← Chapters

အခန်း ၁၅၀

Vol. 10 Ch. 150

အခန်း ၁၅၀

Vol. 10 Ch. 150

အခန်း (၁၅၀) အရေးယူဆောင်ရွက်ခြင်း

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ချင်ယွမ်ဖုန်းသည် နာရင်ထူးယားအကြောင်းကို အတန်ငယ် သိရှိနားလည်ခဲ့လေသည်။

ယင်းမိန်းကလေးသည် တစ်ခါတစ်ရံတွင် ပါးနပ်ဖျတ်လတ်သော မြေခွေးကလေးတစ်ကောင်နှင့် တူသော်ငြားလည်း များသောအားဖြင့်မူ များစွာ စိတ်နှလုံး ကောင်းမွန်သူတစ်ဦး ဖြစ်ပေသည်။

“ဒါမှမဟုတ်ရင် ငါနဲ့အတူ ရှိနေတာက နင့်ကို ဝရမ်းပြေးတစ်ယောက် ဖြစ်သွားစေမှာမို့လို့လား” ဟု နာရင်ထူးယားက ရယ်မော၍ ဆို၏။

နာရင်ထူးယား၏ ပြုံးရွှင်သော မျက်နှာကို မြင်သောအခါ ချင်ယွမ်ဖုန်း၏ စိတ်အစုံမှာ လေးလံသွားရသည်။ “ဒါတွေအားလုံးက မင်းရဲ့ ကြိုတင်ကြံစည်မှုတွေလား”

“ဒါက နင့်အပေါ် ငါ ကြံစည်တာ မဟုတ်ပါဘူး မောင်လေးရဲ့... နင်ကိုယ်တိုင်က ဒီအတိုင်း လမ်းလျှောက်ဝင်လာတာပါ” ဟု နာရင်ထူးယားက တခစ်ခစ် ရယ်မောပြန်သည်။

ချင်ယွမ်ဖုန်း၏ မျက်နှာသည် အေးစက်သွားကာ “မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ” ဟု မေးမြန်းလေ၏။

နာရင်ထူးယားက ချင်ယွမ်ဖုန်းကို ကြည့်လျက် “ငါတို့မှာ ခေါင်းဆောင်တစ်ယောက် လိုအပ်တယ်၊ ဒါပေမဲ့ ငါ့ရဲ့ ကျင့်စဉ်အဆင့်က နိမ့်လွန်းနေတယ်၊ ဘယ်မျိုးနွယ်စု ခေါင်းဆောင်မဆို ငါကို အနိုင်ယူနိုင်တာမို့ ငါက မသင့်တော်ဘူးလေ” ဟု ဆိုသည်။

“အဲ့ဒါကြောင့် ငါ့ကို ရွေးချယ်ခဲ့တာလား” ချင်ယွမ်ဖုန်းသည် အမျက်ဒေါသ ထွက်သွားရချေသည်။

နာရင်ထူးယားက ရယ်မောလျက် “နင့်ကို ရွေးချယ်ခဲ့တ မဟုတ်ပါဘူး၊ နငါကိုယ်တိုင်က င့ကို ရွေးချယ်ခဲ့တာပါ၊ အကယ်၍ အဲ့ဒီနေ့က နင်သာ အဲ့ဒီမှာ အနားမယူခဲ့ဘူးဆိုရင် ငါနဲ့ ဘယ်လိုလုပ် ဆုံနိုင်ပါ့မလဲ”

“ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ ဆင်ခြေပဲ” ဟု ချင်ယွမ်ဖုန်းက ဒေါသတကြီး ပြောဆို၏။

“ကဲပါ မောင်လေးရယ်... ဒီမြက်ခင်းပြင်မှာပဲ နေထိုင်တာ မကောင်းဘူးလား၊ နင်မပျင်းရအောင် ငါ အဖော်လုပ်ပေးမှာပေါ့” နာရင်ထူးယား၏ မျက်နှာထက်တွင် စိတ်ကူးယဉ်ဆန်သော အမူအရာတို့ ထင်ဟပ်နေပေသည်။

ထိုကဲ့သို့သော အဆင်းနှင့် အမူအရာတို့မှာ အမျိုးသားတို့အဖို့ အလွန်ပင် ဆွဲဆောင်မှု ရှိလှပေ၏။

ချင်ယွမ်ဖုန်းသည် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ကာ “လက်လျှော့လိုက်စမ်းပါ၊ မင်းကို လုံခြုံတဲ့နေရာ ပို့ပေးပြီးတာနဲ့ ငါ ဒီမြက်ခင်းပြင်ကနေ ထွက်သွားတော့မှာ” ဟု ဆိုသည်။

“ဟိဟိ... မောင်လေး၊ နင် ကျိန်းသေ ပြန်လာရလိမ့်မယ်၊ ငါ့ကို ယုံလိုက်စမ်းပါ” နာရင်ထူးယားက ပြုံးလျက် ဆိုပြန်သည်။

ယင်းသို့ ပြောဆိုနေစဉ်မှာပင် မြေပြင်သည် ရုတ်ချည်း တုန်ခါလာတော့၏။

“တစ်ယောက်ယောက် ရောက်လာပြီ” ချင်ယွမ်ဖုန်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

နာရင်ထူးယားသည်လည်း ထိုခဏ၌ တင်းမာသွားကာ မနီးမဝေးရှိ နေရာတစ်ခုသို့ လှည့်ကြည့်လိုက်လေသည်။

မကြာမီပင် ရင်ဘတ်ဗလာနှင့် သန်မာထွားကျိုင်းသော လူတစ်ဦး ဦးဆောင်သည့် လူအုပ်ကြီး ရောက်ရှိလာတော့သည်။

“နတ်မိမယ်ကို တွေ့မိကြသေးလား” ထိုသန်မာသော အမျိုးသားက မျိုးနွယ်စုငယ်၏ အကြီးအကဲကို လက်ညှိုးထိုးလျက် မောက်မာစွာ မေးမြန်းလေ၏။

အဘိုးအိုဖြစ်သူ အကြီးအကဲက ခေါင်းခါယမ်းကာ “အရှင်... ကျွန်တော်မျိုးတို့ မှော်ဆရာမကို တစ်ခါမှ မမြင်ဖူးပါဘူး” ဟု ပြန်လည် ဖြေကြားသည်။

“ဒါကို မြင်ဖူးတာ မဟုတ်ဘူးလား” ထိုသူက အကြီးအကဲကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

“ဒါဆိုရင် ဒါက ဘာလဲ”

ထိုအချိန်၌ ရွာငယ်လေးအတွင်းတွင် မွှေးကြိုင်လှသော ဆန်ပြုတ်အိုးတစ်လုံးကို ချက်ပြုတ်နေခြင်းပင် ဖြစ်ပေသည်!

“မင်းတို့ဆီကို ဒီဆန်တွေ ဘယ်က ရောက်လာတာလဲ၊ အခု နတ်မိမယ်နဲ့အတူ အလယ်ပိုင်းဒေသက လူတစ်ယောက် ရှိနေတယ်၊ ဒါ သူပေးထားတာ မဟုတ်လား” ဟု ထိုသူက လှောင်ပြောင် သရော်လေသည်။

“မဟုတ်ပါဘူး... တကယ် မဟုတ်ပါဘူး၊ ဒါက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဆန်တွေပါ...” အဘိုးအို အကြီးအကဲသည် ပျာပျာသလဲ အော်ဟစ်တော့၏။ အကယ်၍ ထိုသူများသာ သူတို့ နတ်မိမယ်ကို တွေ့ရှိခဲ့ကြောင်း သိသွားပါက သူတို့အားလုံး ပျက်စီးရပေတော့မည်။

“အဓိပ္ပာယ်မရှိတာ နတ်မိမယ် ဘယ်မှာလဲ” ထိုသူက အော်ဟစ်လိုက်သည်။

အဘိုးအို အကြီးအကဲသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် မျက်ရည်များ ဝဲလျက်ရှိကာ “အရှင်... ကျွန်တော်မျိုးတို့ တကယ်ပဲ နတ်မိမယ်ကို မတွေ့ခဲ့ပါဘူး...” ဟု ဆိုရှာသည်။

ချင်ယွမ်ဖုန်းသည် မျိုးနွယ်စု၏ တဲနန်းအနောက်ဘက်အကျဆုံးတွင် ရှိနေပြီး တဲအတွင်းရှိ အပေါက်ငယ်များမှတစ်ဆင့် ရှေ့တွင် ဖြစ်ပျက်နေသည်များကို မြင်တွေ့နေရလေသည်။

“သူတို့ကို ဆန်အနည်းငယ် ပေးခဲ့မိတာက ဒီလောက်ထိ ဒုက္ခဖြစ်စေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး” ချင်ယွမ်ဖုန်းက မတတ်သာသည့် လေသံဖြင့် ရေရွတ်၏။

နာရင်ထူးယား၏ မျက်နှာမှာ တည်ကြည်လေးနက်နေသည်။ “ဒီမြက်ခင်းပြင်မှာ ဆန်ဆိုတာ အလွန် တန်ဖိုးရှိတဲ့ အရာပဲ၊ ခန်နဲ့ အင်အားကြီးတဲ့ မျိုးနွယ်စုတွေပဲ ဆန်ကို စားသုံးနိုင်ကြတာ”

ထိုစဉ်မှာပင် သန်မာသော အမျိုးသားသည် စိတ်မရှည်တော့ဘဲ သူ၏ ကွေးညွတ်နေသော ဓားကို မြှောက်လိုက်ရာ အဘိုးအို အကြီးအကဲကို နှစ်ပိုင်းပိုင်းတော့မည့်အလား ထင်ရပေသည်။

မျိုးနွယ်စုဝင်များမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။

သူတို့သည် တစ်ဦးကိုတစ်ဦး ဖက်တွဲထားကြလျက် အလွန်ပင် ကြောက်ရွံ့နေကြရှာသည်။

သို့သော်လည်း ဓားချက် ကျရောက်တော့မည့် ဆဲဆဲတွင် အမည်းရောင် ပုံရိပ်တစ်ခုသည် လေပြင်းတစ်ဆွေကဲ့သို့ ပြေးဝင်လာကာ ထိုသူ၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားတော့၏။

ထိုသူကား အခြားသူမဟုတ်၊ ချင်ယွမ်ဖုန်းပင် ဖြစ်ချေသည်!

သူပေးခဲ့သော ဆန်အနည်းငယ်ကြောင့် အပြစ်မဲ့သော သူတစ်ဦး သေဆုံးရတော့မည်ကို သူ မကြည့်ရက်နိုင်ပေ။

ချင်ယွမ်ဖုန်းသည် သူ၏ မိုးတိမ်နင်းခြင်း ပညာရပ်ကို အစွမ်းကုန် အသုံးပြုကာ လေပြင်းအလား တဲနန်းများကြားမှ ဖြတ်ကျော်လျက် ထိုသူ၏ ရှေ့သို့ ရောက်ရှိသွားပြီး ကျဆင်းလာသော ဓားကို ဖမ်းဆုပ်တားဆီးလိုက်လေသည်။

“တကယ်ပဲ မင်းကိုး” ထိုသူ၏ မျက်နှာထက်တွင် ဝမ်းသာရိပ်များ ယှက်သန်းသွားကာ အခြားတစ်ဖက်ရှိ ဓားဖြင့် ချင်ယွမ်ဖုန်းကို ဝှစ်ခနဲ အသံမြည်အောင် ခုတ်ပိုင်းလိုက်ပြန်သည်။

ချင်ယွမ်ဖုန်းသည် မည်သည့် အမူအရာမျှ မပြဘဲ အနောက်မှ လာသော အခြားဓားတစ်လက်ကိုလည်း ထပ်မံ ဖမ်းဆုပ်လိုက်၏။

သူ၏ လက်နှစ်ဖက်မှာ သံမဏိ ညှပ်ကတ်များအလား ခိုင်မြဲနေပြီး ဓားများကို တင်းကြပ်စွာ ဖမ်းဆုပ်ထားသဖြင့် ထိုသူမှာ လှုပ်ရှား၍ မရတော့ပေ။

“ဟင်း... အလယ်ပိုင်းသား၊ မင်း သေရတော့မယ်၊ အခု မြက်ခင်းပြင် တစ်ခုလုံးမှာ မင်းရဲ့ ပုံတူကားချပ်တွေ ပျံ့နှံ့နေပြီ၊ မင်း ဘယ်လိုမှ မလွတ်နိုင်တော့ဘူး” ထိုသူက အေးစက်စွာ ပြောဆိုသည်။

ချင်ယွမ်ဖုန်းက သူ၏ခြေထောက်ကို မြှောက်လျက် ထိုသူ၏ မျက်နှာကို အားဖြင့် ကန်ကျောက်လိုက်ရာ မျက်နှာမှာ ပုံပျက်သွားကာ လွင့်ထွက်သွားတော့၏။

“အပြစ်မဲ့တဲ့ လူတွေကိုတောင် သတ်ဖြတ်နေကြတာပဲ၊ မင်းတို့တွေ တကယ်ပဲ လူကောင်းတွေ မဟုတ်ကြဘူး” ချင်ယွမ်ဖုန်းက အေးစက်စွာ ဆိုသည်။

ထိုခဏ၌ပင် မြေပြင်ပေါ်မှ ပြန်လည် ထလာသော ထိုသူသည် သူ၏လက်ထဲမှ အရာတစ်ခုကို ဆွဲဖွင့်လိုက်ရာ ကောင်းကင်ယံသို့ တောက်ပသော မီးရှူးမီးပန်းတစ်ခု တက်သွားကာ ပေါက်ကွဲသွားလေသည်။

“ဟားဟားဟား... အလယ်ပိုင်းသားတွေ၊ သေဖို့သာ ပြင်ထားကြပေတော့!” ထိုသူက ဗလုံးဗထွေး ပြောဆိုလိုက်၏။

ချင်ယွမ်ဖုန်း၏ အမူအရာသည် တည်ငြိမ်အေးစက်သွားသည်။ အင်အားကြီးသော စစ်တပ်တစ်ခု ရောက်ရှိလာတော့မည်ကို သူ သိရှိလိုက်ပေပြီ။

“အဘိုး အကြီးအကဲ... မြန်မြန် ပစ္စည်းတွေ သိမ်းပြီး မျိုးနွယ်စုကို ခေါ်ပြီးတော့ လွတ်ရာကို ပြေးကြပါ၊ ကျွန်တော် သူတို့ကို တားဆီးထားပေးမယ်” ချင်ယွမ်ဖုန်းက အေးဆေးစွာ ဆိုလိုက်သည်။

အဘိုးအိုသည် မြေပြင်မှ ထကာ တဲနန်းများကို ဖျက်သိမ်းရန် ညွှန်ကြားလိုက်ပြီး ကျန်ရှိနေသော နွားနှင့် သိုးအနည်းငယ်ကို မောင်းနှင်လျက် ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားကြတော့၏။

နာရင်ထူးယားနှင့် ဝမ်ချိုင် တို့သည် ချင်ယွမ်ဖုန်း၏ အနောက်မှ ဖြည်းညှင်းစွာ ချဉ်းကပ်လာကြသည်။ “နင် တကယ်ပဲ သူတို့ကို တားဆီးပေးမလို့လား၊ တကယ့် အစွမ်းထက်တဲ့သူတွေ ရောက်လာနိုင်တယ်နော်”

“အပြစ်မဲ့တဲ့ သူတွေ သေသွားမှာကို ငါ ဒီအတိုင်း မကြည့်နေနိုင်ဘူး၊ မင်း ပြောတာ မှန်ကောင်း မှန်နိုင်တာပဲ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။

နာရင်ထူးယားက ပြုံးလျက် “တွေ့လား... နင်ဒီမြက်ခင်းပြင်မှာ နေဖို့ ကံပါလာတာလို့ ကျမ ပြောသားပဲ” ဟု ဆို၏။

“ဒီမြစ်ကြီးကို ဖြတ်ကျော်ပြီးတာနဲ့ မင်းရဲ့ အဖော်တွေကို တွေ့ရမယ်၊ အဲ့ဒီအခါကျရင် ငါတို့ လမ်းခွဲကြမယ်လို့ မင်း ပြောခဲ့တယ်လေ” ချင်ယွမ်ဖုန်းက ပြန်လည် တုံ့ပြန်သည်။

နာရင်ထူးယားက ပြုံးလျက်ပင် “နင် အခု ထွက်သွားရင်တောင် နောက်တစ်ကြိမ် ပြန်လာရဦးမှာပါ၊ ဒါကို ကျမ ယုံကြည်တယ်” ဟု ဆိုပြန်သည်။

ချင်ယွမ်ဖုန်းမှာမူ မည်သည့် ကတိကဝတ်မျှ မပြုခဲ့ပေ။

ထိုသန်မာသော အမျိုးသားသည် သူ၏လူများကို ဦးဆောင်၍ တိုက်ခိုက်ခြင်း မပြုသေးပေ။ သူတို့သည် ချင်ယွမ်ဖုန်းနှင့် နာရင်ထူးယားကို မယှဉ်နိုင်ကြောင်း သိရှိထားကြသဖြင့် ထွက်မပြေးနိုင်အောင် စောင့်ကြည့်ရုံသာ ပြုလုပ်ကြလေသည်။

အမှန်ပင်၊ မကြာမီမှာပင် မြေပြင်သည် ပြင်းထန်စွာ တုန်ခါလာပြီး အနီးအနားသို့ စစ်တပ်ကြီးတစ်တပ် ရောက်ရှိလာကြောင်း ညွှန်ပြနေပေသည်။

လူပေါင်း ရာနှင့်ချီသော အုပ်စုတစ်စု ရောက်ရှိလာ၏။

ခေါင်းဆောင်ဖြစ်သူမှာ ကြမ်းကြုတ်သော အသွင်ရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ အစွမ်းမှာ ပဉ္စမအဆင့် မဟာဆရာနယ်ပယ် သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

“သူ ရောက်လာတာပဲ” နာရင်ထူးယားမှာ သိသိသာသာပင် အံ့အားသင့်သွားရသည်။

“သူက ဘယ်သူလဲ” ချင်ယွမ်ဖုန်းက စူးစမ်းစွာ မေးမြန်း၏။

“သူက ခန်ရဲ့ တတိယမြောက်သား၊ ကျွန်မရဲ့ တတိယအစ်ကို ချာဂန် ပဲ” နာရင်ထူးယားက အေးဆေးစွာ ဖြေကြားလေသည်။

ချာဂန်သည် သူ၏ ဝံပုလွေကို စီးနင်းလျက် ချင်ယွမ်ဖုန်းနှင့် နာရင်ထူးယား၏ ရှေ့သို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာကာ မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေပေသည်။

“ညီမလေး... မတွေ့တာ ကြာပြီနော်” ဟု ချာဂန်က ပြုံးလျက် ဆို၏။

“တတိယအစ်ကိုက ညီမလေးကို သတ်ဖို့အတွက် လာတာလား” နာရင်ထူးယားက ပြုံးလျက်ပင် ပြန်လည် မေးခွန်းထုတ်လိုက်သည်။

သူတို့နှစ်ဦး၏ စကားပြောဆိုမှုကြားတွင် ချင်ယွမ်ဖုန်းသည် မည်သည့် မိသားစု သံယောဇဉ်ကိုမျှ ခံစားရခြင်း မရှိပေ။

All Chapters