုကို ခံစားလိုက်ရသည်။
ကျားနတ်ဆိုး၏မျက်ခွံများ တုန်ခါသွားပြီး၊ ၎င်း၏အမြင်အာရုံတွင် ထူထပ်သောသွေးမြူများဖြင့် ပြည့်နှက်နေ၏။ သူကဦးဆောင်ကာ မြို့ကိုဖောက်ထွက်ရန်ရည်ရွယ်ခဲ့သော်လည်း နောက်ဆုံးတွင် မဟာနတ်ဆိုးအတော်များများ၏ရှေ့တွင်ဆုံးရှုံးမှုကိုသာ ခံစားလိုက်ရသည်။
နတ်ဆိုးအင်အားစု သုံးခု၏ရှေ့မှောက်တွင် မျက်နှာပျက်ခဲ့ရသဖြင့် သူ၏ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူရန်သေချာပေါက် လှုပ်ရှားရပါလိမ့်မည်။
သို့သော် ယခုလေးတင် အချိန်တိုအတွင်း ထိပ်တိုက်တွေ့ဆုံမှုက လူငယ်လေး၏အစစ်အမှန် စွမ်းအားကို မသေချာမရေရာဖြစ်သွားစေပြီး၊ ၎င်း၏နှလုံးသားထဲတွင် ရေရာမှုမရှိသော ကြောက်ရွံ့မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။
"..."
စုန့်ဖုန်းစီရင်စု၏တစ်နေရာရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင်၊အစိုးရရုံးက ကြိုတင် အသိပေးချက်ထုတ်ပြန်ထားပြီးဖြစ်သဖြင့် လမ်းမများပေါ်တွင် လူသူကင်းမဲ့နေပြီဖြစ်သည်။
လူငယ်ဘုန်းကြီးက လမ်းမဘက်သို့ ကျောခိုင်း၍ ထိုင်နေပြီး၊ သူ၏လက်ဖက်ရည်ခွက်ကို ပွတ်သပ်ကာကောင်းကင်သို့ ဖြတ်ခနဲကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
ဤသားရဲများက အလွန်အမင်းပျင်းရိလာကြပြီး သတ်ဖြတ်လိုသောဆန္ဒများ ပျောက်ဆုံးနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၏။
အတိတ်ကဆိုလျှင်၊ စတုတ္ထအဆင့် နတ်ဆိုးမသေမျိုးရှစ်ကောင်က မဟာနတ်ဆိုးအုပ်စုကို ဦးဆောင်ပြီး သူတို့နှင့် အဆင့်တူ ကျင့်ကြံသူတစ်ဦး၏ခြိမ်းခြောက်မှုကိုခံရကာ ခြေတစ်လှမ်းမျှပင် ရှေ့မတိုးရဲသည့် ဤကဲ့သို့ ရယ်စရာကောင်းသော အခြေအနေမျိုး ဘယ်သောအခါမျှရှိခဲ့မည် မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့်၊ အခြားသော နတ်ဆိုးမသေမျိုးများကလည်း ကျားနတ်ဆိုး၏ အကျပ်အတည်းကို သတိပြုမိသွားကြသည်။
လင်းယုန်ခေါင်းနှင့် ထူထပ်သောအမွှေးများပါရှိသော ပုံရိပ်တစ်ခုက ရှေ့သို့ထွက်လာခဲ့၏။ "အခုခေတ် နတ်ဘုရားမင်းဆက်ကအရမ်းကို ပေါ့ဆလာပြီပဲ။ငါတို့ကို ရင်ဆိုင်ဖို့အတွက်အတွေ့အကြုံမရှိတဲ့ လူငယ်လေးတစ်ယောက်ကို လွှတ်လိုက်တယ်။ ဒီလိုမှတော့လည်း ညီအစ်ကိုတို့၊ နောက်ဆုတ်နေစရာ မလိုတော့ဘူး။ အတူတကွ တိုက်ခိုက်ကြစို့"
"ဒီမြို့ကို အရင်ထိုးဖောက်ကြတာပေါ့" ကျားနတ်ဆိုးက ဤအခွင့်အရေးကို အရယူကာ မျက်နှာပျက်မှုမှရှောင်လွဲနောက်ဆုတ်သွားပြီး၊ ဓားကြီးနှစ်လက်ကို အလျင်အမြန်ဆွဲထုတ်ကာ လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားလိုက်သော်လည်း ယခင်ကကဲ့သို့ ရှေ့ဆုံးမှပြေးမဝင်တော့ချေ။
"နတ်ဘုရားမင်းဆက်မှာ လူမရှိတော့တဲ့အတိုင်းပဲ" ထိုစကားများကို ကြားလိုက်ရသောအခါ၊ အမည်ခံစစ်သူကြီး သုံးဦး၏မျက်နှာများ မှောင်မိုက်သွားပြီး တီးတိုးကျိန်ဆဲမှုနှင့်အတူ သူတို့အားလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။
စစ်သူကြီးနန်ယန်၏ယခင်ဓားချက်က သူ တစ်ယောက်တည်းဖြင့် နတ်ဆိုးဖိနှိပ်ရေးမျှော်စင်ကိုကာကွယ်နိုင်ပြီး ဝူရှန်းကို ကယ်တင်နိုင်ခဲ့သည့် အကြောင်းရင်းကို နောက်ဆုံးတွင် ရှင်းပြနိုင်ခဲ့ပြီ ဖြစ်သည်။
လူအများရှေ့တွင် သူ၏ပထမဆုံး လှုပ်ရှားမှုဖြင့်ပင် မဟာတောင်ပိုင်းတိုက်ကြီး၏အထင်ရှားဆုံး အမည်ခံစစ်သူကြီးအဖြစ် သူ၏နေရာကို ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့၏။
စစ်သူကြီးနန်ယန်က စုန့်ဖုန်းစီရင်စုတွင် အစောင့်အဖြစ်ရပ်တည်နေသလို၊ သူတို့ကိုယ်တိုင်နှင့် ဧကရာဇ်ချီစစ်တပ်ဖွဲ့စည်းပုံ၏အကူအညီများပါ ရှိနေခြင်းကြောင့် ယနေ့တွင် စီရင်စုမြို့တော်ကို ကာကွယ်ခြင်းမှာပြဿနာတစ်ခု မဟုတ်တော့သကဲ့သို့ နတ်ဆိုးအုပ်စုကြီးကို တွန်းလှန်ခြင်းမှာလည်းပြဿနာမရှိတော့ချေ။
"ဟူး" ထျန်းတုန်းနတ်သမီးကလည်း သက်သာရာရသွားသလို ခံစားလိုက်ရသည်။
စီရင်စုမြို့တော်မှ ပြည်သူများ၏ဘေးကင်းလုံခြုံရေးက အန္တရာယ်ကြုံတွေ့နေရသဖြင့် သူမက မည်သည့်အန္တရာယ်ကိုမျှမစွန့်စားဘဲ မြို့တံခါးများဆီသို့ပျံသန်းသွားခဲ့ပြီး နတ်ဆိုးများကို သတ်ဖြတ်ရန် မစဉ်းစားမီစုန့်ဖုန်းစီရင်စုကို ကာကွယ်ရန် ဦးစားပေးခဲ့၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ နတ်ဆိုးများသည် ပျားအုံပမာအုံကြွလာကြသည်။
သူတို့၏ကျယ်ပြန့်လှသော အနီရင့်ရောင်နတ်ဆိုးတိမ်တိုက်များက ကောင်းကင်ယံတစ်ခွင်ပျံ့နှံ့သွားပြီး ၎င်းကိုမျိုချပစ်ရန် အသင့်ဖြစ်နေသည့်အလား ထင်မှတ်ရ၏။
စစ်သည်များအားလုံးကလည်း သူတို့၏လက်နက်များကို တင်းကျပ်စွာဆုပ်ကိုင်ထားကြပြီး သူတို့၏ဧကရာဇ်ချီများက ကောင်းကင်ယံသို့ထိုးတက်သွားကာ ရန်သူကို ရင်ဆိုင်ရန် အသင့်ဖြစ်နေကြသည်။
ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ရင်ဆိုင်ရချိန်တွင်၊ ရှန်းယီက ရှေ့သို့ထွက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်ကိုတိမ်မည်းများက ရစ်ပတ်ထားရာ လေထဲကိုဖြတ်တောက်ထားသော မျဉ်းတစ်ကြောင်းနှင့် တူနေပါသည်။
တိမ်မည်းများကို ဦးစွာထိုးဖောက်ထွက်လာသူမှာ လင်းယုန်နတ်ဆိုးပင်။
၎င်းက ၎င်း၏လက်ကြီးကို ဝှေ့ယမ်းလိုက်ရာ၊ ရေတွက်၍မရနိုင်သော အမွှေးအတောင်ကဲ့သို့သော ဓားသွားများကတစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး နဂါးတစ်ကောင်ကဲ့သို့ရှည်လျားပြီး ကြမ်းကြုတ်သောကြာပွတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ယံတွင် အဆက်မပြတ်တုန်ခါနေသည်။
လင်းယုန်နတ်ဆိုး၏ထိန်းချုပ်မှုအောက်တွင်၊ အမွှေးကြာပွတ်က စီရင်စုမြို့ရိုးများဆီသို့ လေခွင်းသံနှင့်အတူ ရောက်ရှိလာ၏။ အကယ်၍ ဤတိုက်ခိုက်မှုသာကျရောက်သွားပါက မြို့ရိုးတစ်ဝက်ခန့်က မျက်တောင်တစ်ခတ်အတွင်း ပြိုကျသွားပါလိမ့်မည်။
သို့သော် ၎င်းကတိမ်မည်းများကိုဖြတ်သန်းသွားသည့် အခိုက်အတန့်လေးအတွင်းမှာပင်၊
နတ်ဆိုးအိုကြီး၏မျက်ဝန်းများက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် အရှေ့တွင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာနှင့် ရုတ်တရက်ထွက်ပေါ်လာပြီး ၎င်း၏အကြည့်နှင့် မျက်နှာချင်းဆိုင် ဆုံတွေ့သွားသောကြောင့်ဖြစ်သည်။
သူတို့နှစ်ဦးက သုံးပေခန့်သာကွာဝေးသော လေထဲတွင် ရပ်တန့်နေကြ၏။
စတုတ္ထအဆင့် ထိုက်ယင်အစစ်အမှန်မသေမျိုးတစ်ပါး၏အကာအကွယ်ဝိညာဉ်ချီကို အလွယ်တကူဆုတ်ဖြဲနိုင်သော နတ်ဆိုး အမွှေးကြာပွတ်က ရှန်းယီ၏လက်ထဲတွင်ငြိမ်သက်စွာ ဖမ်းဆုပ်ခံလိုက်ရသည်။
သူ၏လက်သီးကို တင်းကျပ်လိုက်ပြီး အားစိုက်ထုတ်လိုက်သည့် အခိုက်အတန့်တွင်၊ မြောက်မြားစွာသောအမွှေးများက လေထဲတွင်ရုတ်တရက် အေးခဲသွားပြီး၊ရှုပ်ထွေးမှုများရပ်တန့်သွားကာ လောကတစ်ခုလုံးတိတ်ဆိတ်သွားခဲ့သည်။
နောက်တစ်ခဏတွင်ကား..
ဘုန်း..
ကြည်လင်သော အသံတစ်ခု လျင်မြန်စွာပျံ့နှံ့သွား၏။
ပတ်ဝန်းကျင်ရှိ အမွှေးများအားလုံး မြေမှုန့်အဖြစ်သို့ ကွဲကြေသွားခဲ့သည်။
လင်းယုန်နတ်ဆိုးက တုံ့ပြန်ရန်အချိန်မရလိုက်မီမှာပင် ဒူးတစ်ဖက်က သူ၏မေးရိုးကိုပြင်းထန်စွာ ဝင်ဆောင့်သွားခဲ့၏။
ကျင့်ကြံခြင်းမည်မျှပင်မြင့်မားနေပါစေ သို့မဟုတ် တိုက်ခိုက်ရေးနည်းစနစ်များ မည်မျှပင်လျှို့ဝှက်ဆန်းကြယ်နေပါစေ၊ အားလုံးက နောက်ဆုံးတွင် တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်းအပေါ်တွင်သာ မူတည်ပါသည်။
သူ၏တန်ဖိုးထားရသော ကြာပွက်က ရှန်းယီ၏လက်ဖဝါးကိုခြစ်ရာလေးပင် မထင်စေနိုင်သောအခါ၊ရလဒ်က အဆုံးအဖြတ်ပေးပြီးဖြစ်သွားခဲ့လေ၏။ ကျန်သောအရာများမှာ ၎င်းက ထိုးနှက်ချက်မည်မျှကို ခံနိုင်ရည်ရှိမည်နည်း ဆိုသည့်အပေါ်တွင်သာ မူတည်တော့သည်။
ထိုဒူးဖြင့်တိုက်ချက်အပြီးတွင်၊ လင်းယုန်နတ်ဆိုးက နောက်သို့လွင့်စဉ်သွားခဲ့ပြီး သူ၏အမြင်အာရုံတွင် အဆုံးအစမဲ့သောဓားအလင်းတန်းများဖြင့်သာ ပြည့်နှက်သွားခဲ့၏။
ရွှပ်...ရွှပ်
ရွှေရောင်အက္ခရာလျှို့ဝှက်ဆန်းကြယ်ဓားက ပြင်းထန်သောမုန်တိုင်းတစ်ခုကဲ့သို့ လေထုကို ဆုတ်ဖြဲသွားပြီး၊ လင်းယုန်နတ်ဆိုး၏ကိုယ်ပေါ်တွင် သွေးထွက်နေသောအရာပေါင်းများစွာကို လျင်မြန်စွာ ချန်ထားရစ်ခဲ့၏။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင်၊ ဓားရာအရေအတွက်မှာ အဆများစွာတိုးပွားလာခဲ့သည်။
၎င်း၏တောက်ပနေသော အမွှေးများက မျက်တောင်တစ်ခတ်အတွင်းသွေးများဖြင့် နီရဲသွားခဲ့သည်။
ရှန်းယီ၏လေးလံသော ခြေထောက်က နတ်ဆိုး၏ ရင်ဘတ်ကိုပြင်းထန်စွာ နင်းချလိုက်ရာ၊ နတ်ဆိုးအိုကြီးက လေးမှလွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ရှေ့သို့ထိုးထွက်သွားပြီး အခြားမဟာနတ်ဆိုးနှစ်ကောင်ကို ဝင်တိုက်မိသွား၏။
ရွှေရောင်အက္ခရာလျှို့ဝှက်ဆန်းကြယ်ဓားက သူ၏လက်ထဲမှ လွတ်ထွက်သွားပြီး လေထဲတွင် လျှို့ဝှက်ဆန်းကြယ်သောရွှေရောင်အလင်းတန်း တစ်ခုအဖြစ်သို့ပြောင်းလဲကာ အနောက်မှ လိုက်ပါသွားပြီး ၎င်း၏မျက်ခုံးနှစ်ခုကြားသို့တိကျစွာ ထိမှန်သွားခဲ့သည်။
မြောက်မြားစွာသော နတ်ဆိုးကျောက်တုံးများ၏အကူအညီဖြင့်ပင်လျှင်၊ ဤဓားက တာအိုနယ်ပယ်လက်နက်တစ်ခုသာ ဖြစ်ပြီး၊ စတုတ္ထအဆင့်နတ်ဆိုးမသေမျိုး တစ်ကောင်အတွက်မူ သံတိုသံစများနှင့် ကွာခြားမှုမရှိချေ။
၎င်းက လင်းယုန်နတ်ဆိုး၏နတ်ဆိုးခန္ဓာကိုယ်ကို ဖောက်ထွင်းနိုင်ခဲ့ခြင်းမှာ ဓားကိုယ်တိုင်ကြောင့် မဟုတ်ဘဲ ၎င်းအတွင်းရှိကြီးမားလှသော ကပ်ဘေးစွမ်းအားကြောင့်သာဖြစ်၏။
အခြားသော လမ်းကြောင်းများနှင့် နှိုင်းယှဉ်ပါက၊ ထိုက်ရွှီရွှေရောင်ဆေးလုံးတွင် လျှို့ဝှက်ဆန်းကြယ်သောအသုံးဝင်မှုများ ရှိပုံမပေါ်သော်လည်း၊ ကျင့်ကြံခြင်း ကပ်ဘေးတစ်ထောင်ခန့်သာရှိသော စတုတ္ထအဆင့်နတ်ဆိုး အများစုအတွက်မူ၊ ရွှေရောင်ဆေးလုံးအတွင်းရှိ ကပ်ဘေး သုံးထောင့်ငါးရာ၏စွမ်းအားက လွန်စွာလွှမ်းမိုးနိုင်ပါသည်။