← Chapters

အခန်း ၁၄၈

Vol. 9 Ch. 148

အခန်း ၁၄၈

Vol. 9 Ch. 148

အခန်း (၁၄၈) နတ်မိမယ်

ရှေ့ဆုံးမှ ရောက်ရှိနေသော လူအုပ်ကြီးမှာ ရုတ်ချည်းပင် လွင့်စင်ထွက်သွားရလေသည်။ ယင်းတို့၏ ကျင့်စဉ်အဆင့်အတန်းမှာ ချင်ယွမ်ဖုန်း နှင့် ယှဉ်ပါက များစွာကွာခြားလွန်းလှရာ အုပ်စုကို ဦးဆောင်လာသည့် သန်မာထွားကျိုင်းသော လူကြီးပင်လျှင် ပထမအဆင့် မဟာဆရာနယ်ပယ် မျှသာ ရှိချေသည်။

ထိုသို့သော နဂါးဟိန်းသံပညာရပ် ကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများမှာလည်း မှင်တက်သွားရပြီး စိတ်ဝိညာဉ်များပင် တုန်လှုပ်ချောက်ချားသွားကြကုန်၏။

ချင်ယွမ်ဖုန်းသည် လုယန့်ဓား ကို ဝှေ့ယမ်းကာ အနီးရှိ စစ်သည်တစ်ဦးကို ပြင်းထန်စွာ ရိုက်နှက်လိုက်ရာ ထိုသူမှာ လေထဲသို့ လွင့်စင်သွားရတော့သည်။

ထိုသို့သော ပြင်းထန်သည့် တိုက်ခိုက်မှုဖြစ်သော်လည်း ထိုလူ၌ ဒဏ်ရာအနာတရ တစ်စုံတစ်ရာ မရရှိဘဲ နာကျင်မှုဝေဒနာကိုသာ ပြင်းထန်စွာ ခံစားလိုက်ရပေသည်။

ချင်ယွမ်ဖုန်းသည် လုယန့်ဓားကို ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်အသုံးပြုနေပြီး ဓားသွားထက်မှ အေးစက်သော အလင်းတန်းများမှာ တဖျတ်ဖျတ် တောက်ပနေတော့သည်။

ချင်ယွမ်ဖုန်း၏ ခြေဖဝါးအောက်၌ မိုးတိမ်လွင့် ပညာရပ် ကြောင့် ဖြူလွလွ မြူခိုးများ ထွက်ပေါ်လာပြီး လေပွေကဲ့သို့ လျင်မြန်လှပေရာ မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ခိုက်သူ တစ်ဒါဇင်ကျော်မှာ နောက်သို့ လွင့်စဉ်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားကြလေသည်။

ဝံပုလွေများက ချင်ယွမ်ဖုန်းကို တိုက်ခိုက်ရန် ကြိုးပမ်းလာသောအခါ ဝမ်ချိုင် သည် ရှေ့သို့ တက်လှမ်း၍ ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်လေတော့သည်။

"ဝူး..."

မြက်ခင်းပြင်ပေါ်ရှိ ဝံပုလွေအားလုံးမှာ ကြောက်ရွံ့တုန်ရင်စွာဖြင့် မြေပြင်ပေါ်၌ ဝပ်စင်းသွားကြပြီး မလှုပ်ဝံ့ကြတော့ပေ။

ထိုထွားကျိုင်းသော လူကြီး စီးနင်းလာသည့် ဝံပုလွေပင်လျှင် ဝမ်ချိုင်၏ အရှိန်အဝါ ကို မတောင့်ခံနိုင်ဘဲ ဒူးထောက်ကျသွားရရှာသည်။

ထိုလူကြီးသည် ဒေါသအမျက်ချောင်းချောင်း ထွက်ကာ မြေပြင်ပေါ်၌ လှိမ့်၍ ရှည်လျားသော လှံတစ်စင်းကို ဝှေ့ယမ်းလျက် ချင်ယွမ်ဖုန်းထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွမ်ဖုန်းမှာ သူ၏ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။ ကျင့်စဉ်အဆင့်အတန်း ကွာခြားလွန်းလှသဖြင့် ထိုလူကြီးမှာ ပြန်လည်ခုခံရန် အခွင့်အရေးပင် မရှိတော့ချေ။

အေးစက်လှသော လုယန့်ဓားသွားမှာ ထိုလူကြီး၏ လည်ပင်းပေါ်သို့ တင်လျက်သား ရှိနေပြီ ဖြစ်သည်။ ဓား၏ အေးစက်သော အထိအတွေ့ကြောင့် ထိုလူမှာ ထိတ်လန့်တုန်လှုပ်သွားရပြီး မလှုပ်ဝံ့ဘဲ ရှိနေတော့သည်။

ထိုအခါမှသာ ထိုလူကြီးသည် မိမိနှင့် ချင်ယွမ်ဖုန်းကြားရှိ ကွာခြားချက်ကို သဘောပေါက်သွားတော့၏။

"မင်းက ဘယ်သူလဲ၊ ဘာလို့ ဒီမှော်ဆရာမကို ကူညီနေရတာလဲ" ဟု ထိုလူကြီးက ခက်ထန်စွာ မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် "ဒီမိန်းမက တကယ်တော့ ဘယ်သူလဲ" ဟု ပြန်လည် မေးခွန်းထုတ်လိုက်သည်။

ထိုလူကြီး စကားမပြောရသေးမီမှာပင် နာရင်ထူးယား သည် ဒေါသအလိပ်လိပ် ထွက်ပေါ်နေသော မျက်နှာဖြင့် ရှေ့သို့ ပြေးထွက်လာကာ လှပဆန်းပြားသော ဓားမြှောင်နှစ်စင်းဖြင့် သူ့ကို ပြင်းထန်စွာ တိုက်ခိုက်လေတော့သည်။

ချင်ယွမ်ဖုန်းသည် လက်ဝါးချက်ဖြင့် ထိုလူကြီးကို တွန်းထုတ်လိုက်ပြီး နာရင်ထူးယား၏ တိုက်ခိုက်မှုကို ဓားဖြင့် ခုခံလိုက်လေသည်။

"မင်း ဘာလုပ်ချင်တာလဲ၊ ငါ့ကို သတ်ပြီး နှုတ်ပိတ်ချင်တာလား" ချင်ယွမ်ဖုန်း၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေတော့သည်။

ယခုကြည့်ရသည်မှာ ဤ နာရင်ထူးယားသည် အမှန်တကယ်ပင် ပြဿနာရှိနေပုံရပေသည်။

"ငါ့ အကုန်ပြောပြပါ့မယ်၊ ဒါပေမဲ့ နင်ငါ့အကြောင်းကို တခြားလူတွေဆီက သိတာမျိုးတော့ မဖြစ်စေချင်ဘူး" ဟု နာရင်ထူးယားက အေးစက်စွာ ပြောဆိုလိုက်သည်။

ထိုအချိန်တွင် ချင်ယွမ်ဖုန်း၏ ရိုက်နှက်မှုကြောင့် လွင့်စင်သွားသော စစ်သည်များမှာ ပြန်လည်ထလာကြပြီး ထိုလူကြီး၏ အနားသို့ စုရုံးလာကြသည်။

"ဟင်း..." ချင်ယွမ်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "ငါ့ကို လက်နက်သဖွယ် အသုံးမချနဲ့၊ ငါက လူကောင်းတစ်ယောက် မဟုတ်ဘူး" ဟု ဆိုလိုက်သည်။

ချင်ယွမ်ဖုန်း၏ ခက်ထန်သော အမူအရာကို မြင်တွေ့ရသောအခါ နာရင်ထူးယား၏ နှလုံးသားမှာ တုန်လှုပ်သွားရသည်။

ချင်ယွမ်ဖုန်းသည် လူဆိုးတစ်ယောက် မဟုတ်သော်လည်း အသုံးချခံရမည်ကိုမူ အလွန်မုန်းတီးသူ ဖြစ်ပေသည်။

နာရင်ထူးယားမှာ ထိုအချိန်က ထိုကဲ့သို့ အသုံးချရန် အကြံရှိခဲ့သည်မှာ ထင်ရှားလှပေသည်။

"ပြောစမ်း၊ သူက တကယ်တော့ ဘယ်သူလဲ" ချင်ယွမ်ဖုန်းက ထိုလူကြီးကို ကြည့်ကာ အေးစက်စွာ မေးလိုက်သည

ထိုလူကြီးက နာရင်ထူးယားကို တစ်ချက်ကြည့်လိုက်ပြီး "သူက ကျွန်တော်တို့ မြက်ခင်းပြင်ရဲ့ မင်းသမီးပဲ၊ ပြီးတော့ မှော်ဆရာမတစ်ယောက်လည်း ဖြစ်တယ်" ဟု ဆိုလေသည်။

"ဒါဆို မင်းက တကယ်ပဲ ခန် ရဲ့ သမီးပေါ့လေ" ချင်ယွမ်ဖုန်းမှာ အံ့အားသင့်သွားရသည်။

နာရင်ထူးယားမှာ ငိုတော့မည့် အမူအရာဖြင့် "ဒါပေါ့၊ အမှန်ပဲပေါ့၊ နင်က အခုထိ မယုံသေးဘူးလား" ဟု ပြန်ပြောရှာသည်။

ချင်ယွမ်ဖုန်းမှာ သံသယများဖြင့် ပြည့်နှက်နေပြီး "ဒါဆို ဘာလို့ သူ့နောက်ကို လိုက်နေကြတာလဲ" ဟု မေးမြန်းပြန်သည်။

ထိုလူကြီးမှာ စိုးရိမ်တကြီးဖြင့် "ငါပြောပြီးပြီပဲ၊ သူက အလယ်ပိုင်းဒေသက လာတဲ့ မှော်ဆရာမတစ်ယောက် ဖြစ်နေလို့လေ၊ငါအကြံပေးချင်တာကတော့ ဒီကိစ္စထဲ မပါဝင်ပါနဲ့၊ မဟုတ်ရင် မင်း ဒီမြက်ခင်းပြင်ကနေ ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်ဘူး" ဟု သတိပေးလေသည်။

ချင်ယွမ်ဖုန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူသည် ခြိမ်းခြောက်ခံရခြင်းကို အမုန်းဆုံး ဖြစ်ပေသည်။ ထိုခဏတွင် သူသည် ဝမ်ချိုင်ပေါ်သို့ တက်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။

"နေပါဦး၊ ငါ့ကို ခေါ်မသွားတော့ဘူးလား" ဟု နာရင်ထူးယားက အလျင်အမြန်

မေးမြန်းလိုက်သည်။

"မင်းက ငါ့ကို အမှန်အတိုင်း မပြောဘဲ ငါက ဘာလို့ ခေါ်သွားရမှာလဲ" ဟု ချင်ယွမ်ဖုန်းက ပြောဆိုကာ ဝမ်ချိုင်ကို လှည့်၍ ထွက်ခွာစေလိုက်သည်။

သို့သော် ထိုအချိန်တွင် နာရင်ထူးယားသည် ရုတ်တရက် ခုန်တက်လိုက်ပြီး ဝမ်ချိုင်၏ ကျောပေါ်သို့ တိုက်ရိုက်ထိုင်လိုက်ကာ ချင်ယွမ်ဖုန်းကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။

"ငါ အကုန်ပြောပြပြီးပါပြီ" ဟု နာရင်ထူးယားက တည်ငြိမ်စွာ ဆိုလိုက်သည်။

ဝမ်ချိုင်သည် ချက်ချင်းပင် အရှိန်ဖြင့် ပြေးထွက်သွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူကြီးများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ဤအကြိမ်တွင် ချင်ယွမ်ဖုန်းသည် မရပ်တန့်တော့ဘဲ မှောင်ရီပျိုးသည်အထိ ခရီးဆက်ခဲ့လေသည်။

ယင်းတို့ ရပ်နားလိုက်သော နေရာ၌ ဟောင်းနွမ်းပျက်စီးနေသော တဲအချို့မှာ အဝိုင်းလိုက် တည်ရှိနေပြီး အတွင်း၌ ကျွဲနွားအနည်းငယ် ရှိနေသည်။

ထိုဒေသတွင် စမ်းချောင်းငယ်လေး တစ်စင်းမှာ ညင်သာစွာ စီးဆင်းနေပေသည်။ မြက်ခင်းပြင်ရှိ မျိုးနွယ်စုအားလုံးမှာ မြစ်ချောင်းများကို အမှီပြု၍ ရွှေ့ပြောင်းနေထိုင်ကြရာ ရေမှာ ယင်းတို့၏ အသက်သွေးကြောပင် ဖြစ်ပေသည်။

နာရင်ထူးယားသည် ဝမ်ချိုင်ပေါ်မှ ဆင်းကာ တဲများရှိရာသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။ တဲအတွင်းရှိ လူများမှာ တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို သိရှိသဖြင့် ထွက်လာကြည့်ကြရာ ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်ဝပ်စင်းလိုက်ကြတော့သည်။

"ကရုဏာရှင် နတ်မိမယ်၊ ကျွန်တော်တို့ မျိုးနွယ်စုဆီကို ကြွရောက်ပေးတာ ကျေးဇူးတင်ပါတယ်" ဟု ရှေ့ဆုံးမှ ဒူးထောက်နေသော အဘိုးအိုက ဆိုလိုက်သည်။

နာရင်ထူးယားက ခေါင်းငြိမ့်ပြကာ "ရှင်တို့က ဘယ်မျိုးနွယ်စုကလဲ၊ ဘာလို့ အုပ်စုကြီးနဲ့ ခွဲပြီး ဒီမှာ ကျန်နေခဲ့တာလဲ" ဟု မေးမြန်းလိုက်သည်

"နတ်မိမယ်၊ ကျွန်တော်တို့က သံကင်းခြေများ မျိုးနွယ်စုကပါ၊ ကျွန်တော်တို့က အုပ်စုကြီးကနေ ခွဲထွက်လာတာ မဟုတ်ပါဘူး၊ ကျွန်မတို့ မျိုးနွယ်စုမှာ ဒီလူအနည်းငယ်ပဲ ကျန်တော့လို့ပါ" ဟု အဘွားအိုတစ်ဦးက ဝမ်းနည်းပူဆွေးစွာဖြင့် ပြောရှာသည်။

နာရင်ထူးယား၏ မျက်ဝန်းများတွင်လည်း ဝမ်းနည်းရိပ်များ ထင်ဟပ်သွားပြီး "ဒါတွေအားလုံးက ကျွန်မအပြစ်တွေပါ၊ ဘာမှ မအောင်မြင်ခဲ့ဘူး၊ ကျွန်မ ဘာကိုမှ မပြောင်းလဲနိုင်ခဲ့ဘူး" ဟု ဆိုလိုက်သည်။

ထိုအဘိုးအိုက ခေါင်းယမ်းလျက် "နတ်မိမယ်၊ အရှင်က ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ပါ၊ အရှင် အမြဲတမ်း ကြိုးစားခဲ့တာကို ကျွန်တော်တို့ သိပါတယ်၊ ဘယ်သူမှလည်း အရှင့်ကို သံသယမရှိဝံ့ပါဘူး" ဟု ပြန်လည် ပြောကြားလေသည်။

နာရင်ထူးယားသည် အားလုံးကို ထခိုင်းလိုက်ပြီးနောက် ချင်ယွမ်ဖုန်းထံသို့ လျှောက်လှမ်းလာခဲ့သည်။

"ကျွန်မကို စားစရာတွေ ပေးပါ" ဟု နာရင်ထူးယားက လက်ကမ်းကာ အေးစက်စွာ တောင်းဆိုလိုက်သည်။

ချင်ယွမ်ဖုန်းက နှစ်ချက်မျှ လှောင်ရယ်လိုက်ပြီး "ဒါက မင်း သူတစ်ပါးကို အကူအညီတောင်းတဲ့ ပုံစံလား" ဟု ဆိုသည်။

"ရှင့်မှာ စားစရာတွေ ရှိမယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒီလူတွေက အရမ်းသနားဖို့ ကောင်းနေပြီ၊ သူတို့ ငတ်သေသွားမှာကို ရှင် ကြည့်နေရက်လို့လား" ဟု နာရင်ထူးယားက မျက်ရည်ဝဲလျက် ပြောလေသည်။

ချင်ယွမ်ဖုန်းမှာ နာရင်ထူးယား၏ ယခုအမူအရာမှာ ဟန်ဆောင်မှုလော၊ အစစ်အမှန်လော ဆိုသည်ကို မခွဲခြားနိုင်တော့သလို ဤမှော်ဆရာမသည် ဘာလုပ်ချင်နေသည်ကိုလည်း နားမလည်နိုင် ဖြစ်နေရသည်။

"သူတို့မှာ ကျွဲနွားတွေ ရှိသေးတာပဲ မဟုတ်လား" ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။

"ဒါက သူတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲလေ၊ ဒီကျွဲနွားတွေကို စားပြီးသွားရင် သူတို့ ဘာစားကြတော့မှာလဲ" ဟု နာရင်ထူးယားက တည်ငြိမ်စွာ ပြန်ပြောသည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး သိုလှောင်အိတ် ထဲမှ ရိက္ခာအားလုံးကို ထုတ်ပေးလိုက်သည်။

ယင်းတို့မှာ သူ မြောက်ဘက်အစွန်သို့ သွားရန်အတွက် ပြင်ဆင်ထားသော အသားနှင့် ဆန်များ ဖြစ်ပြီး ချင်ယွမ်ဖုန်းမှာ အမြောက်အမြား ဝယ်ယူထားခြင်း ဖြစ်သည်။ သူသည် မိမိအတွက် အနည်းငယ် ချန်လှပ်ထားကာ ကျန်ရှိသည်များကို နာရင်ထူးယားအား ပေးလိုက်လေသည်။

ဤစားနပ်ရိက္ခာ ပမာဏမှာ ဤမျိုးနွယ်စုငယ်လေးအတွက် တစ်လမျှ စားသုံးရန် လုံလောက်ပေသည်။

"ကရုဏာရှင် နတ်မိမယ်၊ အရှင့်ရဲ့ ပေးကမ်းမှုကို ကျေးဇူးတင်ပါတယ်" သံကင်းခြေများ မျိုးနွယ်စု၏ ခေါင်းဆောင်မှာ မြေပြင်ပေါ်၌ ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုရှာသည်။

ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်ကို အနီးအနားသို့ ခေါ်ဆောင်သွားပြီး တဲတစ်လုံး ထိုးလိုက်သော်လည်း အတွင်းသို့ မဝင်ဘဲ ဝင်ပေါက်၌သာ ထိုင်နေလိုက်သည်။

သူသည် တစ်စုံတစ်ဦး လာရောက်မည်ကို စောင့်ဆိုင်းနေသည်မှာ ထင်ရှားလှပေသည်။

ခေတ္တမျှ ကြာပြီးနောက် နာရင်ထူးယား ရောက်ရှိလာကာ ချင်ယွမ်ဖုန်း၏ ဘေး၌ ထိုင်လိုက်သည်။

ထိုနှစ်ဦးမှာ ကောင်းကင်ယံရှိ ကြယ်တာရာများကို အတူတကွ ငေးကြည့်နေကြပြီး မည်သူမျှ စတင်၍ စကားမဆိုကြပေ။

All Chapters