← Chapters

အခန်း ၁၁၃

Vol. 8 Ch. 113

အခန်း ၁၁၃

Vol. 8 Ch. 113

အခန်း (၁၁၃) ဘိုးဘေးဂူသင်္ချိုင်းအတွင်းသို့ ဝင်ရောက်ခြင်း

“ကောင်းပြီ... သွားပြီးတော့သာ ပြင်ဆင်ကြ ဒါကချင်ယွမ်ဖုန်းအတွက် မျက်နှာပန်းလှစေဖို့ စီစဉ်ပေးခြင်းပဲ နောင်ကြရင်လဲ သူက ချင်မိသားစုဝင်တစ်ဦးအဖြစ်သာ ရှိနေလိမ့်မယ်။ ကျန်ရှိနေတဲ့ သူတွေအတွက် ငါတို့လို အဖိုးအိုတွေကပဲ ဖြည်းညင်းစွာ ကိုင်တွယ်ဖြေရှင်းရမယ်” ဟု ချင်မင်ကျိက တည်ငြိမ်စွာ ဆိုလေသည်။

ချင်မင်ပေါင်သည် သက်ပြင်းကို လေးလံစွာ ချလိုက်မိ၏။ မိသားစု၏ အကြီးအကဲတစ်ဦး ဖြစ်သည်နှင့်အညီ သူသည် အလုံးစုံသော အခြေအနေကို ဦးစားပေးစဉ်းစားရမည်ဖြစ်ရာ လက်ရှိတွင် ချင်ယွမ်ဖုန်းသည်သာလျှင် အရေးအကြီးဆုံးသော အခြေအနေ ဖြစ်နေပေတော့သည်။

ထိုစဉ် လမ်းမပေါ်တွင် ချင်ယွမ်ဖုန်းသည် ရှေ့ဆုံးမှ ဦးဆောင်၍ လျှောက်လှမ်းလာပြီး သူ၏ နောက်ကွယ်၌မူ ချင်မိသားစုဝင် ရာပေါင်းများစွာက ခြံရံလိုက်ပါလာကြရာ လမ်းသွားလမ်းလာ အပေါင်းတို့မှာ အံ့အားသင့်ကာ ငေးမောကြည့်ရှုနေကြရလေသည်။

၎င်းတို့သည် အဘယ်အကြောင်းကြောင့် ဤသို့ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ကြသလို ရှေ့ဆုံးမှ ဦးဆောင်လာသော လုလင်ပျိုမှာ မည်သူနည်းဟုလည်း သိချင်စိတ် ပြင်းပြနေကြတော့သည်။

“တင်း... ဝမ်ဆန်း၏ သံသယစိတ် +၆၆”

“တင်း... လျိုအာ၏ မေးခွန်းထုတ်မှု +၈၈”

ဤလှိုင်းလုံးကြီးအတွင်း၌ ချင်ယွမ်ဖုန်းသည် ယုံကြည်မှုတန်ဖိုး အမြောက်အမြားကို ထပ်မံရရှိခဲ့ပြန်သည်။ ဤအကြောင်းအရာကို သိရှိကြသော လူတိုင်းထံမှ ယုံကြည်မှုတန်ဖိုးများမှာ ချင်ယွမ်ဖုန်းထံသို့ စီးဝင်လာကြ၏။

ချင်ယွမ်ဖုန်းသည်လည်း စိတ်ထဲမှ တိတ်တဆိတ် ဝမ်းမြောက်နေမိသည်မှာ ဤသည်က အမှန်တကယ်ပင် အမြတ်ထွက်သော နည်းလမ်းကောင်းတစ်ခုပင် မဟုတ်လော။

ထိုသို့ဖြင့် ချင်ယွမ်ဖုန်းသည် ချင်မိသားစုဝင်များကို ဦးဆောင်ကာ ထျန်းတူးမြို့တော်အတွင်းမှ ထွက်ခွာလာခဲ့သည်။

သူသည် လမ်းတစ်လျှောက်လုံးတွင် လူအများအပြား သိရှိစေရန်နှင့် ယုံကြည်မှုတန်ဖိုးများ ပိုမိုရရှိစေရန်အတွက် အလွန်ဖြည်းညင်းစွာ လျှောက်လှမ်းခဲ့လေသည်။

ချင်မိသားစုဝင်များကမူ ချင်ယွမ်ဖုန်းသည် ၎င်းတို့အား အရှက်ရစေရန် တမင်သက်သက် နှေးကွေးစွာ လျှောက်လှမ်းနေသည်ဟု ထင်မြင်ကာ ချင်ယွမ်ဖုန်းအပေါ် အာဃာတစိတ်များ ပိုမိုပြင်းထန်လာကြတော့သည်။

လူစုကြီးသည် ထျန်းတူးမြို့ပြင်သို့ ရောက်ရှိလာပြီးနောက် မြို့စွန်ရှိ မြို့နယ်ငယ်လေးတစ်ခုကို ဖြတ်ကျော်ကာ သစ်ပင်အုပ်ကလေးတစ်ခုသို့ ဆိုက်ရောက်လာကြ၏။

ဤနေရာ၏ ပတ်ဝန်းကျင်မှာ သာယာလှပသော်လည်း လူသူကင်းမဲ့နေပေသည်။

“ဒါ ကျွန်တော့်အမေရဲ့ ဂူပါ” ချင်ယွမ်ဖုန်းသည် ဂူငယ်လေးရှေ့သို့ လျှောက်သွားကာ ဒူးထောက်၍ ဦးချလိုက်သည်။

“သူ ဆုံးတုန်းက ခင်ဗျားတို့ တစ်ယောက်မှ ရောက်မလာခဲ့ဘူး။ သူက ချင်မိသားစုဝင် တစ်ယောက် မဟုတ်လို့လား” ချင်ယွမ်ဖုန်းသည် ထိုနေရာ၌ပင် ဒူးထောက်နေလျက် တည်ငြိမ်စွာ ဆိုလေသည်။

“ကျွန်တော့်ကြောင့်လား... ကျွန်တော်က ခင်ဗျားတို့ထက် ပိုတော်နေလို့လား”

သူ့နောက်ကွယ်ရှိ ချင်မိသားစုဝင်များသည် တိတ်ဆိတ်စွာ နားထောင်နေကြသော်လည်း ၎င်းတို့မှာ ထိုအကြောင်းအရာကို အမှန်တကယ် နားမလည်ကြပေ။

ဖြစ်တန်ရာသည်မှာ ဤသည်က လူသားတို့၏ စိတ်နှလုံး ယုတ်ညံ့မှုပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

“ကဲ... ရပြီ” ချင်ယွမ်ဖုန်းက မတ်တတ်ရပ်လိုက်ပြီး “ကျွန်တော့်အမေရှေ့မှာ ဒူးထောက်တဲ့အခါ ခင်ဗျားတို့ရဲ့ စိတ်ထဲမှာ နောင်တတရားတွေ ခံစားရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ပြောလိုက်၏။

ချင်မိသားစုဝင်များသည် ချင်ယွမ်ဖုန်းကို ကြည့်ကာ မတတ်သာသည့်အဆုံး ဒူးထောက်လိုက်ကြရတော့သည်။

အဘယ်ကြောင့်ဆိုသော် ချင်ယွမ်ဖုန်းသည် အလွန်ပင် အစွမ်းထက်လှသဖြင့် ၎င်းတို့မှာ တွန်းလှန်နိုင်စွမ်း မရှိသောကြောင့်ပင်။

“အမေ... မြင်လား၊ သူတို့ အမေ့ကို တောင်းပန်ဖို့ ရောက်လာကြပြီ” ချင်ယွမ်ဖုန်းသည် ဂူကို ငေးကြည့်ကာ ပြောလိုက်မိသော်လည်း အသက်ရှင်နေသူတို့ မည်မျှပင် တောင်းပန်စေကာမူ သေဆုံးသူမှာ နောင်တစ်ဖန် ပြန်လည်ရှင်သန်လာတော့မည် မဟုတ်ပေ။

ချင်ယွမ်ဖုန်းသည် ဂူကို ဖြည်းဖြည်းချင်း တူးဆွလိုက်ရာ အတွင်း၌ရှိသော အခေါင်းမှာ ပေါ်ထွက်လာသည်။ ၎င်းကို အခေါင်းဟု ခေါ်ဆိုရသော်လည်း အမှန်စင်စစ်မှာ သစ်သားပြားငယ် အနည်းငယ်ကို စပ်ထားခြင်းသာ ဖြစ်၏။

ချင်ယွမ်ဖုန်းသည် ထိုစဉ်က သစ်သားပြားအချို့ကို ပင်ပန်းကြီးစွာ ရှာဖွေ၍ ရိုးရှင်းသော အခေါင်းငယ်လေးတစ်ခုကို ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် ချင်ဟွားကို အခေါင်းငယ်လေးအတွင်းသို့ ထည့်သွင်းသောအခါ၌လည်း သူမ၏ ပါးစပ်အတွင်းသို့ ဝင်းလက်တောက်ပသော ပုလဲတစ်လုံးကို ထည့်ပေးခဲ့သည်။

ဒဏ္ဍာရီများအရ သေဆုံးသူ၏ ပါးစပ်အတွင်း တောက်ပသော ပုလဲတစ်လုံးကို ထည့်သွင်းထားပါက ရုပ်အလောင်းကို အချိန်ကြာမြင့်စွာ မပုပ်မသိုးဘဲ ထိန်းသိမ်းထားနိုင်သည်ဟု ဆိုကြ၏။

ယခုအခါ ချင်ယွမ်ဖုန်းသည် ချင်ဟွားကို ဂူအတွင်းမှ ထုတ်ယူလိုက်ရာ ရုပ်အလောင်းမှာ ယခုလေးတင် သေဆုံးသွားသည့်အလား ပြောင်းလဲခြင်း မရှိဘဲ တည်ရှိနေသည်ကို တွေ့ရလေသည်။

ချင်ယွမ်ဖုန်း၏ မျက်ဝန်းအစုံမှာ ချက်ချင်းပင် နီမြန်းလာတော့၏။ သူ၏ ရင်ခွင်အတွင်း၌ ပွေ့ပိုက်ထားသူမှာ သူနှင့် အရင်းနှီးဆုံးသော သူဖြစ်သော်လည်း ယခုအခါ၌မူ သူခံစားနေရသည်မှာ ရုပ်အလောင်း၏ အေးစက်မှုသာ ဖြစ်ပေသည်။

ထိုစဉ် ဦးလေးဖုသည် အလျင်အမြန်ပင် ပြေးလွှားရောက်ရှိလာ၏။ ဦးလေးဖု၏ နောက်ကွယ်တွင်မူ လျိုတာလီနှင့် အခြားလူအချို့သည် ကြီးမားသော အနီရောင် အခေါင်းကြီးတစ်လုံးကို ထမ်းပိုးလာကြလေသည်။

“သခင်လေး... ကျွန်တော် သခင်မကြီးကို လိုက်လံပို့ဆောင်ဖို့ လာတာပါ” ဦးလေးဖုသည် ကြေကွဲဝမ်းနည်းသော မျက်နှာဖြင့် ရှေ့သို့ တိုးလာခဲ့သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ မိခင်၏ ရုပ်အလောင်းကို အခေါင်းအသစ်အတွင်းသို့ ထည့်သွင်းလိုက်သည်။ သူ၏မိခင်မှာ ယခုတိုင် အလွန်ပင် လှပနေဆဲဖြစ်သော်လည်း သူမ သေဆုံးသွားချိန်တွင် အရာအားလုံးမှာ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်တော့သည်။

“အခေါင်းကို မလိုက်ကြ” ဟု ဦးလေးဖုက အော်ဟစ်လိုက်ရာ လျိုတာလီနှင့် အခြားသူများက အခေါင်းကို ရုတ်တရက် မလိုက်ကြလေသည်။

“အားလုံး မတ်တတ်ရပ်ကြ။ ဘိုးဘေးခန်းမဆီကို ပြန်ကြမယ်။ ကျွန်တော့်အမေကို အမွှေးတိုင် ထွန်းညှိပူဇော်ကြ။ ဒါဆိုရင် အရင်က ရန်ငြိုးတွေကို အားလုံး အပြတ်အသတ် ရှင်းပေးမယ်။ ဒါပေမဲ့ နောင်ကို တစ်ယောက်ယောက်ကများ ကျွန်တော့်အမေကို မကောင်းပြောတာမျိုး ကျွန်တော် သိခဲ့ရင်တော့... ရလဒ်က တစ်ခုပဲ ရှိလိမ့်မယ်၊ အဲဒါကတော့ သေခြင်းတရားပဲ”

ချင်ယွမ်ဖုန်းသည် အေးစက်စွာ ပြောဆိုလိုက်ပြီး အခေါင်း၏ နောက်ကွယ်မှနေ၍ ချင်မိသားစုထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။

မြို့နေလူထုမှာလည်း ထွက်လာကြပြီး တိတ်ဆိတ်လှသော စီတန်းလှည့်လည်မှုကိုလည်းကောင်း၊ အခေါင်းနောက်မှ လိုက်ပါလာသော လုလင်ပျိုကိုလည်းကောင်း ထူးဆန်းစွာ ငေးမောကြည့်ရှုနေကြပေသည်။

အချိန်အတော်ကြာပြီးနောက် ၎င်းတို့သည် ချင်အိမ်တော်သို့ ပြန်လည်ရောက်ရှိလာကြ၏။ ချင်အိမ်တော်နောက်ဘက်ရှိ ချင်မျိုးနွယ်စု ဘိုးဘေးခန်းမသို့ တိုက်ရိုက်သွားရောက်ကြရာ ထိုနေရာ၌ ချင်မင်ကျိနှင့် အခြားသူများက စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

၎င်းတို့သည် ချင်ယွမ်ဖုန်း၏ မိခင်အတွက် နာရေးကျောက်စာတိုင်နှင့် ဂူသင်္ချိုင်းကို ကြိုတင်ပြင်ဆင်ထားကြပြီး ဖြစ်ပေသည်။

အခေါင်းကို ဂူအတွင်းသို့ ဖြည်းဖြည်းချင်း မြှုပ်နှံလိုက်ပြီး နာရေးကျောက်စာတိုင်ကိုလည်း ဘိုးဘေးခန်းမအတွင်း၌ ထားရှိလိုက်ရာ ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် အရေးအကြီးဆုံးသော ကိစ္စရပ်မှာ ပြီးမြောက်သွားသဖြင့် စိတ်သက်သာရာ ရသွားတော့သည်။

ချင်မိသားစုဝင် အားလုံးသည်လည်း ဘိုးဘေးခန်းမသို့ လာရောက်ကာ ချင်ယွမ်ဖုန်း၏ မိခင်အား အမွှေးတိုင်ထွန်း၍ ပူဇော်ကြလေသည်။

ထိုအချိန်၌ လူတစ်ဦးသည် ပြည့်တန်ဆာအိမ်အတွင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်လာ၏။

“အို... ဒါ ရှာသခင်လေး ပါလား ဘာလို့ စောစောရောက်လာတာလဲ။ နေ့ဘက်မှာ အပန်းဖြေအိမ်ကို ပိတ်ထားပါတယ်” ဟု ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။

သူမ၏ရှေ့တွင် ရပ်နေသောသူမှာ အခြားသူမဟုတ်ဘဲ ရှာမိသားစုမှ သခင်လေး ဖြစ်သူ ရှာယောင် ပင် ဖြစ်တော့သည်။

သို့သော် ရှာယောင်မှာမူ မည်သည့် ခံစားချက်မျှ မရှိဘဲ အေးစက်သော မျက်နှာဖြင့် “ငါ မေးမယ်... ယန်ရု သေသွားပြီလား” ဟု မေးလိုက်၏။

တာဝန်ခံမကြီးမှာ ဤစကားကို ကြားသောအခါ မျက်နှာပျက်သွားတော့သည်။ ဤအပန်းဖြေအိမ်မှာ အမှန်စင်စစ် ရှာမိသားစုပိုင်ဆိုင်သည်ကို သူမကိုယ်တိုင်ပင် မသိရှိခဲ့ပေ။

“သခင်လေး... ဘာပြောနေတာလဲ...”

“ငါ မေးနေတယ်... ယန်ရု သေသွားပြီလား” ရှာယောင်၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားပြီး ပြတ်သားသော အသံဖြင့် ထပ်မံမေးမြန်းလိုက်သည်။

တာဝန်ခံသည် တုန်တုန်ရင်ရင်ဖြင့် ခေါင်းညိတ်ပြကာ “ဟုတ်ပါတယ်... ချင်မိသားစုက ချင်ယွမ်ဖုန်းက လုပ်သွားတာပါ။ ကျွန်မတို့နဲ့တော့ ဘာမှမဆိုင်ပါဘူး...” ဟု ဆိုရှာလေသည်။

“သူ တခြားဘာပြောသေးလဲ” ရှာယောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ရက်စက်သော အရိပ်အယောင်များ သူ၏ မျက်ဝန်းအတွင်း ဖြတ်ပြေးသွားသည်။

“သူ... သူကတော့ တစ်ယောက်ယောက်က လာပြီး အလောင်းသိမ်းလိမ့်မယ်လို့ ပြောခဲ့တယ်။ ပြီးတော့ ကျွန်မကို ဘာသံမှ မထွက်ဖို့လည်း မှာခဲ့တယ်...” အိမ်ရှင်မကြီးမှာ အပြစ်မကင်းသကဲ့သို့ ခေါင်းငုံ့ကာ ဖြေကြားလိုက်၏။

“ဟင်း...” ရှာယောင်သည် ဒေါသတကြီး ရယ်မောလိုက်ပြီး “ဒါ ငါ့ကို စစ်ကြေညာတာပဲ ချင်ယွမ်ဖုန်း။ မင်းကို ဒုက္ခိတဖြစ်အောင် ငါ လုပ်နိုင်သလို၊ သေလူဖြစ်အောင်လည်း ငါ လုပ်နိုင်တယ်” ဟု ဆိုလိုက်သည်။

“အပန်းဖြေအိမ်ကို စီမံဖို့ တစ်ယောက်ယောက်ကို ရှာလိုက်။ ကျန်တဲ့သူတွေ ငါနဲ့ လိုက်ခဲ့ကြ” ဟု ရှာယောင်က တည်ငြိမ်စွာ ဆိုလေသည်။

သူ့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ဝတ်စုံနက်ဝတ် အမျိုးသား သုံးဦး ပါရှိနေပေသည်။

“ဟုတ်ကဲ့ပါ သခင်လေး” ဝတ်စုံနက်ဝတ် အမျိုးသားများအနက်မှ တစ်ဦးက ချက်ချင်းပင် ထူးလိုက်ပြီး အပန်းဖြေအိမ်အတွင်းမှ ထွက်ခွာသွားတော့သည်။

ရှာယောင်သည် တာဝန်ခံမိန်းမကြီးကို တစ်ချက်ကြည့်ကာ အပန်းဖြေအိမ်မှ လှည့်ထွက်သွား၏။

“တင်း... ရှာယောင်ထံမှ အာဃာတတန်ဖိုး +၁၀၀”

ချင်ယွမ်ဖုန်းသည် ရုတ်တရက် အကြောင်းကြားချက်ကို ရရှိလိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

“ တကယ်ပဲ မင်းကိုး” ချင်ယွမ်ဖုန်းက အေးစက်စွာ ရေရွတ်လိုက်၏။

မွန်းလွဲပိုင်း အချိန်သို့ ရောက်ရှိလာပြီဖြစ်ရာ ဘိုးဘေးခန်းမအတွင်း၌မူ အမွှေးတိုင်နှင့် ဖယောင်းတိုင်နံ့များ ပြည့်နှက်နေပေသည်။

ချင်ယွမ်ဖုန်းအပေါ် အာဃာတစိတ်များ ရှိနေကြသေးသော်လည်း မည်သူမျှ တစ်စုံတစ်ရာ မပြောရဲကြတော့ပေ။

“ကဲ... အားလုံး လူစုခွဲကြတော့။ ဒီတစ်ခါ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို အားလုံး မှတ်ထားကြဖို့ ငါ မျှော်လင့်တယ်။ ငါတို့ ချင်မိသားစုဟာ တစ်သားတည်း ရှိသင့်တယ်၊ တစ်ယောက်နဲ့တစ်ယောက် ဖယ်ကြဉ်မထားသင့်ဘူး” ဟု ချင်မင်ကျိက တည်ငြိမ်စွာ ဆိုလိုက်လေသည်။

ချင်မိသားစုဝင်များမှာ ဖြည်းဖြည်းချင်း လူစုခွဲသွားကြပြီဖြစ်ရာ အားလုံး ထွက်ခွာသွားပြီးနောက် ချင်မင်ကျိသည် ချင်ဟွား၏ နာရေးကျောက်စာတိုင်ရှေ့သို့ သွားရောက်ကာ အမွှေးတိုင် သုံးတိုင်ကို ထွန်းညှိပူဇော်လိုက်ပေတော့သည်။

All Chapters