← Chapters

အခန်း ၁၆၄

Vol. 10 Ch. 164

အခန်း ၁၆၄

Vol. 10 Ch. 164

အခန်း (၁၆၄) ကမ္ဘာမြေမှ လာသူ

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချရင်း မိမိပတ်ဝန်းကျင်ရှိ ဆီးနှင်းများကို ဖယ်ရှားကာ မြေပြင်ပေါ်တွင် နေရာယူလိုက်သည်။ ထို့နောက် သူ၏ သိုလှောင်အိတ်အတွင်းမှ အထူးပြုလုပ်ထားသော ဆေးဖော်စပ်ရာတွင် သုံးသည့် လောင်စာများကို ထုတ်ယူကာ သားရဲမီးလျှံဖြင့် မီးမွေးလိုက်လေ၏။

ထိုစဉ် ရှန်းဝူမျှော်စင်ရှေ့၌ စောင့်ဆိုင်းနေကြသော လူအုပ်ကြီးသည် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ချင်ယွမ်ဖုန်းထံသို့ စုရုံးရောက်ရှိလာကြသည်။

ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် "ခင်ဗျားတို့ဆီမှာ မီးမွေးစရာ ပစ္စည်းတစ်ခုမှ မရှိကြဘူးလား" ဟု မေးမြန်းလိုက်ရာ၊ မုတ်ဆိတ်ရှည်နှင့် လူကြီးက လက်ကာပြလျက် "ကုန်သွားတာ ကြာပါပြီ ငါတို့ ဒီမှာ သောင်တင်နေတာ ဆယ်စုနှစ်တစ်ခုမကတော့ဘူး၊ မီးတောက်မီးလျှံကို မမြင်ဖူးတာတောင် နှစ်အတော်ကြာနေပြီ" ဟု ပြန်လည်ဖြေကြားရှာသည်။

ချင်ယွမ်ဖုန်းမှာ အံ့အားသင့်သွားပြီး "ဒါဆို ခင်ဗျားတို့ ဘာတွေစားသောက်ပြီး အသက်ဆက်နေကြတာလဲ" ဟု ထပ်မံမေးမြန်းမိသည်။

လူကြီးဖြစ်သူ လူကောက်ဖုန်းသည် ချင်ယွမ်ဖုန်းအနားတွင် ဝင်ထိုင်ကာ မီးလှုံရင်း "ဒီနှင်းတွေအောက်မှာ စားလို့ရတဲ့ ရေမှော်ပင်တွေ ရှိတယ်၊ ပြီးတော့ နှင်းတောထဲက သားရဲတွေကို အမဲလိုက်စားရင်း အသက်ဆက်နေရတာပေါ့" ဟု ဆိုလေသည်။

"အော်... ဒီလိုကိုး" ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်လျက် နားလည်ကြောင်း ပြလိုက်ပြီး သိုလှောင်အိတ်ထဲမှ အသင့်ပြင်ဆင်ထားသော နှင်းကြက်တစ်ကောင်ကို ထုတ်ယူကာ မီးပေါ်တွင် တင်၍ ကင်လိုက်လေတော့သည်။

ဘေးပတ်ဝန်းကျင်ရှိ လူများမှာ မီးပေါ်တွင် တငြိမ့်ငြိမ့်ကင်နေသော ကြက်ကင်ကို ကြည့်ကာ သွားရည်တမြှားမြှား ကျနေကြသည်။

ချင်ယွမ်ဖုန်းမှာ စိတ်မကောင်းဖြစ်မိကာ ယင်းတို့အားလုံးကို သနားကရုဏာ သက်မိသွား၏။ ဤသူများမှာ ဤနေရာတွင် ပိတ်မိနေသည်မှာ ကြာပြီဖြစ်ရာ မြက်နှင့် အသားစိမ်းများကိုသာ စားသုံးနေရသဖြင့် အရိုင်းအစိုင်းများနှင့်ပင် တူနေချေပြီ။

ထို့ကြောင့် ချင်ယွမ်ဖုန်းသည် သိုလှောင်အိတ်ထဲမှ နှင်းကြက် ဆယ်ကောင်ကျော်ကို ထုတ်ယူကာ တစ်ယောက်တစ်ကောင်စီ ဝေငှပေးလိုက်လေသည်။

"လူကောက်ဖုန်း၏ ကျေးဇူးတင်ရှိမှု +၁၀၀"

" ရွှီဖေးရှန့်၏ ကျေးဇူးတင်ရှိမှု +၁၀၀"

ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံများ ဆက်တိုက်ပေါ်လာသဖြင့် ဤသူများမှာ မည်မျှအထိ စိတ်ပင်ပန်းဆင်းရဲနေရသည်ကို သူ ခံစားမိလိုက်သည်။

ကြက်သားများ ကောင်းစွာမကျက်သေးမီမှာပင် လူအားလုံးမှာ ငတ်မွတ်နေကြသည့်အတိုင်း အလုအယက် စားသောက်ကြတော့သည်။

ချင်ယွမ်ဖုန်းက သိလိုစိတ်ဖြင့် "အစ်ကိုကြီး... ဒီလမ်းက ဖြတ်သွားလို့ မရဘူးဆိုမှတော့ ဘာလို့ အိမ်ပြန်မသွားကြတာလဲ၊ ရှန်းဝူအကယ်ဒမီကို တကယ်ပဲ တက်ချင်နေကြတာလား" ဟု မေးမြန်းလိုက်သည်။

လူကောက်ဖုန်းက ခေါင်းခါယမ်းလျက် "အကယ်ဒမီကို တက်ချင်တာထက် အစပိုင်းကတော့ အဲ့ဒီစိတ်ကူး ရှိတာပေါ့၊ ဒါပေမဲ့ ဆယ်နှစ်ကျော် သောင်တင်နေပြီးတဲ့နောက်မှာတော့ ဒါက လက်မလျှော့ချင်တဲ့ ဇွဲသက်သက်ပါပဲ၊ နောက်ထပ် နှစ်အနည်းငယ်လောက်ဆိုရင်တော့ ငါလည်း ဒီကနေ ထွက်သွားရတော့မယ် ထင်ပါတယ်" ဟု ဆိုသည်။

ချင်ယွမ်ဖုန်းမှာ ခေါင်းငြိမ့်မိသည်၊ ဤသူများမှာ ရူးသွပ်နေကြခြင်း မဟုတ်ဘဲ ခေါင်းမာနေကြခြင်းသာ ဖြစ်ပေလိမ့်မည်။

"ဒါနဲ့... ဒီစမ်းသပ်မှုကို အောင်မြင်သွားတဲ့သူကော ရှိလား" ဟု ချင်ယွမ်ဖုန်းက မေးမြန်းရာ၊ လူကောက်ဖုန်းက "ရှိတော့ ရှိတာပေါ့၊ ဒါပေမဲ့ ငါ ရောက်လာကတည်းကတော့ အောင်မြင်တဲ့သူ တစ်ယောက်မှ မတွေ့ဖူးသေးဘူး" ဟု စိတ်ပျက်လက်ပျက် ပြန်ဖြေသည်။

ချင်ယွမ်ဖုန်းမှာ သက်ပြင်းချမိ၏၊ ယီနန် ပြောခဲ့သည့်အတိုင်း ဖြစ်နိုင်ခြေ အလွန်နည်းပါးလှပေသည်။

ဝမ်းဗိုက်ပြည့်ဝသွားကြသောအခါ လူအားလုံး မီးဖိုဘေးတွင် ဝိုင်းထိုင်လျက် စကားလက်ဆုံ ကျကြလေသည်။ ဤနေရာသို့ လူမရောက်သည်မှာ ကြာပြီဖြစ်သဖြင့် ချင်ယွမ်ဖုန်း ရောက်ရှိလာခြင်းမှာ ယင်းတို့အတွက် အလွန်ပင် စိတ်လှုပ်ရှားဖွယ် ဖြစ်နေတော့သည်။

အချို့မှာ လုယွဲ့အင်ပါယာမှ လာသူများ ဖြစ်ကြသလို၊ အချို့မှာ လျှို့ဝှက်ဆန်းကြယ်သော ထန်ချိုင့်ဝှမ်းနှင့် ဝေးလံလှသော ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် ယန်ချီမှ လာသူများလည်း ပါဝင်ကြသည်။

ယင်းတို့အားလုံးမှာ ရှန်းဝူအကယ်ဒမီသို့ ဝင်ခွင့်ရရန် မျှော်လင့်ချက်ဖြင့် လာခဲ့ကြသော်လည်း အကယ်ဒမီဘက်မှ မည်သည့်အကြောင်းကြားချက်မျှ မရှိဘဲ ရှန်းဝူမျှော်စင်၏ နောက်ကွယ်တွင် ပိတ်မိနေကြရခြင်း ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် တစ်ဖက်မှ ငြိမ်သက်စွာ နားထောင်ရင်း ရှန်းဝူမျှော်စင်အကြောင်းကို စူးစမ်းလေ့လာမိသည်။

သို့သော် နားထောင်လေလေ သူ၏ သံသယများမှာ ပိုမိုကြီးထွားလာလေလေ ဖြစ်၏။ ထိုသူများ ပြောပြနေသော ရှန်းဝူမျှော်စင်အတွင်းရှိ မြင်ကွင်းများမှာ ပုံပြင်ဆန်းများကဲ့သို့ပင် ဖြစ်နေတော့သည်။

မြေပြင်ပေါ်တွင် ပြေးလွှားနေသော သံခွံရှိသည့် အရာများ၊ ကောင်းကင်တွင် ပျံသန်းနေသော သံငှက်များနှင့် မိုးထိတိမ်တိုက် အဆောက်အအုံကြီးများအကြောင်း ကြားရသောအခါ ချင်ယွမ်ဖုန်း၏ ရင်ထဲတွင် စိတ်အားထက်သန်မှုများ တဖွားဖွား ဖြစ်ပေါ်လာရသည်။

"ရှောင်လင်... ဒီရှန်းဝူမျှော်စင်ရဲ့ ဇစ်မြစ်ကို တစ်ချက်လောက် ကြည့်ပေးစမ်း" ဟု ချင်ယွမ်ဖုန်းက သူ၏ စိတ်ထဲမှ အော်ဟစ်လိုက်သည်။

ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ပေါ်လာပြီး ဝေခွဲမရသော မျက်နှာပေးဖြင့် "သခင်... ဒီမျှော်စင်က ရှန်းဝူစကြဝဠာရဲ့ ထွက်ကုန်တစ်ခု မဟုတ်ဘူး ထင်တယ်၊ ဒါက သခင်ရဲ့ မွေးရပ်မြေက နည်းပညာတွေနဲ့ တူနေတယ်" ဟု ပြောလိုက်လေသည်။

ချင်ယွမ်ဖုန်းမှာ မှင်တက်သွားရ၏။ သူသည် ချက်ချင်း ထရပ်ကာ ရှန်းဝူမျှော်စင်၏ တံခါးဝသို့ ပြေးသွားပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။

လူကောက်ဖုန်းနှင့် အခြားသူများမှာ ချင်ယွမ်ဖုန်း အဘယ်ကြောင့် စိတ်လှုပ်ရှားနေသည်ကို မသိကြသော်လည်း သူ့အား အားပေးစကားများ ဆိုကြသေးသည်

"အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ရဲ့ ခွေးလေးကိုလည်း ခဏလောက် စောင့်ရှောက်ပေးကြပါဦး" ဟု ဆိုကာ ချင်ယွမ်ဖုန်းသည် မျှော်စင်တံခါးကို တွန်းဖွင့်၍ ဝင်လိုက်လေတော့သည်။

မျှော်စင်အတွင်းမှ လင်းထိန်သော အင်းရောင်များ ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်းသည် အတွင်းသို့ လှမ်းဝင်လိုက်သည်။

အတွင်းသို့ ရောက်သည်နှင့် ချင်ယွမ်ဖုန်းမှာ ဆွံ့အသွားရလေသည်။

အကြောင်းမူကား ဤမြင်ကွင်းမှာ ကမ္ဘာမြေရှိ ခေတ်မီအဆောက်အအုံတစ်ခု၏ ပုံစံအတိုင်း ဖြစ်နေသောကြောင့်ပင်။

ကြမ်းပြင်မှာ အရောင်တလက်လက်နှင့် စကျင်ကျောက်များ ခင်းထားပြီး အပြင်အဆင်များမှာ ခေတ်မီလှသည်။ မျက်နှာကျက်မှ ဆွဲထားသော မီးဆိုင်းကြီးမှာပင် ချင်ယွမ်ဖုန်းအတွက် အလွန် ရင်းနှီးနေသော အရာ ဖြစ်နေချေပြီ။

ချင်ယွမ်ဖုန်းသည် သူ၏ မွေးရပ်မြေ ကမ္ဘာမြေသို့ ပြန်ရောက်သွားသည့်အလား စိတ်ကူးယဉ်မိနေစဉ်မှာပင် သူ၏ နောက်ကွယ်မှ မျှော်စင်တံခါးမှာ ကျယ်လောင်သော အသံကြီးနှင့်အတူ ပိတ်သွားသဖြင့် သတိပြန်ဝင်လာရသည်။

"ဒါ... ဒါ ဖြစ်နိုင်ပါ့မလား၊ ငါ့လိုမျိုး ကမ္ဘာမြေကနေ ဝိညာဉ်ကူးပြောင်းလာတဲ့သူ နောက်တစ်ယောက် ရှိနေတာလား" ဟု ချင်ယွမ်ဖုန်းက တွေးတောရင်း မျက်လုံးများ ပြူးသွားရသည်။

"သီအိုရီအရတော့ ဖြစ်နိုင်ပါတယ် သခင်" ဟု ရှောင်လင်က ဆိုသည်။

"ငါသာ အဲ့ဒီလူကို ရှာတွေ့ရင် ကမ္ဘာမြေကို ပြန်လို့ရနိုင်မလား" ချင်ယွမ်ဖုန်း၏ ရင်ထဲတွင် မျှော်လင့်ချက် မီးတောက်များ တောက်လောင်လာရသည်။

သူသည် ခြေတစ်လှမ်းချင်း လှမ်းဝင်သွားစဉ်မှာပင် တည်ငြိမ်သော အသံကြီးတစ်သံ ပေါ်ထွက်လာ၏။

"ရှန်းဝူမျှော်စင်ကို ရောက်ရှိလာတဲ့အတွက် ဂုဏ်ယူပါတယ်၊ မင်းသာ စမ်းသပ်မှုကို အောင်မြင်ရင် ငါတည်ထောင်ထားတဲ့ ရှန်းဝူအကယ်ဒမီကို ဝင်ခွင့်ရလိမ့်မယ်"

ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် "ခင်ဗျားက ရှန်ဝူအကယ်ဒမီကို တည်ထောင်သူလား၊ ဒါဆိုရင် အကယ်ဒမီကို ဝင်လိုက်ရင် ခင်ဗျားအကြောင်း သတင်းအချက်အလက်တွေကို ရှာလို့ရမှာပဲ" ဟု ပြန်ပြောလိုက်သည်။

သို့သော် ထိုအသံကြီးက ချင်ယွမ်ဖုန်း၏ မေးခွန်းကို မဖြေဘဲ ခံစားချက်ကင်းမဲ့စွာ ဆက်လက်ပြောကြားသည်။

"စမ်းသပ်မှုကို အဆင့်သုံးဆင့် ခွဲခြားထားတယ်၊ ပါဝင်သူအပေါ် မူတည်ပြီး စမ်းသပ်မှုတွေက ထပ်တူကျမှာ မဟုတ်ဘူး"

ချင်ယွမ်ဖုန်း မော့ကြည့်လိုက်သောအခါ နံရံပေါ်တွင် ချိတ်ဆွဲထားသော စပီကာလေးများကို တွေ့လိုက်ရပြီး ထိုအရာများမှ အသံထွက်ပေါ်နေခြင်း ဖြစ်သည်။

ကမ္ဘာမြေမှ ခေတ်မီပစ္စည်းများကို မြင်ရသဖြင့် ချင်ယွမ်ဖုန်းမှာ ဝမ်းသာအားရ ဖြစ်သွားကာ စပီကာလေးတစ်ခုကို ဖြုတ်ယူကြည့်လိုက်ရာ နောက်ကွယ်တွင် မည်သည့် လျှပ်စစ်ကြိုးမျှ မရှိသည်ကို တွေ့လိုက်ရပြန်သည်။

"ဒါက ဘယ်လိုဖြစ်တာလဲ" ချင်ယွမ်ဖုန်းမှာ မျက်လုံးပြူးသွားရသည်။ သူသည် စပီကာကို အသေအချာ ကြည့်သော်လည်း ဘက်ထရီထည့်ရန် နေရာပင် မရှိချေ။

ထို့အပြင် စပီကာအတွင်းမှ အားနည်းသော ဝိညာဉ်စွမ်းအင် တုန်ခါမှုအချို့ကိုလည်း ခံစားနေရသည်။

ချင်ယွမ်ဖုန်းမှာ သံသယများဖြင့် ထိုစပီကာကို အတင်းအဓမ္မ ဖြုတ်ကြည့်လိုက်ရာ အတွင်း၌ စပီကာပုံစံ ဖန်တီးထားသော အစီအရင်ငယ်လေးတစ်ခု အလုပ်လုပ်နေသည်ကို တွေ့လိုက်ရလေသည်။

"ကြည့်ရတာ စပီကာနဲ့ တူပေမဲ့ ရှန်းဝူစကြဝဠာက နည်းပညာတွေနဲ့ ပေါင်းစပ်ထားတာပဲ၊ ဒါကို ဖန်တီးတဲ့သူကတော့ တကယ့်ပါရဂူပဲ" ဟု ချင်ယွမ်ဖုန်းက ရေရွတ်မိသည်။

"ပထမအဆင့်... စတင်ပြီ"

စပီကာထဲမှ အသံထပ်မံ ထွက်ပေါ်လာသဖြင့် ချင်ယွမ်ဖုန်းမှာ အပြစ်မကင်းသလို ခံစားရကာ ထိုစပီကာကို သိုလှောင်အိတ်ထဲသို့ အမြန်ထည့်လိုက်လေသည်။

ထိုခဏမှာပင် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်ရှိ မြင်ကွင်းများမှာ စတင်လည်ပတ်သွားပြီး ခေါင်းထဲတွင် လေးလံထိုင်းမှိုင်းကာ သတိလစ် မေ့မြောသွားရလေတော့သတည်း

All Chapters