← Chapters

အခန်း (၈၆၅)

Vol. 63 Ch. 865

အခန်း (၈၆၅)

Vol. 63 Ch. 865

​အခန်း ၈၆၅ လင်းနို့

လေးရက်အတွင်း စုမင်သည် တာအို ရိပ်သာတောင်ထံမှ ထိုကဲ့သို့သော အသံမျိုးကို ထွက်ပေါ်လာစေခဲ့သည်။ ယုမိသားစုတွင် ဤကဲ့သို့သော အဖြစ်အပျက်မျိုး တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးချေ။ ပထမတံခါးကို ဖြတ်ကျော်နိုင်သူ အများစုမှာ ဆယ်ရက်ခန့် တောင့်ခံပြီးမှသာ တာအို ရိပ်သာ၏ အသံအား ထွက်ပေါ်လာစေနိုင်ခဲ့ကြသည်။

ယုမိသားစုအတွင်း တာအိုတံခါး သုံးပေါက်လုံးကို ဖြတ်ကျော်နိုင်ခဲ့သည့် တစ်ဦးတည်းသော ဘိုးဘေးပင်လျှင် ထိုအသံ ထွက်ပေါ်လာရန် ခုနစ်ရက် အချိန်ယူခဲ့ရသည်။

​ထိုအသံ ထပ်မံထွက်ပေါ်လာသောအခါ ယုမိသားစု တစ်ခုလုံး ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။ အရပ်မျက်နှာ အသီးသီးမှ လူတို့၏ ပုံရိပ်များသည် ထိုနေရာသို့ ဦးတည်၍ ပြေးဝင်လာကြပြီး ထိုနေရာရှိ အဘိုးကြီး ၅ ဦးမှာလည်း မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့၏ စိတ်နှလုံးထဲတွင် အံ့ဩတုန်လှုပ်သွားမှုကြောင့် အသက်ရှူနှုန်းများ အနည်းငယ် ပိုမြန်လာရ၏။

ယုချန်ဟိုင် တစ်ယောက်သာလျှင် စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို တင်းတင်းဆုပ်ထားလေသည်။

​"ကောင်းကင်ဘုံ တံခါးသုံးပေါက်ရဲ့ ပထမတံခါးကို ဘယ်သူ ဖြတ်ကျော်လိုက်တာလဲ" ထိုသို့ ဆိုကာ ဟိန်းဟောက်သံ တစ်သံနှင့်အတူ ပထမဆုံးသော ယုမိသားစုဝင်တစ်ဦး ရောက်ရှိလာသည်။

သူသည် ဖြူဖွေးသော အသားအရေရှိပြီး နှုတ်ခမ်းမွှေး မရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် မီးခိုးရောင် ဝတ်ရုံရှည်အား ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကိုလည်း ဖားလျားချထားလေသည်။ သူသည် လေဟာပြင်မှ ပေါ်လာပြီး အဘိုးကြီး ၅ ဦး၏ ရှေ့တွင် ရပ်လိုက်၏။

ထို ၅ ဦးသည် ချက်ချင်းပင် မတ်တတ်ရပ်ကာ လက်သီးကို လက်ဝါးဖြင့် အုပ်၍ ထိုလူလတ်ပိုင်း အမျိုးသားအား ဦးညွှတ် အရိုအသေပြုလိုက်ကြသည်။

​"တတိယ မိသားစု အကြီးအကဲကို ဂါရဝပြုပါတယ်" ထို ၅ ဦးက လေးစားသမှုဖြင့် တစ်ပြိုင်နက်တည်း ဆိုလိုက်ကြသည်။ သူတို့ အားလုံးမှာ ယုမိသားစုဝင်များ ဖြစ်ကြပြီး ထိုလူလတ်ပိုင်း အမျိုးသားမှာ သူတို့ထက် မအိုမင်းဟု ထင်ရသော်လည်း သူ၏ အသက်အစစ်အမှန်ကိုမူ မည်သူမျှ မသိရှိနိုင်ကြောင်း ထို ၅ ဦးက သိထားကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီကတည်းက ဤပုဂ္ဂိုလ်သည် ဤပုံစံအတိုင်းပင် သူတို့ရှေ့၌ ပေါ်လာခဲ့ဖူးသည်။ ယခု နှစ်ပေါင်း ထောင်ချီ ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း သူသည် အတိတ်ကအတိုင်းပင် ရှိနေသေး၏။ ထို့အပြင် သူတို့က သူထက် အသက်ကြီးနေစေကာမူ သူ့အပေါ်တွင် လေးလေးစားစား ရှိနေကြရမည် ဖြစ်သည်။

အထူးသဖြင့် ထိုလူလတ်ပိုင်း အမျိုးသားသည် မိသားစု ဘိုးဘေးခန်းမအတွင်းရှိ ဘိုးဘေးတစ်ဦးနှင့် အလွန် တူညီနေခြင်းကြောင့်လည်း ဖြစ်သည်။ ၎င်းကို နှစ်ပေါင်း ၆၀ လျှင် တစ်ကြိမ် ပြုလုပ်သော ဘိုးဘေးကန်တော့ပွဲ အခမ်းအနား၌ သူတို့ တွေ့မြင်နေကျ ဖြစ်၏။

ထိုအချက်ကို မပြောလျှင်ပင် သူ၏ အဆင့်အတန်း တစ်ခုတည်းနှင့်ပင် ထို ၅ ဦးအနေဖြင့် မိမိတို့ကိုယ်မိမိ သူနှင့် တန်းတူထားရန် မဖြစ်နိုင်ပေ။

သူသည် ယုမိသားစု၏ တတိယမြောက် မိသားစု အကြီးအကဲ ဖြစ်သောကြောင့် သူတို့ ရိုသေရခြင်း ဖြစ်လေသည်။

​လူလတ်ပိုင်း အမျိုးသား၏ မေးခွန်းများအား ထို ၅ ဦးသည် ဂါရဝပြုပြီးနောက် ခေတ္တမျှ တွေဝေသွားသော်လည်း မည်သည့်အရာကိုမျှ မဖုံးကွယ်ရဲဘဲ တိုးတိုးညှင်းညှင်း ဖြေဆိုလိုက်ကြသည်။ "မိသားစုရဲ့ ကလေးဖြစ်တဲ့ ချန်ဟိုင်က လူတစ်ယောက်ရဲ့ အကူအညီကို ရဖို့ ကြိုးစားနေတာပါ။ အဲဒီလူက စမ်းသပ်မှုခံယူဖို့ တံခါးသုံးပေါက်ဆီ လာခဲ့တာပါ"

"ဟင်... ငါတို့ မိသားစုရဲ့ ကလေးတွေက ဧည့်သည်တွေကို သူတို့ဘက်ပါအောင် ဆွဲဆောင်တဲ့အခါ ဧည့်သည်တွေကို တံခါးသုံးပေါက်ကို စိန်ခေါ်ခိုင်းဖို့ ဘယ်တုန်းက လိုအပ်သွားလို့လဲ" လူလတ်ပိုင်း အမျိုးသားက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ရင်း ကြိုတင်ရပ်နေသော ယုချန်ဟိုင်ထံသို့ အကြည့်ကို လွှဲလိုက်သည်။

​"တတိယ မိသားစု အကြီးအကဲကို ဂါရဝပြုပါတယ်" ယုချန်ဟိုင်က စိုးရိမ်တကြီးဖြင့် ဆိုလိုက်၏။ သူ့မိသားစုအတွင်း အဆင့်အတန်းအရ ပုံမှန်အချိန်များတွင် ဤလူလတ်ပိုင်း အမျိုးသားကို တွေ့ဆုံနိုင်ခွင့် မရှိပေ။ ဘိုးဘေးကန်တော့ပွဲ အခမ်းအနားများတွင်သာ အဝေးမှ လှမ်းတွေ့ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်လိုက်လေသည်။

"တခြားသူတွေကို ဖိနှိပ်တာနဲ့ မျိုးဆက်တွေကြားမှာ ပြိုင်ဆိုင်တာတွေက မင်းတို့ မျိုးဆက်သစ်တွေကြားက ဆက်ဆံရေးပဲ။ ဒါကို ငါ ဝင်မစွက်ဖက်ပါဘူး။ ဒါပေမဲ့ တံခါးသုံးပေါက်ကို အသုံးချတာကတော့... မင်းတို့ ၅ ယောက်၊ ဒီကိစ္စပြီးရင် သွားပြီး သီးသန့် ကျင့်ကြံနေကြ။ နောက် နှစ်ပေါင်း တစ်ထောင်အတွင်း မင်းတို့ကို ငါ့မျက်စိရှေ့မှာ မတွေ့ချင်ဘူး" လူလတ်ပိုင်း အမျိုးသားက တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် ယုချန်ဟိုင်ထံသို့ အာရုံလွှဲကာ အေးအေးဆေးဆေး မေးလိုက်၏။ "မင်းက ယုမိုင်ရဲ့ သွေးဆက် ဖြစ်တယ် မဟုတ်လား"

​"တတိယ မိသားစု အကြီးအကဲ ခင်ဗျာ၊ ကျွန်တော်ဟာ ဘိုးဘေး ယုမိုင်ရဲ့ မျိုးဆက် အစစ်အမှန်ပါ" ယုချန်ဟိုင်က မတ်တတ်မရပ်ရဲဘဲ တိုးတိုးလေး ဖြေလိုက်သည်။

"ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြဦး" ထိုသို့ ဆိုကာ လူလတ်ပိုင်း အမျိုးသားက လက်နှစ်ဖက်ကို နောက်ပစ်၍ တာအို ရိပ်သာတောင်ကို ကြည့်ရင်း ယုချန်ဟိုင်၏ စကားအား စောင့်ဆိုင်းနေလေသည်။

ယုချန်ဟိုင်သည် စုမင်နှင့် မည်သို့ စတင်သိကျွမ်းခဲ့သည်ကို အစမှ အဆုံးအထိ အလျင်အမြန် ပြောပြလေတော့သည်။

သူ စကားပြောနေစဉ်မှာပင် အရပ်မျက်နှာ အသီးသီးမှ အခြားသူများ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။ သူတို့သည် လူလတ်ပိုင်း အမျိုးသားကို မြင်သောအခါ လေးစားသောအမူအရာများဖြင့် ဦးညွှတ် ဂါရဝပြုကြ၏။

ယုချန်ဟိုင် စကားပြောပြီးသောအခါ ထိုနေရာတွင် ယုမိသားစုဝင် ပေါင်း တစ်ရာနီးပါး ရှိနေပြီ ဖြစ်သည်။ သူတို့သည် ထိုနှစ်ဦးကို ဝိုင်းရံထားရင်း ယုချန်ဟိုင်၏ ဇာတ်လမ်းကို နားထောင်နေကြလေသည်။

​လူလတ်ပိုင်း အမျိုးသားသည် တည်ငြိမ်စွာပင် နားထောင်နေ၏။ ဇာတ်လမ်းပြီးသောအခါ သူက မေးလိုက်သည်။ "မင်း ခေါ်ဖို့ ကြိုးစားတဲ့ ဧည့်သည်တော်ရဲ့ နာမည်က ဘယ်သူလဲ"

"သူ့နာမည်က စုမင် ပါ" ယုချန်ဟိုင်က ချက်ချင်း တိုးတိုးလေး ဖြေလိုက်သည်။

"စုမင်..." လူလတ်ပိုင်း အမျိုးသားက နောက်ထပ် ထပ်မပြောတော့ဘဲ တာအို ရိပ်သာတောင် ဆီသို့သာ အကြည့်ကို စိုက်ထားလေသည်။

"လေးရက်အတွင်းမှာ တာအို ရိပ်သာရဲ့ အသံ ပေါ်လာအောင် လုပ်နိုင်ခဲ့တာပဲ။ မင်း ဒါကို ဘယ်လို လုပ်ခဲ့တာလဲ။ နောက်ပိုင်းမှာ မင်း ကျရှုံးသွားမလား၊ ဒါမှမဟုတ် ရက်နည်းနည်းအကြာမှာ ဝိညာဉ်လင်းနို့ကို ပျံသန်းစေပြီး နေနဲ့လ တစ်ပြိုင်တည်း ထွန်းလင်းတဲ့ ဒုတိယတံခါးရဲ့ ထူးခြားမှုကို ပြသနိုင်မလားဆိုတာ ငါ သိချင်မိတယ်" လူလတ်ပိုင်း အမျိုးသားက တိုးညှင်းစွာ ပြောလိုက်သည်။ သူသည် မိမိကိုယ်မိမိ ပြောနေသကဲ့သို့ ရှိသော်လည်း ဘေးနားရှိ အခြားသူများကို ပြောနေသကဲ့သို့လည်း ဖြစ်နေ၏။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ တတိယ မိသားစု အကြီးအကဲ ရှိနေခြင်းကြောင့် ယုချန်ဟိုင်မှာ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေရသလို အခြားသော မိသားစုဝင်များလည်း ထိုနည်းတူပင် ဖြစ်သည်။ မည်သည့် ဆွေးနွေးငြင်းခုံသံမျှပင် မရှိတော့ဘဲ ထိုနေရာတစ်ခုလုံးသည် သင်္ချိုင်းကုန်းပမာ တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။

.....

​စုမင်သည် တပြေးတည်း သွယ်တန်းနေသော တောင်တန်းကြီး တစ်လုံးပေါ်တွင် ထိုင်နေလေသည်။ သူ ထိုနယ်မြေတစ်ခုလုံးကို လှမ်းကြည့်လိုက်သောအခါ အဆုံးအစမရှိသော ကုန်းမြေပြင်ကြီးအား မြင်တွေ့ရသည်။ တောင်တန်းများ မြင့်တက် နိမ့်ဆင်းနေပြီး လျှိုမြောင် ချိုင့်ဝှမ်းများနှင့် မြေပြန့်လွင်ပြင်များကိုလည်း နေရာအနှံ့ တွေ့ရ၏။

ဤနေရာတွင် သူသည် အချိန်၏ စီးဆင်းမှုကို မေ့လျော့နေလေသည်။ သူသည် ကောင်းကင်ယံကို တည်ငြိမ်စွာ ကြည့်နေပြီး သူ၏ မျက်လုံးများအတွင်းရှိ နေ၊ လ နှင့် ကြယ်တာရာများမှာ လည်ပတ်နေကြသည်။ သူ ကိုယ်တိုင် နားလည်သဘောပေါက်ခဲ့သော ပုံရိပ်ယောင် ပညာရပ်ကို လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ၏ အစွမ်းကုန် အသုံးချထားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ၏ ခန္ဓာကိုယ် ပုပ်သိုး ပျက်စီးသွားခြင်းကိုမူ သူ မတားဆီးနိုင်ခဲ့ပေ။ ထိုင်လျက် အနေအထားအတိုင်း ရှိနေသေးသော သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများမှာ ဆွေးမြည့် ပျက်စီးနေပြီ ဖြစ်ရာ အရိုးများသာ ကျန်ရစ်တော့သည့် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ စုမင် တာအို ရိပ်သာတောင် အတွင်းသို့ ခြေချလိုက်သည့် အချိန်မှစ၍ သူသည် ဤနေရာ၌ လှုပ်ရှားခြင်းမရှိဘဲ တင်ပျဉ်ခွေ ထိုင်နေခဲ့ခြင်း ဖြစ်သည်။ ထိုကျယ်ပြောလှသော ကမ္ဘာကြီးအတွင်း မည်သည့် အန္တရာယ်ကိုမျှ သူ မခံစားရသလို ဤနေရာတွင် မည်သည့် ခြိမ်းခြောက်မှုမှ မရှိသကဲ့သို့ပင် ခံစားရသည်။

သို့သော် သူသည် တစ်လက်မမျှပင် မလှုပ်ရှားခဲ့ချေ။ အကြောင်းမှာ သူ ရောက်ရောက်ချင်း တွေ့မြင်လိုက်ရသော မြေပြင်၊ တောင်တန်း၊ မြေပြန့်၊ ချိုင့်ဝှမ်းနှင့် အရာအားလုံးတို့က သူ၏ စိတ်နှလုံးကို တုန်လှုပ်သွားစေသောကြောင့် ဖြစ်သည်။ သူသည် တာအို ရိပ်သာတောင်၏ ပထမတံခါးကို စိန်ခေါ်သူများထဲတွင် ဤနေရာသည် အဘယ်အရာ ဖြစ်သည်အား တစ်ချက်ကြည့်ရုံနှင့် သိရှိသူမှာ သူသာ ပထမဆုံး ကျင့်ကြံသူ ဖြစ်ပေမည်။

​ဤနေရာသည် အဘယ်အရာ ဖြစ်သည်ကို သူ သိရှိရခြင်းမှာ လွန်ခဲ့သော နှစ်အနည်းငယ်က အစစ်အမှန် ယင်လောက၏ စစ်တပ်များ တပ်စွဲထားသည့် နယ်မြေ၌ သူ ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထို့အပြင် ဤအရာက သူ၏ အသက်ကို လိုက်လံ ခြိမ်းခြောက်ခဲ့သောကြောင့် အနောက်ငွေ့ရည်တိမ်တိုက်၏ သီးခြားနယ်မြေအရပ်မှ အိစန်းဝိညာဉ် ဆယ်ဦးသည် ထိုအရာနှင့် အပြင်းအထန် တိုက်ပွဲဝင်ရန်အတွက် ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။

၎င်းမှာ ကံကြမ္မာ၊ ရှင်သန်ခြင်း နှင့် သေခြင်းတရားတို့၏ အရှင်သခင်ပင် ဖြစ်လေတော့သည်။

သူ၏ ခန္ဓာကိုယ်အောက်ရှိ မြေပြင်မှာ ထိုအရှင်သခင်၏ လက်ဝါးပြင်ကြီး ဖြစ်သည်။ တောင်တန်းများမှာ လက်ဝါးပြင်မှ လက္ခဏာမျဉ်းများ ဖြစ်ပြီး မြေပြန့်လွင်ပြင်များမှာ ထိုလက္ခဏာမျဉ်းများကြားရှိ နေရာလွတ်များ ဖြစ်ကာ ချိုင့်ဝှမ်းများမှာ ထိုလက္ခဏာမျဉ်းများကြောင့် ဖြစ်ပေါ်လာသော အက်ကြောင်းများ ဖြစ်ကြသည်။

သို့သော် ဤကုန်းမြေပြင်မှာ သူ အတိတ်က မြင်တွေ့ခဲ့ဖူးသော အရာထက်ပင် ပိုမို ကြီးမားနေသေး၏။

​၎င်းက စုမင်အား တာအို ရိပ်သာတောင် အပြင်ဘက်တွင် တွေ့မြင်ခဲ့ရသော ဧရာမ တောင်ကြီး၏ ရုပ်တုကို ပြန်လည် အမှတ်ရသွားစေသည်။ ထိုအရာမှာ ကြောက်မက်ဖွယ် တစ္ဆေကြီး တစ်ကောင်နှင့် တူပြီး ၎င်း၏ ညာဘက်လက်မှ ပျံထွက်မသွားနိုင်သော ဧရာမ လင်းနို့ကြီး တစ်ကောင်နှင့် တူလှပေသည်။

ထိုလင်းနို့ကြီး၏ အရောင်မှာ အမည်းရောင် ဖြစ်ပြီး သူ၏ ခန္ဓာကိုယ် ပုပ်သိုး ပျက်စီးသွားသော အရောင်နှင့် အတူတူပင် ဖြစ်သည်။

"မင်း ယုံကြည်နေသရွေ့ အဲဒီအရာက တည်ရှိနေလိမ့်မယ်" စုမင်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ဤစကားမှာ ယုချန်ဟိုင် သူ့ကို ပြောပြခဲ့သော စကားဖြစ်ပြီး ယင်းမှာ ယုမိသားစု၏ အတွေ့အကြုံများမှတစ်ဆင့် ကောက်ချက်ချထားသော အချက်လည်း ဖြစ်၏။ သို့သော်လည်း လူတို့အနေဖြင့် ထိုအချက်ကို ကြိုတင် သိရှိထားစေကာမူ အသုံးဝင်မှုမှာမူ နည်းပါးလှပေသည်။ ယုမိသားစုအတွင်း ပထမတံခါးကို ဖြတ်ကျော်နိုင်သူ အလွန် နည်းပါးလှသောကြောင့်ပင်။

"ငါ တစ်ခါမှ မထိတွေ့ဖူးတဲ့ အစွမ်းတစ်ခုက ဒီနေရာကို ဝန်းရံထားတယ်။ ဒီအစွမ်းက သိပ်ကို အားကောင်းပြီး စကြဝဠာကြီးနဲ့အတူ ယှဉ်တွဲ တည်ရှိနေနိုင်လောက်တဲ့အထိ ကြီးမားတယ်..." စုမင်က သူ၏ ခန္ဓာကိုယ် ဆက်လက် ပုပ်သိုး ပျက်စီးနေစဉ် တိုးညှင်းစွာ ပြောလိုက်လေသည်။ သူ စကားပြောနေစဉ်မှာပင် ပုပ်သိုးနေသော နေရာများမှ အရိုးများမှာ စတင် ကြေမွ ပျက်စီးသွားတော့သည်။ အဝေးမှ ကြည့်လျှင် သူသည် လင်းနို့တစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်ရ၏။

ဤသည်မှာ လက်ဝါးပြင်ထဲမှ ပျံထွက်မသွားနိုင်သော လင်းနို့တစ်ကောင် ပမာပင်။

All Chapters