← Chapters

အခန်း ၁၁၂၄

Vol. 113 Ch. 1124

အခန်း ၁၁၂၄

Vol. 113 Ch. 1124

အခန်း (၁၁၂၄) နန်ယန်မှ စုန့်ဖုန်းကိုရောင်ပြန်ဟပ်ခြင်း ၃

ကျားနတ်ဆိုးက သူ၏ဓားကို သိမ်းဆည်းလိုက်ပြီး နှုတ်ခမ်းကိုပြင်းထန်စွာ သပ်လိုက်ကာ အသံကို နှိမ့်၍ ပြောလိုက်၏။ "ငါတို့ရဲ့ နေ့ရက်တွေက ရှည်လျားပါသေးတယ်"

ထိုသို့ပြောပြီးနောက်၊ သူက တိမ်မည်းများကို တစ်ချက်ကြည့်လိုက်ပြီး ဆက်လက်တုံ့ဆိုင်းမနေတော့ဘဲ နတ်ဆိုးအုပ်စုကိုဦးဆောင်ကာ အဝေးသို့ လှည့်၍ ထွက်ပြေးသွားတော့သည်။

"..." ရှန်းယီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

မည်သည့်နယ်နိမိတ်များကို ဆိုလိုကာ၊ သူတို့ မည်သည့်အရာများကို ရေရွတ်နေကြသနည်း။

သူက လှုပ်ရှားစဉ်အတွင်းအကာအကွယ်ပေးရန်သာ ဤတိမ်မည်းများကိုဆင့်ခေါ်ခဲ့ခြင်းဖြစ်၏။

သို့သော် ဤနတ်ဆိုးများက စုန့်ဖုန်းစီရင်စုဆီသို့ ဦးတည်မလာခြင်းက သူ၏ရည်ရွယ်ချက်များနှင့် ကိုက်ညီနေပါသည်။

မည်သို့ပင်ဆိုစေ နှစ်ဖက်စလုံး၏ကျင့်ကြံခြင်းမှာ အလွန်အမင်းစွမ်းအားကြီးမားလွန်းလှရာ၊ မြို့တွင်း၌တိုက်ပွဲဖြစ်ပွားပါက မလွဲမသွေ ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေပါလိမ့်မည်။

ဤအတွေးဖြင့် ရှန်းယီ သူ၏ဓားရှည်ကို ဓားအိမ်ထဲသို့ပြန်သွင်းလိုက်ပြီးလက်ကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ရာ၊ သူ၏ပုံရိပ်ထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။

သူနှင့်အတူ၊ထွက်ပြေးကာ မှေးမှိန်သွားသော အလင်းတန်း ဒါဇင်ပေါင်းများစွာကလည်း ပျောက်ကွယ်သွားခဲ့လေသည်။

အခြားသူများအား ထိုက်ရွှီနယ်ပယ်ထဲသို့ ဆွဲခေါ်၍ အကျဉ်းချခြင်းကစွမ်းအင်ကိုသိသိသာသာ ကုန်ဆုံးစေသောလှုပ်ရှားမှုတစ်ခုဖြစ်ပြီး၊ ဤမျှများပြားသော မဟာနတ်ဆိုးများကိုတစ်ပြိုင်နက်တည်းအကျဉ်းချရန်မှာ တွေးကြည့်၍ပင် မရနိုင်လောက်အောင် ခက်ခဲလှပါသည်။

လောကကြီးတစ်ခုလုံး ရုတ်တရက် ဟာလာဟင်းလင်းဖြစ်သွားသည်ကို တွေ့လိုက်ရသောအခါတွင်..မြို့ရိုးပေါ်ရှိစွမ်းအားရှင်များအားလုံး တိတ်ဆိတ်သွားကြ၏။

ဒါ... ဒါက ဘာအဓိပ္ပါယ်လဲ။

ထိုက်ရွှီနယ်ပယ်အတွင်းသို့ ရုတ်တရက်ရောက်ရှိသွားသော ထိုမဟာနတ်ဆိုးများကလည်း အလားတူတွေဝေမှုမျိုးကို ခံစားနေကြရသည်။

နေရာအနှံ့ပျံ့နှံ့နေသော မြူခိုးများဖြင့် ဝန်းရံခံထားရရာ၊ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှမကြုံဖူးသော ပဉ္စမအဆင့် နတ်ဆိုးများအားလုံးက သူတို့၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများထွက်ပေါ်နေကြ၏။

ထို့နောက် ကျားနတ်ဆိုးဦးဆောင်သော စတုတ္ထအဆင့် နတ်ဆိုးမသေမျိုးခုနစ်ကောင်က မျက်လုံးများကို အနည်းငယ်ကျဉ်းလိုက်ပြီး မြူခိုးများ၏ အနက်ရှိုင်းဆုံးဆီသို့ စိုက်ကြည့်လိုက်ကြကာ၊ဒေါသများပြည့်နှက်နေသော လှောင်ပြုံးတစ်ခု သူတို့၏မျက်နှာများပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ "ညီအစ်ကို၊ မင်း နည်းနည်းလွန်သွားပြီ"

နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့သော နတ်ဆိုးများဖြစ်ကြရာ၊နာမည်ကျော် ထိုက်ရွှီတာအိုအသီးအပွင့်ကို သူတို့မည်သို့လုပ်၍ မမှတ်မိဘဲ နေမည်နည်း။

ဤလူငယ်လေးက ကောင်းကင်ပါရမီရှင်များထက် ပိုမိုအားကောင်းသော ကပ်ဘေးသုံးထောင်၏ ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားလျှင်ပင်၊ ဤလှုပ်ရှားမှုတစ်ခုတည်းကပင် သူ၏ကပ်ဘေးစွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို ကုန်ဆုံးသွားစေနိုင်သည်။

ထို့ပြင် ဤလူက ယခင်က လင်းယုန်နတ်ဆိုးကို သတ်ဖြတ်ခဲ့သေးရာ စွမ်းအင်အချို့ကို သေချာပေါက်သုံးစွဲခဲ့ရမည် မဟုတ်ပါလား။

အရူးတစ်ယောက်ပင်လျှင် ဤကျင့်ကြံသူက ယခုအခါ ဆီကုန်၍မီးမှိန်နေသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွက်ဆနိုင်ပါသည်။

"ငါတို့က မင်းကိုကြောက်နေတယ်လို့ တကယ်ထင်နေတာလား" ကျားနတ်ဆိုးက သူ့ဓားကို နောက်တစ်ကြိမ်ပြန်လည်ထုတ်ယူလိုက်၏။

ရွှံ့ရုပ်လေးတစ်ရုပ်ပင် ဒေါသအနည်းငယ်ရှိသေးရာ ၎င်းကဲ့သို့ကြမ်းတမ်းသောသူကို ဆိုဖွယ်ရာပင် မရှိတော့ချေ။

နောက်ထပ်တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ၊ သူ၏တစ်ကိုယ်လုံးက မြူခိုးများ၏အနက်ရှိုင်းဆုံးဆီသို့ ရန်လိုစွာ ပြေးဝင်သွားခဲ့သည်။

အခြားသော မဟာနတ်ဆိုးများကလည်း ထိုအတိုင်းလိုက်ပါလုပ်ဆောင်လိုက်ကြ၏။

ယခင်က သူတို့နောက်ဆုတ်ပေးလိုက်ခြင်းက ဤလူငယ်ကျင့်ကြံသူကို ရူးသွပ်သွားစေခဲ့ပြီး တူညီသောနယ်ပယ်ရှိသူများကို သူက လွှမ်းမိုးနိုင်သည်ဟု အမှန်တကယ်ယုံကြည်သွားစေခဲ့ခြင်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။

အကောင်းဆုံးပင် အသက်နှင့် အသက်ချင်း လဲလည်ရုံသာရှိတော့မည်။

လင်းယုန်နတ်ဆိုး၏ကျဆုံးမှုအတွက် ဖြေရှင်းချက်တစ်ခု လိုအပ်ပါသည်။

"လှည့်ကွက်တွေ သုံးနေတာလား၊ လာသေလိုက်စမ်း" ကြမ်းကြုတ်သော ဟိန်းဟောက်သံများကြားတွင်၊မြူခိုးများက ရုတ်တရက်လူးလွန့်လာပြီး တစ်ဖက်တစ်ချက်စီသို့ ကွဲဟသွားခဲ့၏။

ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာသောအခါ၊ကျားနတ်ဆိုးက နေရာတွင်ပင် ရုတ်တရက် အေးခဲသွားပြီး၊ သူ့ဓားကလည်း ပြင်းထန်စွာတုန်ယင်နေသည်။

သူ့လည်ပင်းကို ဆန့်ထုတ်လိုက်ရာ၊ သူ့မျက်ဝန်းသူငယ်အိမ်များပြူးကျယ်သွားခဲ့၏။

နတ်ဆိုးအုပ်စု၏ရှေ့မှောက်တွင် မြူခိုးများ ကွဲဟသွားစဉ်၊ပေါ်ထွက်လာသောအရာမှာ သူတို့ဆီသို့ အေးဆေးတည်ငြိမ်စွာလျှောက်လှမ်းလာနေသော တောင်တန်းကြီးတစ်ခုပင်။

မိုးနှင့်မြေကိုခွဲခြမ်းခဲ့သော ဘီလူးကြီးကဲ့သို့၊ ပေတစ်ထောင်မြင့်မားကာ ပြီးပြည့်စုံသည့် ခန္ဓာကိုယ်ကြီးဖြစ်၏။

သူ၏မျက်နှာမှာ တည်ငြိမ်နေပြီး၊ ဘယ်ဘက်ပခုံးပေါ်တွင် ခက်ထန်သောနဂါးခေါင်းတစ်ခု၊ ညာဘက်ပခုံးပေါ်တွင် ကြမ်းကြုတ်သောကျားခေါင်းတစ်ခု ရှိနေကာ၊အနည်းငယ် ဆန့်တန်းထားသော လက်မောင်းခြောက်ဖက်တွင် မိုးမြေကိုဆုတ်ဖြဲပစ်နိုင်သည့်စွမ်းအားများပိုင်ဆိုင်ထားပါသည်။

ရွှေရောင်ခန္ဓာကိုယ်က ရှေ့သို့အနည်းငယ်ကိုင်းညွှတ်လိုက်ရာ၊ကောင်းကင်ကို ဖုံးကွယ်ထားသော ၎င်း၏လက်ဖဝါးကြီးမှာဖြည်းညှင်းစွာ ကျဆင်းလာပုံရသော်လည်း၊နောက်မှ လိုက်ပါလာသော ရွှေရောင်မြစ်ကြီးက ကျားနတ်ဆိုးကိုသတ္တိများ ပျောက်ဆုံးသွားစေပြီး၊ ခုခံရန်အတွက် ဓားကို မြှောက်ဖို့ပင်မေ့လျော့သွားစေခဲ့၏။

အလိုအလျောက်ပင် သူ၏အစစ်အမှန်ပုံစံ ပြောင်းလိုက်ပြီး ထွက်ပြေးရန်ကြိုးစားသော်လည်း၊ ကြီးမားလှသောကျားခန္ဓာကိုယ်ကြီးမှာ လွတ်မြောက်စရာလမ်းမရှိတော့ဘဲ စွမ်းအားကြီးမားသောလက်ကြီးဖြင့်လည်ပင်းမှ တင်းကျပ်စွာ ဆုပ်ကိုင်ခံလိုက်ရသည်။

"ကပ်ဘေးသုံးထောင် မဟာအာဟတ်ဓမ္မကိုယ်ထည်" နတ်ဆိုးများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး၊ဆက်လက် ပေါ့ဆရဲခြင်း မရှိတော့ဘဲ ပုံရိပ်ဒါဇင်ပေါင်းများစွာက သူတို့၏နတ်ဆိုးစွမ်းအားအားလုံးကို စုစည်းလိုက်ကာ သွေးနီရောင်ပင်လယ်ဆူနာမီကြီးအဖြစ်သို့ ပြောင်းလဲပြီး အာဟတ်ကိုဖိအားပေးရန် ကြိုးပမ်းကြသည်။

သို့သော် တစ်ချိန်တည်းမှာပင်၊ဖြောင့်မတ်ပြီး ခမ်းနားထည်ဝါသော အရှိန်အဝါတစ်ခုက ရုတ်တရက် ဖိကျလာခဲ့၏။

နောက်ထပ် ကပ်ဘေးသုံးထောင်ဖြစ်ပြီး၊ ထို့ထက်ပို၍၎င်းမှာ မသေမျိုးစွမ်းအားဖြစ်နေခြင်းပင်။

"စတုတ္ထအဆင့် မသေမျိုးအရာရှိ..." နောက်ဆုံးတွင် နတ်ဆိုးများ၏မျက်လုံးများထဲ၌ စိတ်ပျက်အားငယ်မှုများနှင့်တွေဝေမှုများ ပြည့်လျှံလာခဲ့သည်။

ထိုက်ရွှီတာအိုအသီးအပွင့်ကို ကျင့်ကြံနေသော ချီသန့်စင်သူတစ်ဦးက ဤမျှအပြစ်အနာအဆာကင်းသော အာဟတ်ရွှေရောင်ခန္ဓာကိုယ်ကိုမည်သို့ ဖော်ထုတ်နိုင်ပြီး မသေမျိုးခုံရုံးတွင် အဓိကအရာရှိတစ်ဦးအဖြစ်မည်သို့ တာဝန်ထမ်းဆောင်နေနိုင်ကြောင်းကို သူတို့စိတ်ကူး၍ပင် မရနိုင်ကြတော့ချေ။

ရွှေရောင်ခန္ဓာက ခြေတစ်လှမ်း လှမ်းလိုက်ရာ၊ ၎င်း၏အနောက်ရှိ လက်မောင်းလေးဖက်က မိုးကြိုးကဲ့သို့ ရုတ်တရက်လှုပ်ရှားသွားပြီး၊ တိုက်ခိုက်မှုတိုင်းက အသက်တစ်ချောင်းကို အလွယ်တကူ နုတ်ယူသွားခဲ့၏။

ဗောဓိသတ္တကိုယ်တိုင်ပေးသနားထားသော နတ်ဘုရားစွမ်းရည်များက သာမန်နတ်ဆိုးမသေမျိုးများ ခံနိုင်ရည်ရှိသည့် အရာမျိုးမဟုတ်ချေ။

...

စုန့်ဖုန်းစီရင်စုမြို့တော်၏အပြင်ဘက်တွင်..

ကောင်းကင်ကန့်လန့်ကာက ရုတ်တရက် တွန့်လိမ်သွားပြီး၊သဏ္ဍာန်မဲ့သောအရာအချို့က ဟင်းလင်းပြင်ကိုအရူးအမူးဝင်တိုက်နေကြသည့်အလားပင်။

နောက်ဆုံးတွင် ဆုတ်ဖြဲသံတစ်ခုနှင့်အတူကျွတ်ကျနေသော သွေးစွန်းနေသည့် အမွှေးများဖြင့်ဖုံးလွှမ်းနေသည့် ဒေါင်းတစ်ကောင်က ဟင်းလင်းပြင်တစ်ခုကိုဆုတ်ဖြဲကာ ကမန်းကတန်း ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး၊ ၎င်း၏မျက်နှာပေါ်တွင် ဝမ်းမြောက်မှုပေါ်ထွက်လာရန်ပင် မစောင့်ဆိုင်းနိုင်ဘဲအော်ဟစ်ရန် ပါးစပ်ကိုဟလိုက်၏။

ထိုစဉ် ထူထပ်သောတိမ်မည်းများက ထိုနေရာမှတစ်ဆင့် လိုက်ပါလာပြီး၊ မျက်တောင်တစ်ခတ်အတွင်းလောကကြီးကို မှောင်မိုက်သွားစေကာ စုန့်ဖုန်းစီရင်စုတစ်ခုလုံးကို ဖိနှိပ်လွှမ်းမိုးထားသော အမှောင်ထုထဲသို့ နစ်မြုပ်သွားစေခဲ့၏။

တိမ်မည်းများက ဒေါင်းကိုလွှမ်းခြုံသွားခဲ့ပါသည်။

နောက်ဆုံးတွင်၊အဆုံးမဲ့ ညဉ့်နက်ရှိမဟာနေမင်းကြီးကဲ့သို့တိမ်တိုက်များ၏အနက်ရှိုင်းဆုံးမှ မျက်စိကျိန်းမတတ်ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး လောကကြီးကို လင်းထိန်သွားစေခဲ့သည်။

"ဒါက နန်ယန်ဆိုတဲ့ အဓိပ္ပါယ်လား" မြို့ရိုးပေါ်ရှိ မြောက်မြားစွာသောပုံရိပ်များပင်ဖြစ်စေ သို့မဟုတ် အောက်ဘက်ရှိထူထပ်သော စစ်တပ်ဖွဲ့စည်းပုံများပင်ဖြစ်စေ ဤအခိုက်အတန့်တွင် အလားတူ အတွေးများ သူတို့၏စိတ်ထဲ၌ ပေါ်ထွက်လာကြ၏။

သူတို့ ကောင်းကင်ယံကို စူးစိုက်ကြည့်နေကြသည်။

ဖော်ပြ၍မရနိုင်လောက်အောင် ခမ်းနားထည်ဝါသောလက်ကြီးတစ်ဖက်က မျက်တောင်တစ်ခတ်အတွင်းမှာပင် ဒေါင်း၏ခန္ဓာကိုယ်ကို ဆုပ်ကိုင်လိုက်ပြီး၊လက်ချောင်းများကို တင်းကျပ်စွာညစ်ကာ သွေးရေများအဖြစ်သို့ချေမွပစ်လိုက်၏။

ဒေါင်း၏အော်ဟစ်သံများက တိမ်တိုက်များကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။

၎င်း၏အော်ဟစ်သံများ တဖြည်းဖြည်းမှေးမှိန်သွားချိန်တွင်၊ရွှေရောင် လက်ဖဝါးကြီးမှာ ထိုက်ရွှီနယ်ပယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး၊တိမ်တိုက်များကိုကွဲကွာသွားစေကာ လောကကြီးအားပြန်လည်ကြည်လင်သွားစေသည်။

လောကကြီးတစ်ခုလုံးတွက် မည်သည့် ဆူညံသံမျှ မရှိဘဲ လုံးဝတိတ်ဆိတ်ငြိမ်သက်နေခဲ့၏။

ထိုစဉ် ဆန်ကြယ်သည့် နက်မှောင်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ပုံရိပ်က မြို့တံခါးဝတွင်ပြန်လည်ပေါ်လာခဲ့ပြီဖြစ်ပြီး၊ သူ၏ဖြူဖျော့ကာချောမောသော မျက်နှာပေါ်တွင်စိတ်ခံစားမှု အတက်အကျအနည်းငယ်မျှသာရှိနေပြီး၊သူနှင့်အတူ ပျောက်ကွယ်သွားခဲ့သော အလင်းတန်း ဒါဇင်ပေါင်းများစွာကိုမူ မည်သည့်နေရာတွင်မျှ ပြန်လည်မတွေ့ရတော့ချေ။

လေထုထဲတွင် လျှို့ဝှက်ဆန်းကြယ်စွာ သွေးနှင့်စွမ်းအင်အနံ့များပြည့်နှက်လာပြီး တဖြည်းဖြည်း ပိုမိုပြင်းထန်လာကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် စူးရှလာခဲ့၏။

All Chapters