← Chapters

အခန်း ၁၁၂၇

Vol. 113 Ch. 1127

အခန်း ၁၁၂၇

Vol. 113 Ch. 1127

အခန်း (၁၁၂၇) မင်းပြေးလို့ဝပြီလား

"စီနီယာအစ်မ၊ ခဏလောက် စောင့်ပါဦး။ ကျွန်တော် အခုချက်ချင်းပြန်လာခဲ့မယ်။ မြို့တံခါးဝမှာ တွေ့ကြတာပေါ့"

ဟုန်ကျင်း ကျောက်စိမ်းပြားကို ချထားလိုက်ပြီး စုန့်ဖုန်းစီရင်စုမြို့တော်ဆီသို့ အလျင်အမြန် ပြေးသွားခဲ့၏။ ဤမျှရဲတင်းသောသူ မည်ကဲ့သို့ ရုပ်ရည်ရှိကြောင်းကို သူ ကိုယ်တိုင် မျက်မြင်တွေ့ချင်ခဲ့သည်။

လေထဲသို့ ပျံတက်သွားစဉ် သူ၏မျက်လုံးများက ကြမ်းတမ်းစွာ တောက်ပသွားခဲ့သည်။

မကြာမီမှာပင်၊ ခမ်းနားထည်ဝါသော စီရင်စုမြို့တော်ကို သူ မြင်တွေ့လိုက်ရ၏။

ကောင်းကင်ယံသို့ ပြန်လည်ဖုံးလွှမ်းသွားသော ဧကရာဇ်ချီက နတ်ဆိုးများဆုတ်ခွာသွားခြင်း၏ လက္ခဏာတစ်ရပ် အမှန်ပင်။

အာရုံစိုက်မှု အများအပြားမရရှိစေရန်အတွက် ဟုန်ကျင်း မြေပြင်ပေါ်သို့ဆင်းသက်လိုက်ပြီး မြို့ထဲသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားခဲ့၏။

ထိုအခိုက်အတန့်မှာပင်၊ သူ၏မျက်လုံးထောင့်မှ ရင်းနှီးနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို ဖျတ်ခနဲ မြင်လိုက်ရပါသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟုန်ကျင်း၏အသက်ရှူသံများ ရပ်တန့်သွားခဲ့ပြီး အလျင်အမြန်နောက်ဆုတ်လိုက်ကာ တစ်ဖက်လူကို တည့်တည့်ပင် မကြည့်ရဲခဲ့ချေ။

သူ၏မှတ်ဉာဏ်ထဲတွင် စွဲထင်နေသော ထိုမှင်ရည်ကဲ့သို့ အနက်ရောင်ဝတ်ရုံ... ထိုအရာက ထိုက်ရွှီဆေးဧကရာဇ် ပင်။

ဟုန်ကျယ်မှမြင်ကွင်းများက ဟုန်ကျင်း၏စိတ်ထဲတွင် ချက်ချင်း ဖျတ်ခနဲပေါ်လာခဲ့၏။ ငှက်တစ်ရာ၏စူးရှသော အော်ဟစ်သံများ၊ ကွဲအက်သွားသော ရှေရောင်အလုံးတစ်ခုထဲမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ပုံရိပ်နှင့် ချင်းလွမ်ကို မြေမှုန့်ဖြစ်သွားသည်အထိ သူ၏လက်သီးများဖြင့် ကြိတ်ချေပစ်ခဲ့သော ရက်စက်သည့် လုပ်ရပ်များပင်။

ကံကောင်းထောက်မစွာဖြင့်၊ တစ်ဖက်လူမှာ အလုပ်များနေပုံရပြီး သူ့ကို သတိမပြုမိခဲ့ချေ။ စီရင်စုမြို့တော်မှ ထွက်ခွာပြီးနောက်၊ ရှန်းယီက ထိုက်ရွှီနယ်ပယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

"ဟူး" ထိုတည်ရှိမှု လုံးဝ ပျောက်ကွယ်သွားသည့်တိုင်၊ ဟုန်ကျင်းက မဆင်မခြင်လှုပ်ရှားမှုမျိုး မပြုလုပ်ရဲသေးဘဲ သူ၏ခန္ဓာကိုယ်မှချွေးအေးများဖြင့် ရွှဲနစ်နေခဲ့၏။

ချင်းလွမ် ကျူးလွန်ခဲ့သော ဆိုးရွားသည့် လုပ်ရပ်များကို ကောင်းစွာ သိရှိထားပြီး၊ သူကိုယ်တိုင်လည်း ထိုကိစ္စများတွင် ပါဝင်ပတ်သက်ခဲ့ရာ လုပ်ငန်းစဉ်အတွင်း စီးတော်ယာဉ် တစ်ကောင်ကိုပင် ဆုံးရှုံးခဲ့ရသေးသည် မဟုတ်ပါလား။

ဟုန်ကျယ်တွင် ပြီးခဲ့သည့်အကြိမ်က သူ အထိအခိုက်မရှိဘဲ လွတ်မြောက်နိုင်ခဲ့ခြင်းမှာ ကြယ်တာရာနတ်ဘုရားစစ်သူကြီး ရှိနေခဲ့သောကြောင့် ဖြစ်၏။

အကယ်၍ အခြားတစ်နေရာတွင် သူ့ကို ကြုံတွေ့ခဲ့ရမည်ဆိုပါက၊ အထူးသဖြင့် နတ်ဘုရားမင်းဆက် ကဲ့သို့သော နေရာမျိုးတွင် သူ အသက်ရှင်လျက် ထွက်သွားနိုင်မည်လောဆိုသည်မှာ မေးခွန်းထုတ်စရာပင်။

မသေမျိုးစစ်သူကြီး နှင့် မသေမျိုးတပည့် ဟူသော အဆင့်အတန်းများက ဟုန်ကျင်း၏အကြီးမားဆုံးသော အသက်ကယ်ကြိုးများ ဖြစ်သော်လည်း၊ ဤအသက်ကယ်ကြိုးနှစ်ခုကို ကိုင်ဆောင်ထားခဲ့သော လူတစ်ယောက်မှာ ယခုအခါ အသက် တစ်နှစ်နီးပါးပင်ပြန်လည်ရှိနေလောက်ပြီ ဖြစ်ချေ၏။

ဤအရူးက အစစ်အမှန် နတ်ဘုရားတစ်ပါး၏ရှေ့မှောက်တွင်ပင် လူသတ်ရဲသူဖြစ်လေ၏။

"နင် ဘာဖြစ်သွားတာလဲ" ထိုအခိုက်အတန့်မှာပင် ကြည်လင်သော မိန်းကလေးအသံတစ်ခုက ဟုန်ကျင်း၏ထိတ်လန့်နေမှုကို ကြားဖြတ်သွားခဲ့၏။

ထျန်းတုန်းနတ်သမီးက သူမ၏ဂျူနီယာကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေခဲ့သည်။

"ဘာ... ဘာမှမဖြစ်ပါဘူး" ဟုန်ကျင်းက အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်၏။ ပုံမှန်အားဖြင့် သူ၏စီနီယာအစ်မ ဘေးတွင်ရှိနေပါက၊ သူက ပို၍ရဲရဲဝင့်ဝင့်စကားပြောဆိုတတ်သည်။

သို့သော် ဤတစ်ကြိမ်မှာတော့ ကွာခြားနေခဲ့၏။

ချင်းလွမ်က မသေမျိုးတံဆိပ်ကို အသုံးပြုခဲ့လျှင်ပင် ထိုက်ရွှီဆေးဧကရာဇ်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပုံကို သူ ရှင်းလင်းစွာမြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

ဖြစ်နိုင်ချေအများဆုံးကတော့၊ သူ့စီနီယာအစ်မက ထိုသူ၏ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ချေ။

ဟုန်ကျင်း နိမ့်ကျသော နတ်ဆိုးနဂါးတစ်ကောင်ကြောင့် နားလည်သဘောပေါက်ရန် ခက်ခဲလှသည့် ကောင်းကင်ပါရမီရှင်တစ်ဦးကို ပြစ်မှားမိခဲ့ကြောင်း သူ၏မသေမျိုးဂိုဏ်းအားလည်း အသိမပေးရဲခဲ့ပေ။

သို့သော် ယခု... ရှန်းဆေဧကရာဇ် ဤနေရာတွင် ပေါ်လာသည်ကို ကြည့်လျှင်၊ ယနေ့ ဖြစ်ရပ်က ရှန်းရွှီတောင် ပါဝင်ပတ်သက်နေခြင်းလော။

ဒီမိုက်မဲပြီး စာနာမှုကင်းမဲ့တဲ့ လူတွေ။

ယခုအခါလမ်းစဉ်သုံးသွယ်နှင့် မဟာနတ်ဆိုးတို့က နတ်ဘုရားမင်းဆက်၏အစိတ်အပိုင်းများကို ခွဲဝေယူနေကြပြီး၊အခြေအနေက မသေချာမရေရာဖြစ်နေသေးချိန်တွင်၊ အင်ပါယာခုံရုံးက တည်ငြိမ်နေဆဲချိန်တွင် ရှန်းရွှီတောင်နှင့် ဗောဓိဂိုဏ်းတို့က သူတို့ ကြိုက်သလောက်တိုက်ခိုက်နိုင်ကြသော်လည်း၊ အဘယ်ကြောင့်ဘက်တူဖြစ်သော ကျောက်စိမ်းရေကန်မသေမျိုးဂိုဏ်းကို ဝင်ရောက်စွက်ဖက်ရသနည်း။

"ဟူး" ဟုန်ကျင်း သက်ပြင်းရှည်ကြီးကို ချလိုက်၏။

ပြန်တွေးကြည့်ပါက ယုတ္တိတန်ပါသည်။ ထိုက်ရွှီဆေးဧကရာဇ် ကဲ့သို့သော လူငယ်တပည့်တစ်ဦးကို ပိုင်ဆိုင်ထားပါလျက်၊ သူ့စီနီယာအစ်မတစ်ဦးထဲဖြင့်လွှမ်းမိုးခြင်းကို သူတို့ မည်သို့များ သည်းခံနိုင်မည်နည်း။

ယခုအခါ သူက မိမိ၏ဂိုဏ်းသို့ ပြန်သွားပြီး အမှန်တိုင်း သတင်းပို့ပြီး၊ အပြစ်ပေးမခံရရန်သာမျှော်လင့်ရတော့မည်။

သို့သော် ဟုန်ကျင်း မသိခဲ့သောအရာမှာ၊ ဤအခိုက်အတန့်တွင် စုန့်ဖုန်းစီရင်စုမြို့တော်၌အထိတ်လန့်ဆုံးလူမှာ သူ မဟုတ်ခြင်းပင်။

စီရင်စုမြို့တော် အတွင်း၌..

လက်ဖက်ရည်ဆိုင်လေးက တစ်ဖန်လူစည်ကားလာခဲ့ပြီး၊ အားလုံးက လတ်တလောဖြစ်ရပ်များအကြောင်းကို စိတ်အားထက်သန်စွာဆွေးနွေးနေကြရာ နန်ယန်၏ဂုဏ်သတင်းမှာ ပို၍ပင်ကြီးမားလာခဲ့၏။

သို့သော် လူငယ်ဘုန်းကြီးပုံရိပ်တစ်ခုသာ ပျောက်ဆုံးနေခဲ့သည်။

ယခင်က သောက်ခဲ့သော လက်ဖက်ရည်ခွက်ကလည်း မြေပြင်ပေါ်တွင် ကွဲကြေနေပြီး၊သူ မည်မျှ အလျင်စလိုထွက်ခွာသွားခဲ့ကြောင်းကို ညွှန်ပြနေသည်။

မိုးနှင့်မြေပြင်ကြားတွင်တစ်နေရာတွယ်..

လူငယ်ဘုန်းကြီးက သူ၏ပုတီးစေ့များကို တင်းကျပ်စွာဆုပ်ကိုင်လျက်၊အရှေ့သို့ သေချာစွာ စိုက်ကြည့်နေပြီး၊ သူ၏ခြေထောက်များက ဒုန်းစိုင်းပြေးနေသောမြင်းတစ်ကောင်ကဲ့သို့ လျင်မြန်စွာရွေ့လျားနေကာ ခြေတစ်လှမ်းလျှင် မိုင်တစ်ထောင်ခန့် ခရီးပေါက်နေခဲ့၏။

ဤသို့ဖြင့် ပြေးရလွန်း၍ မောပန်းနွမ်းနယ်နေပြီး သူ၏ခြေထောက်များမြစ်များနှင့် တောင်တန်း ထောင်ပေါင်းများစွာကိုဖြတ်ကျော်ခဲ့သော်လည်း၊ ကောင်းကင်ကန့်လန့်ကာရှိထူထပ်သော တိမ်တိုက်များက အရမ်းလည်းမနီးအရမ်းလည်းမဝေးသော အကွာအဝေးတစ်ခုတွင် ခေါင်းမာစွာဆက်လက် တည်ရှိနေဆဲပင်။

အချိန်အတော်ကြာပြီးနောက်၊ သူနောက်ဆုံးတွင် ရပ်တန့်လိုက်ပြီးစိတ်ပျက်အားငယ်စွာဖြင့် မော့ကြည့်လိုက်၏။

"မင်း ပြေးလို့ ဝပြီလား" လူငယ်ဘုန်းကြီး၏နားထဲတွင်နက်ရှိုင်းသော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။

ဤအသံနှင့်အတူ၊ ထူထပ်သော တိမ်တိုက်များက ဖြည်းညှင်းစွာကွဲသွားခဲ့သည်။

အဆီပြင်များဖြင့် ဖွဲ့စည်းထားသော တောင်တန်းကြီးတစ်ခု ပေါ်ထွက်လာပါသည်။

အဆုံးအစမရှိသကဲ့သို့ ကျယ်ပြန့်လွန်းလှသော ခန္ဓာကိုယ်ကြီးနှင့် နှိုင်းယှဉ်ပါက၊ ဤလူ၏ကြီးမားလှသောခေါင်းကြီးမှာ အနည်းငယ် သေးငယ်နေသယောင်ထင်ရ၏။

၎င်းက ကြီးမားလှသော ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူကဲ့သို့ အောက်သို့ငုံ့ကြည့်နေပါသည်။

"ဒီဘုန်းကြီးလေး..." လူငယ်ဘုန်းကြီးက လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ်က သူရှိခဲ့သော တည်ငြိမ်မှုမျိုး မရှိတော့ဘဲ၊ ပုတီးစေ့များကို ဆွဲဖြတ်မိလုနီးပါးဖြစ်သွား၏။

"ဒီဘုန်းကြီးလေးက တောင်ပိုင်းဧကရာဇ်ကို ဂါရဝပြုပါတယ်"

All Chapters