အခန်း ၁၄၀
Vol. 9 Ch. 140
အခန်း (၁၄၀) - နတ်ဘုရားသောင်းချီနယ်မြေ
ချင်ယွမ်ဖုန်းသည် လက်အုပ်ချီ၍ ဂါရဝပြုလျက် “ဂိုဏ်းချုပ်ခ... ကျွန်တော် သန့်စင်ခြင်းဆေးလုံး ဖော်စပ်ဖို့အတွက် အဓိကဆေးဖက်ဝင်ပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိထားပြီးဖြစ်လို့ ရှေ့လာမယ့်ရက်အနည်းငယ်အတွင်းမှာ သွားရောက်ရှာဖွေမလို့ပါ” ဟု တင်ပြလေသည်။
“မင်း တကယ်ပဲ ရခဲ့ပြီလား” ဒုန်ဖန်းရှန့်မင်က အံ့ဩတကြီးဖြင့် လှမ်း၍ ကြည့်လိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် အတည်ပြုပြန်သည်။
“ကောင်းပြီ... ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ အဓိကဆေးဖက်ဝင်ပစ္စည်းကို ရရှိခဲ့တာဆိုတော့ သန့်စင်ခြင်းဆေးလုံး ဖော်စပ်နိုင်ဖို့ အခွင့်အလမ်း ပိုများလာပြီလို့ ဆိုရမှာပဲ” ဒုန်ဖန်းရှန့်မင်က ပြုံးရွှင်စွာဖြင့် ဆိုလေသည်။
ချင်ယွမ်ဖုန်းကလည်း ခေါင်းညိတ်ထောက်ခံပြီးနောက် “ဒါနဲ့ ဂိုဏ်းချုပ်က ကျွန်တော်မျိုးကို လူလွှတ်ရှာခိုင်းတာ ဘာကိစ္စများရှိလို့လဲဆိုတာ သိပါရစေ” ဟု မေးမြန်းလိုက်သည်။
ဂိုဏ်းချုပ်က ခေါင်းညိတ်ပြရင်း “နတ်ဘုရားသောင်းချီနယ်မြေ အကြောင်းကို မင်း ကြားဖူးရဲ့လား” ဟု ပြန်လည်မေးခွန်းထုတ်လေ၏။
“ပြန်လာတဲ့လမ်းမှာတော့ အနည်းအကျဉ်း ကြားခဲ့ပါတယ်... ဒါပေမဲ့ ဂိုဏ်းချုပ်၊ အဲဒီ နတ်ဘုရားသောင်းချီနယ်မြေ ဆိုတာက တကယ်တမ်းကျတော့ ဘယ်လိုမျိုးနေရာလဲ”
ချင်ယွမ်ဖုန်းက စပ်စုလိုသောစိတ်ဖြင့် မေးမြန်းမိပြန်သည်။
ထိုအခါ ဒုန်ဖန်းရှန့်မင်က မမျှော်လင့်ဘဲ ခေါင်းကို ခါယမ်းပြလိုက်ပြီးလျှင် “အဲဒီ နတ်ဘုရားသောင်းချီနယ်မြေရဲ့ မူလအစကိုတော့ ဘယ်သူမှ မသိကြဘူး... နှစ်တစ်ရာမှာ တစ်ကြိမ်သာ ပေါ်ထွက်လာတတ်ပြီး ငါးရက်ကြာရင် ပြန်ကွယ်ပျောက်သွားလေ့ရှိတယ်၊ ဒါဟာ အလွန်ပဲ ကြုံတောင့်ကြုံခဲလှတဲ့ အခွင့်အရေးတစ်ရပ်ပဲ” ဟု ရှင်းပြလေသည်။
“အခု ပေါ်နေပြီလား” ချင်ယွမ်ဖုန်းက အလောတကြီး မေးလိုက်မိ၏။
အကယ်၍ ထိုနယ်မြေ၌ ရှားပါးရတနာပစ္စည်းများ အမှန်တကယ် ပေါများလှသည်ဆိုပါက သူ လိုအပ်နေသော ကျန်ရှိသည့် အဓိကဆေးဖက်ဝင်ပစ္စည်းနှစ်ခုကိုလည်း ထိုနေရာ၌ပင် ရှာဖွေနိုင်မည် မဟုတ်လော။
“မပေါ်သေးပါဘူး” ဒုန်ဖန်းက ပြုံး၍ ဆိုသည်။ “အခုလောလောဆယ်မှာတော့ ထူးခြားတဲ့ဖြစ်ရပ်အချို့သာ စတင်တွေ့ရှိရသေးတာပါ... အတွေ့အကြုံအရဆိုရင်တော့ နောက်ထပ် သုံးလလောက်နေမှ အဲဒီနယ်မြေက ပေါ်လာလိမ့်မယ်”
“ဪ... ဒီလိုကိုး” ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် “ဒါဆိုရင် ကျွန်တော်ကို သွားရောက်ကြည့်ရှုခွင့်ပြုပါ” ဟု ခွင့်တောင်းလေသည်။
“မင်းကို ခေါ်လိုက်တာကလည်း အဲဒီကိစ္စအတွက်ပါပဲ” ဒုန်ဖန်းရှန့်မင်က ဆို၏။ “နတ်ဘုရားသောင်းချီနယ်မြေထဲမှာ ရှားပါးရတနာတွေ အများကြီးရှိတယ်၊ တချို့ဆို အပြင်လောကမှာ မျိုးသုဉ်းပျောက်ကွယ်သွားပြီလို့ ယူဆရတဲ့အရာတွေတောင် ရှိတာ... ဒါပေမဲ့ အဲဒီအတွင်းထဲမှာ ဘေးအန္တရာယ်တွေလည်း အလွန်ပေါများတယ်၊ အစွမ်းအစမရှိတဲ့သူတွေဆိုရင်တော့ အသက်ပျောက်သွားနိုင်တဲ့ နေရာမျိုးပေါ့”
“ကောင်းတာပေါ့... ဒါဆိုရင် ကျန်နေတဲ့ ပစ္စည်းတွေကိုလည်း ဒီတစ်ခေါက်မှာ အကုန်ရှာတွေ့နိုင်တော့မှာပဲ” ချင်ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
“မပေါ့ဆနဲ့ဦးလေ” ဒုန်ဖန်းက ခေါင်းကို ခါယမ်းလျက် “နတ်ဘုရားသောင်းချီနယ်မြေကို ဖွင့်လှစ်ဖို့အတွက် ဂိုဏ်းအသီးသီးရဲ့ ပူးပေါင်းအင်အားတွေ လိုအပ်တယ်... ပြီးတော့ အဲဒီနယ်မြေဟာ ဆဋ္ဌမအဆင့် သိုင်းပညာရှင်တွေရဲ့ စွမ်းအင်ကို ခံနိုင်ရည်မရှိတဲ့အတွက် ဂိုဏ်းအကြီးအကဲတချို့နဲ့ တပည့်အချို့ပဲ ဝင်ရောက်ခွင့်ရမှာ ဖြစ်တယ်” ဟု ရှင်းပြပြန်သည်။
“နားလည်ပါပြီ ဂိုဏ်းချုပ်... ဆိုလိုတာက ကျွန်တော်တို့ကို ဂိုဏ်းအတွက် ပစ္စည်းတွေ သွားလုခိုင်းတာပေါ့ ဟုတ်လား” ချင်ယွမ်ဖုန်းက ပြုံးစစဖြင့် ဆိုလိုက်သည်။
ဒုန်ဖန်းရှန့်မင်မှာ မတတ်သာသလို ခေါင်းကို ခါယမ်းရင်း “မင်းပါးစပ်ကထွက်လိုက်ရင် အရာရာဟာ ဘာလို့ အဓိပ္ပာယ်တွေ ပြောင်းကုန်ရတာလဲ” ဟု ပြန်ဆိုလေ၏။
“အဓိပ္ပာယ်ကတော့ အတူတူပါပဲ” ချင်ယွမ်ဖုန်းက ပြုံးလျက်ပင် တုံ့ပြန်လိုက်သည်။
ဒုန်ဖန်းရှန့်မင်က ရယ်မောလျက် “ဘာပဲဖြစ်ဖြစ်... မင်းကတော့ ဝင်ရောက်ခွင့်ရတဲ့အထဲမှာ တစ်ဦးအပါအဝင် ဖြစ်ရမယ်၊ မင်းရဲ့ အစွမ်းအစကို ငါ ယုံကြည်ပြီးသားပဲ... အဲဒီထဲရောက်ရင် ဂိုဏ်းအတွက် တန်ဖိုးရှိတာတွေကို ယူဆောင်လာရရုံတင်မကဘူး၊ ငါတို့ဂိုဏ်းရဲ့ တခြားတပည့်တွေကိုလည်း မင်းက ကာကွယ်ပေးရလိမ့်မယ်” ဟု တာဝန်ပေးလေသည်။
ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် “ဂိုဏ်းချုပ်... ကျွန်တော်အနေနဲ့ အဲဒီလို ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်နိုင်ပါ့မလားလို့ စိုးရိမ်မိပါတယ်” ဟု ဆိုသည်။
“ငါက မင်း လုပ်နိုင်တယ်လို့ ပြောရင် မင်း လုပ်နိုင်ရမယ်” ဒုန်ဖန်းရှန့်မင်က ပြတ်သားစွာပင် ဆုံးဖြတ်လိုက်လေသည်။ “ဂိုဏ်းတွင်းပြိုင်ပွဲပြီးတာနဲ့ ငါတို့ နတ်ဘုရားသောင်းချီနယ်မြေကို ချီတက်ကြမယ်... ဒီကြားထဲမှာတော့ မင်း ဘယ်မှ ဝေးဝေးလံလံ မသွားပါနဲ့ဦး”
သို့သော် ချင်ယွမ်ဖုန်းက ခေါင်းကို ခါယမ်းလိုက်ပြီးလျှင် “ဂိုဏ်းချုပ်... ကျွန်တော် ကိစ္စတစ်ခုကြောင့် မြောက်ဘက်အစွန်အဖျားဒေသကို သွားဖို့ လိုအပ်နေပါတယ်၊ ဒါပေမဲ့ ဂိုဏ်းတွင်းပြိုင်ပွဲ မစခင်မှာတော့ အရောက်ပြန်လာခဲ့ပါ့မယ်” ဟု ကတိပြုလေသည်။
“မြောက်ဘက်အစွန်အဖျား ဟုတ်လား... အဲဒီကို ဘာသွားလုပ်မလို့လဲ” ဒုန်ဖန်းက မျက်မှောင်ကြုတ်လျက် မေးမြန်းပြန်သည်။
“အဲဒီ မြောက်ဘက်အစွန်အဖျားမှာ ရှန်းဝူအကယ်ဒမီ ရှိတယ်လို့ ကြားမိလို့ပါ... အဲဒီအကယ်ဒမီမှာ ရေခဲဝိညာဉ်နဂါးပြာဌက် ရှိတယ်လို့ ဆိုကြတယ်၊ သန့်စင်ခြင်းဆေးလုံး ဖော်စပ်ဖို့အတွက် အဲဒီငှက်ရဲ့ အနှစ်သာရသွေးတစ်စက် လိုအပ်နေလို့ပါ” ချင်ယွမ်ဖုန်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။
“မင်းက ရှန်းဝူမျှော်စင်ကို သွားရောက်စိန်ခေါ်မလို့လား” ဒုန်ဖန်းရှန့်မင်မှာ အံ့အားသင့်သွားရသည်။
ချင်ယွမ်ဖုန်းက မျက်လုံးအစုံ ပြူးကျယ်သွားလျက် “ဂိုဏ်းချုပ်ကလည်း ရှန်းဝူမျှော်စင်အကြောင်း သိနေတာလား... ကျွန်တော့်ကို အဲဒီအကြောင်းလေး ပြောပြပါဦး” ဟု တောင်းဆိုလိုက်သည်။
ဒုန်ဖန်းရှန့်မင်က ခေါင်းခါပြရင်း “အဲဒီ ရှန်းဝူမျှော်စင်ဟာ သူ့ဘာသာသူ မှော်လက်နက် တစ်ခုလို ဖြစ်နေတာပဲလို့ ကြားဖူးတယ်... လူတစ်ဦးချင်းစီအလိုက် မတူညီတဲ့ စမ်းသပ်မှုတွေကို ပေးလေ့ရှိတာကြောင့် အရင်အောင်မြင်ဖူးတဲ့သူတွေဆီက အတွေ့အကြုံကို မေးမြန်းလို့လည်း မရနိုင်ဘူး” ဟု ရှင်းပြလေသည်။
“ဪ... ဒီလိုကိုး” ချင်ယွမ်ဖုန်း၏ မျက်နှာသည် တည်ကြည်သွားလျက် “ဒါပေမဲ့လည်း ကျွန်တော်မျိုး စမ်းသပ်ကြည့်ချင်ပါသေးတယ်... အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ရှန်းဝူအကယ်ဒမီကိုတော့ တစ်ခေါက်လောက် သွားရောက်တွေ့မြင်ချင်မိတာပါ” ဟု ဆိုသည်။
“ကောင်းပြီလေ... ဂရုစိုက်သွားပါ၊ ဒီတစ်ခေါက် ဂိုဏ်းတွင်းပြိုင်ပွဲ မစခင်မှာတော့ အရောက်ပြန်လာဖို့ မမေ့နဲ့ဦး” ဒုန်ဖန်းရှန့်မင်က မှာကြားလိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် “ကျွန်တော်မျိုး နားလည်ပါပြီ” ဟု ပြန်ဆိုသည်။
“ဒါနဲ့... မင်း ရှာခိုင်းထားတဲ့ သန့်စင်ခြင်းဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ နောက်ထပ်ဆေးဖက်ဝင်ပစ္စည်းတချို့ကိုတော့ ငါ ရှာတွေ့ထားပြီးပြီ၊ မှာယူဖို့လည်း စီစဉ်ထားပြီးသားပဲ... ဒါပေမဲ့ အဓိကဆေးဖက်ဝင်ပစ္စည်းတွေကတော့ တကယ်ပဲ ရှာရခက်လွန်းလှတယ်” ဒုန်ဖန်းက ဆက်လက်ပြောကြားလေသည်။
ချင်ယွမ်ဖုန်း၏ မျက်နှာထက်၌ ဝမ်းမြောက်မှုအရိပ်အယောင်များ ထင်ဟပ်သွားလျက် “ဂိုဏ်းချုပ်ကို ကြိုတင်ပြီး ကျေးဇူးတင်ရှိပါတယ်... အဓိကဆေးဖက်ဝင်ပစ္စည်းတွေက အလွန်ပဲ တန်ဖိုးကြီးလှတာဆိုတော့ ရှာဖွေရခက်တာကတော့ သဘာဝပါပဲ” ဟု ပြန်လည်တင်ပြလိုက်၏။
“အေးပါ... သွားနိုင်ပြီ” ဒုန်ဖန်းက လက်ဝှေ့ယမ်း၍ စေလွှတ်လိုက်သည်။
“ကျွန်တော်မျိုး သွားခွင့်ပြုပါဦး”
ချင်ယွမ်ဖုန်းသည် ခန်းမဆောင်ကြီးအတွင်းမှ ဖြည်းညင်းစွာ ထွက်ခွာလာပြီးနောက် ဆေးနတ်ဘုရားဂိုဏ်း မှ ဆင်းသက်လာခဲ့လေသည်။
ထို့နောက် အိုင်ဖေး နှင့်တွေ့ဆုံကာ အတန်ကြာ စကားလက်ဆုံကျပြီးမှ ဆေးနတ်ဘုရားဂိုဏ်းမှ ထွက်ခွာခဲ့ပြီး မြေနက်မြေ ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့၏
ချန်ဒါချောင် နှင့် ချန်ရှောင်ချောင် ညီအစ်မနှစ်ဦးစလုံးမှာ ချင်ယွမ်ဖုန်း ပြန်ရောက်လာသည်ကို မြင်တွေ့ရသောအခါ အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရလေသည်။
ချင်ယွမ်ဖုန်း မရှိခိုက်တွင် ၎င်းညီအစ်မနှစ်ဦးသည် ဝမ်ချိုင် နှင့်အတူ အပြင်သို့ ခဏတဖြုတ် ထွက်လေ့ရှိသဖြင့် ပျင်းရိခြင်းတော့ မရှိခဲ့ကြပေ။
ချင်ယွမ်ဖုန်းသည် ၎င်းတို့ညီအစ်မအတွက် ယူဆောင်လာခဲ့သော လက်ဆောင်များကို ထုတ်ပေးရာ ၎င်းတို့မှာ များစွာ ပျော်ရွှင်သွားကြ၏။
အမှန်စင်စစ် ထိုမိန်းကလေးနှစ်ဦးမှာ ချင်ယွမ်ဖုန်းထက်ပင် အသက်အရွယ် ငယ်ဦးမည် ဖြစ်သည်။ ဒုက္ခအမျိုးမျိုးကို ခံစားခဲ့ရသော်လည်း ၎င်းတို့၏ စိတ်နှလုံးမှာ ကလေးသူငယ်ကဲ့သို့ ဖြူစင်မှုများ ကျန်ရှိနေသေးသည်။
“ဖုန်းအစ်ကို... ကျွန်မ အစ်ကို့အတွက် စားကောင်းသောက်ဖွယ်တွေ ချက်ပေးမယ်နော်၊ နောက်တစ်ခါ အပြင်သွားရင် ကျွန်မတို့ကိုပါ ခေါ်သွားပါဦး... ကျွန်မတို့ ညီအစ်မတွေကလည်း အားကိုးရပါတယ်နော်” ရှောင်ချောင် က ပြုံးရွှင်စွာဖြင့် တောင်းဆိုလေသည်။
ချင်ယွမ်ဖုန်းမှာ မတတ်သာသလို ခေါင်းကို ခါယမ်းရင်း “နောက်ပိုင်းခရီးစဉ်တွေမှာတော့ မင်းတို့ကို ခေါ်သွားဖို့ မဖြစ်နိုင်သေးဘူး... ငါသွားမယ့်နေရာတွေက အလွန်ဘေးအန္တရာယ်များလှတယ်” ဟု ချော့မော့ပြောဆိုရ၏။
“ဘယ်တော့မှ ကျွန်မတို့ကို ခေါ်သွားမှာလဲ” ရှောင်ချောင်က ဝမ်းနည်းပူဆွေးသော မျက်နှာပေးဖြင့် မေးမြန်းပြန်သည်။
ချင်ယွမ်ဖုန်းက ခဏမျှ စဉ်းစားလိုက်ပြီးမှ “မင်းတို့တွေ ပါရဂူအဆင့် ရောက်သွားတဲ့အထိ စောင့်ကြတာပေါ့... အဲဒီကျရင်တော့ ငါ့ရဲ့ လမ်းညွှန်မှု မပါဘဲနဲ့တောင် ဘယ်နေရာမဆို သွားနိုင်မှာပါ” ဟု ဖြေကြားလိုက်၏။
ဒါချောင် မှာ ရှောင်ချောင် ထက် ပို၍ အလိုက်သိသူဖြစ်ရာ ချက်ပြုတ်ရန်အတွက် ရှောင်ချောင်ကို ဆွဲခေါ်သွားလေတော့သည်။
ချင်ယွမ်ဖုန်းသည် အိမ်နောက်ဘက်သို့ ထွက်လာပြီးလျှင် မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင် ကို နတ်သက်ကြွေဆေးမြက် ၏ ဘေးတွင် စိုက်ပျိုးလိုက်ပြီး နတ်သက်ကြွေဆေးမြက်မှ အသစ်ထွက်ပေါ်လာသော အရွက်သုံးရွက်ကို ခူးဆွတ်လိုက်သည်။
ထိုအချိန်တွင် ချင်ယွမ်ဖုန်း၏ မြေနက်မြေ အတွင်း၌ တတိယအဆင့် ဝိညာဉ်ပင် ၂၀ ကျော်၊ စတုတ္ထအဆင့် ၅ မျိုးနှင့် အဋ္ဌမအဆင့် ၃ မျိုးတို့ ရှိနေပြီဖြစ်ရာ စစ်မှန်သော ရတနာနယ်မြေတစ်ခု ဖြစ်နေလေပြီ။
အဋ္ဌမအဆင့် ဝိညာဉ်ပင် သုံးခုပေါ်သို့ ဆေးရည် နှစ်စက်စီ ဆမ်းလောင်းပြီးနောက် ချင်ယွမ်ဖုန်းသည် မတွေ့ရသည်မှာ ကြာပြီဖြစ်သော ဝမ်ချိုင် ဆီသို့ သွားရောက်ကြည့်ရှုရန် ထရပ်လိုက်သည်။
ရက်အနည်းငယ်အတွင်း ဝမ်ချိုင်မှာ ပို၍ပင် ဝဖြိုးလာသယောင် ရှိ၏။ သူသည် ပျင်းရိစွာဖြင့် လှဲလျောင်းနေပြီး ချင်ယွမ်ဖုန်း လာသည်ကို မြင်သောအခါ စိတ်မပါသလို တစ်ချက်သာ ဟောင်ပြလေသည်။
ချင်ယွမ်ဖုန်းက ဝမ်ချိုင်၏ ဦးခေါင်းကို ပုတ်လျက် “ဝမ်ချိုင်... ငါ ဒီတစ်ခေါက် မြောက်ဘက်အစွန်အဖျားကို သွားမလို့၊ မင်း ငါနဲ့ လိုက်မလား” ဟု မေးလိုက်သည်။
အပြင်သွားရမည်ဟူသော စကားကို ကြားလိုက်သည်နှင့် ဝမ်ချိုင်၏ ပျင်းရိနေသော အမူအရာမှာ ချက်ချင်းပင် ကွယ်ပျောက်သွားတော့၏။
ထိုအခါမှသာ ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်တစ်ယောက် ဤနေရာ၌ ပိတ်လှောင်နေရသည်မှာ ကြာပြီဖြစ်ကြောင်း သတိပြုမိလေတော့သည်။
ထိုအတောအတွင်း ဒါချောင် နှင့် ရှောင်ချောင် တို့သည်လည်း ဝိညာဉ်သားရဲထိန်းကျောင်းရေး အတတ်ပညာ၌ ပို၍ ကျွမ်းကျင်လာကြပြီး မြင့်မားသော သားရဲ အချို့ကို တစ်ပြိုင်နက်တည်း ထိန်းကျောင်းလာနိုင်ပြီ ဖြစ်သောကြောင့် ချင်ယွမ်ဖုန်းအနေဖြင့် ၎င်းတို့၏ လုံခြုံရေးအတွက် များစွာ စိုးရိမ်စရာ မရှိတော့ပေ။