Chapter 1413 - 1414
Vol. 95 Ch. 1413 - 1414
Chapter 1413 ယွင်အာ ရှင့်ကို ချစ်တယ်
“လူကြီးမင်းထန်ကို လွှတ်လိုက်စမ်း၊ မင်းတို့ နှိပ်စက်ချင်ရင် ငါ့ကိုပဲ နှိပ်စက်”
နလန်ရှောင်သည် ဒေါသတကြီး ကြိမ်းဝါးလိုက်ပြီး မျက်လုံးများက မီးဝင်းဝင်း တောက်နေ၏။
“မင်းကလား၊ မင်းလည်း အမှိုက်ပဲ မဟုတ်ဘူးလား၊ မင်းက ငါ့ရှေ့မှာတောင် အော်ရဲတယ်ဆိုတော့ မင်း သေချင်နေပြီလား”
ချက်ချင်းဆိုသလိုပင် လက်လေးဘက် လောင်ဟန်က နလန်ရှောင်ထံ လျှောက်လာပြီး လက်မောင်းတစ်ဖက်ကို စုတ်ဖြဲလေတော့သည်။
“ဗျိ”
လက်မောင်းတစ်ဖက် ပြုတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာသည်။
“အား...”
ဤမြင်ကွင်းက ကြောက်ရွံ့ဖွယ် ကောင်းလှသည်။ ဤသည်ကိုမြင်သော် အဖမ်းခံထားရသူများအားလုံး အလွန် မျက်နှာပျက်သွားကြသည်။
“ဟားဟား ဒါ ငါတို့ရန်သူရဲ့ အဆုံးသတ်ပဲ၊ မင်းတို့ ယဲ့ဖန်ကို ယုံနေသေး တာလား၊ မင်းတို့ နတ်ဘုရားကို မင်းတို့ ယုံနေသေးတုန်းပေါ့လေ”
ထန်ဟောင်ကျုံးက ရယ်မောနေပြီး သူ့ရှေ့၌ ထန်မင်လီတစ်ယောက် ခွေးတစ်ကောင်လို ဒူးထောက်နေရသည်ကို ကြည့်ပြီး အလွန်အမင်း ကျေနပ်အားရနေ၏။
ထိုစကားကို ကြားသော် သစ္စာဖောက်သွားသည့် လူများအားလုံး ဝမ်းသာ သွားသော အမူအရာမျိုး ဖြစ်လာသည်။ သူတို့က ထန်မင်လီနှင့် အခြားသူများ ကဲ့သို့ အတွေးမတူ၍ ကံကောင်းသွားသည်။ သို့မဟုတ်ပါက သူတို့လည်း ဤသို့ အဆုံးသတ်ရလောက်သည်။
“ဘုတ်”
ရုတ်တရက် ခေါင်းပြတ်တစ်လုံးက ဘေးဘက်မှနေ၍ ထန်မင်လီရှေ့သို့ လိမ့်လာသည်။ ထိုခေါင်းပြတ်ကို မြင်သော် ထန်မင်လီ၏ မျက်လုံးများ မီးပွင့်မတတ် ဖြစ်သွားပြီး အော်လိုက်မိသည်။
“ထန်ဟောင်”
ဤခေါင်းပြတ်သည် ယခုနှစ်မှ ရှစ်နှစ်သာ ပြည့်သေးသော သူ့မြေးငယ်လေး၏ ဦးခေါင်း ဖြစ်နေ၏။ ယခုအခါ၌ ထိုကလေးငယ်သည် သူ့ရှေ့၌ ခေါင်းဖြတ် အသတ်ခံလိုက်ရသည်။
“အိုး ... စိတ်မကောင်းပါဘူးကွာ၊ ဒီကလေးက ရိုင်းလွန်းတယ်ကွ၊ သူ့အစ်ကိုကြီး ယဲ့ဘုရင် ရောက်လာပြီး ငါ့ကို သတ်မယ်လို့ ဆက်တိုက် ခြိမ်းခြောက်နေတာလေ၊ အဲ့ဒါကြောင့် ငါ မတော်တဆ သတ်မိသွားတယ်”
ထန်ဟောင်ကျုံးက ပခုံးတွန့်၍ လူမဆန်သော အပြုံးမျိုး ပြုံးနေသည်။ သို့သော် သူ့တွင် အပြစ်ရှိသလို ခံစားရပုံ လုံးဝ မပေါ်ချေ။
“ထန်ဟောင်ကျုံး သူက ကလေးလေးပဲ ရှိသေးတာလေ၊ မင်း ဘယ်လိုလုပ် ဒီလောက် ရက်စက်နိုင်ရတာလဲ”
ထန်မင်လီ၏ မျက်လုံးများ မီးပွင့်မတတ် ဖြစ်နေကာ ထန်ဟောင်ကျုံးအား နုတ်နုတ်စင်းရန် မစောင့်နိုင်တော့ချေ။
*ဒီခွေးတိရစ္ဆာန်ကောင်*
*သူ သေရမယ်*
“ယဲ့ဖန်နောက်ကို လိုက်တဲ့လူတိုင်းက ရန်သူပဲ၊ ဘာခြွင်းချက်မှ မရှိဘူး”
ထန်ဟောင်ကျုံးက ထီမထင်ဟန် ပြုံးလေသည်။
“အဲ့လူက ကလေးမပြောနဲ့ မွေးကင်းစ ကလေး ဖြစ်နေမယ်ဆိုရင်တောင် သေရမှာပဲ”
ထိုစကားသံ ထွက်လာသည်နှင့် ပုန်ကန်သူများအားလုံး တုန်လှုပ် သွားကြသည်။
“ဘုတ် ဘုတ်”
နောက်ထပ် ခေါင်းပြတ်အချို့ လိမ့်ကျလာသည်။ သူတို့သည် အတင်း အဓမ္မ ခေါင်းဖြတ်ခံထားရခြင်း ဖြစ်လေသည်။ ထိုသူများအားလုံးက ထန်မင်လီ၏ ဆွေမျိုးများ ဖြစ်သည်။ ထန်မင်လီ၏ မျက်လုံးများ နီရဲကာ စိတ်ကယောက် ကယက် ဖြစ်လာသည်။
“ထန်မင်လီ မင်း မြင်လား၊ ဒါ မင်းမိသားစုမျိုးနွယ်ရဲ့ ဘေးကင်းမှုကို လျစ်လျူရှု ခဲ့တဲ့ ရလဒ်ပဲ၊ သူတို့အားလုံးက မင်းကြောင့် အသတ်ခံရတာ”
ထန်ဟောင်ကျုံးက အရှက်မရှိ ပြုံးနေသည်။
“အခု ငါ ဘယ်သူ့ကို ကစားရမလဲ”
သူကြည့်လိုက်သည့်နေရာတိုင်းမှ မည်သူမဆို ကြက်သီးတဖြန်းဖြန်း ထသွား ကြသည်။
“ဟားဟားဟား ကြည့်ပါဦး မင်းတို့ ကြောက်နေလိုက်တာ၊ မင်းတို့ သေမှာ မကြောက်ဘူးလို့ ငါ ထင်နေတာ၊ အသက်ရှင်ဖို့က လွယ်ပါတယ်၊ ငါ မင်းတို့ကို အခွင့်အရေး တစ်ခေါက် ထပ်ပေးမယ်၊ ငါ့ရှေ့မှာ ဒူးထောက်ပြီး သတ်ဖြတ်ခြင်းကျောင်းတော်ကို အညံ့ခံပါမယ့်လို့ ကျိန်ဆိုရင် ငါ မင်းတို့ကို အသက်ချမ်းသာပေးမယ်”
သို့သော် သူ ထိုစကား ပြောလိုက်သည်နှင့် အဖမ်းခံထားရသူများ၏ မျက်နှာပေါ်မှ ကြောက်စိတ်များ လွင့်စဉ်သွားပြီး အလွန် အထင်သေးဟန်များ ပေါ်လာသည်။
“ငါတို့ကို သတ်ဖြတ်ခြင်းကျောင်းတော်ဆီမှာ အညံ့ခံခိုင်းတယ် ဟုတ်လား၊ မင်းက ဘာမို့လို့လဲ”
“ဟီးဟီး ညစ်ပတ်တဲ့ လှည့်ကွက်တွေပဲ သုံးတတ်တဲ့ ဒီရွံစရာကောင်တွေက အရှင် ယဲ့ဘုရင်နဲ့ အကွာကြီးကွ”
“အကွာကြီး ဟုတ်လား၊ သူတို့က အရှင်ယဲ့ဘုရင်ရဲ့ ဖိနပ်ကို လျက်ဖို့တောင် မယှဉ်နိုင်တာ၊ သူတို့မှာ ငါတို့ကို သတ်ရဲတဲ့ အရည်အချင်းပဲ ရှိတာ”
*ချီးပဲ*
ဤလူများ၏ အကြောက်အလန့်မဲ့သော စကားများကို ကြားပြီး သတ်ဖြတ်ခြင်း ကျောင်းတော်နှင့် ထန်ဟောင်ကျုံးတို့ ချက်ချင်း အမျက် ချောင်းချောင်း ထွက်ကာ မျက်လုံးများက မီးဝင်းဝင်း တောက်လာသည်။
“သတ် သတ်ကြစမ်း၊ အခုကစပြီး တစ်မိနစ်ကုန်သွားတိုင်း တစ်ယောက် သတ်ပစ်၊ သူတို့ ဘယ်လောက် မာနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”
ထန်ဟောင်ကျုံး ဒေါသထွက်နေသည်။ သူ ဖမ်းထားသော အကျဉ်းသားများ၏ ထပ်ခါထပ်ခါ အရှက်ခွဲခြင်း ခံနေရသည် မဟုတ်ပါလော။ သူ့မျက်နှာ ထိုင်းမှိုင်းလာပြီး အရှက်ရသလို ခံစားလာရသည်။
“ရွှစ်”
လက်လေးဘက် လောင်ဟန်က ဒေါသတကြီး ဓားကိုဝင့်၍ မိသားစုဝင် တစ်ယောက်ကို ထက်ပိုင်း ပိုင်းပစ်လိုက်သည်။
ထိုစဉ် အမယ်အိုတစ်ယောက်၏ တွန်းထိုးခြင်းကြောင့် ထန်ယွင်အာ ရောက်လာသည်။ သူမအား အဝတ်အစား အသစ် ဝတ်ထားပေးပြီး သူမအသားအရေက နီမြန်းနေကာ ယခုလေးတင် ရေချိုးပြီးထားမှန်း သိသာလှသည်။
ရေချိုးခန်းထဲမှထွက်လာသော မိန်းမလှလေးတစ်ယောက်သဖွယ် ဇာပိုးထည် ကို ဝတ်ဆင်ထားပုံက လှပလွန်း ပေသည်။ ထန်ဟောင်ကျုံး၏ မျက်လုံးများ အရောင်တောက်လာ၏။
“သခင်ကြီး ကျွန်မ သခင်မလေးကို ရေချိုးခိုင်းပေးပြီးပါပြီ၊ အခု သန့်ရှင်း နေပြီမို့ အချိန်မရွေး ပျော်နိုင်ပါတယ်”
အမယ်အိုက မျက်နှာချိုသွေးသော အပြုံးဖြင့် ပြောလိုက်သည်။
“ကောင်းတယ် သွားမယ်”
ထန်ဟောင်ကျုံး ပြုံးနေပြီး သူ့မျက်နှာမှ တဏှာရာဂစိတ်က ပိုမိုပြင်းထန် ပေါ်လွင်လာပြီး ထန်ယွင်အာထံသို့ တည့်တည့်မတ်မတ် လျှောက်သွား လေသည်။
“အလှလေး ငါနဲ့ ပျော်ပါးမလား”
“ထန်ဟောင်ကျုံး ငါ့ယွင်အာနဲ့ ဝေးဝေးနေစမ်း၊ တိရစ္ဆာန်ကောင် ကိုယ့်မြေးတူမ အရင်းကိုတောင် မချန်ဘူး၊ မင်း သေသင့်တဲ့ကောင်”
ထန်မင်လီ မျက်လုံးများ မီးဝင်းဝင်းတောက်နေပြီး ထန်ဟောင်ကျုံး၏ ပုံစံကို ကြည့်ပြီး ဘာလုပ်ချင်နေမှန်း ရိပ်မိသောကြောင့် ထန်မင်လီ မျက်လုံးများ မီးဝင်းဝင်းတောက်နေသည်။
“ပါးစပ်ပိတ်ထား”
လက်လေးဘက် လောင်ဟန်က ထန်မင်လီ၏ လက်တစ်ဖက်ကို နင်းလိုက်သောကြောင့် ကြေမွသွားသည်။ ထိုအချိန်တွင် ထန်ယွင်အာက မျက်လုံးကို မှိတ်ထားပြီး အမူအရာက ခံစားချက် ကင်းမဲ့နေ၏။ သူမ၏ ပါးနှစ်ဖက်ပေါ်သို့ မျက်ရည် စီးကျလာသည်။ လက်ရှိတွင် သူမ၏ ကံကြမ္မာကို သူမ လက်ခံလိုက်ပုံ ရသည်။
*အစ်ကိုယဲ့ဖန် ယွင်အာ ရှင့်ကို သဘောကျတယ်၊ ကျွန်မ သိပ်ကို သဘောကျတာ၊ ကျွန်မ ဒါကို ရှင့်ကို ထပ်ပြောနိုင်မယ့် အခွင့်အရေး မရှိတော့ဘူး*
*ရှင်က သန်မာပြီး လွှမ်းမိုးချုပ်ကိုင်နိုင်တယ်*
*ရှင့်ရဲ့ နတ်ဆိုးပုံစံ၊ ရှင့်ရဲ့ ရူးသွပ်မှု*
*အဲ့ဒါတွေက ကျွန်မကို နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်ခဲ့လို့ ကျွန်မ ရုန်းမထွက် နိုင်တော့ဘူး၊ ရှင့်နဲ့ ဆုံတဲ့အချိန်ကစပြီး ကျွန်မ အခြားယောက်ျားသားတွေကို မမြင်တော့ဘူး*
*သူတို့အားလုံးက ရှင့်ကို တစ်ရာခိုင်နှုန်းလောက်တောင် မယှဉ်နိုင်ဘူးလို့ ကျွန်မ ထင်တယ်*
*ကျွန်မ ဒီလိုစကားတွေ ထပ်မပြောနိုင်တော့တာ စိတ်မကောင်းစရာပဲ*
*ကျွန်မ အသုံးမကျတော့ ရှင့်သိုင်းပညာကို လိုက်မမီနိုင်ခဲ့ဘူး*
*ဒါပေမဲ့ ကျွန်မရဲ့ အပျိုစင်ဘဝကို ထိမ်းသိမ်းပြီး ကျွန်မရဲ့ စိတ်နဲ့ခန္ဓာ အလုံးစုံကို ရှင့်ကိုပဲ ပိုင်ဆိုင်စေချင်တယ်*
“အစ်ကိုယဲ့ဖန် ယွင်အာ ရှင့်ကို ချစ်တယ်”
ထိုအချိန်မှာပင် သူမ မျက်လုံးပြန်ဖွင့်၍ ခေါင်းမော့၍ ဖွင့်မပြောရဲခဲ့သော စကားကို ကျယ်လောင်စွာ တိုင်တည် ပြောဆိုလိုက်သည်။
ထို့နောက်တွင်မူ သူမလက်ထဲ၌ ဓားမြောင်တစ်လက် ပေါ်လာသည်။ ဤသည်ကို မြင်သော် ထန်ဟောင်ကျုံးက ထီမထင်ဟန်ပြုံး၍ အထင်သေးစွာ ပြောလိုက်သည်။
“ခွေးမလေး မင်း ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား”
“ကျွန်မ ရှင့်ကို မသတ်နိုင်ပင်မယ့် ကျွန်မကိုယ်ကျွန်မတော့ သတ်နိုင်တယ်”
ထန်ယွင်အာ၏ မျက်လုံးတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်ထွက် နေသည်။ ဓားမြောင်က သူမရင်ဘတ် တည့်တည့်သို့ ထိုးစိုက်သွားသည်။
“အစ်ကိုယဲ့ဖန် ကျွန်မ ရှင့်ကို ပြောရဦးမယ်၊ ကျွန်မ အိပ်မက်တစ်ခုမက်တယ်၊ အိပ်မက်ထဲမှာလေ ကျွန်မက ဘဝငါးဘဝနဲ့ မတူညီတဲ့ နေရာငါးခုမှာ နေခဲ့ပြီး မတူညီတဲ့ အလုပ်အကိုင် ငါးခုကို လုပ်ခဲ့တယ်တဲ့၊ ပြီးတော့ ငါးဘဝလုံးလုံး လူတစ်ယောက်ကိုပဲ ချစ်ခဲ့တယ်တဲ့လေ”
သို့သော် ထိုသူက ယဲ့ဖန်ဖြစ်ကြောင်း သူမ ထုတ်မပြောချေ။
“အစ်ကိုယဲ့ဖန် ကျွန်မကို တစ်ချက်လောက် ကြည့်ပါဦး၊ ကျွန်မ ကြည့်ကောင်း ရဲ့လား”
သို့သော် သူမက “ကျွန်မကို တစ်ချက်လောက် ကြည့်ခဲ့ရင် ကျွန်မ ရှင့်ကို ချစ်နေကြောင်း ရှင် သိလာမှာပါ”ဟု ဆက်မပြောခဲ့ပါ။
“အစ်ကိုယဲ့ဖန် လူတိုင်းက ကျွန်မကို တုနှိုင်းမဲ့တဲ့ အလှလေးလို့ ပြောကြတယ်၊ ဒါပေမဲ့ ကျွန်မက တစ်ယောက်တည်း ရှိစေချင်တာ”
ရှင့်အတွက် ကျွန်မတစ်ယောက်တည်းပဲ ရှိစေချင်တာဟု သူမ မပြောပေ။ သူမ၌ ပြောစရာစကားများစွာ ရှိသော်လည်း သူမ ပြောချိန်မရှိခဲ့သလို ပြောရဲသည့် သတ္တိလည်း မရှိခဲ့ပါ။
သူမ နောင်တရမိသည်။ သူမ ယဲ့ဖန်ကို ချစ်မိသွားသည့်အပေါ် နောင်တရခြင်း မဟုတ်ဘဲ အဘယ်ကြောင့် စောစော ဖွင့်မပြောမိရသလဲဟု နောင်တရမိခြင်း ဖြစ်လေသည်။
သူမ ဖွင့်မပြောမိရင် ဝမ်းသာမိသည်။ သို့မှသာ ယဲ့ဖန် သူမအတွက် အပြစ်များစွာ ရှိသလို ခံစားရမည် မဟုတ်ပါ။ စက္ကန့်ပိုင်းအတွင်းမှာပင် သူမကိုယ်လေးက လဲကျလာပြီး သူမစိတ်ထဲ၌ အတွေးများစွာ ယှက်သန်း နေ၏။ သူမသည် သေဆုံးချိန်အထိ ယဲ့ဖန်ကိုသာ သတိရနေပြီး ယဲ့ဖန် အကြောင်းကိုသာ စီစဉ်နေမိသည်။
ထန်ယွင်အာ၏ ခန္ဓာကိုယ်လေး လဲကျသွားပြီးနောက် သွေးများ စိမ့်ထွက် လာ၏။ သူမမျက်နှာတွင် အပြုံးလေး တစ်ပွင့် ပွင့်လန်းနေသည်။ အဘယ်ကြောင့် ဆိုသော် ကောင်းကင်ထက်၌ သူမ၏ အစ်ကိုယဲ့ဖန်က သူမထံ လာနေသည်ဟု မြင်လိုက်ရသလို ဖြစ်နေသောကြောင့်ပင်။
*ထင်ယောင်ထင်မှား ဖြစ်နေတာများလား*
*အဲ့လိုပဲ ဖြစ်မှာပါ*
*အစ်ကိုယဲ့ဖန် ကြည့်ပါဦး၊ ကျွန်မ ရှင့်ကို သိပ်ချစ်လွန်းတော့ မသေခင်အချိန်လေးအထိ ရှင့်ကို တွေ့ချင်နေမိတာ*
ထို့နောက် သူမမျက်လုံးများ ငြိမ်သက်သွားပြီး မလှုပ်တော့ချေ။ တစ်ကိုယ် လုံးလည်း လှုပ်ရှားမှု မရှိတော့ပါ။ ထိုအခိုက်တွင် အရာအားလုံး တိတ်ဆိတ် ငြိမ်သက်နေ၏။ လူတိုင်း ကျောချမ်းကာ မယုံနိုင်သလို ခံစားနေ ကြရသည်။
*မိန်းကလေးတစ်ယောက်က ယဲ့ဖန်အတွက်နဲ့ သူ့ကိုယ်သူ သတ်သေဖို့ ဝန်မလေးဘူးတဲ့လား*
*ဘာလို့လဲ*
*ဘာလို့ ဒီလိုဖြစ်ရတာလဲ*
*ဒီလူတွေထဲက ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ဘာလို့ သေရမှာကို မကြောက်ကြတာလဲ*
“ဘာလို့လဲ၊ ဘာလို့ ဒီလောက်များတဲ့ လူတွေက ယဲ့ဘုရင်အတွက် အသေခံ ချင်ရတာလဲ၊ သူက ဘာမှော်ပညာ သုံးပြီး ဒီလူတွေရဲ့ စိတ်ကို လှည့်စား ထားတာလဲ”
ဤမြင်ကွင်းက သူတို့အား အလွန် ထူးဆန်းသလို ခံစားရစေသည်။ ကြက်ကလေး တစ်ကောင်ကိုပင် သတ်ရန် တွန့်ဆုတ်တတ်သော မိန်းကလေး တစ်ယောက်၊ ပုရွက်ဆိတ်လေးအား နင်းမိလျင်ပင် အပြစ်ရှိသလို ခံစားရသည့် မိန်းကလေးက အဘယ်ကြောင့် ယောက်ျားတစ်ယောက်အတွက်နှင့် ပြတ်သားစွာ အသေခံရဲရသနည်း။
“ယွင်အာ….”
ထန်မင်လီ မျက်ရည်လည်ရွဲဖြင့် ဝမ်းနည်းပက်လက် အော်ခေါ်မိသည်။ သူ၏ မြေးမလေး၊ သူ အချစ်ရဆုံး မြေးမလေးက သူ့မျက်စိရှေ့မှောက်၌ ဤသို့ သေသွားရသည် မဟုတ်ပါတကား။
ဤရိုက်ချက်က သူ၏နှလုံးသားကို ဓားဖြင့် အထိုးခံလိုက်ရသည်ထက်ပင် ပိုမို၍ နာကျင်လှသည်။
“ဒုန်း ဒုန်း ဒုန်း”
ထန်မင်လီ ခေါင်းနှင့် ကြမ်းပြင်ကို ဆောင့်၍ နာကျင်စွာဖြင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။ သူ အားနည်းလွန်းသဖြင့် မြေးမလေးက ဤသို့သော အဆုံးသတ်ဖြင့် ကြုံတွေ့ရခြင်း ဖြစ်သည်ဟု ခံယူနေသည်။
“အဘိုးကြီးထန် ဒီလိုမလုပ်ပါနဲ့၊ အနည်းဆုံးတော့ သူက ဂုဏ်ရှိရှိ သေသွားတာလေ၊ သူ ဂုဏ်ရှိရှိ သေသွားတာ”
ဘေးနားမှ နလန်ရှောင်က မချိပြုံး ပြုံးနေ၏။ ဤသည်က ကံဆိုးမှုများထဲက ကံကောင်းမှုဟု ဆိုရပေမည်။ ထန်ယွင်အာတစ်ယောက် သူတို့ကဲ့သို့ အကြိမ်များစွာ နှိပ်စက်မခံရသလို ရက်ရက်စက်စက် ညှင်းဆဲခံရပြီး ဂုဏ်သိက္ခာမဲ့စွာ အသတ်ခံရခြင်း မဟုတ်ပါ။
ထိုစကားကိုကြားသော် ထန်မင်လီက မျက်ရည်ကိုသုတ်၍ ကြွေးကြော် လိုက်သည်။
“ယဲ့ဘုရင် အသက်ရှည်ပါစေ”
ထိုအခါ နလန်ရှောင်နှင့် အခြားသူများလည်း ကျယ်လောင်စွာ ကြွေးကြော် ကြသည်။
“ယဲ့ဘုရင် အသက်ရှည်ပါစေ”
“ယဲ့ဘုရင် အသက်ရှည်ပါစေ”
“ယဲ့ဘုရင် အသက်ရှည်ပါစေ”
သူတို့သည် ထိုနာမည်က သူတို့၏ မျှော်လင့်ချက်ဖြစ်သကဲ့သို့ ကျယ်လောင် သထက် ကျယ်လောင်စွာ အဆက်မပြတ် ကြွေးကြော်ကြသည်။ သူတို့ အကြောက်အလန့်မဲ့ရသည်မှာ ဤသည်ကြောင့်ပင်။
သူတို့ ယနေ့ သေရမည်ကို သိပါသည်။ သို့သော် သူတို့ သေရလျင်တောင်မှ သူတို့ ဂုဏ်ရှိရှိ သေခဲ့ကြောင်း ယဲ့ဖန် သိပါလိမ့်မည်။ သူတို့ ယဲ့ဖန် အရှက်ရ အောင် မလုပ်ခဲ့ပါ။ ဤသည်က သူတို့၏ နတ်ဘုရား ယဲ့ဘုရင်အတွက် နောက်ဆုံးသော ချီးကျူးဂုဏ်ပြုခြင်းပင်။
ရုတ်ချည်းဆိုသလိုပင် အိမ်တော်ခွဲတစ်ခုလုံး၌ နားကွဲမတတ် ကျယ်လောင်သော ဤကြွေးကြော်သံတို့ဖြင့် ပြည့်နှက် လာသည်။
လူတိုင်း ကြက်သေ သေသွားကြသည်။ ဆက်တိုက် ညှင်းပန်းနှိပ်စက် ခံရသော်လည်း ဤလူများ စိတ်ဓာတ် ခိုင်မာနေလိမ့်ဦးမည်ဟု သူတို့ ထင်မထားမိပါ။
သူတို့ ဤလူများကို နှိပ်စက်၍ အရှက်ခွဲရသည့် အကြောင်းရင်းမှာ ဤလူများ၏ စိတ်အစဉ်ကို ရိုက်ချိုး၍ အညံ့ခံလာအောင် လုပ်လိုခြင်း ဖြစ်သည်။ သို့သော် သူတို့ အပြင်းအထန် နှိပ်စက်ပါသော်လည်း ဤလူများ၏ စိတ်အစဉ်က ခိုင်မာမြင့်မားနေသေးသည်။ ထို့အပြင် ပို၍တောင်မှာ ခိုင်မာလာ နေ၏။ ထိတ်လန့်စရာ ကောင်းလိုက် လေခြင်း။
သတ်ဖြတ်ခြင်းကျောင်းတော်မှ လုပ်ကြံရေးသမားများ အံ့အားသင့်ကာ စိုးထိတ် လာကြသည်။ သူတို့သည် သူတော်စင်သခင့်များ ဖြစ်ကြသည်။ သူတို့၏ အမြင်၌ ဤလူများသည် ပုရွက်ဆိတ်များကဲ့သို့ သေးနုပ်၍ အဆင့်မရှိဟု သတ်မှတ်ထားသည်။
သို့သော် သူတို့ ပုရွက်ဆိတ်များဟု သတ်မှတ်ထားသည့် ဤလူများက သူတို့အား အကြောက်တရားဟူသော ခံစားချက်ကို ခံစားရအောင် လုပ်ဆောင် နိုင်သဖြင့် သူတို့ တုန်လှုပ်လာကြသည်။
Chapter 1414 ငရဲရောက်လာပြီ
လက်ရှိတွင် ပုရွက်ဆိတ်ကောင်များဟု သူတို့ သတ်မှတ်ထားသော လူများ၏ မျက်လုံးများက သူတို့အား စိတ်မသက်မသာ ဖြစ်စေကာ ကြောက်ရွံ့စေသည်။
“ရပ်၊ သူတို့ကို တားကြစမ်း”
ထန်ဟောင်ကျုံးက မကျေနပ်သော မျက်လုံးများဖြင့် ဒေါသတကြီး အော်ဟစ် လိုက်သည်။ သူ့အမူအရာက အလွန်အမင်း ကြည့်ရဆိုးနေ၏။
ထန်ဟောင်ကျုံးသည် ဤအကျဉ်းသားများက သူတို့ကို ထပ်ခါထပ်ခါ အရှက်ခွဲနေသည်ကို သည်းမခံနိုင်တော့ဘဲ ဒေါသထွက်လာရသည်။
သို့သော် နလန်ရှောင်နှင့် အခြားသူများသည် သေရမည်ကို မကြောက်ချေ။ သူတို့သည် အသံကို တစ်စက်ကလေးမျှ မတိုးသည့်အပြင် ပို၍ပင် အသံကျယ် လာသေးသည်။
“ယဲ့ဘုရင် ယဲ့ဘုရင် ယဲ့ဘုရင်”
လုပ်ကြံရေးသမားများက ချက်ချင်း ဓားကိုမြှောက်ကာ ဤလူများကို တစ်သက်လုံး ပါးစပ်ပိတ်သွားစေရန် အသင့်ပြင်လိုက်သည်။
“ခေါ်လေ၊ ဆက်ခေါ်နေ၊ မင်းတို့ ဘယ်လောက် ကျယ်ကျယ် အော်နိုင်မလဲ ငါ ကြည့်တာပေါ့”
ထန်ဟောင်ကျုံးက ဒေါသတကြီး ကြိမ်းဝါးပြီးနောက် လက်ဝှေ့ယမ်း လိုက်သည်။
“သတ်လိုက်”
ထိုအခိုက်တွင် ဓားပေါင်းများစွာက သူတို့အားလုံးထံသို့ အရှိန်ဖြင့် ကျရောက် လာသည်။ ထန်ဟောင်ကျုံး၏ မျက်နှာက တင်းမာနေပြီး ဤမြင်ကွင်းက သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားစေသည်။ အဘယ်ကြောင့်ဆိုသော် မကြာခင် ဤအရူးများ နောက်ထပ် မအော်နိုင်တော့မည်ကို သူ သိနေသောကြောင့်ပင်။
သို့သော် ထိုအခိုက်၌ ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်ထက်၌ လေပြင်း တိုက်ခိုက်ကာ လျှပ်စီးလက်လာပြီး အလင်းကဲ့သို့ လျင်မြန်သော အရိပ်တစ်ခု ရောက်လာလေသည်။ နှစ်ထောင်ချီ၍ ကျော်ကြားသောလူ ရောက်လာလေပြီ။
“သေကြစမ်း”
သူ၏ မျက်လုံးများက သွေးဆာနေပြီး အလွန်အမင်း ကြောက်စရာ ကောင်းနေသည်။ ရက်စက်ကြမ်းကြုတ်ကာ ကြောက်မက်ဖွယ် ကောင်းလှသည်။
လက်ရှိတွင် သူသည် လုံးလုံးလျားလျား ဒေါသထွက်နေပြီး ပြင်းထန် ကြမ်းကြုတ်သောအရှိန်အဝါများ ထွက်ပေါ်လျက် ရှိသည်။
ထောင်ချီသော နတ်ဆိုးချီမျှင်စုများက လုပ်ကြံရေးသမားများကို သည်းကြီး မည်းကြီး သတ်ဖြတ်လာသည်။ အောက်သို့ ကျလာတော့မည့် ဓားများက တန့်ခနဲ ဖြစ်သွားပြီး လုပ်ကြံရေးသမားများ ထုံထိုင်းထိုင်း အမူအရာများ ဖြစ်သွားကြသည်။ ဓာတ်လိုက်သကဲ့သို့ ချက်ချင်း မလှုပ်မယှက် ဖြစ်သွားလေသည်။
ထိုသို့သောအချိန်၌ သူတော်စင်သခင်အဆင့်များ အံ့အားသင့်သွားသည်။
*ဘာဖြစ်တာလဲ*
ထို့နောက် သူတို့ ကောင်းကင်သို့ ပြိုင်တူမော့ကြည့်လိုက်သည်။ ထိုအခါ မည်းနက်နေသော တိမ်စိုင်တစ်ခုက ကောင်းကင်နှင့် နေမင်းတို့အား ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။ ယင်းပုံစံက နတ်ဆိုးနတ်ဘုရားက သန်းရာချီသော နတ်ဆိုးစစ်သည်တော်များကို ခေါ်ဆောင်လာပုံနှင့်ပင် တူနေ လေသည်။ သူတို့စိတ်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ပေါက်ဖွား လာသည်။
*မဟုတ်မှလွဲရော …*
နလန်ရှောင်နှင့် အခြားသူများသည် ထိုအသံကို ကြားသည်နှင့် မျက်လုံး ပြန်ဖွင့်ကြည့်လာပြီး မျက်လုံးအိမ်တွင်း၌ ဝမ်းသာအားရ ဖြစ်ဟန် ပေါ်လာသည်။
သူတို့၏ အမူအရာကိုမြင်ပြီး လူတိုင်း ချက်ချင်း ကြက်သီးထကာ တစ်စုံတစ်ရာကို နားလည်သွားသည်။ သို့သော် သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ထိုလူရိပ်သည် တစ်ဟုန်းဟုန်း တောက်လောင်နေသော လူသတ်ချင်စိတ် နှင့်အတူ အရှေ့သို့ ရောက်ရှိလာ၏။ ဤနတ်ဆိုးက ချက်ချင်း လှုပ်ရှား လေသည်။
“အတော်ပဲပေါ့”
ထိုစဉ် လက်လေးဘက် လောင်ဟန်က ဦးဆောင်၍ ယဲ့ဖန်ရှိရာသို့ သတ်ဖြတ် တော့မည်ဟန်ဖြင့် ပြေးတက် လာသည်။
လက်လေးဘက်လုံးက လေဟာနယ်ခွင်း၍ အရှေ့မှ အရာအားလုံးကို ဖျက်ဆီးတော့မည်ဟန်ဖြင့် ထိုးခွင်းလာသည်။ လက်လေးဘက် လောင်ဟန်၏ လက်တစ်ဖက်ချင်းစီက တောင်များကိုပင် ရွှေ့နိုင်လောက် သည်အထိ သန်မာလေသည်။
ယဲ့ဖန်က မရှောင်သဖွယ် လက်သီးဖြင့် ပြန်ထိုးလိုက်သည်။ ထိုအခါ စကြဝဠာ ကိုပင် ပြိုပျက်စေနိုင်သော စွမ်းအင်တစ်ခုက သူ့ထံ ဦးတည်လာသည်ကို လက်လေးဘက် လောင်ဟန် သတိထားမိလာ၏။
*မကောင်းတော့ဘူး*
သူ ချက်ချင်း ကြောက်ရွံ့သွားပြီး အော်ဟစ်ကာ နောက်ဆုတ်လိုက်သော်လည်း နောက်ကျသွားချေပြီ။
“ဂျွတ်”
နှစ်ယောက်သား ထိပ်တိုက် တိုက်ခိုက်မိချိန်တွင် လက်လေးဘက် လောင်ဟန်၏ လက်တစ်ဖက်သည် ကျိုးကြေသွားပြီး ပုပ်သိုးသကဲ့သို့ တဖြည်းဖြည်း ပျက်စီးလာ၏။
“မင်း”
သူ ထိတ်လန့်ကာ ဒေါသထွက်သွားသည်။ တစ်ဖက်လူက အလွန် ကြောက်စရာ ကောင်းနေလိမ့်မည်ဟု သူ ထင်မထားမိပါ။ တစ်ချက်တည်းနှင့် သူ၏ ခုခံမှုအားလုံးကို ဖျက်ဆီး၍ သူ့အား ထိခိုက်အောင် လုပ်နိုင်နေသည်။
သို့သော် လက်ရှိတွင် သူ့၌ အခြားနည်းလမ်း မရှိသောကြောင့် ကျန်လက် သုံးဘက်ဖြင့် ယဲ့ဖန်အား သည်းကြီးမည်းကြီး ထိုးနှက်လေသည်။ ပေါက်ကွဲ သံများ အဆက်မပြတ် ထွက်ပေါ်နေသော်လည်း ယဲ့ဖန်၏ လက်သီးချက် များကို မတားဆီးနိုင်ခဲ့ပါ။
“ဂျွတ်”
ဒုတိယမြောက် လက်တစ်ဖက် ကျိုးသွားပြီး ကိုးဆယ်ဒီဂရီ လိမ်ကောက် သွားသည်။
“မဟုတ်ဘူး ရပ်လိုက်တော့”
လက်လေးဘက် လောင်ဟန် နာကျင်စွာ အော်ဟစ်တားမြစ်လိုက်သည်။ နာကျင်မှုက သူ့အား ဆောက်တည်ရာမရ ဖြစ်စေသည်။ သို့သော် ယဲ့ဖန်၏ မျက်လုံးများက အေးစက်နေပြီး သက်ညှာမှု တစ်စက်မှု ပေါ်လွင်နေခြင်း မရှိဘဲ သူ့အား စူးစူးရဲရဲ စိုက်ကြည့်နေသည်။
“ဂျွတ်”
တတိယ လက်သည်လည်း ကျိုးသွားကာ လက်လေးဘက် လောင်ဟန် သွေးအန်လာ၏။
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
*ဘာလို့ သူ့လက်ထဲမှာ နည်းနည်းလေးမှ ပြန်တိုက်နိုင်စွမ်း မရှိရတာလဲ*
*ဒီလူ … သူက လူလား သရဲလား*
“ဂျွတ်”
နောက်ဆုံးသော အရိုးကျိုးသံနှင့်အတူ လက်လေးဘက်လုံး ကျိုးသွားလေ တော့သည်။ တစ်ခဏအတွင်း လက်လေးဘက် လောင်ဟန်သည် သူ၏ ခုခံနိုင်မည့် အစွမ်းကို ဆုံးရှုံးသွားလေသည်။
“ဝုန်း”
ယဲ့ဖန်က သူ့အား လေထဲမြှောက်တင်၍ ထိုးနှက်လိုက်သောကြောင့် လက်လေးဘက် လောင်ဟန်၏ ခန္ဓာကိုယ်က လေထဲ၌ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားလေသည်။ ကောင်းကင်ထက်၌ သွေးမိုးများ ရွာသွန်းလာလေသည်။ ကြောက်စရာကောင်းသော သေဆုံးမှုပင်။
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
ဤသည်ကိုမြင်သော် ထန်ဟောင်ကျုံးနှင့် အခြားသူများ ရုတ်တရက် မျက်နှာပျက် သွားကြသည်။
*သူတော်စင်သခင်အဆင့်က ချက်ချင်း အသတ်ခံလိုက်ရတာလား*
*မယုံနိုင်စရာပဲ*
ထို့အပြင် လက်လေးဘက် လောင်ဟန်၏ ခန္ဓာကိုယ်ကို ရွှေနှင့်ကြေးနီတို့ဖြင့် သွန်းလုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်အား ပြိုင်ဘက် ကင်းအောင် လေ့ကျင့်ထားသူ ဖြစ်သည်။
သို့သော် ဤလူရှေ့၌ သူ ချက်ချင်း ရှင်းလင်းခံလိုက်ရကာ ပေါက်ကွဲ သေဆုံး သွားခဲ့သည်။
“ဒုန်း”
ကြောက်မက်ဖွယ် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ယဲ့ဖန် မြေကြီးပေါ် ဆင်းလာသည်။ ထို့နောက် ခန်းမတွင်း၌ မွန်းကြပ်ဖွယ် ကောင်းသည့် ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှင့် လေတော့သည်။ ငရဲမှ မကောင်းသော အငွေ့အသက်များပါသည့် လေထု တိုက်ခတ်လာသည်ဟု ထင်မှတ်ရသည်။
*ကြောက်စရာကောင်းတယ်*
*အရမ်း ရက်စက်လွန်းတယ်*
လက်ရှိအချိန်၌ နတ်ဆိုးတစ်ကောင် ပေါ်ထွက်လာသည်။ တစ်ဖက်လူကို မြင်လိုက်ရသည့်အခိုက်တွင် ထန်ဟောင်ကျုံး မျက်နှာ အမူအရာ ပြောင်းလဲ သွားပြီး တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။
“ယဲ့ … ယဲ့ဖန်”
ယဲ့ဖန် ဤနေရာ၌ ပေါ်လာရဲလိမ့်မည်ဟု သူ ထင်မထားမိပါ။ ထောင်ချောက်မှန်း သိနေတာတောင်မှ ရောက်လာလိမ့်မည်ဟု ထင်မထား မိချေ။
“မင်းက ယဲ့ဖန်လား၊ တော်တယ် ကောင်လေး၊ မင်း ပေါ်လာမယ်လို့ ငါ ထင်မထားမိဘူး”
တစ္ဆေအဆင့် လုပ်ကြံရေးသမားများအဖွဲ့က ရှေ့တက်လာပြီး ယဲ့ဖန်ကို ကြောက်လန့်ဟန်ဖြင့် ကြည့်နေကြသည်။ တစ်ဖက်လူက လှုပ်ရှားလာသည်နှင့် သူတို့ထဲမှ တစ်ယောက်ကို သတ်ပစ်ခဲ့သည်။
*ဒီကောင်က မိစ္ဆာတစ်ကောင်လို ကြောက်စရာကောင်းတယ်ဆိုတဲ့ ကောလာ ဟလ အတိုင်း ကြောက်စရာ ကောင်းနေတာပဲ*
ဘာကြောင့်မှန်း မသိသော်လည်း ယဲ့ဖန်ကို ကြည့်လိုက်သည်နှင့် သူတို့ မကောင်းသော ခံစားချက် ရလာသည်။ တစ်ဖက်လူ၌ သူတို့ကို အနှောင့် အယှက် ပေးနိုင်သည့် အရှိန်အဝါ ရှိနေ၏။ ထိုအရှိန်အဝါက ငရဲမှ လာသလိုပင်။
“အရှင်ယဲ့ဘုရင်”
“အရှင်”
ယဲ့ဖန်ကိုမြင်သော် နလန်ရှောင်နှင့် အခြားသူများ ချက်ချင်း အားရဝမ်းသာဟန် ပေါ်လာသည်။ ယဲ့ဖန် သူတို့ကို ဘယ်သောအခါမှ စွန့်ပစ်လိမ့်မည် မဟုတ်ကြောင်း သူတို့ သိနေပါသည်။ ယခု သူတို့ကို ကယ်ရန် သူ ရောက်လာလေပြီ။
သို့ရာတွင် ယဲ့ဖန်က လူတိုင်း၏ စကားသံကို မသိကျိုးကျွန်ပြုကာ ထန်ယွင်အာ ထံသို့ လျှောက်သွားသည်။ ထို့နောက် သူသည် ကိုယ်ကိုကိုင်း၍ သူမအား ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်လိုက်သည်။ သူမ၏ အမြင် မှန်ကန်ခဲ့ပါသည်။ သူမ၏ အစ်ကိုယဲ့ဖန် ဤနေရာသို့ အမှန်တကယ် ရောက်ရှိလာ၏။
ယဲ့ဖန်က သူမကို တင်းကြပ်စွာ ပွေ့ဖက်ထားပြီး သူ၏ မျက်နှာတွင် ကြင်နာမှုများနှင့် ပြည့်နှက်နေသည်။
“အရူးမလေး မင်း ဒီလောက် အကျယ်ကြီး အော်နေတာ၊ ငါ ကြားတာပေါ့”
ထိုစကားကို ထန်မင်လီ ကြားသောအခါ ချက်ချင်း မျက်ရည်ကျလာပြီး နှလုံးသားအား ဓားနှင့်ထိုးသလို ခံစားလိုက် ရသည်။ ခေါင်းနှင့် ကြမ်းပြင်ကို ဆက်တိုက်နေပြီး နာကျင်စွာ အော်ဟစ်နေ၏။
“ချီးပဲ ငါ သေသင့်တယ်၊ ငါ သေသင့်တာ”
ယဲ့ဖန် ဘာမှမပြောဘဲ သူ ဖော်စပ်ထားသော ဆေးကို ထန်ယွင်အာ၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ မူလက ဤဆေးကို ထန်ပုခူ၏ မျက်နှာကို ကုသရန် ချန်ထားသော်လည်း ယခု ထန်ယွင်အာအတွက် အသုံးပြု လိုက်သည်။
“ယဲ့ဖန် သူက မင်းကို တကယ် ချစ်တာ၊ မင်းအတွက် သူ့ကိုယ်ကို အထိမခံဘဲ ကာကွယ်နိုင်ဖို့ သူ့ကိုယ်သူ သတ်သေဖို့တောင် ဝန်မလေးခဲ့ဘူး၊ ကျွတ် ကျွတ် ကျွတ် … တကယ်ပါ ငါ ရင်ထဲကို ထိသွားတာပဲ”
ထန်ဟောင်ကျုံးက လှောင်ရယ်လေသည်။
“ဒီအရူးမလေးက သူ သေသွားရင် သူ့ခန္ဓာကိုယ်ကို အပျိုစင်အဖြစ် ထိန်းသိမ်းနိုင်မယ်လို့ ထင်နေတာလား၊ တစ်ခြား မိန်းမသာဆို ငါ လက်လျှော့လိုက်မှာ”
“ဒါပေမဲ့ သူက သိပ်လှလွန်းတော့ မသာဖြစ်နေတာကို ငါ သည်းခံပြီး သူနဲ့ ပျော်ပါးနိုင်လောက်ပါတယ်”
ယဲ့ဖန်က ကြောက်စရာကောင်းပါ၏။ သို့သော် သူ မည်မျှ ကြောက်စရာ ကောင်းပါစေ သတ်ဖြတ်ခြင်း ကျောင်းတော်မျှ ကြောက်စရာ မကောင်းနိုင်ပါ။ သူ့စိတ်ထဲတွင် ယဲ့ဖန် လာရဲလျင် သေလိမ့်မည်ဟု တွက်ထားသည်။
သို့သော် သူ၏ ရန်စစော်ကားသော စကားများကို ကြားသော်လည်း ယဲ့ဖန်က ခံစားချက် ကင်းမဲ့မြဲ ကင်းမဲ့နေပြီး သူမရင်ဘတ်မှ ဓားမြောင်ကို ဆွဲထုတ်ကာ သူမအား ရုပ်တုသဖွယ် တင်းကြပ်စွာ ပွေ့ဖက်ထားလေသည်။
“သေချင်နေတာပဲ”
သူတော်စင်သခင်အဆင့်များအားလုံး တောင့်ခနဲ ဖြစ်သွားပြီး တင်းမာ ခက်ထန်သော အကြည့်များဖြင့် ဒေါသတကြီး ကြည့်လာသည်။
*ဒီကောင်က ငါတို့ကို ဘယ်လိုတောင် လျစ်လျူရှုရဲတာလဲ*
*ဒါ သေတွင်းတူးနေတာ*
“ရူးမိုက်ချင်ယောင်ဆောင်နေတာလား၊ ကောင်းပြီလေ မင်း ဘယ်လောက်ထိ ရူးမိုက်ချင်ယောင်ဆောင်နိုင်မလဲ ကြည့်ရသေးတာပေါ့”
ထန်ဟောင်ကျုံးက ခနဲ့လိုက်ပြီးနောက် အပြုံးကြီး ပြုံးလိုက်သည်။
“အခု သူ့လက်အောက်ငယ်သား အားလုံးကို သတ်ပစ်လိုက်၊ သူ ဘာမှမဖြစ်ဘဲ နေနိုင်ဦးမလား ကြည့်ရ သေးတာပေါ့”
ထိုစကားကို ကြားသောအခါ သစ္စာဖောက်သူများ မျက်နှာပျက်သွားသည်။ ဤသည်က သူတို့ကို မြေစာပင်အဖြစ် အသုံးပြုသလို ဖြစ်နေသည် မဟုတ်ပါလော။
“ဘာလဲ မပျော်ဘူးလား၊ ဒါဆို မင်းတို့က ငါတို့ သတ်ဖြတ်ခြင်းကျောင်းတော်ရဲ့ ရန်သူ ဖြစ်လာလိမ့်မယ်”
ထန်ဟောင်ကျုံးက အေးစက်စက် ဆက်ပြောလိုက်သည်။ ထိုစကားကို ကြားသော် သစ္စာဖောက်သူများ ထိတ်လန့်သွားပြီး အံကြိတ်၍ ထန်မင်လီ တို့ထံသို့ လျှောက်သွားလေသည်။
ထိုစဉ် ငရဲ ရောက်ရှိလာလေသည်။ ကြောက်စရာကောင်းသော ဆင့်ခေါ်သံ တစ်သံ ထွက်ပေါ်လာ၏။
“ငါက ဆယ်ကမ္ဘာကို အုပ်စိုးတဲ့ အမှောင်အရှင်သခင်၊ ငရဲရဲ့ အနက်ဆုံးအလွှာရဲ့ နတ်ဆိုးနတ်ဘုရား၊ အခု ငါ အမိန့်ထုတ်တယ်၊ ငရဲက ကျဆုံးသွားတဲ့ ထောင်ချီတဲ့ နတ်ဘုရားတွေ ထွက်လာကြ၊ မိစ္ဆာဝိညာဉ်တွေ ထွက်လာပြီး ကောင်းကင်မှာ သွေးမိုးရွာသွန်းစေ၊ လောကကို မီးမြှိုက်ပြီး တစ်လောက လုံးကို ငရဲခန်းအဖြစ် ပြောင်းလဲ လိုက်စမ်း”
“ဝိညာဉ်ဖျက်ဆီးသူ မင်း ထွက်လာဖို့ ငါ အမိန့်ပေးနေတယ်”
“အမှောင်လောကရဲ့ သေလွန်ဝိညာဉ်တွေ၊ မင်းတို့ ထွက်လာဖို့ ငါ ဆင့်ခေါ်တယ်”
“နတ်ဆိုးခြောက်ကောင် မင်းတို့ကို ငါ ထွက်လာဖို့ အမိန့်ပေးတယ်”
ယဲ့ဖန်၏ ဆင့်ခေါ်သံအဆုံး၌ ကောင်းကင်ထက်တွင် အနက်ရောင် အငွေ့များ ထွက်ပေါ်လာကာ တိမ်တိုက်များကို ဖုံးလွှမ်းလာသည်။
ထို့နောက် အမှောင်ထဲမှ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသူများ ထွက်လာ၏။ တစ်ချို့၌ မျက်လုံး ရာချီရှိကာ၊ အချို့၌ လက်မောင်း ဆယ်ခုကျော် ပါနေပြီး တစ်ကောင်ချင်းစီက ကပ်ဆိုးသဖွယ် မကောင်းသော အငွေ့အသက်များ ထုတ်ဖော်နေ၏။
၎င်းတို့က ငရဲမှထွက်လာသူများ ဖြစ်သည်။ သူတို့အား နတ်ဆိုးဧကရာဇ်က ဆင့်ခေါ်နေသဖြင့် ပြင်ပလောကကို ဖြတ်ကျော်၍ ဤလူ့လောကထဲသို့ ခြေချလာခြင်း ဖြစ်လေသည်။
လူ့လောကထဲသို့ နတ်ဆိုးများ ရောက်လာလျင် ကောင်းသောအရာများ ဖြစ်လာမည် မဟုတ်သည်မှာ အသေအချာပင်။ ဤသည်ကိုမြင်ပြီး လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။
*ဒါ ဘာကြီးလဲ၊ ဒီလူက ငရဲက အကောင်တွေကို ဆင့်ခေါ်တာလား*
“အရှင်မင်းမြတ်”
ငရဲမှ သတ္တဝါများက ပေါ်လာပြီးသည်နှင့် ယဲ့ဖန်ကို ဦးညွှတ် အရိုအသေ ပေးကြသည်။
“သူတို့အားလုံးကို သတ်ပစ်”
ယဲ့ဖန်၏ စကားသံအဆုံး၌ ငရဲမှ မိစ္ဆာဝိညာဉ်များက သားကောင်ကိုလိုက်သော ကျားသဖွယ် ပြေးထွက်သွားပြီး သစ္စာဖောက်များအား သတ်လေတော့သည်။
“အား…”
ဆောက်တည်ရာမရ အော်ဟစ်သံများ ပဲ့တင်ထပ်သွားလေသည်။ ငရဲမှ သတ္တဝါများက စားသူကစား၊ ထက်ပိုင်း ပိုင်းသူက ပိုင်းနှင့် သတ်နေကြပြီး ထွက်ပြေးရန် အချိန်နှောင်းသွားလေပြီ။
ဤနတ်ဆိုးများ၌ သူတို့၏ မူပိုင် သတ်ဖြတ်ဟန်များ ရှိကြပြီး တစ်နည်းအားဖြင့်ဆိုလျင် သူတို့၌ ကိုယ်ပိုင် ဆော့ကစားနည်းများ ရှိသည်ဟု ဆိုရပေမည်။
“ဟီးဟီးဟီး”
ထို့နောက် ကျောချမ်းဖွယ် ရယ်သံများ ထွက်ပေါ်လာကာ ဤနတ်ဆိုးများက ပျော်ပျော်ရွှင်ရွှင် သတ်နေကြသည်။
နတ်ဆိုးဧကရာဇ်၏ အစေခံ နတ်ဆိုးများက သူတို့၏ သတ်ဖြတ်ပွဲကြီးကို စတင်နေသည်။ ထိုအခါ သူတော်စင်သခင်အဆင့်များက အပြုံးကြီးပြုံး၍ ထန်မင်လီတို့ထံသို့ လျှောက်သွားကြသည်။